MISSION IMPOSSIBLE : mission...

Από _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... Περισσότερα

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep - 50

18.2K 2.3K 211
Από _pannthoon_

[Zawgyi]

နကၡတ္ခ်ိန္းဆိုထားေသာ ေကာ္ဖီဆိုင္ငယ္ေရ႔ွသို႔ လင္း ေရာက္ရိွခဲ့သည္။ သို႔ေသာ္ မထင္မွတ္ထားသၫ့္အရာမွာ
ႏိုးႏိုးပါ ထိုဆိုင္ေရွ႕၌ ေရာက္ေနေသာေၾကာင့္ပင္။ ႏွစ္ေယာက္သားသည္ တစ္ေယာက္ကိုတစ္ေယာက္ လက္ညႇိဳးထိုးရင္း
တိုက္ဆိုင္မႈကို တအံ့တၾသျဖစ္သြားၾကသည္။

" နင္ ဒီကိုဘာလာလုပ္တာလဲ..."

ႏိုးႏိုး၏ အေမး။

" ငါ နကၡတ္နဲ႔ခ်ိန္းထားလို႔လာတာ...နင္ကေရာ.."

" ငါ့ကို မမက်ဴးရင့္က လွမ္းေခၚလို႔....ေျပာစရာရိွလို႔ဆိုတာနဲ႔ ငါလည္းလာတာ...."

ဒါဟာ ရိုးရိုးတန္းတန္း တိုက္ဆိုင္မႈေတာ့မျဖစ္ႏိုင္ဟု ႏွစ္ေယာက္စလံုး ေတြးမိလိုက္ၾကသည္။

" တစ္ခုခုေတာ့ တစ္ခုခုပဲ..."

ႏိုးႏိုးမွ ေကာက္ခ်က္ခ်ကာ ႏွစ္ေယာက္တူတူ ဆိုင္ထဲသို႔
ဝင္လိုက္ၾကသည္။ ထင္သၫ့္အတိုင္းပင္ ဆိုင္ထဲတြင္
က်ဴးရင့္ႏွင့္ နကၡတ္မွာ အတူတူထိုင္ေနၾကသည္။

" လင္းနဲ႔ႏိုးႏိုး...လာ ဒီကိုလာ..."

ဆိုင္ထဲဝင္လာေသာ လင္းႏွင့္ႏိုးႏိုးကိုျမင္ေသာအခါ
က်ဴးရင့္က လွမ္းေခၚသည္။ ႏိုးႏိုးက က်ဴးရင့္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္လိုက္၍ လင္းက နကၡတ္ေရွ႕တြင္ ထိုင္လိုက္သည္။

နကၡတ္သည္ လင္းကိုမၾကၫ့္ဘဲ မ်က္လံုးခ်င္းမဆံုမိေအာင္
ေရွာင္လႊဲေနသည္။

" မမက ေျပာစရာရိွလို႔ဆို။ ႏိုးကိုေရာ..လင္းကိုေရာ
ႏွစ္ေယာက္လံုးကိုေျပာရမယ့္ စကားမ်ားလား..."

ႏိုးႏိုးေမးေသာအခါ က်ဴးရင့္ကၿပံဳး၍....

" ေအးေဆးေပါ့ကြယ္...စားရင္းေသာက္ရင္း ေျဖးေျဖးခ်င္း
ေျပာၾကတာေပါ့..."

ဟုဆိုေလသည္။ ထိုအခိုက္၌ စားပြဲထိုးေရာက္လာေသာေၾကာင့္ ႏိုးႏိုးက chocolate တစ္ခြက္မွာလိုက္သည္။
လင္းကေတာ့ "ဘာမွမေသာက္ေတာ့ဘူး" ဟုသာဆို၏။

" ႏွစ္ေယာက္လံုးကို ေခၚလိုက္တာက အေၾကာင္းစံုကိုရွင္းျပ
ခ်င္လို႔ပါ....မင္းတို႔မသိေအာင္ မမတို႔ဖံုးကြယ္ထားတဲ့
ကိစၥေတြက သိပ္မ်ားေနတယ္....အခုေတာ့ အဲ့တာေတြ
အားလံုးကို ေျပာျပဖို႔အခ်ိန္တန္ၿပီလို႔ထင္တယ္...."

က်ဴးရင့္သည္ နကၡတ္ကို တံေတာင္ဆစ္ျဖင့္တြတ္ထိုးလိုက္သည္။ ထိုအခါမွ ၿငိမ္ေနေသာနကၡတ္သည္ ေခါင္းၿငိမ့္ကာ

" အင္း...ဟုတ္တယ္"

ဟုေထာက္ခံစကားဆိုသည္။

" ဘာေတြ ဖံုးကြယ္ထားလို႔လဲ..."

ႏိုးႏိုးမွ သိခ်င္စိတ္ျပင္းစြာေမးသည္။ နကၡတ္ထံမွ
အသံထြက္လာသည္။

" ဘယ္ကေန ဘယ္လိုေတာင္ စရွင္းရမလဲ မသိေတာ့ဘူး....
ေျပာရရင္ေတာ့ စိုင္းရွင္းယံနဲ႔ ပတ္သတ္တဲ့ကိစၥပါ"

လင္း၏မ်က္ႏွာဝင္းခနဲျဖစ္သြားသည္။ သူသည္ နကၡတ္ကို
ျပဴးက်ယ္ေသာမ်က္ဝန္းတစ္စံုျဖင့္ၾကၫ့္သည္။

က်ဴးရင့္က ဆက္ေျပာသည္။

" ကိစၥအားလံုးရဲ့ အစကေန စေျပာရမယ္ဆိုရင္ေတာ့....
လြန္ခဲ့တဲ့ ၂ႏွစ္က အခ်ိန္ကို ျပန္သြားရမွာပဲ.....
အဲ့အခ်ိန္တုန္းက ရွင္းယံက ေယာက္်ားေလးရည္းစားရိွခဲ့တယ္"

" ဟမ္..."

" ရွင္းယံက..."

