MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep - 53

19.8K 2.6K 339
By _pannthoon_

[Zawgyi]

ဇူလိုင္ ၁၆ရက္ေန႔.....
နာမည္ၾကားဖူးတာၾကာၿပီျဖစ္ေပမယ့္ သူ႔ကိုအျပင္မွာပထမဦးဆံုး ေတြ႕တဲ့ေန႔.....
ၿပီးေတာ့ အဲ့ဒီ့ေကာင္ေလးနဲ႔စဆံုဖို႔ ျဖစ္လာတဲ့ေန႔.....

"လင္း...မထြက္လာေသးနဲ႔...."

ေအာ္သံတစ္ခုေၾကာင့္ မသိစိတ္အရ လွည့္ၾကည့္လိုက္မိသ ည္။ နကၡတ္၏တည့္တည့္သို႔ တစ္စံုတစ္ေယာက္က အရွိန္နွင့္ေျပးလာသည္ကုိ ျမင္လိုက္ရေသာအခါ နကၡတ္သည္
အလန္႔တၾကားေရွာင္ဖယ္လိုက္၏။ နကၡတ္ေရွာင္လိုက္ေသာေၾကာင့္ ထိုေျပးလာေသာေကာင္ေလးမွာ ၾကမ္းျပင္ေပၚသို႔
ေမွာက္ရက္ေခ်ာ္လဲသြားသည္။ထိုအခါမွ ၾကမ္းျပင္ေပၚတြင္
ေမွာင္ခံုေလးျဖစ္ေနေသာေကာင္ေလးကုိ ဆြဲထူရန္ သတိရမိေတာ့သည္။

" မင္း အဆင္ေျပရဲ႕လား..."

" ဟုတ္ကဲ့...ေျပပါတယ္..."

ေကာင္ေလး၏ မ်က္လံုးဝိုင္းဝိုင္းတို႔က ပုတ္ခတ္ပုတ္ခတ္ျဖစ္ေန၏။ ပိန္ပိန္သြယ္သြယ္...မ်က္လံုးဝိုင္းဝိုင္း...ရႈပ္ရႈပ္ပြပြဆံပင္တို႔ျဖင့္ ဒီေကာင္ေလးကုိတစ္ေနရာတြင္ ျမင္ဖူးသလိုခံစားမိေနေသာေၾကာင့္ မိမိ၏မွတ္ဉာဏ္တို႔တြင္ ျပန္လည္စဥ္းစားရွာေဖြနသည္။ ျဖတ္ခနဲသတိရလာသည္။ ဒါဟာ ရွင္းယံ ေျပာေျပာေနတဲ့ လင္းသုခတ္ဆိုတဲ့ေကာင္ေလး။

လင္းသုခတ္ကို ဆြဲထူေနတုန္းမွာပင္ တျခားေကာင္ေလးတစ္ယာက္အနားသို႔ေရာက္ရွိလာသည္။ ၾကည့္ရတာ လင္းသုခတ္ရဲ႕သူငယ္ခ်င္းထင္ပါရဲ႕။ လင္းသုခတ္နဲ႔သူ႔ သူငယ္ခ်င္းက
ဲဒီမွာ ဘာလုပ္ေနတာလဲ။

လင္းသုခတ္ကုိ ျပန္ၾကည့္လိုက္ေတာ့ လင္းသုခတ္၏နွာေခါင္းထဲမွ ေသြးစတို႔က နႈတ္ခမ္းစီသို႔စီးက်ေနသည္။

" ေသြးေတြ...ထြက္ေနတယ္...."

ေစတနာနဲ႔ သတိေပးလိုက္၏။ လင္းသုခတ္သည္ နွာေခါင္းကုိ
အၾကမ္းပတမ္းပြတ္တိုက္လိုက္သည္။ ထိုအခါေသြးတို႔သည္ ပ်ံ႕သြားၿပီး နႈတ္ခမ္းအထက္၌ နႈတ္ခမ္းေမႊးပမာျဖစ္သြားသည္။

" လင္း..မပြတ္နဲ႔...နွာေခါင္းေသြးလ်ွံတာျဖစ္မယ္...လာ သြားရေအာင္..."

သူငယ္ခ်င္းျဖစ္သူက လင္းသုခတ္ကိုဆြဲေခၚသြားသည္။
နကၡတ္သည္ အနားမွ ကေရာကပါးထြက္သြားေသာ ေကာင္ေလးနွစ္ေယာက္ကို ၾကည့္ရင္းက်န္ခဲ့သည္။

"လင္းသုခတ္..."

နကၡတ္သည္ မ်က္ေမွာက္ကုတ္ရင္း ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

ထိုအခ်ိန္ကတည္းက ရွင္းယံရဲ႕ခတ္ကုိ စသိခဲ့သည္။
ရွင္းယံကိုခ်ဥ္းကပ္ဖို႔ နည္းဗ်ဴဟာေတြသံုးေနတဲ့ လင္းသုခတ္ေပါ့။ စေတြ႕ထဲက လင္းဟာ သူ႔နွလံုးသားကုိတျခားတစ္ေယာက္ထံ အပိုင္ေပးအပ္ၿပီးသား။

လင္းရဲ႕အနားကုိပိုနီးကပ္ေစဖို႔ ဘယ္အရာေတြက နကၡတ္ကိုတြန္းပို႔ခဲ့ပါသလဲ....
က်ဴးရင့္ရဲ႕အစီအစဥ္ကလား.....
ရွင္းယံရဲ႕မျပတ္သားတဲ့စိတ္ကလား...
ဒါမွမဟုတ္....နကၡတ္ကိုယ္တိုင္ပဲလား.....

မျဖစ္သင့္တဲ့အရာမွန္းသိေပမယ့္ ထိန္းခ်ဳပ္ထားသည့္ၾကားမွ
လင္းထံကို ၿပိဳလဲဖူးသည္။ စေတြ႕တုန္းက ဝါသနာတူ....
အႀကိဳက္ခ်င္းတူသည္မို႔ သူငယ္ခ်င္းအသစ္တစ္ေယာက္တိုးသလိုမ်ိဳး လင္းအေပၚခင္တြယ္မိသည္။ ေနာက္ေတာ့ ပုိရင္းနွီးလာသည္။ က်ဴးရင့္၏အစီအစဥ္အရ လင္းကုိ ႀကိဳက္ေနဟန္ေဆာင္ရသည္။ ဟန္ေဆာင္မႈက အစစ္ျဖစ္မွန္းသိလာေသာအခါ နကၡတ္ လမ္းေပ်ာက္သြားရသည္။

ဘယ္ကဘယ္လို ခံစားခ်က္မ်ား စတင္ခဲ့မွန္းမသိေသာ္လည္း မနက္ခင္းတစ္ခု၌ နကၡတ္ႏုိးလာေသာအခါ လင္းကုိ
သေဘာက်ေနေၾကာင္း ကိုယ့္ကိုယ္ကုိ လက္ခံလိုက္ရသည္။

ထိုအခ်ိန္မွစ၍ အရာအားလံုးမွားယြင္းခဲ့ၿပီ။
ရွင္းယံရဲ႕ခတ္ အစား နကၡတ္ရဲ႕လင္း ျဖစ္လာေစခ်င္သည္။
ရွင္းယံကုိတြန္းထုတ္ၿပီး လင္း၏အနား၌ ရွိခ်င္လာသည္။

" အခု ပစၥဳပၸန္အခ်ိန္မွာ ငါသေဘာက်ေနတဲ့လူတစ္ေယာက္ရွိတယ္...ငါသူ႔ကုိခ်စ္တယ္ ထင္တာပဲ...ဒါေပမယ့္ မသိပါဘူး...ငါ့ဟာငါေတာင္မေသခ်ာဘူး...သူ႔အေပၚ စိတ္ကစားတာလည္းျဖစ္နိုင္ပါတယ္...သူကထူးျခားတယ္...ငါႀကိဳက္ဖူးတဲ့လူေတြနဲ႔လံုးဝ မတူဘူး....ဒါေပမဲ့ တစ္ဘဝလံုးအတြက္
စဥ္းစားလိုက္ရင္ ငါသူ႔ကုိရဖို႔အမ်ားႀကီးေက်ာ္ျဖတ္ရမွာ...
သိလား။ အိမ္နဲ႔အတိုက္အခံလုပ္ရမယ္...သူငယ္ခ်င္းေတြနဲ႔
ရန္ျဖစ္ရမယ္..."

