MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Part - 5

14.2K 1.6K 94
By _pannthoon_

Unicode

"မမနိုးနိုး...မမနိုးနိုး..."

အသံစာစာလေးနှင့်အတူ အင်္ကျီနှစ်ထည်ကိုကိုင်ကာ ကြယ်လေးသည် အိမ်ရှေ့ခန်းဆီသို့ ကို့ရို့ကားယားပြေးထွက်လာပါ​၏။ နိုးနိုးသည် ကြည့်လက်စရုပ်ရှင်ကားကို ခေတ္တရပ်ကာ ကြယ်လေးကို လှမ်းကြည့်လိုက်သည်။
ကြယ်လေးက လက်ထဲမှအင်္ကျီနှစ်ထည်ကို တစ်လှည့်စီမြှောက်ပြ၍

" အပြာလား...အနက်လား..."

ဟုမေးလေသည်။ တကယ်တမ်း ထိုအင်္ကျီနှစ်ထည်မှာ
ပုံစံသိပ်ကွာလှသည် မဟုတ်ပါချေ။ အပြာရောင်အင်္ကျီမှာလည်း အရောင်ရင့်လွန်းသည့်အတွက် နက်ပြာဘက်သို့
ရောက်ရှိနေပြီဖြစ်​၏။ လျှပ်တပြက်ကြည့်လိုက်ပါက
ထိုအင်္ကျီနှစ်ထည်တွင် ကွာခြားမှုဟူ၍ရှာတွေ့လိမ့်မည်မဟုတ်ချေ။

"အနက်..."

နိုးနိုးရွေးချယ်ပေးလိုက်သောအခါ ကြယ်လေးက အနက်ရောင်အင်္ကျီကို သူ့ရင်ဘတ်တွင်ကပ်ကြည့်နေသည်။

"နင် ဘယ်သွားမလို့လဲ။ ဒီနေ့ သင်တန်းမရှိဘူးမလား.."

"မရှိဘူးလေ။ ဒီတိုင်း ကျွန်တော်  ချိန်းထားတာရှိလို့..."

"သူငယ်ချင်းနဲ့လား..."

"ဟင့်အင်း..."

"ဒါဆို ကိုယ့်ဘာသာကို ချိန်းပြီး တစ်ယောက်တည်း ဒိတ်မလို့လား..."

"တစ်ယောက်တည်းအပြင်သွားတယ်ဆိုရင် ချိန်းတယ်လို့ပြောမလား။ တစ်ယောက်ယောက်နဲ့ ချိန်းထားလို့ပါဆို.."

"ကြယ်လေး....ဧကန္တ နင် BB cream တွေလိမ်းထားတာလား..."

နိုးနိုးသည် ကြယ်လေးစိုက်ကြည့်ရင်း အံ့ဩထူးဆန်းစွာဖြင့်မေးလိုက်သည်။ အံ့ဩလွန်းသဖြင့် သူမအသံသည် အတန်ငယ်ပင်ကျယ်သွား​၏။

ကြယ်လေးသည် ကိုင်ထားသောအင်္ကျီနှစ်ထည်ကို ဘေးရှိခုံပေါ်သို့ အမြန်ပစ်တင်လိုက်ပြီး မျက်လုံးနှစ်လုံးကို ဝိုင်းစက်လျက် သူ​၏ပါးပြင်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ဖွဖွထိလိုက်သည်။

"အရမ်း ထူနေလို့လား..."

ကြယ်လေးသည် မျက်တောင်ကို နှစ်ချက်မျှဆင့်ခတ်၍
တစ်ချိန်တည်းမှာပင် သူ့ပါးကိုခပ်ဖွဖွပုတ်သည်။

နိုးနိုးမှာ ပါးစပ်အဟောင်းသား။

"မထူဘူး...ကြည့်ကောင်းတယ်။ ဒါပေမဲ့ နင် အဲ့လိုလိမ်းရတာမကြိုက်ဘူး မဟုတ်လား။ ငါ အဲ့ဒီ့ Cream နင့်အတွက်
ဝယ်ပေးလာတုန်းက နင်ပဲ အဲ့လိုတွေလိမ်းရတာ မကြိုက်ဘူးဆိုပြီး ပြောတယ်လေ..."

"အဲ့တာကတော့... မမနိုးနိုးက ဈေးကြီးပေးပြီးဝယ်ပေးထားရတာလေ။ မလိမ်းရင် နှမြောစရာကြီးမို့။ အခုလိမ်းကြည့်လိုက်တော့ စေးကပ်ကပ်လည်းမနေဘူး။ ကျွန်တော့်အသားအရေလည်း ပိုပြီးကြည်လင်ဝင်းပသွားသလိုပဲ။ ဒီနားက ကျွန်တော့်မဲ့ခြောက်လေးတွေ ဖုံးသွားပြီ"

" အခု BB cream ကြော်ငြာနေတာလား..."

ကြယ်လေးက ပြုံး၍ပခုံးတွန့်ပြ​၏။ ထို့နောက် သူ့အင်္ကျီနှစ်ထည်ကိုပြန်ယူပြီး အိမ်အတွင်းထဲပြန်ဝင်သွား​သည်။
ဆယ်မိနစ်ခန့်ကြာသော် အပြင်အဝတ်အစားလဲပြီး သန့်ပြန့်နေသောပုံစံနှင့် ပြန်ထွက်လာ​၏။ ကြယ်လေးသည် ဖုန်းကိုနားတွင်ကပ်ထားကာ ချိုချိုသာသာအသံလေးဖြင့် ဖုန်းပြောနေ​သည်။

"အိမ်ရှေ့ရောက်တော့မှာလား...ဟုတ်....ကျွန်တော်ထွက်လာပြီ..."

ကြယ်လေး ဖုန်းပြောနေသောစကားများကို နိုးနိုး နားစွန်နားဖျားကြားလိုက်ရသည်။ ကြယ်လေးက အိမ်အဝင်ပေါက်ဝ၌ ဖိနပ်စီးနေရင်း ဧည့်ခန်းတွင်ထိုင်နေသော နိုးနိုးကိုလှမ်းကြည့်ကာ

"ကျွန်တော် သွားပြီနော်..."

ဟု လှမ်းနှုတ်ဆက်လိုက်သေး​သည်။ ထို့နောက် ခြံအပြင်ဘက်သို့ မြောက်ကြွမြောက်ကြွနှင့် ထွက်သွားသည်။

နိုးနိုးသည် စပ်စုချင်စိတ်ဖြင့် အနီးရှိပြတင်းပေါက်ကနေ ခြံအပြင်ဘက်ရှိ ကြယ်လေးဆီ လှမ်းကြည့်နေသည်။

​မိမိတို့ခြံရှေ့သို့ ကားအနက်တစ်စီးထိုးရပ်လာ​၏။ ကြယ်လေးက ကားအရှေ့ခန်းတံခါးကို ဖွင့်လိုက်သည်။ ကြယ်လေးသည် ကားပေါ်သို့အလျင်အမြန်တက်သွားခြင်း ဖြစ်သော်လည်း တံခါးဖွင့်လိုက်ချိန်တွင် မောင်းသူခုံတွင်ထိုင်နေသော နက္ခတ်ကို နိုးနိုး သေချာပေါက်ကို ပြတ်ပြတ်သားသားမြင်လိုက်ရပါသည်။

"ကြယ်လေးက နက္ခတ်နဲ့ချိန်းထားတာလား..သူ မကြိုက်တဲ့ BB cream တွေလိမ်းပြီးတော့လေ..."

နိုးနိုး တအံ့တဩဆိုလိုက်သည်။

*****************************

နက္ခတ်​​၏ ပေါ့ပါးသွက်လက်ကာတောက်ပသော မျက်ဝန်းများသည် ကားရှေ့ရှိလမ်းမထက်ကို စူးစိုက်ကြည့်နေ​၏။
သူသည် ဂုတ်ထိရှည်သောသူ​၏ညိုရင့်ရင့် ဆံပင်ရှည်များကိုမစည်းနှောင်ဘဲ ကပိုကရိုချထားရာ နှစ်လိုဖွယ်ပုံစံနှင့်ဆွဲဆောင်မှုတစ်စုံတရာ ရောနှောနေပြီး အလွန်တရာကြည့်ကောင်းနေ​သည်။ ထို့အပြင် ရိုးရှင်းလှပါသော အနက်ရောင်ပြောင်အင်္ကျီကို ပေါ့ပေါ့ပါးပါးလေးဝတ်ဆင်ထားသော်လည်း နက္ခတ်​၏အရှိန်အဝါကြောင့်လားမသိပါ၊ ကြော့ရှင်းသော နွေးထွေးသည့်ခံစားချက်မျိုး ထွက်ပေါ်နေ​၏။ ထပ်ဆင့်၍ စူးရှသောရေမွှေးရနံ့ပြင်းပြင်းမှာလည်း နက္ခတ်​၏ခန္ဓာကိုယ်ထံမှ ပျံံ့လွင့်နေသည်။
ရေမွှေးရနံ့၊ ဝတ်ပုံစားပုံအပြင်အဆင်ကို ပေါင်းစပ်လိုက်သောအခါ နက္ခတ်မှာ ဆွဲဆောင်မှုရှိကာ အလွန်တရာစမတ်ကျနေသည်။

"ဘာစားချင်လဲ..."

နက္ခတ်က ရှေ့တည့်တည့်ကိုကြည့်နေရာမှ ကြယ်လေးဘက်သို့ ဖြတ်ခနဲလှည့်ကြည့်ပြီးမေး​၏။ သူ့ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုတွဲလွဲခိုနေရာ ပါးတစ်ဖက်စီတွင် အချိုင့်ကလေးနှစ်ခု ခပ်ရေးရေးပေါ်နေ​သည်။

ကြယ်လေးသည် ကားပေါ်စ,ရောက်ကတည်းက ဆွဲဆောင်မှုပြည့်နေသောနက္ခတ်ကို မငေးကြည့်ဘဲ မနေနိုင်ဖြစ်နေသည်။ ဘေးသို့စောင်းပြီး နက္ခတ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေရန်မှာလည်း ရှက်စရာကောင်းသောကြောင့် လူမသိအောင် မသိမသာခိုးကြည့်နေရသည်။ ခိုးကြည့်နေခိုက်မှာပင် နက္ခတ်က သူ့ဘက်ကိုလှည့်ကြည့်လာသဖြင့် သူ တုန်တက်သည်အထိ ကြက်သီးထ,သွားသည်။

"ဘာပဲဖြစ်ဖြစ် ရပါတယ်..."

"အားမနာဘဲ ပြောပါ...မင်းစားချင်တာကို ဝယ်ကျွေးမှာမို့လို့..."

"ဒါဆို...ပီဇာ....ဆိုရင်ရော..."

ကြယ်လေးသည် အသံကိုနှိမ့်ပြော​၏။

"ရပါတယ်ဗျာ..."

နက္ခတ်သည် တည်ငြိမ်သောအသံနှင့်ဆိုပြီးနောက် တစ်ဆက်တည်းပင်

" ပီဇာက စတော်ဘယ်ရီပီဇာတော့ မရဘူးနော်"

ဟု ရယ်ကျဲကျဲဖြင့်ဆိုလေသည်။ ကြယ်လေး ခပ်တိမ်တိမ်ရယ်လိုက်သည်။

ထို့နောက် ကြယ်လေးသည် နက္ခတ်ညီဘက်ကို ထပ်မံ၍စောင်းကြည့်လိုက်​ပြန်​၏။ နက္ခတ်ထံမှဖြစ်သော ရေမွှေးရနံ့ကိုရှိုက်ရှူရင်း သူ့စိတ်ထဲသိသိသာသာမြူးထူးသွားသည်။ မည်သူမဆို သဘောကျနှစ်သက်သူအနားရောက်ရှိနေပါက အလိုလျောက်ပျော်ရွှင်နေတတ်သည် မဟုတ်ပါလား။

သူတို့နှစ်ယောက်သည် ပီဇာဆိုင်သို့ရောက်ရှိပြီးနောက်
စားပွဲတစ်ခုတွင် မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
နက္ခတ်သည်  မီနူးစာအုပ်ကိုလှန်ကာ စိတ်ဝင်တစားကြည့်နေသည်။

နက္ခတ်က  သူ့မျက်နှာအပေါ်ဝေ့ကျလာသော ဆံပင်ရှည်တို့ကို နားရွက်နောက်သို့ သပ်တင်လိုက်သည်။ ငွေရောင်လက်စွပ်ကို လက်သန်းတွင်ဝတ်ဆင်ထားပါသော နက္ခတ်​​၏လက်ကို ကြယ်လေး အမှုမဲ့ငေးကြည့်မိသွား​၏။
သန့်ပြန့်နေသောထိုလက်နှင့် ဆံပင်ကိုသပ်တင်လိုက်သော နက္ခတ်​၏ပုံရိပ်မှာ အလွန်အမင်းကြည့်ကောင်းပြီး စတိုင်လ်ကျနေသည်။ ဆံပင်သပ်တင်ခြင်းမှာ ရိုးရှင်းပါသည်။
သို့သော် နက္ခတ်မို့လို့ ရိုးရှင်းသောအမူအရာလေးကအစ
ကြယ်လေးအတွက် ဆန်းပြားသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။

"မင်း မစားတဲ့အသား ရှိလား..."

" ကျွန်တော် အကုန်စားတယ်"

" Hawaiian Pizza ကြိုက်လား..."

နက္ခတ်က မီနူးစာအုပ်ကို စိုက်ကြည့်နေရင်းမေးသည်။
မီနူးထဲစိတ်ရောက်နေသည်မို့ ကြယ်လေးက သူ့ကိုငေးကြည့်နေမှန်း နက္ခတ်မသိပါ။ ကြယ်လေးစိတ်ထဲ အတွေးတစ်ခုသာရှိသည်။

ဘာလို့များ နက္ခတ်ဟာ ဒီလောက်ကြည့်ကောင်းနေရတာလဲ...

" BBQ chicken က အစ်ကိုကြိုက်တယ်။ ဒါပေမဲ့ ကြယ်လေး ကြိုက်တာရွေးပါ..."