ႏိုးႏိုးႏွင့္ လင္းထံမွ အာေမဋိတ္အသံမွာ ေရ႔ွဆင့္ေနာက္ဆင့္ထြက္လာသည္။ မေမ်ွာ္လင့္ထားေသာ စကားေၾကာင့္
သူတို႔၂ေယာက္ အံ့ၾသစြာပါးစပ္အေဟာင္းသားျဖစ္သြားၾကသည္။ နကၡတ္သည္ လင္း၏အမူအရာကိုလွမ္း အကဲခတ္ရင္း
ေလသံကိုတစ္ဆင့္ႏိွမ့္၍ေျပာသည္။

" သူ႔ရည္းစားေဟာင္းက ဘယ္သူလဲဆိုတာသိရင္
ပိုအံ့ၾသဦးမွာ....သူ႔ရည္းစားေဟာင္းက David..."

" David? ဟို...ဟို ေမာ္ဒယ္ကေန သရုပ္ေဆာင္
ျဖစ္လာတဲ့ David လား...."

ႏိုးႏိုးက အထစ္အထစ္အေငါ့ေငါ့ေမးလာသည္။

" ဟုတ္တယ္...သူပဲ..."

ႏိုးႏိုးသည္ ေစ့မရေသာပါးစပ္ကိုလက္ျဖင့္အုပ္ရင္း
ၿငိမ္သက္စြာ အံ့ၾသေနသည္။ သူမေရ႔ွသို႔လာခ်ေသာ
chocolate ကိုေတာင္မေသာက္ႏိုင္ဘဲ ေက်ာက္ရုပ္လို
ၿငိမ္ေနသည္။ အံ့ၾသလြန္၍ စကားမေျပာႏိုင္ျဖစ္သြားေသာ
ႏိုးႏိုးႏွင့္ လင္းကိုၾကၫ့္ရင္း က်ဴးရင့္က ဆက္ေျပာလာသည္။

" အားလံုးရဲ့အစကေတာ့ ဖက္ရွင္ရိႈးပြဲကေန စတာပဲ....
မမျမဴႏွင္းဟန္သာရဲ့ရည္းစား ေဒစီက ဒီဇိုင္နာဆိုတာ သိၾကမွာပါ။ ေဒစီရဲ့ဖက္ရွင္ရိႈးပြဲကို မမတို႔အကုန္လံုးသြားၾကတယ္။ အဲ့တုန္းက မမတို႔က ၁၀တန္းေပါ့။ ရိႈးရဲ့back stageမွာ ရိွတဲ့ ေဒစီ့ကို မမတို႔သြားေတြ႕တယ္။ အဲ့အခ်ိန္မွာ David ကရိႈးမွာ ေလ်ွာက္ရမယ့္ model ေပါ့။ Back stage ကိုသြားရင္းနဲ႔ ရွင္းယံက David နဲ႔စေတြ႕တာပဲ...."

က်ဴးရင့္စကားကို အားလံုးကၿငိမ္၍ နားေထာင္ေနၾကသည္။
သို႔ေသာ္ လင္း၏ႏွလံုးခုန္သံကေတာ့ ခပ္သဲ့သဲ့လႈပ္ေန၏။

" အဲ့မတိုင္ခင္ ရွင္းယံက မိန္းကေလးေတြနဲ႔ပဲ တြဲဖူးတာ။
ဒါေပမယ့္ သူကမိန္းကေလးေတြအေပၚခံစားခ်က္မရိွခဲ့ဘူး။
သူက ေယာက္်ားေလးေတြကိုစိတ္ဝင္စားတယ္ဆိုတာ...
သူ႔ရဲ့ လိင္ပိုင္းဆိုင္ရာတိမ္းၫြတ္မႈက ေယာက္်ားေလးျဖစ္တယ္ဆိုတာကို မမျမဴႏွင္းရဲ့ကူညီမႈေၾကာင့္ သူ႔ကိုယ္သူလက္ခံခဲ့တယ္။ David ကိုေတြ႕ေတာ့ သူ႔ခံစားခ်က္က ပိုေသခ်ာသြားတယ္။ သူ David ကို ေတာ္ေတာ္ေလးခ်စ္ခဲ့ပါတယ္။
သူတို႔တြဲတဲ့ကိစၥကို မမရယ္ နကၡတ္...ၿဖိဳး...ခြန္စိုင္း...မမျမဴႏွင္းနဲ႔ ေဒစီတို႔ပဲ သိခဲ့တာ။ တျခား ဘယ္သူမွမသိေအာင္လည္း ဖံုးထားခဲ့တာ။ ရွင္းယံက လူတစ္ေယာက္ကိုခ်စ္မိၿပီဆိုရင္ အဲ့လူမွ အဲ့လူပဲ ျဖစ္ေနတတ္တယ္။ ရွင္းယံက အငယ္ျဖစ္ေပမယ့္ Davidကိုမ်က္ႏွာတစ္ခ်က္မညႇိဳးရေအာင္ကို သူဂရုစိုက္ခဲ့တာ။ David က ရွင္းယံထက္ ၆ႏွစ္ႀကီးတယ္ေလ။ David လိုခ်င္တဲ့အရာကို သူမရမကလုပ္ေပးတယ္။
David က ပိုက္ဆံလိုရင္ပိုက္ဆံ...အက်ႌလိုရင္အက်ႌ...
ကားက အစ သူဝယ္ေပးတာ။ ယုတ္စြအဆံုး David
သရုပ္ေဆာင္ေလာကထဲေျခခ်ႏိုင္ဖို႔ေတာင္ Enertainment ေတြနဲ႔ သူမိတ္ဆက္ေပးခဲ့တာ။
ရွင္းယံက ဒီေလာက္အမ်ားႀကီးလုပ္ေပးခဲ့ေပမယ့္
တစ္ခ်က္မွ David ကိုမၿငိဳျငင္ခဲ့ဘူး။ ရွင္းယံကေျပာေသးတယ္....ငါ တကၠသိုလ္တက္ၿပီးတာနဲ႔ ငါ့အေဖလုပ္ငန္းေတြကို
သင္ယူမယ္...ၿပီးရင္ အစ္ကို႔နဲ႔တြဲေနတယ္ဆိုတာ တစ္ေလာကလံုးကို အသိေပးမယ္။ အစ္ကို႔ကိုငါ့အနားမွာပဲ အၿမဲထားမယ္ တဲ့။ ရွင္းယံက အဲ့လိုမ်ိဳး သူစြဲလန္းၿပီဆို အဆံုးထိေတြးပစ္တတ္တဲ့လူမ်ိဳး...."

