[Unicode]
"ငါ ဘာတွေဖြစ်သွားခဲ့လဲ မသိတော့ဘူး။ တကယ်မသိတာ"
လင်းသည် နှာခေါင်းရိုးကို လက်ညှိုး၊လက်မတို့ဖြင့် ညှပ်ကိုင်ပွတ်ဆွဲရင်း ညည်းညူ၏။ သူသည် ဖုန်းကို လက်ထဲတွင်ကိုင်ထားရာမှ စားပွဲပေါ်တွင်တင်လိုက်ကာတစ်ရှူးဘူးကိုမှီ၍ထောင်လိုက်သည်။ ဖုန်းတွင် groupလိုက် video call ပြောနေသောကြောင့် သုတ၊ဗညား၊နိုးနိုးနှင့် ရိပ်တို့၏ မျက်နှာက ဖုန်းမျက်နှာပြင်တွင် အကွက်ကိုယ်စီဖြင့် ပေါ်နေသည်။
သုတ: အဲ့နေ့အကြောင်း စဉ်းစားလိုက်ရင် ငါရယ်ချင်တုန်းပဲ။ ဟားဟား
ဗညား : မင်းဘာတွေလုပ်ခဲ့လဲဆိုတာ တစ်ခုမှ မမှတ်မိဘူးလား။
လင်း မျက်မှောင်ကြုတ်လိုက်သည်။
" မှတ်မိပေမဲ့ ရေးတေးတေးပဲမှတ်မိတယ်။ ငါ ကားပါကင်မှာ ချော်လဲတာလည်းမှတ်မိတယ်။ ရှင်းယံငါ့ကို ကုန်းပိုးသွားရတာလဲ မှတ်မိတယ်။ ငါဘာတွေလုပ်ခဲ့လဲ ဆိုတာတော့ အသေးစိတ်မမှတ်မိတော့ဘူး။ ရှင်းယံကိုမေးတော့လည်း သေချာမပြောဘူး"
ဗညား: အဲ့နေ့က ကျူးရင့်တောင် မင်းကိုလက်ဖျားခါသွားတယ်။
နိုးနိုး : နင် မူးပြီး ရှင်းယံကို အသေရစ်တာလေ။
သုတ: မင်းလုပ်လိုက်လို့ ဆိုင်ကဖန်ခွက်သုံးခွက်ကွဲသွားတယ်။
သုတပြောမှလင်းမျက်စိထဲ အတိတ်တို့ကိုပြန်မှတ်မိလာသည်။
နောက်တစ်ခွက်သောက်မည် ဟုအတင်းပြောနေသော လင်းနှင့် မူးနေမှန်းသိသောကြောင့် ထပ်မသောက်စေရန် ဆွဲနေသော ရှင်းယံ။ ရုန်းရင်းဆန်ခတ်ဖြစ်သွားသော သူတို့၂ယောက်ကြားတွင် အပြစ်မရှိသော ဖန်ခွက်ကလေး၃ခွက်ကွဲသွားခဲ့သည်။
လင်း အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်မိသည်။
" ဖန်ခွက်ကွဲသွားတော့ ဆိုင်ကဘာပြောလဲ"
နိုးနိုး : ဘာပြောရမှာလဲ။ စိုင်းရှင်းယံ လျော်လိုက်ရတာပေါ့။
ရိပ် : အေး။ ရှင်းယံ ကမထင်ရဘူး။ တော်တော်စိတ်ရှည်သားပဲ။
ဗညား: ပြီးတော့ ရှင်းယံကိုကြည့်နေလို့ဆိုပြီး ဆိုင်က မိန်းကလေးတစ်ယောက်ကို မင်းသွားပြောသေးတယ်။
ရှင်းယံကို မကြည့်ပါနဲ့ ဆိုပြီးတော့။
"အော် အဲ့လိုတွေ ဖြစ်သွားခဲ့တာလား။ ငါ့ကိုရှင်းယံ တော်တော်ထိန်းလိုက်ရမှာပေါ့နော် "
သုတ: မင်းမူးပြီး ငချွဲစိန်ဖြစ်နေတာ။ ဟားဟားဟားဟား
နိုးနိုး : ငါ video ရိုက်ထားတယ်။ ပို့လိုက်မယ်။ ကြည့်လိုက်။
လင်းသည် video call မှခေတ္တထွက်လိုက်ကာ နိုးနိုးပို့သောvideo ကိုကြည့်လိုက်သည်။ မျက်လုံးပြူးသွားသည်။
videoထဲတွင် လင်းသည်ရှင်းယံနားသို့ ပူးကပ်နေ၍ ရှင်းယံအပေါ် တက်မထိုင်ရုံတမယ် တွယ်ကပ်နေသည်။ ရှင်းယံ၏ခါးကိုဖက်ထားသည့်အပြင် မေးစေ့ကို ရှင်းယံပခုံးပေါ် တင်ထားသည်။ လင်း၏မျက်နှာလေးမှာမဲ့လျက် ရှင်းယံက လင်းကိုငုံ့ကြည့်နေရှာသည်။
"လင်း နင်အဲ့တာဘာဖြစ်နေတာလဲ"
ရယ်သံရောသော နိုးနိုး၏အသံဖြစ်သည်။ လင်းသည် နိုးနိုး၏စကားကိုအဖက်မလုပ်ဘဲ ရှင်းယံ၏နားရွက်နားကပ်၍ တစ်စုံတစ်ရာတိုးတိုးလေးကပ်ပြောနေသည်။
"ဟဲ့ ဘာပြောနေတာလဲ။ ငါတို့လည်းသိချင်တယ်လေ။
ရှင်းယံ....လင်း ဘာပြောတာလဲ "
ဒီတစ်ခါ ကျူးရင့်၏အသံဖြစ်သည်။ ရှင်းယံသည် ပကတိရိုးသားသိမ်မွေ့သောမျက်နှာတွင် မသိသာသောအပြုံးချိုချိုလေးကို ဆင်မြန်းလျက် မော့ကြည့်လာကာ
" ချစ်တယ်တဲ့..."
ဟု မပွင့်တပွင့်ပြောသည်။ ထို့နောက် မျက်နှာငယ်လေးလုပ်နေသော လင်း၏ခေါင်းကို အသာအယာပုတ်ပေးနေသည်။ လင်းသည် မျက်လုံးကို ရွဲလျက် နှုတ်ခမ်းကို စုထော်ထားနေသည်။ ပါးနှစ်ဖက်မှာရဲနေ၏။
"ကိုကို "
"အင်း ?"
၂ယောက်လုံးသည် အသံကိုဖျော့ဖျော့လေးပြောနေသောကြောင့် စကားများကို တိုးညှင်းစွာသာ ကြားရသည်။
သေချာဂရုစိုက်နားထောင်မှ ပြောနေသောစကားများကို
သဲကွဲစွာသိရသည်။
" မသွားနဲ့..."
" ဘယ်ကိုလဲ "
" ဒီတိုင်း ဘယ်မှမသွားနဲ့....ဒီမှာပဲနေ..."
" ကိုကိုက ဘယ်သွားနေလို့လဲ။ ဒီမှာပဲ နေနေတာပဲလေ"
" မဟုတ်ဘူး။ နိုင်ငံခြားမသွားနဲ့လို့။ မသွားနဲ့"
ရှင်းယံသည် ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွား၏။
သူသည် လင်း၏ပခုံးကိုသာ ခပ်ဖွဖွဖက်လိုက်သည်။
ထိုစဉ်၌ နက္ခတ်က ထိုင်ရာမှထကာ
" ငါ အိမ်သာခဏသွားလိုက်ဦးမယ်။ ဘယ်သူလိုက်ဦးမလဲ "
ဟု မေးလာသည်။ ရှင်းယံသည် သူ့ခါးကိုဖက်ထားသော လင်း၏လက်တို့ကို ခွာချရန်ကြိုးစားကာ
" ကို အိမ်သာသွားဦးမယ်။ ခဏလေး လွှတ်ဦး ခတ်"
ဟုပြောသည်။ သို့သော် လင်းသည် ရှင်းယံကို နည်းနည်းလေးမှတောင်မလျှော့ပေးပါ။
"မသွားနဲ့"
" ခဏပဲလေ။ သွားပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်။ နော်"
" မသွားနဲ့လို့။ ကျွန်တော်မရှိတဲ့နေရာကိုမသွားနဲ့"
" ဒါဆို ခတ်ပါလိုက်ခဲ့။ "
" မလိုက်ဘူး။ ကိုကိုလည်းမသွားရဘူး။"
လင်းသည် စူးသောအသံဖြင့်အော်သည်။ နက္ခတ်သည်
ရှင်းယံကို ပခုံးတွန့်ပြကာ သုတနှင့်အတူတူ အိမ်သာသို့ထွက်သွားသည်။
လင်းကား ရှင်းယံကို ပိုမိုတင်းကျပ်စွာဖက်လိုက်ရင်း
" အိမ်သာလည်းမသွားနဲ့။ အမေရိကားလည်းမသွားနဲ့"
ဟု ငိုသံကြီးနှင့် ထပြောလေသည်။ မျက်နှာမှာ တဖြည်းဖြည်းရှုံ့မဲ့လာကာ ငိုတော့မည့်ဆဲဆဲ။
"အင်းပါ။ အင်းပါ။ မသွားဘူး.....အိမ်သာလည်းမသွားဘူး။ အမေရိကားလည်းမသွားဘူး။ ဟုတ်ပြီနော်"
"ကျွန်တော့်အနားမှာပဲနေ"
" နေမှာပါ"
" ကတိပေး"
" အင်း။ ကတိပေးတယ်"
ရှင်းယံ လက်သန်းကိုထောင်ပြရင်းပြောမှ လင်းသုခတ် ငြိမ်ကျသွားသည်။ ရှင်းယံသည် ညင်သာသောလေသံအေးဖြင့်
" အခု ငြိမ်ငြိမ်လေးနေတော့နော်။ ခုနကလိုလည်း ထမအော်နဲ့တော့။ "
ဟု ပြောနေရရှာသည်။ အဲ့လိုပြောတော့လည်း ငမူးလင်းသည် ခေါင်းလေးငြိမ့်နေရှာ၏။ ရှင်းယံစကားကို နားထောင်ခဲ့သည့်ပုံလည်းမပေါ်ပါ။ ငြိမ်ငြိမ်မနေလို့ ဖန်ခွက်တွေ ကွဲသွားခဲ့တာ မဟုတ်လား။
" ဒုက္ခပါပဲ"
video ကိုကြည့်ရင်း လင်း ကိုယ့်နဖူးကို ရိုက်လိုက်မိသည်။
ရှင်းယံရဲ့ရှေ့မှာ အခုလိုပရမ်းပတာ ပုံရိပ်တွေဘာလို့ဖြစ်ခဲ့ပါလိမ့်။ ပြီးတော့ အမေရိကားမသွားဖို့ ဘာလို့တောင်းဆိုခဲ့မိပါလိမ့်။ လင်းသည် ရှင်းယံ နောက်ဆံမတင်းရသော
ချစ်သူတစ်ယောက်ဖြစ်ဖို့ဆန္ဒရှိသည်။ အခုလို ရှင်းယံ တက်လမ်းကို ပိတ်ပင်သောသူတစ်ယောက်မဖြစ်ချင်ခဲ့။
မူးနေသောကြောင့် တောင်ပြောမြောက်ပြော ပြောခဲ့တာမှန်သော်လည်း ရှင်းယံစိတ်ထဲ တစ်မျိုးမထင်သွားစေလိုပါ။
"ဘာလုပ်နေတာလဲ"
" ဘုရားရေ..."
