Unicode
" နင် ဒီလိုကြီးပဲထိုင်နေလို့မရဘူးလေ....ရှင်းယံကို အရင်မေးကြည့်ရမှာပေါ့...မဟုတ်ဘူးလား..."
ဖုန်းထဲမှ နိုးနိုး၏စကားကို သူမည်သို့မျှ ခွန်းတုံ့ပြန်ခြင်းမပြု။ အသံသည် အက်ကွဲတစ်စို့နေသည့်အတွက် လည်ချောင်းမှထွက်လာရန် အတော်လေး ခြစ်ကုပ်အားစိုက်ယူရသည်။ လက်ချောင်းများက တုန်နေသဖြင့် စောင်ကိုသာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ထိန်းလိုက်ရ၏။
" ရှင်းယံကိုမေးကြည့်ပြီးတော့ သူရှင်းပြတာလည်း နားထောင်ဦးမှပေါ့...ရှင်းယံနဲ့ချက်ချင်းတွေ့ပြီး မေးလိုက်...ငါပြောတာနားထောင်..."
"ငါ...သူ့ကို မမေးရဲဘူး..."
လင်း၏အသံသည် တိုးညှင်းပြီးတုန်နေသယောင်။
"ဘာလို့လဲ...မေးမှဖြစ်မှာပေါ့"
နိုးနိုးအသံသည် စိတ်မရှည်မှုနှင့် ဆွဲငင်နေသည်။
"ကြောက်လို့..."
အလိုက်မသိသောမျက်ရည်က ထပ်ဝဲလာပြန်သည်။ စောင်ကိုဆုပ်ထားမိသည့်လက်က တင်းကြပ်လွန်းသဖြင့် လက်ချောင်းထိပ်များပင် နာလာသည်။
"ငါ သူ့ကိုမေးလိုက်လို့ သူ့ဘက်ကဟုတ်တယ်လို့ ပြောလာမှာ ကြောက်လို့..."
နိုးနိုး သက်ပြင်းချသည်။
"ဒါပေမဲ့လည်း ဒီလိုမျိုးပဲ နေ,နေလို့ မဖြစ်ဘူးလေ...ထွက်ပြေးနေလို့မှမဖြစ်တာ...နင် တည့်တည့်ရင်ဆိုင်မှဖြစ်မှာပေါ့။ ဒီကိစ္စက တကယ်မဟုတ်တာလည်း ဖြစ်နိုင်တာပဲ...အဲ့တာကြောင့် အရင် မျက်နှာချင်းဆိုင်မေးကြည့်လိုက်..."
လင်းဘက်မှ အသံမထွက်လာချေ။
"နော်...လင်းနော်...နင်အများကြီးဝမ်းနည်းနေမယ်ဆိုတာ သိပေမဲ့ ကိစ္စတစ်ခုဖြစ်လာပြီဆို အမြန်ဆုံးဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ..."
လင်းသည် တစ်ချက်ရှိုက်ကာ သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။
"အင်းပါ...ငါ ရှင်းယံကိုတွေ့ပြီးမေးကြည့်လိုက်မယ်...ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး...နောက်မှ.....မနက်ဖြန်လောက်..."
"အင်းပါ...ဘယ်အချိန်ပဲမေးမေး...မေးဖြစ်အောင်တော့မေး...သူ့ဘက်က စကားကိုနားထောင်ပြီးမှ ဘာဆက်လုပ်မလဲ စဉ်းစားလို့ရမှာပေါ့...."
လင်းသည် အောက်နှုတ်ခမ်းကို ရှေ့သွားဖြင့် ခပ်ဖွဖွကိုက်လိုက်မိသည်။
*******************************
ကြယ်လေးသည် တိုက်ရှေ့တည့်တည့်သို့ရောက်ပြီးနောက် အထပ်၅၀မျှရှိမည်ဖြစ်သော ထိုတိုက်ကြီးကိုမော့ကြည့်လိုက်သည်။ ကြည့်နေရင်း မနေ့တနေ့က နက္ခတ်ဆီမှ ရောက်လာခဲ့သော message အကြောင်းပြန်လည်တွေးလိုက်မိသည်။
ထိုညက နက္ခတ်ရော၊ သူရောကြိုက်သည့် ရုပ်ရှင်အကြောင်းပြောနေရင်း နက္ခတ်က ရုတ်တရက်ကြီး
-ကြယ်လေး ဟင်းချက်တတ်လား
ဟုမေးလာသည်။
- မေမေ့ကိုကူညီပေးဖူးလို့ နည်းနည်းပါးပါးတတ်ပါတယ်
ကြယ်လေးထိုသို့ပြန်ပြောလိုက်သောအခါ နက္ခတ်က ဝမ်းပန်းတသာဖြစ်နေသော sticker တစ်ခုပို့ပြီး
- ကြယ်လေးရဲ့သင်တန်းက ဘယ်နေ့တွေပိတ်လဲ
ဟုထပ်မေးလာသည်။
- saturday၊ sunday ပိတ်တယ်
-ဒါဆို ဘဘက်ခါ တနင်္ဂနွေနေ့ကျရင် အစ်ကို့အိမ်ကိုလာခဲ့လို့ ရမလား
ထိုမက်စေ့ကိုမြင်သော် ကြယ်လေးသည် မျက်လုံးပြူးသွားပြီး တစ်ဆက်တည်းပင် ပုံဖော်မရသော ပျော်ရွှင်မှုတစ်ခုဖြစ်သွားသည်။
-အစ်ကိုက အစီအစဉ်တစ်ခုမှာ ဟင်းချက်ရဖို့ရှိတယ်။ ဒါပေမဲ့ မချက်တတ်ဘူး။ အဲ့တာကြောင့် လေ့ကျင့်ရင်း စမ်းချက်ကြည့်မလို့။ ကြယ်လေးလာရင် ဘာမှလုပ်စရာမလိုပါဘူး။ အစ်ကိုပဲချက်မှာ။ ကြယ်လေးက နည်းနည်းပါးပါးကူပေးရုံပဲ။
-မုန့်ကျွေးမယ်လေ
နောက်ဆုံးရောက်လာသည့် စာကြောင့် ကြယ်လေးရယ်ချင်သွားသည်။ လူကို မုန့်နဲ့လာမြှူဆွယ်နေတာလား....
ဘယ်လိုပဲဖြစ်ဖြစ် မုန့်နဲ့မမြှူဆွယ်ရင်တောင် သွားဖို့စဉ်းစားပြီးသားပဲ မဟုတ်ပါလား။ အခုတော့ နက္ခတ်၏တိုက်ရှေ့သို့ မိမိရောက်ရှိခဲ့လေပြီ။
ကြယ်လေးသည် နက္ခတ်ကိုဖုန်းလှမ်းဆက်လိုက်၏။
"ကျွန်တော် တိုက်ရှေ့ရောက်နေပြီ..."
"ဟုတ်လား...ခဏလေးစောင့်နော်...အစ်ကိုလာခေါ်မယ်"
"ဟုတ်"
ဖုန်းချလိုက်ပြီးနောက် ကြယ်လေးပြုံးလိုက်သည်။
***********************************
"အိမ်ကတော့ နည်းနည်းရှုပ်ပွနေတယ်ဆိုပေမဲ့...အဟဲ...ကြည့်ကြပ်သာ ရှင်းပြီးထိုင်လိုက်ပါ..."
နက္ခတ်သည် အရှက်ပြေရယ်မောရင်း ဆိုဖာပေါ်တင်နေသော အင်္ကျီနှစ်ထည်ကို ကမန်းကတန်းဆွဲဖယ်လိုက်သည်။ သူသည် စားပွဲခုံပေါ်ပြည့်နေသော ဘာမှန်းမသိသည့် ပစ္စည်းမျိုးစုံကို သိမ်းကြုံးယူလိုက်ပြီး တခြားသော စားပွဲတစ်ခုအပေါ် ပြီးစလွယ်တင်လိုက်သည်။
ကြယ်လေးသည် ကြမ်းပြင်ပေါ်ကျနေသော အဝတ်တစ်ထည်ကို လက်မ၊ လက်ညှိုးဖြင့် လှမ်းကောက်ပြီးမထိတထိညှပ်ရင်း နက္ခတ်ဆီကမ်းပေးလိုက်သည်။
"ဒီမှာ...တစ်ခုကျန်ခဲ့..."
ကြယ်လေးသည် ကြမ်းပြင်ပေါ်ကျနေသော အဝတ်စကိုမြင်သဖြင့် သေချာမကြည့်ဘဲ ယူလိုက်သည်ဖြစ်ရာ ထိုအဝတ်မှာ မည်သည့်အဝတ်ဖြစ်ကြောင်း မသိခဲ့ပါချေ။
နက္ခတ်ကိုလှမ်းပေးရင်းမှ အဝတ်ကိုသေချာကြည့်မိသည်။
အတွင်းခံဘောင်းဘီ!
နက္ခတ်သည် ကြယ်လေးဘက်ထဲမှ အတွင်းခံဘောင်းဘီကို ကပျာကယာဆွဲယူလိုက်သည်။ ကြယ်လေးသည် မျက်လုံးအပြူးသားနှင့် မျက်နှာမှာ အနည်းငယ်ရဲသွားသယောင်။
အတွင်းခံဘောင်းဘီက တကယ်ကိုဆိုဒ်အကြီးကြီးပဲ...
" ဒါက ဘယ်လိုလုပ် ဒီရောက်နေလဲမသိဘူး...အဟဲဟဲ..."
နက္ခတ်သည် အခက်တွေ့သွားသောမျက်နှာနှင့် ရယ်သံရောရင်း နေရခက်စွာပြောသည်။
"အိမ်ကိုရှင်းမယ်ဆိုပြီး အလုပ်တွေများတာနဲ့ မရှင်းဖြစ်သေးဘူးဖြစ်နေတယ်။ မနက်ဖြန်ကျရင်တော့ သေချာပေါက် အိမ်, ရှင်းမှာပါ....ကြယ်လေးရဲ့ကျောပိုးအိတ်ကို ဒီမှာ ထားလို့ရတယ်နော်....လွတ်လွတ်လပ်လပ်နေ.....ရတယ်..."
"ဟုတ်ကဲ့..."
ကြယ်လေးသည် မချိတချိအပြုံးလေးနှင့် ခေါင်းညိတ်လိုက်သည်။ နက္ခတ်က မီးဖိုးခန်းဘက်သို့ထွက်သွားသည်။
"အစ်ကိုကတော့ ကင်ချီပန်ကိတ်နဲ့ ဝက်သားကင် လုပ်မလို့စဉ်းစားထားတယ်..."
"ကိုရီးယားစာလုပ်မလို့လား..."
ကြယ်လေးသည် ကျောပိုးအိတ်ကို အိမ်ရှေ့ခန်းတွင်ထားခဲ့ပြီး နက္ခတ်အနောက်ကို လိုက်သွားသည်။
"ဟုတ်တယ်...လုပ်နည်းတွေ့ထားတယ်..."
နက္ခတ်သည် စင်ပေါ်တင်ထားသောပစ္စည်းများနှင့် ရေခဲသေတ္တာထဲမှ ပစ္စည်းများကိုထုတ်ကာ မီးဖိုခုံပေါ်တင်လိုက်သည်။
"ဒီမှာက မုန်ညှင်းထုပ်ကင်မ်ချီ...ပြီးတော့ ချောင်းဂျန်...ဘာဆိုလား...နာမည်မေ့သွားပြီ...ဘူးမှာလည်း ကိုရီးယားလိုပဲရေးထားလို့ အစ်ကိုမဖတ်တတ်ဘူး....အဲ့တော့ ဘာမှန်းမသိတဲ့နာမည်နဲ့ ဆော့က ဝက်သားကင်နဲ့တွဲစားဖို့အတွက်..ပြီးတော့ ဝက်ပေါင်သားရယ်...ကြက်သွန်မြိတ်ရယ်...ဆလပ်ရွက်ရယ်...ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ...ဂျုံမှုန့်၊ စပါကလင်အရည် and baking soda..."
နက္ခတ်သည် ပါဝင်ပစ္စည်းများကို တစ်ခုချင်းစီလက်ညှိုးထိုးပြရင်း မိတ်ဆက်နေသည်။
" အစုံအလင်ပဲနော်..."
"ပြောရရင် အကုန်လုံးကို မနက်ကမှသွားဝယ်ထားတာ...
ဆားနဲ့ ပဲငံပြာရည်က အစ မနက်ကမှဝယ်လိုက်တာ...အစ်ကိုက ကိုယ့်ဘာသာကို ချက်စားတာရှားလို့
အိမ်မှာဘာပစ္စည်းမှ မရှိဘူးဖြစ်နေတာ..."
နက္ခတ်သည် ထိုသို့ပြောပြီးနောက် သူ၏ဖုန်းကိုဖွင့်ပြီး ပြုလုပ်နည်းကိုပြန်ကြည့်နေသည်။
"ပါဝင်ပစ္စည်းတွေအကုန်ထည့်ပြီး...ရောနယ်ပြီး...ကြော်လိုက်ရင်ပြီးပြီတဲ့...သူပြောတာတော့ လွယ်လွယ်လေးပဲ...လုပ်ကြည့်ကြတာပေါ့..."
နက္ခတ်သည် ဇလုံခပ်ကြီးကြီးတစ်လုံးကိုယူပြီး ကင်မ်ချီအထုပ်ကိုဖောက်နေသည်။
"အာလူးကော်မှုန့်ယူဖို့မေ့သွားတယ်...ကြယ်လေး ယူပေးပါလားဟင်...ဟိုပေါ်က စင်ပေါ်မှာ...အပေါ်ဆုံးထပ်မှာ"
ကြယ်လေးသည် မိမိအနောက်ရှိစင်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူသည် အာလူးကော်မှုန့်ထုပ်ကို လှမ်းယူသေည်လည်း သူ၏အရပ်နှင့်မမှီဖြစ်နေသောကြောင့် ခြေဖျားထောက်လိုက်သည်။
ထိုအခိုက်မှာပင် နက္ခတ်သည် ကြယ်လေး၏အနောက်သို့လာပြီး ကြယ်လေးကိုကျော်ကာ အထုပ်ကိုလှမ်းယူလိုက်သည်။
နက္ခတ်သည် မိမိအနောက်သို့ရောက်လာသည်မှန်း သိလိုက်သည်နှင့် ကြယ်လေးသည် အလိုလျောက်ကိုယ်ကို ကျုံ့လိုက်မိပါ၏။ နက္ခတ်ထံမှ စူးရှသောရေချိုးဆပ်ပြာရနံ့ကိုရလိုက်၏။ ထိုရနံ့သည် ဘာကြောင့်မှန်းမသိ ကြယ်လေးကို ရင်ခုန်သွားစေသည်။
"ကြက်သွန်နီ လှီးပေးပါလား...မလှီးတတ်လည်းရတယ်နော်...အစ်ကိုပဲလုပ်လိုက်မယ်..."
"ရတယ်...ကျွန်တော်လှီးတတ်တယ်..."