လင္းသည္ ေခါင္းကိုငံု႔ခ်လိုက္၏။ ဒီလိုမ်ိဳး အမ်ားႀကီးခ်စ္ေပးခဲ့တဲ့ရွင္းယံဟာ ဘာေတျြဖစ္ခဲ့တာလဲ ဟုေတြးေနမိသည္။
လင္း၏ စိတ္ထဲမွေမးခြန္းကို နကၡတ္ကေျဖၾကားလာသည္။

" ဒါေပမယ့္ David ဘက္ကေတာ့....ရွင္းယံက သူေဌးသားမို႔လို႔ ခ်ဴစားတဲ့သေဘာမ်ိဳးပဲ။ စဉ္းစားၾကၫ့္ေလ...
ဘယ္၁၆ႏွစ္သားက သူမ်ားကိုကားဝယ္ေပးႏိုင္ေလာက္ေအာင္ မုန႔္ဖိုးရလို႔လဲ။ ရွင္းယံမိဘေတြက ရွင္းယံ ဘယ္ေလာက္သံုးသံုး...ေျပာတဲ့သူေတြမဟုတ္ဘူး။ Davidက ရွင္းယံကို
အသံုးခ်ခဲ့တဲ့သေဘာပဲ။ David ေအာင္ျမင္လာတဲ့
ေနာက္ကြယ္မွာ ရွင္းယံဘက္ကလုပ္ေပးခဲ့တာေတြအမ်ားႀကီး
ရိွတယ္။ ဒီလိုနဲ႔ သူတို႔တြဲတာ တစ္ႏွစ္ျပၫ့္တဲ့ေန့မွာ....
David ရဲ႕သရုပ္မွန္ကေပၚသြားတာပဲ"

ႏိုးႏိုးႏွင့္လင္းသည္ ဇာတ္လမ္းတစ္ပုဒ္ကိုေကာင္းခန္းကို
ၾကၫ့္ေနရသလိုမ်ိဳး ဂရုတစိုက္နားစြင့္ေနၾက၏။ က်ဴးရင့္ဟန္သာကတစ္လွၫ့္ ဆက္ေျပာသည္။

" တစ္ႏွစ္ျပၫ့္တဲ့ေန႕မွာ ရွင္းယံက David ကို surprise လုပ္ေပးခ်င္လို႔ လက္ေဆာင္ေတြဝယ္ၿပီး
အိမ္ကိုလိုက္သြားတယ္။ သူ မေမ်ွာ္လင့္ထားတဲ့အရာကို သူေတြ႕လိုက္ရတယ္ေလ။ David က တျခားေကာင္မေလးတစ္ေယာက္နဲ႔ေပါ့....."

လင္းေရာ ႏိုးႏိုးပါ မ်က္လံုးျပဴးသြားၾကသည္။

" ရွင္းယံက အဲ့လိုကိုယ္တိုင္ျမင္ခဲ့ရတာေတာင္ Davidကို
ျပႆနာမရွာဘဲ ေနာက္ေန႕ေရာက္မွ ေအးေဆးရွင္းျပခိုင္းတယ္။ အစ္ကို႔ဘက္က မဟုတ္ဘူးေျပာလိုက္တာနဲ႔ ကြၽန္ေတာ္
ယံုေပးမယ္ လို႔သူေျပာခဲ့တယ္။ ဒါေပမယ့္ Davidက
အဲ့ေကာင္မေလးကိုပဲသူခ်စ္တာ...ငါကေယာက္်ားေလးေတြကို စိတ္ဝင္စားတယ္ မင္းထင္ေနလားတဲ့....မင္းနဲ႔က
ေယာက္်ားေလးခ်င္းမတြဲဖူးလို႔ သိခ်င္လို႔ အေပ်ာ္တြဲၾကၫ့္တာလို႔ေျပာခဲ့တယ္။ ရွင္းယံအမ်ားႀကီး ဝမ္းနည္းခဲ့ရတယ္။ သူ David ကို ျပႆနာလည္းမရွာသလို တိတ္တိတ္ေလးထြက္သြားေပးတယ္....သူဘယ္ေလာက္ ခံစားခဲ့ရလဲ ဆိုတာကို မမတို႔အသိဆံုးပဲ။ "

" ေနပါဦး...Davidက ေစာက္ရူးလား....ရွင္းယံလို
ရုပ္လည္းေခ်ာ...သူ႔ကိုလည္းတုန္ေနေအာင္ခ်စ္...ပိုက္ဆံလည္းခ်မ္းသာတဲ့သူမ်ိဳးကို ႏွင္ထုတ္ပစ္တယ္ေပါ့။ တကယ္ပဲ...
ရွင္းယံက သူ႔ကိုတစ္ခ်က္မွမၿငိဳျငင္ဘဲခ်စ္ေပးတာနဲ႔တင္
ဒီလိုရည္းစားမ်ိဳးက ထိုင္ရိွခိုးေနသင့္တာ။ ႏိုးသာ ရွင္းယံလို
ရည္းစားရရင္ ဘယ္ေတာ့မွ လက္လႊတ္မွာမဟုတ္ေတာ့ဘူး"

ႏိုးႏိုး ႀကိတ္မႏိုင္ခဲမရ ေျပာလိုက္မိေတာ့သည္။ လင္းက
မ်က္လံုးကိုပုတ္ခတ္ ပုတ္ခတ္လုပ္ရင္း

" ရွင္းယံက သူ႔မွာခ်စ္ခဲ့တဲ့သူရိွတယ္ဆိုၿပီး ေျပာျပဖူးတယ္....
အဲ့လူက David ေပါ့..."