အနောက်မှ အသံကြောင့် လင်းလန့်သွားကာ ကမန်းကတန်းလှည့်ကြည့်လိုက်သည်။ ရှင်းယံသည် ရယ်ရင်း လင်း၏ဘေးနားတွင်ဝင်ထိုင်လိုက်သည်။ ရှင်းယံ၏ T shirt အပြာသည် ရေစိုရွှဲနေသည်။
"ဆိုင်းမဆင့် ဘုံမဆင့်ရောက်လာတယ်"
" ခတ်ပဲ အိမ်မှာ ဖေဖေကဘုန်းကြီးဝတ်တယ်။ မေမေရယ် မီးမီးရယ် အဘွားရယ်က တရားစခန်းဝင်တယ်။ ဘယ်သူမှ မရှိဘူးဆို။ အဲ့တာကြောင့်ရောက်လာတာ"
"ရေပက်ခံလာရတာလား"
"ဟုတ်တယ်။ ရပ်ကွက်ထဲမှာ ရေပက်တာဆိုလို့ ကလေးတွေပဲရှိပါတယ်"
ရှင်းယံသည် ရေစိုနေသော အင်္ကျီကိုခါလိုက်သည်။
တစ်ဆက်တည်းပင်
"တစ်ယောက်တည်းဆို တံခါးကိုသော့ခတ်ထားပါဆိုတာကို မခတ်ထားဘူး"
ဟုလှမ်းဆူသေးသည်။
"သော့ခတ်စရာမလိုပါဘူး။ ကျွန်တော်အိမ်ရှေ့မှာထိုင်နေတာပဲဥစ္စာ"
" မလိုလို့ပဲ။ ကိုယ်ဝင်လာတာတောင် ခတ်မသိဘူးလေ။
ကိုယ်မဟုတ်ဘဲ သူခိုးဆိုဘယ်လိုလုပ်မလဲ"
"ကိုကို အင်္ကျီလဲထားပါလား။ ရေတွေစိုနေတာ။ ဖျားဦးမယ်။"
အဆူခံရမည့်အရိပ်အယောင်ရှိတာကြောင့် လင်းစကားလမ်းကြောင်းလွှဲလိုက်၏။ ထို့နောက် ချက်ချင်းပင် အခန်းဆီသို့ ထွက်သွားသည်။
ရှင်းယံအတွက် အင်္ကျီယူပေးရန်အခန်းထဲသွားသောအခါ
ရှင်းယံက အနောက်မှလိုက်လာသည်။ ရှင်းယံနှင့် တော်လောက်မည့် အင်္ကျီကို ဗီရိုထဲမှရှာနေစဉ် ရှင်းယံသည် လင်း၏ကုတင်ပေါ်တွင် ပက်လက်လန် လှဲလိုက်သည်။
"အကြိုနေ့ကို ဘယ်မှမသွားဘူးလား..."
" ဘယ်သွားရမှာလဲ"
လင်းသည် အင်္ကျီတစ်ထည်ကိုဖြန့်ကြည့်ရင်း ပြောသည်။
"မသိဘူးလေ။ လျှောက်လည်တာမျိုး မလုပ်ဘူးလား"
" ဟင့်အင်း။ ကျွန်တော်ကသင်္ကြန်မကြိုက်ဘူးရယ်။
မကြိုက်ဘူးဆိုတာက အင်္ကျီရေစိုတာမကြိုက်လို့"
"အဲ့တာတော့ ကိုယ်နဲ့တူသွားပြီ။ ကိုယ်လည်းမကြိုက်ဘူး"
လင်းသည် အင်္ကျီတစ်ထည်ကိုကိုင်ရင်းရှင်းယံနားတွင် ထိုင်လိုက်သည်။
" ရော့ ဒါလဲထား"
ရှင်းယံသည် လှဲနေရာမှ ထိုင်လိုက်ကာ ရေစိုနေသောအင်္ကျီကိုစွဲချွတ်လိုက်သည်။
"ဒါနဲ့လေ ကိုကို"
ရှင်းယံသည် လင်းပေးသော အင်္ကျီကိုအမြန်ဝတ်လိုက်၍
လင်းကိုကြည့်လိုက်သည်။
" ဟိုနေ့က ကျွန်တော် တော်တော်မူးပြီး ကိုကို့ကို အရမ်းရစ်လိုက်မိတယ်မလား။ အဲ့တာ sorry နော်။ ကျွန်တော့်ကြောင့် အများကြီးပျာယာခတ်သွားရမှာ။"
"ရပါတယ်။ တကယ်တော့ မူးတဲ့ပုံစံကချစ်ဖို့ကောင်းပါတယ်။ ကိုယ် မမြင်ဖူးတဲ့ခတ်ရဲ့ပုံစံအသစ်ကို မြင်လိုက်ရသလိုပဲ။ ခတ်က ကိုယ့်ကို ဖားပျံတစ်ကောင်လိုမျိုး တွယ်ကပ်နေတာ"
ရှင်းယံသည် ပြုံး၍လင်း၏ပါးကိုလိမ်ဆွဲလိုက်သည်။
"မဟုတ်ဘူး။ အဲ့တာထက် ကိုကို့ကို ဘယ်မှမသွားနဲ့လို့ ပြောလိုက်တဲ့ဟာကလေ....."
လင်းသည် ခဏစကားရပ်သွား၏။ မျက်နှာငယ်သွားသည်။
"အမေရိကားမသွားနဲ့လို့ပြောတာက မူးနေလို့ပြောလိုက်မိတာ။ ကိုကို့ကို ကျွန်တော် တားဆီးတာမျိုးမဟုတ်ပါဘူး။
၇နှစ် ၈နှစ်လောက်ထိကြာမယ်ဆိုတဲ့ ကိစ္စက နည်းနည်းတော့အဆင်မပြေပေမဲ့......မပြေဘူးဆိုတာကလည်း ဒီတိုင်း.....ဘယ်သူက ကိုယ့်ချစ်သူနဲ့ခွဲချင်မှာလဲလေနော်။
ကိုကို သွားလို့ကရပါတယ်။ ကိုကိုစီစဉ်ပြီးသား..... ကိုကိုရည်ရွယ်ပြီးသားဆိုတာလည်းသိပါတယ်။ ပြောချင်တာက
ကိုကို့ရည်မှန်းချက်ကို ကျွန်တော်မဟန့်တားပါဘူး။ ကျွန်တော်ပြောချင်တာကို နားလည်ရဲ့လားမသိဘူး။
ကိုကိုသွားမယ်ဆိုတာကို ဝမ်းနည်းပေမဲ့ ဟန့်တားတာမျိုးတော့ ကျွန်တော်မလုပ်ဘူး"
" ကိုယ်သိပါတယ်"
လင်း၏အရှေ့ဆံပင်အချို့ကိုသပ်တင်လိုက်၏။ ရှင်းယံသည် မှုန်မှိုင်းကာ တွေဝေသွားသောမျက်နှာဖြစ်သွားသည်။သို့သော်သူသည် ခဏလေးအတွင်းပင် ထိုမျက်နှာကိုဖျောက်ကာ တောက်တောက်ပပပြုံးလိုက်သည်။
" ကိုယ် တစ်ခါတည်း ညအိပ်သွားရင်ကောင်းမလား"
"ဘာဖြစ်လို့လဲ"
" အိမ်မှာ ခတ်တစ်ယောက်တည်းမို့လို့လေ"
" ရပါတယ်။ ကျွန်တော် တစ်ယောက်တည်းနေရဲပါတယ်
မကြောက်ပါဘူး...."
ရှင်းယံ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူးလေ။ ခတ်တစ်ယောက်တည်းဖြစ်နေလို့ဆိုတာထက် ကိုကို့ဘာသာ လာအိပ်ချင်လို့အိပ်မယ်ပြောတာ"
"အိပ်တာက ကျွန်တော်ကရပေမဲ့ ကိုကို့အိမ်က ကျွန်တော့်ဆီလာတာ ကြိုက်လို့လား။ ကိုကို့မားမားက
ကျွန်တော့်ကိုသဘောမကျဘူးလေ...."
" ဟုတ်တယ်လေ"
" အင်းလေ"
" ဒါပေမဲ့ မားမားမှမရှိတာ။ ဘန်ကောက်ရောက်နေတယ်။
အိမ်မှာ ပါးပါးပဲရှိတယ်။ ပါးပါးက ကိုကို ဘယ်သွားသွားပြောတာမဟုတ်ဘူး...."
လင်းသည် မျက်လုံးကိုလှည့်ကစားကာ စဉ်းစားဟန်လုပ်နေသည်။ ပြီးမှ သွားဖြဲရယ်ကာ
"ဒါဆို လာအိပ်"
ဟု ပြောလေသည်။
"ဒီတစ်ညတည်းအိပ်သွားရင် နောက်ရက်တွေလည်း မနက်ပိုင်း ခတ်ဆီလာမှာပဲလေနော်။ ရှုပ်ပါတယ်။ တစ်ခါတည်း သင်္ကြန်လေးရက်လုံး ဒီမှာပဲနေလိုက်မယ်။"
"ရလို့လား...."
" ရတယ်။ ဘာလို့လဲ မနေစေချင်ဘူးလား"
မျက်ခုံးကိုတွန့်ချိုးပြောပါသောရှင်းယံ။
ရှင်းယံ ချစ်ဖို့ကောင်းအောင်ပြုမူလျှင် ယခုထက်တိုင်
လင်းမှာ ကြွေသွားရစမြဲဖြစ်သည်။
" နေပါ။ရတယ်။ ဒါပေမဲ့ အင်္ကျီကဘယ်လိုလုပ်မှာလဲ"
" မနက်ဖြန် မနက်ရောက်မှ အိမ်ပြန်ယူလိုက်မယ်။
အခုတော့ ပါးပါးကို သူငယ်ချင်းအိမ်မှာ ညအိပ်မယ်ဆိုပြီး ညာလိုက်ဦးမယ်"
"ညာတယ်? ညအိပ်တာမှန်တယ်လေ"
" ညအိပ်တာမှန်ပေမဲ့ ခတ်က ကိုယ့်သူငယ်ချင်းမှမဟုတ်တာ"
လင်း ထရယ်လိုက်မိတော့သည်။
**************************************************************
TV မှလာသော korea ကားမှအသံသည် ဧည့်ခန်းအတွင်း၌ပျံ့နှံ့နေသည်။ ထိုkorea ကားမှာ လင်းကြည့်နေကြကားဖြစ်သော်လည်း ရှင်းယံမှာ အခုမှ တစ်ဝက်တစ်ပျက်နေရာက စကြည့်ချင်းဖြစ်သောကြောင့် စိတ်မဝင်စားဘဲ ဖုန်းပွတ်လိုက် ၊ tv ပြန်ကြည့်လိုက်နှင့်
ပျင်းရိပျင်းတွဲဖြစ်နေသည်။ နောက်တော့သူသည် လင်း
ဆီသို့ အတင်းတိုးဝင်ကာ လင်း၏ပေါင်ကိုခေါင်းအုံး၍
လှဲလိုက်သည်။ လင်းသည် tvမှ မျက်စိမခွာဘဲ ရှင်းယံ၏
ဆံနွယ်တို့ကို လက်ချောင်းဖြင့်ထိုးဆွနေသည်။
TV ထဲ၌ မင်းသား၏အမေဖြစ်သူသည်
"နင်ကများ ရာရာစစ ငါ့သားကို "
ဟုအော်ရင်း မင်းသမီးအားရေဖြင့်ပက်လိုက်ပါ၏။
ထိုအခန်းကိုကြည့်ရင်း လင်း ကြက်သီးထသွားသည်။
"ကိုကို"
"ဗျာ...."