ကြယ်လေးသည် ဓားကိုယူလိုက်ပြီး ကြက်သွန်နီအခွံခွာနေရင်း နက္ခတ်ကို မသိမသာစောင်းကြည့်လိုက်သည်။
ဆလပ်ရွက်နှင့် ကြက်သွန်မြိတ်ကိုရေဆေးနေသည့် နက္ခတ်က ခေါင်းကိုငုံ့ထားသဖြင့် ဆံပင်ရှည်တို့ကဝေ့ဝဲကာ သူ၏မျက်နှာအပေါ် ကျနေသည်။ဘေးတစောင်းပုံရိပ်ဟာလည်း ပြီးပြည့်စုံလွန်းပြီး ခန့်ညားနေလျက်။
ကြယ်လေး ပြုံးလိုက်မိကာ ကြက်သွန်နီကို အခွံဆက်နွှာနေပြီး ဓားဖြင့်လှီးချလိုက်သည်။ မကြာပါ...ကြက်သွန်၏အငွေ့များကြောင့် ကြယ်လေး၏မျက်လုံးတို့ပူစပ်လာပြီး မျက်ရည်များရစ်သိုင်းလာသည်။
"မျက်လုံး...မျက်လုံး..."
ကြယ်လေးသည် ဗလုံးဗထွေးပြောရင်း မျက်လုံးကိုစုံမှိတ်ကာ ခေါင်းကိုမော့လိုက်သည်။ မျက်စိကိုပြန်ဖွင့်လိုက်သောအခါတွင် မျက်ရည်များက ပိုမိုများပြားလာရပြီးပြည့်လျှံလာသောကြောင့် မျက်ရည်တစ်စက်ပင် ပါးပေါ်ကျဆင်းလာသည်။ အယောင်ယောင်အရမ်းရမ်းဖြင့် ကြက်သွန်ကိုင်ထားသည့်လက်ဖြင့် မျက်လုံးကိုပွတ်သပ်မည် ပြုစဉ် နက္ခတ်က ကြယ်လေးလက်ကို လှမ်းဆုပ်ကိုင်ပြီး တားလိုက်သည်။
"အဲ့လက်နဲ့မပွတ်နဲ့လေ...နေဦး...အစ်ကိုလုပ်ပေးမယ်..."
နက္ခတ်သည် အနားတွင်ရှိသော တစ်ရှူးဘူးထဲမှ တစ်ရှူးတစ်ရွက်ကိုယူလိုက်ပြီး ကြယ်လေး၏မျက်လုံးကို ခပ်ဖွဖွတို့ထိပြီး သုတ်ပေးသည်။
"အဆင်ပြေရဲ့လား..."
ကြယ်လေး ခေါင်းညိတ်ပြသည်။သို့သော် သူ့မျက်နှာမှာတော့ ကြက်သွန်၏ပညာပြမှုကြောင့် အတန်ငယ်ဆူပုပ်ပြီးရှုံ့တွနေသည်။ သူ၏နှာသီးလုံးလုံးလေးသည် ခရမ်းချဉ်သီးတစ်လုံးပမာ ရဲရဲနီနေ၏။
"မျက်နှာကို ရေနဲ့သွားသစ်လိုက်..."
"လှီးလို့မပြီးသေးဘူး...."
"အစ်ကိုဆက်လုပ်လိုက်မယ်...သွား...မျက်နှာသွားသစ်လိုက်..."
"ဟုတ်.."
ကြယ်လေးသည် ရေချိုးခန်းဆီသို့ခပ်သွက်သွက်သွားကာ မျက်နှာသစ်ပြီးနောက် ပြန်လာချိန်တွင် နက္ခတ်သည် ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ပြီး ရောနယ်နေပြီဖြစ်၏။
နက္ခတ်၏ဆံပင်များက ရှည်လျားလွန်းသည့်အတွက် မျက်နှာပေါ် ကပိုကရိုကျဆင်းနေကာ မြင်ကွင်းကိုပိတ်စို့ကာဆီးနေလေသည်။
"ကြယ်လေး..."
"ဗျာ..."
"အစ်ကို့ကိုလေ...အစ်ကို့အခန်းထဲက မှန်တင်ခုံပေါ်က ကလစ်တစ်ခုလောက် ယူပေးပါလား..."
ကြယ်လေးသည် နက္ခတ်၏အခန်းထဲသို့ဝင်သွားပြီး ရှုပ်ပွနေသောမှန်တင်ခုံတွင် ကလစ်တစ်ချောင်းကို မနည်းလိုက်ရှာပြီး ယူခဲ့သည်။ နက္ခတ်တွင်ရှိသော ကလစ်က အဘယ်ကြောင့် ပန်းရောင်လေး ဖြစ်နေပါသနည်း။
ထူးဆန်းသည်တော့ မဟုတ်ပါ။ ကြယ်လေး၏အကြိုက်ဆုံးအရောင်မှာလည်း ပန်းရောင်ဖြစ်သည်မို့ သွားပွတ်တံ၊ ဘောပင်၊ နောက်ဆုံး ခေါင်းဖြီးသည့်ဘီးကအစ ပန်းရောင်လေး သုံးတတ်သည်။
"ဒီမှာ...ကလစ်..."
ကြယ်လေးသည် ကလစ်ကိုနက္ခတ်ဆီကမ်းပေးစဉ်
နက္ခတ်က ကြယ်လေး၏ရှေ့ကို ခါးကိုင်းလိုက်၏။ ထို့ကြောင့် နက္ခတ်၏မျက်နှာနှင့် သူ့မျက်နှာနီးကပ်သွားသည်။ ကြယ်လေးသည် အသက်ရှူအောင့်လိုက်မိပြီး အနောက်ကို မသိမသာဆုတ်လိုက်မိသည်။
"တပ်ပေးပါလား..."
နက္ခတ်၏လက်နှစ်ဖက်စလုံးက ပလတ်စတစ်လက်အိတ်ဝတ်ထားပြီး ဂျုံမှုန့်တို့ကို နယ်ဖတ်နေသည့်အတွက် လက်မအားသောကြောင့် ကြယ်လေးကို အကူအညီတောင်းလိုက်ခြင်းပင်။
ကြယ်လေးသည် အရင်ဆုံးဦးတံတွေးမျိုချလိုက်မိသည်။
နက္ခတ်၏ဆံပင်များကို အသာသပ်တင်ပြီး ပန်းရောင်ကလစ်လေးကို တပ်ပေးလိုက်သည်။
"ကျေးဇူး"
နက္ခတ်က ပြုံးလိုက်သောကြောင့် ပါးထက်တွင် ပါးချိုင့်ကလေးများ ချိုင့်ဝင်သွားသည်။ ကြယ်လေးသည် အကြည့်လွှဲဖို့ကိုတောင် မေ့လျော့ပြီး နက္ခတ်ကိုစိုက်ကြည့်မိနေသည်။
"အစ်ကို ဘယ်လိုနေလဲ..."
"ချစ်ဖို့ကောင်းတယ်.."
မဆိုင်းမတွပြန်ဖြေသံကြောင့် နက္ခတ် ပြုံးရယ်သည်။ သူ၏ပါးချိုင့်ကလေးများဟာ လှလှပပခွက်ဝင်လျက်။
ထိုပါးချိုင့်ကလေးထဲတွင် ချိုမြိန်မှုအပေါင်း ကိန်းဝင်နေသလိုပင်။ ထိုအချိုင့်ခွက်ခွက်လေး၏ အတိမ်အနက်ကို သိလိုလှသဖြင့် ပါးချိုင့်ထဲကို လက်ညှိုးထိပ်လေးဖြင့် ထိုးကြည့်ချင်လှသည်။
ကြယ်လေးသည် ကိုယ့်အတွေးနဲ့ကို လက်ညှိုးတစ်ချောင်းထောင်ကာ နက္ခတ်၏ပါးနားသို့ တိုးကပ်သွားသည်။
"ဘာဖြစ်လို့လဲ..."
နက္ခတ်မေးလိုက်သောအခါ သူသည် လက်ကိုကမန်းကတန်းပြန်ချလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ဒီနားမှာပေနေတယ်ထင်လို့..."
"ဟုတ်လား..ဒါဆို သုတ်ဖို့..."
"မဟုတ်ဘူး...ဘာမှမပေနေဘူး...ကျွန်တော် မျက်စိမှားသွားတာ..."
"အော်..."
ကြယ်လေးသည် အနားတွင်တွေ့သည့် ဝက်သားပန်းကန်ကို အလျင်အမြန်ဆွဲယူလိုက်သည်။
"ဝက်သားကို အနေတော်အတုံးလေးတွေ လှီးပေးပါ့မယ်..."
ကြယ်လေးသည် ဝက်သားပန်းကန်ကိုယူပြီး နက္ခတ်ကိုကျောခိုင်းပြီးမှ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
*************************
နက္ခတ်၏ထမင်းစား, စားပွဲသည်ရှုပ်ပွနေသည်ဟူသော အကြောင်းပြချက်ဖြင့် ဝရံတာရှိ ခပ်သေးသေးစားပွဲခုံတွင် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ ကင်မ်ချီပန်ကိတ်နှင့် ဝက်သားကင်၊ ဝက်သားကင်နှင့် တွဲစားရန် ဆော့၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆလပ်ရွက် ၊ အအေးအဖြစ်တွဲသောက်ရန် cola တို့ကို တည်ခင်းပြင်ဆင်လိုက်သည်။
နက္ခတ်၏အခန်းမှာ အထပ်၃၀ တွင်ရှိသည်မို့ ထိုဝရံတာမှတဆင့် ရန်ကုန်မြို့ကိုအပေါ်စီးမှ မြင်ရသည့်မြင်ကွင်းတို့မှာလည်း လှပနေပါ၏။ လေညှင်းအချို့ကလည်း နူးနူးအိအိတိုက်ခတ်နေသည်။
ကင်မ်ချီပန်ကိတ်ကို ကြယ်လေးပထမဆုံးကိုက်စားနေသည့်အခါတွင် နက္ခတ်က မျှော်လင့်တကြီးမျက်ဝန်းများဖြင့် ကြယ်လေးကို ပြူးကြည့်နေသည်။
"အရသာ...ဘယ်လိုနေလဲ"
နက္ခတ်သည် သိလိုစိတ်များနှင့် မေးသည်။
ကြယ်လေးသည် ပလုတ်ပလောင်းဝါးစားနေသည်မို့ စကားပြန်မပြောနိုင်ဘဲ လက်မ,ကို အရင်ထောင်ပြသည်။
မျိုချပြီးမှ
"ကောင်းတယ်...တကယ်ကောင်းတယ်"
ဟု ခွန်းတုံ့ပြန်သည်။ နက္ခတ် တက်တက်ကြွကြွပြုံးလိုက်သည်။
"တော်သေးတာပေါ့...စားကောင်းတယ်ဆိုလို့..."
နက္ခတ်လည်း ပန်ကိတ် တစ်စိတ်ကိုယူကာ စားကြည့်နေသည်။
"ပထမဆုံး ကင်မ်ချီပန်ကိတ်လုပ်တာဆိုပေမဲ့ မဆိုးဘူးပဲ...ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးသွားပြီ..."
နက္ခတ်သည် ဆလပ်ရွက်ထဲသို့ ကင်ထားသည့်ဝက်သားကိုထည့်၊ ဆော့နှင့် ကြက်သွန်ဖြူကိုထည့်ပြီးနောက်
"ကြယ်လေး...အာ..."
ဟုဆိုလာသည်။ ကြယ်လေး ပါးစပ်ဟလိုက်သောအခါ ဆလပ်ရွက်ဝက်သားကင်ထုပ်ကို ဂရုတစိုက် ခွံ့လိုက်သည်။
"အဲ့တာရော အရသာဘယ်လိုလဲ..."
"ဝက်သားက သိပ်မကျက်သေးသလားလို့...ဒါပေမဲ့ ကောင်းပါတယ်..."
နက္ခတ်က မျက်ခုံးပင့်၍လက်မ,ထောင်ပြသည်။
ကြယ်လေးနှင့် နက္ခတ်သည် စကားတစ်ခွန်းမှဆက်မဆိုဘဲ
အစားအသောက်တွင်သာ စိတ်နှစ်ကိုယ်နှစ် စားသောက်နေကြရာ ပန်ကိတ်နှင့် ဝက်သားကင်ကုန်သွားသော် နက္ခတ်က အိမ်ထဲခဏဝင်သွားသည်။
"ဒါ့ဒါ...အချိုပွဲပြင်ဆင်လာပါတယ်..."
နက္ခတ်သည် ရေခဲမုန့်ဘူးတစ်ဘူးကိုယူ၍ ပြန်ထွက်လာသည်။
"stawberry ice cream..."
ကြယ်လေး၏မျက်လုံးများ အရောင်လက်သွားသည်။
နက္ခတ်သည် ရေခဲမုန့်ဘူးကို ဖွင့်ပြီး ကြယ်လေး၏ရှေ့သို့ချပေးလိုက်သည်။
"stawberry ကြိုက်တယ်ဆိုလို့ အဲ့တာပဲဝယ်ထားလိုက်တာ..."
သူ့အတွက် တကူးတကဝယ်ထားပေးသည် ဟူသောစိတ်ဖြင့် ကြယ်လေးသည် ရင်ထဲမှလှိုက်ခနဲကြည်နူးသွားလေသည်။ သူသည် ဇွန်းသန့်သန့်တစ်ချောင်းဖြင့် ရေခဲမုန့်ကို ခပ်စားလိုက်သည်။
လျှာဖျားတစ်လျှောက်၌ ချိုမြစွာ အေးစိမ့်သွားသည်။
"အစ်ကိုလည်း စားလေ..."
နက္ခတ်ခေါင်းညိတ်ပြသည်။ သူသည် သူ့ဆံပင်တွင် ထိုးတပ်ထားသော ပန်းရောင်ကလစ်ကိုဖြုတ်လိုက်သည်။
"တကယ်တော့ ဒီကလစ်ကလေ..အစ်ကို့ကောင်မလေးရဲ့ကလစ်...သူအိမ်လာတော့ ကျန်ခဲ့တာ..."
ရေခဲမုန့်ကိုခပ်နေသည့် ကြယ်လေး၏လက် ရပ်တန့်သွားသည်။ ကြယ်လေးဟာ တစ်လျှောက်လုံး ဤအချက်ကိုမေ့လျော့နေခဲ့ပါ၏။ နက္ခတ်မှာ ချစ်သူရှိသည့်အကြောင်းကိုလေ....
ထိုအချက်အား ပြန်သတိရလာချိန်တွင် ကြည်နူးခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွားသလိုပင်....
"ကောင်မလေးလို့တော့ ပြောလို့မရတော့ပါဘူး...ရည်းစားဟောင်းလို့ပဲ ပြောရမလား....မနေ့ရဲ့ မနေ့က သူနဲ့ပြတ်သွားပြီ...ကြယ်လေးကို ပြောပြဖို့မေ့နေတာနဲ့ အခုမှ ပြောပြဖြစ်တယ်..."
ကြယ်လေး၏ မျက်လုံးများဝိုင်းစက်သွားပြီး နက္ခတ်ကိုကြည့်လာသည်။
"စိတ်မကောင်းတော့ အနည်းနဲ့အများဖြစ်ပေမဲ့ Toxic realtionship ဆိုတာ မြန်မြန်စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲလေ...ကိုယ့်နောက်ကွယ်မှာ တခြားတစ်ယောက်နဲ့ခြေရှုပ်နေတဲ့လူနဲ့ မြန်မြန်ပြတ်လိုက်တာ အကောင်းဆုံးပဲ..."
