Chapter 1: Dressed as scumbag

13K 1.2K 41
                                    

Unicode

ရှောင်ကျင့်ထျင် နိုးလာပြီး ထူးဆန်းတဲ့ အိမ်ကို ကြည့်လိုက်ပြီး​နောက် စိုးရိမ်တကြီး မျက်ခုံးရိုးတွေ ပွတ်လိုက်မိသည်။

ရှောင်ကျင့်ထျင်သည် ဓာတ်ခွဲခန်းထဲတွင် မျိုးဗီဇပြုပြင်ထားသော အာလူးများကို လေ့လာနေကြောင်း ယောင်ဝါးဝါး သတိရမိလိုက်သည်။ သူအိပ်ဆောင်ကို ပြန်တဲ့လမ်းမှာ မြစ်ထဲကို ပြင်းပြင်းထန်ထန် တွန်းချခံလိုက်ရတယ်။ အသက်ရှုကြပ်တဲ့ ဝေဒနာက သူ့စိတ်ထဲမှာ စွဲ​နေပြီး အချိန်ကြာမြင့်စွာ မပျောက်ကွယ်နိုင်တော့ပေ။

ရှောင်ကျင့်ထျင် သူ့မျက်လုံး​တွေမှတဆင့် အခန်းကို ကြည့်လိုက်သည်။ သူအိပ်နေစဉ်တွင် ရှောင်ကျင့်ထျင်သည် တစ်ခြားသူတစ်​ယောက်၏ အမည်နှင့် မျိုးရိုးအမည်ကို လက်ခံရခဲ့၏။ ရှောင်ကျင့်ထျင်သည် သူ့ရှေ့ရှိ အခန်းကိုသေချာလေ့လာကြည့်ပြီး သူကူးပြောင်းလာကြောင်းကို သဘောပေါက်လိုက်သည်။

ရှောင်ကျင့်ထျင်သည် သူ့ဗိုက်ထဲကအသံမြည်လာသဖြင့် မှတ်ဉာဏ်ကို ခွဲထုတ်ရန် အချိန်မရှိတော့ပေ။ တစ်ခုခုချက်ပြုတ်ရန်အတွက် သူ့ဗိုက်ကို ပွတ်သပ်ကာ အိပ်ယာမှထလာခဲ့သည်။

ရှောင်ကျင့်ထျင် မီးမွှေးပြီး ထမင်းချက်နေရင်းဖြင့် သူလက်ခံခဲ့သောမှတ်ဥာဏ်များကို ပြန်စဥ်းစားနေမိသည်။ မူလ ရှောင်ကျင့်ထျင်မှာ ရှောင်မိသားစု၏သခင်ငယ်​လေးဖြစ်သည်။

မူလပိုင်ရှင်၏ မိဘများသည် ကိုယ်ပိုင်စွမ်းရည်များရှိသော်လည်း မကြာခဏ အိမ်ပြန်လေ့မရှိ​ပေ။ မူလပိုင်ရှင်မှာ အ​ပျော်အပါးမက်ပြီး အလုပ်မရှိသည့်အတွက် အိမ်တွင်ရှိ​သောတစ်ခြားသူများနှင့် အမြဲအဆင်မ​ပြေဖြစ်တတ်သည်။

မူလရှောင်ကျင့်ထျင်၏ မိဘများ ရှိနေပါက မူလပိုင်ရှင်ကို သခင်လေးအဖြစ် ဆက်လက်ထိန်းထားနိုင်ပေမည်။ ပြဿနာမှာ မူလပိုင်ရှင်၏ မိဘများမှာ အပြင်သွားရင်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး​နောက် မူလရှောင်ကျင့်ထျင်ကို လူသူအ​ရောက်အ​ပေါက်နည်း​သော​ ယခုနေရာသို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now