"တကယ်လို့လေ....ကိုရီးယားကားထဲကလိုမျိုး....ကိုကို့အမေက ကျွန်တော့်ကိုပိုက်ဆံပေးပြီး ကိုကို့အနားကထွက်သွားခိုင်းရင် ဘယ်လိုလုပ်မလဲ"
ရှင်းယံသည် လှဲနေရင်း လင်းကိုမော့ကြည့်သည်။
ဘာတွေတွေးနေတာလဲ ဟူသောအကြည့်မျိုး။
" အဲ့တာဆိုရင် သိန်းငါးထောင်....မဟုတ်ဘူး။ နည်းတယ်။
သိန်းတစ်သောင်းလောက် တောင်းလိုက်..."
" တောင်းပြီးတော့?"
" တောင်းပြီးတော့ ထွက်ပြေး...."
လင်းသည် ရှင်းယံကို ဖြတ်ခနဲငုံ့ကြည့်၍ လက်မောင်းကိုရိုက်လိုက်သည်။
"အခု ကျွန်တော့်ကို ကိုကို့အနားကထွက်သွားခိုင်းနေတာလား"
" မဟုတ်ဘူးလေ။ သိန်းတစ်သောင်းတောင်းပြီးတော့
အတူတူ ထွက်ပြေးမယ်လေ....ကိုကိုနဲ့ခတ်နဲ့...."
" သိန်းတစ်သောင်းဆို ထီပေါက်တာနဲ့တူတူပဲ။
ထီလက်မှတ်က ကိုကိုလား...."
"ဟုတ်မယ်ထင်တယ်။ "
" ပိုက်ဆံအများကြီးပဲ..."
"အင်း.....အဲ့ပိုက်ဆံနဲ့ အိမ်တစ်လုံးဝယ်မယ်။ ကားတစ်စီးဝယ်မယ်။ ပိုတဲ့ပိုက်ဆံကို အရင်းအနှီးပြုပြီးစီးပွားရေးတစ်ခုလုပ်မယ်။ ခတ်က စားဖိုမှူးဖြစ်ချင်တာမလား"
" ဟုတ်တယ်"
"ဒါဆို စားသောက်ဆိုင်ဖွင့်မယ်။ ခတ်က chef ပေါ့။
ကိုကိုက ဆိုင်ရဲ့စီမံခန့်ခွဲရေးကိုလုပ်မယ်..."
"မိုက်တော့မိုက်သားပဲ...."
" ဟုတ်တယ်နော်"
" ကိုကို့အမေက ရှုံးတာပေါ့။ သားလည်းပါသွား။ ပိုက်ဆံလည်းပါသွားနဲ့"
" သားက ပါပြီးသားပဲ ဥစ္စာ..."
ရှင်းယံစကားကြောင့် ခတ်ရယ်လိုက်သည်။
"မွေးရကျိုးနပ်တဲ့သားလေးပေါ့"
ရှင်းယံရယ်နေသည်။ ထို့နောက်သူသည် တည်သွားကာ
" အဲ့လိုမဟုတ်ဘဲ ကိုကို့အမေက ကိုကို့ကို အမွေဖြတ်လိုက်တယ် ဆိုရင်ရော"
ဟုမေးလာသည်။
" အဲ့တော့လည်း ဘာမှမယူဘဲ ကျွန်တော့်စီပဲလာခဲ့ပေါ့"
"လာပြီးတော့?"
" ကျွန်တော်လုပ်ကျွေးမယ်။ "
ရှင်းယံသည် စောင်းနေရာမှ ပက်လက်လှန်ကာ လင်း၏မေးဖျားကို ကြည့်ရင်းပြုံးသည်။
"အဲ့တော့ ခတ်က အလုပ်လုပ်ပြီးပိုက်ဆံရှာ.....ခတ်က
အလုပ်လုပ်မယ်ဆိုတော့ ကိုကိုက အိမ်ရှင်မပဲလုပ်ရမလား။ ထမင်းချက် ဘာချက်ပေါ့..."
"ချက်တတ်လို့လား"
" ဟင့်အင်း။ မီးဖိုချောင်ထဲတောင် ၃စက္ကန့်ပြည့်အောင် မရောက်ဖူးဘူး"
" ကျွန်တော်ချက်တာ ပိုကောင်းမယ်ထင်တယ်"
" ဒါဆို ကိုယ်က သန့်ရှင်းရေးလုပ်မယ်"
" အဲ့တာရော လုပ်တတ်လို့လား"
" ပန်းကန်တောင်မဆေးဖူးဘူး...."
" သန့်ရှင်းရေးလည်း ကျွန်တော်ပဲလုပ်တာကောင်းမယ်ထင်တယ်"
" အဲ့တော့ ကိုကိုက ဘာလုပ်ရမှာလဲ"
" ကိုကိုက.....ဒီတိုင်း ကျွန်တော့်ကိုချစ်ပေးရင် ရပါပြီ"
လင်းသည် ရှင်းယံမျက်နှာကိုငုံ့ကြည့်လာသည်။ ရှင်းယံ
နှစ်ခြိုက်စွာပြုံးသည်။
" ကိုကိုက ကျွန်တော်အိမ်ပြန်လာတိုင်း အခုလိုမျိုး ပြုံးပြီးကြိုရင် ရပြီ...."
" အဲ့တာက အပြောတော့ဟုတ်တယ် ကလေးရဲ့။ တကယ်တမ်း အိမ်ထောင်တစ်ခုဖြစ်လာမယ်ဆိုရင်
နှစ်ဦးနှစ်ဖက်ညီမျှနေဖို့လိုတယ်။ တစ်ဖက်ကပဲ အကုန်လုံးသိမ်းကြုံးပြီးလုပ်နေရမယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။"
" အဲ့တော့ ဘယ်လိုလုပ်မလို့လဲ"
" ဘယ်လိုမှ မလုပ်ဘူး။ ဘာလို့လဲဆိုတော့ အိမ်က ကိုကို့ကိုအမွေဖြတ်မှာ မဟုတ်လို့ပဲ။ ကိုကို့ မားမားအကြောင်းကိုကိုသိတယ်။ ခတ်နဲ့တွဲနေတာသူသိရင် ခဏတော့စိတ်ဆိုးမှာ။ ဒါပေမဲ့အမွေတော့မဖြတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ ကိုကိုက သူ့ရဲ့တစ်ဦးတည်းသောသားလေ။ ပါးပါးဆို ပိုဆိုး။ ပါးပါးက မားမားထက်ပိုပြီး
ကိုကို့ကို နားလည်တယ်။ ပြီးတော့ ပါးပါးက ရှေးရိုးစွဲသိပ်မရှိဘူး....သူတို့ ကိုကို့ကို အလွန်ဆုံး စိတ်ဆိုးရင် လပိုင်းလောက်ပဲ...."
ရှင်းယံသည် စဉ်းစဉ်းစားစားပြောနေ၏။ လင်းသည် ရုတ်တရက် တုန်လှုပ်သလိုခံစားမိလိုက်သည်။
" ကျွန်တော် မေးမယ်နော်"
" အင်း မေးလေ..."
" ဘယ်တော့လောက် ကိုကို့မိဘတွေကိုပြောမယ်လို့ စဉ်းစားထားတာလဲ...."
ရှင်းယံ သက်ပြင်းခပ်သဲ့သဲ့ချသည်။
" ကိုကို ဘွဲ့ရပြီးတော့....လုပ်ငန်းခွင် ဝင်ပြီးတော့.....
ခတ်နဲ့အတူတူနေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့နေ့ကျရင်....."
လင်း၏မျက်လုံးများ ဝိုင်းစက်အရည်လဲ့သွားသည်။
ရှင်းယံက ရင့်ကျက်သောလေသံဖြင့်ပြောသည်။
" ကိုကို ခတ်ကိုလက်လွတ်စပယ်သဘောထားတာ မဟုတ်မှန်းသိတယ်မလား။ ကိုကို နိုင်ငံခြားမှာကျောင်းတက်မယ်။ ဘွဲ့ယူမယ်။ ပါးပါးရဲ့အလုပ်ကိုဆက်လုပ်နိုင်ဖို့
သင်ယူရမယ်။ ကိုကို့ဘဝက သေချာအခြေခိုင်ပြီဆိုတာနဲ့ ခတ်ရဲ့ ဘဝကိုပါတာဝန်ယူပါ့မယ်။ ကိုယ်တို့က ဥပဒေအရ လက်မထပ်နိုင်ပေမဲ့ ရိုးရာအတိုင်း မင်္ဂလာပွဲကျင်းပလို့ရပါတယ်။ အဲ့ဒီ့အချိန်ထိ ရောက်ဖို့က ၁၀နှစ်ကျော် ဒါမှမဟုတ်
၁၂နှစ်...၁၅နှစ်ထိ ကြာနိုင်တယ်။ အဲ့ဒီ့အချိန်ထိ ခတ်က
ကိုယ့်ကို ယုံကြည်ပြီး စောင့်ပေးစေချင်တယ်။ ကိုကိုက
အများကြီးကြိုစဉ်းစားတတ်တာ ခတ်သိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုကြိုတွေးလေ့ရှိတဲ့ ကိုကို့အနာဂတ်အစီအစဉ်တိုင်းမှာ ခတ် ပါတယ်။ အဲ့ဒီ့အတွက်ကြောင့်
ခတ်က ကိုကို့ကို ယုံထားမှဖြစ်မယ်။ ဘယ်တော့မှ ပစ်သွားမှာ မဟုတ်တဲ့အကြောင်း....ဘယ်လိုအခြေအနေဖြစ်ဖြစ် ချစ်နေမယ်ဆိုတဲ့အကြောင်း.....တကယ်လို့ ကိုကိုမအားလို့
အချိန်မပေးနိုင်ရင်တောင် စိတ်ထဲမှာခတ်ကိုအမြဲရှိတယ်ဆိုတဲ့အကြောင်း သိထားရမယ်..."
ရှင်းယံသည် လင်းကိုတည့်တည့်ငေးကြည့်ရင်း
စကားကိုညင်သာစွာ အဆုံးသတ်သည်။ လင်း၏
မျက်နှာအမူအရာသည် လေးနက်သွား၏။ ရှင်းယံသည်
လင်းကိုကြည့်ရင်း မူးနေခဲ့သောလင်း၏ပုံရိပ်ကို သွားသတိရသည်။
ငမူးလေး လင်းသည် ထိုနေ့က ရှင်းယံကိုအတင်းတွယ်ကပ်ကာ မျက်ရည်ဝိုင်းသောမျက်လုံးများဖြင့်.....