ဟု တိုးဖြစြာေျပာ၏။ နကၡတ္က ေခါင္းၿငိမ့္ကာ တစ္ဆက္တည္းေျပာသည္။

" ဟုတ္တယ္...ရွင္းယံက David သူ႔ကိုအရူးလုပ္ခဲ့တာေတာင္ Davidကိုအျပစ္မေျပာဘူး။ ၾကားထဲကေန
ငါတို႔က ေဒါသထြက္ရတယ္။ ရွင္းယံက ငါတို႔ကို David
နဲ႔အေၾကာင္းေျပာျပၿပီးတဲ့ ေနာက္ေန႕မွာပဲ ငါရယ္ ၿဖိဳးရယ္
ခြန္စိုင္းရယ္...သံုးေယာက္သား David အိမ္ကိုလိုက္သြားၿပီး David နဲ႔ရန္ျဖစ္ခဲ့ၾကတယ္။ ဒါေၾကာင့္ Davidက
ငါတို႔နဲ႔မတၫ့္ဘူးလို႔ ေျပာတာ..."

" ႏိုးေတာ့ အံ့ၾသလို႔ေသေတာ့မယ္...Davidကို
ရုပ္ေခ်ာလို႔ဝန္းရံမယ္ ႀကံထားတာ...ခုေတာ့ တီဗီမွာသူ႔မ်က္ႏွာေပၚလာရင္ေတာင္ TV ပိတ္ပစ္မယ္..."

"မမလည္း Davidကို ေတာ္ေတာ္ေဒါသထြက္ခဲ့တာ။
ရွင္းယံက တစ္ႏွစ္ေလာက္နီးပါး Davidကို မေမ့ႏိုင္ခဲ့ဘူး။
သြားလည္း မေနွာင့္ယွက္ဘူး။ ရင္ထဲမွာပဲ တိတ္တိတ္ေလးသိမ္းထားတယ္လို႔ ေျပာရမလား။ ေနာက္ေတာ့ ရွင္းယံက
မမျမဴႏွင္းဦးေဆာင္တဲ့ Page မွာ admin လုပ္ခဲ့တယ္။
ၿပီးေတာ့ David ကိုေမ့ၿပီး ေနာက္ထပ္အခ်စ္သစ္တစ္ခုကို
သူေတြ႕ခဲ့တယ္ေလ...."

က်ဴးရင့္သည္ စကားအဆံုး၌ လင္းကိုၾကၫ့္လာ၏။
ေလထုသည္ ရုတ္တရက္ တိတ္ဆိတ္သြားသည္။ ႏိုးႏိုးကလည္း က်ဴးရင့္ႏွင့္ နကၡတ္တို႔၏အၾကၫ့္အတိုင္း လင္းကို
လွၫ့္ၾကၫ့္သည္။

" ဗ်ာ...."

လင္း ႏႈတ္မွထြက္လာသည္မွာ ထိုတစ္ခြန္းထဲ။
ရင္ထဲ၌ မီးရထားေမာင္းသလို တုန္သြားသည္ကိုလည္း
ခံစားလိုက္ရသည္။

" page ရဲ့ admin လို႔ေျပာလိုက္တာလား..."

ႏိုးႏိုးကိုယ္တိုင္ ထူးဆန္း မထင္မွတ္ေသာအရာကို
ၾကားလိုက္ရသည္။ နားမလည္ႏိုင္မႈမ်ား ေရေထြးေနေသာ
ႏိုးႏိုးႏွင့္ လင္းကို က်ဴးရင့္က တည္ၿငိမ္စြာေျပာသည္။

" ရွင္းယံက အဲ့page မွာ admin White ေလ..."

" ဘာ..."

ႏိုးႏိုး ေအာ္လိုက္သည္။ လင္းသည္ ေခါင္းကိုခါရင္း
နကၡတ္ကို ၾကၫ့္၏။

" မဟုတ္ဘူးေလ....ကိုႀကီးက White ဆို....
ရွင္းယံက ဘာလို႔White ျဖစ္ရမွာလဲ...."

လင္း၏ အသံသည္ တုန္သြားေသာ္ေၾကာင့္ မနည္းထိန္းကာ
ေျပာေနရ၏။ စိတ္လႈပ္ရွားမႈက ပူေႏြးကာ လည္ပင္း၌ကပ္ေနသည္။

နကၡတ္ထံမွ မိႈင္ေတြေသာမ်က္ဝန္းမ်ားကိုျမင္ရသည္။
နကၡတ္သည္ သက္ျပင္းတစ္ခ်က္ခ်၍ သူ႔မ်က္ႏွာအရိပ္အကဲကို လူမသိေအာင္ ေဘးသို႔လႊဲလိုက္သည္။

" လိမ္ထားခဲ့လို႔ ေတာင္းပန္ပါတယ္....အစထဲက အစ္ကိုက
White မဟုတ္ဘဲ ရွင္းယံက White ျဖစ္ေနခဲ့တာပါ..."

" ဘာေတြလဲ...ကြၽန္ေတာ္နားမလည္ႏိုင္ေတာ့ဘူး...ဘာလို႔ ကိုႀကီးက ကြၽန္ေတာ့္ကိုလိမ္တာလဲ...."

" စိတ္ေအးေအးထားပါ...လင္း...မမ အကုန္ရွင္းျပမယ္...
မမရွင္းျပတာ နားေထာင္ၿပီးရင္ ဇာတ္ရည္လည္သြားမွာပါ..."

လင္း၏ အသက္ရႉသံမ်ား ျမန္ဆန္သြားသည္။ ႏိုးႏိုးက
လင္း၏ ပခံုးကို ဆုပ္ကိုင္ကာ

" အရင္နားေထာင္လိုက္ပါ..."