ကြယ်လေးသည် အားနာတတ်သောစိတ်ကြောင့် တစ်ဖက်သားမှဝယ်ကျွေးမည်ဆိုတိုင်း ဈေးကြီးသည့်အစားအစာကိုတော့ မစားချင်ပါ။ ထို့ကြောင့် သူသည် ပီဇာ​၏ဈေးနှုန်းကို အရင်မေးရန် တွေးလိုက်​၏။

"အစ်ကိုက ဘယ်လောက်လဲ..."

တကယ်တမ်းမေးချင်သည်မှာ ပီဇာ​၏ဈေးနှုန်းဖြစ်သော်လည်း နက္ခတ်ကိုကြည့်နေရင်းပြောလိုက်သည်မို့
ထိုစကားအတိုင်း လွှတ်ခနဲထွက်သွား​၏။ သူထိုကဲ့သို့ပြောလိုက်မိမှန်းလည်း သူ့ကိုယ်သူ သတိမထားမိလိုက်ချေ။

"၁၈၉၀၀ "

မီနူးကိုသာ စိတ်ရောက်နေသောနက္ခတ်ကလည်း မီနူးစာအုပ်ထဲမှ ပီဇာ​၏ဈေးနှုန်းကို သမာရိုးကျပြန်ဖြေသည်။ သို့သော် နက္ခတ်သည် ဈေးနှုန်းကိုပြောပြီးသည်နှင့် တစ်ပြိုင်နက် ကြယ်လေး​၏မေးခွန်းထဲ တစ်စုံတရာမှားယွင်းနေမှန်း သတိထားမိသွားသည်။

ပီဇာဘယ်လောက်လဲ လို့ပြောရမယ့်အစား အစ်ကိုက ဘယ်လောက်လဲ လို့မေးလိုက်တာလား....

နက္ခတ်သည် မီနူးကိုငုံ့ကြည့်နေရာမှ ကြယ်လေးကိုမော့ကြည့်လိုက်သည်။ ကြယ်လေးဘက်ကလည်း စကားမှားသွားသည့်အပြင် သူကပါမေးခွန်းကိုသေချာမစဉ်းစားဘဲ ပြန်ဖြေလိုက်သည်ကို သိလိုက်သည်နှင့် နက္ခတ် ထ,ရယ်မိတော့သည်။

ကြယ်လေးသည် အစကသူ့မေးခွန်းမှားသွားသည်ကို သတိမထားမိလိုက်ရာမှ နက္ခတ်ရယ်သောအခါ သူ​၏အမှားကို ပြန်စဉ်းစားမိပြီး သတိထားမိသွား​၏။
ကြယ်လေးရှက်သွားသည်။ သို့သော် နက္ခတ်မှ ပေါ့ပေါ့ပါးပါးရယ်နေကြောင်းတွေ့သောအခါ သူ​၏ရှက်စိတ်များပျောက်ကွယ်သွားပြီး ရယ်ချင်စိတ်များ တဖွားဖွားပေါ်လာ​၏။ ကြယ်လေးသည်လည်း နက္ခတ်နှင့်အတူ ရယ်လိုက်မိ​၏။

"ပီဇာကတော့ ၁၈၉၀၀ပါ။ အစ်ကိုကတော့ အဲ့ထက် ပိုဈေးကြီးပါတယ်.."

နက္ခတ်က ခပ်နောက်နောက်ပြောသည်။

"ဟုတ်လား...အစ်ကိုက ဘယ်လောက်မို့လို့လဲ.."

"one billion လောက်...အာ...one billion ကနည်းမယ်ထင်တယ်။ ဝယ်တဲ့လူပေါ် မူတည်မှာပေါ့။ ဝယ်တဲ့လူပေါ် မူတည်ပြီး ဈေးပြောင်းမယ်..."

နက္ခတ်သည် ရယ်၍ပြောရင်း ကြယ်လေးဘက်ကို မီနူးစာအုပ်ထိုးပေးသည်။

"ရော့...မင်းကြိုက်တာ မှာပါ..."

"ဟို...BBQ chicken ပဲစားမယ်လေ..."

"Okဗျ.."

နက္ခတ် ခေါင်းညိတ်ပြပြီး စားပွဲထိုးတစ်ယောက်ကိုခေါ်ကာ မှာလိုက်​၏။ ပီဇာ လာချရန် စောင့်ဆိုင်းရသည်မို့ ထိုအချိန်အတွင်း သူတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြ​၏။

"ကြယ်လေး...မင်း သရုပ်ဆောင်လုပ်ဖို့မစဉ်းစားဖူးဘူးလား...သရုပ်ဆောင်မဟုတ်တောင် မော်လ်ဒယ်လုပ်ဖို့ရော မစဉ်းစားဖူးဘူးလား..."

"ဟင့်အင်း...ကျွန်တော်က အဲ့လိုမျိုးလူအာရုံစိုက်ခံရတဲ့
အလုပ်မျိုးမကြိုက်လို့ မစဉ်းစားဖူးဘူး။ ဘာဖြစ်လို့လဲ.."

"ဘာလို့လဲဆိုတော့ မင်းရုပ်ရှည်က အဲ့လိုပုံစံမျိုးပေါက်လို့။ သရုပ်ဆောင် ဒါမှမဟုတ် မော်လ်ဒယ်လိုရုပ်ရည်မျိုးရှိတယ်"

"ကျွန်တော်ကလား..."

ကြယ်လေးသည် သူ့ပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ဖွဖွလေးထိလိုက်​၏။ သရုပ်ဆောင် သို့မဟုတ် မော်ဒယ်လိုရုပ်ရှည်မျိုးဆိုသည်မှာ တစ်နည်းအားဖြင့် ချောသည်ဟု ဆိုလိုသည် မဟုတ်ပါလား။

နက္ခတ်က သူ့ကိုချောတယ်လို့ ဆိုလိုလိုက်တာလား...
ကြယ်လေးသည် လေထဲမြောက်တက်သွားသလိုပင်။

"အင်းဆို.."

"အစ်ကို ကျွန်တော့်ကိုမြှောက်ပြောနေတာမလား.."

"မမြှောက်ပါဘူး.... တကယ်ပြောတာ။ ဒီလိုမျိုးရှိတယ်ကွာ... ရုပ်ချောတယ်ဆိုတိုင်းလည်း သရုပ်ဆောင် ဒါမှမဟုတ် မော်ဒယ်လိုခံစားချက်မျိုးမရဘူး။ တချို့ကျ မှုန်နေအောင်ချောပေမဲ့ ဆွဲဆောင်မှုမရှိဘူး။ တစ်ခုခုလိုအပ်နေသလိုမျိုးဖြစ်နေပြီးတော့ စန်းမရှိဘူး။ အဲ့လိုမျိုး...
သရုပ်ဆောင်ရုပ်တို့ဘာတို့ ဆိုတာက အရမ်းကြီးမချောရင်တောင် သူတို့မှာ ဆွဲဆောင်မှုတစ်ခုခုကို သေချာပေါက်ရှိနေတာ။ လူတွေက သူတို့ကိုကြည့်လိုက်တာနဲ့ သဘောကျသွားလောက်တဲ့ ပုံစံမျိုးကိုရှိနေတတ်တယ်။ အဲ့တာကို ဘယ်လိုပြောမလဲ...စန်းရှိတယ် လို့ပဲခေါ်မလား.."

"ကျွန်တော်က စန်းရှိတာလား...."

"ဟုတ်တယ်...။ အစ်ကို သေချာတော့မပြောတတ်ဘူး။ ဒါပေမဲ့ မင်းမှာ ကြည်လင်တဲ့ဆွဲဆောင်မှုတစ်ခုရှိနေတာမျိုး အစ်ကိုခံစားမိတယ်.."

"ကြည်လင်တဲ့ဆွဲဆောင်မှု? ဘာကြီးလဲ..."

"အင်း...ဘယ်လိုပြောရမလဲ.."

နက္ခတ်က စဉ်းစားနေဟန်ပြု​၏။

"မင်းရဲ့မျက်နှာပုံစံက masculine တော့ဖြစ်မနေဘူး။
မင်းမျက်နှာက နူးနူးညံ့ညံ့နဲ့လှတဲ့ မျက်နှာပေါက်မျိုး။ မိန်းမချော ချောတာမျိုးလည်း မဟုတ်နေဘူးကွာ။ မိန်းကလေးနဲ့လည်း လုံးဝမတူဘူး။ ဒါပေမဲ့ လှတဲ့ပုံစံမျိုးသွားတယ်။ Hot တာမျိုးမဟုတ်ဘဲ ကြည့်လိုက်တာနဲ့ အေးချမ်းသွားတဲ့ ဖြူစင်တဲ့ဆွဲဆောင်မှုမျိုး။ နုနုဖတ်ဖတ် ကြာပန်းလေးလိုပဲ...အလှလေး..."

"အလှလေးတဲ့လား.."

ကြယ်လေး မျက်နှာရဲတက်သွား​၏။ သူ အရှက်ပြေ ခပ်ဟဟရယ်သည်။

"ကြည့်ရတာ ဒီနေ့ အစ်ကိုမုန့်ဝယ်မကျွေးဘဲ ကျွန်တော်က ပြန်ဝယ်ကျွေးရတော့မယ်ထင်တယ်..."

"ဟ..ဟ အစ်ကိုက မုန့်စားချင်လို့ မြှောက်ပြောနေတာမှ မဟုတ်ဘဲ။ မင်းလိုမျိုး နူးနူးညံ့ညံ့နဲ့လှတာ အစ်ကို့သူငယ်ချင်းတစ်ယောက်ရှိတယ်...သူ့Jaw line ကျတော့ ယောက်ျားဆန်ပြီးလှတယ်"

"အာ...ဟိုတစ်ခါတွေ့တုန်းက အသားဖြူဖြူနဲ့ ...မျက်မှန်နဲ့...အရပ်ရှည်ရှည် ခပ်ချောချော အစ်ကို ကိုပြောတာမလား..."

"ရှင်းယံလေ...အင်း...မင်းမှတ်မိသားပဲ..."

"အဲ့အစ်ကိုရည်းစားက မမနိုးနိုး သူငယ်ချင်းမလား။
မမနိုးနိုးက သူတို့အကြောင်းခဏခဏပြောတယ်။ သူ အောင်သွယ်လုပ်လို့ ညားသွားတဲ့အတွဲဆိုပြီး...သူ အရမ်းဂုဏ်ယူနေတာ။ ပြီးတော့ အဲ့အစ်ကိုက တော်တော်ချမ်းသာတဲ့ပုံပဲနော်။ ကျွန်တော် သူ့ကို follow ထားတယ်လေ..."

ကြယ်လေးက သူ့ဖုန်းကိုဖွင့်လိုက်သည်။

"ဟိုတစ်နေ့က ရှော့ပင်းစင်တာတစ်ခုမှာ သူငယ်ချင်းတစ်ယောက်ကိုပို့ဖို့ ဓာတ်ပုံရိုက်နေတုန်း အဲ့ပုံထဲ အဲ့အစ်ကိုပါလာတယ်။ ကျွန်တော်လည်း သတိမထားမိလိုက်ဘူး။
အိမ်ပြန်ရောက်လို့ အဲ့ပုံကိုပြန်ကြည့်မှ သိလိုက်တာ"

ကြယ်လေးက ဖုန်းထဲမှ သူ​၏ Selfie ပုံတစ်ခုကို ဖွင့်လျက် နက္ခတ်အားပြ​၏။

ပုံထဲတွင် ကြယ်လေးသည်နှုတ်ခမ်းကို ဘဲနှုတ်သီးပမာ
ထော်၍ဆူထားပြီး မျက်လုံးကိုအစွမ်းကုန်ပြူးထား​၏။ သူငယ်ချင်းကိုပို့ရန်ပုံမို့ ဒီလိုပုံစံမျိုးဖြစ်နေသည်မှာ ယုတ္တိတော့ရှိပါသည်။ ကြယ်လေး​၏နောက်တွင် ရှင်းယံ​၏ပုံမှာ ပြူးနေသည်။ ခပ်ဝေးဝေးမှဖြစ်သော်လည်း ရှင်းယံမှန်း သိသာလှပါသည်။

"အဲ့အစ်ကို ဟုတ်တယ်မလား..."

ကြယ်လေး မေးသည်။

"အင်း...ဟုတ်တယ်"

နက္ခတ်သည် ပုံကိုကြည့်ရင်း မျက်ခုံးတို့မသိမသာတွန့်ချိုးသွားသည်။

ရှင်းယံသည် သူ​၏ဘေးရှိလူတစ်ယောက်ကို ငုံ့ကြည့်နေ​၏။ ရှင်းယံဘေးတွင်ရှိသော ကောင်လေးမှာ နောက်ကျောလှည့်ထားသောကြောင့် မျက်နှာကိုတော့ မမြင်ရ။ ထိုကောင်လေး​၏ ဆံပင်ကတော့ ပန်းရောင်။

နက္ခတ်သည် ပုံကိုဖြဲကြည့်လိုက်သည်။

သူ့အမြင်မမှားပါက ရှင်းယံက ထိုကောင်လေးနဲ့ လက်ကိုင်ထားတာလား!

လင်းသုခတ်က ဆံပင်ပန်းရောင်နဲ့မှ မဟုတ်တာ...