" ကျွန်တော်သိတဲ့အတွဲတွေထဲမှာ အနေဝေးလို့ပြတ်သွားတာတွေရှိတယ်။ ကျွန်တော်နဲ့ ကိုကိုနဲ့ အဲ့လိုမဖြစ်စေချင်ဘူး။ ကျွန်တော်တို့ တစ်နိုင်ငံစီမှာဖြစ်သွားလည်း.....အနေဝေးသွားလည်း ကိုကိုက ကျွန်တော့်ကိုအချစ်လျော့လို့မဖြစ်ဘူး...."
ဟု တုန်ရီသောအသံဖြင့်ပြောခဲ့သည်။ ရှင်းယံသိပါသည်။
လင်းသည် ခွဲရမှာထက် ရှင်းယံ သူ့ကိုမချစ်တော့မှာကို သိပ်ကြောက်နေ၏။
ရှင်းယံသည် သူ့ကိုရည်လဲ့စွာငုံ့ကြည့်နေသော လင်း၏ပါး၂ဖက်ကို အုပ်ကိုင်လိုက်သည်။
"ချစ်တယ်နော်...."
လှဲနေရာမှခေါင်းကိုထောင်လိုက်ရင်း ကျောကို အတန်ငယ် ကော့၍မတ်လိုက်ကာ လင်း၏မျက်နှာကို နှုတ်ခမ်းနားဆီဆွဲယူလိုက်၏။
လင်း၏နှုတ်ခမ်းလုံးလုံးကို ဆွဲယူငုံထွေးလိုက်သည်။
လင်း၏မျက်လုံးများ အသာမှေးကာမှိတ်သွားသည်။
လင်း၏အပေါ်နှုတ်ခမ်းကို ပြင်းရှစွာစုပ်ယူ၍နမ်းရှိုက်လိုက်ကြောင်းသိရ၏။ ထို့နောက်အောက်နှုတ်ခမ်း
ကို စုပ်ယူသည်။ လင်း၏နှုတ်ခမ်းနှစ်လွှာကို တစ်လှည့်စီနမ်းရှိုက်နေရင်း လင်း၏ဆံပင်များထဲသို့ ရှင်းယံလက်ချောင်းများနစ်ဝင်ကာ ဆံပင်ကိုထိကိုင်နေသည်။
အခုပုံစံအတိုင်းနမ်းနေရသည်မှာ ရှင်းယံ၏ဗိုက်ကိုတောင့်ခံထားရတာဖြစ်သောကြောင့် အတန်ငယ်နာလာသည်။
ထို့ကြောင့် အနမ်းကိုခေတ္တရပ်ကာ လင်း၏ဘေးနားတွင်
သေချာလေးထိုင်လိုက်သည်။
ထပ်နမ်းမည်ပြုစဉ် လင်းက ရှောင်လိုက်သောကြောင့်
ပါးကိုသာ ရှင်းယံ၏နှာခေါင်းဖြင့်ထိမိသွားသည်။
" နေဦး...ကျွန်တော်တို့စားထားတဲ့ပန်းကန်တွေဆေးရဦးမယ်...."
'"နောက်မှဆေးလေ....ထားလိုက်။ မဟုတ်ရင်လည်း မနက်ကျမှဆေးတော့.....ကိုကိုဆေးပေးမယ်...."
ရှင်းယံသည် လင်းကိုဆွဲလိုက်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
" ဘယ်ဖြစ်မလဲ....အခုက အိပ်တော့မှာမလား။ ပန်းကန်တွေကို တစ်ညလုံးပစ်ထားလို့မဖြစ်ဘူး။ ပိုးဟပ်တွေ တက်လိမ့်မယ်"
လင်းသည် ရှင်းယံကိုတွန်းဖယ်ကာ ထ ထွက်သွားသည်။
ရှင်းယံသည် နှာခေါင်းရှူံ့ရင်း လက်ပိုက်လိုက်သည်။
*************************************************
"ဘယ်သွားမလို့လဲ"
အခန်းထဲမှထွက်သွားမည်ပြုသောလင်း၏လက်ကို လှမ်းဆွဲလိုက်သည်။ လင်းသည် မျက်လုံးလေးကလယ် ကလယ်ဖြင့်
" ဟိုဘက်အခန်းသွားမလို့လေ"
ဟု ဆိုလေသည်။
"အင်းလေ။ အဲ့တာ ဘာလို့သွားမှာလဲလို့"
"အိပ်ဖို့လေ"
ရှင်းယံ မျက်ခုံးများကိုတွန့်ချိုးသည်။
" ကိုယ်နဲ့အတူအိပ်တော့ ဘာဖြစ်လို့လဲ"
" ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကုတင်က တစ်ယောက်အိပ်ကုတင်လေ။ ကျွန်တော်တို့၂ယောက် အတူတူအိပ်ရင် ကျဉ်းကျပ်နေလိမ့်မယ်"
ကုတင်ကို လက်ညှိုးထိုးပြရင်း လင်းကပြောသည်။
" အဲ့လောက်လည်း မကျဉ်းပါဘူး။ ဘာလို့လဲ။ ခတ်က
ကျဉ်းကျပ်ရင် မအိပ်တတ်လို့လား..."
" ကျွန်တော်က ရပါတယ်။ ကိုကို မအိပ်တတ်မှာစိုးလို့..."
" ကိုယ်လည်းရတယ်လေ...."
" တကယ်လို့ အဆင်မပြေဘူးဆိုရင် မေမေနဲ့ဖေဖေ့ကုတင်ပေါ် သွားအိပ်လို့ရမယ်။ သူတို့ဟာက ၂ယောက်အိပ်ကုတင်ဆိုတော့....."
" သူများအခန်းမှာသွားအိပ်လို့ မကောင်းပါဘူး။ လာစမ်းပါ။ ဒီမှာပဲအိပ်လိုက်...."
ရှင်းယံ ဆွဲခေါ်သွားသောကြောင့် လင်းသည် အခန်းအတွင်းသို့ ပြန်ပါသွားရသည်။ ရှင်းယံ ကုတင်ပေါ်သို့ပစ်လှဲလိုက်သောအခါ လင်းသည် ကုတင်ခြေရင်း၌ မခို့တရို့လေးရပ်နေသည်။ ရှင်းယံသည် လင်းကိုလှမ်းကြည့်လျက် မျက်လုံးကိုစင်းကာ နှုတ်ခမ်းကွေးညွတ်ပြုံးလိုက်သည်။
" လက်ပဲကိုင်ပြီးအိပ်မှာပါ။ ကိုယ့်ကိုယုံတယ်မလား"
လင်း မျက်တောင်နှစ်ချက်ဆင့်၍ခတ်လိုက်သည်။ လင်း
မပွင့်တပွင့်ရယ်လိုက်ကာ ရှင်းယံ၏ဘေးတွင် ဝင်လှဲလိုက်သည်။ရှင်းယံသည် လင်းအတွက်နေရာကျယ်စေရန် ဘေးသို့တိုးပေး၏။ ရှင်းယံနှင့် မျက်နှာချင်းဆိုင်ဘက်သို့ စောင်းအိပ်လိုက်သည်။
ရှင်းယံ၏ချိုသာသောအပြုံးကို တွေ့ရသည်။
*************************************************
" စိုင်းရှင်းယံ.....တကယ်လည်းလက်ပဲကိုင်ပြီးအိပ်တာကို"
အရှေ့တည့်တည့်ရှိ စိုင်းရှင်းယံ ကိုမျက်တောင်မခတ်တမ်းငေးကြည့်ရင်း လေသံတိုးတိုးဖြင့်ရေရွတ်မိလိုက်၏။
ရှင်းယံသည် မျက်တောင်ရှည်များကိုပိတ်ကာ ငြိမ်သက်သောဝင်လေထွက်လေကိုရှူရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ ရှင်းယံ၏လက်နှစ်ဖက်က လင်း၏လက်ဖဝါးတစ်ခုကို နွေးထွေးစွာဆုပ်ကိုင်ထားသည်။ ရှင်းယံသည် အိပ်ပျော်နေတာတောင် ဘာလို့ဤမျှချောမောနေရပါသနည်း။
ဒီလိုကျတော့လည်း အိပ်မောကျနေသော ရှင်းယံကိုငေးကြည့်ရင်း ပီတိစိတ်တို့ ယိုဖိတ်လာရသည်။ နောက်ဆုံးတော့ ဒီကောင်လေးကို ပိုင်ဆိုင်ခဲ့ရပြီဟူသော စိတ်ဖြင့်
နှစ်သက်ဝမ်းသာမိသွားသည်။
အိပ်ပျော်နေသောကောင်လေး၏နဖူးကို တစ်ချက်နမ်းပြီးနောက် လင်းသည် ပြုံးပြုံးကြီးမျက်လုံးမှိတ်လိုက်သည်။
************************************************************
[Zawgyi]
ငါ ဘာေတြျဖစ္သြားခဲ့လဲ မသိေတာ့ဘူး။ တကယ္မသိတာ"
လင္းသည္ ႏွာေခါင္း႐ိုးကို လက္ညႇိဳး၊လက္မတို႔ျဖင့္ ညႇပ္ကိုင္ပြတ္ဆြဲရင္း ညည္းညဴ၏။ သူသည္ ဖုန္းကို လက္ထဲတြင္ကိုင္ထားရာမွ စားပြဲေပၚတြင္တင္လိုက္ကာတစ္ရွဴးဘူးကိုမွီ၍ေထာင္လိုက္သည္။ ဖုန္းတြင္ groupလိုက္ video call ေျပာေနေသာေၾကာင့္ သုတ၊ဗညား၊ႏိုးႏိုးႏွင့္ ရိပ္တို႔၏ မ်က္ႏွာက ဖုန္းမ်က္ႏွာျပင္တြင္ အကြက္ကိုယ္စီျဖင့္ ေပၚေနသည္။
သုတ: အဲ့ေန႔အေၾကာင္း စဥ္းစားလိုက္ရင္ ငါရယ္ခ်င္တုန္းပဲ။ ဟားဟား
ဗညား : မင္းဘာေတြလုပ္ခဲ့လဲဆိုတာ တစ္ခုမွ မမွတ္မိဘူးလား။