နက္ခတ်သည် လေးလေးတွဲ့တွဲ့ပြောရင်း ကလစ်ပန်းရောင်ကို ဝရံတာမှ ပစ်လွှတ်ချလိုက်သည်။ ပေါ့ပါးသော ကလစ်လေးမှာ လေနှင့်အတူယိမ်းခါလျက် အောက်သို့ ပြုတ်ကျသွားသည်။
နက္ခတ်သည် ကြယ်လေးကို ပြန်လှည့်ကြည့်လာပြီး ပြုံးသည်။ ထို့နောက် ဇွန်းတစ်ချောင်းကိုယူပြီး ရေခဲမုန့်ဘူးထဲမှ တစ်ဇွန်း ခပ်စားလိုက်၏။
"မင်းဘာလို့ stawberry icecream ကိုကြိုက်ရတာလည်း သိပြီ။ ဒီအရသာက သိပ်ချိုတာကို..."
ဟုဆိုလေသည်။
***************************
မြင်လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် လင်း၏ခြေလှမ်းတို့ရပ်သွားပြီး နှလုံးသားဟာလည်း ဒိန်းခနဲလှုပ်ခတ်သွား၏။
အလျင်အမြန်ပန်းအိုးတစ်ခု၏နောက်ကွယ်၌ ဝင်ပုန်းလိုက်သည့်တိုင် အသက်ရှူသံများဟာ အခြေမငြိမ်ဘဲ ဗရမ်းဗတာဖြစ်နေရလေပြီ။ စိတ်ကို အားတင်းလိုက်ရသည်။
မျက်စိကို ကမန်းကတန်းပွတ်သပ်လိုက်ပြီး မြင်လိုက်ရသည့် မြင်ကွင်းကို ပုန်းရှိုးကွယ်ရှိုးဖြင့် ထပ်မံကြည့်လိုက်သည်။
ရှင်းယံက ပြုံး၍စကားပြောဆိုနေပြီး သူ၏ပန်းကန်ထဲတွင်ရှိသော စပါကတီကို ခက်ရင်းဖြင့်လိမ်နေသည်။ ရှင်းယံ၏ရှေ့တွင် ရှိနေသူမှာတော့ Liam ပင်။
Liam သည် ချိုမြသောအပြုံးလေးကို ပန်ဆင်ထားလျက်
ရှင်းယံ၏စကားကို ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်နေသည်။ နားထောင်နေရင်း နူးနူးညံ့ညံ့ရယ်၏။ သူသည်
ချစ်စရာအလွန်ကောင်းလွန်းသော ကလေးတစ်ယောက်၏မျက်နှာသဖွယ် နုနုဖတ်ဖတ်ရုပ်ရည်ပိုင်ရှင်ဖြစ်ရာ
ရယ်လိုက်သောအခါတွင် မျက်လုံးလေးများ ကွေးညွတ်သွားပြီး ပိုမိုချစ်စဖွယ်ကောင်းနေသည်။ ရုပ်ရည်ပိုင်းဆိုင်ရာမှာတော့ webtoon ထဲမှခုန်ထွက်လာသည့် ကောင်လေးသဖွယ်။
ယခင်က လင်းသည် ရှင်းယံကို ထိုသို့တခြားသူတစ်ဦးနှင့် ရယ်ရယ်မောမောစကားပြောနေသည်ကိုတွေ့ပါက ယုံမှားသံသယဟူ၍တစိုးတစိမှမရှိဘဲ မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံနေသည်ဟုပင် ရိုးရိုးတန်းတန်းတွေးသည်။ ထို့နောက် ရှင်းယံကို သွားနှုတ်ဆက်ပြီး ရှင်းယံဘက်ကလည်း လင်းက သူ့ချစ်သူဖြစ်ကြောင်း သူ၏မိတ်ဆွေကို ပေါ်ပေါ်ထင်ထင် မိတ်ဆက်ပေးတတ်သည်။ သူတို့နှစ်ယောက်၏ relationshipသည် ထိုသို့သောနားလည်ယုံကြည်မှုနှင့် သွားသောကြောင့် မလိုအပ်သောပြဿနာဟူ၍မရှိဘဲ ဖြောင့်ဖြူးနေခဲ့ပါ၏။
သို့သော် မနေ့ကမှ ပူပူနွေးနွေးမြင်ခဲ့ရသည့် ဓာတ်ပုံတစ်ပုံက လင်းအား ရှင်းယံအပေါ် သံသယစိတ်များ ဖြစ်ပေါ်စေသည်။ လင်း၏လောင်မြိုက်သောစိတ်များမှာ ပိုတိုးလာရပြီး ရယ်ရယ်မောမောနှင့်စကားပြောနေသည့် ရှင်းယံနှင့် Liam ကိုကြည့်ရင်း လက်ချောင်းများက အလိုလိုတုန်လာရပါသည်။ ဘယ်ဘက်ရင်အုံမှ ပူလောင်လွန်းသော စိတ်လှုပ်ရှားမှုကြောင့် ခွေယိုင်လဲမတတ်ဖြစ်နေရသည်။
ပြောရမည်ဆိုပါက မနေ့က ဓာတ်ပုံကိစ္စအတွက် ရှင်းယံကိုမျက်နှာချင်းဆိုင်မေးမြန်းရန် ဤဆိုင်ကိုလာခဲ့ခြင်းပင်။ဤအီတလီဆိုင်မှာ ရှင်းယံတို့ companyနားတွင်ရှိပြီး ဤဆိုင်၌ပင် ရှင်းယံကိုချိန်းရန် လင်းစဉ်းစားခဲ့သည်။
သို့သော် ရှင်းယံကိုဖုန်းကြိုမဆက်ဖြစ်ခဲ့ပါ။ လင်းသည် ဤဆိုင်ကိုရောက်ပြီးမှ ရှင်းယံကိုဖုန်းဆက်ခေါ်ပြီး အလုပ်ဆင်းသည်နှင့် လင်းကို လာတွေ့ရန် ပြောဖို့စဉ်းစားထားခြင်းပင်။ လင်း ဤဆိုင်အတွင်းသို့ ရောက်ရောက်ခြင်း
ရှင်းယံနှင့် Liam ကိုအတူတကွတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။
ဒါဆို ရှင်းယံဟာ ရုံးချိန်အတွင်း Liam နဲ့ လာတွေ့နေတာလား။ ဧကန္တ အလုပ်မသွားဘူးလား...
အလှုပ်ရှားလွန်နေသည့်စိတ်နှလုံးကို မနည်းထိန်းချုပ်ရင်း ဖုန်းကို ထုတ်ကာ ရှင်းယံဆီခေါ်လိုက်သည်။ ခုန်ပေါက်နေသည့်နှလုံးမှာကား လည်ပင်းထဲမှပင် ပျို့တက်၍အန်ထွက်တော့မည်လား ထင်ရအောင် တဒိန်းဒိန်းဆောင့်ခုန်လျက်။
ရှင်းယံ ဖုန်းကိုင်လိုက်သည်ကို မြင်နေရသည်။
"ခတ်..ဘာကိစ္စရှိလို့လဲ..ကလေး.."
ရှင်းယံ၏အသံသည် နဂိုအတိုင်းနူးညံ့နွေးထွေးနေဆဲ။
Liam သည် ရှင်းယံထံမှ လင်း၏နာမည်နှင့် ကလေး ဟုနာမ်စားသုံးလိုက်သည်ကို ကြားလိုက်သည်နှင့် ပြုံးနေသောမျက်နှာမှာ ချက်ချင်းတည်သွား၏။
" ကိုကို အခုဘယ်မှာလဲ..."
အသံကိုမတုန်အောင်၊ မအက်ကွဲအောင် မနည်းထိန်းရင်း လင်းပြောလိုက်သည်။
"ကိုက အခု company မှာလေ..."
လိမ်သည်။
ရှင်းယံက မျက်နှာတစ်ချက်မပျက်၊ တစ်ချက်လေးတောင် မတွန့်ဆုတ်သွားဘဲ သူ့ကိုလိမ်နေသည်။
"ဘာဖြစ်လို့ မေးတာလဲ..."
" ဘာမှမဟုတ်ပါဘူး....ခဏနေလောက်ကျရင် ကျွန်တော်နဲ့ တွေ့နိုင်မလား လို့ပါ...."
"ခဏနေလောက်? ကိုယ် အခုတော့ မအားသေးဘူး...
အလုပ်ကိစ္စတစ်ခုရှိနေတယ်။ နောက် တစ်နာရီလောက်နေရင်ရော ဘယ်လိုလဲ..."
ရှင်းယံကိုလှမ်းကြည့်နေသည့် လင်း၏မျက်ဝန်းများမှုန်ဝါးသွားပြီး ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိ၏။
"ရပါတယ်...နေပါစေတော့..."
"မဟုတ်ပါဘူး...ခတ်တွေ့ချင်တယ်ဆို ကိုယ်ရအောင်လာမှာပေါ့။ ဘယ်မှာတွေ့မှာလဲ..."
"ထားလိုက်တော့..."
" စိတ်ဆိုးနေပြီလား...ကဲ...အခုချက်ချင်းထွက်လာမယ်...ခတ် ဘယ်မှာတွေ့မလဲသာ ပြောလိုက်..."
ရှင်းယံသည် ပြောပြောဆိုဆိုနှင့် မတ်တပ်ထ,ရပ်လိုက်သည်ကို မြင်လိုက်ရသည်။
"အလုပ်ရှိတယ်ဆို..."
" အလုပ်က တကယ်တော့ အဲ့လောက်ကြီး အရေးကြီးတဲ့ဟာ မဟုတ်ဘူး..."
"ထားပါ...မတွေ့ပါနဲ့တော့..."
"ခတ်က စိတ်ဆိုးနေတဲ့ဟာ....ကိုယ်က.."
"စိတ်မဆိုးဘူး..."
လင်း၏အသံသည် အဖျားခတ်တွင် တုန်ယင်သွား၏။
"ကျွန်တော် စိတ်မဆိုးနေဘူး..."
"တကယ်လား..."
"အင်း.."
တစ်စို့သောရှိုက်သံကို ရှင်းယံမကြားအောင် "အင်း" ဟုသာတုံ့ပြန်လိုက်၏။ ထို့နောက် ခပ်မြန်မြန်ပင်
"ဒါပဲနော်"
ဟုဆိုကာ ဖုန်းချလိုက်သည်။ ဆက်ပြောပါက လင်း၏အသံတွင် အက်ကွဲမှုများပါဝင်လာပြီး ရှင်းယံသတိထားမိသွားလိမ့်မည်။
မီးစနှင့်ထိုးသလို ရင်ထဲမှပူလောင်လာကာ ဖုန်းကိုကိုင်ထားသည့် လက်ဖဝါးတွင် ချွေးများပင်စို့လာ၏။
ဝဲတက်လာသည့်မျက်ရည်ကို ပါးပေါ်မကျဆင်းလာစေရန်
ထိန်းချုပ်ထားရသဖြင့် လင်းသည် အောက်နှုတ်ခမ်းကို သာ ပိုမိုဖိကိုက်လိုက်မိသည်။
ရှင်းယံကား စားပွဲတွင်ပြန်ထိုင်လိုက်ပြီး Liam ကိုစကားဆက်ပြောနေသည်။ ပြောနေရင်း သူ၏ကုတ်အင်္ကျီအိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ပြီး စားပွဲပေါ်တင်ကာ Liam၏ ရှေ့သို့တိုးပေးလိုက်သည်။
လင်း၏စိတ်ထင်မမှားပါက ထိုဘူးသည် ကတ္တီပါလက်စွပ်ဘူးသာဖြစ်၏။ Liam က ထိုဘူးကို အသာအယာကောက်ယူပြီး ဖွင့်ကြည့်သည်။ သူသည် နှစ်လိုဖွယ်အပြုံးတစ်ခုဖြင့် တောက်တောက်ပပပြုံးလိုက်ပြီး ရှင်းယံကို ဝိုင်းစက်သော မျက်ဝန်းဖြင့်ကြည့်လာ၏။ ကတ္တီပါဘူးထဲမှ ငွေရောင်လက်စွပ်လေးကို Liam က ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကြည့်ရင်း သွားဖြူဖြူလေးများ စီတန်းပေါ်သည်အထိ ပြုံးသည်။
ထို့နောက် ရှင်းယံကို ပြုံး၍စကားတစ်ခွန်းလှမ်းပြောသည်။ ရှင်းယံက လှလှပပပြုံးရယ်ပြီး ခေါင်းငုံ့သွား၏။ ရှင်းယံ၏ကြည်စင်သော မျက်ဝန်းများဟာ ရွှန်းလဲ့တောက်ပနေလျက်။
သူတို့ မည်သည့်စကားများပြောနေကြမှန်း လင်းမသိ။
မည်သည်အတွက် ရယ်မောနေကြမှန်း လင်းမသိ။
သိလည်း မသိချင်တော့။ စိတ်လည်း မဝင်စားတော့။ သိချင်စိတ်များလည်း တစ်စက်မှမကျန်ရအောင် ကုန်ဆုံးသွားလေပြီ။
ရင်တွင်းမှ တလှပ်လှပ်နှင့်မူးဝေနေသောကြောင့် လင်း၏ခြေလှမ်းများမှာ ယိုင်ဝေနောက်ကျိလျက် ထိုမြင်ကွင်းကို ကျောခိုင်းပြီးထွက်လာခဲ့သည်။ မည်သူ့ကိုမှဂရုမစိုက်ဘဲ အော်ငိုပစ်ချင်နေသည့်တိုင် လင်းသည် မျက်ရည်တစ်စက်ကိုမျှ မကျရအောင် မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ခဲရာခဲဆစ်သိမ်းဆည်းထားရပါ၏။
ဒေါသနှင့် ဝမ်းနည်းမှုတို့ကား အလုံးစုံရောယှက်နေလျက်။
နာကျင်မှုနှင့် လေးလံစို့နင့်မှုတို့ကလည်း လင်းကို ဖိစီးနှိပ်စက်လျက်ရှိသည်။
စိတ်မဆိုးနေပါ...လင်း စိတ်မဆိုးနေခဲ့ပါ။
ရှင်းယံအပေါ် စိတ်ကုန်သွားခဲ့ရုံသာ။
*********************************
"သူဘာလို့ ဒီလိုလုပ်ရတာလဲ...ဘာလို့လိမ်ရတာလဲ....
ငါ ရှိရှိသမျှအရာတွေထက် သူ့တစ်ယောက်တည်းကိုပဲ အများကြီးယုံခဲ့တာ..."
နောက်ဆုံးစကားသံသည် ရှိုက်သံနှင့်အတူ တိုးဝင်သွားသည်။ လင်းသည် သူ၏မျက်လုံးအပေါ် လက်ဖြင့်အုပ်ရင်း အတန်ကြာတိတ်ဆိတ်သွားပြန်၏။
မဒီသည် မည်သို့သောစကားများပြောရမည်ကို မသိသည့်အတွက် ဘေးတွင်သာ ငြိမ်ငြိမ်သက်သက် ထိုင်နေသည်။ တိတ်ဆိတ်နေသော်လည်း မဒီကိုယ်တိုင်လည်း မယုံကြည်နိုင်မှုများနှင့် ရှင်းယံ၏လုပ်ရပ်အတွက်အံ့ဩသလို ဒေါသလည်းထွက်နေမိ၏။
မိမိတို့သိခဲ့သော ရှင်းယံရဲ့ပုံစံဟာ ဒီလိုမျိုးမှမဟုတ်ဘဲ၊
ရှင်းယံဟာ လင်းတစ်ယောက်တည်းကိုသာသိသော
ရိုးသားပြီးဂရုတစိုက်ရှိ၊ ကြင်နာတတ်သော ရည်းစားကောင်းတစ်ယောက်အဖြစ်သာ မှတ်ထင်ခဲ့ရသည်။
အခုတော့ ဘယ်လိုလုပ်များ တခြားတစ်ယောက်နဲ့ ဖြစ်နိုင်မှာတဲ့လဲ....
