MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-48

16.1K 2.2K 101
By _pannthoon_

[Unicode]

" ကိုယ် အိမ်ရှေ့ရောက်နေတယ်"

ပုံမှန်မဟုတ်သော ရီဝေအက်ကွဲသည့်အသံကြောင့် လင်းသည် ဖုန်းကိုနားမှခွာလိုက်မိသည်။ ဖုန်းထဲမှ နာရီကို ကြည့်လိုက်သည်။

ည ၁၁နာရီ ၄၅ရှိပြီ...

ဒီအချိန်ကြီး နက္ခတ်ဟာ ဘာလို့ အိမ်ရှေ့ရောက်နေရတာလဲ...

အံ့သြစိတ်နှင့်အတူ အိပ်ရာမှ ကမန်းကတန်းထကာ အိမ်ရှေ့သို့ ပြေးထွက်သွားရသည်။ သော့ခတ်ထားသော တံခါးမကြီးမှ သော့ကိုဖွင့်ပြီးနောက် အိမ်အပြင်သို့ အလျင်အမြန်ထွက်ကြည့်လိုက်သည်။

နက္ခတ်၏ကားသည် အိမ်ရှေ့တည့်တည့်တွင်ရပ်ထား၏။
နက္ခတ်က ကားကိုမှီလျက် ခေါင်းငိုက်စိုက်ချကာ ရပ်နေသည်။
ညသည် မှောင်နေသောကြောင့် နက္ခတ်၏မျက်နှာအမူအရာ
ဘယ်လိုပုံစံရှိသလဲဆိုတာကို မခန့်မှန်းနိုင်ချေ။

" ကိုကြီး..."

လင်း၏အသံကြားသောအခါ နက္ခတ်မော့ကြည့်လာသည်။
နက္ခတ်သည် လင်းဆီသို့ လျင်မြန်စွာလျှောက်လာသည်။
ထို့နောက် စကားတစ်ခွန်းမှမဆိုဘဲ လင်းကိုသူ့ရင်ခွင်ထဲ
ဆွဲသွင်းကာ တင်းကျပ်စွာဖက်လိုက်သည်။
နက္ခတ်ထံမှ အရက်နံ့များက လှိုင်နေ၏။

" ဘာဖြစ်လာလို့လဲဟင်...ညဘက်ကြီး ဘယ်လိုလုပ်ရောက်လာတာလဲ...."

လင်းသည် သူ့ကိုဖက်ထားသောနက္ခတ်၏လက်များကို ခွာချရန် ကြိုးစားသည်။ နက္ခတ်က အလွှတ်မပေးဘဲ ပိုမို၍ တင်းကျပ်အောင်ဖက်လိုက်ပြန်သည်။

" နက္ခတ်...ကျွန်တော်အသက်ရှူကျပ်တယ်..."

လွန်စွာတင်းကျပ်သောကြောင့် ကိုယ်ကိုရုန်းလိုက်မိသည်။
နက္ခတ်က နည်းနည်းမှအလျှော့မပေးချေ။ ထို့ထက်မူ
နက္ခတ်၏ကိုယ်သည် တုန်လာသည်ကိုခံစားလိုက်မိသည်။
မရှေးမနှောင်းပင် နက္ခတ်ထံမှ အက်ကွဲသောငိုသံအချို့ကိုကြားလာရသည်။ လင်း ရုန်းရန်မကြိုးစားမိတော့။

" ဘာဖြစ်လာလို့လဲဟင်...."

ငိုနေသောသူကို နှစ်သိမ့်ရန် ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။ ငိုသံတွင် ရီဝေသော်လည်း နူးညံ့သော စကားသံအချို့ ကပ်ငြိနေသည်။

" ထွက်မသွားပါနဲ့....ကျေးဇူးပြုပြီး... "

" နက္ခတ်?"

" ထွက်မသွားပါနဲ့...ထွက်မသွားပါနဲ့....မထားခဲ့ပါနဲ့...."

ငိုရှိုက်သံတွင် အသနားခံမှုများကပ်ငြိနေသကဲ့သို့။

"ကျေးဇူးပြုပြီး မထားခဲ့ပါနဲ့.....မထားခဲ့ပါနဲ့နော်..
ထားလည်းမထားခဲ့နဲ့...ထွက်လည်းမသွားနဲ့....."

နက္ခတ်က ထိုစကားများကိုပင် အကြိမ်တစ်ရာမက
တတွတ်တွတ်ရေရွတ်နေသည်။ ထို့အပြင် လင်းကိုလည်း
နည်းနည်းတောင်အလျှော့မပေးဘဲ တင်းကျပ်စွာဖက်ထားသည်။

" ကျွန်တော်တောင်းပန်ပါတယ်..."