လင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။
" မွတ္မိေပမဲ့ ေရးေတးေတးပဲမွတ္မိတယ္။ ငါ ကားပါကင္မွာ ေခ်ာ္လဲတာလည္းမွတ္မိတယ္။ ရွင္းယံငါ့ကို ကုန္းပိုးသြားရတာလဲ မွတ္မိတယ္။ ငါဘာေတြလုပ္ခဲ့လဲ ဆိုတာေတာ့ အေသးစိတ္မမွတ္မိေတာ့ဘူး။ ရွင္းယံကိုေမးေတာ့လည္း ေသခ်ာမေျပာဘူး"
ဗညား: အဲ့ေန႔က က်ဴးရင့္ေတာင္ မင္းကိုလက္ဖ်ားခါသြားတယ္။
ႏိုးႏိုး : နင္ မူးၿပီး ရွင္းယံကို အေသရစ္တာေလ။
သုတ: မင္းလုပ္လိုက္လို႔ ဆိုင္ကဖန္ခြက္သုံးခြက္ကြဲသြားတယ္။
သုတေျပာမွလင္းမ်က္စိထဲ အတိတ္တို႔ကိုျပန္မွတ္မိလာသည္။
ေနာက္တစ္ခြက္ေသာက္မည္ ဟုအတင္းေျပာေနေသာ လင္းႏွင့္ မူးေနမွန္းသိေသာေၾကာင့္ ထပ္မေသာက္ေစရန္ ဆြဲေနေသာ ရွင္းယံ။ ႐ုန္းရင္းဆန္ခတ္ျဖစ္သြားေသာ သူတို႔၂ေယာက္ၾကားတြင္ အျပစ္မရွိေသာ ဖန္ခြက္ကေလး၃ခြက္ကြဲသြားခဲ့သည္။
လင္း ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြကိုက္လိုက္မိသည္။
" ဖန္ခြက္ကြဲသြားေတာ့ ဆိုင္ကဘာေျပာလဲ"
ႏိုးႏိုး : ဘာေျပာရမွာလဲ။ စိုင္းရွင္းယံ ေလ်ာ္လိုက္ရတာေပါ့။
ရိပ္ : ေအး။ ရွင္းယံ ကမထင္ရဘူး။ ေတာ္ေတာ္စိတ္ရွည္သားပဲ။
ဗညား: ၿပီးေတာ့ ရွင္းယံကိုၾကည့္ေနလို႔ဆိုၿပီး ဆိုင္က မိန္းကေလးတစ္ေယာက္ကို မင္းသြားေျပာေသးတယ္။
ရွင္းယံကို မၾကည့္ပါနဲ႔ ဆိုၿပီးေတာ့။
"ေအာ္ အဲ့လိုေတြ ျဖစ္သြားခဲ့တာလား။ ငါ့ကိုရွင္းယံ ေတာ္ေတာ္ထိန္းလိုက္ရမွာေပါ့ေနာ္ "
သုတ: မင္းမူးၿပီး ငခြၽဲစိန္ျဖစ္ေနတာ။ ဟားဟားဟားဟား
ႏိုးႏိုး : ငါ video ႐ိုက္ထားတယ္။ ပို႔လိုက္မယ္။ ၾကည့္လိုက္။
လင္းသည္ video call မွေခတၱထြက္လိုက္ကာ ႏိုးႏိုးပို႔ေသာvideo ကိုၾကည့္လိုက္သည္။ မ်က္လုံးျပဴးသြားသည္။
videoထဲတြင္ လင္းသည္ရွင္းယံနားသို႔ ပူးကပ္ေန၍ ရွင္းယံအေပၚ တက္မထိုင္႐ုံတမယ္ တြယ္ကပ္ေနသည္။ ရွင္းယံ၏ခါးကိုဖက္ထားသည့္အျပင္ ေမးေစ့ကို ရွင္းယံပခုံးေပၚ တင္ထားသည္။ လင္း၏မ်က္ႏွာေလးမွာမဲ့လ်က္ ရွင္းယံက လင္းကိုငုံ႔ၾကည့္ေနရွာသည္။
"လင္း နင္အဲ့တာဘာျဖစ္ေနတာလဲ"
ရယ္သံေရာေသာ ႏိုးႏိုး၏အသံျဖစ္သည္။ လင္းသည္ ႏိုးႏိုး၏စကားကိုအဖက္မလုပ္ဘဲ ရွင္းယံ၏နား႐ြက္နားကပ္၍ တစ္စုံတစ္ရာတိုးတိုးေလးကပ္ေျပာေနသည္။
"ဟဲ့ ဘာေျပာေနတာလဲ။ ငါတို႔လည္းသိခ်င္တယ္ေလ။
ရွင္းယံ....လင္း ဘာေျပာတာလဲ "
ဒီတစ္ခါ က်ဴးရင့္၏အသံျဖစ္သည္။ ရွင္းယံသည္ ပကတိ႐ိုးသားသိမ္ေမြ႕ေသာမ်က္ႏွာတြင္ မသိသာေသာအၿပဳံးခ်ိဳခ်ိဳေလးကို ဆင္ျမန္းလ်က္ ေမာ့ၾကည့္လာကာ
" ခ်စ္တယ္တဲ့..."
ဟု မပြင့္တပြင့္ေျပာသည္။ ထို႔ေနာက္ မ်က္ႏွာငယ္ေလးလုပ္ေနေသာ လင္း၏ေခါင္းကို အသာအယာပုတ္ေပးေနသည္။ လင္းသည္ မ်က္လုံးကို ႐ြဲလ်က္ ႏႈတ္ခမ္းကို စုေထာ္ထားေနသည္။ ပါးႏွစ္ဖက္မွာရဲေန၏။
"ကိုကို "
"အင္း ?"
၂ေယာက္လုံးသည္ အသံကိုေဖ်ာ့ေဖ်ာ့ေလးေျပာေနေသာေၾကာင့္ စကားမ်ားကို တိုးညႇင္းစြာသာ ၾကားရသည္။
ေသခ်ာဂ႐ုစိုက္နားေထာင္မွ ေျပာေနေသာစကားမ်ားကို
သဲကြဲစြာသိရသည္။
" မသြားနဲ႔..."
" ဘယ္ကိုလဲ "
" ဒီတိုင္း ဘယ္မွမသြားနဲ႔....ဒီမွာပဲေန..."
" ကိုကိုက ဘယ္သြားေနလို႔လဲ။ ဒီမွာပဲ ေနေနတာပဲေလ"
" မဟုတ္ဘူး။ ႏိုင္ငံျခားမသြားနဲ႔လို႔။ မသြားနဲ႔"
ရွင္းယံသည္ ဘာမွျပန္မေျပာဘဲ တိတ္ဆိတ္သြား၏။
သူသည္ လင္း၏ပခုံးကိုသာ ခပ္ဖြဖြဖက္လိုက္သည္။
ထိုစဥ္၌ နကၡတ္က ထိုင္ရာမွထကာ
" ငါ အိမ္သာခဏသြားလိုက္ဦးမယ္။ ဘယ္သူလိုက္ဦးမလဲ "
ဟု ေမးလာသည္။ ရွင္းယံသည္ သူ႔ခါးကိုဖက္ထားေသာ လင္း၏လက္တို႔ကို ခြာခ်ရန္ႀကိဳးစားကာ
" ကို အိမ္သာသြားဦးမယ္။ ခဏေလး လႊတ္ဦး ခတ္"
ဟုေျပာသည္။ သို႔ေသာ္ လင္းသည္ ရွင္းယံကို နည္းနည္းေလးမွေတာင္မေလွ်ာ့ေပးပါ။
"မသြားနဲ႔"
" ခဏပဲေလ။ သြားၿပီးတာနဲ႔ခ်က္ခ်င္းျပန္လာခဲ့မယ္။ ေနာ္"
" မသြားနဲ႔လို႔။ ကြၽန္ေတာ္မရွိတဲ့ေနရာကိုမသြားနဲ႔"
" ဒါဆို ခတ္ပါလိုက္ခဲ့။ "
" မလိုက္ဘူး။ ကိုကိုလည္းမသြားရဘူး။"
လင္းသည္ စူးေသာအသံျဖင့္ေအာ္သည္။ နကၡတ္သည္
ရွင္းယံကို ပခုံးတြန႔္ျပကာ သုတႏွင့္အတူတူ အိမ္သာသို႔ထြက္သြားသည္။
လင္းကား ရွင္းယံကို ပိုမိုတင္းက်ပ္စြာဖက္လိုက္ရင္း
" အိမ္သာလည္းမသြားနဲ႔။ အေမရိကားလည္းမသြားနဲ႔"
ဟု ငိုသံႀကီးႏွင့္ ထေျပာေလသည္။ မ်က္ႏွာမွာ တျဖည္းျဖည္းရႈံ႕မဲ့လာကာ ငိုေတာ့မည့္ဆဲဆဲ။
"အင္းပါ။ အင္းပါ။ မသြားဘူး.....အိမ္သာလည္းမသြားဘူး။ အေမရိကားလည္းမသြားဘူး။ ဟုတ္ၿပီေနာ္"
"ကြၽန္ေတာ့္အနားမွာပဲေန"
" ေနမွာပါ"
" ကတိေပး"
" အင္း။ ကတိေပးတယ္"
ရွင္းယံ လက္သန္းကိုေထာင္ျပရင္းေျပာမွ လင္းသုခတ္ ၿငိမ္က်သြားသည္။ ရွင္းယံသည္ ညင္သာေသာေလသံေအးျဖင့္
" အခု ၿငိမ္ၿငိမ္ေလးေနေတာ့ေနာ္။ ခုနကလိုလည္း ထမေအာ္နဲ႔ေတာ့။ "
ဟု ေျပာေနရရွာသည္။ အဲ့လိုေျပာေတာ့လည္း ငမူးလင္းသည္ ေခါင္းေလးၿငိမ့္ေနရွာ၏။ ရွင္းယံစကားကို နားေထာင္ခဲ့သည့္ပုံလည္းမေပၚပါ။ ၿငိမ္ၿငိမ္မေနလို႔ ဖန္ခြက္ေတြ ကြဲသြားခဲ့တာ မဟုတ္လား။
" ဒုကၡပါပဲ"
video ကိုၾကည့္ရင္း လင္း ကိုယ့္နဖူးကို ႐ိုက္လိုက္မိသည္။
ရွင္းယံရဲ႕ေရွ႕မွာ အခုလိုပရမ္းပတာ ပုံရိပ္ေတြဘာလို႔ျဖစ္ခဲ့ပါလိမ့္။ ၿပီးေတာ့ အေမရိကားမသြားဖို႔ ဘာလို႔ေတာင္းဆိုခဲ့မိပါလိမ့္။ လင္းသည္ ရွင္းယံ ေနာက္ဆံမတင္းရေသာ
ခ်စ္သူတစ္ေယာက္ျဖစ္ဖို႔ဆႏၵရွိသည္။ အခုလို ရွင္းယံ တက္လမ္းကို ပိတ္ပင္ေသာသူတစ္ေယာက္မျဖစ္ခ်င္ခဲ့။
မူးေနေသာေၾကာင့္ ေတာင္ေျပာေျမာက္ေျပာ ေျပာခဲ့တာမွန္ေသာ္လည္း ရွင္းယံစိတ္ထဲ တစ္မ်ိဳးမထင္သြားေစလိုပါ။
"ဘာလုပ္ေနတာလဲ"
" ဘုရားေရ..."