"ပီဇာ လာပြီ"

နက္ခတ်ကြည့်နေခိုက်မှာပင် ကြယ်လေးသည် ဖုန်းကို ဆတ်ခနဲပြန်ဆွဲယူသွား​၏။ နက္ခတ်သည် ထိုပုံကိုသေချာကြည့်ချင်သဖြင့် ဖုန်းကိုပြန်တောင်းချင်သော်လည်း သူများဖုန်းမို့ ပြန်မတောင်းဖြစ်ခဲ့ပေ။

သူ အမြင်မှားတာဖြစ်မည်ဟု တွေးလိုက်သည်။
သူ့ သူငယ်ချင်း ရှင်းယံအကြောင်း သူအသိဆုံးဖြစ်သည်။
ရှင်းယံက လင်းသုခတ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့
ဆိုသည့်ကိစ္စမှာ လုံးဝမဖြစ်နိုင်မှန်း နက္ခတ်သိသည်။ အကယ်၍ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါကလည်း ရှင်းယံဟာ
နက္ခတ်ကို အရင်ဦးဆုံးပြောပြမည့်သူသာ ဖြစ်​၏။

ပြီးတော့ ရှင်းယံလို လူအေးကြီးကလေ....
နက္ခတ်ငယ်ရွယ်စဉ် ဖလန်းဖလန်းထခဲ့စဉ်က ရည်းစားပေါင်းသောင်းခြောက်ထောင်ထားခဲ့သည့်ကိစ္စကိုပင် မကြိုက်သော ရှင်းယံက....
တခြားတစ်ယောက်နှင့်ကြိတ်တွဲနေသည်ဟူသော စကားကိုကြားပါက ဘေးနားဖြတ်သွားသည့်ခွေးတောင် အူတက်အောင် ရယ်လိမ့်မည်။

ထို့အပြင် တစ်နိုင်ငံထဲအတူမရှိခဲ့သော နှစ်များစွာတွင်တောင် လင်းမှလွဲ ဖွဲနဲ့ဆန်ကွဲဖြစ်ခဲ့သော ရှင်းယံက
ဒီလိုမျိုး လင်းကို သစ္စာဖောက်ဖို့ဆိုတာ သေတောင်မဖြစ်နိုင်ပါ။

နက္ခတ်သည် ခေါင်းကိုခါကာ ထိုအတွေးတို့ကို ဖယ်ထုတ်လိုက်သည်။

ပူပူနွေးနွေးပီဇာသည် သူတို့နှစ်ယောက်ရှေ့ရောက်ရှိလာသည်။

"စားကောင်းမယ့်ပုံပဲ..."

ကြယ်လေးသည် လက်သီးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်လျက်
စိတ်လှုပ်ရှားနေသည့်ကလေးငယ်ပမာ တဆက်ဆက်ခါရမ်းသည်။

နက္ခတ် သူ့ပုံကိုလှမ်းကြည့်ရင်း တစ်ချက်ပြုံးလိုက်မိသည်။

ကြယ်လေးက ပီဇာအစိတ်တစ်စိတ်ကို နက္ခတ်ပန်းကန်ထဲ အရင်ဦးဆုံးထည့်ပေးသည်။

"ရပါတယ်...အစ်ကို့ဘာသာယူစားပါမယ်.."

နက္ခတ်ပြောသော အလှလေးသည် ပါးလေးနှစ်ဖက်ကို ဖောင်းအောင်ပြုံးပြ​၏။ ထို့နောက် ပီဇာတစ်စိတ်ကို ယူပြီး အားရပါးရစားနေသည်။

"Cola မှာပေးမယ်နော်.."

"ဟုတ်.."

​နက္ခတ်သည် သောက်စရာအဖြစ် Cola ကို Jar တစ်ခုမှာလိုက်သည်။

ကြယ်လေးသည် အတော်စားနိုင်​၏။ ပီဇာ​၏ သုံးပုံနှစ်ပုံခန့်သည် ကြယ်လေး​၏လက်ချက်ဖြင့် ပျောက်ကွယ်သွားရသည် ဖြစ်​သည်။ ကြယ်လေးမှာ အစားအသောက်နှင့်တွေ့သော် နက္ခတ်ကိုပင်ဂရုမစိုက်တော့ဘဲ ပီဇာအပေါ်သာ သူ​၏အာရုံစိုက်မှုတစ်ခုလုံးကို မြုပ်နှံထားလေသည်။

နက္ခတ်သည် ကောင်းကောင်းစားနိုင်သောသူများကို သဘောကျလေ့ရှိသည်။ နက္ခတ်ကိုယ်တိုင်လည်း ကောင်းကောင်းစားနိုင်သည့်အပြင် ထိုသို့အစားအသောက်ကို မြိန်ရေရှက်ရေစားနိုင်သူများကိုတွေ့လျှင် သဘောကျလေ့ရှိသည်။ နက္ခတ်​၏အကြိုက်မှာ ထူးဆန်းသည်ဟုဆိုနိုင်​သည်။ နက္ခတ်​၏ခံယူချက်တစ်ခုမှာ အစားအသောက်ကောင်းကောင်းစားနိုင်သူနှင့်တွေ့ပါက ထိုသူနှင့်အတူ ဆိုင်တကာလှည့်ပတ်စားနိုင်မည်ဟူ၍။ ချစ်သူနှစ်ဦးတွေ့ပါက ဘယ်လိုဒိတ်မျိုး ပြုလုပ်ရမည်ဆိုသည်မှာ အလွန်ခေါင်းစားရသော ကိစ္စဖြစ်သည်။ ထိုသို့သော ကိစ္စများတွင် အစားသမားနှင့်တွဲပါက စိတ်တူကိုယ်တူ လှည့်ပတ်စားနိုင်သဖြင့် စိတ်ချမ်းသာရမည်ဟု သူထင်သည်။
anni date များတွင်လည်း လက်ဆောင်အဖြစ် မုန့်များဝယ်ပေးလိုက်ရင် ပြီးပြီ။ လက်ဆောင်ကိစ္စလည်း ခေါင်းစားစရာမလိုတော့။ ထို့ကြောင့် အများကြီးစားနိုင်သူများကို သူ သဘောကျခြင်းဖြစ်သည်။

နက္ခတ်​၏ဘဝပန်းတိုင်မှာ မသေခင်အချိန်အတွင်း အစားအစာလက်ရာအသစ် အသစ်များကို တတ်နိုင်သလောက်စားခဲ့ရန်ဖြစ်သည်။ ထိုပန်းတိုင်အတွက် နက္ခတ်ကို ပါရမီဖြည့်ရန် ကောင်းကောင်းစားနိုင်သောသူ လိုအပ်သည်။

ကောင်းကောင်းစားနိုင်သူများကို သဘောကျသော်လည်း
နက္ခတ်တွဲခဲ့သည့်သူများတွင် ကြောင်စာမျှသာစားနိုင်သည့် မိန်းကလေးများလည်း ပါခဲ့ပါသည်။ နက္ခတ်တွဲခဲ့သော မိန်းကလေးသုံးပုံတစ်ပုံခန့်မှာ ဝိတ်တက်မည်စိုး၍လား၊
နက္ခတ်ရှေ့မို့ဟန်ဆောင်၍လား မသိသော်ငြား တစ်လုတ်၊နှစ်လုတ်မျှစားပြီးချိန်တွင် "မစားနိုင်တော့ဘူး" ဟုညည်းတွားကြ​၏။ များသောအားဖြင့်တော့ နက္ခတ်သည် ကောင်းကောင်းစားနိုင်သူများကို တွဲခဲ့​၏။

အမှန်တိုင်းပြောပါက လွန်ခဲ့သောနှစ်များစွာက လင်းကိုသဘောကျခဲ့သည်မှာလည်း ကောင်းကောင်းစားနိုင်သည့်အချက်တစ်ချက် ပါဝင်နေခဲ့သည်​။

"ကြယ်လေးက အများကြီး စားနိုင်တာပဲ..."

ကြယ်လေး ပလုတ်ပလောင်းနှင့်ပြုံးပြ​၏။ သူ​သည် အစာများကိုပါးစောင်ထဲပြွတ်သိပ်ထည့်ထားသည့် ဟမ်းစတားတစ်ကောင်နှင့်ပင် တူနေသေးသည်။  သူသည် နက္ခတ်ကိုစကားပြန်ပြောချင်ပါသော်လည်း ပါးစပ်ထဲအစာများပြည့်နေသည်မို့ ပြန်မပြောဖြစ်ခဲ့ပေ။ ခေါင်းတစ်ချက်သာ ညိတ်ပြ​၏။

"ကောင်းတယ်...စားနိုင်တုန်းအရွယ်မှာ စားထားရတာ။
လူဖြစ်တာ ဘာလုပ်ဖို့လဲ...သေချာပေါက် ကောင်းကောင်းမွန်မွန် စားသောက်ဖို့ပဲပေါ့..."

နက္ခတ်က လေသံအေးဖြင့်ပြောရင်း ခွက်ထဲသို့ Cola ငှဲ့ထည့်နေသည်။

"အင့်...အင့်"

ပြောရင်းဆိုရင်း ကြယ်လေး ကြို့ထ,ထိုးလေသည်။ ကြယ်လေးသည် သူ​၏ပါးစပ်လေးကို လက်ဖဝါးဖြင့် ဖိပိတ်တ်လိုက်​၏။ ကြို့ တစ်ခါထိုးတိုင်း သူ​၏ပခုံး တုန်တက်သွားသည်။

"ရော့...ရော့ ဒါသောက်လိုက်...ဖြည်းဖြည်းစား...ဖြည်းဖြည်းစား..."

နက္ခတ်သည် လက်ထဲရှိနေသော Cola ခွက်ကိုထိုးပေးလိုက်သည်။

ဟမ်းစတားများမှာ သူတို့​၏သဘာဝအလျောက် အစာတွေ့သောအခါ သူတို့ပါးစောင်အိတ်ထဲ တတ်နိုင်သမျှအစာများကို ထိုးထည့်ကြ​၏။ ဤသည်မှာ သူတို့သည် နောက်တစ်ကြိမ် အစာရှာမရမည်ကိုစိုးရိမ်ကြသဖြင့် အစာတွေ့ခိုက်လေး ရသမျှအကုန်သိမ်းဆည်းခြင်းဖြစ်သည်။
သို့သော် နက္ခတ်ရှေ့တွက်ရှိသော အနှီလူသားကောင်လေးမှာတော့ နောက်တစ်ကြိမ်အစာရှာမရစရာ အကြောင်းမရှိသော်လည်း တကယ့်ကို ကောင်းကောင်းမွန်မွန်စားသောက်နေပါ​၏။

"မင်းက တကယ် ဟမ်းစတားနဲ့တူတယ်..."

နက္ခတ်ရယ်၍ပြောမိလိုက်သည်။

"ဒါနဲ့ ကျွန်တော်အစ်ကို့ကို တစ်ခုပြစရာရှိတယ်.."

ကြယ်လေးသည် ဖုန်းကိုထပ်ဖွင့်ပြသည်။

"ကျွန်တော်က Digital art အများကြီးမတော်ပေမဲ့ ကြိုးစားပြီးဆွဲထားတာ..."

ကြယ်လေးပြသောပုံမှာ သူကိုယ်တိုင်ဆွဲထားသောနက္ခတ်​၏ပုံဖြစ်ပါ​၏။ နက္ခတ်သည် ထိုပုံကိုကြည့်ရင်း တောက်ပစွာ ပြုံးလိုက်သည်။

"ဝါး...တကယ်လှတယ်။ တော်လိုက်တာ...ဖုန်းနဲ့ဆွဲထားတာလား..."

"ဖုန်းနဲ့တော့ မဟုတ်ဘူး။ မမနိုးနိုးရဲ့ I pad နဲ့ဆွဲထားတာ..."

"နိုးနိုးက မင်းကိုတော့ တော်တော်ချစ်တဲ့ပုံပဲ"

ကြယ်လေး ဘာမှမပြောဘဲ ပြုံးသည်။ နက္ခတ်သည် ကြယ်လေး​၏ဖုန်းကို ယူလိုက်ပြီး ပုံကိုအသေအချာစိုက်ကြည့်နေသည်။

" တကယ် လှတယ်။ အစ်ကို့ကလေးတွေက တကယ်ပဲတော်လိုက်ကြတာ..."

နက္ခတ်သည် သူ​၏Fan များကို တစ်ခါတလေကလေးဟုခေါ်တတ်သည်။ သူ့Fanများမှ နက္ခတ်​၏ပုံကိုဆွဲပေးသောအခါ၊ edit ပိုင်းဆိုင်ရာ တစ်စုံတစ်ခုပြုလုပ်ပြီး သူတို့ပြုလုပ်ထားသည်များကို ဂုဏ်ယူဝင့်ကြွားစွာပြသတတ်သည့်အခါမျိုးတွင် နက္ခတ်သည် ချီးကျူးလေ့ရှိပါ​၏။

ဤအခါတွင်လည်း  ပြောနေကြအတိုင်း နက္ခတ်​၏ပါးစပ်မှ ကလေးဟုလွှတ်ခနဲထွက်သွား​၏။

နက္ခတ်ဘက်မှ သာမန်ဖြစ်သော်လည်း ကြယ်လေးမှာမူ
ရင်ထဲဒိတ်ခနဲခုန်သွားသည်။ ကြည်နူးမှုနှင့်အတူ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူစိတ်များဖြစ်သွား​၏။

"ဒါတောင် ပုံက လိုအပ်ချက်တွေရှိနေသေးတယ်..."

"နှိမ့်ချနေပါပြီ။ မင်းဆွဲထားတဲ့ပုံက ဒီလောက်ပြည့်စုံနေတာကို..."

နက္ခတ်သည် ဖုန်းကိုပြန်ပေးပြီးနောက် သူ​၏လက်ကိုဆန့်ကာ ကြယ်လေး​၏ခေါင်းကို အသာအယာလှမ်းပုတ်လိုက်သည်။

"တော်တယ်.."

နက္ခတ်ပြုံး၍ပြောသည်။ သူ​၏ပါးထက်တွင် ပါးချိုင့်နှစ်ခု ခွက်ဝင်နေသည်။

ကြယ်လေး သတိထားမိလိုက်ပါသည်။ သူ​၏ရင်ခုန်သံသည် တဒိန်းဒိန်းဖြင့် အဆက်မပြတ်လှုပ်ခါနေ​၏။

"ဟို...ကျွန်တော်...အိမ်သာ...ခဏ...."