လင်း ထိုစကားတစ်ခွန်းကိုသာ ခပ်ဖွဖွဆိုမိသည်။

ထိုညသည် ဘာကြောင့်မှန်းမသိ ပူလောင်နေခဲ့သည်။

************************************************************************

မျက်လုံးနှစ်ဖက်ကိုဖွင့်ရန်ကြိုးစားသောအခါ ပထမဦးစွာ
နားထင်နှစ်ဖက်မှ စူးခနဲကျိန်းစက်ထိုးကိုက်မှုကို ခံစားလိုက်ရသည်။ ဝေသီနောက်ကျိစွာထိုးကိုက်နေသည့် ခေါင်းကြောင့်
နဖူးကို လက်ညှိုးဖြင့်ထောက်ကာ နှိပ်နယ်လိုက်သည်။
ထို့နောက် မျက်လုံးကိုအသာအယာဖွင့်လိုက်သည်။
နေ့အလင်းရောင်မှာ လင်းထိန်နေပြီ။

ဘယ်အချိန်ရှိပြီလဲဆိုတာတော့ မပြောတတ်ချေ။

နက္ခတ်သည် ကုတင်ပေါ်တွင်လှဲလျက်ရှိနေပြီး မိမိရောက်ရှိနေသော အခန်းကိုလှည့်ပတ်ကြည့်လိုက်သည်။ အရိုးသားဆုံးပြောရလျှင် အခန်းမှာရှုပ်ယှက်ခက်နေသည်။ နက္ခတ်၏
အခန်းလောက်တော့မဆိုးသေးပါ။ နက္ခတ်၏အခန်းဆို
ကြွက်သိုက်နှင့် နင်လားငါလား အခြေအနေရှိသည်။

မနေ့ညက အဖြစ်အပျက်ကိုပြန်စဉ်းစားသည်....
နက္ခတ် မူးနေခဲ့သည်....
ထို့နောက် လင်းကိုတွေ့ချင်လာသည်....လာတွေ့ခဲ့သည်
ပြီးတော့.....

မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ ပြောခဲ့မိပြီ....
ပြီးတော့ ဘယ်လိုအိပ်ပျော်သွားခဲ့တာလဲ....
နက္ခတ်ကို လင်းက အခန်းထဲထိပို့ပေးခဲ့တာလား.....

" အော်...နိုးနေပြီလား... "

အခန်းထဲသို့ လင်း ဝင်လာသည်။ လင်း၏လက်ထဲတွင်
သေသေသပ်သပ်ခေါက်ထားသော အင်္ကျီအချို့သယ်လာသည်။ သူက ဗီရိုတံခါးကိုဖွင့်ကာ အင်္ကျီများကိုဗီရိုထဲ
ထည့်နေသည်။

" ခေါင်းကိုက်တယ်"

နက္ခတ် ကုတင်ပေါ်တွင် ထထိုင်ရင်း ညည်းညူလိုက်သည်။

" ဆေးသောက်မလား...ဒါမှမဟုတ် အရက်နာကျရင်
ပျားရည်သောက်ရတယ်လို့ ကြားဖူးတယ်...ပျားရည်သောက်မလား...."

" ပျားရည်ပဲသောက်မယ်"

လင်းသည် ဗီရိုထဲမှ အင်္ကျီတစ်ထည်ကိုထုတ်လိုက်ကာ
နက္ခတ်ဘက်သို့ ပစ်ပေးလိုက်သည်။

" မျက်နှာသစ်ပြီး အင်္ကျီလဲထားလိုက်....ကိုကြီးအင်္ကျီက
အရက်နံ့နဲ့ ချွေးနံ့နဲ့ နံနေလောက်ပြီ...."

" ကျေးဇူး...ဒါနဲ့ လင်းရဲ့မိဘတွေရော..."

" မေမေရယ် ဖေဖေရယ် အဖွားရယ်က....ရွာကအမျိုးတစ်ယောက်ရဲ့အသုဘကို.... မနေ့ရဲ့ မနက်ကတည်းက သွားကြတာ...."

" ဒါဆို အိမ်မှာ လင်းနဲ့ မဒီနဲ့ နှစ်ယောက်တည်းပေါ့..."

" ဟုတ်တယ်...သူတို့က မနက်ဖြန်မှပြန်ရောက်မှာ"

" တော်သေးတာပေါ့...နောက်မို့ဆို လင်းရဲ့မိဘတွေကို
ကိုယ်အားနာရမယ်ထင်တယ်..."

လင်း ပြုံးကာ " ရပါတယ် " ဟုအေးဆေးပြောသည်။

" ကိုယ်က လင်းကုတင်ပေါ်မှာအိပ်တော့ လင်းက ဘယ်နားသွားအိပ်လဲ..."

" မဒီနဲ့အိပ်တာပေါ့...မဒီက အဖွားနဲ့တစ်ခန်းထဲနေတာ...
သူတို့အခန်းမှာ ကုတင်နှစ်လုံးရှိတယ်..."