အတန္ငယ္မူးၿပီးေျပာခဲ့ေသာ စကားမ်ားမွာ အမွန္တရားတစ္ဝက္ေလာက္ပါေနေၾကာင္း။

သူငယ္ခ်င္းေတြနဲ႔ရန္ျဖစ္ရမယ္?
ငါမင္းကုိ ရေအာင္ယူလိုက္ရင္ ငါနဲ႔ရွင္းယံရဲ႕ၾကားမွာ
သူငယ္ခ်င္းဆက္လုပ္လို႔မရေအာင္ အဖုအထစ္ေတြျဖစ္သြားနိုင္တယ္...လင္း။

တျခားအရာေတြထားပါဦး။
မင္းက ငါ့ကုိခ်စ္လာမွာမွ မဟုတ္တာ။ ဒါက တကယ့္အခက္အခဲမဟုတ္လား။

ငါ အိမ္မက္ကနိုးထခဲ့တယ္။ နကၡတ္ရဲ႕လင္းျဖစ္ဖို႔ စြန္႔လႊတ္ခဲ့တယ္။ ပိုင္ရွင္ရွိၿပီးသားလူတစ္ေယာက္ကို သေဘာက်ခဲ့တာ
ငါ့အမွားမုိ႔။

ရွင္းယံရဲ႕ခတ္....
ဇာတ္လမ္းက အစထဲကဒီလိုပဲမဟုတ္လား။

ေပ်ာ္ပါေစ...လင္း။
ရွင္းယံက ငါ့အခ်စ္ဆံုးသူငယ္ခ်င္းမို႔ သူ႔အေၾကာင္းကုိငါေကာင္းေကာင္းသိပါတယ္။ သူ မင္းကိုေပ်ာ္ေအာင္ထားနိုင္မွာပါ။ အေရးႀကီးဆံုးက မင္း သူ႔ကုိ ခ်စ္တယ္မဟုတ္​လား။

************************************************************************

" ေကာင္းလိုက္တာ...အခုေတာ့ အားလံုးၿပီးသြားၿပီ.. "

ကား၏အျပင္ဘက္သို႔ေဝဝါးစြာၾကည့္ေနေသာ နကၡတ္၏နားထဲသို႔ က်ဴးရင့္၏ျမဴးထူးေပ်ာ္႐ႊင္ေနသည့္အသံသည္ ဝင္ေရာက္လာ၏။ နကၡတ္၏လက္နွစ္ဖက္သည္ ကားစတီယာရင္ကုိ ပုိမိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္သည္။ ကားသည္ မေမာင္းေန။ လမ္းေဘးရွိ ဗာဒံပင္ေအာက္တြင္ ရပ္ေနသည္။

" ျမားနတ္ေမာင္ေတာင္ ငါတို႔ေလာက္ မလုပ္ေပးေလာက္ဘူး။ ရွင္းယံဆိုတဲ့အေကာင္ဟာေလ....ခ်စ္ေနရဲ႕သားနဲ႔
ေကြ႕ပတ္ေနတာ...အခုေတာ့ သူ႔ကိုယ္သူသိသြားလို႔
ေက်းဇူးတင္ရမယ္...။ တကယ္ေတာ့ ဒီလိုမ်ိဳးအဆင္ေျပသြားတာ...နင့္ေၾကာင့္လည္းပါတယ္။ နင္က လင္းကုိ တကယ္ႀကိဳက္ေနသလို ဟန္ေဆာင္ေကာင္းလို႔ ဟုိေကာင္သဝန္တိုတာ။
နင္က တကယ္ေအာင္ျမင္တဲ့သရုပ္ေဆာင္ျဖစ္ဦးမွာ....
နင္ ဟန္ေဆာင္တာ သိပ္ေတာ္တယ္..."

က်ဴးရင့္သည္ လက္မနွစ္ေခ်ာင္းကိုေထာင္ကာ အားရပါးရေျပာေနသည္။ နကၡတ္သည္ ေခါင္းငံု႔ေန၏။ သူသည္ နႈတ္ခမ္းကုိတင္းတင္းေစ့ေနရာမွ ေခါင္းကိုဆတ္ခနဲေမာ့ကာ
က်ဴးရင့္ကုိလွည့္ၾကည့္လာသည္။

" ငါ ဟန္မေဆာင္ေနခဲ့ဘူး...က်ဴးရင့္"

နကၡတ္ မ်က္ရည္ဝဲေနသည္။ နကၡတ္သည္ မ်က္ရည္မ်ားကုိ
စီးမက်လာေအာင္ ထိန္းထားဟန္ရွိ၏။ မ်က္ခြံတို႔တုန္ရီေနသည္။ က်ဴးရင့္ လန္႔သြားသည္။

" ဟန္မေဆာင္ဘူး? ဧကႏၲ...နင္...လင္းကုိ...."

" ဟုတ္တယ္...ငါလင္းကို တကယ္ႀကိဳက္ခဲ့တာ...
မဟုတ္ဘူး....ႀကိဳက္သြားမိခဲ့တာ..."

နကၡတ္သည္ ေခါင္းကုိအေရွ႕တည့္တည့္သို႔လွည့္သြား၏။
က်ဴးရင့္သည္ ေျပာစရာစကားမ်ားေပ်ာက္ရွသြားကာ ၿငိမ္က်သြားသည္။ သူမသည္ နကၡတ္ကုိမသိမသာလွမ္းၾကည့္ကာ
နကၡတ္၏မ်က္နွာအမူအရာ အရိပ္အကဲကုိၾကည့္ေနသည္။
ုစတီယာရင္ကုိဆုပ္ကိုင္ထားေသာ နကၡတ္၏အေၾကာမ်ားေထာင္ေနသည့္လက္ကုိ သူမေငးၾကည့္ရင္း သနားစာနာစြာ
ဆိုလိုက္သည္။

" ငါ နင့္အေပၚ မတရားသလိုမ်ားျဖစ္သြားသလား....
ငါေတာင္းပန္ပါတယ္....ငါ...မသိလို႔..."

" မဟုတ္ဘူး...က်ဴးရင့္...မဟုတ္ဘူး။ နင္ တရားပါတယ္...
နင္ အေကာင္းဆံုးလုပ္ခဲ့တာပါ..."

" ရွင္းယံေရာ နင္ေရာက ငါ့သူငယ္ခ်င္းပဲ။ ငါက သူငယ္ခ်င္း
ခ်င္းအတူတူကုိ ရွင္းယံကုိ ဘက္လိုက္ခဲ့တာမဟုတ္ပါဘူး...
နင္ သေဘာက်ေနမွန္းငါမသိဘူး...တကယ္..."

"အဲ့တာ ငါသိပါတယ္။ ငါက အစထဲက လင္းကရွင္းယံအတြက္မွန္း သိရက္နဲ႔ ႀကိဳက္ခဲ့မိတာေလ။ တကယ္ေတာ့
ငါမေကာင္းတာပါ။ ေျပာရရင္ ငါ အတၲႀကီးလိုက္ေသးတယ္...က်ဴးရင့္။ လင္းကုိ တြဲရေအာင္လို႔ဖြင့္ေျပာခဲ့တာ
နင့္အစီအစဥ္ေၾကာင့္မဟုတ္ဘူး။ ငါ စိတ္ရင္းနဲ႔ေျပာခဲ့တာ။
တကယ္လို႔ ငါက လင္းရဲ႕ခ်စ္သူျဖစ္ရင္ လင္းကငါ့ကိုခ်စ္လာမယ္လို႔ေတြးခဲ့တာ။ ငါ့ လင္းကိုအပိုင္ယူဖို႔ႀကိဳးစားခဲ့တယ္။
ဒါေပမဲ့ မျဖစ္ခဲ့ဘူး....လင္းက ငါ့ကုိနည္းနည္းေလးေတာင္
မခ်စ္လာခဲ့ဘူး။ ငါ့ကို အားနာလို႔ အလိုက္သင့္ေနေပးတာပဲ
ရွိခဲ့တယ္"

နကၡတ္သည္ ထူးျခားစြာတည္ၿငိမ္ေန၏။ ရုပ္ရွင္၏ဝမ္းနည္းစရာဇာတ္ဝင္ခန္းမ်ား၌ ရႈိက္ႀကီးတငင္ ထငုိတတ္ေသာ
နကၡတ္သည္ ယခုအခါ မ်က္ရည္မက်။ မ်က္ရည္သာဝဲ၏။

" ရွင္းယံကလည္း လင္းကုိခ်စ္တယ္။ အျပန္အလွန္သေဘာက်ေနတဲ့ သူတို႔၂ေယာက္ၾကားမွာ ငါက ကန္လန္႔ကန္႔လန္႔နဲ႔
ဘာဝင္လုပ္ရမွာလဲ။ အခုလို လူမွန္ ေနရာမွန္ ျဖစ္သြားတာပဲ
ေကာင္းပါတယ္။"

" ငါေမးလို႔ရမလား... လင္းနဲ႔ရွင္းယံကုိ နင္ လင္းကုိ တကယ္မႀကိဳက္ဘူးလို႔ ဘာလို႔ လိမ္ခဲ့တာလဲ..."

" သူတို႔စိတ္ထဲမွာ မထင့္သြားေစခ်င္လို႔ေပါ့။ တကယ္လို႔
ငါတကယ္ႀကိဳက္မွန္းသိရင္ ရွင္းယံက လက္ေလ်ွာ႔သြားမွာ။
လင္းကလည္း ငါ့ကုိအားနာစိတ္နဲ႔ ျပန္ခ်စ္ဖို႔အတင္းႀကိဳးစားေနေတာ့မွာပဲ။ ငါ မႀကိဳက္ဘူးလို႔ သူတို႔ထင္မွ သူတို႔စိတ္ထဲမွာလည္း ေပါ့သြားမယ္။ ၿပီးရင္ အရင္လိုမ်ိဳး အရာအားလံုးက
ျပန္ျဖစ္သြားမွာ။ လင္းလည္း ေပ်ာ္မယ္ေလ..."

" နကၡတ္ရယ္..."