ကြယ်လေးသည် စကားလုံးများကို တစ်လုံးစီဖြတ်ပြောကာ နက္ခတ်ရှေ့မှ ကမန်းကတန်းထွက်ခဲ့သည်။ အကယ်၍ နက္ခတ်ရှေ့တွင် ဆက်ထိုင်နေပါက ရင်အခုန်လွန်ပြီးသေသွားနိုင်သည်မို့ မိမိအသက်ကိုကာကွယ်ရန် အိမ်သာဆီ အရေးတကြီးထွက်လာခဲ့သည်။ သူ့မျက်နှာမှာ
နီရဲနေသည်။

အနုပညာရှင်တစ်ယောက်ကို ကြိုက်သည်ဟုဆိုရာတွင်
ထိုသူကို ချစ်မြတ်နိုးပြီး သူ​၏အနုပညာကိုပါ သဘောကျသောကြောင့် အစွမ်းကုန်အားပေးသည်ဟု ဆိုကြ​၏။
အနုပညာရှင်ကို အနုပညာရှင်လိုကြိုက်သည်ဟု ဆိုကြသော်လည်း အနည်းနှင့်အများဆိုသလို ငါ့ကောင်လေးသာဆိုရင်၊ ငါ့ကောင်မလေးသာဆိုရင် ဟူသောအတွေးကတော့ ရှိကြစမြဲဖြစ်သည်။ ပရိသတ်အချစ်နှင့် ချစ်သူလိုအချစ်မှာ တကယ်ပဲ အလွှာပါးပါးလေးခြားပါသလား....

ဖြူဖြူစင်စင်နှင့် ဘာရယူလိုခြင်းများမပါဘဲ ထိုလူကို သဘောကျနှစ်သက်၍အားပေးကာ ထိုသူ​၏ချစ်သူ၊ အိမ်ထောင်ဖက်၊ ကလေးများကအစ ချစ်ပေးသော ပရိသတ်များလည်းရှိပါသည်။ ထိုပရိသတ်များ​၏အချစ်က တစ်မျိုး...

သို့သော် ယခုအခြေအနေမှာတော့ အလွှာပါးပါးလေးသာ ခြားသော အချစ်ဖြစ်နေသည်။

တကယ်လို့...တကယ်လို့သာ...
Fan တစ်ယောက်ထက်ပိုသော သဘောကျခြင်းမျိုးနှင့်
သဘောကျနေခဲ့မည် ဆိုရင်ရော....

ကြယ်လေးသည် ပထမဆုံးအကြိမ်ဖြင့် သူ့ကိုယ်သူမေးခွန်းထုတ်လာခဲ့သည်။

**********************************

ညနေ ထမင်းစားအပြီး၌ နိုးနိုး ပန်းကန်များဆေးနေချိန်တွင် ကြယ်လေးသည် အနားသို့ ရောက်ရှိလာသည်။
ကြယ်လေးသည် နိုးနိုးကိုကြည့်ကာ ဘာမှမပြောဘဲပြုံးစိစိလုပ်နေသေး​၏။ ကြယ်လေး ပြုံးစိစိလုပ်နေပါက ပြောစရာစကားရှိနေမှန်း သိသော နိုးနိုးသည် အရင်ဦးစွာမေးလိုက်သည်။

"ဘာပြောမလို့လဲ...ပြုံးစိစိရုပ်နဲ့..."

"ဘာရယ်မဟုတ်ပါဘူး။ ဒီတိုင်း မေးစရာရှိလို့..."

ကြယ်လေးသည် သူ​၏လက်ချောင်းများကို လိမ်ချိုးနေသည်။

"မေးလေ..."

" ဟိုလေ..."

ကြယ်လေးသည် ခေတ္တအသံတိတ်သွားပြီးမှ တိုးညှင်းသောအသံမျှင်မျှင်လေးဖြင့်မေးသည်။

"နက္ခတ်ညီက Bisexual လို့ပြောတယ်မလား..."

"အင်း...ဟုတ်တယ်။ အဲ့တာ...ဘာဖြစ်လို့လဲ"

ကြယ်လေး ပြုံးသည်။

"ကျွန်တော်သိချင်တာက နက္ခတ်ကလေ အရင်တုန်းက ယောက်ျားလေးတွေနဲ့ တွဲဖူးလားလို့..."

"တွဲဖူးတယ်လို့ပြောရမလား​။ ဒါပေမဲ့ အဲ့တာက မတွဲဖူးဘူးလို့လည်း အဓိပ္ပါယ်သက်ရောက်တယ်...တွဲဖူးပေမဲ့ တွဲတာလည်း မဟုတ်နေပြန်ဘူး။ ပြောရရင် နည်းနည်းရှုပ်တယ်။
မတွဲဖူးဘူးပဲ ထားပါတော့..."

"မမ ပြောတာလည်း ရှုပ်နေတာပဲ။ တွဲဖူးလား...မတွဲဖူးဘူးလားပဲ ပြော..."

"မတွဲဖူးဘူး..."

"သူကြိုက်တဲ့ယောက်ျားလေးရော ရှိခဲ့ဖူးလား..."

"ရှိမှာပေါ့။ ငါလည်း အကုန်လုံးတော့ဘယ်သိမလဲ"

"အဲ့တာဆိုရင် သူက အခုယောက်ျားလေးနဲ့ တွဲလောက်မယ်ထင်လား..."

"သူကြိုက်ရင် တွဲမှာပေါ့..."

"အင်းပေါ့နော်...သူကြိုက်ရင်တော့ တွဲမှာပေါ့။ သူက ဘယ်လိုပုံစံမျိုးဆို ကြိုက်လောက်မယ်ထင်လဲ...
ကြာပန်းဖြူလို အလှလေးဆို ကြိုက်လောက်လား..."

ကြယ်လေးသည် မျက်လုံးကိုမှေးကျဉ်း၍ဆိုသည်။
သူသည် အလေးအနက်စဉ်းစားတွေးတောနေလေသည်။

"နေပါဦး....နင်က ဘာလို့ အဲ့တာတွေလာမေးနေတာလဲ.."

နိုးနိုးသည် ပန်းကန်တိုက်သည့်အဖတ်ကို ပစ်ချကာမေးလိုက်​၏။ သူသည် ကြယ်လေးကို တည့်တည့်စိုက်ကြည့်ရင်းဆိုလိုက်သည်။

"မဟုတ်မှလွဲရော...နင် နက္ခတ်ညီကို ကြိုက်နေတာလား..."

"ကျွန်တော်ကလား..."

ကြယ်လေးသည် လူမိသည့်သူခိုးပမာ ထိတ်လန့်သွားမှုများ မျက်နှာတွင် အတိုင်းသားပေါ်နေ​၏။

"ကြယ်လေး..နင် နက္ခတ်ကို Fan တစ်ယောက်အနေနဲ့သဘောကျတာ ဟုတ်တယ်မလား..."

ကြယ်လေးသည် အစ်မဖြစ်သူ နိုးနိုးရှေ့တွင်ပေါ်တင်ဝန်ခံရမည်ကို ရှက်ရွံ့သောကြောင့်

"သေချာတာပေါ့။ ကျွန်တော်က သူ့ကို Fan တစ်ယောက်အနေနဲ့ပဲ သဘောကျတာပါ"

ဟု လိမ်ညာ၍ဆိုလိုက်သည်။

နိုးနိုးသည် သူ့ကိုစိုက်ကြည့်နေ​၏။ ထို့နောက် သက်ပြင်းချကာ ဘေစင်ဘက်ပြန်လှည့်ပြီး ပန်းကန်ဆက်ဆေးနေသည်။

"အင်း...Fan တစ်ယောက်အနေနဲ့ပဲ သဘောကျ...
ငါ နင့်ခံစားချက်တွေကို နာကျင်အောင်တော့ မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ပြောထားမှတော့ဖြစ်မယ်..."

"ဘာကိုလဲ..."

နိုးနိုးသည် ပန်းကန်များကိုရေဆေးပြီးဖြစ်သဖြင့် ဘေစင်အပေါ် ရှိ ပန်းကန်စင်ပေါ် တင်လိုက်သည်။ ပြီးနောက် ကြယ်လေးဘက်ကို လှည့်ကြည့်၍ တည်တည်ငြိမ်ငြိမ်ပြောသည်။

"နက္ခတ်က ရည်းစားရှိတယ်...."

ကြယ်လေး ထိတ်လန့်သွား​၏။ မမျှော်မှန်းထားသော ဝမ်းနည်းဖွယ်ကိစ္စတစ်ခုကို ရုတ်တရက်ကြီးကြားလိုက်သောအခါ သူသည် တိုက်တစ်တိုက်အပေါ်မှပြုတ်ကျသွားသလို ခံစားချက်ကြီးဖြစ်သွားပါ​၏။ စိုးထိတ်မှုအပြင် ဝမ်းနည်းမှုတို့  ပေါ်ပေါက်လာ​သည်။ ရင်ထဲ၌ ကမောက်ကမဖြစ်သွားသော်လည်း မမနိုးနိုး မရိပ်မိစေရန် မျက်နှာကို တည်ထားရသည်။ သူ​၏စိတ်သည် ပန်းကန်စင်ပေါ်တင်ထားသော ပန်းကန်များမှ တတောက်တောက်စီးကျနေသည့် ရေစက်များပမာ အထိန်းအကွပ်မဲ့စွာ ပြုတ်ကျသွား​၏။

"သူ့ကောင်မလေးက Model တစ်ယောက်ပဲ။ တွဲတာ ၇ လလောက်ရှိပြီထင်တယ်။ သူတို့က မီဒီယာတွေ၊ပရိသတ်တွေကို အသိမပေးချင်ကြဘူးလေ။ ငါတို့လိုရင်းနှီးတဲ့ သူတွေလောက်ပဲသိတာ"

"အစ်ကိုက ရည်းစားရှိတာလား.."

ကြယ်လေး မယုံနိုင်စွာ ထပ်ပြောမိသည်။

"ကြယ်လေး...ဒီအစ်မက နင်ဘယ်သူ့ကိုကြိုက်ကြိုက်၊
မိန်းမကြိုက်ကြိုက်....ယောက်ျားကြိုက်ကြိုက်ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ တချို့ကြိုက်လို့ မရနိုင်တဲ့သူတွေကျတော့ ခံစားချက်မဖြစ်လာခင် ကြိုသိမ်းထားလိုက်တာ ကောင်းမယ်..."

နိုးနိုးသည် ကြယ်လေး​၏ပခုံးကို တစ်ချက်ပုတ်ကာ ပြောပြီးထွက်သွား​၏။

ကြယ်လေး​၏မျက်နှာသည် သိသိသာသာမှိုင်ကျသွားသည်။

***********************************
A/N
အချိုတွေများရင် အီတယ်။ အခါးနည်းနည်းစား...🙄

Zawgyi

"မမႏိုးႏိုး...မမႏိုးႏိုး..."

အသံစာစာေလးႏွင့္အတူ အက်ႌႏွစ္ထည္ကိုကိုင္ကာ ၾကယ္ေလးသည္ အိမ္ေရွ႕ခန္းဆီသို႔ ကို႔႐ို႕ကားယားေျပးထြက္လာပါ​၏။ ႏိုးႏိုးသည္ ၾကည့္လက္စ႐ုပ္ရွင္ကားကို ေခတၱရပ္ကာ ၾကယ္ေလးကို လွမ္းၾကည့္လိုက္သည္။
ၾကယ္ေလးက လက္ထဲမွအက်ႌႏွစ္ထည္ကို တစ္လွည့္စီေျမႇာက္ျပ၍

" အျပာလား...အနက္လား..."

ဟုေမးေလသည္။ တကယ္တမ္း ထိုအက်ႌႏွစ္ထည္မွာ
ပုံစံသိပ္ကြာလွသည္ မဟုတ္ပါေခ်။ အျပာေရာင္အက်ႌမွာလည္း အေရာင္ရင့္လြန္းသည့္အတြက္ နက္ျပာဘက္သို႔
ေရာက္ရွိေနၿပီျဖစ္​၏။ လွ်ပ္တျပက္ၾကည့္လိုက္ပါက
ထိုအက်ႌႏွစ္ထည္တြင္ ကြာျခားမႈဟူ၍ရွာေတြ႕လိမ့္မည္မဟုတ္ေခ်။

"အနက္..."

ႏိုးႏိုးေ႐ြးခ်ယ္ေပးလိုက္ေသာအခါ ၾကယ္ေလးက အနက္ေရာင္အက်ႌကို သူ႔ရင္ဘတ္တြင္ကပ္ၾကည့္ေနသည္။

"နင္ ဘယ္သြားမလို႔လဲ။ ဒီေန႔ သင္တန္းမရွိဘူးမလား.."

"မရွိဘူးေလ။ ဒီတိုင္း ကြၽန္ေတာ္  ခ်ိန္းထားတာရွိလို႔..."

"သူငယ္ခ်င္းနဲ႔လား..."

"ဟင့္အင္း..."

"ဒါဆို ကိုယ့္ဘာသာကို ခ်ိန္းၿပီး တစ္ေယာက္တည္း ဒိတ္မလို႔လား..."

"တစ္ေယာက္တည္းအျပင္သြားတယ္ဆိုရင္ ခ်ိန္းတယ္လို႔ေျပာမလား။ တစ္ေယာက္ေယာက္နဲ႔ ခ်ိန္းထားလို႔ပါဆို.."

"ၾကယ္ေလး....ဧကႏၲ နင္ BB cream ေတြလိမ္းထားတာလား..."

ႏိုးႏိုးသည္ ၾကယ္ေလးစိုက္ၾကည့္ရင္း အံ့ဩထူးဆန္းစြာျဖင့္ေမးလိုက္သည္။ အံ့ဩလြန္းသျဖင့္ သူမအသံသည္ အတန္ငယ္ပင္က်ယ္သြား​၏။

ၾကယ္ေလးသည္ ကိုင္ထားေသာအက်ႌႏွစ္ထည္ကို ေဘးရွိခုံေပၚသို႔ အျမန္ပစ္တင္လိုက္ၿပီး မ်က္လုံးႏွစ္လုံးကို ဝိုင္းစက္လ်က္ သူ​၏ပါးျပင္ကို လက္ဖဝါးႏွစ္ဖက္ျဖင့္ ခပ္ဖြဖြထိလိုက္သည္။

"အရမ္း ထူေနလို႔လား..."