" အော်..."

" ရေချိုးခန်းကဟိုဘက်မှာ...ကျွန်တော် မနက်စာပြင်ထားပေးမယ်...ပြီးရင် လာစား..."

လင်းက အခန်းထဲမှ ထွက်သွားရန်ပြုသည်။

" လင်း...ခဏ..."

" အင်း?"

နက္ခတ်သည် လင်းကိုမှုန်ဝါးစွာကြည့်၏။

"မနေ့ညက ကိုယ်ပြောခဲ့တာတွေ မေ့ပေး....ကိုယ်ဒီတိုင်း
မူးနေလို့ ပြောလိုက်မိတာ....စိတ်ထဲမထားနဲ့...."

လင်းသည် နက္ခတ်ရှိရာ ကုတင်နားသို့ ဖြေးဖြေးချင်း
လျှောက်လှမ်းလာသည်။

" ကျွန်တော်..."

လင်းသည် ကုတင်ပေါ်တွင်ထိုင်လိုက်ကာ နက္ခတ်ကို
ဖက်လိုက်သည်။ မမျှော်လင့်ထားသောအရာကြောင့်
နက္ခတ်လန့်သွားသည်။ တစ်ချိန်တည်းတွင် ရင်ထဲနွေးသွားသည်။

" ကျွန်တော် တောင်းပန်ပါတယ်..."

" လင်းရဲ့အပြစ် တစ်ခုမှမရှိဘူး..."

" အားလုံးက ကျွန်တော့်အပြစ်ပဲ...စတင်ခဲ့တာ ကျွန်တော်မို့လို့..."

" လင်း..."

နက္ခတ်သည် လင်း၏လက်ကို ခွာချလိုက်သည်။ မှိုင်တွေနေသော လင်း၏မျက်လုံးများကိုငေးကြည့်ရင်း လင်း၏ခေါင်းကိုခပ်ဖွဖွပုတ်သည်။

" ကိုယ် အရမ်းနံနေတယ်...ရေချိုးပြီးအင်္ကျီလဲတော့မယ်...
ပျားရည်ရော မနက်စာရော အသင့်ပြင်ထားပေး..."

" ဟို..."

လင်း၏နှုတ်ခမ်းပေါ် လက်ညှိုးကိုတင်ကာ ထွက်အံ့ဆဲဆဲ
စကားတို့ကို ပိတ်ပင်လိုက်သည်။

" တခြားဟာတွေ မစဉ်းစားပါနဲ့....ဒီတိုင်းလေး...
ပုံမှန်လိုပဲနေရအောင်..."

နက္ခတ်က ပြုံးပြီးပြောသည်။ လင်း ခေါင်းညိတ်လိုက်ပါသည်။

************************************************************************

" တရုတ်ထမင်းကြော်ထားတယ်...မနက်စာကို
ဒီလိုအများကြီးစားတတ်လားတော့မသိဘူး....ကိုကြီးက
မနက်စာကို နည်းနည်းပဲစားတတ်တယ်ဆိုရင်လည်း
ပေါင်မုန့်တွေရှိတယ်...ကြက်ဥနဲ့ကြော်ပေးမယ်...."

ပြောပြောဆိုဆိုနှင့် ပူနွေးသောထမင်းကြော်တို့ကို ဒယ်အိုးထဲမှ ထမင်းအုပ်ထဲသို့ သွန်ထည့်လိုက်သည်။ ထမင်းကြော်က အငွေ့တလူလူထွက်နေ၍ မွှေးကြိုင်နေသောကြောင့် စားချင်စဖွယ်ဖြစ်နေသည်။

"အစ်ကိုက ဘာဖြစ်ဖြစ်စားတယ်....ထမင်းကြော်က
စားလို့ကောင်းမယ့်ပုံပါပဲ"

နက္ခတ်၏စကားကြောင့် လင်း တစ်ချက်ပြုံးကာ ထမင်းအုပ်ကိုမ,၍ စားပွဲပေါ်သို့တင်ပေးသည်။ မဒီက ပန်းကန်သုံးချပ်...ဇွန်းသုံးချောင်းယူကာ စားပွဲပေါ်တွင် ပြင်ဆင်လိုက်သည်။ ထို့နောက် ထမင်းကြော်ကိုပန်းကန်တွေထဲထည့်ပေးနေသည်။
နက္ခတ်ကတော့ ထမင်းစားပွဲ၌ ငုပ်တုတ်။

" တစ်ခုခုသောက်မလား..."

လင်းက ကော်ဖီခွက်နှစ်ခွက်ကို ကြောင်အိမ်ထဲမှထုတ်ယူရင်းမေးသည်။

" သောက်မယ်..."

နက္ခတ် မငြင်းပါ။

"ကော်ဖီလား...လက်ဖက်ရည်လား....လက်ဖက်ရည်ကတော့ အထုပ်ပဲရမယ်..."