က်ဴးရင့္သည္ ထိုတစ္ခြန္းတည္းသာ နင့္နင့္နဲနဲေျပာလိုက္မိသည္။ နကၡတ္သည္ က်ဴးရင့္ကုိလွည့္ၾကည့္ကာ ၿပံဳးသည္။

" နင္လည္း အခုငါေျပာေနတာေတြကိုေမ့လိုက္ပါ...
လင္းက ငါ့ဘဝမွာ ခလုတ္တိုက္မိတဲ့ ေက်ာက္ခဲေလးတစ္လံုးပါပဲ။ တစ္သက္လံုး ေကာင္းေသာအမွတ္ရျခင္းမ်ိဳးေပးနိုင္မယ့္ ေက်ာက္ခဲေလးေပါ့။ သူက ငါ့အတြက္ သူငယ္ခ်င္းအျဖစ္ဆက္ရွိေနမွာပါ။ ၿပီးေတာ့ ငါ့အခ်စ္ဆံုးသူငယ္ခ်င္းရဲ႕ခ်စ္သူ
အျဖစ္ေပါ့..."

ဗာဒံ႐ြက္ေျခာက္တစ္႐ြက္သည္ ကား၏ အေရွ႕မွန္ေပၚသို႔
ေႂကြက်သြား၏။

************************************************************************

ည ရွစ္နာရီျဖစ္ေသာေၾကာင့္ ေကာင္းကင္မွာ မဲေမွာင္ေနသည့္အျပင္ ပန္းၿခံငယ္မွာလည္း လူသူကင္းမဲ့ကာ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ လင္းသည္ ပန္းၿခံအလယ္ရွိ ဒန္းေပၚတြင္ထိုင္ရင္း ဒန္းကုိ ေရွ႕မွေနာက္သို႔ အသာအယာယိမ္းလႊဲေန၏။
အေမွာင္ေၾကာင့္ မစိမ္းနိုင္ေတာ့သည့္ ျမက္ခင္းျပင္ကုိငံု႔၍
ေငးစိုက္ၾကည့္ရင္း ေမ်ွာ္လင့္ေနေသာ တစ္စံုတစ္ေယာက္ကုိ
ေစာင့္ဆိုင္းေနသည္။

ဒန္း၏ အေရွ႕တည့္တည့္၌ ေျခေထာက္တစ္စံုလာရပ္သည္။
လင္း ရင္ခုန္စြာ ေမာ့ၾကည့္လိုက္သည္။
အက်ႌအျဖဴတီရွပ္ကုိ ဝတ္ဆင္ထားေသာရွင္းယံသည္
ခါတိုင္းကဲ့သို႔ပင္ ရွင္းသန္႔တည္ၾကည္ေနသည္။ အလြန္အမင္း စိတ္လႈပ္ရွားမိသြားသည္။

" တစ္ေယာက္ထဲလာတာလား..."

"ဟုတ္တယ္.."

ရွင္းယံသည္ ၿပံဳး၍ေျဖရင္း လင္း၏ေဘးနားရွိ ဒန္းတြင္
ဝင္ထိုင္လိုက္သည္။ သူသည္ ဒန္း၏ႀကိဳးနွစ္ဖက္ကို ဖြဖြေလးကိုင္ရင္း လင္းကုိလွည့္ၾကည့္ေနသည္။ လင္းသည္ ရွင္းယံ
မိမိကုိၾကည့္ေနသည္ကုိသိသျဖင့္ ျပန္မလွည့္ၾကည့္ျဖစ္ေအာင္
အေရွ႕တည့္တည့္ကုိသာ ေငးေနသည္။ သူတို႔၂ေယာက္စလံုး အတန္ၾကာစကားမေျပာဘဲ ၿငိမ္သက္ေနၾက၏။ နွစ္ေယာက္စလံုးသည္ စေျပာဖို႔စကားရွာေနၾကျခင္းျဖစ္ပါလိမ့္မည္။
ထို႔အျပင္ နွစ္ေယာက္စလံုး ရင္ခုန္စိတ္လႈပ္ရွားေနၾကသည္။

" က်ဴးရင့္ေျပာလို႔ ကိစၥအကုန္လံုးကုိ ခတ္သိၿပီးေလာက္ၿပီေပါ့..."

တိတ္ဆိတ္ျခင္းကုိ ရွင္းယံဘက္မွ စတင္ၿဖိဳခြဲလိုက္သည္။
လင္းသည္ ရွင္းယံကုိမၾကည့္ဘဲ ေခါင္းညိတ္လိုက္သည္။

" ဟုတ္....သူ ေသခ်ာေလးရွင္းျပပါတယ္..."

" အစ္ကုိ... ခတ္ကုိအၾကာႀကီးေစာင့္ဆိုင္းေစခဲ့တဲ့အတြက္
ေတာင္းပန္ပါတယ္...."

့ႏူးည့ံၾကည္စင္ေသာစကားသံေၾကာင့္ လင္း သူ႔ကုိလွည့္ၾကည့္လိုက္သည္။ ရွင္းယံ၏ လွပေသာမ်က္ဝန္းမ်ားနွင့္ သြားဆံုသည္။ ေလျပည္တစ္ခ်က္ ေဝ့ဝဲတိုက္ခတ္သြားသည္။

" ၿပီးေတာ့ ေက်းဇူးတင္ပါတယ္....ဒီလိုမ်ိဳးစိတ္ပ်က္စရာေတြလုပ္ေနတာေတာင္ အစ္ကုိ႔ကုိ သေဘာက်ေပးေနတဲ့အတြက္....အစ္ကုိ႔ကုိ စိတ္မပ်က္သြားတဲ့အတြက္...."

ရွင္းယံ၏မ်က္ဝန္းမ်ားကုိ ေငးစိုက္ၾကည့္ေန၏။ ရွင္းယံ၏
မ်က္လံုးေထာင့္စြန္းမ်ားေကြးၫြတ္ၿပံဳးသြားသည္ကုိ
ေတြ႕လိုက္ရသည္။ ရွင္းယံသည္ ေခါင္းကိုငံု႔ကာ ရယ္လိုက္သည္။

" တကယ္ေတာ့ အစ္ကုိ ခတ္ကိုေျပာဖို႔ စကားေတြစာစီလာတာ...ဒါေပမဲ့ အခုခတ္ကုိေတြ႕ေတာ့ စိတ္လႈပ္ရွားၿပီး အကုန္လံုးေမ့ကုန္ၿပီ...ဘာက ဘယ္လိုစေျပာရမလဲ မသိေတာ့ဘူး..."

" ကြၽန္ေတာ္ေရာပဲ..."

နွစ္ေယာက္လံုး အေၾကာင္းမဲ့သပ္သပ္ တိုးဖ်စြာရယ္လိုက္မိၾကသည္။ေလထုသည္ ပုိ၍ေႏြးေထြးသြားကာ စိတ္လႈပ္ရွားမႈအခ်ိဳ႕ ေလ်ာ့သြားဟန္ရွိသည္။

" ကြၽန္ေတာ္ နည္းနည္းေတာ့ရွက္မိတယ္...ကြၽန္ေတာ္က
ကြၽန္ေတာ္လုပ္မယ့္အစီအစဥ္ေတြအားလံုးကုိ ကုိႀကီးကုိ
ႀကိဳေျပာျပေနသလိုျဖစ္ေနတာေလ။ ကြၽန္ေတာ့္ရဲ႕ mission ကုိအစထဲက သိေနတယ္ဆိုေတာ့
နည္းနည္း ရွက္မိတယ္...."

ရွင္းယံသည္ အစြယ္မ်ားေပၚေအာင္ၿပံဳးရင္း မ်က္ခံုးပင့္သည္။

" ဟုတ္လား....ဘာပဲျဖစ္ျဖစ္ ခတ္ရဲ႕ mission ကေအာင္ျမင္ပါတယ္...."

ရွင္းယံ၏စကားေၾကာင့္ လင္းသည္ ရင္ထဲ၌ ေႏြးျဖာသြားသည္။ လင္းသည္ ဒန္းေပၚမွထကာ ရွင္းယံ၏အေရွ႕တည့္တည့္၌ မတ္တပ္ရပ္လိုက္သည္။

" ကြၽန္ေတာ္ အခုလိုမ်ိဳး မ်က္နွာခ်င္းဆိုင္ေတြ႕ၿပီး
ုဒီစကားကုိေမးခ်င္ခဲ့တာ ၾကာၿပီ...."

ရွင္းယံသည္ လင္းကုိေမာ့ၾကည့္ေနသည္။ လင္းထံမွ ေမးခြန္းတစ္ခုကုိ ေစာင့္ဆိုင္းေန၏။ လင္း၏နႈတ္ခမ္းကုိ သူေငးၾကည့္ေနသည္။

" ကြၽန္ေတာ့္ကို ခ်စ္လား...."

ပတ္ဝန္းက်င္သည္ အလြန္အမင္းတိတ္ဆိတ္ကာ ၿငိမ္က်သြားသည္။

ပန္းၿခံအတြင္းရွိ မွိန္ဖ်ဖ်မီးလင္းတိုင္မ်ား....
လင္းထိုင္ခဲ့ေသာ ဒန္းထံမွ အရွိန္မေသေသးေသာ တကြၽီကြၽီျမည္သံ.....
ေဝ့ဝဲတိုက္ခတ္ေနေသာ ေလျပည္မ်ား.....
ထို႔ေနာက္ ရွင္းယံေရွ႕တြင္ ရပ္ေနေသာေကာင္ေလး၏
ေလနွင့္အတူလႈပ္ရွားေနေသာ ဆံႏြယ္မ်ား.....

