အပိုင်း - ၆၆

2.4K 267 6
                                    

Unicode

အပိုင်း  - ၆၆ ယင်းရှောင်ကျဲ လူကြီးတစ်ယောက်ဖြစ်လာပြီ

ဒီတစ်ကြိမ်မှာတော့  ယင်းရှောင်ကျဲ တော်တော်လေး လွန်သွားသည်

သူမကိုနားလည်မှုလွဲတဲ့အပြင် သူမကိုကြမ်းကြမ်းတမ်းတမ်းစကားပြောရုံသာမက သူမကို အိမ်ကို ပြန်ဖို့ ခေါ်တောင်မခေါ်ဘဲ တစ်ယောက်တည်း ထားခဲ့သည် ဒါ့အပြင် နောင်တလဲ လုံး၀မရခဲ့ပုံရသည်

ယင်းရှောင်ကျဲက အခန်းတံခါးကို အသာပိတ်လိုက်ပြီး
မုရှောင်းရှောင်ရဲ့ဘေးဘက်ကိုလျှောက်သွားလိုက်ကာ
သူ့လက်မောင်းတွေကိုဆန့်လိုက်ပြီး မု‌ရှောင်းရှောင်ကို ဖက်ဖို့ ပြင်လိုက်သည်

"အိုး နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ? "

မုရှောင်းရှောင်ရဲ့  မျက်နှာက
ရှုံမဲ့လာပြီး သူမရဲ့လက်ကလေးတွေက ယင်းရှောင်ကျဲ ရင်ဘတ်ကို တွန်းလိုက်ကာ သူမတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကွာဝေး‌အောင် လုပ်လိုက်သည်

ယင်းရှောင်ကျဲ ရုတ်တရက်ပြုံးလိုက်ပြီးသတိပေးခြင်းမရှိဘဲဆိုဖာပေါ် ထိုင်နေတဲ့  မု‌ရှောင်းရှောင်ကို  အတင်းချုပ်ပြီး ဖက်ထားလိုက်ကာ သူရဲ့ကြော့ရှင်းသောမျက်နှာကို မုရှောင်းရှောင်ရဲ့ မျက်နှာ အနည်းငယ်စင်တီမီတာအကွာအဝေး နှုတ်ခမ်းများထိမိလုနီးနီးထိပါ နီးကပ်သွားလိုက်သည်

မုရှောင်းရှောင် မမျှော်လင့်ဘဲ သူမရဲ့နှလုံးခုန်သံတွေ မြန်လာတာကိုခံစားလိုက်ရသည်  သူမ အသက်ရှူလိုက်သည့်လေထုက ယင်း‌ရှောင်ကျဲ၏ ကိုယ်သင်းရနံ့နှင့် ပြည့်နှက်နေသည်  ဒီရနံ့က ဘယ်နေရာကိုမှ လွတ်မြောက်နိုင်ခြင်း မရှိဘဲ သူမကို လုံးဝဝိုင်းရံနေသလိုပင်

“ ဟမ်၊ မင်းမကြားဖူးဘူးလား ရည်းစားတွေရန်ဖြစ်ရင် ပြန်တည့်အောင် ဒီလိုလုပ်ရတယ်ဆို အဲဒါဆို မကြာခင် ပြန်တည့်သွားတယ်တဲ့ မင်းကိုတောင်းပန်စေချင်တယ်မလား ??
ဒါဆို ငါရဲ့ရိုးသားမှုကို ပြသင့်တယ်မဟုတ်လား?”

သူပြောသည့်အတိုင်း နတ်ဆိုးလို မျက်နှာသည် ပို၍ ပင်နီးကပ်လာသည်  ဒီတစ်ခါတော့ သူတို့က အရမ်းနီးကပ်လာတဲ့အတွက် ယင်းရှောင်ကျဲရဲ့ မျက်နှာ အစွန်အဖျားတစ်ခုတည်းနဲ့တင် နဲနဲလေးလှုပ်လိုက်တာနဲ့  သူမကို နမ်းလိုက်နိုင်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now