ဟု ေဖ်ာင္းဖ်၏။ နကၡတ္မွာမူကား တျခားတစ္ဖက္သို႔သာ
အၾကၫ့္လႊဲထားသည္။

ထို႔ေနာက္ က်ဴးရင့္ထံမွ ဇာတ္လမ္းအစအဆံုးတစ္ပုဒ္
ထြက္ေပၚလာသည္။

************************************************************************

ေနာက္တစ္ပိုင္းက်ရင္ ရွင္းယံဘက္ကေန ဖတ္ရေတာ့မွာပါ။

ရွင္းယံက White ဆိုတာ ခန႔္မွန္းမိထားတဲ့သူေတြရိွလား😛
Kkochi မွာ Whiteက ႏွင္းဆီပန္းေတြလာထား
ကတည္းက ေျပာျပခ်င္တာ ယားေနတာပဲ။ ခုေတာ့
ေျပာလိုက္ရၿပီ။

နကၡတ္အတြက္ေတာ့ ငိုခ်င္ေနၿပီ☹️
အၿမဲတမ္းsecond lead ေတြကမိုက္ေနတာပဲေလ
အဲ့လိုဆို ကိုယ္တိုင္တာဝန္ယူေပးခ်င္ေနတာ
ဇာတ္လမ္းကလည္း သူ႔flow နဲ႔သူဆိုေတာ့ ထိန္းလို႔
မရေတာ့ဘူးရယ္

[Zawgyi]

နက္ခတ်ချိန်းဆိုထားသော ကော်ဖီဆိုင်ငယ်ရှေ့သို့ လင်း ရောက်ရှိခဲ့သည်။ သို့သော် မထင်မှတ်ထားသည့်အရာမှာ
နိုးနိုးပါ ထိုဆိုင်ရှေ့၌ ရောက်နေသောကြောင့်ပင်။ နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးရင်း
တိုက်ဆိုင်မှုကို တအံ့တသြဖြစ်သွားကြသည်။

" နင် ဒီကိုဘာလာလုပ်တာလဲ..."

နိုးနိုး၏ အမေး။

" ငါ နက္ခတ်နဲ့ချိန်းထားလို့လာတာ...နင်ကရော.."

" ငါ့ကို မမကျူးရင့်က လှမ်းခေါ်လို့....ပြောစရာရှိလို့ဆိုတာနဲ့ ငါလည်းလာတာ...."

ဒါဟာ ရိုးရိုးတန်းတန်း တိုက်ဆိုင်မှုတော့မဖြစ်နိုင်ဟု နှစ်ယောက်စလုံး တွေးမိလိုက်ကြသည်။

" တစ်ခုခုတော့ တစ်ခုခုပဲ..."

နိုးနိုးမှ ကောက်ချက်ချကာ နှစ်ယောက်တူတူ ဆိုင်ထဲသို့
ဝင်လိုက်ကြသည်။ ထင်သည့်အတိုင်းပင် ဆိုင်ထဲတွင်
ကျူးရင့်နှင့် နက္ခတ်မှာ အတူတူထိုင်နေကြသည်။

" လင်းနဲ့နိုးနိုး...လာ ဒီကိုလာ..."

ဆိုင်ထဲဝင်လာသော လင်းနှင့်နိုးနိုးကိုမြင်သောအခါ
ကျူးရင့်က လှမ်းခေါ်သည်။ နိုးနိုးက ကျူးရင့်နှင့် မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်၍ လင်းက နက္ခတ်ရှေ့တွင် ထိုင်လိုက်သည်။

နက္ခတ်သည် လင်းကိုမကြည့်ဘဲ မျက်လုံးချင်းမဆုံမိအောင်
ရှောင်လွှဲနေသည်။

" မမက ပြောစရာရှိလို့ဆို။ နိုးကိုရော..လင်းကိုရော
နှစ်ယောက်လုံးကိုပြောရမယ့် စကားများလား..."

နိုးနိုးမေးသောအခါ ကျူးရင့်ကပြုံး၍....

" အေးဆေးပေါ့ကွယ်...စားရင်းသောက်ရင်း ဖြေးဖြေးချင်း
ပြောကြတာပေါ့..."

ဟုဆိုလေသည်။ ထိုအခိုက်၌ စားပွဲထိုးရောက်လာသောကြောင့် နိုးနိုးက chocolate တစ်ခွက်မှာလိုက်သည်။
လင်းကတော့ "ဘာမှမသောက်တော့ဘူး" ဟုသာဆို၏။

" နှစ်ယောက်လုံးကို ခေါ်လိုက်တာက အကြောင်းစုံကိုရှင်းပြ
ချင်လို့ပါ....မင်းတို့မသိအောင် မမတို့ဖုံးကွယ်ထားတဲ့
ကိစ္စတွေက သိပ်များနေတယ်....အခုတော့ အဲ့တာတွေ
အားလုံးကို ပြောပြဖို့အချိန်တန်ပြီလို့ထင်တယ်...."

ကျူးရင့်သည် နက္ခတ်ကို တံတောင်ဆစ်ဖြင့်တွတ်ထိုးလိုက်သည်။ ထိုအခါမှ ငြိမ်နေသောနက္ခတ်သည် ခေါင်းငြိမ့်ကာ

" အင်း...ဟုတ်တယ်"

ဟုထောက်ခံစကားဆိုသည်။

" ဘာတွေ ဖုံးကွယ်ထားလို့လဲ..."

နိုးနိုးမှ သိချင်စိတ်ပြင်းစွာမေးသည်။ နက္ခတ်ထံမှ
အသံထွက်လာသည်။

" ဘယ်ကနေ ဘယ်လိုတောင် စရှင်းရမလဲ မသိတော့ဘူး....
ပြောရရင်တော့ စိုင်းရှင်းယံနဲ့ ပတ်သတ်တဲ့ကိစ္စပါ"

လင်း၏မျက်နှာဝင်းခနဲဖြစ်သွားသည်။ သူသည် နက္ခတ်ကို
ပြူးကျယ်သောမျက်ဝန်းတစ်စုံဖြင့်ကြည့်သည်။

ကျူးရင့်က ဆက်ပြောသည်။

" ကိစ္စအားလုံးရဲ့ အစကနေ စပြောရမယ်ဆိုရင်တော့....
လွန်ခဲ့တဲ့ ၂နှစ်က အချိန်ကို ပြန်သွားရမှာပဲ.....
အဲ့အချိန်တုန်းက ရှင်းယံက ယောက်ျားလေးရည်းစားရှိခဲ့တယ်"

" ဟမ်..."