အရာအားလံုး ရုတ္ခ်ည္းသလို ကဗ်ာဆန္သြားသည္။

ရွင္းယံ လွလွပပၿပံဳးသည္။ သူသည္ ထိုင္ရာမွ ထလိုက္ကာ
လင္း၏အနားသို႔ တိုးကပ္ရပ္လိုက္သည္။ ရွင္းယံ အနားသို႔
ကပ္လာေသာေၾကာင့္ အရပ္ပုိနိမ့္ေသာလင္းသည္ ရွင္းယံကို
ေမာ့ၾကည့္ရသည္။

" ဒီေမးခြန္းရဲ႕အေျဖကုိ ခတ္သိၿပီးသားပါ..."

" ဒါေပမယ့္ ကြၽန္ေတာ္ၾကားခ်င္တယ္ေလ...."

ရွင္းယံသည္ လင္း၏နား႐ြက္ဖ်ားကုိ လက္မ...လက္ညႇိဳးတို႔ျဖင့္ ခပ္ဖြဖြပြတ္ဆြဲလိုက္သည္။ထို႔ေနာက္ တေျဖးေျဖးနွင့္
လင္း၏ ပါးကုိလက္ျဖင့္အုပ္ကိုင္လိုက္သည္။ ရွင္းယံ၏ လက္ဖဝါးေႏြးေႏြးသည္ လင္း၏ေအးစက္ေသာပါးျပင္ကုိ
ေႏြးေထြးသြားေစသည္။

"အစ္ကုိ ခတ္ကုိခ်စ္တယ္..."

လင္း၏မ်က္ဝန္းတို႔ ႐ႊန္းလဲ့ေတာက္ပသြားသည္။ ရွင္းယံသည္ လင္းကုိစိုက္ၾကည့္ေန၏။ ရွင္းယံ၏ နႈတ္ခမ္းတို႔ ၿပံဳးသြားသည္။

" ခ်စ္တယ္..."

ေနာက္တစ္ႀကိမ္ ႏူးည့ံစြာေျပာသည္။ ရင္ခုန္သံအခ်ိဳ႕
ရွင္းယံထံမွ ၾကားေနရသည္။ ရွင္းယံ၏မ်က္ဝန္းတို႔သည္
ၾကည္လင္႐ႊင္လန္းကာ ၿပံဳးေပ်ာ္ေနသည္။ သူသည္
ေတာက္ေတာက္ပပ ၿပံဳးရယ္လိုက္သည္။ လင္း၏ပါးနွစ္ဖက္ကုိ လက္နွစ္ဖက္ျဖင့္အုပ္ကိုင္ရင္း လင္း၏နဖူးကုိ
သူ႔နဖူးျဖင့္ ထိေတြ႕လိုက္သည္။

" ခ်စ္တယ္...ခ်စ္တယ္...ခ်စ္တယ္..."

"ကြၽန္ေတာ္ေရာပဲ..."

လင္းသည္ ရွင္းယံ၏လည္ပင္းကုိ သိုင္းဖက္လိုက္၏။
ရွင္းယံက လင္း၏ေက်ာျပင္ကုိျပန္ဖက္ရင္း ခါးကုိမတ္လိုက္ေသာေၾကာင့္ လင္း၏ ေျခေထာက္နွင့္ေျမျပင္ ေခတၲလြတ္သြားသည္။ လင္းသည္ ရွင္းယံကုိတင္းက်ပ္စြာဖက္ထားၿမဲ ျဖစ္သည္။ ရွင္းယံက သူ႔ရင္ခြင္ထဲအတင္းတိုးဝင္ေနေသာ အေကာင္ေပါက္၏ ေက်ာျပင္ကုိ အသာအယာေပြ႕ဖက္ထားေပးသည္။

ရွင္းယံ၏ ေႏြးေထြးေသာရင္ခြင္....
ထို႔ေနာက္ ေဖ်ာ့ေတာ့စြာ သင္းပ်ံ႕ေသာကိုယ္သင္းရနံ႔.....
လင္း၏ ေက်ာေပၚရွိ ရွင္းယံ၏လက္မ်ား....
ဤအခိုက္အတန္႔၌ အခ်ိန္မ်ားကုိ ရပ္ထားလိုက္ခ်င္သည္။

ျမတ္နိုးရပါေသာ ဤလူသား....
ဤလူသားကုိ ေနာက္ဆံုးေတာ့ ရရွိခဲ့ၿပီဟူေသာ ၾကည္ႏူးစိတ္ျဖင့္ နွလံုးသားသည္ မေျပာျပတတ္ေအာင္ေပ်ာ္႐ႊင္ေနသည္။

ရွင္းယံ၏ရင္ခြင္၌ လင္းသည္ အတန္ၾကာ နစ္ျမဳပ္တိုးေခြ႕ေနသည္။ ဖက္ထားရာမွ ခြာလိုက္ေသာအခါ လင္း၏မ်က္နွာမွာ
ပန္းေရာင္ထေနေၾကာင္း ေတြ႕ျမင္ရသည္။ ရွင္းယံသည္
ရႈပ္ပြေနေသာ လင္း၏ဆံပင္မ်ားကုိ သပ္တင္ေပးလိုက္သည္။
ထို႔ေနာက္ နီရဲေနေသာနႈတ္ခမ္းလံုးလံုးကုိစိုက္ၾကည့္ေနသည္။

" အခုခ်ိန္ကစၿပီး ကုိကုိလို႔ေခၚရမယ္...."

" ဗ်ာ..."

ပြင့္ဟသြားေသာ နႈတ္ခမ္းနွစ္လႊာေပၚသို႔ ရွင္းယံ၏နႈတ္ခမ္းပါးတစ္စံု က်ေရာက္သြား၏။ ရွင္းယံသည္ လင္း၏နႈတ္ခမ္းကုိ
တစ္ခ်က္တည္း ဖိနမ္းလိုက္သည္။ နႈတ္ခမ္းေပၚသို႔ ရုတ္တရတ္ ေရာက္ရွိလာေသာ ေႏြးအိသည့္အထိအေတြ႕သည္
လင္းကုိ မ်က္လံုးျပဴးသြားေစသည္။ မရွည္ၾကာေသာ ျဖတ္ခနဲ
အနမ္းျဖစ္ေသာ္လည္း ရင္ခုန္သံကုိ ေျဗာင္းဆန္သြားေစသည္။

" ရွင္းယံ..."

လင္း တုန္ရီစြာေအာ္လိုက္သည္။

" ကိုကိုလို႔ ေခၚပါဆိုေန..."

ရွင္းယံသည္ မ်က္ခံုးကုိတြန္႔ခ်ိဳးရင္း ခပ္တည္တည္ေျပာ၏။
လင္းသည္ မ်က္နွာႀကီးေပါက္ထြက္မတတ္ ပူထူက်ိန္းစပ္သြားမိသည္။ လင္း၏ပါးနွစ္ဖက္ ရဲရဲတြတ္ နီလာသည္။

" ရုတ္တရက္ႀကီး...ဒီလိုလုပ္ေတာ့....။ ကြၽန္ေတာ္
ဘယ္လိုေနရမလဲ မသိေတာ့ဘူး....တကယ္ပါပဲ....ဟာ....
ပါးေတြပူလာၿပီ..."

လင္းသည္ နီရဲပူက်စ္ေနေသာ သူ႔ပါးနွစ္ဖက္ကုိ လက္ျဖင့္
ယပ္ခတ္ေနကာ တဗ်စ္ေတာက္ေတာက္ေျပာသည္။ ရွင္းယံသည္ လင္း၏ ျဖစ္ပ်က္ေနပံုကုိၾကည့္ရင္း ရယ္ခ်င္လာသည္။

" ရွက္ေနတာလား..."

" မသိဘူး....ဟုတ္မယ္ထင္တယ္..."

လင္း၏အသံမွာ တုန္ယင္လာ၏။ လင္း၏မ်က္နွာတစ္ခုလံုး
ခရမ္းခ်ဥ္သီးလိုနီရဲေနသည္။ လင္းသည္ ပူေနေသာပါးနွစ္ဖက္ကုိ လက္ျဖင့္အုပ္ကိုင္ကာ မ်က္နွာကုိပြတ္ေနသည္။ မ်က္နွာကုိ လက္ျဖင့္ပြတ္တိုက္ေနရင္း နီေသာပါးေပၚသို႔
မ်က္ရည္ၾကည္မ်ားတလိမ့္လိမ့္စီးက်လာေတာ့သည္။

" ေဟ့...မငိုနဲ႔ေလ..."

ရွင္းယံသည္ မ်က္ရည္မ်ားကုိသုတ္ေပးရန္ ႀကိဳးစား၏။
လင္းမွာမ်က္လံုးကုိစံုမွိတ္ကာ မ်က္ရည္မ်ားကုိအၾကမ္းပတမ္း
ပြတ္တိုက္ပစ္သည္။ ရွင္းယံသည္ လင္းကုိၾကည့္ရင္း
ဟန္မေဆာင္နိုင္ေအာင္ၿပံဳးမိသည္။

ပါးက နီနီ....နွာေခါင္းက နီနီ...နႈတ္ခမ္းက နီနီနွင့္
ကေလးတစ္ေယာက္လိုငုိေနသည့္လင္းမွာ ဖ်စ္ညႇစ္ခ်င္စရာေကာင္းေအာင္ ခ်စ္စရာေလး ေတြးမိလိုက္သည္။

" ခတ္....."