ၾကယ္ေလးသည္ မ်က္ေတာင္ကို ႏွစ္ခ်က္မွ်ဆင့္ခတ္၍
တစ္ခ်ိန္တည္းမွာပင္ သူ႔ပါးကိုခပ္ဖြဖြပုတ္သည္။

ႏိုးႏိုးမွာ ပါးစပ္အေဟာင္းသား။

"မထူဘူး...ၾကည့္ေကာင္းတယ္။ ဒါေပမဲ့ နင္ အဲ့လိုလိမ္းရတာမႀကိဳက္ဘူး မဟုတ္လား။ ငါ အဲ့ဒီ့ Cream နင့္အတြက္
ဝယ္ေပးလာတုန္းက နင္ပဲ အဲ့လိုေတြလိမ္းရတာ မႀကိဳက္ဘူးဆိုၿပီး ေျပာတယ္ေလ..."

"အဲ့တာကေတာ့... မမႏိုးႏိုးက ေဈးႀကီးေပးၿပီးဝယ္ေပးထားရတာေလ။ မလိမ္းရင္ ႏွေျမာစရာႀကီးမို႔။ အခုလိမ္းၾကည့္လိုက္ေတာ့ ေစးကပ္ကပ္လည္းမေနဘူး။ ကြၽန္ေတာ့္အသားအေရလည္း ပိုၿပီးၾကည္လင္ဝင္းပသြားသလိုပဲ။ ဒီနားက ကြၽန္ေတာ့္မဲ့ေျခာက္ေလးေတြ ဖုံးသြားၿပီ"

" အခု BB cream ေၾကာ္ျငာေနတာလား..."

ၾကယ္ေလးက ၿပဳံး၍ပခုံးတြန႔္ျပ​၏။ ထို႔ေနာက္ သူ႔အက်ႌႏွစ္ထည္ကိုျပန္ယူၿပီး အိမ္အတြင္းထဲျပန္ဝင္သြား​သည္။
ဆယ္မိနစ္ခန႔္ၾကာေသာ္ အျပင္အဝတ္အစားလဲၿပီး သန႔္ျပန႔္ေနေသာပုံစံႏွင့္ ျပန္ထြက္လာ​၏။ ၾကယ္ေလးသည္ ဖုန္းကိုနားတြင္ကပ္ထားကာ ခ်ိဳခ်ိဳသာသာအသံေလးျဖင့္ ဖုန္းေျပာေန​သည္။

"အိမ္ေရွ႕ေရာက္ေတာ့မွာလား...ဟုတ္....ကြၽန္ေတာ္ထြက္လာၿပီ..."

ၾကယ္ေလး ဖုန္းေျပာေနေသာစကားမ်ားကို ႏိုးႏိုး နားစြန္နားဖ်ားၾကားလိုက္ရသည္။ ၾကယ္ေလးက အိမ္အဝင္ေပါက္ဝ၌ ဖိနပ္စီးေနရင္း ဧည့္ခန္းတြင္ထိုင္ေနေသာ ႏိုးႏိုးကိုလွမ္းၾကည့္ကာ

"ကြၽန္ေတာ္ သြားၿပီေနာ္..."

ဟု လွမ္းႏႈတ္ဆက္လိုက္ေသး​သည္။ ထို႔ေနာက္ ၿခံအျပင္ဘက္သို႔ ေျမာက္ႂကြေျမာက္ႂကြႏွင့္ ထြက္သြားသည္။

ႏိုးႏိုးသည္ စပ္စုခ်င္စိတ္ျဖင့္ အနီးရွိျပတင္းေပါက္ကေန ၿခံအျပင္ဘက္ရွိ ၾကယ္ေလးဆီ လွမ္းၾကည့္ေနသည္။

​မိမိတို႔ၿခံေရွ႕သို႔ ကားအနက္တစ္စီးထိုးရပ္လာ​၏။ ၾကယ္ေလးက ကားအေရွ႕ခန္းတံခါးကို ဖြင့္လိုက္သည္။ ၾကယ္ေလးသည္ ကားေပၚသို႔အလ်င္အျမန္တက္သြားျခင္း ျဖစ္ေသာ္လည္း တံခါးဖြင့္လိုက္ခ်ိန္တြင္ ေမာင္းသူခုံတြင္ထိုင္ေနေသာ နကၡတ္ကို ႏိုးႏိုး ေသခ်ာေပါက္ကို ျပတ္ျပတ္သားသားျမင္လိုက္ရပါသည္။

"ၾကယ္ေလးက နကၡတ္နဲ႔ခ်ိန္းထားတာလား..သူ မႀကိဳက္တဲ့ BB cream ေတြလိမ္းၿပီးေတာ့ေလ..."

ႏိုးႏိုး တအံ့တဩဆိုလိုက္သည္။

*****************************

နကၡတ္​​၏ ေပါ့ပါးသြက္လက္ကာေတာက္ပေသာ မ်က္ဝန္းမ်ားသည္ ကားေရွ႕ရွိလမ္းမထက္ကို စူးစိုက္ၾကည့္ေန​၏။
သူသည္ ဂုတ္ထိရွည္ေသာသူ​၏ညိဳရင့္ရင့္ ဆံပင္ရွည္မ်ားကိုမစည္းေႏွာင္ဘဲ ကပိုက႐ိုခ်ထားရာ ႏွစ္လိုဖြယ္ပုံစံႏွင့္ဆြဲေဆာင္မႈတစ္စုံတရာ ေရာေႏွာေနၿပီး အလြန္တရာၾကည့္ေကာင္းေန​သည္။ ထို႔အျပင္ ႐ိုးရွင္းလွပါေသာ အနက္ေရာင္ေျပာင္အက်ႌကို ေပါ့ေပါ့ပါးပါးေလးဝတ္ဆင္ထားေသာ္လည္း နကၡတ္​၏အရွိန္အဝါေၾကာင့္လားမသိပါ၊ ေၾကာ့ရွင္းေသာ ေႏြးေထြးသည့္ခံစားခ်က္မ်ိဳး ထြက္ေပၚေန​၏။ ထပ္ဆင့္၍ စူးရွေသာေရေမႊးရနံ႔ျပင္းျပင္းမွာလည္း နကၡတ္​၏ခႏၶာကိုယ္ထံမွ ပ်ံံ့လြင့္ေနသည္။
ေရေမႊးရနံ႔၊ ဝတ္ပုံစားပုံအျပင္အဆင္ကို ေပါင္းစပ္လိုက္ေသာအခါ နကၡတ္မွာ ဆြဲေဆာင္မႈရွိကာ အလြန္တရာစမတ္က်ေနသည္။

"ဘာစားခ်င္လဲ..."

နကၡတ္က ေရွ႕တည့္တည့္ကိုၾကည့္ေနရာမွ ၾကယ္ေလးဘက္သို႔ ျဖတ္ခနဲလွည့္ၾကည့္ၿပီးေမး​၏။ သူ႔ ႏႈတ္ခမ္းထက္တြင္ အၿပဳံးတစ္ခုတြဲလြဲခိုေနရာ ပါးတစ္ဖက္စီတြင္ အခ်ိဳင့္ကေလးႏွစ္ခု ခပ္ေရးေရးေပၚေန​သည္။

ၾကယ္ေလးသည္ ကားေပၚစ,ေရာက္ကတည္းက ဆြဲေဆာင္မႈျပည့္ေနေသာနကၡတ္ကို မေငးၾကည့္ဘဲ မေနႏိုင္ျဖစ္ေနသည္။ ေဘးသို႔ေစာင္းၿပီး နကၡတ္ကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနရန္မွာလည္း ရွက္စရာေကာင္းေသာေၾကာင့္ လူမသိေအာင္ မသိမသာခိုးၾကည့္ေနရသည္။ ခိုးၾကည့္ေနခိုက္မွာပင္ နကၡတ္က သူ႔ဘက္ကိုလွည့္ၾကည့္လာသျဖင့္ သူ တုန္တက္သည္အထိ ၾကက္သီးထ,သြားသည္။

"ဘာပဲျဖစ္ျဖစ္ ရပါတယ္..."

"အားမနာဘဲ ေျပာပါ...မင္းစားခ်င္တာကို ဝယ္ေကြၽးမွာမို႔လို႔..."

"ဒါဆို...ပီဇာ....ဆိုရင္ေရာ..."

ၾကယ္ေလးသည္ အသံကိုႏွိမ့္ေျပာ​၏။

"ရပါတယ္ဗ်ာ..."

နကၡတ္သည္ တည္ၿငိမ္ေသာအသံႏွင့္ဆိုၿပီးေနာက္ တစ္ဆက္တည္းပင္

" ပီဇာက စေတာ္ဘယ္ရီပီဇာေတာ့ မရဘူးေနာ္"

ဟု ရယ္က်ဲက်ဲျဖင့္ဆိုေလသည္။ ၾကယ္ေလး ခပ္တိမ္တိမ္ရယ္လိုက္သည္။

ထို႔ေနာက္ ၾကယ္ေလးသည္ နကၡတ္ညီဘက္ကို ထပ္မံ၍ေစာင္းၾကည့္လိုက္​ျပန္​၏။ နကၡတ္ထံမွျဖစ္ေသာ ေရေမႊးရနံ႔ကိုရႈိက္ရွဴရင္း သူ႔စိတ္ထဲသိသိသာသာျမဴးထူးသြားသည္။ မည္သူမဆို သေဘာက်ႏွစ္သက္သူအနားေရာက္ရွိေနပါက အလိုေလ်ာက္ေပ်ာ္႐ႊင္ေနတတ္သည္ မဟုတ္ပါလား။

သူတို႔ႏွစ္ေယာက္သည္ ပီဇာဆိုင္သို႔ေရာက္ရွိၿပီးေနာက္
စားပြဲတစ္ခုတြင္ မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္လိုက္သည္။
နကၡတ္သည္  မီႏူးစာအုပ္ကိုလွန္ကာ စိတ္ဝင္တစားၾကည့္ေနသည္။

နကၡတ္က  သူ႔မ်က္ႏွာအေပၚေဝ့က်လာေသာ ဆံပင္ရွည္တို႔ကို နား႐ြက္ေနာက္သို႔ သပ္တင္လိုက္သည္။ ေငြေရာင္လက္စြပ္ကို လက္သန္းတြင္ဝတ္ဆင္ထားပါေသာ နကၡတ္​​၏လက္ကို ၾကယ္ေလး အမႈမဲ့ေငးၾကည့္မိသြား​၏။
သန႔္ျပန႔္ေနေသာထိုလက္ႏွင့္ ဆံပင္ကိုသပ္တင္လိုက္ေသာ နကၡတ္​၏ပုံရိပ္မွာ အလြန္အမင္းၾကည့္ေကာင္းၿပီး စတိုင္လ္က်ေနသည္။ ဆံပင္သပ္တင္ျခင္းမွာ ႐ိုးရွင္းပါသည္။
သို႔ေသာ္ နကၡတ္မို႔လို႔ ႐ိုးရွင္းေသာအမူအရာေလးကအစ
ၾကယ္ေလးအတြက္ ဆန္းျပားေသာ ဆြဲေဆာင္မႈတစ္ခု ျဖစ္ေနသည္။

"မင္း မစားတဲ့အသား ရွိလား..."

" ကြၽန္ေတာ္ အကုန္စားတယ္"

" Hawaiian Pizza ႀကိဳက္လား..."

နကၡတ္က မီႏူးစာအုပ္ကို စိုက္ၾကည့္ေနရင္းေမးသည္။
မီႏူးထဲစိတ္ေရာက္ေနသည္မို႔ ၾကယ္ေလးက သူ႔ကိုေငးၾကည့္ေနမွန္း နကၡတ္မသိပါ။ ၾကယ္ေလးစိတ္ထဲ အေတြးတစ္ခုသာရွိသည္။

ဘာလို႔မ်ား နကၡတ္ဟာ ဒီေလာက္ၾကည့္ေကာင္းေနရတာလဲ...

" BBQ chicken က အစ္ကိုႀကိဳက္တယ္။ ဒါေပမဲ့ ၾကယ္ေလး ႀကိဳက္တာေ႐ြးပါ..."

ၾကယ္ေလးသည္ အားနာတတ္ေသာစိတ္ေၾကာင့္ တစ္ဖက္သားမွဝယ္ေကြၽးမည္ဆိုတိုင္း ေဈးႀကီးသည့္အစားအစာကိုေတာ့ မစားခ်င္ပါ။ ထို႔ေၾကာင့္ သူသည္ ပီဇာ​၏ေဈးႏႈန္းကို အရင္ေမးရန္ ေတြးလိုက္​၏။

"အစ္ကိုက ဘယ္ေလာက္လဲ..."

တကယ္တမ္းေမးခ်င္သည္မွာ ပီဇာ​၏ေဈးႏႈန္းျဖစ္ေသာ္လည္း နကၡတ္ကိုၾကည့္ေနရင္းေျပာလိုက္သည္မို႔
ထိုစကားအတိုင္း လႊတ္ခနဲထြက္သြား​၏။ သူထိုကဲ့သို႔ေျပာလိုက္မိမွန္းလည္း သူ႔ကိုယ္သူ သတိမထားမိလိုက္ေခ်။

"၁၈၉၀၀ "

မီႏူးကိုသာ စိတ္ေရာက္ေနေသာနကၡတ္ကလည္း မီႏူးစာအုပ္ထဲမွ ပီဇာ​၏ေဈးႏႈန္းကို သမာ႐ိုးက်ျပန္ေျဖသည္။ သို႔ေသာ္ နကၡတ္သည္ ေဈးႏႈန္းကိုေျပာၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ၾကယ္ေလး​၏ေမးခြန္းထဲ တစ္စုံတရာမွားယြင္းေနမွန္း သတိထားမိသြားသည္။

ပီဇာဘယ္ေလာက္လဲ လို႔ေျပာရမယ့္အစား အစ္ကိုက ဘယ္ေလာက္လဲ လို႔ေမးလိုက္တာလား....