" ရှင်းယံက..."

နိုးနိုးနှင့် လင်းထံမှ အာမေဋိတ်အသံမှာ ရှေ့ဆင့်နောက်ဆင့်ထွက်လာသည်။ မမျှော်လင့်ထားသော စကားကြောင့်
သူတို့၂ယောက် အံ့သြစွာပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ နက္ခတ်သည် လင်း၏အမူအရာကိုလှမ်း အကဲခတ်ရင်း
လေသံကိုတစ်ဆင့်နှိမ့်၍ပြောသည်။

" သူ့ရည်းစားဟောင်းက ဘယ်သူလဲဆိုတာသိရင်
ပိုအံ့သြဦးမှာ....သူ့ရည်းစားဟောင်းက David..."

" David? ဟို...ဟို မော်ဒယ်ကနေ သရုပ်ဆောင်
ဖြစ်လာတဲ့ David လား...."

နိုးနိုးက အထစ်အထစ်အငေါ့ငေါ့မေးလာသည်။

" ဟုတ်တယ်...သူပဲ..."

နိုးနိုးသည် စေ့မရသောပါးစပ်ကိုလက်ဖြင့်အုပ်ရင်း
ငြိမ်သက်စွာ အံ့သြနေသည်။ သူမရှေ့သို့လာချသော
chocolate ကိုတောင်မသောက်နိုင်ဘဲ ကျောက်ရုပ်လို
ငြိမ်နေသည်။ အံ့သြလွန်၍ စကားမပြောနိုင်ဖြစ်သွားသော
နိုးနိုးနှင့် လင်းကိုကြည့်ရင်း ကျူးရင့်က ဆက်ပြောလာသည်။

" အားလုံးရဲ့အစကတော့ ဖက်ရှင်ရှိုးပွဲကနေ စတာပဲ....
မမမြူနှင်းဟန်သာရဲ့ရည်းစား ဒေစီက ဒီဇိုင်နာဆိုတာ သိကြမှာပါ။ ဒေစီရဲ့ဖက်ရှင်ရှိုးပွဲကို မမတို့အကုန်လုံးသွားကြတယ်။ အဲ့တုန်းက မမတို့က ၁၀တန်းပေါ့။ ရှိုးရဲ့back stageမှာ ရှိတဲ့ ဒေစီ့ကို မမတို့သွားတွေ့တယ်။ အဲ့အချိန်မှာ David ကရှိုးမှာ လျှောက်ရမယ့် model ပေါ့။ Back stage ကိုသွားရင်းနဲ့ ရှင်းယံက David နဲ့စတွေ့တာပဲ...."

ကျူးရင့်စကားကို အားလုံးကငြိမ်၍ နားထောင်နေကြသည်။
သို့သော် လင်း၏နှလုံးခုန်သံကတော့ ခပ်သဲ့သဲ့လှုပ်နေ၏။

" အဲ့မတိုင်ခင် ရှင်းယံက မိန်းကလေးတွေနဲ့ပဲ တွဲဖူးတာ။
ဒါပေမယ့် သူကမိန်းကလေးတွေအပေါ်ခံစားချက်မရှိခဲ့ဘူး။
သူက ယောက်ျားလေးတွေကိုစိတ်ဝင်စားတယ်ဆိုတာ...
သူ့ရဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုက ယောက်ျားလေးဖြစ်တယ်ဆိုတာကို မမမြူနှင်းရဲ့ကူညီမှုကြောင့် သူ့ကိုယ်သူလက်ခံခဲ့တယ်။ David ကိုတွေ့တော့ သူ့ခံစားချက်က ပိုသေချာသွားတယ်။ သူ David ကို တော်တော်လေးချစ်ခဲ့ပါတယ်။
သူတို့တွဲတဲ့ကိစ္စကို မမရယ် နက္ခတ်...ဖြိုး...ခွန်စိုင်း...မမမြူနှင်းနဲ့ ဒေစီတို့ပဲ သိခဲ့တာ။ တခြား ဘယ်သူမှမသိအောင်လည်း ဖုံးထားခဲ့တာ။ ရှင်းယံက လူတစ်ယောက်ကိုချစ်မိပြီဆိုရင် အဲ့လူမှ အဲ့လူပဲ ဖြစ်နေတတ်တယ်။ ရှင်းယံက အငယ်ဖြစ်ပေမယ့် Davidကိုမျက်နှာတစ်ချက်မညှိုးရအောင်ကို သူဂရုစိုက်ခဲ့တာ။ David က ရှင်းယံထက် ၆နှစ်ကြီးတယ်လေ။ David လိုချင်တဲ့အရာကို သူမရမကလုပ်ပေးတယ်။
David က ပိုက်ဆံလိုရင်ပိုက်ဆံ...အင်္ကျီလိုရင်အင်္ကျီ...
ကားက အစ သူဝယ်ပေးတာ။ ယုတ်စွအဆုံး David
သရုပ်ဆောင်လောကထဲခြေချနိုင်ဖို့တောင် Enertainment တွေနဲ့ သူမိတ်ဆက်ပေးခဲ့တာ။
ရှင်းယံက ဒီလောက်အများကြီးလုပ်ပေးခဲ့ပေမယ့်
တစ်ချက်မှ David ကိုမငြိုငြင်ခဲ့ဘူး။ ရှင်းယံကပြောသေးတယ်....ငါ တက္ကသိုလ်တက်ပြီးတာနဲ့ ငါ့အဖေလုပ်ငန်းတွေကို
သင်ယူမယ်...ပြီးရင် အစ်ကို့နဲ့တွဲနေတယ်ဆိုတာ တစ်လောကလုံးကို အသိပေးမယ်။ အစ်ကို့ကိုငါ့အနားမှာပဲ အမြဲထားမယ် တဲ့။ ရှင်းယံက အဲ့လိုမျိုး သူစွဲလန်းပြီဆို အဆုံးထိတွေးပစ်တတ်တဲ့လူမျိုး...."