လင္းသည္ မ်က္လံုးကုိ လက္ျဖင့္အုပ္ထားသည္။ သို႔ေသာ္
အုပ္ထားေသာလက္တြင္ပင္ မ်က္ရည္စမ်ားျဖင့္ စုိ႐ႊဲေနေလာက္ၿပီ။

" ေပ်ာ္လို႔...ရွင္းယံက ကြၽန္ေတာ့္ကုိခ်စ္တယ္ဆိုတာ
အိမ္မက္ႀကီးလိုမ်ိဳး...."

ငုိသံျဖင့္ အသံမွာ ျပတ္ေတာင္းျပတ္ေတာင္း။

" လာ...လာ...ဒီကုိလာ..."

ရွင္းယံသည္ လင္းကုိ ဆြဲဖက္လိုက္၏။ ရင္ခြင္ထဲ၌ဝွက္ထားရင္း လင္း၏ေခါင္းကုိ ညင္သာစြာပြတ္သပ္ေပးေနသည္။

"ေက်းဇူးေနာ္...ကိုယ့္ကုိ အမ်ားႀကီးသေဘာက်ေပးတဲ့အတြက္ ခတ္ကို ေက်းဇူးတင္ပါတယ္...."

ရွင္းယံ ဆံုးျဖတ္ခ်က္တစ္ခုခ်လိုက္မိသည္။
ဒီေကာင္ေလးကုိ ဘယ္ေတာ့မွ လက္မလႊတ္ေတာ့မည့္အေၾကာင္း.....။

************************************************************************

အဆင္ေျပလား 😂

[Unicode]

ဇူလိုင် ၁၆ရက်နေ့.....
နာမည်ကြားဖူးတာကြာပြီဖြစ်ပေမယ့် သူ့ကိုအပြင်မှာပထမဦးဆုံး တွေ့တဲ့နေ့.....
ပြီးတော့ အဲ့ဒီ့ကောင်လေးနဲ့စဆုံဖို့ ဖြစ်လာတဲ့နေ့.....

"လင်း...မထွက်လာသေးနဲ့...."

အော်သံတစ်ခုကြောင့် မသိစိတ်အရ လှည့်ကြည့်လိုက်မိသ ည်။ နက္ခတ်၏တည့်တည့်သို့ တစ်စုံတစ်ယောက်က အရှိန်နှင့်ပြေးလာသည်ကို မြင်လိုက်ရသောအခါ နက္ခတ်သည်
အလန့်တကြားရှောင်ဖယ်လိုက်၏။ နက္ခတ်ရှောင်လိုက်သောကြောင့် ထိုပြေးလာသောကောင်လေးမှာ ကြမ်းပြင်ပေါ်သို့
မှောက်ရက်ချော်လဲသွားသည်။ထိုအခါမှ ကြမ်းပြင်ပေါ်တွင်
မှောင်ခုံလေးဖြစ်နေသောကောင်လေးကို ဆွဲထူရန် သတိရမိတော့သည်။

" မင်း အဆင်ပြေရဲ့လား..."

" ဟုတ်ကဲ့...ပြေပါတယ်..."

ကောင်လေး၏ မျက်လုံးဝိုင်းဝိုင်းတို့က ပုတ်ခတ်ပုတ်ခတ်ဖြစ်နေ၏။ ပိန်ပိန်သွယ်သွယ်...မျက်လုံးဝိုင်းဝိုင်း...ရှုပ်ရှုပ်ပွပွဆံပင်တို့ဖြင့် ဒီကောင်လေးကိုတစ်နေရာတွင် မြင်ဖူးသလိုခံစားမိနေသောကြောင့် မိမိ၏မှတ်ဉာဏ်တို့တွင် ပြန်လည်စဉ်းစားရှာဖွေနသည်။ ဖြတ်ခနဲသတိရလာသည်။ ဒါဟာ ရှင်းယံ ပြောပြောနေတဲ့ လင်းသုခတ်ဆိုတဲ့ကောင်လေး။

လင်းသုခတ်ကို ဆွဲထူနေတုန်းမှာပင် တခြားကောင်လေးတစ်ယာက်အနားသို့ရောက်ရှိလာသည်။ ကြည့်ရတာ လင်းသုခတ်ရဲ့သူငယ်ချင်းထင်ပါရဲ့။ လင်းသုခတ်နဲ့သူ့ သူငယ်ချင်းက
ဲဒီမှာ ဘာလုပ်နေတာလဲ။

လင်းသုခတ်ကို ပြန်ကြည့်လိုက်တော့ လင်းသုခတ်၏နှာခေါင်းထဲမှ သွေးစတို့က နှုတ်ခမ်းစီသို့စီးကျနေသည်။

" သွေးတွေ...ထွက်နေတယ်...."

စေတနာနဲ့ သတိပေးလိုက်၏။ လင်းသုခတ်သည် နှာခေါင်းကို
အကြမ်းပတမ်းပွတ်တိုက်လိုက်သည်။ ထိုအခါသွေးတို့သည် ပျံ့သွားပြီး နှုတ်ခမ်းအထက်၌ နှုတ်ခမ်းမွှေးပမာဖြစ်သွားသည်။

" လင်း..မပွတ်နဲ့...နှာခေါင်းသွေးလျှံတာဖြစ်မယ်...လာ သွားရအောင်..."

သူငယ်ချင်းဖြစ်သူက လင်းသုခတ်ကိုဆွဲခေါ်သွားသည်။
နက္ခတ်သည် အနားမှ ကရောကပါးထွက်သွားသော ကောင်လေးနှစ်ယောက်ကို ကြည့်ရင်းကျန်ခဲ့သည်။

"လင်းသုခတ်..."

နက္ခတ်သည် မျက်မှောက်ကုတ်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

ထိုအချိန်ကတည်းက ရှင်းယံရဲ့ခတ်ကို စသိခဲ့သည်။
ရှင်းယံကိုချဉ်းကပ်ဖို့ နည်းဗျူဟာတွေသုံးနေတဲ့ လင်းသုခတ်ပေါ့။ စတွေ့ထဲက လင်းဟာ သူ့နှလုံးသားကိုတခြားတစ်ယောက်ထံ အပိုင်ပေးအပ်ပြီးသား။

လင်းရဲ့အနားကိုပိုနီးကပ်စေဖို့ ဘယ်အရာတွေက နက္ခတ်ကိုတွန်းပို့ခဲ့ပါသလဲ....
ကျူးရင့်ရဲ့အစီအစဉ်ကလား.....
ရှင်းယံရဲ့မပြတ်သားတဲ့စိတ်ကလား...
ဒါမှမဟုတ်....နက္ခတ်ကိုယ်တိုင်ပဲလား.....

မဖြစ်သင့်တဲ့အရာမှန်းသိပေမယ့် ထိန်းချုပ်ထားသည့်ကြားမှ
လင်းထံကို ပြိုလဲဖူးသည်။ စတွေ့တုန်းက ဝါသနာတူ....
အကြိုက်ချင်းတူသည်မို့ သူငယ်ချင်းအသစ်တစ်ယောက်တိုးသလိုမျိုး လင်းအပေါ်ခင်တွယ်မိသည်။ နောက်တော့ ပိုရင်းနှီးလာသည်။ ကျူးရင့်၏အစီအစဉ်အရ လင်းကို ကြိုက်နေဟန်ဆောင်ရသည်။ ဟန်ဆောင်မှုက အစစ်ဖြစ်မှန်းသိလာသောအခါ နက္ခတ် လမ်းပျောက်သွားရသည်။

ဘယ်ကဘယ်လို ခံစားချက်များ စတင်ခဲ့မှန်းမသိသော်လည်း မနက်ခင်းတစ်ခု၌ နက္ခတ်နိုးလာသောအခါ လင်းကို
သဘောကျနေကြောင်း ကိုယ့်ကိုယ်ကို လက်ခံလိုက်ရသည်။

ထိုအချိန်မှစ၍ အရာအားလုံးမှားယွင်းခဲ့ပြီ။
ရှင်းယံရဲ့ခတ် အစား နက္ခတ်ရဲ့လင်း ဖြစ်လာစေချင်သည်။
ရှင်းယံကိုတွန်းထုတ်ပြီး လင်း၏အနား၌ ရှိချင်လာသည်။

" အခု ပစ္စုပ္ပန်အချိန်မှာ ငါသဘောကျနေတဲ့လူတစ်ယောက်ရှိတယ်...ငါသူ့ကိုချစ်တယ် ထင်တာပဲ...ဒါပေမယ့် မသိပါဘူး...ငါ့ဟာငါတောင်မသေချာဘူး...သူ့အပေါ် စိတ်ကစားတာလည်းဖြစ်နိုင်ပါတယ်...သူကထူးခြားတယ်...ငါကြိုက်ဖူးတဲ့လူတွေနဲ့လုံးဝ မတူဘူး....ဒါပေမဲ့ တစ်ဘဝလုံးအတွက်
စဉ်းစားလိုက်ရင် ငါသူ့ကိုရဖို့အများကြီးကျော်ဖြတ်ရမှာ...
သိလား။ အိမ်နဲ့အတိုက်အခံလုပ်ရမယ်...သူငယ်ချင်းတွေနဲ့
ရန်ဖြစ်ရမယ်..."