အေနာက္မွ အသံေၾကာင့္ လင္းလန႔္သြားကာ ကမန္းကတန္းလွည့္ၾကည့္လိုက္သည္။ ရွင္းယံသည္ ရယ္ရင္း လင္း၏ေဘးနားတြင္ဝင္ထိုင္လိုက္သည္။ ရွင္းယံ၏ T shirt အျပာသည္ ေရစို႐ႊဲေနသည္။
"ဆိုင္းမဆင့္ ဘုံမဆင့္ေရာက္လာတယ္"
" ခတ္ပဲ အိမ္မွာ ေဖေဖကဘုန္းႀကီးဝတ္တယ္။ ေမေမရယ္ မီးမီးရယ္ အဘြားရယ္က တရားစခန္းဝင္တယ္။ ဘယ္သူမွ မရွိဘူးဆို။ အဲ့တာေၾကာင့္ေရာက္လာတာ"
"ေရပက္ခံလာရတာလား"
"ဟုတ္တယ္။ ရပ္ကြက္ထဲမွာ ေရပက္တာဆိုလို႔ ကေလးေတြပဲရွိပါတယ္"
ရွင္းယံသည္ ေရစိုေနေသာ အက်ႌကိုခါလိုက္သည္။
တစ္ဆက္တည္းပင္
"တစ္ေယာက္တည္းဆို တံခါးကိုေသာ့ခတ္ထားပါဆိုတာကို မခတ္ထားဘူး"
ဟုလွမ္းဆူေသးသည္။
"ေသာ့ခတ္စရာမလိုပါဘူး။ ကြၽန္ေတာ္အိမ္ေရွ႕မွာထိုင္ေနတာပဲဥစၥာ"
" မလိုလို႔ပဲ။ ကိုယ္ဝင္လာတာေတာင္ ခတ္မသိဘူးေလ။
ကိုယ္မဟုတ္ဘဲ သူခိုးဆိုဘယ္လိုလုပ္မလဲ"
"ကိုကို အက်ႌလဲထားပါလား။ ေရေတြစိုေနတာ။ ဖ်ားဦးမယ္။"
အဆူခံရမည့္အရိပ္အေယာင္ရွိတာေၾကာင့္ လင္းစကားလမ္းေၾကာင္းလႊဲလိုက္၏။ ထို႔ေနာက္ ခ်က္ခ်င္းပင္ အခန္းဆီသို႔ ထြက္သြားသည္။
ရွင္းယံအတြက္ အက်ႌယူေပးရန္အခန္းထဲသြားေသာအခါ
ရွင္းယံက အေနာက္မွလိုက္လာသည္။ ရွင္းယံႏွင့္ ေတာ္ေလာက္မည့္ အက်ႌကို ဗီ႐ိုထဲမွရွာေနစဥ္ ရွင္းယံသည္ လင္း၏ကုတင္ေပၚတြင္ ပက္လက္လန္ လွဲလိုက္သည္။
"အႀကိဳေန႔ကို ဘယ္မွမသြားဘူးလား..."
" ဘယ္သြားရမွာလဲ"
လင္းသည္ အက်ႌတစ္ထည္ကိုျဖန႔္ၾကည့္ရင္း ေျပာသည္။
"မသိဘူးေလ။ ေလွ်ာက္လည္တာမ်ိဳး မလုပ္ဘူးလား"
" ဟင့္အင္း။ ကြၽန္ေတာ္ကၾသကၤန္မႀကိဳက္ဘူးရယ္။
မႀကိဳက္ဘူးဆိုတာက အက်ႌေရစိုတာမႀကိဳက္လို႔"
"အဲ့တာေတာ့ ကိုယ္နဲ႔တူသြားၿပီ။ ကိုယ္လည္းမႀကိဳက္ဘူး"
လင္းသည္ အက်ႌတစ္ထည္ကိုကိုင္ရင္းရွင္းယံနားတြင္ ထိုင္လိုက္သည္။
" ေရာ့ ဒါလဲထား"
ရွင္းယံသည္ လွဲေနရာမွ ထိုင္လိုက္ကာ ေရစိုေနေသာအက်ႌကိုစြဲခြၽတ္လိုက္သည္။
"ဒါနဲ႔ေလ ကိုကို"
ရွင္းယံသည္ လင္းေပးေသာ အက်ႌကိုအျမန္ဝတ္လိုက္၍
လင္းကိုၾကည့္လိုက္သည္။
" ဟိုေန႔က ကြၽန္ေတာ္ ေတာ္ေတာ္မူးၿပီး ကိုကို႔ကို အရမ္းရစ္လိုက္မိတယ္မလား။ အဲ့တာ sorry ေနာ္။ ကြၽန္ေတာ့္ေၾကာင့္ အမ်ားႀကီးပ်ာယာခတ္သြားရမွာ။"
"ရပါတယ္။ တကယ္ေတာ့ မူးတဲ့ပုံစံကခ်စ္ဖို႔ေကာင္းပါတယ္။ ကိုယ္ မျမင္ဖူးတဲ့ခတ္ရဲ႕ပုံစံအသစ္ကို ျမင္လိုက္ရသလိုပဲ။ ခတ္က ကိုယ့္ကို ဖားပ်ံတစ္ေကာင္လိုမ်ိဳး တြယ္ကပ္ေနတာ"
ရွင္းယံသည္ ၿပဳံး၍လင္း၏ပါးကိုလိမ္ဆြဲလိုက္သည္။
"မဟုတ္ဘူး။ အဲ့တာထက္ ကိုကို႔ကို ဘယ္မွမသြားနဲ႔လို႔ ေျပာလိုက္တဲ့ဟာကေလ....."
လင္းသည္ ခဏစကားရပ္သြား၏။ မ်က္ႏွာငယ္သြားသည္။
"အေမရိကားမသြားနဲ႔လို႔ေျပာတာက မူးေနလို႔ေျပာလိုက္မိတာ။ ကိုကို႔ကို ကြၽန္ေတာ္ တားဆီးတာမ်ိဳးမဟုတ္ပါဘူး။
၇ႏွစ္ ၈ႏွစ္ေလာက္ထိၾကာမယ္ဆိုတဲ့ ကိစၥက နည္းနည္းေတာ့အဆင္မေျပေပမဲ့......မေျပဘူးဆိုတာကလည္း ဒီတိုင္း.....ဘယ္သူက ကိုယ့္ခ်စ္သူနဲ႔ခြဲခ်င္မွာလဲေလေနာ္။
ကိုကို သြားလို႔ကရပါတယ္။ ကိုကိုစီစဥ္ၿပီးသား..... ကိုကိုရည္႐ြယ္ၿပီးသားဆိုတာလည္းသိပါတယ္။ ေျပာခ်င္တာက
ကိုကို႔ရည္မွန္းခ်က္ကို ကြၽန္ေတာ္မဟန႔္တားပါဘူး။ ကြၽန္ေတာ္ေျပာခ်င္တာကို နားလည္ရဲ႕လားမသိဘူး။
ကိုကိုသြားမယ္ဆိုတာကို ဝမ္းနည္းေပမဲ့ ဟန႔္တားတာမ်ိဳးေတာ့ ကြၽန္ေတာ္မလုပ္ဘူး"
" ကိုယ္သိပါတယ္"
လင္း၏အေရွ႕ဆံပင္အခ်ိဳ႕ကိုသပ္တင္လိုက္၏။ ရွင္းယံသည္ မႈန္မႈိင္းကာ ေတြေဝသြားေသာမ်က္ႏွာျဖစ္သြားသည္။သို႔ေသာ္သူသည္ ခဏေလးအတြင္းပင္ ထိုမ်က္ႏွာကိုေဖ်ာက္ကာ ေတာက္ေတာက္ပပၿပဳံးလိုက္သည္။
" ကိုယ္ တစ္ခါတည္း ညအိပ္သြားရင္ေကာင္းမလား"
"ဘာျဖစ္လို႔လဲ"
" အိမ္မွာ ခတ္တစ္ေယာက္တည္းမို႔လို႔ေလ"
" ရပါတယ္။ ကြၽန္ေတာ္ တစ္ေယာက္တည္းေနရဲပါတယ္
မေၾကာက္ပါဘူး...."
ရွင္းယံ ေခါင္းခါလိုက္သည္။
"မဟုတ္ဘူးေလ။ ခတ္တစ္ေယာက္တည္းျဖစ္ေနလို႔ဆိုတာထက္ ကိုကို႔ဘာသာ လာအိပ္ခ်င္လို႔အိပ္မယ္ေျပာတာ"
"အိပ္တာက ကြၽန္ေတာ္ကရေပမဲ့ ကိုကို႔အိမ္က ကြၽန္ေတာ့္ဆီလာတာ ႀကိဳက္လို႔လား။ ကိုကို႔မားမားက
ကြၽန္ေတာ့္ကိုသေဘာမက်ဘူးေလ...."
" ဟုတ္တယ္ေလ"
" အင္းေလ"
" ဒါေပမဲ့ မားမားမွမရွိတာ။ ဘန္ေကာက္ေရာက္ေနတယ္။
အိမ္မွာ ပါးပါးပဲရွိတယ္။ ပါးပါးက ကိုကို ဘယ္သြားသြားေျပာတာမဟုတ္ဘူး...."
လင္းသည္ မ်က္လုံးကိုလွည့္ကစားကာ စဥ္းစားဟန္လုပ္ေနသည္။ ၿပီးမွ သြားၿဖဲရယ္ကာ
"ဒါဆို လာအိပ္"
ဟု ေျပာေလသည္။
"ဒီတစ္ညတည္းအိပ္သြားရင္ ေနာက္ရက္ေတြလည္း မနက္ပိုင္း ခတ္ဆီလာမွာပဲေလေနာ္။ ရႈပ္ပါတယ္။ တစ္ခါတည္း ၾသကၤန္ေလးရက္လုံး ဒီမွာပဲေနလိုက္မယ္။"
"ရလို႔လား...."
" ရတယ္။ ဘာလို႔လဲ မေနေစခ်င္ဘူးလား"
မ်က္ခုံးကိုတြန႔္ခ်ိဳးေျပာပါေသာရွင္းယံ။
ရွင္းယံ ခ်စ္ဖို႔ေကာင္းေအာင္ျပဳမူလွ်င္ ယခုထက္တိုင္
လင္းမွာ ေႂကြသြားရစၿမဲျဖစ္သည္။
" ေနပါ။ရတယ္။ ဒါေပမဲ့ အက်ႌကဘယ္လိုလုပ္မွာလဲ"
" မနက္ျဖန္ မနက္ေရာက္မွ အိမ္ျပန္ယူလိုက္မယ္။
အခုေတာ့ ပါးပါးကို သူငယ္ခ်င္းအိမ္မွာ ညအိပ္မယ္ဆိုၿပီး ညာလိုက္ဦးမယ္"
"ညာတယ္? ညအိပ္တာမွန္တယ္ေလ"
" ညအိပ္တာမွန္ေပမဲ့ ခတ္က ကိုယ့္သူငယ္ခ်င္းမွမဟုတ္တာ"
လင္း ထရယ္လိုက္မိေတာ့သည္။
**************************************************************
TV မွလာေသာ korea ကားမွအသံသည္ ဧည့္ခန္းအတြင္း၌ပ်ံ႕ႏွံ႔ေနသည္။ ထိုkorea ကားမွာ လင္းၾကည့္ေနၾကကားျဖစ္ေသာ္လည္း ရွင္းယံမွာ အခုမွ တစ္ဝက္တစ္ပ်က္ေနရာက စၾကည့္ခ်င္းျဖစ္ေသာေၾကာင့္ စိတ္မဝင္စားဘဲ ဖုန္းပြတ္လိုက္ ၊ tv ျပန္ၾကည့္လိုက္ႏွင့္
ပ်င္းရိပ်င္းတြဲျဖစ္ေနသည္။ ေနာက္ေတာ့သူသည္ လင္း
ဆီသို႔ အတင္းတိုးဝင္ကာ လင္း၏ေပါင္ကိုေခါင္းအုံး၍
လွဲလိုက္သည္။ လင္းသည္ tvမွ မ်က္စိမခြာဘဲ ရွင္းယံ၏
ဆံႏြယ္တို႔ကို လက္ေခ်ာင္းျဖင့္ထိုးဆြေနသည္။
TV ထဲ၌ မင္းသား၏အေမျဖစ္သူသည္
"နင္ကမ်ား ရာရာစစ ငါ့သားကို "
ဟုေအာ္ရင္း မင္းသမီးအားေရျဖင့္ပက္လိုက္ပါ၏။
ထိုအခန္းကိုၾကည့္ရင္း လင္း ၾကက္သီးထသြားသည္။
"ကိုကို"
"ဗ်ာ...."