လင်းသည် ခေါင်းကိုငုံ့ချလိုက်၏။ ဒီလိုမျိုး အများကြီးချစ်ပေးခဲ့တဲ့ရှင်းယံဟာ ဘာတြွေဖစ်ခဲ့တာလဲ ဟုတွေးနေမိသည်။
လင်း၏ စိတ်ထဲမှမေးခွန်းကို နက္ခတ်ကဖြေကြားလာသည်။

" ဒါပေမယ့် David ဘက်ကတော့....ရှင်းယံက သူဌေးသားမို့လို့ ချူစားတဲ့သဘောမျိုးပဲ။ စဉ်းစားကြည့်လေ...
ဘယ်၁၆နှစ်သားက သူများကိုကားဝယ်ပေးနိုင်လောက်အောင် မုန့်ဖိုးရလို့လဲ။ ရှင်းယံမိဘတွေက ရှင်းယံ ဘယ်လောက်သုံးသုံး...ပြောတဲ့သူတွေမဟုတ်ဘူး။ Davidက ရှင်းယံကို
အသုံးချခဲ့တဲ့သဘောပဲ။ David အောင်မြင်လာတဲ့
နောက်ကွယ်မှာ ရှင်းယံဘက်ကလုပ်ပေးခဲ့တာတွေအများကြီး
ရှိတယ်။ ဒီလိုနဲ့ သူတို့တွဲတာ တစ်နှစ်ပြည့်တဲ့နေ့မှာ....
David ရဲ့သရုပ်မှန်ကပေါ်သွားတာပဲ"

နိုးနိုးနှင့်လင်းသည် ဇာတ်လမ်းတစ်ပုဒ်ကိုကောင်းခန်းကို
ကြည့်နေရသလိုမျိုး ဂရုတစိုက်နားစွင့်နေကြ၏။ ကျူးရင့်ဟန်သာကတစ်လှည့် ဆက်ပြောသည်။

" တစ်နှစ်ပြည့်တဲ့နေ့မှာ ရှင်းယံက David ကို surprise လုပ်ပေးချင်လို့ လက်ဆောင်တွေဝယ်ပြီး
အိမ်ကိုလိုက်သွားတယ်။ သူ မမျှော်လင့်ထားတဲ့အရာကို သူတွေ့လိုက်ရတယ်လေ။ David က တခြားကောင်မလေးတစ်ယောက်နဲ့ပေါ့....."

လင်းရော နိုးနိုးပါ မျက်လုံးပြူးသွားကြသည်။

" ရှင်းယံက အဲ့လိုကိုယ်တိုင်မြင်ခဲ့ရတာတောင် Davidကို
ပြဿနာမရှာဘဲ နောက်နေ့ရောက်မှ အေးဆေးရှင်းပြခိုင်းတယ်။ အစ်ကို့ဘက်က မဟုတ်ဘူးပြောလိုက်တာနဲ့ ကျွန်တော်
ယုံပေးမယ် လို့သူပြောခဲ့တယ်။ ဒါပေမယ့် Davidက
အဲ့ကောင်မလေးကိုပဲသူချစ်တာ...ငါကယောက်ျားလေးတွေကို စိတ်ဝင်စားတယ် မင်းထင်နေလားတဲ့....မင်းနဲ့က
ယောက်ျားလေးချင်းမတွဲဖူးလို့ သိချင်လို့ အပျော်တွဲကြည့်တာလို့ပြောခဲ့တယ်။ ရှင်းယံအများကြီး ဝမ်းနည်းခဲ့ရတယ်။ သူ David ကို ပြဿနာလည်းမရှာသလို တိတ်တိတ်လေးထွက်သွားပေးတယ်....သူဘယ်လောက် ခံစားခဲ့ရလဲ ဆိုတာကို မမတို့အသိဆုံးပဲ။ "

" နေပါဦး...Davidက စောက်ရူးလား....ရှင်းယံလို
ရုပ်လည်းချော...သူ့ကိုလည်းတုန်နေအောင်ချစ်...ပိုက်ဆံလည်းချမ်းသာတဲ့သူမျိုးကို နှင်ထုတ်ပစ်တယ်ပေါ့။ တကယ်ပဲ...
ရှင်းယံက သူ့ကိုတစ်ချက်မှမငြိုငြင်ဘဲချစ်ပေးတာနဲ့တင်
ဒီလိုရည်းစားမျိုးက ထိုင်ရှိခိုးနေသင့်တာ။ နိုးသာ ရှင်းယံလို
ရည်းစားရရင် ဘယ်တော့မှ လက်လွှတ်မှာမဟုတ်တော့ဘူး"

နိုးနိုး ကြိတ်မနိုင်ခဲမရ ပြောလိုက်မိတော့သည်။ လင်းက
မျက်လုံးကိုပုတ်ခတ် ပုတ်ခတ်လုပ်ရင်း

" ရှင်းယံက သူ့မှာချစ်ခဲ့တဲ့သူရှိတယ်ဆိုပြီး ပြောပြဖူးတယ်....
အဲ့လူက David ပေါ့..."

ဟု တိုးဖွစွာပြော၏။ နက္ခတ်က ခေါင်းငြိမ့်ကာ တစ်ဆက်တည်းပြောသည်။

" ဟုတ်တယ်...ရှင်းယံက David သူ့ကိုအရူးလုပ်ခဲ့တာတောင် Davidကိုအပြစ်မပြောဘူး။ ကြားထဲကနေ
ငါတို့က ဒေါသထွက်ရတယ်။ ရှင်းယံက ငါတို့ကို David
နဲ့အကြောင်းပြောပြပြီးတဲ့ နောက်နေ့မှာပဲ ငါရယ် ဖြိုးရယ်
ခွန်စိုင်းရယ်...သုံးယောက်သား David အိမ်ကိုလိုက်သွားပြီး David နဲ့ရန်ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် Davidက
ငါတို့နဲ့မတည့်ဘူးလို့ ပြောတာ..."