အတန်ငယ်မူးပြီးပြောခဲ့သော စကားများမှာ အမှန်တရားတစ်ဝက်လောက်ပါနေကြောင်း။

သူငယ်ချင်းတွေနဲ့ရန်ဖြစ်ရမယ်?
ငါမင်းကို ရအောင်ယူလိုက်ရင် ငါနဲ့ရှင်းယံရဲ့ကြားမှာ
သူငယ်ချင်းဆက်လုပ်လို့မရအောင် အဖုအထစ်တွေဖြစ်သွားနိုင်တယ်...လင်း။

တခြားအရာတွေထားပါဦး။
မင်းက ငါ့ကိုချစ်လာမှာမှ မဟုတ်တာ။ ဒါက တကယ့်အခက်အခဲမဟုတ်လား။

ငါ အိမ်မက်ကနိုးထခဲ့တယ်။ နက္ခတ်ရဲ့လင်းဖြစ်ဖို့ စွန့်လွှတ်ခဲ့တယ်။ ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကို သဘောကျခဲ့တာ
ငါ့အမှားမို့။

ရှင်းယံရဲ့ခတ်....
ဇာတ်လမ်းက အစထဲကဒီလိုပဲမဟုတ်လား။

ပျော်ပါစေ...လင်း။
ရှင်းယံက ငါ့အချစ်ဆုံးသူငယ်ချင်းမို့ သူ့အကြောင်းကိုငါကောင်းကောင်းသိပါတယ်။ သူ မင်းကိုပျော်အောင်ထားနိုင်မှာပါ။ အရေးကြီးဆုံးက မင်း သူ့ကို ချစ်တယ်မဟုတ်​လား။

************************************************************************

" ကောင်းလိုက်တာ...အခုတော့ အားလုံးပြီးသွားပြီ.. "

ကား၏အပြင်ဘက်သို့ဝေဝါးစွာကြည့်နေသော နက္ခတ်၏နားထဲသို့ ကျူးရင့်၏မြူးထူးပျော်ရွှင်နေသည့်အသံသည် ဝင်ရောက်လာ၏။ နက္ခတ်၏လက်နှစ်ဖက်သည် ကားစတီယာရင်ကို ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ ကားသည် မမောင်းနေ။ လမ်းဘေးရှိ ဗာဒံပင်အောက်တွင် ရပ်နေသည်။

" မြားနတ်မောင်တောင် ငါတို့လောက် မလုပ်ပေးလောက်ဘူး။ ရှင်းယံဆိုတဲ့အကောင်ဟာလေ....ချစ်နေရဲ့သားနဲ့
ကွေ့ပတ်နေတာ...အခုတော့ သူ့ကိုယ်သူသိသွားလို့
ကျေးဇူးတင်ရမယ်...။ တကယ်တော့ ဒီလိုမျိုးအဆင်ပြေသွားတာ...နင့်ကြောင့်လည်းပါတယ်။ နင်က လင်းကို တကယ်ကြိုက်နေသလို ဟန်ဆောင်ကောင်းလို့ ဟိုကောင်သဝန်တိုတာ။
နင်က တကယ်အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ဦးမှာ....
နင် ဟန်ဆောင်တာ သိပ်တော်တယ်..."

ကျူးရင့်သည် လက်မနှစ်ချောင်းကိုထောင်ကာ အားရပါးရပြောနေသည်။ နက္ခတ်သည် ခေါင်းငုံ့နေ၏။ သူသည် နှုတ်ခမ်းကိုတင်းတင်းစေ့နေရာမှ ခေါင်းကိုဆတ်ခနဲမော့ကာ
ကျူးရင့်ကိုလှည့်ကြည့်လာသည်။

" ငါ ဟန်မဆောင်နေခဲ့ဘူး...ကျူးရင့်"

နက္ခတ် မျက်ရည်ဝဲနေသည်။ နက္ခတ်သည် မျက်ရည်များကို
စီးမကျလာအောင် ထိန်းထားဟန်ရှိ၏။ မျက်ခွံတို့တုန်ရီနေသည်။ ကျူးရင့် လန့်သွားသည်။

" ဟန်မဆောင်ဘူး? ဧကန္တ...နင်...လင်းကို...."

" ဟုတ်တယ်...ငါလင်းကို တကယ်ကြိုက်ခဲ့တာ...
မဟုတ်ဘူး....ကြိုက်သွားမိခဲ့တာ..."

နက္ခတ်သည် ခေါင်းကိုအရှေ့တည့်တည့်သို့လှည့်သွား၏။
ကျူးရင့်သည် ပြောစရာစကားများပျောက်ရှသွားကာ ငြိမ်ကျသွားသည်။ သူမသည် နက္ခတ်ကိုမသိမသာလှမ်းကြည့်ကာ
နက္ခတ်၏မျက်နှာအမူအရာ အရိပ်အကဲကိုကြည့်နေသည်။
ုစတီယာရင်ကိုဆုပ်ကိုင်ထားသော နက္ခတ်၏အကြောများထောင်နေသည့်လက်ကို သူမငေးကြည့်ရင်း သနားစာနာစွာ
ဆိုလိုက်သည်။

" ငါ နင့်အပေါ် မတရားသလိုများဖြစ်သွားသလား....
ငါတောင်းပန်ပါတယ်....ငါ...မသိလို့..."

" မဟုတ်ဘူး...ကျူးရင့်...မဟုတ်ဘူး။ နင် တရားပါတယ်...
နင် အကောင်းဆုံးလုပ်ခဲ့တာပါ..."

" ရှင်းယံရော နင်ရောက ငါ့သူငယ်ချင်းပဲ။ ငါက သူငယ်ချင်း
ချင်းအတူတူကို ရှင်းယံကို ဘက်လိုက်ခဲ့တာမဟုတ်ပါဘူး...
နင် သဘောကျနေမှန်းငါမသိဘူး...တကယ်..."

"အဲ့တာ ငါသိပါတယ်။ ငါက အစထဲက လင်းကရှင်းယံအတွက်မှန်း သိရက်နဲ့ ကြိုက်ခဲ့မိတာလေ။ တကယ်တော့
ငါမကောင်းတာပါ။ ပြောရရင် ငါ အတ္တကြီးလိုက်သေးတယ်...ကျူးရင့်။ လင်းကို တွဲရအောင်လို့ဖွင့်ပြောခဲ့တာ
နင့်အစီအစဉ်ကြောင့်မဟုတ်ဘူး။ ငါ စိတ်ရင်းနဲ့ပြောခဲ့တာ။
တကယ်လို့ ငါက လင်းရဲ့ချစ်သူဖြစ်ရင် လင်းကငါ့ကိုချစ်လာမယ်လို့တွေးခဲ့တာ။ ငါ့ လင်းကိုအပိုင်ယူဖို့ကြိုးစားခဲ့တယ်။
ဒါပေမဲ့ မဖြစ်ခဲ့ဘူး....လင်းက ငါ့ကိုနည်းနည်းလေးတောင်
မချစ်လာခဲ့ဘူး။ ငါ့ကို အားနာလို့ အလိုက်သင့်နေပေးတာပဲ
ရှိခဲ့တယ်"

နက္ခတ်သည် ထူးခြားစွာတည်ငြိမ်နေ၏။ ရုပ်ရှင်၏ဝမ်းနည်းစရာဇာတ်ဝင်ခန်းများ၌ ရှိုက်ကြီးတငင် ထငိုတတ်သော
နက္ခတ်သည် ယခုအခါ မျက်ရည်မကျ။ မျက်ရည်သာဝဲ၏။

" ရှင်းယံကလည်း လင်းကိုချစ်တယ်။ အပြန်အလှန်သဘောကျနေတဲ့ သူတို့၂ယောက်ကြားမှာ ငါက ကန်လန့်ကန့်လန့်နဲ့
ဘာဝင်လုပ်ရမှာလဲ။ အခုလို လူမှန် နေရာမှန် ဖြစ်သွားတာပဲ
ကောင်းပါတယ်။"

" ငါမေးလို့ရမလား... လင်းနဲ့ရှင်းယံကို နင် လင်းကို တကယ်မကြိုက်ဘူးလို့ ဘာလို့ လိမ်ခဲ့တာလဲ..."

" သူတို့စိတ်ထဲမှာ မထင့်သွားစေချင်လို့ပေါ့။ တကယ်လို့
ငါတကယ်ကြိုက်မှန်းသိရင် ရှင်းယံက လက်လျှော့သွားမှာ။
လင်းကလည်း ငါ့ကိုအားနာစိတ်နဲ့ ပြန်ချစ်ဖို့အတင်းကြိုးစားနေတော့မှာပဲ။ ငါ မကြိုက်ဘူးလို့ သူတို့ထင်မှ သူတို့စိတ်ထဲမှာလည်း ပေါ့သွားမယ်။ ပြီးရင် အရင်လိုမျိုး အရာအားလုံးက
ပြန်ဖြစ်သွားမှာ။ လင်းလည်း ပျော်မယ်လေ..."

" နက္ခတ်ရယ်..."