မဒီသည် ရှိုက်ငိုနေသော လင်း၏ကျောကိုသာပွတ်သပ်ပေးရင်း သူမကိုယ်တိုင်မှာတော့ မျက်မှောင်ကုတ်နေလျက်ရှိသည်။
"ဟိုတလောကထိ လက်ထပ်ရအောင်လို့ပြောပြီးတော့...
သမီးလေးတောင် မွေးမယ်လို့ပြောနေတဲ့သူက...ဘာလို့လဲ..."
လင်း၏အသံသည် အလွန်အမင်းတုန်ယင်နေလျက်။
ထိုစဉ် လင်း၏ဖုန်းမှ မက်စေ့ရောက်သောအသံများ ထွက်ပေါ်လာသဖြင့် လင်းသည် မျက်ရည်ကို ဖြစ်ကတတ်ဆန်းပွတ်သပ်ဖယ်ရှားပြီး ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
ယခင်က လင်းကို ပုံပို့ဖူးသည့် unknown number ပါပင်။
ဒီတစ်ခါပို့လာသည်မှာလည်း ရှင်းယံနှင့် Liam ၏ပုံများဖြစ်၏။
ရန်ကုန်မှာတော့ မဟုတ်လောက်။
အမေရိကားတွင်ရှိစဉ်က ရှင်းယံနှင့် Liam နှစ်ယောက်အတူတူ လျှောက်သွား၊ လျှောက်စားနေသည့်ပုံမျိုးပင်။
သူတို့နှစ်ယောက်က ရန်ကုန်ကို ပြန်မရောက်ခင် အမေရိကားမှာကတည်းကပေါ့....
ဒေါသနှင့် ခံပြင်းမှုတို့က လင်း၏စိတ်ကို ပိုမိုဆိုးရွားသွားစေသည်။
*********************************
ရှင်းယံသည် ကုမ္ပဏီမိတ်ဆုံစားပွဲတစ်ခုကြောင့် အိမ်သို့ ညကိုးနာရီခွဲမှ ပြန်ရောက်လေသည်။ ပြန်ရောက်ရောက်ခြင်း ရေမိုးချိုးပြီး ခေတ္တနားနေလိုက်သေး၏။
သူ၏ခတ်ကို သတိရလိုက်သည်။ ခတ်၏အသံကို ရုတ်တရက်ကြီး ကြားချင်လာသည်မို့ "ခတ်တော့ မအိပ်လောက်သေးပါဘူးလေ" ဟုတွေးမိလိုက်ပြီး အလွမ်းစိတ်လေးဖြင့် ဖုန်းဆက်ရန် ဖုန်းကိုကောက်ကိုင်လိုက်သည်။
ခတ်က သူ့ထံကို မက်စေ့ပို့ထားပါလား....
ရှင်းယံသည် ဝမ်းသာစိတ်ဖြင့်ပြုံးရင်း မက်စေ့ကိုဝင်ကြည့်လိုက်သော်လည်း စာကိုဖတ်ပြီးချိန်တွင် ရှင်းယံ၏မျက်နှာပေါ်မှ အပြုံးကွယ်ပျောက်သွားရလေသည်။
-ဒီလောက်နဲ့ပဲ တော်ကြရအောင်။ ကျွန်တော်တို့ ဆက်ဆံရေးကို
ခတ်ထံမှ နောက်ဆုံးရောက်ရှိခဲ့သည့် စာမှာ ထိုစာတစ်စောင်တည်းဖြစ်၏။
ထိုစာကိုမြင်မြင်ချင်း ရှင်းယံသည် ထိတ်လန့်သွားသော စိတ်ဖြင့် ဖုန်းကို လွှတ်ချမိသည်အထိ ဖြစ်သွားသည်။
"အတည်ပြောတာ မဟုတ်လောက်ပါဘူး။ စနောက်နေတာဖြစ်မှာပါ" ဟုဖြေသိမ့်တွေးသည့်တိုင် ရင်ဘတ်တစ်ခုလုံးကို ပယ်ပယ်နယ်နယ် လုံးချေဆုပ်ကိုင်လိုက်သလို တစစီကွဲကြေကာ စိတ်နှလုံးမှလည်းပူပြင်းလွန်းလှပြီး သွေးတို့ပွက်ပွက်ဆူသွားရသည်။ ဦးခေါင်းတစ်ခုလုံးကျိန်းစက်ပြီး ရှိန်းဖိန်းကာ ရင်ကတဆက်ဆက်ခုန်လာသည်။
- ခတ် ကိုယ့်ကိုစိတ်ဆိုးနေတာလား
- ခတ် ဘာဖြစ်လို့လဲဟင်
- ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပြပါ
- ခတ် ကိုကိုတောင်းပန်ပါတယ်။ ကိုကိုဘာလုပ်လိုက်မိလို့လဲ...ပြောပါ
- ခတ် အဲ့လိုမလုပ်ပါနဲ့
- အတည်ပြောနေတာ မဟုတ်ဘူးမလား
- ကိုကို တောင်းပန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ ကျေးဇူးပြုပြီးပြောပြပါ
စာများ ဆက်တိုက်ပို့သော်လည်း ခတ်ဘက်မှ reply ပြန်မလာခဲ့ပါ။ ရှင်းယံသည် ရှိရှိသမျှ social media ပေါင်းစုံကို သွားကြည့်သော်လည်း လင်းဘက်မှ သူ့ကို block ထားပြီးဖြစ်၏။
မနက်ကထိ အကောင်းတိုင်းရှိနေသည့် ခတ်က ညဘက်ကြီးကျမှ ဘာလို့ ဒီလိုစကားမျိုးကိုပြောထွက်ပြီး
ဒီလိုဖြစ်သွားရတာလဲ....
ရှင်းယံသည် လေးပင်နေသောစိတ်ဖြင့် ဖုန်းအကြိမ်ကြိမ်ဆက်သည်။ လင်းက သူ့ဖုန်းကို လုံးဝမကိုင်လာခဲ့ပါချေ။
ဖုန်းဆက်နေသည့်အချိန်အတွင်း ရှင်းယံသည် သူဘာများလုပ်ထားမိသလဲဟု ဖျစ်ညှစ်စဉ်းစားသော်လည်း
ရှင်းယံ၏ခေါင်းအတွင်း၌ အပြစ်ကို မပေါ်လာခဲ့ပါချေ။
နေ့လယ်က သူ့ကိုလာမတွေ့လို့ စိတ်ဆိုးသွားတာများလား....
သာမန်စိတ်ဆိုးခြင်းမျိုးဆိုရင်လည်း ပြတ်မယ် ဟုပြောရတဲ့အထိ မဖြစ်နိုင်ပါ။
-ကိုကို့ဖုန်းကိုကိုင်ပါဦး ကလေး။ ကိုကိုတောင်းပန်ပါတယ်
- ကိုကိုဘာလုပ်ထားမိလို့လဲ ပြောပြမှပေါ့။
- ကျေးဇူးပြုပြီး ကိုကို့ကို တစ်ခုလောက်ဖြစ်ဖြစ် ပြန်ပြောပါဦးကွာ
- ကိုကို တောင်းပန်ပါတယ်...ကိုကို့ကို သနားပါဦး ခတ်။
ကျေးဇူးပြုပြီး ကိုကို့ဖုန်းကို တစ်ကြိမ်လေးပဲ ကိုင်ပေးလို့ မရဘူးလား
- ခတ် ကိုကိုဘာအပြစ်လုပ်ထားမိလို့လဲ...ပြောပါ။
ကိုကို ဒီလောက်တောင်းပန်နေတာ ကလေးရယ်။
ရှင်းယံသည် မက်စေ့များပို့နေရင်း ပိုမိုစိတ်လှုပ်ရှားမောပန်းလာသည်။ သူသည် ကြံရာမရသည့်အဆုံး မဒီ့ဖုန်းကို လှမ်းခေါ်လိုက်သည်။
"မဒီ...ခတ်ရှိတယ်မလား...ခတ်ကို ဖုန်းပေးလိုက်ပါ.."
မဒီ့ဘက်မှ ဖုန်းကိုင်,ကိုင်လာခြင်း ရှင်းယံ တရစပ်ပြောသည်။
"သားသားက ခုနလေးကမှအိပ်ပျော်သွားတာ.."
မဒီ့အသံသည် ခပ်တင်းတင်းပင်။
" နှိုးပေးလို့ရမလားဟင်...အစ်ကို သူနဲ့ပြောစရာရှိတယ်"
"ဘာပြောမလို့လဲ...သားသားကို ငိုအောင်ထပ်လုပ်မလို့လား...သားသားကလေ ကိုကြီးကြောင့် ခုနကအထိ
ငိုနေရတာ။ သူမျက်လုံးတွေနာမှာစိုးလို့ အိပ်ဆေးတိုက်ပြီးတောင် အိပ်ခိုင်းလိုက်ရတယ်..."
"ငိုတယ်...အစ်ကို့ကြောင့်? ဘာဖြစ်လို့လဲ...အစ်ကို ဘာလုပ်မိလို့လဲ...ခတ်က အစ်ကို့ကို ပြတ်မယ်ဆိုတဲ့ စကားတစ်ခွန်းပဲပြောပြီး ခဏလေးအတွင်း အဆက်သွယ်အကုန်ဖြတ်သွားတာ...အစ်ကို ဘာတစ်ခုမှ နားမလည်တော့ဘူး..."
" ကိုကြီးလုပ်တာ ကိုကြီးသိမှာပေါ့..."
" ဘာကိုလုပ်လို့ ဘာကိုသိရမှာလဲ"
"အပြစ်ကင်းချင်ယောင် ဆောင်မနေပါနဲ့။ အစ်ကိုနဲ့ Liam နဲ့ကိစ္စလေ..."
"Liam...နဲ့...."
ရှင်းယံ မျက်မှောင်ကြုံ့သွားသည်။
"ဟုတ်တယ်...ကိုကြီးကိုလေ မဒီက ဘယ်လောက်ယုံခဲ့သလဲ...ဒီလိုမျိုးလုပ်ရတယ်လို့ ယုံကို မယုံနိုင်ဘူး....သားသားနဲ့တွဲလာတာလည်း ကြာလှပြီကို..."
" မဟုတ်ဘူး...အဲ့ကိစ္စက တစ်ခုခုလွဲနေတယ်ထင်တယ်...အစ်ကိုရှင်းပြနိုင်တယ်..."
" ရှင်းပြနိုင်တယ်ဆိုလည်း မနက်ကျမှရှင်းတော့။
မဒီ တကယ် ကြားသုံးကြား ဝင်မပါချင်ဘူး။ ရှင်းပြစရာရှိတယ်ဆိုရင်လည်း မနက်ကျမှ သားသားနဲ့လာတွေ့ပြီးရှင်း..."
ဖုန်းကျသွားသည်။
ရှင်းယံသည် ခန္ဓာကိုယ်အတွင်း ရှိရှိသမျှသံပတ်များ ပြုတ်ထွက်သွားသလို ခံစားလိုက်ရပြီး ဆိုဖာပေါ် ထိုင်ရက်လဲကျသွားသည်။
မနက်ဖြန်တဲ့လား...
ဒီညတစ်ညလုံး ရှင်းယံဟာ ဘယ်လိုစိတ်နဲ့အိပ်ပျော်ပါမလဲ...
*********************************
A/N
extra မှာထည့်တဲ့အခါးက ပိုခါးနေတယ် လုပ်ကြပါဦး 😬
Zawgyi
" နင္ ဒီလိုႀကီးပဲထိုင္ေနလို႔မရဘူးေလ....ရွင္းယံကို အရင္ေမးၾကည့္ရမွာေပါ့...မဟုတ္ဘူးလား..."
ဖုန္းထဲမွ ႏိုးႏိုး၏စကားကို သူမည္သို႔မွ် ခြန္းတုံ႔ျပန္ျခင္းမျပဳ။ အသံသည္ အက္ကြဲတစ္စို႔ေနသည့္အတြက္ လည္ေခ်ာင္းမွထြက္လာရန္ အေတာ္ေလး ျခစ္ကုပ္အားစိုက္ယူရသည္။ လက္ေခ်ာင္းမ်ားက တုန္ေနသျဖင့္ ေစာင္ကိုသာတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီး ထိန္းလိုက္ရ၏။
" ရွင္းယံကိုေမးၾကည့္ၿပီးေတာ့ သူရွင္းျပတာလည္း နားေထာင္ဦးမွေပါ့...ရွင္းယံနဲ႔ခ်က္ခ်င္းေတြ႕ၿပီး ေမးလိုက္...ငါေျပာတာနားေထာင္..."
"ငါ...သူ႔ကို မေမးရဲဘူး..."
လင္း၏အသံသည္ တိုးညႇင္းၿပီးတုန္ေနသေယာင္။
"ဘာလို႔လဲ...ေမးမွျဖစ္မွာေပါ့"
ႏိုးႏိုးအသံသည္ စိတ္မရွည္မႈႏွင့္ ဆြဲငင္ေနသည္။
"ေၾကာက္လို႔..."
အလိုက္မသိေသာမ်က္ရည္က ထပ္ဝဲလာျပန္သည္။ ေစာင္ကိုဆုပ္ထားမိသည့္လက္က တင္းၾကပ္လြန္းသျဖင့္ လက္ေခ်ာင္းထိပ္မ်ားပင္ နာလာသည္။
"ငါ သူ႔ကိုေမးလိုက္လို႔ သူ႔ဘက္ကဟုတ္တယ္လို႔ ေျပာလာမွာ ေၾကာက္လို႔..."
ႏိုးႏိုး သက္ျပင္းခ်သည္။
"ဒါေပမဲ့လည္း ဒီလိုမ်ိဳးပဲ ေန,ေနလို႔ မျဖစ္ဘူးေလ...ထြက္ေျပးေနလို႔မွမျဖစ္တာ...နင္ တည့္တည့္ရင္ဆိုင္မွျဖစ္မွာေပါ့။ ဒီကိစၥက တကယ္မဟုတ္တာလည္း ျဖစ္ႏိုင္တာပဲ...အဲ့တာေၾကာင့္ အရင္ မ်က္ႏွာခ်င္းဆိုင္ေမးၾကည့္လိုက္..."
လင္းဘက္မွ အသံမထြက္လာေခ်။
"ေနာ္...လင္းေနာ္...နင္အမ်ားႀကီးဝမ္းနည္းေနမယ္ဆိုတာ သိေပမဲ့ ကိစၥတစ္ခုျဖစ္လာၿပီဆို အျမန္ဆုံးေျဖရွင္းလိုက္တာ အေကာင္းဆုံးပဲ..."
လင္းသည္ တစ္ခ်က္ရႈိက္ကာ သူ႔မ်က္ႏွာကို ပြတ္သပ္လိုက္သည္။
"အင္းပါ...ငါ ရွင္းယံကိုေတြ႕ၿပီးေမးၾကည့္လိုက္မယ္...ဒါေပမဲ့ ဒီေန႔ေတာ့မဟုတ္ဘူး...ေနာက္မွ.....မနက္ျဖန္ေလာက္..."