နကၡတ္သည္ မီႏူးကိုငုံ႔ၾကည့္ေနရာမွ ၾကယ္ေလးကိုေမာ့ၾကည့္လိုက္သည္။ ၾကယ္ေလးဘက္ကလည္း စကားမွားသြားသည့္အျပင္ သူကပါေမးခြန္းကိုေသခ်ာမစဥ္းစားဘဲ ျပန္ေျဖလိုက္သည္ကို သိလိုက္သည္ႏွင့္ နကၡတ္ ထ,ရယ္မိေတာ့သည္။

ၾကယ္ေလးသည္ အစကသူ႔ေမးခြန္းမွားသြားသည္ကို သတိမထားမိလိုက္ရာမွ နကၡတ္ရယ္ေသာအခါ သူ​၏အမွားကို ျပန္စဥ္းစားမိၿပီး သတိထားမိသြား​၏။
ၾကယ္ေလးရွက္သြားသည္။ သို႔ေသာ္ နကၡတ္မွ ေပါ့ေပါ့ပါးပါးရယ္ေနေၾကာင္းေတြ႕ေသာအခါ သူ​၏ရွက္စိတ္မ်ားေပ်ာက္ကြယ္သြားၿပီး ရယ္ခ်င္စိတ္မ်ား တဖြားဖြားေပၚလာ​၏။ ၾကယ္ေလးသည္လည္း နကၡတ္ႏွင့္အတူ ရယ္လိုက္မိ​၏။

"ပီဇာကေတာ့ ၁၈၉၀၀ပါ။ အစ္ကိုကေတာ့ အဲ့ထက္ ပိုေဈးႀကီးပါတယ္.."

နကၡတ္က ခပ္ေနာက္ေနာက္ေျပာသည္။

"ဟုတ္လား...အစ္ကိုက ဘယ္ေလာက္မို႔လို႔လဲ.."

"one billion ေလာက္...အာ...one billion ကနည္းမယ္ထင္တယ္။ ဝယ္တဲ့လူေပၚ မူတည္မွာေပါ့။ ဝယ္တဲ့လူေပၚ မူတည္ၿပီး ေဈးေျပာင္းမယ္..."

နကၡတ္သည္ ရယ္၍ေျပာရင္း ၾကယ္ေလးဘက္ကို မီႏူးစာအုပ္ထိုးေပးသည္။

"ေရာ့...မင္းႀကိဳက္တာ မွာပါ..."

"ဟို...BBQ chicken ပဲစားမယ္ေလ..."

"Okဗ်.."

နကၡတ္ ေခါင္းညိတ္ျပၿပီး စားပြဲထိုးတစ္ေယာက္ကိုေခၚကာ မွာလိုက္​၏။ ပီဇာ လာခ်ရန္ ေစာင့္ဆိုင္းရသည္မို႔ ထိုအခ်ိန္အတြင္း သူတို႔ႏွစ္ေယာက္ စကားစျမည္ေျပာျဖစ္ၾက​၏။

"ၾကယ္ေလး...မင္း သ႐ုပ္ေဆာင္လုပ္ဖို႔မစဥ္းစားဖူးဘူးလား...သ႐ုပ္ေဆာင္မဟုတ္ေတာင္ ေမာ္လ္ဒယ္လုပ္ဖို႔ေရာ မစဥ္းစားဖူးဘူးလား..."

"ဟင့္အင္း...ကြၽန္ေတာ္က အဲ့လိုမ်ိဳးလူအာ႐ုံစိုက္ခံရတဲ့
အလုပ္မ်ိဳးမႀကိဳက္လို႔ မစဥ္းစားဖူးဘူး။ ဘာျဖစ္လို႔လဲ.."

"ဘာလို႔လဲဆိုေတာ့ မင္း႐ုပ္ရွည္က အဲ့လိုပုံစံမ်ိဳးေပါက္လို႔။ သ႐ုပ္ေဆာင္ ဒါမွမဟုတ္ ေမာ္လ္ဒယ္လို႐ုပ္ရည္မ်ိဳးရွိတယ္"

"ကြၽန္ေတာ္ကလား..."

ၾကယ္ေလးသည္ သူ႔ပါးႏွစ္ဖက္ကို လက္ဖဝါးႏွစ္ဖက္ျဖင့္ ဖြဖြေလးထိလိုက္​၏။ သ႐ုပ္ေဆာင္ သို႔မဟုတ္ ေမာ္ဒယ္လို႐ုပ္ရွည္မ်ိဳးဆိုသည္မွာ တစ္နည္းအားျဖင့္ ေခ်ာသည္ဟု ဆိုလိုသည္ မဟုတ္ပါလား။

နကၡတ္က သူ႔ကိုေခ်ာတယ္လို႔ ဆိုလိုလိုက္တာလား...
ၾကယ္ေလးသည္ ေလထဲေျမာက္တက္သြားသလိုပင္။

"အင္းဆို.."

"အစ္ကို ကြၽန္ေတာ့္ကိုေျမႇာက္ေျပာေနတာမလား.."

"မေျမႇာက္ပါဘူး.... တကယ္ေျပာတာ။ ဒီလိုမ်ိဳးရွိတယ္ကြာ... ႐ုပ္ေခ်ာတယ္ဆိုတိုင္းလည္း သ႐ုပ္ေဆာင္ ဒါမွမဟုတ္ ေမာ္ဒယ္လိုခံစားခ်က္မ်ိဳးမရဘူး။ တခ်ိဳ႕က် မႈန္ေနေအာင္ေခ်ာေပမဲ့ ဆြဲေဆာင္မႈမရွိဘူး။ တစ္ခုခုလိုအပ္ေနသလိုမ်ိဳးျဖစ္ေနၿပီးေတာ့ စန္းမရွိဘူး။ အဲ့လိုမ်ိဳး...
သ႐ုပ္ေဆာင္႐ုပ္တို႔ဘာတို႔ ဆိုတာက အရမ္းႀကီးမေခ်ာရင္ေတာင္ သူတို႔မွာ ဆြဲေဆာင္မႈတစ္ခုခုကို ေသခ်ာေပါက္ရွိေနတာ။ လူေတြက သူတို႔ကိုၾကည့္လိုက္တာနဲ႔ သေဘာက်သြားေလာက္တဲ့ ပုံစံမ်ိဳးကိုရွိေနတတ္တယ္။ အဲ့တာကို ဘယ္လိုေျပာမလဲ...စန္းရွိတယ္ လို႔ပဲေခၚမလား.."

"ကြၽန္ေတာ္က စန္းရွိတာလား...."

"ဟုတ္တယ္...။ အစ္ကို ေသခ်ာေတာ့မေျပာတတ္ဘူး။ ဒါေပမဲ့ မင္းမွာ ၾကည္လင္တဲ့ဆြဲေဆာင္မႈတစ္ခုရွိေနတာမ်ိဳး အစ္ကိုခံစားမိတယ္.."

"ၾကည္လင္တဲ့ဆြဲေဆာင္မႈ? ဘာႀကီးလဲ..."

"အင္း...ဘယ္လိုေျပာရမလဲ.."

နကၡတ္က စဥ္းစားေနဟန္ျပဳ​၏။

"မင္းရဲ႕မ်က္ႏွာပုံစံက masculine ေတာ့ျဖစ္မေနဘူး။
မင္းမ်က္ႏွာက ႏူးႏူးညံ့ညံ့နဲ႔လွတဲ့ မ်က္ႏွာေပါက္မ်ိဳး။ မိန္းမေခ်ာ ေခ်ာတာမ်ိဳးလည္း မဟုတ္ေနဘူးကြာ။ မိန္းကေလးနဲ႔လည္း လုံးဝမတူဘူး။ ဒါေပမဲ့ လွတဲ့ပုံစံမ်ိဳးသြားတယ္။ Hot တာမ်ိဳးမဟုတ္ဘဲ ၾကည့္လိုက္တာနဲ႔ ေအးခ်မ္းသြားတဲ့ ျဖဴစင္တဲ့ဆြဲေဆာင္မႈမ်ိဳး။ ႏုႏုဖတ္ဖတ္ ၾကာပန္းေလးလိုပဲ...အလွေလး..."

"အလွေလးတဲ့လား.."

ၾကယ္ေလး မ်က္ႏွာရဲတက္သြား​၏။ သူ အရွက္ေျပ ခပ္ဟဟရယ္သည္။

"ၾကည့္ရတာ ဒီေန႔ အစ္ကိုမုန႔္ဝယ္မေကြၽးဘဲ ကြၽန္ေတာ္က ျပန္ဝယ္ေကြၽးရေတာ့မယ္ထင္တယ္..."

"ဟ..ဟ အစ္ကိုက မုန႔္စားခ်င္လို႔ ေျမႇာက္ေျပာေနတာမွ မဟုတ္ဘဲ။ မင္းလိုမ်ိဳး ႏူးႏူးညံ့ညံ့နဲ႔လွတာ အစ္ကို႔သူငယ္ခ်င္းတစ္ေယာက္ရွိတယ္...သူ႔Jaw line က်ေတာ့ ေယာက္်ားဆန္ၿပီးလွတယ္"

"အာ...ဟိုတစ္ခါေတြ႕တုန္းက အသားျဖဴျဖဴနဲ႔ ...မ်က္မွန္နဲ႔...အရပ္ရွည္ရွည္ ခပ္ေခ်ာေခ်ာ အစ္ကို ကိုေျပာတာမလား..."

"ရွင္းယံေလ...အင္း...မင္းမွတ္မိသားပဲ..."

"အဲ့အစ္ကိုရည္းစားက မမႏိုးႏိုး သူငယ္ခ်င္းမလား။
မမႏိုးႏိုးက သူတို႔အေၾကာင္းခဏခဏေျပာတယ္။ သူ ေအာင္သြယ္လုပ္လို႔ ညားသြားတဲ့အတြဲဆိုၿပီး...သူ အရမ္းဂုဏ္ယူေနတာ။ ၿပီးေတာ့ အဲ့အစ္ကိုက ေတာ္ေတာ္ခ်မ္းသာတဲ့ပုံပဲေနာ္။ ကြၽန္ေတာ္ သူ႔ကို follow ထားတယ္ေလ..."

ၾကယ္ေလးက သူ႔ဖုန္းကိုဖြင့္လိုက္သည္။

"ဟိုတစ္ေန႔က ေရွာ့ပင္းစင္တာတစ္ခုမွာ သူငယ္ခ်င္းတစ္ေယာက္ကိုပို႔ဖို႔ ဓာတ္ပုံ႐ိုက္ေနတုန္း အဲ့ပုံထဲ အဲ့အစ္ကိုပါလာတယ္။ ကြၽန္ေတာ္လည္း သတိမထားမိလိုက္ဘူး။
အိမ္ျပန္ေရာက္လို႔ အဲ့ပုံကိုျပန္ၾကည့္မွ သိလိုက္တာ"

ၾကယ္ေလးက ဖုန္းထဲမွ သူ​၏ Selfie ပုံတစ္ခုကို ဖြင့္လ်က္ နကၡတ္အားျပ​၏။

ပုံထဲတြင္ ၾကယ္ေလးသည္ႏႈတ္ခမ္းကို ဘဲႏႈတ္သီးပမာ
ေထာ္၍ဆူထားၿပီး မ်က္လုံးကိုအစြမ္းကုန္ျပဴးထား​၏။ သူငယ္ခ်င္းကိုပို႔ရန္ပုံမို႔ ဒီလိုပုံစံမ်ိဳးျဖစ္ေနသည္မွာ ယုတၱိေတာ့ရွိပါသည္။ ၾကယ္ေလး​၏ေနာက္တြင္ ရွင္းယံ​၏ပုံမွာ ျပဴးေနသည္။ ခပ္ေဝးေဝးမွျဖစ္ေသာ္လည္း ရွင္းယံမွန္း သိသာလွပါသည္။

"အဲ့အစ္ကို ဟုတ္တယ္မလား..."

ၾကယ္ေလး ေမးသည္။

"အင္း...ဟုတ္တယ္"

နကၡတ္သည္ ပုံကိုၾကည့္ရင္း မ်က္ခုံးတို႔မသိမသာတြန႔္ခ်ိဳးသြားသည္။

ရွင္းယံသည္ သူ​၏ေဘးရွိလူတစ္ေယာက္ကို ငုံ႔ၾကည့္ေန​၏။ ရွင္းယံေဘးတြင္ရွိေသာ ေကာင္ေလးမွာ ေနာက္ေက်ာလွည့္ထားေသာေၾကာင့္ မ်က္ႏွာကိုေတာ့ မျမင္ရ။ ထိုေကာင္ေလး​၏ ဆံပင္ကေတာ့ ပန္းေရာင္။

နကၡတ္သည္ ပုံကိုၿဖဲၾကည့္လိုက္သည္။

သူ႔အျမင္မမွားပါက ရွင္းယံက ထိုေကာင္ေလးနဲ႔ လက္ကိုင္ထားတာလား!

လင္းသုခတ္က ဆံပင္ပန္းေရာင္နဲ႔မွ မဟုတ္တာ...