" လက်ဖက်ရည်...."

" ok...မဒီလည်း လက်ဖက်ရည်ပဲလား..."

" yes.. "

သူတို့မောင်နှမနှစ်ယောက်မှာ အတိုက်အဖောက်ညီညီ
လှုပ်ရှားနေကြသည်။ လင်းက လက်ဖက်ရည်အထုပ်ကိုဖောက်၍ ခွက်ထဲထည့်လိုက်လျှင် မဒီက ရေနွေးအိုးယူကာ
ခွက်ထဲသို့လောင်းထည့်လိုက်သည်။ လင်းက ဇွန်းတစ်ချောင်းဖြင့် လက်ဖက်ရည်ကိုမွှေလိုက်သည်။

နောက်ဆုံး နက္ခတ်၏အရှေ့တွင် ထမင်းကြော်ပူပူလေးနှင့် လက်ဖက်ရည်တစ်ခွက် ရောက်လာသည်။
လင်းနှင့် မဒီလည်း  နက္ခတ်၏တစ်ဖက်တစ်ချက်တွင်
ထိုင်ကာ စားသောက်ရန် အဆင်သင့်ဖြစ်နေပြီ။

နက္ခတ်သည် မဆိုင်းမတွပင် ထမင်းကြော်ကိုခပ်စားလိုက်သည်။ ထို့နောက် လင်းဘက်သို့လှည့်ကြည့်ကာ လက်မထောင်ပြသည်။

" တကယ်ကောင်းတာပဲ..."

လင်းက ခပ်ပြုံးပြုံးမျက်နှာထားဖြင့် မျက်ခုံးပင့်ပြသည်။

" သားသားက မေမေ့ထက်တောင်လက်ရာကောင်းတယ်...
သားသားဟင်းချက်ရင် ပိုစားလို့ကောင်းတယ်..."

" ဟုတ်လား...လင်းက ဟင်းချက်နေကြလား...."

လင်းသည် ထမင်းကြော်ကိုပလုတ်ပလောင်းဝါးနေရာမှ
အလျင်အမြန်မျိုချကာ စကားပြန်ပြောသည်။

" မေမေ မရှိတဲ့အခါ...မေမေ မအားတဲ့အခါ.... ကျွန်တော်ချက်တယ်...တစ်ခါတစ်လေ ကျွန်တော်စိတ်ပါတဲ့အခါ ချက်တယ်..."

" သားသားက ဟင်းချက်ဝါသနာပါတယ်..."

မဒီက ဝင်ပြောသည်။  လင်းကထမင်းကြော်ကို နောက်တစ်ဇွန်းခပ်ရင်း...

" ကျွန်တော်က စာဖိုးမှူးဖြစ်ချင်တာရယ်..."

ဟုဆိုလေသည်။

" ဟုတ်လား... ကောင်းတယ် ကောင်းတယ်။ ကြိုးစားပြီး
စားဖိုမှူးဖြစ်အောင်လုပ်... "

နက္ခတ်ပြောတော့ လင်းကရယ်ပါသည်။ ရယ်ပြီးနောက်
တစ်ဆက်တည်းပင်.....

" ဘယ်တော့ပြန်မှာလဲ..."

ဟု နက္ခတ်ကိုမေးသည်။

" ဘယ်ချိန်ပြန်ပြန် ရတယ်...."

" ဒါဆို နေ့လယ်ထိနေပါလား.....မီးမီးကစားချင်တယ်ဆိုလို့
ကြက်ကြော်ဆိုင်တွေအတိုင်း ကြက်သားကိုကြော်မလို့...
ကိုကြီးလည်းစားရအောင်လို့လေ...."

"အင်း...နေမယ်လေ...."

နက္ခတ်သည်  ထမင်းကြော်ကို နောက်တစ်ဇွန်းစားလိုက်သည်။ထို့နောက်

" တကယ်အရသာရှိတယ်..."

ဟု ချီးကျူးစကားဆိုလိုက်ပြန်သည်။

************************************************************************

" ကူလုပ်ပေးမယ်...."

လင်းက မုန့်ကြွပ်အထုပ်ကို ဖောက်ကာဇလုံထဲထည့်နေစဉ် နက္ခတ်က အနားရောက်လာကာ ပြော၏။ ထို့ကြောင့်
လင်းလည်း ကြက်သားတုံးအစိမ်းများထည့်ထားသော ပန်းကန်ကို နက္ခတ်လက်ထဲသို့ ထည့်ပေးလိုက်သည်။

" ကြက်သားကို လိုတာတွေအားလုံးနဲ့နယ်ပြီးသား....
မုန့်ကြွပ်နဲ့နယ်ဖို့ပဲကျန်တော့တယ်..."

" အင်း...နယ်ပေးမယ်လေ...လက်ဆေးလိုက်ဦးမယ်..."