"အင္းပါ...ဘယ္အခ်ိန္ပဲေမးေမး...ေမးျဖစ္ေအာင္ေတာ့ေမး...သူ႔ဘက္က စကားကိုနားေထာင္ၿပီးမွ ဘာဆက္လုပ္မလဲ စဥ္းစားလို႔ရမွာေပါ့...."
လင္းသည္ ေအာက္ႏႈတ္ခမ္းကို ေရွ႕သြားျဖင့္ ခပ္ဖြဖြကိုက္လိုက္မိသည္။
*******************************
ၾကယ္ေလးသည္ တိုက္ေရွ႕တည့္တည့္သို႔ေရာက္ၿပီးေနာက္ အထပ္၅၀မွ်ရွိမည္ျဖစ္ေသာ ထိုတိုက္ႀကီးကိုေမာ့ၾကည့္လိုက္သည္။ ၾကည့္ေနရင္း မေန႔တေန႔က နကၡတ္ဆီမွ ေရာက္လာခဲ့ေသာ message အေၾကာင္းျပန္လည္ေတြးလိုက္မိသည္။
ထိုညက နကၡတ္ေရာ၊ သူေရာႀကိဳက္သည့္ ႐ုပ္ရွင္အေၾကာင္းေျပာေနရင္း နကၡတ္က ႐ုတ္တရက္ႀကီး
-ၾကယ္ေလး ဟင္းခ်က္တတ္လား
ဟုေမးလာသည္။
- ေမေမ့ကိုကူညီေပးဖူးလို႔ နည္းနည္းပါးပါးတတ္ပါတယ္
ၾကယ္ေလးထိုသို႔ျပန္ေျပာလိုက္ေသာအခါ နကၡတ္က ဝမ္းပန္းတသာျဖစ္ေနေသာ sticker တစ္ခုပို႔ၿပီး
- ၾကယ္ေလးရဲ႕သင္တန္းက ဘယ္ေန႔ေတြပိတ္လဲ
ဟုထပ္ေမးလာသည္။
- saturday၊ sunday ပိတ္တယ္
-ဒါဆို ဘဘက္ခါ တနဂၤေႏြေန႔က်ရင္ အစ္ကို႔အိမ္ကိုလာခဲ့လို႔ ရမလား
ထိုမက္ေစ့ကိုျမင္ေသာ္ ၾကယ္ေလးသည္ မ်က္လုံးျပဴးသြားၿပီး တစ္ဆက္တည္းပင္ ပုံေဖာ္မရေသာ ေပ်ာ္႐ႊင္မႈတစ္ခုျဖစ္သြားသည္။
-အစ္ကိုက အစီအစဥ္တစ္ခုမွာ ဟင္းခ်က္ရဖို႔ရွိတယ္။ ဒါေပမဲ့ မခ်က္တတ္ဘူး။ အဲ့တာေၾကာင့္ ေလ့က်င့္ရင္း စမ္းခ်က္ၾကည့္မလို႔။ ၾကယ္ေလးလာရင္ ဘာမွလုပ္စရာမလိုပါဘူး။ အစ္ကိုပဲခ်က္မွာ။ ၾကယ္ေလးက နည္းနည္းပါးပါးကူေပး႐ုံပဲ။
-မုန႔္ေကြၽးမယ္ေလ
ေနာက္ဆုံးေရာက္လာသည့္ စာေၾကာင့္ ၾကယ္ေလးရယ္ခ်င္သြားသည္။ လူကို မုန႔္နဲ႔လာျမႇဴဆြယ္ေနတာလား....
ဘယ္လိုပဲျဖစ္ျဖစ္ မုန႔္နဲ႔မျမႇဴဆြယ္ရင္ေတာင္ သြားဖို႔စဥ္းစားၿပီးသားပဲ မဟုတ္ပါလား။ အခုေတာ့ နကၡတ္၏တိုက္ေရွ႕သို႔ မိမိေရာက္ရွိခဲ့ေလၿပီ။
ၾကယ္ေလးသည္ နကၡတ္ကိုဖုန္းလွမ္းဆက္လိုက္၏။
"ကြၽန္ေတာ္ တိုက္ေရွ႕ေရာက္ေနၿပီ..."
"ဟုတ္လား...ခဏေလးေစာင့္ေနာ္...အစ္ကိုလာေခၚမယ္"
"ဟုတ္"
ဖုန္းခ်လိုက္ၿပီးေနာက္ ၾကယ္ေလးၿပဳံးလိုက္သည္။
***********************************
"အိမ္ကေတာ့ နည္းနည္းရႈပ္ပြေနတယ္ဆိုေပမဲ့...အဟဲ...ၾကည့္ၾကပ္သာ ရွင္းၿပီးထိုင္လိုက္ပါ..."
နကၡတ္သည္ အရွက္ေျပရယ္ေမာရင္း ဆိုဖာေပၚတင္ေနေသာ အက်ႌႏွစ္ထည္ကို ကမန္းကတန္းဆြဲဖယ္လိုက္သည္။ သူသည္ စားပြဲခုံေပၚျပည့္ေနေသာ ဘာမွန္းမသိသည့္ ပစၥည္းမ်ိဳးစုံကို သိမ္းႀကဳံးယူလိုက္ၿပီး တျခားေသာ စားပြဲတစ္ခုအေပၚ ၿပီးစလြယ္တင္လိုက္သည္။
ၾကယ္ေလးသည္ ၾကမ္းျပင္ေပၚက်ေနေသာ အဝတ္တစ္ထည္ကို လက္မ၊ လက္ညႇိဳးျဖင့္ လွမ္းေကာက္ၿပီးမထိတထိညႇပ္ရင္း နကၡတ္ဆီကမ္းေပးလိုက္သည္။
"ဒီမွာ...တစ္ခုက်န္ခဲ့..."
ၾကယ္ေလးသည္ ၾကမ္းျပင္ေပၚက်ေနေသာ အဝတ္စကိုျမင္သျဖင့္ ေသခ်ာမၾကည့္ဘဲ ယူလိုက္သည္ျဖစ္ရာ ထိုအဝတ္မွာ မည္သည့္အဝတ္ျဖစ္ေၾကာင္း မသိခဲ့ပါေခ်။
နကၡတ္ကိုလွမ္းေပးရင္းမွ အဝတ္ကိုေသခ်ာၾကည့္မိသည္။
အတြင္းခံေဘာင္းဘီ!
နကၡတ္သည္ ၾကယ္ေလးဘက္ထဲမွ အတြင္းခံေဘာင္းဘီကို ကပ်ာကယာဆြဲယူလိုက္သည္။ ၾကယ္ေလးသည္ မ်က္လုံးအျပဴးသားႏွင့္ မ်က္ႏွာမွာ အနည္းငယ္ရဲသြားသေယာင္။
အတြင္းခံေဘာင္းဘီက တကယ္ကိုဆိုဒ္အႀကီးႀကီးပဲ...
" ဒါက ဘယ္လိုလုပ္ ဒီေရာက္ေနလဲမသိဘူး...အဟဲဟဲ..."
နကၡတ္သည္ အခက္ေတြ႕သြားေသာမ်က္ႏွာႏွင့္ ရယ္သံေရာရင္း ေနရခက္စြာေျပာသည္။
"အိမ္ကိုရွင္းမယ္ဆိုၿပီး အလုပ္ေတြမ်ားတာနဲ႔ မရွင္းျဖစ္ေသးဘူးျဖစ္ေနတယ္။ မနက္ျဖန္က်ရင္ေတာ့ ေသခ်ာေပါက္ အိမ္, ရွင္းမွာပါ....ၾကယ္ေလးရဲ႕ေက်ာပိုးအိတ္ကို ဒီမွာ ထားလို႔ရတယ္ေနာ္....လြတ္လြတ္လပ္လပ္ေန.....ရတယ္..."
"ဟုတ္ကဲ့..."
ၾကယ္ေလးသည္ မခ်ိတခ်ိအၿပဳံးေလးႏွင့္ ေခါင္းညိတ္လိုက္သည္။ နကၡတ္က မီးဖိုးခန္းဘက္သို႔ထြက္သြားသည္။
"အစ္ကိုကေတာ့ ကင္ခ်ီပန္ကိတ္နဲ႔ ဝက္သားကင္ လုပ္မလို႔စဥ္းစားထားတယ္..."
"ကိုရီးယားစာလုပ္မလို႔လား..."
ၾကယ္ေလးသည္ ေက်ာပိုးအိတ္ကို အိမ္ေရွ႕ခန္းတြင္ထားခဲ့ၿပီး နကၡတ္အေနာက္ကို လိုက္သြားသည္။
"ဟုတ္တယ္...လုပ္နည္းေတြ႕ထားတယ္..."
နကၡတ္သည္ စင္ေပၚတင္ထားေသာပစၥည္းမ်ားႏွင့္ ေရခဲေသတၱာထဲမွ ပစၥည္းမ်ားကိုထုတ္ကာ မီးဖိုခုံေပၚတင္လိုက္သည္။
"ဒီမွာက မုန္ညႇင္းထုပ္ကင္မ္ခ်ီ...ၿပီးေတာ့ ေခ်ာင္းဂ်န္...ဘာဆိုလား...နာမည္ေမ့သြားၿပီ...ဘူးမွာလည္း ကိုရီးယားလိုပဲေရးထားလို႔ အစ္ကိုမဖတ္တတ္ဘူး....အဲ့ေတာ့ ဘာမွန္းမသိတဲ့နာမည္နဲ႔ ေဆာ့က ဝက္သားကင္နဲ႔တြဲစားဖို႔အတြက္..ၿပီးေတာ့ ဝက္ေပါင္သားရယ္...ၾကက္သြန္ၿမိတ္ရယ္...ဆလပ္႐ြက္ရယ္...င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ...ဂ်ဳံမႈန႔္၊ စပါကလင္အရည္ and baking soda..."
နကၡတ္သည္ ပါဝင္ပစၥည္းမ်ားကို တစ္ခုခ်င္းစီလက္ညႇိဳးထိုးျပရင္း မိတ္ဆက္ေနသည္။
" အစုံအလင္ပဲေနာ္..."
"ေျပာရရင္ အကုန္လုံးကို မနက္ကမွသြားဝယ္ထားတာ...
ဆားနဲ႔ ပဲငံျပာရည္က အစ မနက္ကမွဝယ္လိုက္တာ...အစ္ကိုက ကိုယ့္ဘာသာကို ခ်က္စားတာရွားလို႔
အိမ္မွာဘာပစၥည္းမွ မရွိဘူးျဖစ္ေနတာ..."
နကၡတ္သည္ ထိုသို႔ေျပာၿပီးေနာက္ သူ၏ဖုန္းကိုဖြင့္ၿပီး ျပဳလုပ္နည္းကိုျပန္ၾကည့္ေနသည္။
"ပါဝင္ပစၥည္းေတြအကုန္ထည့္ၿပီး...ေရာနယ္ၿပီး...ေၾကာ္လိုက္ရင္ၿပီးၿပီတဲ့...သူေျပာတာေတာ့ လြယ္လြယ္ေလးပဲ...လုပ္ၾကည့္ၾကတာေပါ့..."
နကၡတ္သည္ ဇလုံခပ္ႀကီးႀကီးတစ္လုံးကိုယူၿပီး ကင္မ္ခ်ီအထုပ္ကိုေဖာက္ေနသည္။
"အာလူးေကာ္မႈန႔္ယူဖို႔ေမ့သြားတယ္...ၾကယ္ေလး ယူေပးပါလားဟင္...ဟိုေပၚက စင္ေပၚမွာ...အေပၚဆုံးထပ္မွာ"
ၾကယ္ေလးသည္ မိမိအေနာက္ရွိစင္ေပၚသို႔ လွမ္းၾကည့္လိုက္သည္။ သူသည္ အာလူးေကာ္မႈန႔္ထုပ္ကို လွမ္းယူေသည္လည္း သူ၏အရပ္ႏွင့္မမွီျဖစ္ေနေသာေၾကာင့္ ေျခဖ်ားေထာက္လိုက္သည္။
ထိုအခိုက္မွာပင္ နကၡတ္သည္ ၾကယ္ေလး၏အေနာက္သို႔လာၿပီး ၾကယ္ေလးကိုေက်ာ္ကာ အထုပ္ကိုလွမ္းယူလိုက္သည္။
နကၡတ္သည္ မိမိအေနာက္သို႔ေရာက္လာသည္မွန္း သိလိုက္သည္ႏွင့္ ၾကယ္ေလးသည္ အလိုေလ်ာက္ကိုယ္ကို က်ဳံ႔လိုက္မိပါ၏။ နကၡတ္ထံမွ စူးရွေသာေရခ်ိဳးဆပ္ျပာရနံ႔ကိုရလိုက္၏။ ထိုရနံ႔သည္ ဘာေၾကာင့္မွန္းမသိ ၾကယ္ေလးကို ရင္ခုန္သြားေစသည္။
"ၾကက္သြန္နီ လွီးေပးပါလား...မလွီးတတ္လည္းရတယ္ေနာ္...အစ္ကိုပဲလုပ္လိုက္မယ္..."
"ရတယ္...ကြၽန္ေတာ္လွီးတတ္တယ္..."
ၾကယ္ေလးသည္ ဓားကိုယူလိုက္ၿပီး ၾကက္သြန္နီအခြံခြာေနရင္း နကၡတ္ကို မသိမသာေစာင္းၾကည့္လိုက္သည္။
ဆလပ္႐ြက္ႏွင့္ ၾကက္သြန္ၿမိတ္ကိုေရေဆးေနသည့္ နကၡတ္က ေခါင္းကိုငုံ႔ထားသျဖင့္ ဆံပင္ရွည္တို႔ကေဝ့ဝဲကာ သူ၏မ်က္ႏွာအေပၚ က်ေနသည္။ေဘးတေစာင္းပုံရိပ္ဟာလည္း ၿပီးျပည့္စုံလြန္းၿပီး ခန႔္ညားေနလ်က္။
ၾကယ္ေလး ၿပဳံးလိုက္မိကာ ၾကက္သြန္နီကို အခြံဆက္ႏႊာေနၿပီး ဓားျဖင့္လွီးခ်လိုက္သည္။ မၾကာပါ...ၾကက္သြန္၏အေငြ႕မ်ားေၾကာင့္ ၾကယ္ေလး၏မ်က္လုံးတို႔ပူစပ္လာၿပီး မ်က္ရည္မ်ားရစ္သိုင္းလာသည္။
"မ်က္လုံး...မ်က္လုံး..."
ၾကယ္ေလးသည္ ဗလုံးဗေထြးေျပာရင္း မ်က္လုံးကိုစုံမွိတ္ကာ ေခါင္းကိုေမာ့လိုက္သည္။ မ်က္စိကိုျပန္ဖြင့္လိုက္ေသာအခါတြင္ မ်က္ရည္မ်ားက ပိုမိုမ်ားျပားလာရၿပီးျပည့္လွ်ံလာေသာေၾကာင့္ မ်က္ရည္တစ္စက္ပင္ ပါးေပၚက်ဆင္းလာသည္။ အေယာင္ေယာင္အရမ္းရမ္းျဖင့္ ၾကက္သြန္ကိုင္ထားသည့္လက္ျဖင့္ မ်က္လုံးကိုပြတ္သပ္မည္ ျပဳစဥ္ နကၡတ္က ၾကယ္ေလးလက္ကို လွမ္းဆုပ္ကိုင္ၿပီး တားလိုက္သည္။
"အဲ့လက္နဲ႔မပြတ္နဲ႔ေလ...ေနဦး...အစ္ကိုလုပ္ေပးမယ္..."
