အဲဒီနောက်မှာတော့ မျှော်လင့်ထားလို့မရအောင် လှပသည့်လူငယ်သည် ရထားလုံးပေါ်ကနေ ဆင်းလာတယ်။သူ့မှာကြယ်တွေလို တောက်ပကြည်လင်သဘ့် မျက်ဝန်းတွေရှိတယ်။သူ့မှာနှင်းဆီဖူးသဏ္ဍာန် နှုတ်ခမ်းဖူးဖူးလေးတွေရှိပြီး ကြွေထည်လို အသားရေရှိတယ်။သူ့ရဲ့မျက်ခုံးတွေကတောင် ဆွဲဆောင်မှုရှိသည်။သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတာက သူ့ရဲ့သန့်စင်မှုနှင့် ရိုးရှင်းမှုတွေကို ဖော်ပြနေတယ်။ဘယ်သူကမှ သူ့ရဲ့ဆွဲဆောင်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။

အစောင့်လေးယောက်သည် လူငယ်လေး၏လှပမှုကြောင့် အချိန်အတော်ကြာ ကြောင်အနေကြသည်။သူတို့က နှစ်ပေါင်းများစွာကြာအောင် တံခါးစောင့်လုပ်ခဲပေမဲ့ ဒီလောက်ထိလှပတဲ့သူကို မမြင်ဖူးဘူး။တကယ်လို့ သူတို့သာ ဒီလူငယ်ကို ရှင်းလင်းစွာ မမြင်ခဲ့ဘူးဆိုရင် မိန်းမပျိုတစ်ယောက်လို့ထင်မှာ သေချာတယ်။

လူငယ်လေးသည် တိုက်ရိုက်ဘဲ တောင်ဘက်ခြံဝင်း၏အဓိကဝင်ပေါက်မှ ဖြတ်ကျော်သွားပြီး ဝူမိသားစုကျောင်းတော်ရှိရာကို သွားလိုက်သည်။

အစောင့်လေးယောက်သည် လူငယ်လေးက သူတို့မြင်ကွင်းမှပျောက်ကွယ်သွားမှ သတိဝင်လာသည်။

"ဒီလူငယ်က ဘယ်သူလဲ?သူက အရမ်းကြီးကျယ်ခမ်းနတာဘဲ။ငါ့ဘဝမှာ သူက ငါမြင်ဖူးသမျှထဲမှာ အလှဆုံးယောကျာ်းလေးဘဲ"အစောင့်တစ်ယောက်က ပြောလိုက်တယ်။

"ငါလည်းအတူတူဘဲ။သူက အပျော်ဂေဟာက အလှမယ်ထက်တောင် ပိုပြီးတော့ လှသေးတယ်။ဒါပေမဲ့ သူက ဒီကိုဘာလာလုပ်တာလဲ?"

သူ့ရဲ့စကားသံကိုကြားမှ အခြားအစောင့်တွေကလည်း သတိရသွားတယ်။သူတို့လေးယောက်က ထိတ်လန့်သွားတယ်။သူတို့က လူငယ်လေး၏အလှကို ငေးနေတာကြောင့် သူတို့က ဒီလူငယ်လေး၏ကိုယ်ရေးအချက်ကို မေးဖို့မေ့သွားတယ်။တကယ်လို့ သူတို့ရဲ့တာဝန်ချိန်မှာ သူတို့အမှားလုပ်မိတာကို မိသွားရင် သူတို့က အပြစ်ပေးခံရလိမ့်မယ်။

"သူက ဘယ်ခြံဝင်းကို သွားလိုက်တာလဲ?"

"မသိဘူး"

"......"

ဒီအချိန်မှာတော့ ဝူမိသားစုကျောင်းမှာတော့ အကြီးအကဲသည် ကျောင်းသားတွေကို သူတို့၏စိတ်စွမ်းအင်ကို နှစ်ယောက်တွဲလေ့ကျင့်စေသည်။မကြာခင်မှာတော့ ကျောင်းသား ကျောင်းသူတွေက နှစ်ယောက်တွဲ လေ့ကျင့်ဖော်တွေရသွားပြီး ဝူရှိတစ်ယောက်ထဲသာ ကျန်နေရစ်သည်။

COTAW(Zawgyi)Where stories live. Discover now