ဒီကျောင်းသူ၏ချဲ့ကားပြောမှုကြောင့် ဝူရှားက ပြင်းပြင်းထန်ထန်အပြစ်ပေးခံရနိုင်တယ်။

"မင်းလိမ်နေတာ"ဝူရှန်းက အော်လိုက်တယ်။

ဝူရှန်းက ရေခဲပြင်စီးစွပ်ဖားလှည်းပြိုင်ပွဲပြီးကတည်းက ဝူရှားသည် ဝူရုန်ကို ဆန့်ကျင်ဖို့လုပ်နေတယ်ဆိုတာသူသိတယ်။ဒါပေမဲ့ အဲဒီအချိန်တုန်းက ဝူရုန်က ဟေးအိမ်တော်အတွင်းမှာဘဲ နေထိုင်တာကြောင့် ဝူရှားက အခွင့်အရေးမရခဲ့ဘူး။ဒါကြောင့် ဝူရှားက ရွေးစရာမရှိဘဲ ဝူရှိအပေါ် သူ့ဒေါသတွေကို ပုံချဖို့လုပ်တာဖြစ်တယ်။သို့သော်လည်း ဝူရှား၏ရည်ရွယ်ချက်က သူက ဝူရှိကို ထိခိုက်အောင်လုပ်ပြီး ဝူရုန်ကို အပြင်ထွက်လာအောင်လုပ်ဖို့ဖြစ်တယ်။ဝူရှားက ဘယ်တော့ကမှ ဝူရှိကိုသတ်ဖို့တော့ မရည်ရွယ်ထားဘူး။

ကျောင်းသူလေးသည် ဝူရှန်းကို စိုက်ကြည့်လိုက်ပြီးပြောလိုက်တယ်"ငါက လိမ်ပြောနေတာမဟုတ်ဘူး။နင်က ဒီမှာရှိတဲ့လူတိုင်းကို မေးနိုင်တယ်။လူတိုင်းက ဒါကိုမြင်တယ်"

အခြားကျောင်းသားတွေကလည်း ပြောလိုက်တယ်"ဟုတ်တယ်။ငါတို့အားလုံးက ဒါကိုမြင်တယ်။ဝူရှားရဲ့မကောင်းဆိုးဝါးက ဒေါသတကြီးနဲ့ သူတို့ကို ရန်မူတိုက်ခိုက်ခဲ့တယ်။ဒါက လေ့ကျင့်တာ မဟုတ်တော့ဘူး။ဒါက လူသတ်ဖို့ကြိုးစားတာဘဲ"

တကယ်လို့များ အခြားအချိန်မှာသာဆိုရင် လူတိုင်းက ဝူရှိဘက်က ပြောပေးရမယ့်အစား သူတို့က မမြင်ချင်ဟန်ဆောင်နေမှာဖြစ်တယ်။ဒါပေမဲ့ ဒီလှပတဲ့လူငယ်လေးက ဝူရှိကို ကာကွယ်ပေးကတည်းက ဒီကျောင်းသားတွေရဲ့စိတ်ထဲမှာ လူငယ်ရဲ့စိတ်ဝင်စားမှုကိုရအောင် လုပ်ချင်တာသာဖြစ်တယ်။

လူတိုင်းက ဝူရှား၏အမှားလို့ပြောဆိုနေတာကြောင့် အကြီးအကဲဘန်က ဝူရှားကို အပြစ်ပေးရုံသာရှိတယ်။အကြီးအကဲဘန်က ဝူရှားကို ကြိမ်ဒဏ်၅၀ရိုက်ခံရန် တစ်လကြာတရားထိုင်ရန် ပြီးတေတ့ နောင်တရကြောင်းသုံးသပ်စာရေးပါရန် အမိန့်ချမှတ်လိုက်တယ်။

ဝူရှန်းသည် အကြီးအကဲဘန်ကို မြန်မြန်ျလး အသနားခံလိုက်တယ်"ကျေးဇူးပြုပြီး အကြီးအကဲဘန် ကျွန်တော့်ရဲ့ညီလေးက အခုချိန်မှာ ဒဏ်ရာပြင်းထန်စွာရနေတယ်။တကယ်လို့သူက အခုချိန်မှာကြိမ်ဒဏ်၅၀ရိုက်ခံရရင် သေသွားပါလိမ့်မယ်။ကျေးဇူးပြုပြီး အပြစ်ဒဏ် လျော့ပေါ့ပေးပါ"

COTAW(Zawgyi)حيث تعيش القصص. اكتشف الآن