နကၡတ္သည္ အနားတြင္ရွိေသာ တစ္ရွဴးဘူးထဲမွ တစ္ရွဴးတစ္႐ြက္ကိုယူလိုက္ၿပီး ၾကယ္ေလး၏မ်က္လုံးကို ခပ္ဖြဖြတို႔ထိၿပီး သုတ္ေပးသည္။
"အဆင္ေျပရဲ႕လား..."
ၾကယ္ေလး ေခါင္းညိတ္ျပသည္။သို႔ေသာ္ သူ႔မ်က္ႏွာမွာေတာ့ ၾကက္သြန္၏ပညာျပမႈေၾကာင့္ အတန္ငယ္ဆူပုပ္ၿပီးရႈံ႕တြေနသည္။ သူ၏ႏွာသီးလုံးလုံးေလးသည္ ခရမ္းခ်ဥ္သီးတစ္လုံးပမာ ရဲရဲနီေန၏။
"မ်က္ႏွာကို ေရနဲ႔သြားသစ္လိုက္..."
"လွီးလို႔မၿပီးေသးဘူး...."
"အစ္ကိုဆက္လုပ္လိုက္မယ္...သြား...မ်က္ႏွာသြားသစ္လိုက္..."
"ဟုတ္.."
ၾကယ္ေလးသည္ ေရခ်ိဳးခန္းဆီသို႔ခပ္သြက္သြက္သြားကာ မ်က္ႏွာသစ္ၿပီးေနာက္ ျပန္လာခ်ိန္တြင္ နကၡတ္သည္ ပါဝင္ပစၥည္းမ်ားကို ဇလုံထဲထည့္ၿပီး ေရာနယ္ေနၿပီျဖစ္၏။
နကၡတ္၏ဆံပင္မ်ားက ရွည္လ်ားလြန္းသည့္အတြက္ မ်က္ႏွာေပၚ ကပိုက႐ိုက်ဆင္းေနကာ ျမင္ကြင္းကိုပိတ္စို႔ကာဆီးေနေလသည္။
"ၾကယ္ေလး..."
"ဗ်ာ..."
"အစ္ကို႔ကိုေလ...အစ္ကို႔အခန္းထဲက မွန္တင္ခုံေပၚက ကလစ္တစ္ခုေလာက္ ယူေပးပါလား..."
ၾကယ္ေလးသည္ နကၡတ္၏အခန္းထဲသို႔ဝင္သြားၿပီး ရႈပ္ပြေနေသာမွန္တင္ခုံတြင္ ကလစ္တစ္ေခ်ာင္းကို မနည္းလိုက္ရွာၿပီး ယူခဲ့သည္။ နကၡတ္တြင္ရွိေသာ ကလစ္က အဘယ္ေၾကာင့္ ပန္းေရာင္ေလး ျဖစ္ေနပါသနည္း။
ထူးဆန္းသည္ေတာ့ မဟုတ္ပါ။ ၾကယ္ေလး၏အႀကိဳက္ဆုံးအေရာင္မွာလည္း ပန္းေရာင္ျဖစ္သည္မို႔ သြားပြတ္တံ၊ ေဘာပင္၊ ေနာက္ဆုံး ေခါင္းၿဖီးသည့္ဘီးကအစ ပန္းေရာင္ေလး သုံးတတ္သည္။
"ဒီမွာ...ကလစ္..."
ၾကယ္ေလးသည္ ကလစ္ကိုနကၡတ္ဆီကမ္းေပးစဥ္
နကၡတ္က ၾကယ္ေလး၏ေရွ႕ကို ခါးကိုင္းလိုက္၏။ ထို႔ေၾကာင့္ နကၡတ္၏မ်က္ႏွာႏွင့္ သူ႔မ်က္ႏွာနီးကပ္သြားသည္။ ၾကယ္ေလးသည္ အသက္ရွဴေအာင့္လိုက္မိၿပီး အေနာက္ကို မသိမသာဆုတ္လိုက္မိသည္။
"တပ္ေပးပါလား..."
နကၡတ္၏လက္ႏွစ္ဖက္စလုံးက ပလတ္စတစ္လက္အိတ္ဝတ္ထားၿပီး ဂ်ဳံမႈန႔္တို႔ကို နယ္ဖတ္ေနသည့္အတြက္ လက္မအားေသာေၾကာင့္ ၾကယ္ေလးကို အကူအညီေတာင္းလိုက္ျခင္းပင္။
ၾကယ္ေလးသည္ အရင္ဆုံးဦးတံေတြးမ်ိဳခ်လိုက္မိသည္။
နကၡတ္၏ဆံပင္မ်ားကို အသာသပ္တင္ၿပီး ပန္းေရာင္ကလစ္ေလးကို တပ္ေပးလိုက္သည္။
"ေက်းဇူး"
နကၡတ္က ၿပဳံးလိုက္ေသာေၾကာင့္ ပါးထက္တြင္ ပါးခ်ိဳင့္ကေလးမ်ား ခ်ိဳင့္ဝင္သြားသည္။ ၾကယ္ေလးသည္ အၾကည့္လႊဲဖို႔ကိုေတာင္ ေမ့ေလ်ာ့ၿပီး နကၡတ္ကိုစိုက္ၾကည့္မိေနသည္။
"အစ္ကို ဘယ္လိုေနလဲ..."
"ခ်စ္ဖို႔ေကာင္းတယ္.."
မဆိုင္းမတြျပန္ေျဖသံေၾကာင့္ နကၡတ္ ၿပဳံးရယ္သည္။ သူ၏ပါးခ်ိဳင့္ကေလးမ်ားဟာ လွလွပပခြက္ဝင္လ်က္။
ထိုပါးခ်ိဳင့္ကေလးထဲတြင္ ခ်ိဳၿမိန္မႈအေပါင္း ကိန္းဝင္ေနသလိုပင္။ ထိုအခ်ိဳင့္ခြက္ခြက္ေလး၏ အတိမ္အနက္ကို သိလိုလွသျဖင့္ ပါးခ်ိဳင့္ထဲကို လက္ညႇိဳးထိပ္ေလးျဖင့္ ထိုးၾကည့္ခ်င္လွသည္။
ၾကယ္ေလးသည္ ကိုယ့္အေတြးနဲ႔ကို လက္ညႇိဳးတစ္ေခ်ာင္းေထာင္ကာ နကၡတ္၏ပါးနားသို႔ တိုးကပ္သြားသည္။
"ဘာျဖစ္လို႔လဲ..."
နကၡတ္ေမးလိုက္ေသာအခါ သူသည္ လက္ကိုကမန္းကတန္းျပန္ခ်လိုက္သည္။
"ဘာမွမဟုတ္ပါဘူး...ဒီနားမွာေပေနတယ္ထင္လို႔..."
"ဟုတ္လား..ဒါဆို သုတ္ဖို႔..."
"မဟုတ္ဘူး...ဘာမွမေပေနဘူး...ကြၽန္ေတာ္ မ်က္စိမွားသြားတာ..."
"ေအာ္..."
ၾကယ္ေလးသည္ အနားတြင္ေတြ႕သည့္ ဝက္သားပန္းကန္ကို အလ်င္အျမန္ဆြဲယူလိုက္သည္။
"ဝက္သားကို အေနေတာ္အတုံးေလးေတြ လွီးေပးပါ့မယ္..."
ၾကယ္ေလးသည္ ဝက္သားပန္းကန္ကိုယူၿပီး နကၡတ္ကိုေက်ာခိုင္းၿပီးမွ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။
*************************
နကၡတ္၏ထမင္းစား, စားပြဲသည္ရႈပ္ပြေနသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ဝရံတာရွိ ခပ္ေသးေသးစားပြဲခုံတြင္ သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ ကင္မ္ခ်ီပန္ကိတ္ႏွင့္ ဝက္သားကင္၊ ဝက္သားကင္ႏွင့္ တြဲစားရန္ ေဆာ့၊ ၾကက္သြန္နီ၊ င႐ုတ္သီးစိမ္း၊ ဆလပ္႐ြက္ ၊ အေအးအျဖစ္တြဲေသာက္ရန္ cola တို႔ကို တည္ခင္းျပင္ဆင္လိုက္သည္။
နကၡတ္၏အခန္းမွာ အထပ္၃၀ တြင္ရွိသည္မို႔ ထိုဝရံတာမွတဆင့္ ရန္ကုန္ၿမိဳ႕ကိုအေပၚစီးမွ ျမင္ရသည့္ျမင္ကြင္းတို႔မွာလည္း လွပေနပါ၏။ ေလညႇင္းအခ်ိဳ႕ကလည္း ႏူးႏူးအိအိတိုက္ခတ္ေနသည္။
ကင္မ္ခ်ီပန္ကိတ္ကို ၾကယ္ေလးပထမဆုံးကိုက္စားေနသည့္အခါတြင္ နကၡတ္က ေမွ်ာ္လင့္တႀကီးမ်က္ဝန္းမ်ားျဖင့္ ၾကယ္ေလးကို ျပဴးၾကည့္ေနသည္။
"အရသာ...ဘယ္လိုေနလဲ"
နကၡတ္သည္ သိလိုစိတ္မ်ားႏွင့္ ေမးသည္။
ၾကယ္ေလးသည္ ပလုတ္ပေလာင္းဝါးစားေနသည္မို႔ စကားျပန္မေျပာႏိုင္ဘဲ လက္မ,ကို အရင္ေထာင္ျပသည္။
မ်ိဳခ်ၿပီးမွ
"ေကာင္းတယ္...တကယ္ေကာင္းတယ္"
ဟု ခြန္းတုံ႔ျပန္သည္။ နကၡတ္ တက္တက္ႂကြႂကြၿပဳံးလိုက္သည္။
"ေတာ္ေသးတာေပါ့...စားေကာင္းတယ္ဆိုလို႔..."
နကၡတ္လည္း ပန္ကိတ္ တစ္စိတ္ကိုယူကာ စားၾကည့္ေနသည္။
"ပထမဆုံး ကင္မ္ခ်ီပန္ကိတ္လုပ္တာဆိုေပမဲ့ မဆိုးဘူးပဲ...ကိုယ့္ကိုယ္ကိုေတာင္ အထင္ႀကီးသြားၿပီ..."
နကၡတ္သည္ ဆလပ္႐ြက္ထဲသို႔ ကင္ထားသည့္ဝက္သားကိုထည့္၊ ေဆာ့ႏွင့္ ၾကက္သြန္ျဖဴကိုထည့္ၿပီးေနာက္
"ၾကယ္ေလး...အာ..."
ဟုဆိုလာသည္။ ၾကယ္ေလး ပါးစပ္ဟလိုက္ေသာအခါ ဆလပ္႐ြက္ဝက္သားကင္ထုပ္ကို ဂ႐ုတစိုက္ ခြံ႕လိုက္သည္။
"အဲ့တာေရာ အရသာဘယ္လိုလဲ..."
"ဝက္သားက သိပ္မက်က္ေသးသလားလို႔...ဒါေပမဲ့ ေကာင္းပါတယ္..."
နကၡတ္က မ်က္ခုံးပင့္၍လက္မ,ေထာင္ျပသည္။
ၾကယ္ေလးႏွင့္ နကၡတ္သည္ စကားတစ္ခြန္းမွဆက္မဆိုဘဲ
အစားအေသာက္တြင္သာ စိတ္ႏွစ္ကိုယ္ႏွစ္ စားေသာက္ေနၾကရာ ပန္ကိတ္ႏွင့္ ဝက္သားကင္ကုန္သြားေသာ္ နကၡတ္က အိမ္ထဲခဏဝင္သြားသည္။
"ဒါ့ဒါ...အခ်ိဳပြဲျပင္ဆင္လာပါတယ္..."
နကၡတ္သည္ ေရခဲမုန႔္ဘူးတစ္ဘူးကိုယူ၍ ျပန္ထြက္လာသည္။
"stawberry ice cream..."
ၾကယ္ေလး၏မ်က္လုံးမ်ား အေရာင္လက္သြားသည္။
နကၡတ္သည္ ေရခဲမုန႔္ဘူးကို ဖြင့္ၿပီး ၾကယ္ေလး၏ေရွ႕သို႔ခ်ေပးလိုက္သည္။
"stawberry ႀကိဳက္တယ္ဆိုလို႔ အဲ့တာပဲဝယ္ထားလိုက္တာ..."
သူ႔အတြက္ တကူးတကဝယ္ထားေပးသည္ ဟူေသာစိတ္ျဖင့္ ၾကယ္ေလးသည္ ရင္ထဲမွလႈိက္ခနဲၾကည္ႏူးသြားေလသည္။ သူသည္ ဇြန္းသန႔္သန႔္တစ္ေခ်ာင္းျဖင့္ ေရခဲမုန႔္ကို ခပ္စားလိုက္သည္။
လွ်ာဖ်ားတစ္ေလွ်ာက္၌ ခ်ိဳျမစြာ ေအးစိမ့္သြားသည္။
"အစ္ကိုလည္း စားေလ..."
နကၡတ္ေခါင္းညိတ္ျပသည္။ သူသည္ သူ႔ဆံပင္တြင္ ထိုးတပ္ထားေသာ ပန္းေရာင္ကလစ္ကိုျဖဳတ္လိုက္သည္။
"တကယ္ေတာ့ ဒီကလစ္ကေလ..အစ္ကို႔ေကာင္မေလးရဲ႕ကလစ္...သူအိမ္လာေတာ့ က်န္ခဲ့တာ..."
ေရခဲမုန႔္ကိုခပ္ေနသည့္ ၾကယ္ေလး၏လက္ ရပ္တန႔္သြားသည္။ ၾကယ္ေလးဟာ တစ္ေလွ်ာက္လုံး ဤအခ်က္ကိုေမ့ေလ်ာ့ေနခဲ့ပါ၏။ နကၡတ္မွာ ခ်စ္သူရွိသည့္အေၾကာင္းကိုေလ....
ထိုအခ်က္အား ျပန္သတိရလာခ်ိန္တြင္ ၾကည္ႏူးခဲ့ရသမွ် သဲထဲေရသြန္ျဖစ္သြားသလိုပင္....
"ေကာင္မေလးလို႔ေတာ့ ေျပာလို႔မရေတာ့ပါဘူး...ရည္းစားေဟာင္းလို႔ပဲ ေျပာရမလား....မေန႔ရဲ႕ မေန႔က သူနဲ႔ျပတ္သြားၿပီ...ၾကယ္ေလးကို ေျပာျပဖို႔ေမ့ေနတာနဲ႔ အခုမွ ေျပာျပျဖစ္တယ္..."
ၾကယ္ေလး၏ မ်က္လုံးမ်ားဝိုင္းစက္သြားၿပီး နကၡတ္ကိုၾကည့္လာသည္။
"စိတ္မေကာင္းေတာ့ အနည္းနဲ႔အမ်ားျဖစ္ေပမဲ့ Toxic realtionship ဆိုတာ ျမန္ျမန္စြန႔္လႊတ္လိုက္တာ အေကာင္းဆုံးပဲေလ...ကိုယ့္ေနာက္ကြယ္မွာ တျခားတစ္ေယာက္နဲ႔ေျခရႈပ္ေနတဲ့လူနဲ႔ ျမန္ျမန္ျပတ္လိုက္တာ အေကာင္းဆုံးပဲ..."