"တကယ္လို႔ေလ....ကိုရီးယားကားထဲကလိုမ်ိဳး....ကိုကို႔အေမက ကြၽန္ေတာ့္ကိုပိုက္ဆံေပးၿပီး ကိုကို႔အနားကထြက္သြားခိုင္းရင္ ဘယ္လိုလုပ္မလဲ"
ရွင္းယံသည္ လွဲေနရင္း လင္းကိုေမာ့ၾကည့္သည္။
ဘာေတြေတြးေနတာလဲ ဟူေသာအၾကည့္မ်ိဳး။
" အဲ့တာဆိုရင္ သိန္းငါးေထာင္....မဟုတ္ဘူး။ နည္းတယ္။
သိန္းတစ္ေသာင္းေလာက္ ေတာင္းလိုက္..."
" ေတာင္းၿပီးေတာ့?"
" ေတာင္းၿပီးေတာ့ ထြက္ေျပး...."
လင္းသည္ ရွင္းယံကို ျဖတ္ခနဲငုံ႔ၾကည့္၍ လက္ေမာင္းကို႐ိုက္လိုက္သည္။
"အခု ကြၽန္ေတာ့္ကို ကိုကို႔အနားကထြက္သြားခိုင္းေနတာလား"
" မဟုတ္ဘူးေလ။ သိန္းတစ္ေသာင္းေတာင္းၿပီးေတာ့
အတူတူ ထြက္ေျပးမယ္ေလ....ကိုကိုနဲ႔ခတ္နဲ႔...."
" သိန္းတစ္ေသာင္းဆို ထီေပါက္တာနဲ႔တူတူပဲ။
ထီလက္မွတ္က ကိုကိုလား...."
"ဟုတ္မယ္ထင္တယ္။ "
" ပိုက္ဆံအမ်ားႀကီးပဲ..."
"အင္း.....အဲ့ပိုက္ဆံနဲ႔ အိမ္တစ္လုံးဝယ္မယ္။ ကားတစ္စီးဝယ္မယ္။ ပိုတဲ့ပိုက္ဆံကို အရင္းအႏွီးျပဳၿပီးစီးပြားေရးတစ္ခုလုပ္မယ္။ ခတ္က စားဖိုမႉးျဖစ္ခ်င္တာမလား"
" ဟုတ္တယ္"
"ဒါဆို စားေသာက္ဆိုင္ဖြင့္မယ္။ ခတ္က chef ေပါ့။
ကိုကိုက ဆိုင္ရဲ႕စီမံခန႔္ခြဲေရးကိုလုပ္မယ္..."
"မိုက္ေတာ့မိုက္သားပဲ...."
" ဟုတ္တယ္ေနာ္"
" ကိုကို႔အေမက ရႈံးတာေပါ့။ သားလည္းပါသြား။ ပိုက္ဆံလည္းပါသြားနဲ႔"
" သားက ပါၿပီးသားပဲ ဥစၥာ..."
ရွင္းယံစကားေၾကာင့္ ခတ္ရယ္လိုက္သည္။
"ေမြးရက်ိဳးနပ္တဲ့သားေလးေပါ့"
ရွင္းယံရယ္ေနသည္။ ထို႔ေနာက္သူသည္ တည္သြားကာ
" အဲ့လိုမဟုတ္ဘဲ ကိုကို႔အေမက ကိုကို႔ကို အေမြျဖတ္လိုက္တယ္ ဆိုရင္ေရာ"
ဟုေမးလာသည္။
" အဲ့ေတာ့လည္း ဘာမွမယူဘဲ ကြၽန္ေတာ့္စီပဲလာခဲ့ေပါ့"
"လာၿပီးေတာ့?"
" ကြၽန္ေတာ္လုပ္ေကြၽးမယ္။ "
ရွင္းယံသည္ ေစာင္းေနရာမွ ပက္လက္လွန္ကာ လင္း၏ေမးဖ်ားကို ၾကည့္ရင္းၿပဳံးသည္။
"အဲ့ေတာ့ ခတ္က အလုပ္လုပ္ၿပီးပိုက္ဆံရွာ.....ခတ္က
အလုပ္လုပ္မယ္ဆိုေတာ့ ကိုကိုက အိမ္ရွင္မပဲလုပ္ရမလား။ ထမင္းခ်က္ ဘာခ်က္ေပါ့..."
"ခ်က္တတ္လို႔လား"
" ဟင့္အင္း။ မီးဖိုေခ်ာင္ထဲေတာင္ ၃စကၠန႔္ျပည့္ေအာင္ မေရာက္ဖူးဘူး"
" ကြၽန္ေတာ္ခ်က္တာ ပိုေကာင္းမယ္ထင္တယ္"
" ဒါဆို ကိုယ္က သန႔္ရွင္းေရးလုပ္မယ္"
" အဲ့တာေရာ လုပ္တတ္လို႔လား"
" ပန္းကန္ေတာင္မေဆးဖူးဘူး...."
" သန႔္ရွင္းေရးလည္း ကြၽန္ေတာ္ပဲလုပ္တာေကာင္းမယ္ထင္တယ္"
" အဲ့ေတာ့ ကိုကိုက ဘာလုပ္ရမွာလဲ"
" ကိုကိုက.....ဒီတိုင္း ကြၽန္ေတာ့္ကိုခ်စ္ေပးရင္ ရပါၿပီ"
လင္းသည္ ရွင္းယံမ်က္ႏွာကိုငုံ႔ၾကည့္လာသည္။ ရွင္းယံ
ႏွစ္ၿခိဳက္စြာၿပဳံးသည္။
" ကိုကိုက ကြၽန္ေတာ္အိမ္ျပန္လာတိုင္း အခုလိုမ်ိဳး ၿပဳံးၿပီးႀကိဳရင္ ရၿပီ...."
" အဲ့တာက အေျပာေတာ့ဟုတ္တယ္ ကေလးရဲ႕။ တကယ္တမ္း အိမ္ေထာင္တစ္ခုျဖစ္လာမယ္ဆိုရင္
ႏွစ္ဦးႏွစ္ဖက္ညီမွ်ေနဖို႔လိုတယ္။ တစ္ဖက္ကပဲ အကုန္လုံးသိမ္းႀကဳံးၿပီးလုပ္ေနရမယ္ဆိုရင္ အဆင္ေျပမွာမဟုတ္ဘူး။"
" အဲ့ေတာ့ ဘယ္လိုလုပ္မလို႔လဲ"
" ဘယ္လိုမွ မလုပ္ဘူး။ ဘာလို႔လဲဆိုေတာ့ အိမ္က ကိုကို႔ကိုအေမြျဖတ္မွာ မဟုတ္လို႔ပဲ။ ကိုကို႔ မားမားအေၾကာင္းကိုကိုသိတယ္။ ခတ္နဲ႔တြဲေနတာသူသိရင္ ခဏေတာ့စိတ္ဆိုးမွာ။ ဒါေပမဲ့အေမြေတာ့မျဖတ္ေလာက္ဘူး။ ဘာလို႔လဲဆိုေတာ့ ကိုကိုက သူ႔ရဲ႕တစ္ဦးတည္းေသာသားေလ။ ပါးပါးဆို ပိုဆိုး။ ပါးပါးက မားမားထက္ပိုၿပီး
ကိုကို႔ကို နားလည္တယ္။ ၿပီးေတာ့ ပါးပါးက ေရွး႐ိုးစြဲသိပ္မရွိဘူး....သူတို႔ ကိုကို႔ကို အလြန္ဆုံး စိတ္ဆိုးရင္ လပိုင္းေလာက္ပဲ...."
ရွင္းယံသည္ စဥ္းစဥ္းစားစားေျပာေန၏။ လင္းသည္ ႐ုတ္တရက္ တုန္လႈပ္သလိုခံစားမိလိုက္သည္။
" ကြၽန္ေတာ္ ေမးမယ္ေနာ္"
" အင္း ေမးေလ..."
" ဘယ္ေတာ့ေလာက္ ကိုကို႔မိဘေတြကိုေျပာမယ္လို႔ စဥ္းစားထားတာလဲ...."
ရွင္းယံ သက္ျပင္းခပ္သဲ့သဲ့ခ်သည္။
" ကိုကို ဘြဲ႕ရၿပီးေတာ့....လုပ္ငန္းခြင္ ဝင္ၿပီးေတာ့.....
ခတ္နဲ႔အတူတူေနမယ္လို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တဲ့ေန႔က်ရင္....."
လင္း၏မ်က္လုံးမ်ား ဝိုင္းစက္အရည္လဲ့သြားသည္။
ရွင္းယံက ရင့္က်က္ေသာေလသံျဖင့္ေျပာသည္။
" ကိုကို ခတ္ကိုလက္လြတ္စပယ္သေဘာထားတာ မဟုတ္မွန္းသိတယ္မလား။ ကိုကို ႏိုင္ငံျခားမွာေက်ာင္းတက္မယ္။ ဘြဲ႕ယူမယ္။ ပါးပါးရဲ႕အလုပ္ကိုဆက္လုပ္ႏိုင္ဖို႔
သင္ယူရမယ္။ ကိုကို႔ဘဝက ေသခ်ာအေျခခိုင္ၿပီဆိုတာနဲ႔ ခတ္ရဲ႕ ဘဝကိုပါတာဝန္ယူပါ့မယ္။ ကိုယ္တို႔က ဥပေဒအရ လက္မထပ္ႏိုင္ေပမဲ့ ႐ိုးရာအတိုင္း မဂၤလာပြဲက်င္းပလို႔ရပါတယ္။ အဲ့ဒီ့အခ်ိန္ထိ ေရာက္ဖို႔က ၁၀ႏွစ္ေက်ာ္ ဒါမွမဟုတ္
၁၂ႏွစ္...၁၅ႏွစ္ထိ ၾကာႏိုင္တယ္။ အဲ့ဒီ့အခ်ိန္ထိ ခတ္က
ကိုယ့္ကို ယုံၾကည္ၿပီး ေစာင့္ေပးေစခ်င္တယ္။ ကိုကိုက
အမ်ားႀကီးႀကိဳစဥ္းစားတတ္တာ ခတ္သိပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ကိုကိုႀကိဳေတြးေလ့ရွိတဲ့ ကိုကို႔အနာဂတ္အစီအစဥ္တိုင္းမွာ ခတ္ ပါတယ္။ အဲ့ဒီ့အတြက္ေၾကာင့္
ခတ္က ကိုကို႔ကို ယုံထားမွျဖစ္မယ္။ ဘယ္ေတာ့မွ ပစ္သြားမွာ မဟုတ္တဲ့အေၾကာင္း....ဘယ္လိုအေျခအေနျဖစ္ျဖစ္ ခ်စ္ေနမယ္ဆိုတဲ့အေၾကာင္း.....တကယ္လို႔ ကိုကိုမအားလို႔
အခ်ိန္မေပးႏိုင္ရင္ေတာင္ စိတ္ထဲမွာခတ္ကိုအၿမဲရွိတယ္ဆိုတဲ့အေၾကာင္း သိထားရမယ္..."