နက္ခတ်က အရင်ဦးစွာ ဘေစင်တွင်လက်ဆေးနေသည်။
လင်းသည် ဒယ်အိုးထဲ ဆီထည့်ကာ မီးဖိုပေါ်တင်ရင်း
နက္ခတ်ကိုလှမ်းမေးသည်။

" လုပ်တတ်လို့လား...."

" ဒီတိုင်းကြက်သားတွေကို မုန့်ကြွပ်နဲ့ကပ်လိုက်ရင်
ရပြီမလား..."

" အင်း...ရပါတယ်..."

နက္ခတ်က ကြက်သားပန်းကန်နှင့် မုန့်ကြွပ်ဇလုံကိုယူကာ
ကြက်သားတစ်တုံးချင်းစီကို မုန့်ကြွပ်နှင့် သေသေချာချာ နယ်ပေးနေသည်။

" ကြက်သားအစိမ်းကို အခုမှကိုင်ဖူးတာ...အိစိအိစိနဲ့...
ကိုင်လို့ကောင်းတယ်..."

နက္ခတ်က အထူးအဆန်းတွေ့သော ကလေးတစ်ယောက်လို
့ပြုံးပြီးပြောရင်း ကြက်ပေါင်ကိုလက်ဖြင့် ညှစ်နေသည်။
ထို့နောက် လက်ညှိုး...လက်ခလယ်တို့ဖြင့် ရိုက်ကြည့်နေသည်။

" တကယ် ကိုင်လို့ကောင်းတယ်..."

နက္ခတ်ရယ်နေသည်။

" ကဲ...လျှောက်မဆော့နေနဲ့... မြန်မြန်လုပ်..."

လင်းပြောလိုက်သောအခါ အမေဆူလိုက်သော ကလေးလို
ငြိမ်ကျသွားသည်။ 

လင်းက မီးဖိုကို မီးဖွင့်ကာ ဒယ်အိုးထဲရှိဆီများ ဆူမည့်
အချိန်ကိုစောင့်နေသည်။ ဆီများ ပွက်ပွက်ထ,လာသောအခါ
မုန့်ကြွပ်ကပ်ပြီးသား ကြက်သားတုံးတို့ကို ယူကာ
ဆီပူထဲ ထည့်လိုက်သည်။

ကြက်သားတုံးများသည် ဆီပူထဲ၌ လောင်ကျွမ်းမှုကို တဖျစ်ဖျစ်မြည်အောင် ခံစားနေရသည်။

" ကိုယ်ထည့်မယ်...ကြက်သားကို ဆီထဲ ကိုယ်ထည့်မယ်..."

နက္ခတ်က ကလေးတစ်ယောက်လို ပူဆာလာပြန်သည်။

" ထည့်တာက ရတယ်....ဒါပေမယ့် အဝေးကနေ လွှတ်မချနဲ့နော်...ဆီနားကိုကပ်ပြီးဖြေးဖြေးချင်းထည့်...မဟုတ်ရင် ဆီပူတွေစင်လိမ့်မယ်..."

" ဟုတ်..."

နက္ခတ်သည် လင်းပြောတာကို သေချာရော ကြားရဲ့လားမသိပါချေ။ သူသည် မုန့်ကြွပ်ကပ်ပြီးသား ကြက်သားတစ်တုံးကို
ဒယ်အိုးဆီသို့ ယူလာသည်။ ဒယ်အိုးနားသို့ ကပ်လာသည်
အထိ အကောင်း....ကြက်သားကိုဆီပူထဲ ထည့်ခါနီးမှ

" ပူတယ်...."

ဟုအော်ကာ ကြက်သားကို ဆီပူထဲလွှတ်ချလိုက်သည်။
ကြက်သားမှာ အရှိန်နှင့်ကျသွားကာ ဆီလှိုင်းဂယက်တို့
ဖြစ်သွားသည်။ ဆီစက်တို့မှာ ဒယ်အိုးထဲမှ ခုန်ပျံ၍ ထွက်လာသည်။

ဒယ်အိုးအနားရှိနေသော လင်းသည် ဆီပူ စင်မည်စိုး
သောကြောင့် အနောက်သို့ရွှေ့လိုက်သည်။ နက္ခတ်မှာ
လင်း၏ အနောက်သို့ အားကိုးတကြီးဝင်ပုန်းခိုလိုက်သည်။

" ဟောဗျာ...နက္ခတ်ညီ..."

လင်း စူးစူးရှရှအော်သောအခါ နက္ခတ်က မျက်နှာငယ်လေးဖြင့်...

" လက်ကိုဆီစင်သွားလို့..လွှတ်ချလိုက်မိတာ...ဆောရီး..."