နကၡတ္သည္ ေလးေလးတြဲ႕တြဲ႕ေျပာရင္း ကလစ္ပန္းေရာင္ကို ဝရံတာမွ ပစ္လႊတ္ခ်လိုက္သည္။ ေပါ့ပါးေသာ ကလစ္ေလးမွာ ေလႏွင့္အတူယိမ္းခါလ်က္ ေအာက္သို႔ ျပဳတ္က်သြားသည္။
နကၡတ္သည္ ၾကယ္ေလးကို ျပန္လွည့္ၾကည့္လာၿပီး ၿပဳံးသည္။ ထို႔ေနာက္ ဇြန္းတစ္ေခ်ာင္းကိုယူၿပီး ေရခဲမုန႔္ဘူးထဲမွ တစ္ဇြန္း ခပ္စားလိုက္၏။
"မင္းဘာလို႔ stawberry icecream ကိုႀကိဳက္ရတာလည္း သိၿပီ။ ဒီအရသာက သိပ္ခ်ိဳတာကို..."
ဟုဆိုေလသည္။
***************************
ျမင္လိုက္ရေသာ ျမင္ကြင္းတစ္ခုေၾကာင့္ လင္း၏ေျခလွမ္းတို႔ရပ္သြားၿပီး ႏွလုံးသားဟာလည္း ဒိန္းခနဲလႈပ္ခတ္သြား၏။
အလ်င္အျမန္ပန္းအိုးတစ္ခု၏ေနာက္ကြယ္၌ ဝင္ပုန္းလိုက္သည့္တိုင္ အသက္ရွဴသံမ်ားဟာ အေျခမၿငိမ္ဘဲ ဗရမ္းဗတာျဖစ္ေနရေလၿပီ။ စိတ္ကို အားတင္းလိုက္ရသည္။
မ်က္စိကို ကမန္းကတန္းပြတ္သပ္လိုက္ၿပီး ျမင္လိုက္ရသည့္ ျမင္ကြင္းကို ပုန္းရႈိးကြယ္ရႈိးျဖင့္ ထပ္မံၾကည့္လိုက္သည္။
ရွင္းယံက ၿပဳံး၍စကားေျပာဆိုေနၿပီး သူ၏ပန္းကန္ထဲတြင္ရွိေသာ စပါကတီကို ခက္ရင္းျဖင့္လိမ္ေနသည္။ ရွင္းယံ၏ေရွ႕တြင္ ရွိေနသူမွာေတာ့ Liam ပင္။
Liam သည္ ခ်ိဳျမေသာအၿပဳံးေလးကို ပန္ဆင္ထားလ်က္
ရွင္းယံ၏စကားကို ေခါင္းတညိတ္ညိတ္ျဖင့္နားေထာင္ေနသည္။ နားေထာင္ေနရင္း ႏူးႏူးညံ့ညံ့ရယ္၏။ သူသည္
ခ်စ္စရာအလြန္ေကာင္းလြန္းေသာ ကေလးတစ္ေယာက္၏မ်က္ႏွာသဖြယ္ ႏုႏုဖတ္ဖတ္႐ုပ္ရည္ပိုင္ရွင္ျဖစ္ရာ
ရယ္လိုက္ေသာအခါတြင္ မ်က္လုံးေလးမ်ား ေကြးၫြတ္သြားၿပီး ပိုမိုခ်စ္စဖြယ္ေကာင္းေနသည္။ ႐ုပ္ရည္ပိုင္းဆိုင္ရာမွာေတာ့ webtoon ထဲမွခုန္ထြက္လာသည့္ ေကာင္ေလးသဖြယ္။
ယခင္က လင္းသည္ ရွင္းယံကို ထိုသို႔တျခားသူတစ္ဦးႏွင့္ ရယ္ရယ္ေမာေမာစကားေျပာေနသည္ကိုေတြ႕ပါက ယုံမွားသံသယဟူ၍တစိုးတစိမွမရွိဘဲ မိတ္ေဆြတစ္ေယာက္ႏွင့္ ေတြ႕ဆုံေနသည္ဟုပင္ ႐ိုး႐ိုးတန္းတန္းေတြးသည္။ ထို႔ေနာက္ ရွင္းယံကို သြားႏႈတ္ဆက္ၿပီး ရွင္းယံဘက္ကလည္း လင္းက သူ႔ခ်စ္သူျဖစ္ေၾကာင္း သူ၏မိတ္ေဆြကို ေပၚေပၚထင္ထင္ မိတ္ဆက္ေပးတတ္သည္။ သူတို႔ႏွစ္ေယာက္၏ relationshipသည္ ထိုသို႔ေသာနားလည္ယုံၾကည္မႈႏွင့္ သြားေသာေၾကာင့္ မလိုအပ္ေသာျပႆနာဟူ၍မရွိဘဲ ေျဖာင့္ျဖဴးေနခဲ့ပါ၏။
သို႔ေသာ္ မေန႔ကမွ ပူပူေႏြးေႏြးျမင္ခဲ့ရသည့္ ဓာတ္ပုံတစ္ပုံက လင္းအား ရွင္းယံအေပၚ သံသယစိတ္မ်ား ျဖစ္ေပၚေစသည္။ လင္း၏ေလာင္ၿမိဳက္ေသာစိတ္မ်ားမွာ ပိုတိုးလာရၿပီး ရယ္ရယ္ေမာေမာႏွင့္စကားေျပာေနသည့္ ရွင္းယံႏွင့္ Liam ကိုၾကည့္ရင္း လက္ေခ်ာင္းမ်ားက အလိုလိုတုန္လာရပါသည္။ ဘယ္ဘက္ရင္အုံမွ ပူေလာင္လြန္းေသာ စိတ္လႈပ္ရွားမႈေၾကာင့္ ေခြယိုင္လဲမတတ္ျဖစ္ေနရသည္။
ေျပာရမည္ဆိုပါက မေန႔က ဓာတ္ပုံကိစၥအတြက္ ရွင္းယံကိုမ်က္ႏွာခ်င္းဆိုင္ေမးျမန္းရန္ ဤဆိုင္ကိုလာခဲ့ျခင္းပင္။ဤအီတလီဆိုင္မွာ ရွင္းယံတို႔ companyနားတြင္ရွိၿပီး ဤဆိုင္၌ပင္ ရွင္းယံကိုခ်ိန္းရန္ လင္းစဥ္းစားခဲ့သည္။
သို႔ေသာ္ ရွင္းယံကိုဖုန္းႀကိဳမဆက္ျဖစ္ခဲ့ပါ။ လင္းသည္ ဤဆိုင္ကိုေရာက္ၿပီးမွ ရွင္းယံကိုဖုန္းဆက္ေခၚၿပီး အလုပ္ဆင္းသည္ႏွင့္ လင္းကို လာေတြ႕ရန္ ေျပာဖို႔စဥ္းစားထားျခင္းပင္။ လင္း ဤဆိုင္အတြင္းသို႔ ေရာက္ေရာက္ျခင္း
ရွင္းယံႏွင့္ Liam ကိုအတူတကြေတြ႕ရလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ပါ။
ဒါဆို ရွင္းယံဟာ ႐ုံးခ်ိန္အတြင္း Liam နဲ႔ လာေတြ႕ေနတာလား။ ဧကႏၲ အလုပ္မသြားဘူးလား...
အလႈပ္ရွားလြန္ေနသည့္စိတ္ႏွလုံးကို မနည္းထိန္းခ်ဳပ္ရင္း ဖုန္းကို ထုတ္ကာ ရွင္းယံဆီေခၚလိုက္သည္။ ခုန္ေပါက္ေနသည့္ႏွလုံးမွာကား လည္ပင္းထဲမွပင္ ပ်ိဳ႕တက္၍အန္ထြက္ေတာ့မည္လား ထင္ရေအာင္ တဒိန္းဒိန္းေဆာင့္ခုန္လ်က္။
ရွင္းယံ ဖုန္းကိုင္လိုက္သည္ကို ျမင္ေနရသည္။
"ခတ္..ဘာကိစၥရွိလို႔လဲ..ကေလး.."
ရွင္းယံ၏အသံသည္ နဂိုအတိုင္းႏူးညံ့ေႏြးေထြးေနဆဲ။
Liam သည္ ရွင္းယံထံမွ လင္း၏နာမည္ႏွင့္ ကေလး ဟုနာမ္စားသုံးလိုက္သည္ကို ၾကားလိုက္သည္ႏွင့္ ၿပဳံးေနေသာမ်က္ႏွာမွာ ခ်က္ခ်င္းတည္သြား၏။
" ကိုကို အခုဘယ္မွာလဲ..."
အသံကိုမတုန္ေအာင္၊ မအက္ကြဲေအာင္ မနည္းထိန္းရင္း လင္းေျပာလိုက္သည္။
"ကိုက အခု company မွာေလ..."
လိမ္သည္။
ရွင္းယံက မ်က္ႏွာတစ္ခ်က္မပ်က္၊ တစ္ခ်က္ေလးေတာင္ မတြန႔္ဆုတ္သြားဘဲ သူ႔ကိုလိမ္ေနသည္။
"ဘာျဖစ္လို႔ ေမးတာလဲ..."
" ဘာမွမဟုတ္ပါဘူး....ခဏေနေလာက္က်ရင္ ကြၽန္ေတာ္နဲ႔ ေတြ႕ႏိုင္မလား လို႔ပါ...."
"ခဏေနေလာက္? ကိုယ္ အခုေတာ့ မအားေသးဘူး...
အလုပ္ကိစၥတစ္ခုရွိေနတယ္။ ေနာက္ တစ္နာရီေလာက္ေနရင္ေရာ ဘယ္လိုလဲ..."
ရွင္းယံကိုလွမ္းၾကည့္ေနသည့္ လင္း၏မ်က္ဝန္းမ်ားမႈန္ဝါးသြားၿပီး ဖုန္းကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္မိ၏။
"ရပါတယ္...ေနပါေစေတာ့..."
"မဟုတ္ပါဘူး...ခတ္ေတြ႕ခ်င္တယ္ဆို ကိုယ္ရေအာင္လာမွာေပါ့။ ဘယ္မွာေတြ႕မွာလဲ..."
"ထားလိုက္ေတာ့..."
" စိတ္ဆိုးေနၿပီလား...ကဲ...အခုခ်က္ခ်င္းထြက္လာမယ္...ခတ္ ဘယ္မွာေတြ႕မလဲသာ ေျပာလိုက္..."
ရွင္းယံသည္ ေျပာေျပာဆိုဆိုႏွင့္ မတ္တပ္ထ,ရပ္လိုက္သည္ကို ျမင္လိုက္ရသည္။
"အလုပ္ရွိတယ္ဆို..."
" အလုပ္က တကယ္ေတာ့ အဲ့ေလာက္ႀကီး အေရးႀကီးတဲ့ဟာ မဟုတ္ဘူး..."
"ထားပါ...မေတြ႕ပါနဲ႔ေတာ့..."
"ခတ္က စိတ္ဆိုးေနတဲ့ဟာ....ကိုယ္က.."
"စိတ္မဆိုးဘူး..."
လင္း၏အသံသည္ အဖ်ားခတ္တြင္ တုန္ယင္သြား၏။
"ကြၽန္ေတာ္ စိတ္မဆိုးေနဘူး..."
"တကယ္လား..."
"အင္း.."
တစ္စို႔ေသာရႈိက္သံကို ရွင္းယံမၾကားေအာင္ "အင္း" ဟုသာတုံ႔ျပန္လိုက္၏။ ထို႔ေနာက္ ခပ္ျမန္ျမန္ပင္
"ဒါပဲေနာ္"
ဟုဆိုကာ ဖုန္းခ်လိုက္သည္။ ဆက္ေျပာပါက လင္း၏အသံတြင္ အက္ကြဲမႈမ်ားပါဝင္လာၿပီး ရွင္းယံသတိထားမိသြားလိမ့္မည္။
မီးစႏွင့္ထိုးသလို ရင္ထဲမွပူေလာင္လာကာ ဖုန္းကိုကိုင္ထားသည့္ လက္ဖဝါးတြင္ ေခြၽးမ်ားပင္စို႔လာ၏။
ဝဲတက္လာသည့္မ်က္ရည္ကို ပါးေပၚမက်ဆင္းလာေစရန္
ထိန္းခ်ဳပ္ထားရသျဖင့္ လင္းသည္ ေအာက္ႏႈတ္ခမ္းကို သာ ပိုမိုဖိကိုက္လိုက္မိသည္။
ရွင္းယံကား စားပြဲတြင္ျပန္ထိုင္လိုက္ၿပီး Liam ကိုစကားဆက္ေျပာေနသည္။ ေျပာေနရင္း သူ၏ကုတ္အက်ႌအိတ္ကပ္ထဲမွ တစ္စုံတစ္ခုကို ထုတ္ၿပီး စားပြဲေပၚတင္ကာ Liam၏ ေရွ႕သို႔တိုးေပးလိုက္သည္။
လင္း၏စိတ္ထင္မမွားပါက ထိုဘူးသည္ ကတၱီပါလက္စြပ္ဘူးသာျဖစ္၏။ Liam က ထိုဘူးကို အသာအယာေကာက္ယူၿပီး ဖြင့္ၾကည့္သည္။ သူသည္ ႏွစ္လိုဖြယ္အၿပဳံးတစ္ခုျဖင့္ ေတာက္ေတာက္ပပၿပဳံးလိုက္ၿပီး ရွင္းယံကို ဝိုင္းစက္ေသာ မ်က္ဝန္းျဖင့္ၾကည့္လာ၏။ ကတၱီပါဘူးထဲမွ ေငြေရာင္လက္စြပ္ေလးကို Liam က ႐ႊန္းလဲ့ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ရင္း သြားျဖဴျဖဴေလးမ်ား စီတန္းေပၚသည္အထိ ၿပဳံးသည္။
ထို႔ေနာက္ ရွင္းယံကို ၿပဳံး၍စကားတစ္ခြန္းလွမ္းေျပာသည္။ ရွင္းယံက လွလွပပၿပဳံးရယ္ၿပီး ေခါင္းငုံ႔သြား၏။ ရွင္းယံ၏ၾကည္စင္ေသာ မ်က္ဝန္းမ်ားဟာ ႐ႊန္းလဲ့ေတာက္ပေနလ်က္။
သူတို႔ မည္သည့္စကားမ်ားေျပာေနၾကမွန္း လင္းမသိ။
မည္သည္အတြက္ ရယ္ေမာေနၾကမွန္း လင္းမသိ။
သိလည္း မသိခ်င္ေတာ့။ စိတ္လည္း မဝင္စားေတာ့။ သိခ်င္စိတ္မ်ားလည္း တစ္စက္မွမက်န္ရေအာင္ ကုန္ဆုံးသြားေလၿပီ။
ရင္တြင္းမွ တလွပ္လွပ္ႏွင့္မူးေဝေနေသာေၾကာင့္ လင္း၏ေျခလွမ္းမ်ားမွာ ယိုင္ေဝေနာက္က်ိလ်က္ ထိုျမင္ကြင္းကို ေက်ာခိုင္းၿပီးထြက္လာခဲ့သည္။ မည္သူ႔ကိုမွဂ႐ုမစိုက္ဘဲ ေအာ္ငိုပစ္ခ်င္ေနသည့္တိုင္ လင္းသည္ မ်က္ရည္တစ္စက္ကိုမွ် မက်ရေအာင္ မ်က္ေတာင္ကိုပုတ္ခတ္ ပုတ္ခတ္လုပ္ရင္း ခဲရာခဲဆစ္သိမ္းဆည္းထားရပါ၏။
ေဒါသႏွင့္ ဝမ္းနည္းမႈတို႔ကား အလုံးစုံေရာယွက္ေနလ်က္။
နာက်င္မႈႏွင့္ ေလးလံစို႔နင့္မႈတို႔ကလည္း လင္းကို ဖိစီးႏွိပ္စက္လ်က္ရွိသည္။
စိတ္မဆိုးေနပါ...လင္း စိတ္မဆိုးေနခဲ့ပါ။
ရွင္းယံအေပၚ စိတ္ကုန္သြားခဲ့႐ုံသာ။
*********************************
"သူဘာလို႔ ဒီလိုလုပ္ရတာလဲ...ဘာလို႔လိမ္ရတာလဲ....