ကျူးရင့်သည် ထိုတစ်ခွန်းတည်းသာ နင့်နင့်နဲနဲပြောလိုက်မိသည်။ နက္ခတ်သည် ကျူးရင့်ကိုလှည့်ကြည့်ကာ ပြုံးသည်။

" နင်လည်း အခုငါပြောနေတာတွေကိုမေ့လိုက်ပါ...
လင်းက ငါ့ဘဝမှာ ခလုတ်တိုက်မိတဲ့ ကျောက်ခဲလေးတစ်လုံးပါပဲ။ တစ်သက်လုံး ကောင်းသောအမှတ်ရခြင်းမျိုးပေးနိုင်မယ့် ကျောက်ခဲလေးပေါ့။ သူက ငါ့အတွက် သူငယ်ချင်းအဖြစ်ဆက်ရှိနေမှာပါ။ ပြီးတော့ ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့ချစ်သူ
အဖြစ်ပေါ့..."

ဗာဒံရွက်ခြောက်တစ်ရွက်သည် ကား၏ အရှေ့မှန်ပေါ်သို့
ကြွေကျသွား၏။

************************************************************************

ည ရှစ်နာရီဖြစ်သောကြောင့် ကောင်းကင်မှာ မဲမှောင်နေသည့်အပြင် ပန်းခြံငယ်မှာလည်း လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လင်းသည် ပန်းခြံအလယ်ရှိ ဒန်းပေါ်တွင်ထိုင်ရင်း ဒန်းကို ရှေ့မှနောက်သို့ အသာအယာယိမ်းလွှဲနေ၏။
အမှောင်ကြောင့် မစိမ်းနိုင်တော့သည့် မြက်ခင်းပြင်ကိုငုံ့၍
ငေးစိုက်ကြည့်ရင်း မျှော်လင့်နေသော တစ်စုံတစ်ယောက်ကို
စောင့်ဆိုင်းနေသည်။

ဒန်း၏ အရှေ့တည့်တည့်၌ ခြေထောက်တစ်စုံလာရပ်သည်။
လင်း ရင်ခုန်စွာ မော့ကြည့်လိုက်သည်။
အင်္ကျီအဖြူတီရှပ်ကို ဝတ်ဆင်ထားသောရှင်းယံသည်
ခါတိုင်းကဲ့သို့ပင် ရှင်းသန့်တည်ကြည်နေသည်။ အလွန်အမင်း စိတ်လှုပ်ရှားမိသွားသည်။

" တစ်ယောက်ထဲလာတာလား..."

"ဟုတ်တယ်.."

ရှင်းယံသည် ပြုံး၍ဖြေရင်း လင်း၏ဘေးနားရှိ ဒန်းတွင်
ဝင်ထိုင်လိုက်သည်။ သူသည် ဒန်း၏ကြိုးနှစ်ဖက်ကို ဖွဖွလေးကိုင်ရင်း လင်းကိုလှည့်ကြည့်နေသည်။ လင်းသည် ရှင်းယံ
မိမိကိုကြည့်နေသည်ကိုသိသဖြင့် ပြန်မလှည့်ကြည့်ဖြစ်အောင်
အရှေ့တည့်တည့်ကိုသာ ငေးနေသည်။ သူတို့၂ယောက်စလုံး အတန်ကြာစကားမပြောဘဲ ငြိမ်သက်နေကြ၏။ နှစ်ယောက်စလုံးသည် စပြောဖို့စကားရှာနေကြခြင်းဖြစ်ပါလိမ့်မည်။
ထို့အပြင် နှစ်ယောက်စလုံး ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

" ကျူးရင့်ပြောလို့ ကိစ္စအကုန်လုံးကို ခတ်သိပြီးလောက်ပြီပေါ့..."

တိတ်ဆိတ်ခြင်းကို ရှင်းယံဘက်မှ စတင်ဖြိုခွဲလိုက်သည်။
လင်းသည် ရှင်းယံကိုမကြည့်ဘဲ ခေါင်းညိတ်လိုက်သည်။

" ဟုတ်....သူ သေချာလေးရှင်းပြပါတယ်..."

" အစ်ကို... ခတ်ကိုအကြာကြီးစောင့်ဆိုင်းစေခဲ့တဲ့အတွက်
တောင်းပန်ပါတယ်...."

့နူးညံ့ကြည်စင်သောစကားသံကြောင့် လင်း သူ့ကိုလှည့်ကြည့်လိုက်သည်။ ရှင်းယံ၏ လှပသောမျက်ဝန်းများနှင့် သွားဆုံသည်။ လေပြည်တစ်ချက် ဝေ့ဝဲတိုက်ခတ်သွားသည်။

" ပြီးတော့ ကျေးဇူးတင်ပါတယ်....ဒီလိုမျိုးစိတ်ပျက်စရာတွေလုပ်နေတာတောင် အစ်ကို့ကို သဘောကျပေးနေတဲ့အတွက်....အစ်ကို့ကို စိတ်မပျက်သွားတဲ့အတွက်...."

ရှင်းယံ၏မျက်ဝန်းများကို ငေးစိုက်ကြည့်နေ၏။ ရှင်းယံ၏
မျက်လုံးထောင့်စွန်းများကွေးညွတ်ပြုံးသွားသည်ကို
တွေ့လိုက်ရသည်။ ရှင်းယံသည် ခေါင်းကိုငုံ့ကာ ရယ်လိုက်သည်။

" တကယ်တော့ အစ်ကို ခတ်ကိုပြောဖို့ စကားတွေစာစီလာတာ...ဒါပေမဲ့ အခုခတ်ကိုတွေ့တော့ စိတ်လှုပ်ရှားပြီး အကုန်လုံးမေ့ကုန်ပြီ...ဘာက ဘယ်လိုစပြောရမလဲ မသိတော့ဘူး..."

" ကျွန်တော်ရောပဲ..."

နှစ်ယောက်လုံး အကြောင်းမဲ့သပ်သပ် တိုးဖျစွာရယ်လိုက်မိကြသည်။လေထုသည် ပို၍နွေးထွေးသွားကာ စိတ်လှုပ်ရှားမှုအချို့ လျော့သွားဟန်ရှိသည်။

" ကျွန်တော် နည်းနည်းတော့ရှက်မိတယ်...ကျွန်တော်က
ကျွန်တော်လုပ်မယ့်အစီအစဉ်တွေအားလုံးကို ကိုကြီးကို
ကြိုပြောပြနေသလိုဖြစ်နေတာလေ။ ကျွန်တော့်ရဲ့ mission ကိုအစထဲက သိနေတယ်ဆိုတော့
နည်းနည်း ရှက်မိတယ်...."

ရှင်းယံသည် အစွယ်များပေါ်အောင်ပြုံးရင်း မျက်ခုံးပင့်သည်။

" ဟုတ်လား....ဘာပဲဖြစ်ဖြစ် ခတ်ရဲ့ mission ကအောင်မြင်ပါတယ်...."

ရှင်းယံ၏စကားကြောင့် လင်းသည် ရင်ထဲ၌ နွေးဖြာသွားသည်။ လင်းသည် ဒန်းပေါ်မှထကာ ရှင်းယံ၏အရှေ့တည့်တည့်၌ မတ်တပ်ရပ်လိုက်သည်။

" ကျွန်တော် အခုလိုမျိုး မျက်နှာချင်းဆိုင်တွေ့ပြီး
ုဒီစကားကိုမေးချင်ခဲ့တာ ကြာပြီ...."

ရှင်းယံသည် လင်းကိုမော့ကြည့်နေသည်။ လင်းထံမှ မေးခွန်းတစ်ခုကို စောင့်ဆိုင်းနေ၏။ လင်း၏နှုတ်ခမ်းကို သူငေးကြည့်နေသည်။

" ကျွန်တော့်ကို ချစ်လား...."

ပတ်ဝန်းကျင်သည် အလွန်အမင်းတိတ်ဆိတ်ကာ ငြိမ်ကျသွားသည်။

ပန်းခြံအတွင်းရှိ မှိန်ဖျဖျမီးလင်းတိုင်များ....
လင်းထိုင်ခဲ့သော ဒန်းထံမှ အရှိန်မသေသေးသော တကျွီကျွီမြည်သံ.....
ဝေ့ဝဲတိုက်ခတ်နေသော လေပြည်များ.....
ထို့နောက် ရှင်းယံရှေ့တွင် ရပ်နေသောကောင်လေး၏
လေနှင့်အတူလှုပ်ရှားနေသော ဆံနွယ်များ.....

အရာအားလုံး ရုတ်ချည်းသလို ကဗျာဆန်သွားသည်။

ရှင်းယံ လှလှပပပြုံးသည်။ သူသည် ထိုင်ရာမှ ထလိုက်ကာ
လင်း၏အနားသို့ တိုးကပ်ရပ်လိုက်သည်။ ရှင်းယံ အနားသို့
ကပ်လာသောကြောင့် အရပ်ပိုနိမ့်သောလင်းသည် ရှင်းယံကို
မော့ကြည့်ရသည်။

" ဒီမေးခွန်းရဲ့အဖြေကို ခတ်သိပြီးသားပါ..."

" ဒါပေမယ့် ကျွန်တော်ကြားချင်တယ်လေ...."

