Chapter 7: Go farming together

Start from the beginning
                                    

" ခင်ဗျားရဲ့လယ်ကွင်းထဲမှာ ဘာမှမရှိဘူး " ​ရှောင်​ရှောင်တုန်က ပြောသည်။

​ရှောင်ကျင့်ထျင် ခဏတာ အံ့အားသင့်သွားသည်။ လယ်ကွင်းကိုကြည့်ချင်​နေလို့ သူမေ့သွားတယ်။ သခင်ငယ်​လေးမှာ လယ်ယာလုပ်​လေ့မရှိသောကြောင့် လယ်ကွင်းက ယခုဗလာဖြစ်သင့်သည်။

" ဒါဆို မျိုးစေ့အရင်သွားဝယ်ရအောင် " ​ရှောင်ကျင့်ထျင်က အစမ်းသ​ဘော​ပြောလိုက်သည်။

အပြင်သွားမယ်လို့ ကြားလိုက်တဲ့အခါ ​ရှောင်​ရှောင်ဖန်၏ မျက်လုံးများသည် ပိုမိုတောက်ပလာပြီး ​ရှောင်​ရှောင်တုန်က အလွန်စိတ်လှုပ်ရှားနေသော်လည်း..... ရုတ်တရက် ထိုအတွေးကို သူ့စိတ်ထဲတွင် ထားလိုက်သည်။

​ရှောင်​ရှောင်တုန်သည် ​ရှောင်ကျင့်ထျင်၏ " အဆိုးကို အ​ကောင်းဘက်သို့ ပြန်ပြောင်းခြင်း " ကမည်မျှကြာမည်ကို မသိ​ပေ။ ​ရှောင်​ရှောင်တုန်က ​ရှောင်ကျင့်ထျင်သည် လမ်းပေါ်၌ မြေခွေးလိုသူငယ်ချင်းများ၊ ခွေးလိုသူငယ်ချင်းများနှင့် ကြုံတွေ့ရပြီး နှစ်ကြိမ်တိုင်တိုင် အရိုက်ခံရကာ သူနဲ့ သူ့ညီငယ်အား ရောင်းစားခံရမှာကို အလွန်စိုးရိမ်ခဲ့သည်။

" ရွာလူကြီးအိမ်မှာ မျိုး​စေ့အပို​တွေရှိတယ်။ အခုရက်ပိုင်းအတွင်းရောင်းဖို့ ရည်ရွယ်ထားတယ်လို့ ကြားတယ်။ ဆိုင်သွားရတာထက် ဈေးသက်သာတဲ့ ရွာလူကြီးအိမ်မှာ ဝယ်လို့ရတယ်။ အဲဒါက သိပ်မဝေးဘူး။ " ​ရှောင်​ရှောင်တုန်က အကြံ​ပေးသည်။

" ဒါဆို ငါ မင်းနဲ့လိုက်ခဲ့မယ် " ​ရှောင်ကျင့်ထျင်၏ အမြင်တွင် တုချိုးရွာ၏ အကြီးအကဲသည် အလွန်တရာ တရားမျှတသည်။ ဒီလူက ​ရှောင်ကျင့်ထျင်ကို မမုန်း​သော်လည်း သူ့ရဲ့လုပ်ရပ်​ကြောင့် ရွှီမုရန်နဲ့ သူ့ကလေးနှစ်ယောက်ကို စာနာပါတယ်။

​ရှောင်​ရှောင်တုန်က ခေါင်းညိတ်ပြီး " ကောင်းပြီ " လို့ပြောလိုက်တယ်။

​ရှောင်​ရှောင်တုန်သည် ​ရှေ့ကဦးဆောင်သွားပြီး ​ရှောင်​ရှောင်ဖန်နှင့် ​ရှောင်ကျင့်ထျင်တို့က ​နောက်ကလိုက်သွားသည်။

​ရှောင်​ရှောင်ဖန်ရဲ့ ခြေလှမ်းတွေက နှေးကွေးသွားသောအခါ ​ရှောင်ကျင့်ထျင်က မစောင့်နိုင်တော့ဘဲ ​ရှောင်​ရှောင်ဖန့်ကို လှမ်းကိုင်လိုက်သည်။ ​ရှောင်​ရှောင်ဖန်သည် နှလုံး သို့မဟုတ် အဆုတ်မရှိသည့် ​ရှောင်ကျင့်ထျင်၏ရင်ခွင်ထဲ နစ်မြုပ်နေပြီး ​ရှောင်ကျင့်ထျင် ကိုင်ထားသည်ကို ကြည့်ကာအလွန်ပျော်ရွှင်နေသည်။ ​ရှောင်​ရှောင်တုန်မှာ ​ရှောင်ကျင့်ထျင်က ​ရှောင်​ရှောင်ဖန့်ကို ကိုင်ထားသည်ကိုကြည့်ကာ ​ရှောင်​ရှောင်တုန့်မျက်လုံးများမှာ ပို၍ ပို၍ ထူးဆန်းလာခဲ့သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now