ငါ ရွိရွိသမွ်အရာေတြထက္ သူ႔တစ္ေယာက္တည္းကိုပဲ အမ်ားႀကီးယုံခဲ့တာ..."
ေနာက္ဆုံးစကားသံသည္ ရႈိက္သံႏွင့္အတူ တိုးဝင္သြားသည္။ လင္းသည္ သူ၏မ်က္လုံးအေပၚ လက္ျဖင့္အုပ္ရင္း အတန္ၾကာတိတ္ဆိတ္သြားျပန္၏။
မဒီသည္ မည္သို႔ေသာစကားမ်ားေျပာရမည္ကို မသိသည့္အတြက္ ေဘးတြင္သာ ၿငိမ္ၿငိမ္သက္သက္ ထိုင္ေနသည္။ တိတ္ဆိတ္ေနေသာ္လည္း မဒီကိုယ္တိုင္လည္း မယုံၾကည္ႏိုင္မႈမ်ားႏွင့္ ရွင္းယံ၏လုပ္ရပ္အတြက္အံ့ဩသလို ေဒါသလည္းထြက္ေနမိ၏။
မိမိတို႔သိခဲ့ေသာ ရွင္းယံရဲ႕ပုံစံဟာ ဒီလိုမ်ိဳးမွမဟုတ္ဘဲ၊
ရွင္းယံဟာ လင္းတစ္ေယာက္တည္းကိုသာသိေသာ
႐ိုးသားၿပီးဂ႐ုတစိုက္ရွိ၊ ၾကင္နာတတ္ေသာ ရည္းစားေကာင္းတစ္ေယာက္အျဖစ္သာ မွတ္ထင္ခဲ့ရသည္။
အခုေတာ့ ဘယ္လိုလုပ္မ်ား တျခားတစ္ေယာက္နဲ႔ ျဖစ္ႏိုင္မွာတဲ့လဲ....
မဒီသည္ ရႈိက္ငိုေနေသာ လင္း၏ေက်ာကိုသာပြတ္သပ္ေပးရင္း သူမကိုယ္တိုင္မွာေတာ့ မ်က္ေမွာင္ကုတ္ေနလ်က္ရွိသည္။
"ဟိုတေလာကထိ လက္ထပ္ရေအာင္လို႔ေျပာၿပီးေတာ့...
သမီးေလးေတာင္ ေမြးမယ္လို႔ေျပာေနတဲ့သူက...ဘာလို႔လဲ..."
လင္း၏အသံသည္ အလြန္အမင္းတုန္ယင္ေနလ်က္။
ထိုစဥ္ လင္း၏ဖုန္းမွ မက္ေစ့ေရာက္ေသာအသံမ်ား ထြက္ေပၚလာသျဖင့္ လင္းသည္ မ်က္ရည္ကို ျဖစ္ကတတ္ဆန္းပြတ္သပ္ဖယ္ရွားၿပီး ဖုန္းကို ဖြင့္ၾကည့္လိုက္သည္။
ယခင္က လင္းကို ပုံပို႔ဖူးသည့္ unknown number ပါပင္။
ဒီတစ္ခါပို႔လာသည္မွာလည္း ရွင္းယံႏွင့္ Liam ၏ပုံမ်ားျဖစ္၏။
ရန္ကုန္မွာေတာ့ မဟုတ္ေလာက္။
အေမရိကားတြင္ရွိစဥ္က ရွင္းယံႏွင့္ Liam ႏွစ္ေယာက္အတူတူ ေလွ်ာက္သြား၊ ေလွ်ာက္စားေနသည့္ပုံမ်ိဳးပင္။
သူတို႔ႏွစ္ေယာက္က ရန္ကုန္ကို ျပန္မေရာက္ခင္ အေမရိကားမွာကတည္းကေပါ့....
ေဒါသႏွင့္ ခံျပင္းမႈတို႔က လင္း၏စိတ္ကို ပိုမိုဆိုး႐ြားသြားေစသည္။
*********************************
ရွင္းယံသည္ ကုမၸဏီမိတ္ဆုံစားပြဲတစ္ခုေၾကာင့္ အိမ္သို႔ ညကိုးနာရီခြဲမွ ျပန္ေရာက္ေလသည္။ ျပန္ေရာက္ေရာက္ျခင္း ေရမိုးခ်ိဳးၿပီး ေခတၱနားေနလိုက္ေသး၏။
သူ၏ခတ္ကို သတိရလိုက္သည္။ ခတ္၏အသံကို ႐ုတ္တရက္ႀကီး ၾကားခ်င္လာသည္မို႔ "ခတ္ေတာ့ မအိပ္ေလာက္ေသးပါဘူးေလ" ဟုေတြးမိလိုက္ၿပီး အလြမ္းစိတ္ေလးျဖင့္ ဖုန္းဆက္ရန္ ဖုန္းကိုေကာက္ကိုင္လိုက္သည္။
ခတ္က သူ႔ထံကို မက္ေစ့ပို႔ထားပါလား....
ရွင္းယံသည္ ဝမ္းသာစိတ္ျဖင့္ၿပဳံးရင္း မက္ေစ့ကိုဝင္ၾကည့္လိုက္ေသာ္လည္း စာကိုဖတ္ၿပီးခ်ိန္တြင္ ရွင္းယံ၏မ်က္ႏွာေပၚမွ အၿပဳံးကြယ္ေပ်ာက္သြားရေလသည္။
-ဒီေလာက္နဲ႔ပဲ ေတာ္ၾကရေအာင္။ ကြၽန္ေတာ္တို႔ ဆက္ဆံေရးကို
ခတ္ထံမွ ေနာက္ဆုံးေရာက္ရွိခဲ့သည့္ စာမွာ ထိုစာတစ္ေစာင္တည္းျဖစ္၏။
ထိုစာကိုျမင္ျမင္ခ်င္း ရွင္းယံသည္ ထိတ္လန႔္သြားေသာ စိတ္ျဖင့္ ဖုန္းကို လႊတ္ခ်မိသည္အထိ ျဖစ္သြားသည္။
"အတည္ေျပာတာ မဟုတ္ေလာက္ပါဘူး။ စေနာက္ေနတာျဖစ္မွာပါ" ဟုေျဖသိမ့္ေတြးသည့္တိုင္ ရင္ဘတ္တစ္ခုလုံးကို ပယ္ပယ္နယ္နယ္ လုံးေခ်ဆုပ္ကိုင္လိုက္သလို တစစီကြဲေၾကကာ စိတ္ႏွလုံးမွလည္းပူျပင္းလြန္းလွၿပီး ေသြးတို႔ပြက္ပြက္ဆူသြားရသည္။ ဦးေခါင္းတစ္ခုလုံးက်ိန္းစက္ၿပီး ရွိန္းဖိန္းကာ ရင္ကတဆက္ဆက္ခုန္လာသည္။
- ခတ္ ကိုယ့္ကိုစိတ္ဆိုးေနတာလား
- ခတ္ ဘာျဖစ္လို႔လဲဟင္
- ဘာျဖစ္လို႔လဲ ကိုယ့္ကိုေျပာျပပါ
- ခတ္ ကိုကိုေတာင္းပန္ပါတယ္။ ကိုကိုဘာလုပ္လိုက္မိလို႔လဲ...ေျပာပါ
- ခတ္ အဲ့လိုမလုပ္ပါနဲ႔
- အတည္ေျပာေနတာ မဟုတ္ဘူးမလား
- ကိုကို ေတာင္းပန္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုတာ ေက်းဇူးျပဳၿပီးေျပာျပပါ
စာမ်ား ဆက္တိုက္ပို႔ေသာ္လည္း ခတ္ဘက္မွ reply ျပန္မလာခဲ့ပါ။ ရွင္းယံသည္ ရွိရွိသမွ် social media ေပါင္းစုံကို သြားၾကည့္ေသာ္လည္း လင္းဘက္မွ သူ႔ကို block ထားၿပီးျဖစ္၏။
မနက္ကထိ အေကာင္းတိုင္းရွိေနသည့္ ခတ္က ညဘက္ႀကီးက်မွ ဘာလို႔ ဒီလိုစကားမ်ိဳးကိုေျပာထြက္ၿပီး
ဒီလိုျဖစ္သြားရတာလဲ....
ရွင္းယံသည္ ေလးပင္ေနေသာစိတ္ျဖင့္ ဖုန္းအႀကိမ္ႀကိမ္ဆက္သည္။ လင္းက သူ႔ဖုန္းကို လုံးဝမကိုင္လာခဲ့ပါေခ်။
ဖုန္းဆက္ေနသည့္အခ်ိန္အတြင္း ရွင္းယံသည္ သူဘာမ်ားလုပ္ထားမိသလဲဟု ဖ်စ္ညႇစ္စဥ္းစားေသာ္လည္း
ရွင္းယံ၏ေခါင္းအတြင္း၌ အျပစ္ကို မေပၚလာခဲ့ပါေခ်။
ေန႔လယ္က သူ႔ကိုလာမေတြ႕လို႔ စိတ္ဆိုးသြားတာမ်ားလား....
သာမန္စိတ္ဆိုးျခင္းမ်ိဳးဆိုရင္လည္း ျပတ္မယ္ ဟုေျပာရတဲ့အထိ မျဖစ္ႏိုင္ပါ။
-ကိုကို႔ဖုန္းကိုကိုင္ပါဦး ကေလး။ ကိုကိုေတာင္းပန္ပါတယ္
- ကိုကိုဘာလုပ္ထားမိလို႔လဲ ေျပာျပမွေပါ့။
- ေက်းဇူးျပဳၿပီး ကိုကို႔ကို တစ္ခုေလာက္ျဖစ္ျဖစ္ ျပန္ေျပာပါဦးကြာ
- ကိုကို ေတာင္းပန္ပါတယ္...ကိုကို႔ကို သနားပါဦး ခတ္။
ေက်းဇူးျပဳၿပီး ကိုကို႔ဖုန္းကို တစ္ႀကိမ္ေလးပဲ ကိုင္ေပးလို႔ မရဘူးလား
- ခတ္ ကိုကိုဘာအျပစ္လုပ္ထားမိလို႔လဲ...ေျပာပါ။
ကိုကို ဒီေလာက္ေတာင္းပန္ေနတာ ကေလးရယ္။
ရွင္းယံသည္ မက္ေစ့မ်ားပို႔ေနရင္း ပိုမိုစိတ္လႈပ္ရွားေမာပန္းလာသည္။ သူသည္ ႀကံရာမရသည့္အဆုံး မဒီ့ဖုန္းကို လွမ္းေခၚလိုက္သည္။
"မဒီ...ခတ္ရွိတယ္မလား...ခတ္ကို ဖုန္းေပးလိုက္ပါ.."
မဒီ့ဘက္မွ ဖုန္းကိုင္,ကိုင္လာျခင္း ရွင္းယံ တရစပ္ေျပာသည္။
"သားသားက ခုနေလးကမွအိပ္ေပ်ာ္သြားတာ.."
မဒီ့အသံသည္ ခပ္တင္းတင္းပင္။
" ႏႈိးေပးလို႔ရမလားဟင္...အစ္ကို သူနဲ႔ေျပာစရာရွိတယ္"
"ဘာေျပာမလို႔လဲ...သားသားကို ငိုေအာင္ထပ္လုပ္မလို႔လား...သားသားကေလ ကိုႀကီးေၾကာင့္ ခုနကအထိ
ငိုေနရတာ။ သူမ်က္လုံးေတြနာမွာစိုးလို႔ အိပ္ေဆးတိုက္ၿပီးေတာင္ အိပ္ခိုင္းလိုက္ရတယ္..."
"ငိုတယ္...အစ္ကို႔ေၾကာင့္? ဘာျဖစ္လို႔လဲ...အစ္ကို ဘာလုပ္မိလို႔လဲ...ခတ္က အစ္ကို႔ကို ျပတ္မယ္ဆိုတဲ့ စကားတစ္ခြန္းပဲေျပာၿပီး ခဏေလးအတြင္း အဆက္သြယ္အကုန္ျဖတ္သြားတာ...အစ္ကို ဘာတစ္ခုမွ နားမလည္ေတာ့ဘူး..."
" ကိုႀကီးလုပ္တာ ကိုႀကီးသိမွာေပါ့..."
" ဘာကိုလုပ္လို႔ ဘာကိုသိရမွာလဲ"
"အျပစ္ကင္းခ်င္ေယာင္ ေဆာင္မေနပါနဲ႔။ အစ္ကိုနဲ႔ Liam နဲ႔ကိစၥေလ..."
"Liam...နဲ႔...."
ရွင္းယံ မ်က္ေမွာင္ႀကဳံ႔သြားသည္။
"ဟုတ္တယ္...ကိုႀကီးကိုေလ မဒီက ဘယ္ေလာက္ယုံခဲ့သလဲ...ဒီလိုမ်ိဳးလုပ္ရတယ္လို႔ ယုံကို မယုံႏိုင္ဘူး....သားသားနဲ႔တြဲလာတာလည္း ၾကာလွၿပီကို..."
" မဟုတ္ဘူး...အဲ့ကိစၥက တစ္ခုခုလြဲေနတယ္ထင္တယ္...အစ္ကိုရွင္းျပႏိုင္တယ္..."
" ရွင္းျပႏိုင္တယ္ဆိုလည္း မနက္က်မွရွင္းေတာ့။
မဒီ တကယ္ ၾကားသုံးၾကား ဝင္မပါခ်င္ဘူး။ ရွင္းျပစရာရွိတယ္ဆိုရင္လည္း မနက္က်မွ သားသားနဲ႔လာေတြ႕ၿပီးရွင္း..."
ဖုန္းက်သြားသည္။
ရွင္းယံသည္ ခႏၶာကိုယ္အတြင္း ရွိရွိသမွ်သံပတ္မ်ား ျပဳတ္ထြက္သြားသလို ခံစားလိုက္ရၿပီး ဆိုဖာေပၚ ထိုင္ရက္လဲက်သြားသည္။
မနက္ျဖန္တဲ့လား...
ဒီညတစ္ညလုံး ရွင္းယံဟာ ဘယ္လိုစိတ္နဲ႔အိပ္ေပ်ာ္ပါမလဲ...
*********************************
A/N
extra မွာထည့္တဲ့အခါးက ပိုခါးေနတယ္ လုပ္ၾကပါဦး 😬