ရှင်းယံသည် လင်း၏နားရွက်ဖျားကို လက်မ...လက်ညှိုးတို့ဖြင့် ခပ်ဖွဖွပွတ်ဆွဲလိုက်သည်။ထို့နောက် တဖြေးဖြေးနှင့်
လင်း၏ ပါးကိုလက်ဖြင့်အုပ်ကိုင်လိုက်သည်။ ရှင်းယံ၏ လက်ဖဝါးနွေးနွေးသည် လင်း၏အေးစက်သောပါးပြင်ကို
နွေးထွေးသွားစေသည်။

"အစ်ကို ခတ်ကိုချစ်တယ်..."

လင်း၏မျက်ဝန်းတို့ ရွှန်းလဲ့တောက်ပသွားသည်။ ရှင်းယံသည် လင်းကိုစိုက်ကြည့်နေ၏။ ရှင်းယံ၏ နှုတ်ခမ်းတို့ ပြုံးသွားသည်။

" ချစ်တယ်..."

နောက်တစ်ကြိမ် နူးညံ့စွာပြောသည်။ ရင်ခုန်သံအချို့
ရှင်းယံထံမှ ကြားနေရသည်။ ရှင်းယံ၏မျက်ဝန်းတို့သည်
ကြည်လင်ရွှင်လန်းကာ ပြုံးပျော်နေသည်။ သူသည်
တောက်တောက်ပပ ပြုံးရယ်လိုက်သည်။ လင်း၏ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း လင်း၏နဖူးကို
သူ့နဖူးဖြင့် ထိတွေ့လိုက်သည်။

" ချစ်တယ်...ချစ်တယ်...ချစ်တယ်..."

"ကျွန်တော်ရောပဲ..."

လင်းသည် ရှင်းယံ၏လည်ပင်းကို သိုင်းဖက်လိုက်၏။
ရှင်းယံက လင်း၏ကျောပြင်ကိုပြန်ဖက်ရင်း ခါးကိုမတ်လိုက်သောကြောင့် လင်း၏ ခြေထောက်နှင့်မြေပြင် ခေတ္တလွတ်သွားသည်။ လင်းသည် ရှင်းယံကိုတင်းကျပ်စွာဖက်ထားမြဲ ဖြစ်သည်။ ရှင်းယံက သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေသော အကောင်ပေါက်၏ ကျောပြင်ကို အသာအယာပွေ့ဖက်ထားပေးသည်။

ရှင်းယံ၏ နွေးထွေးသောရင်ခွင်....
ထို့နောက် ဖျော့တော့စွာ သင်းပျံ့သောကိုယ်သင်းရနံ့.....
လင်း၏ ကျောပေါ်ရှိ ရှင်းယံ၏လက်များ....
ဤအခိုက်အတန့်၌ အချိန်များကို ရပ်ထားလိုက်ချင်သည်။

မြတ်နိုးရပါသော ဤလူသား....
ဤလူသားကို နောက်ဆုံးတော့ ရရှိခဲ့ပြီဟူသော ကြည်နူးစိတ်ဖြင့် နှလုံးသားသည် မပြောပြတတ်အောင်ပျော်ရွှင်နေသည်။

ရှင်းယံ၏ရင်ခွင်၌ လင်းသည် အတန်ကြာ နစ်မြုပ်တိုးခွေ့နေသည်။ ဖက်ထားရာမှ ခွာလိုက်သောအခါ လင်း၏မျက်နှာမှာ
ပန်းရောင်ထနေကြောင်း တွေ့မြင်ရသည်။ ရှင်းယံသည်
ရှုပ်ပွနေသော လင်း၏ဆံပင်များကို သပ်တင်ပေးလိုက်သည်။
ထို့နောက် နီရဲနေသောနှုတ်ခမ်းလုံးလုံးကိုစိုက်ကြည့်နေသည်။

" အခုချိန်ကစပြီး ကိုကိုလို့ခေါ်ရမယ်...."

" ဗျာ..."

ပွင့်ဟသွားသော နှုတ်ခမ်းနှစ်လွှာပေါ်သို့ ရှင်းယံ၏နှုတ်ခမ်းပါးတစ်စုံ ကျရောက်သွား၏။ ရှင်းယံသည် လင်း၏နှုတ်ခမ်းကို
တစ်ချက်တည်း ဖိနမ်းလိုက်သည်။ နှုတ်ခမ်းပေါ်သို့ ရုတ်တရတ် ရောက်ရှိလာသော နွေးအိသည့်အထိအတွေ့သည်
လင်းကို မျက်လုံးပြူးသွားစေသည်။ မရှည်ကြာသော ဖြတ်ခနဲ
အနမ်းဖြစ်သော်လည်း ရင်ခုန်သံကို ဗြောင်းဆန်သွားစေသည်။

" ရှင်းယံ..."

လင်း တုန်ရီစွာအော်လိုက်သည်။

" ကိုကိုလို့ ခေါ်ပါဆိုနေ..."

ရှင်းယံသည် မျက်ခုံးကိုတွန့်ချိုးရင်း ခပ်တည်တည်ပြော၏။
လင်းသည် မျက်နှာကြီးပေါက်ထွက်မတတ် ပူထူကျိန်းစပ်သွားမိသည်။ လင်း၏ပါးနှစ်ဖက် ရဲရဲတွတ် နီလာသည်။

" ရုတ်တရက်ကြီး...ဒီလိုလုပ်တော့....။ ကျွန်တော်
ဘယ်လိုနေရမလဲ မသိတော့ဘူး....တကယ်ပါပဲ....ဟာ....
ပါးတွေပူလာပြီ..."

လင်းသည် နီရဲပူကျစ်နေသော သူ့ပါးနှစ်ဖက်ကို လက်ဖြင့်
ယပ်ခတ်နေကာ တဗျစ်တောက်တောက်ပြောသည်။ ရှင်းယံသည် လင်း၏ ဖြစ်ပျက်နေပုံကိုကြည့်ရင်း ရယ်ချင်လာသည်။

" ရှက်နေတာလား..."

" မသိဘူး....ဟုတ်မယ်ထင်တယ်..."

လင်း၏အသံမှာ တုန်ယင်လာ၏။ လင်း၏မျက်နှာတစ်ခုလုံး
ခရမ်းချဉ်သီးလိုနီရဲနေသည်။ လင်းသည် ပူနေသောပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်ကာ မျက်နှာကိုပွတ်နေသည်။ မျက်နှာကို လက်ဖြင့်ပွတ်တိုက်နေရင်း နီသောပါးပေါ်သို့
မျက်ရည်ကြည်များတလိမ့်လိမ့်စီးကျလာတော့သည်။

" ဟေ့...မငိုနဲ့လေ..."

ရှင်းယံသည် မျက်ရည်များကိုသုတ်ပေးရန် ကြိုးစား၏။
လင်းမှာမျက်လုံးကိုစုံမှိတ်ကာ မျက်ရည်များကိုအကြမ်းပတမ်း
ပွတ်တိုက်ပစ်သည်။ ရှင်းယံသည် လင်းကိုကြည့်ရင်း
ဟန်မဆောင်နိုင်အောင်ပြုံးမိသည်။

ပါးက နီနီ....နှာခေါင်းက နီနီ...နှုတ်ခမ်းက နီနီနှင့်
ကလေးတစ်ယောက်လိုငိုနေသည့်လင်းမှာ ဖျစ်ညှစ်ချင်စရာကောင်းအောင် ချစ်စရာလေး တွေးမိလိုက်သည်။

" ခတ်....."

လင်းသည် မျက်လုံးကို လက်ဖြင့်အုပ်ထားသည်။ သို့သော်
အုပ်ထားသောလက်တွင်ပင် မျက်ရည်စများဖြင့် စိုရွှဲနေလောက်ပြီ။

" ပျော်လို့...ရှင်းယံက ကျွန်တော့်ကိုချစ်တယ်ဆိုတာ
အိမ်မက်ကြီးလိုမျိုး...."

ငိုသံဖြင့် အသံမှာ ပြတ်တောင်းပြတ်တောင်း။

" လာ...လာ...ဒီကိုလာ..."

ရှင်းယံသည် လင်းကို ဆွဲဖက်လိုက်၏။ ရင်ခွင်ထဲ၌ဝှက်ထားရင်း လင်း၏ခေါင်းကို ညင်သာစွာပွတ်သပ်ပေးနေသည်။

"ကျေးဇူးနော်...ကိုယ့်ကို အများကြီးသဘောကျပေးတဲ့အတွက် ခတ်ကို ကျေးဇူးတင်ပါတယ်...."

ရှင်းယံ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။
ဒီကောင်လေးကို ဘယ်တော့မှ လက်မလွှတ်တော့မည့်အကြောင်း.....။

************************************************************************

အဆင်ပြေလား😂

Continue Reading

You'll Also Like

113K 14.6K 20
ေက်ာင္းရဲ႕ဗ႐ုတ္ Park Chanyeol ဟာ အတန္းရဲ႕ စာအေတာ္ဆံုး စည္းကမ္းအ႐ွိဆံုး ေက်ာင္းသား Byun Baekhyun ကို ခ်စ္မိသြားေသာအခါ......
1.1M 89.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
20.8K 867 14
ဂျွန်​ယောင်းအတွက် ရှီ​​အော့ ကအိမ်​မွေး​ခွေးက​လေးတစ်​ကောင်ပဲ ဒါ​ပေမယ့် ကိုက်ရင်​တော့ ဒဏ်ရာပြင်းမယ် fanfic မဟုတ်ပါ koreanအ​ခြေပြု fic တစ်ပုဒ်သာဖြစ်သည်...
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်