ရွင္းယံသည္ လင္းကိုတည့္တည့္ေငးၾကည့္ရင္း
စကားကိုညင္သာစြာ အဆုံးသတ္သည္။ လင္း၏
မ်က္ႏွာအမူအရာသည္ ေလးနက္သြား၏။ ရွင္းယံသည္
လင္းကိုၾကည့္ရင္း မူးေနခဲ့ေသာလင္း၏ပုံရိပ္ကို သြားသတိရသည္။
ငမူးေလး လင္းသည္ ထိုေန႔က ရွင္းယံကိုအတင္းတြယ္ကပ္ကာ မ်က္ရည္ဝိုင္းေသာမ်က္လုံးမ်ားျဖင့္.....
" ကြၽန္ေတာ္သိတဲ့အတြဲေတြထဲမွာ အေနေဝးလို႔ျပတ္သြားတာေတြရွိတယ္။ ကြၽန္ေတာ္နဲ႔ ကိုကိုနဲ႔ အဲ့လိုမျဖစ္ေစခ်င္ဘူး။ ကြၽန္ေတာ္တို႔ တစ္ႏိုင္ငံစီမွာျဖစ္သြားလည္း.....အေနေဝးသြားလည္း ကိုကိုက ကြၽန္ေတာ့္ကိုအခ်စ္ေလ်ာ့လို႔မျဖစ္ဘူး...."
ဟု တုန္ရီေသာအသံျဖင့္ေျပာခဲ့သည္။ ရွင္းယံသိပါသည္။
လင္းသည္ ခြဲရမွာထက္ ရွင္းယံ သူ႔ကိုမခ်စ္ေတာ့မွာကို သိပ္ေၾကာက္ေန၏။
ရွင္းယံသည္ သူ႔ကိုရည္လဲ့စြာငုံ႔ၾကည့္ေနေသာ လင္း၏ပါး၂ဖက္ကို အုပ္ကိုင္လိုက္သည္။
"ခ်စ္တယ္ေနာ္...."
လွဲေနရာမွေခါင္းကိုေထာင္လိုက္ရင္း ေက်ာကို အတန္ငယ္ ေကာ့၍မတ္လိုက္ကာ လင္း၏မ်က္ႏွာကို ႏႈတ္ခမ္းနားဆီဆြဲယူလိုက္၏။
လင္း၏ႏႈတ္ခမ္းလုံးလုံးကို ဆြဲယူငုံေထြးလိုက္သည္။
လင္း၏မ်က္လုံးမ်ား အသာေမွးကာမွိတ္သြားသည္။
လင္း၏အေပၚႏႈတ္ခမ္းကို ျပင္းရွစြာစုပ္ယူ၍နမ္းရႈိက္လိုက္ေၾကာင္းသိရ၏။ ထို႔ေနာက္ေအာက္ႏႈတ္ခမ္း
ကို စုပ္ယူသည္။ လင္း၏ႏႈတ္ခမ္းႏွစ္လႊာကို တစ္လွည့္စီနမ္းရႈိက္ေနရင္း လင္း၏ဆံပင္မ်ားထဲသို႔ ရွင္းယံလက္ေခ်ာင္းမ်ားနစ္ဝင္ကာ ဆံပင္ကိုထိကိုင္ေနသည္။
အခုပုံစံအတိုင္းနမ္းေနရသည္မွာ ရွင္းယံ၏ဗိုက္ကိုေတာင့္ခံထားရတာျဖစ္ေသာေၾကာင့္ အတန္ငယ္နာလာသည္။
ထို႔ေၾကာင့္ အနမ္းကိုေခတၱရပ္ကာ လင္း၏ေဘးနားတြင္
ေသခ်ာေလးထိုင္လိုက္သည္။
ထပ္နမ္းမည္ျပဳစဥ္ လင္းက ေရွာင္လိုက္ေသာေၾကာင့္
ပါးကိုသာ ရွင္းယံ၏ႏွာေခါင္းျဖင့္ထိမိသြားသည္။
" ေနဦး...ကြၽန္ေတာ္တို႔စားထားတဲ့ပန္းကန္ေတြေဆးရဦးမယ္...."
'"ေနာက္မွေဆးေလ....ထားလိုက္။ မဟုတ္ရင္လည္း မနက္က်မွေဆးေတာ့.....ကိုကိုေဆးေပးမယ္...."
ရွင္းယံသည္ လင္းကိုဆြဲလိုက္ကာ ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။
" ဘယ္ျဖစ္မလဲ....အခုက အိပ္ေတာ့မွာမလား။ ပန္းကန္ေတြကို တစ္ညလုံးပစ္ထားလို႔မျဖစ္ဘူး။ ပိုးဟပ္ေတြ တက္လိမ့္မယ္"
လင္းသည္ ရွင္းယံကိုတြန္းဖယ္ကာ ထ ထြက္သြားသည္။
ရွင္းယံသည္ ႏွာေခါင္းရွဴံ႔ရင္း လက္ပိုက္လိုက္သည္။
*************************************************
"ဘယ္သြားမလို႔လဲ"
အခန္းထဲမွထြက္သြားမည္ျပဳေသာလင္း၏လက္ကို လွမ္းဆြဲလိုက္သည္။ လင္းသည္ မ်က္လုံးေလးကလယ္ ကလယ္ျဖင့္
" ဟိုဘက္အခန္းသြားမလို႔ေလ"
ဟု ဆိုေလသည္။
"အင္းေလ။ အဲ့တာ ဘာလို႔သြားမွာလဲလို႔"
"အိပ္ဖို႔ေလ"
ရွင္းယံ မ်က္ခုံးမ်ားကိုတြန႔္ခ်ိဳးသည္။
" ကိုယ္နဲ႔အတူအိပ္ေတာ့ ဘာျဖစ္လို႔လဲ"
" ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္ကုတင္က တစ္ေယာက္အိပ္ကုတင္ေလ။ ကြၽန္ေတာ္တို႔၂ေယာက္ အတူတူအိပ္ရင္ က်ဥ္းက်ပ္ေနလိမ့္မယ္"
ကုတင္ကို လက္ညႇိဳးထိုးျပရင္း လင္းကေျပာသည္။
" အဲ့ေလာက္လည္း မက်ဥ္းပါဘူး။ ဘာလို႔လဲ။ ခတ္က
က်ဥ္းက်ပ္ရင္ မအိပ္တတ္လို႔လား..."
" ကြၽန္ေတာ္က ရပါတယ္။ ကိုကို မအိပ္တတ္မွာစိုးလို႔..."
" ကိုယ္လည္းရတယ္ေလ...."
" တကယ္လို႔ အဆင္မေျပဘူးဆိုရင္ ေမေမနဲ႔ေဖေဖ့ကုတင္ေပၚ သြားအိပ္လို႔ရမယ္။ သူတို႔ဟာက ၂ေယာက္အိပ္ကုတင္ဆိုေတာ့....."
" သူမ်ားအခန္းမွာသြားအိပ္လို႔ မေကာင္းပါဘူး။ လာစမ္းပါ။ ဒီမွာပဲအိပ္လိုက္...."
ရွင္းယံ ဆြဲေခၚသြားေသာေၾကာင့္ လင္းသည္ အခန္းအတြင္းသို႔ ျပန္ပါသြားရသည္။ ရွင္းယံ ကုတင္ေပၚသို႔ပစ္လွဲလိုက္ေသာအခါ လင္းသည္ ကုတင္ေျခရင္း၌ မခို႔တ႐ို႕ေလးရပ္ေနသည္။ ရွင္းယံသည္ လင္းကိုလွမ္းၾကည့္လ်က္ မ်က္လုံးကိုစင္းကာ ႏႈတ္ခမ္းေကြးၫြတ္ၿပဳံးလိုက္သည္။
" လက္ပဲကိုင္ၿပီးအိပ္မွာပါ။ ကိုယ့္ကိုယုံတယ္မလား"
လင္း မ်က္ေတာင္ႏွစ္ခ်က္ဆင့္၍ခတ္လိုက္သည္။ လင္း
မပြင့္တပြင့္ရယ္လိုက္ကာ ရွင္းယံ၏ေဘးတြင္ ဝင္လွဲလိုက္သည္။ရွင္းယံသည္ လင္းအတြက္ေနရာက်ယ္ေစရန္ ေဘးသို႔တိုးေပး၏။ ရွင္းယံႏွင့္ မ်က္ႏွာခ်င္းဆိုင္ဘက္သို႔ ေစာင္းအိပ္လိုက္သည္။
ရွင္းယံ၏ခ်ိဳသာေသာအၿပဳံးကို ေတြ႕ရသည္။
*************************************************
" စိုင္းရွင္းယံ.....တကယ္လည္းလက္ပဲကိုင္ၿပီးအိပ္တာကို"
အေရွ႕တည့္တည့္ရွိ စိုင္းရွင္းယံ ကိုမ်က္ေတာင္မခတ္တမ္းေငးၾကည့္ရင္း ေလသံတိုးတိုးျဖင့္ေရ႐ြတ္မိလိုက္၏။
ရွင္းယံသည္ မ်က္ေတာင္ရွည္မ်ားကိုပိတ္ကာ ၿငိမ္သက္ေသာဝင္ေလထြက္ေလကိုရွဴရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္။ ရွင္းယံ၏လက္ႏွစ္ဖက္က လင္း၏လက္ဖဝါးတစ္ခုကို ေႏြးေထြးစြာဆုပ္ကိုင္ထားသည္။ ရွင္းယံသည္ အိပ္ေပ်ာ္ေနတာေတာင္ ဘာလို႔ဤမွ်ေခ်ာေမာေနရပါသနည္း။
ဒီလိုက်ေတာ့လည္း အိပ္ေမာက်ေနေသာ ရွင္းယံကိုေငးၾကည့္ရင္း ပီတိစိတ္တို႔ ယိုဖိတ္လာရသည္။ ေနာက္ဆုံးေတာ့ ဒီေကာင္ေလးကို ပိုင္ဆိုင္ခဲ့ရၿပီဟူေသာ စိတ္ျဖင့္
ႏွစ္သက္ဝမ္းသာမိသြားသည္။
အိပ္ေပ်ာ္ေနေသာေကာင္ေလး၏နဖူးကို တစ္ခ်က္နမ္းၿပီးေနာက္ လင္းသည္ ၿပဳံးၿပဳံးႀကီးမ်က္လုံးမွိတ္လိုက္သည္။
*************************************************