"ပီဇာ လာၿပီ"

နကၡတ္ၾကည့္ေနခိုက္မွာပင္ ၾကယ္ေလးသည္ ဖုန္းကို ဆတ္ခနဲျပန္ဆြဲယူသြား​၏။ နကၡတ္သည္ ထိုပုံကိုေသခ်ာၾကည့္ခ်င္သျဖင့္ ဖုန္းကိုျပန္ေတာင္းခ်င္ေသာ္လည္း သူမ်ားဖုန္းမို႔ ျပန္မေတာင္းျဖစ္ခဲ့ေပ။

သူ အျမင္မွားတာျဖစ္မည္ဟု ေတြးလိုက္သည္။
သူ႔ သူငယ္ခ်င္း ရွင္းယံအေၾကာင္း သူအသိဆုံးျဖစ္သည္။
ရွင္းယံက လင္းသုခတ္မဟုတ္တဲ့ တျခားတစ္ေယာက္နဲ႔
ဆိုသည့္ကိစၥမွာ လုံးဝမျဖစ္ႏိုင္မွန္း နကၡတ္သိသည္။ အကယ္၍ထိုကဲ့သို႔ ျဖစ္ေနမည္ဆိုပါကလည္း ရွင္းယံဟာ
နကၡတ္ကို အရင္ဦးဆုံးေျပာျပမည့္သူသာ ျဖစ္​၏။

ၿပီးေတာ့ ရွင္းယံလို လူေအးႀကီးကေလ....
နကၡတ္ငယ္႐ြယ္စဥ္ ဖလန္းဖလန္းထခဲ့စဥ္က ရည္းစားေပါင္းေသာင္းေျခာက္ေထာင္ထားခဲ့သည့္ကိစၥကိုပင္ မႀကိဳက္ေသာ ရွင္းယံက....
တျခားတစ္ေယာက္ႏွင့္ႀကိတ္တြဲေနသည္ဟူေသာ စကားကိုၾကားပါက ေဘးနားျဖတ္သြားသည့္ေခြးေတာင္ အူတက္ေအာင္ ရယ္လိမ့္မည္။

ထို႔အျပင္ တစ္ႏိုင္ငံထဲအတူမရွိခဲ့ေသာ ႏွစ္မ်ားစြာတြင္ေတာင္ လင္းမွလြဲ ဖြဲနဲ႔ဆန္ကြဲျဖစ္ခဲ့ေသာ ရွင္းယံက
ဒီလိုမ်ိဳး လင္းကို သစၥာေဖာက္ဖို႔ဆိုတာ ေသေတာင္မျဖစ္ႏိုင္ပါ။

နကၡတ္သည္ ေခါင္းကိုခါကာ ထိုအေတြးတို႔ကို ဖယ္ထုတ္လိုက္သည္။

ပူပူေႏြးေႏြးပီဇာသည္ သူတို႔ႏွစ္ေယာက္ေရွ႕ေရာက္ရွိလာသည္။

"စားေကာင္းမယ့္ပုံပဲ..."

ၾကယ္ေလးသည္ လက္သီးႏွစ္ဖက္ကို ခပ္ဖြဖြဆုပ္လ်က္
စိတ္လႈပ္ရွားေနသည့္ကေလးငယ္ပမာ တဆက္ဆက္ခါရမ္းသည္။

နကၡတ္ သူ႔ပုံကိုလွမ္းၾကည့္ရင္း တစ္ခ်က္ၿပဳံးလိုက္မိသည္။

ၾကယ္ေလးက ပီဇာအစိတ္တစ္စိတ္ကို နကၡတ္ပန္းကန္ထဲ အရင္ဦးဆုံးထည့္ေပးသည္။

"ရပါတယ္...အစ္ကို႔ဘာသာယူစားပါမယ္.."

နကၡတ္ေျပာေသာ အလွေလးသည္ ပါးေလးႏွစ္ဖက္ကို ေဖာင္းေအာင္ၿပဳံးျပ​၏။ ထို႔ေနာက္ ပီဇာတစ္စိတ္ကို ယူၿပီး အားရပါးရစားေနသည္။

"Cola မွာေပးမယ္ေနာ္.."

"ဟုတ္.."

​နကၡတ္သည္ ေသာက္စရာအျဖစ္ Cola ကို Jar တစ္ခုမွာလိုက္သည္။

ၾကယ္ေလးသည္ အေတာ္စားႏိုင္​၏။ ပီဇာ​၏ သုံးပုံႏွစ္ပုံခန႔္သည္ ၾကယ္ေလး​၏လက္ခ်က္ျဖင့္ ေပ်ာက္ကြယ္သြားရသည္ ျဖစ္​သည္။ ၾကယ္ေလးမွာ အစားအေသာက္ႏွင့္ေတြ႕ေသာ္ နကၡတ္ကိုပင္ဂ႐ုမစိုက္ေတာ့ဘဲ ပီဇာအေပၚသာ သူ​၏အာ႐ုံစိုက္မႈတစ္ခုလုံးကို ျမဳပ္ႏွံထားေလသည္။

နကၡတ္သည္ ေကာင္းေကာင္းစားႏိုင္ေသာသူမ်ားကို သေဘာက်ေလ့ရွိသည္။ နကၡတ္ကိုယ္တိုင္လည္း ေကာင္းေကာင္းစားႏိုင္သည့္အျပင္ ထိုသို႔အစားအေသာက္ကို ၿမိန္ေရရွက္ေရစားႏိုင္သူမ်ားကိုေတြ႕လွ်င္ သေဘာက်ေလ့ရွိသည္။ နကၡတ္​၏အႀကိဳက္မွာ ထူးဆန္းသည္ဟုဆိုႏိုင္​သည္။ နကၡတ္​၏ခံယူခ်က္တစ္ခုမွာ အစားအေသာက္ေကာင္းေကာင္းစားႏိုင္သူႏွင့္ေတြ႕ပါက ထိုသူႏွင့္အတူ ဆိုင္တကာလွည့္ပတ္စားႏိုင္မည္ဟူ၍။ ခ်စ္သူႏွစ္ဦးေတြ႕ပါက ဘယ္လိုဒိတ္မ်ိဳး ျပဳလုပ္ရမည္ဆိုသည္မွာ အလြန္ေခါင္းစားရေသာ ကိစၥျဖစ္သည္။ ထိုသို႔ေသာ ကိစၥမ်ားတြင္ အစားသမားႏွင့္တြဲပါက စိတ္တူကိုယ္တူ လွည့္ပတ္စားႏိုင္သျဖင့္ စိတ္ခ်မ္းသာရမည္ဟု သူထင္သည္။
anni date မ်ားတြင္လည္း လက္ေဆာင္အျဖစ္ မုန႔္မ်ားဝယ္ေပးလိုက္ရင္ ၿပီးၿပီ။ လက္ေဆာင္ကိစၥလည္း ေခါင္းစားစရာမလိုေတာ့။ ထို႔ေၾကာင့္ အမ်ားႀကီးစားႏိုင္သူမ်ားကို သူ သေဘာက်ျခင္းျဖစ္သည္။

နကၡတ္​၏ဘဝပန္းတိုင္မွာ မေသခင္အခ်ိန္အတြင္း အစားအစာလက္ရာအသစ္ အသစ္မ်ားကို တတ္ႏိုင္သေလာက္စားခဲ့ရန္ျဖစ္သည္။ ထိုပန္းတိုင္အတြက္ နကၡတ္ကို ပါရမီျဖည့္ရန္ ေကာင္းေကာင္းစားႏိုင္ေသာသူ လိုအပ္သည္။

ေကာင္းေကာင္းစားႏိုင္သူမ်ားကို သေဘာက်ေသာ္လည္း
နကၡတ္တြဲခဲ့သည့္သူမ်ားတြင္ ေၾကာင္စာမွ်သာစားႏိုင္သည့္ မိန္းကေလးမ်ားလည္း ပါခဲ့ပါသည္။ နကၡတ္တြဲခဲ့ေသာ မိန္းကေလးသုံးပုံတစ္ပုံခန႔္မွာ ဝိတ္တက္မည္စိုး၍လား၊
နကၡတ္ေရွ႕မို႔ဟန္ေဆာင္၍လား မသိေသာ္ျငား တစ္လုတ္၊ႏွစ္လုတ္မွ်စားၿပီးခ်ိန္တြင္ "မစားႏိုင္ေတာ့ဘူး" ဟုညည္းတြားၾက​၏။ မ်ားေသာအားျဖင့္ေတာ့ နကၡတ္သည္ ေကာင္းေကာင္းစားႏိုင္သူမ်ားကို တြဲခဲ့​၏။

အမွန္တိုင္းေျပာပါက လြန္ခဲ့ေသာႏွစ္မ်ားစြာက လင္းကိုသေဘာက်ခဲ့သည္မွာလည္း ေကာင္းေကာင္းစားႏိုင္သည့္အခ်က္တစ္ခ်က္ ပါဝင္ေနခဲ့သည္​။

"ၾကယ္ေလးက အမ်ားႀကီး စားႏိုင္တာပဲ..."

ၾကယ္ေလး ပလုတ္ပေလာင္းႏွင့္ၿပဳံးျပ​၏။ သူ​သည္ အစာမ်ားကိုပါးေစာင္ထဲႁပြတ္သိပ္ထည့္ထားသည့္ ဟမ္းစတားတစ္ေကာင္ႏွင့္ပင္ တူေနေသးသည္။  သူသည္ နကၡတ္ကိုစကားျပန္ေျပာခ်င္ပါေသာ္လည္း ပါးစပ္ထဲအစာမ်ားျပည့္ေနသည္မို႔ ျပန္မေျပာျဖစ္ခဲ့ေပ။ ေခါင္းတစ္ခ်က္သာ ညိတ္ျပ​၏။

"ေကာင္းတယ္...စားႏိုင္တုန္းအ႐ြယ္မွာ စားထားရတာ။
လူျဖစ္တာ ဘာလုပ္ဖို႔လဲ...ေသခ်ာေပါက္ ေကာင္းေကာင္းမြန္မြန္ စားေသာက္ဖို႔ပဲေပါ့..."

နကၡတ္က ေလသံေအးျဖင့္ေျပာရင္း ခြက္ထဲသို႔ Cola ငွဲ႔ထည့္ေနသည္။

"အင့္...အင့္"

ေျပာရင္းဆိုရင္း ၾကယ္ေလး ႀကိဳ႕ထ,ထိုးေလသည္။ ၾကယ္ေလးသည္ သူ​၏ပါးစပ္ေလးကို လက္ဖဝါးျဖင့္ ဖိပိတ္တ္လိုက္​၏။ ႀကိဳ႕ တစ္ခါထိုးတိုင္း သူ​၏ပခုံး တုန္တက္သြားသည္။

"ေရာ့...ေရာ့ ဒါေသာက္လိုက္...ျဖည္းျဖည္းစား...ျဖည္းျဖည္းစား..."

နကၡတ္သည္ လက္ထဲရွိေနေသာ Cola ခြက္ကိုထိုးေပးလိုက္သည္။

ဟမ္းစတားမ်ားမွာ သူတို႔​၏သဘာဝအေလ်ာက္ အစာေတြ႕ေသာအခါ သူတို႔ပါးေစာင္အိတ္ထဲ တတ္ႏိုင္သမွ်အစာမ်ားကို ထိုးထည့္ၾက​၏။ ဤသည္မွာ သူတို႔သည္ ေနာက္တစ္ႀကိမ္ အစာရွာမရမည္ကိုစိုးရိမ္ၾကသျဖင့္ အစာေတြ႕ခိုက္ေလး ရသမွ်အကုန္သိမ္းဆည္းျခင္းျဖစ္သည္။
သို႔ေသာ္ နကၡတ္ေရွ႕တြက္ရွိေသာ အႏွီလူသားေကာင္ေလးမွာေတာ့ ေနာက္တစ္ႀကိမ္အစာရွာမရစရာ အေၾကာင္းမရွိေသာ္လည္း တကယ့္ကို ေကာင္းေကာင္းမြန္မြန္စားေသာက္ေနပါ​၏။

"မင္းက တကယ္ ဟမ္းစတားနဲ႔တူတယ္..."

နကၡတ္ရယ္၍ေျပာမိလိုက္သည္။

"ဒါနဲ႔ ကြၽန္ေတာ္အစ္ကို႔ကို တစ္ခုျပစရာရွိတယ္.."

ၾကယ္ေလးသည္ ဖုန္းကိုထပ္ဖြင့္ျပသည္။

"ကြၽန္ေတာ္က Digital art အမ်ားႀကီးမေတာ္ေပမဲ့ ႀကိဳးစားၿပီးဆြဲထားတာ..."

ၾကယ္ေလးျပေသာပုံမွာ သူကိုယ္တိုင္ဆြဲထားေသာနကၡတ္​၏ပုံျဖစ္ပါ​၏။ နကၡတ္သည္ ထိုပုံကိုၾကည့္ရင္း ေတာက္ပစြာ ၿပဳံးလိုက္သည္။

"ဝါး...တကယ္လွတယ္။ ေတာ္လိုက္တာ...ဖုန္းနဲ႔ဆြဲထားတာလား..."

"ဖုန္းနဲ႔ေတာ့ မဟုတ္ဘူး။ မမႏိုးႏိုးရဲ႕ I pad နဲ႔ဆြဲထားတာ..."

"ႏိုးႏိုးက မင္းကိုေတာ့ ေတာ္ေတာ္ခ်စ္တဲ့ပုံပဲ"

ၾကယ္ေလး ဘာမွမေျပာဘဲ ၿပဳံးသည္။ နကၡတ္သည္ ၾကယ္ေလး​၏ဖုန္းကို ယူလိုက္ၿပီး ပုံကိုအေသအခ်ာစိုက္ၾကည့္ေနသည္။

" တကယ္ လွတယ္။ အစ္ကို႔ကေလးေတြက တကယ္ပဲေတာ္လိုက္ၾကတာ..."

နကၡတ္သည္ သူ​၏Fan မ်ားကို တစ္ခါတေလကေလးဟုေခၚတတ္သည္။ သူ႔Fanမ်ားမွ နကၡတ္​၏ပုံကိုဆြဲေပးေသာအခါ၊ edit ပိုင္းဆိုင္ရာ တစ္စုံတစ္ခုျပဳလုပ္ၿပီး သူတို႔ျပဳလုပ္ထားသည္မ်ားကို ဂုဏ္ယူဝင့္ႂကြားစြာျပသတတ္သည့္အခါမ်ိဳးတြင္ နကၡတ္သည္ ခ်ီးက်ဴးေလ့ရွိပါ​၏။

ဤအခါတြင္လည္း  ေျပာေနၾကအတိုင္း နကၡတ္​၏ပါးစပ္မွ ကေလးဟုလႊတ္ခနဲထြက္သြား​၏။

နကၡတ္ဘက္မွ သာမန္ျဖစ္ေသာ္လည္း ၾကယ္ေလးမွာမူ
ရင္ထဲဒိတ္ခနဲခုန္သြားသည္။ ၾကည္ႏူးမႈႏွင့္အတူ ကိုယ့္ကိုယ္ကိုလည္း ဂုဏ္ယူစိတ္မ်ားျဖစ္သြား​၏။

"ဒါေတာင္ ပုံက လိုအပ္ခ်က္ေတြရွိေနေသးတယ္..."