ဟု အသံတိမ်တိမ်ပြောရှာသည်။ လင်းမှာ ဒေါသထွက်ရမည့်အစား သူ့ကိုကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်လိုက်မိလေသည်။

နက္ခတ်သည် မျက်နှာငယ်လေးဖြင့်နေရာမှ လင်း ရယ်သည်ကို မြင်သော် ပြုံးသွားသည်။

ကြက်သားတုံးများအားလုံး ဆီထဲသို့ရောက်သွားပြီ။
့ကြက်သားတုံးကို ဟိုဘက်ဒီဘက်လှန်ပေးရန် နက္ခတ်ကို
တာဝန်ပေးထားရာ နက္ခတ်က ဒယ်အိုးကိုလည်းကြောက်...
ဆီစင်မည်ကိုလည်းကြောက်ကာ ဒယ်အိုးအဖုံးကို
ဒိုင်းသဖွယ်ကာထားလေသည်။ ကျန်လက်တစ်ဖက်ကလည်း
ယောက်မကို ကျစ်ကျစ်ပါအောက်ဆုပ်ကိုင်ထား၏။

ယောက်မဖြင့် ကြက်သားကို မထိတထိသွားလုပ်လိုက်....
ဆီစင်မည်စိုး၍ အနောက်သို့ဆုတ်သွားလိုက်.... ပြုနေရာ
လင်းမှာ သူ့ကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ချေ။

နက္ခတ်မှာ လင်း သဘောကျစွာရယ်မောနေသည်ကို
လှမ်းကြည့်ရင်း မကြာခဏဆိုသလို ပြုံးမိသွား၏။

************************************************************************

" ကဲ...ကောင်းကောင်းစားပါမယ်..."

မဒီက လက်နှစ်ဖက်ကိုဆန့်တန့်၍ အော်ပြီးနောက်
ကြက်ကြော်တစ်တုံးကိုယူကာ အားရပါးရကိုက်လိုက်သည်။
သူမသည် ပလုတ်ပလောင်းဝါးနေရင်း...

" ကောင်းတယ်..."

ဟူသော စကားဖြင့်တုံ့ပြန်သည်။

" ဒီမှာ ကိုလာ...။ကိုလာနဲ့ကြက်ကြော်နဲ့က တကယ်အလိုက်ဖက်ဆုံး အတွဲပဲ..."

လင်းက မဒီ့ရှေ့တွင် အေးခဲနေသောကိုလာဘူးကို ချပေးရင်း
ပြောသည်။ လင်း၏လက်ထဲတွင်လည်း ကိုလာတစ်ဘူးကို
ကိုင်ထားသည်။ သုံးယောက်သား ကိုလာ တစ်ယောက်
တစ်ဘူး...ကြက်ကြော်များဖြင့် အရသာရှိရှိစားသောက်နေကြသည်။

" မှားတယ်...တကယ်တော့ ကိုလာနဲ့ ကြက်ကြော်က အကောင်းဆုံးအတွဲမဟုတ်သေးဘူး..."

နက္ခတ်က ကြက်ပေါင်ကိုအသားများဖဲ့ခွာကာ အချဉ်ဖြင့်တို့ရင်းပြောသည်။

" ဒါဆို ဘာကအကောင်းဆုံးအတွဲလဲ..."

" ကြက်ကြော်နဲ့ ဘီယာ...။ အလိုက်ဖက်ဆုံးပဲ..."

" ဒီအရက်သမားကတော့..."

လင်း မျက်စောင်းထိုး၍ ပြောသောအခါ နက္ခတ်က
ဆူပုတ်ပုတ်ဖြင့်...

"ကိုယ် အရက်သမားမဟုတ်ပါဘူးနော်..."

ဟု နှုတ်ခမ်းဆူရင်း ပြောလေသည်။ ထိုအပြုအမူကြောင့်
မဒီသည် စိတ်ထဲမှ ရယ်ချင်သွားသည်။

" ဒါဆိုဘာလဲ....အရက်သမားမဟုတ်ရင်..."

" ဒီတိုင်း ကြိုက်တာ....အယ်ကိုဟော ကြိုက်ရုံလေးပဲ"

" အရက်သမားက အရက်သမားပဲကို..."

လင်းသည် ထိုသို့ပြောပြီးနောက် ကြက်ကြော်ကို ငုံ့စားနေသည်။  နက္ခတ် မျက်နှာရှုံ့မဲ့သွားသည်။  သို့သော်
သူသည် အစားကောင်းကောင်းစားနေသော လင်းကို
ကြည့်ပြီး ပြုံးလိုက်ပြန်ကာ လင်း၏ဆံပင်တို့ကို လက်ဖြင့်
ထိုးဖွလိုက်သည်။

" ဘာလုပ်တာလဲ...သူများဆံပင်ကို....ဆီပေနေတဲ့လက်နဲ့..
ကြက်ကြော်ကိုင်ထားတဲ့လက်နဲ့ ကိုင်စရာလား..."

