အပိုင်း - ၁၁

3.2K 301 0
                                    

Unicode Version

အပိုင်း - ၁၁ – ငါမဆင်မခြင်လုပ်ချင်နေတော့ရော ဘာဖြစ်လဲ

"ငါချွေးတွေနဲ့ စေးကပ်နေတာပဲ နေလို့မကောင်းဘူး ငါရေချိုးချင်တယ်  "

မုရှောင်းရှောင် စိတ်မရှည်စွာ ညည်းတွားလိုက်ကာ ယင်းရှောင်ကျဲကို  လက်နဲ့လှမ်းရိုက်လိုက်သည် သူမရဲ့အရပ်က ပုနေ‌တာကြောင့်  ယင်းရှောင်ကျဲရဲ့ လက်မောင်း‌ဖျားလေးကိုသာ ရိုက်မိလေသည်

ယင်းရှောင်ကျဲ ပြောစရာ စကားတွေ ပျောက်နေကာ မုရှောင်းရှောင်ရဲ့ အသက်မပါတဲ့ မျက်နှာကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်  ယင်းရှောင်ကျဲ  မုရှောင်းရှောင်ရဲ့ ဂုတ်ကို ကိုင်လိုက်ပြီး

" နင်တကယ်  ရေချိုးချင်တာလား " မေးလိုက်တော့

မုရှောင်းရှောင်ကခေါင်းတညိတ်ညိတ်နဲ့

"ငါရေမချိုးဘဲဘယ်လိုလုပ် အိပ်လို့ရမလဲ "

ယင်းရှောင်ကျဲ ကသူမကိုဆိုးဆိုးရွားရွားကြည့်လိုက်သည်

" ရှောင်းရှောင် မင်း ရေချိုးချင်တယ်ဆိုရင် မင်းအရင်ထရမယ် မင်းဒီလိုမျိုး ပုံစံနဲ့ ရေချိုးမယ်ဆိုရင် ရေချိုးခန်းထဲမှာ မင်းတောင် မသိလိုက်ပဲ အိပ်ပျော်လွန်ပြီး သေသွားလိမ့်မယ်  "

အရင်တုန်းကလဲ တစ်ခါဖြစ်ဖူးသည်
မုရှောင်းရှောင်ငယ်ငယ်ကတည်းကအိပ်ရခြင်းကိုနှစ်သက်သည့်ကလေးတစ်ယောက်ဖြစ်သည်
ဒါ့အပြင်  သူမဟာ ရေချိုးကန်ထဲမှာ ရေစိမ်ရတာကို ကြိုက်သည် တစ်နေ့ ရေချိုးကန်ထဲမှာ ရေစိမ်ရင်း အိပ်ပျော်သွားကာ ရေနစ်ပြီး သေဆုံးလုနီးနီး ဖြစ်ဖူးသည် ထို့အပြင် အဲဒီအဖြစ်အပျက်ဟာ ယင်းရှောင်ကျဲရဲ့ မိဘအိမ်မှာ ဖြစ်သွားခြင်းပင်

ဒါကြောင့် အခု ဒီအခြေအနေမျိုးမှာ ရှောင်းရှောင်ကို ရေချိုးခန်းထဲ လွှတ်လိုက်ဖို့ ယင်းရှောင်ကျဲ မလုပ်ရဲပေ အကာ်၍ တစ်စုံတစ်ခု တကယ်ဖြစ်ခဲ့ရင်  သူကိုင်တွယ်မနိုင်ပေ

သူရုတ်တရက်တစ်ခုခုစဉ်းစားမိကာ လက်တံခါးကိုဘောင်ကိုကိုင်ပြီး   သူ့ရဲ့ ရှေ့မှောက်မှာရှိနေတဲ့ မုရှောင်းရှောင်ကို ပိတ်ရပ်လိုက်သည် ပြီးတော့ သူရဲ့ မျက်၀န်းတွေကို  အနည်းငယ် မှေးကျဉ်းလိုက်ကာ  တမင် အသံကို နိမ့်နိမ့်နဲ့

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now