"ႏွိမ့္ခ်ေနပါၿပီ။ မင္းဆြဲထားတဲ့ပုံက ဒီေလာက္ျပည့္စုံေနတာကို..."

နကၡတ္သည္ ဖုန္းကိုျပန္ေပးၿပီးေနာက္ သူ​၏လက္ကိုဆန႔္ကာ ၾကယ္ေလး​၏ေခါင္းကို အသာအယာလွမ္းပုတ္လိုက္သည္။

"ေတာ္တယ္.."

နကၡတ္ၿပဳံး၍ေျပာသည္။ သူ​၏ပါးထက္တြင္ ပါးခ်ိဳင့္ႏွစ္ခု ခြက္ဝင္ေနသည္။

ၾကယ္ေလး သတိထားမိလိုက္ပါသည္။ သူ​၏ရင္ခုန္သံသည္ တဒိန္းဒိန္းျဖင့္ အဆက္မျပတ္လႈပ္ခါေန​၏။

"ဟို...ကြၽန္ေတာ္...အိမ္သာ...ခဏ...."

ၾကယ္ေလးသည္ စကားလုံးမ်ားကို တစ္လုံးစီျဖတ္ေျပာကာ နကၡတ္ေရွ႕မွ ကမန္းကတန္းထြက္ခဲ့သည္။ အကယ္၍ နကၡတ္ေရွ႕တြင္ ဆက္ထိုင္ေနပါက ရင္အခုန္လြန္ၿပီးေသသြားႏိုင္သည္မို႔ မိမိအသက္ကိုကာကြယ္ရန္ အိမ္သာဆီ အေရးတႀကီးထြက္လာခဲ့သည္။ သူ႔မ်က္ႏွာမွာ
နီရဲေနသည္။

အႏုပညာရွင္တစ္ေယာက္ကို ႀကိဳက္သည္ဟုဆိုရာတြင္
ထိုသူကို ခ်စ္ျမတ္ႏိုးၿပီး သူ​၏အႏုပညာကိုပါ သေဘာက်ေသာေၾကာင့္ အစြမ္းကုန္အားေပးသည္ဟု ဆိုၾက​၏။
အႏုပညာရွင္ကို အႏုပညာရွင္လိုႀကိဳက္သည္ဟု ဆိုၾကေသာ္လည္း အနည္းႏွင့္အမ်ားဆိုသလို ငါ့ေကာင္ေလးသာဆိုရင္၊ ငါ့ေကာင္မေလးသာဆိုရင္ ဟူေသာအေတြးကေတာ့ ရွိၾကစၿမဲျဖစ္သည္။ ပရိသတ္အခ်စ္ႏွင့္ ခ်စ္သူလိုအခ်စ္မွာ တကယ္ပဲ အလႊာပါးပါးေလးျခားပါသလား....

ျဖဴျဖဴစင္စင္ႏွင့္ ဘာရယူလိုျခင္းမ်ားမပါဘဲ ထိုလူကို သေဘာက်ႏွစ္သက္၍အားေပးကာ ထိုသူ​၏ခ်စ္သူ၊ အိမ္ေထာင္ဖက္၊ ကေလးမ်ားကအစ ခ်စ္ေပးေသာ ပရိသတ္မ်ားလည္းရွိပါသည္။ ထိုပရိသတ္မ်ား​၏အခ်စ္က တစ္မ်ိဳး...

သို႔ေသာ္ ယခုအေျခအေနမွာေတာ့ အလႊာပါးပါးေလးသာ ျခားေသာ အခ်စ္ျဖစ္ေနသည္။

တကယ္လို႔...တကယ္လို႔သာ...
Fan တစ္ေယာက္ထက္ပိုေသာ သေဘာက်ျခင္းမ်ိဳးႏွင့္
သေဘာက်ေနခဲ့မည္ ဆိုရင္ေရာ....

ၾကယ္ေလးသည္ ပထမဆုံးအႀကိမ္ျဖင့္ သူ႔ကိုယ္သူေမးခြန္းထုတ္လာခဲ့သည္။

**********************************

ညေန ထမင္းစားအၿပီး၌ ႏိုးႏိုး ပန္းကန္မ်ားေဆးေနခ်ိန္တြင္ ၾကယ္ေလးသည္ အနားသို႔ ေရာက္ရွိလာသည္။
ၾကယ္ေလးသည္ ႏိုးႏိုးကိုၾကည့္ကာ ဘာမွမေျပာဘဲၿပဳံးစိစိလုပ္ေနေသး​၏။ ၾကယ္ေလး ၿပဳံးစိစိလုပ္ေနပါက ေျပာစရာစကားရွိေနမွန္း သိေသာ ႏိုးႏိုးသည္ အရင္ဦးစြာေမးလိုက္သည္။

"ဘာေျပာမလို႔လဲ...ၿပဳံးစိစိ႐ုပ္နဲ႔..."

"ဘာရယ္မဟုတ္ပါဘူး။ ဒီတိုင္း ေမးစရာရွိလို႔..."

ၾကယ္ေလးသည္ သူ​၏လက္ေခ်ာင္းမ်ားကို လိမ္ခ်ိဳးေနသည္။

"ေမးေလ..."

" ဟိုေလ..."

ၾကယ္ေလးသည္ ေခတၱအသံတိတ္သြားၿပီးမွ တိုးညႇင္းေသာအသံမွ်င္မွ်င္ေလးျဖင့္ေမးသည္။

"နကၡတ္ညီက Bisexual လို႔ေျပာတယ္မလား..."

"အင္း...ဟုတ္တယ္။ အဲ့တာ...ဘာျဖစ္လို႔လဲ"

ၾကယ္ေလး ၿပဳံးသည္။

"ကြၽန္ေတာ္သိခ်င္တာက နကၡတ္ကေလ အရင္တုန္းက ေယာက္်ားေလးေတြနဲ႔ တြဲဖူးလားလို႔..."

"တြဲဖူးတယ္လို႔ေျပာရမလား​။ ဒါေပမဲ့ အဲ့တာက မတြဲဖူးဘူးလို႔လည္း အဓိပၸါယ္သက္ေရာက္တယ္...တြဲဖူးေပမဲ့ တြဲတာလည္း မဟုတ္ေနျပန္ဘူး။ ေျပာရရင္ နည္းနည္းရႈပ္တယ္။
မတြဲဖူးဘူးပဲ ထားပါေတာ့..."

"မမ ေျပာတာလည္း ရႈပ္ေနတာပဲ။ တြဲဖူးလား...မတြဲဖူးဘူးလားပဲ ေျပာ..."

"မတြဲဖူးဘူး..."

"သူႀကိဳက္တဲ့ေယာက္်ားေလးေရာ ရွိခဲ့ဖူးလား..."

"ရွိမွာေပါ့။ ငါလည္း အကုန္လုံးေတာ့ဘယ္သိမလဲ"

"အဲ့တာဆိုရင္ သူက အခုေယာက္်ားေလးနဲ႔ တြဲေလာက္မယ္ထင္လား..."

"သူႀကိဳက္ရင္ တြဲမွာေပါ့..."

"အင္းေပါ့ေနာ္...သူႀကိဳက္ရင္ေတာ့ တြဲမွာေပါ့။ သူက ဘယ္လိုပုံစံမ်ိဳးဆို ႀကိဳက္ေလာက္မယ္ထင္လဲ...
ၾကာပန္းျဖဴလို အလွေလးဆို ႀကိဳက္ေလာက္လား..."

ၾကယ္ေလးသည္ မ်က္လုံးကိုေမွးက်ဥ္း၍ဆိုသည္။
သူသည္ အေလးအနက္စဥ္းစားေတြးေတာေနေလသည္။

"ေနပါဦး....နင္က ဘာလို႔ အဲ့တာေတြလာေမးေနတာလဲ.."

ႏိုးႏိုးသည္ ပန္းကန္တိုက္သည့္အဖတ္ကို ပစ္ခ်ကာေမးလိုက္​၏။ သူသည္ ၾကယ္ေလးကို တည့္တည့္စိုက္ၾကည့္ရင္းဆိုလိုက္သည္။

"မဟုတ္မွလြဲေရာ...နင္ နကၡတ္ညီကို ႀကိဳက္ေနတာလား..."

"ကြၽန္ေတာ္ကလား..."

ၾကယ္ေလးသည္ လူမိသည့္သူခိုးပမာ ထိတ္လန႔္သြားမႈမ်ား မ်က္ႏွာတြင္ အတိုင္းသားေပၚေန​၏။

"ၾကယ္ေလး..နင္ နကၡတ္ကို Fan တစ္ေယာက္အေနနဲ႔သေဘာက်တာ ဟုတ္တယ္မလား..."

ၾကယ္ေလးသည္ အစ္မျဖစ္သူ ႏိုးႏိုးေရွ႕တြင္ေပၚတင္ဝန္ခံရမည္ကို ရွက္႐ြံ႕ေသာေၾကာင့္

"ေသခ်ာတာေပါ့။ ကြၽန္ေတာ္က သူ႔ကို Fan တစ္ေယာက္အေနနဲ႔ပဲ သေဘာက်တာပါ"

ဟု လိမ္ညာ၍ဆိုလိုက္သည္။

ႏိုးႏိုးသည္ သူ႔ကိုစိုက္ၾကည့္ေန​၏။ ထို႔ေနာက္ သက္ျပင္းခ်ကာ ေဘစင္ဘက္ျပန္လွည့္ၿပီး ပန္းကန္ဆက္ေဆးေနသည္။

"အင္း...Fan တစ္ေယာက္အေနနဲ႔ပဲ သေဘာက်...
ငါ နင့္ခံစားခ်က္ေတြကို နာက်င္ေအာင္ေတာ့ မလုပ္ခ်င္ပါဘူး။ ဒါေပမဲ့ ေျပာထားမွေတာ့ျဖစ္မယ္..."

"ဘာကိုလဲ..."

ႏိုးႏိုးသည္ ပန္းကန္မ်ားကိုေရေဆးၿပီးျဖစ္သျဖင့္ ေဘစင္အေပၚ ရွိ ပန္းကန္စင္ေပၚ တင္လိုက္သည္။ ၿပီးေနာက္ ၾကယ္ေလးဘက္ကို လွည့္ၾကည့္၍ တည္တည္ၿငိမ္ၿငိမ္ေျပာသည္။

"နကၡတ္က ရည္းစားရွိတယ္...."

ၾကယ္ေလး ထိတ္လန႔္သြား​၏။ မေမွ်ာ္မွန္းထားေသာ ဝမ္းနည္းဖြယ္ကိစၥတစ္ခုကို ႐ုတ္တရက္ႀကီးၾကားလိုက္ေသာအခါ သူသည္ တိုက္တစ္တိုက္အေပၚမွျပဳတ္က်သြားသလို ခံစားခ်က္ႀကီးျဖစ္သြားပါ​၏။ စိုးထိတ္မႈအျပင္ ဝမ္းနည္းမႈတို႔  ေပၚေပါက္လာ​သည္။ ရင္ထဲ၌ ကေမာက္ကမျဖစ္သြားေသာ္လည္း မမႏိုးႏိုး မရိပ္မိေစရန္ မ်က္ႏွာကို တည္ထားရသည္။ သူ​၏စိတ္သည္ ပန္းကန္စင္ေပၚတင္ထားေသာ ပန္းကန္မ်ားမွ တေတာက္ေတာက္စီးက်ေနသည့္ ေရစက္မ်ားပမာ အထိန္းအကြပ္မဲ့စြာ ျပဳတ္က်သြား​၏။

"သူ႔ေကာင္မေလးက Model တစ္ေယာက္ပဲ။ တြဲတာ ၇ လေလာက္ရွိၿပီထင္တယ္။ သူတို႔က မီဒီယာေတြ၊ပရိသတ္ေတြကို အသိမေပးခ်င္ၾကဘူးေလ။ ငါတို႔လိုရင္းႏွီးတဲ့ သူေတြေလာက္ပဲသိတာ"

"အစ္ကိုက ရည္းစားရွိတာလား.."

ၾကယ္ေလး မယုံႏိုင္စြာ ထပ္ေျပာမိသည္။

"ၾကယ္ေလး...ဒီအစ္မက နင္ဘယ္သူ႔ကိုႀကိဳက္ႀကိဳက္၊
မိန္းမႀကိဳက္ႀကိဳက္....ေယာက္်ားႀကိဳက္ႀကိဳက္ေျပာမွာ မဟုတ္ဘူး။ ဒါေပမဲ့ တခ်ိဳ႕ႀကိဳက္လို႔ မရႏိုင္တဲ့သူေတြက်ေတာ့ ခံစားခ်က္မျဖစ္လာခင္ ႀကိဳသိမ္းထားလိုက္တာ ေကာင္းမယ္..."

ႏိုးႏိုးသည္ ၾကယ္ေလး​၏ပခုံးကို တစ္ခ်က္ပုတ္ကာ ေျပာၿပီးထြက္သြား​၏။

ၾကယ္ေလး​၏မ်က္ႏွာသည္ သိသိသာသာမႈိင္က်သြားသည္။

***********************************

A/N
အခ်ိဳေတြမ်ားရင္ အီတယ္။ အခါးနည္းနည္းစား...🙄

Continue Reading

You'll Also Like

232K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
150K 12K 47
မင်းသားတစ်ပါး၏ ပုံပြင် ဆိုသည့်အတိုင်း ဒီဇာတ်လမ်းပါ အကြောင်းအရာအားလုံးက ကျွန်တော့်ရဲ့ စိတ်ကူးယဥ် သပ်သပ်သာ ဖြစ်ပါတယ်။ ဒါဆိုရင် ဇာတ်လမ်းလေးကို စပြီး မိတ...
22.3K 734 11
မ်က္​ရည္​ကင္​းမဲ့ဇုန္​ - ဆလိုင္​းလီယို
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...