လင်းမှာ ချက်ချင်းထအော်လေသည်။ နက္ခတ် လက်မှာ
ပြန်ရုတ်သိမ်းသွားသည်။

" ကိုယ့်လက်မှာ မပေနေပါဘူး..."

" ပေနေတယ်လေ...ဒီမှာ...ဒီမှာ... "

" နည်းနည်းလေးပဲ..."

" နည်းနည်းလေးလည်း...ပေတာက ပေတာပဲလေ....
ကျွန်တော် မနက်ကမှ ခေါင်းလျှော်ထားတဲ့ဟာကို....ရား..
အခု ပြန်လျှော်ရတော့မယ်..."

" ကြက်ကြော်ကိုင်ပြီး လက်မသုတ်ရသေးတာ မေ့သွားလို့..."

" မေ့စရာလား...သူများဆံပင်ကို လက်သုတ်ပဝါထင်နေတာလား..."

" လင်းကလည်း...."

ရန်ဖြစ်နေသော သူတို့၂ယောက်ကိုကြည့်ရင်း မဒီမှာ
ခေါင်းခါမိလိုက်တော့သည်။

************************************************************************

ကြက်ကြော်စားပြီးသည့်နောက် သုံးယောက်သား
ဖုန်းကိုယ်စီကိုင်ကာ ဂိမ်းဟူသော အလုပ်ကြီးအကိုင်ကြီးကို
ပြုလုပ်နေကြသည်။

မဒီ့ဘဝမှာ ခါးသီးလွန်းလှသည်။
အစ်ကိုဖြစ်သူနှင့် အစ်ကိုဖြစ်သူ၏ရည်းစားကြား တတိယဘီး ဖြစ်နေရာ ဂိမ်းထဲတွင်လည်း ထိုနည်းလည်းကောင်း တတိယဘီး ဆက်ဖြစ်နေပြန်သည်။

ဂိမ်းထဲတွင် မဒီတစ်ယောက်တည်း ပတ်ပြေးနေရသည်။
နက္ခတ်မှာ လင်းကိုသာ လိုက်ကာကွယ်ပေးနေသောကြောင့်
မဒီတစ်ယောက်တည်း ခက်ခက်ခဲခဲအသက်ရှင်နေရသည်။

မကြာပါ...
မဒီ့၏ အမြင်ကတ်ပုဒ်မဆုတောင်းအတိုင်း နက္ခတ်မှာ
လင်းကို ကာပေးရင်း သေသွားလေသည်။

နက္ခတ်သည် ဖုန်းကိုချကာ လင်းနှင့် မဒီတို့နားလာကာ
ဂိမ်းပွဲစဉ်ကို ဆက်လက်ရှုစားနေသည်။

" အနောက်မှာ...အနောက်မှာ... အနောက်က ချုံပုတ်...
အနောက်က...."

လင်းမှာ ဖုန်းကိုသည်းကြီးမဲကြီးကြည့်ရင်း အော်နေသည်။
နက္ခတ်သည် လင်းကိုစိုက်ကြည့်လိုက်၏။
ကြည့်နေရင်း ပါးချိုင့်များပေါ်အောင် ချိုချိုသာသာပြုံးလိုက်သည်။

အပိုင်လိုချင်တယ် လင်း..
ဒါပေမယ့် အရုပ်ကိုငှားပြီး ပြန်ပေးရမယ့်လူလိုပဲ..
အချိန်တန်ရင် မင်းရဲ့ပိုင်ရှင်ဆီကို ကိုယ်ပြန်ပေးရတော့မယ်...

ချိုသာသောအပြုံးသည် ကြေကွဲဖွယ်ရာ ပြောင်းလဲသွားသည်။

ဒါကြောင့်မို့
ထွက်မသွားပါနဲ့ မပြောနိုင်ကြောင်း...
မထားခဲ့ပါနဲ့လည်း မပြောနိုင်ကြောင်း...
ဒီကောင်လေး သိပါစ...

************************************************************************


[Zawgyi]

" ကို္ယ္ အိမ္ေရွ႕ေရာက္ေနတယ္"

ပံုမွန္မဟုတ္ေသာ ရီေဝအက္ကြဲသည့္အသံေၾကာင့္ လင္းသည္ ဖုန္းကုိနားမွခြာလိုက္မိသည္။ ဖုန္းထဲမွ နာရီကုိ ၾကည့္လိုက္သည္။

ည ၁၁နာရီ ၄၅ရွိၿပီ...

ဒီအခ်ိန္ႀကီး နကၡတ္ဟာ ဘာလို႔ အိမ္ေရွ႕ေရာက္ေနရတာလဲ...