" နိုးတော့ အံ့သြလို့သေတော့မယ်...Davidကို
ရုပ်ချောလို့ဝန်းရံမယ် ကြံထားတာ...ခုတော့ တီဗီမှာသူ့မျက်နှာပေါ်လာရင်တောင် TV ပိတ်ပစ်မယ်..."

"မမလည်း Davidကို တော်တော်ဒေါသထွက်ခဲ့တာ။
ရှင်းယံက တစ်နှစ်လောက်နီးပါး Davidကို မမေ့နိုင်ခဲ့ဘူး။
သွားလည်း မနှောင့်ယှက်ဘူး။ ရင်ထဲမှာပဲ တိတ်တိတ်လေးသိမ်းထားတယ်လို့ ပြောရမလား။ နောက်တော့ ရှင်းယံက
မမမြူနှင်းဦးဆောင်တဲ့ Page မှာ admin လုပ်ခဲ့တယ်။
ပြီးတော့ David ကိုမေ့ပြီး နောက်ထပ်အချစ်သစ်တစ်ခုကို
သူတွေ့ခဲ့တယ်လေ...."

ကျူးရင့်သည် စကားအဆုံး၌ လင်းကိုကြည့်လာ၏။
လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ နိုးနိုးကလည်း ကျူးရင့်နှင့် နက္ခတ်တို့၏အကြည့်အတိုင်း လင်းကို
လှည့်ကြည့်သည်။

" ဗျာ...."

လင်း နှုတ်မှထွက်လာသည်မှာ ထိုတစ်ခွန်းထဲ။
ရင်ထဲ၌ မီးရထားမောင်းသလို တုန်သွားသည်ကိုလည်း
ခံစားလိုက်ရသည်။

" page ရဲ့ admin လို့ပြောလိုက်တာလား..."

နိုးနိုးကိုယ်တိုင် ထူးဆန်း မထင်မှတ်သောအရာကို
ကြားလိုက်ရသည်။ နားမလည်နိုင်မှုများ ရေထွေးနေသော
နိုးနိုးနှင့် လင်းကို ကျူးရင့်က တည်ငြိမ်စွာပြောသည်။

" ရှင်းယံက အဲ့page မှာ admin White လေ..."

" ဘာ..."

နိုးနိုး အော်လိုက်သည်။ လင်းသည် ခေါင်းကိုခါရင်း
နက္ခတ်ကို ကြည့်၏။

" မဟုတ်ဘူးလေ....ကိုကြီးက White ဆို....
ရှင်းယံက ဘာလို့White ဖြစ်ရမှာလဲ...."

လင်း၏ အသံသည် တုန်သွားသော်ကြောင့် မနည်းထိန်းကာ
ပြောနေရ၏။ စိတ်လှုပ်ရှားမှုက ပူနွေးကာ လည်ပင်း၌ကပ်နေသည်။

နက္ခတ်ထံမှ မှိုင်တွေသောမျက်ဝန်းများကိုမြင်ရသည်။
နက္ခတ်သည် သက်ပြင်းတစ်ချက်ချ၍ သူ့မျက်နှာအရိပ်အကဲကို လူမသိအောင် ဘေးသို့လွှဲလိုက်သည်။

" လိမ်ထားခဲ့လို့ တောင်းပန်ပါတယ်....အစထဲက အစ်ကိုက
White မဟုတ်ဘဲ ရှင်းယံက White ဖြစ်နေခဲ့တာပါ..."

" ဘာတွေလဲ...ကျွန်တော်နားမလည်နိုင်တော့ဘူး...ဘာလို့ ကိုကြီးက ကျွန်တော့်ကိုလိမ်တာလဲ...."

" စိတ်အေးအေးထားပါ...လင်း...မမ အကုန်ရှင်းပြမယ်...
မမရှင်းပြတာ နားထောင်ပြီးရင် ဇာတ်ရည်လည်သွားမှာပါ..."

လင်း၏ အသက်ရှူသံများ မြန်ဆန်သွားသည်။ နိုးနိုးက
လင်း၏ ပခုံးကို ဆုပ်ကိုင်ကာ

" အရင်နားထောင်လိုက်ပါ..."

ဟု ဖျောင်းဖျ၏။ နက္ခတ်မှာမူကား တခြားတစ်ဖက်သို့သာ
အကြည့်လွှဲထားသည်။

ထို့နောက် ကျူးရင့်ထံမှ ဇာတ်လမ်းအစအဆုံးတစ်ပုဒ်
ထွက်ပေါ်လာသည်။

************************************************************************

နောက်တစ်ပိုင်းကျရင် ရှင်းယံဘက်ကနေ ဖတ်ရတော့မှာပါ။

ရှင်းယံက White ဆိုတာ ခန့်မှန်းမိထားတဲ့သူတွေရှိလား😛
Kkochi မှာ Whiteက နှင်းဆီပန်းတွေလာထား
ကတည်းက ပြောပြချင်တာ ယားနေတာပဲ။ ခုတော့
ပြောလိုက်ရပြီ။

နက္ခတ်အတွက်တော့ ငိုချင်နေပြီ☹️
အမြဲတမ်းsecond lead တွေကမိုက်နေတာပဲလေ
အဲ့လိုဆို ကိုယ်တိုင်တာဝန်ယူပေးချင်နေတာ
ဇာတ်လမ်းကလည်း သူ့flow နဲ့သူဆိုတော့ ထိန်းလို့
မရတော့ဘူးရယ်

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2K 65 10
ချစ်တာကိုမေတ္တာတွေနဲ့ဖော်ပြရမှာပေါ့
514K 43.6K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...