အ့ံၾသစိတ္နွင့္အတူ အိပ္ရာမွ ကမန္းကတန္းထကာ အိမ္ေရွ႕သို႔ ေျပးထြက္သြားရသည္။ ေသာ့ခတ္ထားေသာ တံခါးမႀကီးမွ ေသာ့ကုိဖြင့္ၿပီးေနာက္ အိမ္အျပင္သို႔ အလ်င္အျမန္ထြက္ၾကည့္လိုက္သည္။

နကၡတ္၏ကားသည္ အိမ္ေရွ႕တည့္တည့္တြင္ရပ္ထား၏။
နကၡတ္က ကားကုိမွီလ်က္ ေခါင္းငိုက္စိုက္ခ်ကာ ရပ္ေနသည္။
ညသည္ ေမွာင္ေနေသာေၾကာင့္ နကၡတ္၏မ်က္နွာအမူအရာ
ဘယ္လိုပံုစံရွိသလဲဆိုတာကုိ မခန္႔မွန္းနိုင္ေခ်။

" ကုိႀကီး..."

လင္း၏အသံၾကားေသာအခါ နကၡတ္ေမာ့ၾကည့္လာသည္။
နကၡတ္သည္ လင္းဆီသို႔ လ်င္ျမန္စြာေလ်ွာက္လာသည္။
ထို႔ေနာက္ စကားတစ္ခြန္းမွမဆိုဘဲ လင္းကုိသူ႔ရင္ခြင္ထဲ
ဆြဲသြင္းကာ တင္းက်ပ္စြာဖက္လိုက္သည္။
နကၡတ္ထံမွ အရက္န႔ံမ်ားက လႈိင္ေန၏။

" ဘာျဖစ္လာလို႔လဲဟင္...ညဘက္ႀကီး ဘယ္လိုလုပ္ေရာက္လာတာလဲ...."

လင္းသည္ သူ႔ကုိဖက္ထားေသာနကၡတ္၏လက္မ်ားကုိ ခြာခ်ရန္ ႀကိဳးစားသည္။ နကၡတ္က အလႊတ္မေပးဘဲ ပုိမို၍ တင္းက်ပ္ေအာင္ဖက္လိုက္ျပန္သည္။

" နကၡတ္...ကြၽန္ေတာ္အသက္ရွဴက်ပ္တယ္..."

လြန္စြာတင္းက်ပ္ေသာေၾကာင့္ ကိုယ္ကုိရုန္းလိုက္မိသည္။
နကၡတ္က နည္းနည္းမွအေလ်ွာ႔မေပးေခ်။ ထို႔ထက္မူ
နကၡတ္၏ကိုယ္သည္ တုန္လာသည္ကုိခံစားလိုက္မိသည္။
မေရွးမေနွာင္းပင္ နကၡတ္ထံမွ အက္ကြဲေသာငိုသံအခ်ိဳ႕ကုိၾကားလာရသည္။ လင္း ရုန္းရန္မႀကိဳးစားမိေတာ့။

" ဘာျဖစ္လာလို႔လဲဟင္...."

ငုိေနေသာသူကုိ နွစ္သိမ့္ရန္ ေက်ာျပင္ကိုခပ္ဖြဖြပုတ္ေပးလိုက္သည္။ ငုိသံတြင္ ရီေဝေသာ္လည္း ႏူးည့ံေသာ စကားသံအခ်ိဳ႕ ကပ္ၿငိေနသည္။

" ထြက္မသြားပါနဲ႔....ေက်းဇူးျပဳၿပီး... "

" နကၡတ္?"

" ထြက္မသြားပါနဲ႔...ထြက္မသြားပါနဲ႔....မထားခဲ့ပါနဲ႔...."

ငိုရႈိက္သံတြင္ အသနားခံမႈမ်ားကပ္ၿငိေနသကဲ့သို႔။

"ေက်းဇူးျပဳၿပီး မထားခဲ့ပါနဲ႔.....မထားခဲ့ပါနဲ႔ေနာ္..
ထားလည္းမထားခဲ့နဲ႔...ထြက္လည္းမသြားနဲ႔....."

နကၡတ္က ထိုစကားမ်ားကုိပင္ အႀကိမ္တစ္ရာမက
တတြတ္တြတ္ေရ႐ြတ္ေနသည္။ ထို႔အျပင္ လင္းကိုလည္း
နည္းနည္းေတာင္အေလ်ွာ႔မေပးဘဲ တင္းက်ပ္စြာဖက္ထားသည္။

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္..."

လင္း ထိုစကားတစ္ခြန္းကိုသာ ခပ္ဖြဖြဆိုမိသည္။

ထိုညသည္ ဘာေၾကာင့္မွန္းမသိ ပူေလာင္ေနခဲ့သည္။

************************************************************************

မ်က္လံုးႏွစ္ဖက္ကုိဖြင့္ရန္ႀကိဳးစားေသာအခါ ပထမဦးစြာ
နားထင္နွစ္ဖက္မွ စူးခနဲက်ိန္းစက္ထိုးကိုက္မႈကုိ ခံစားလိုက္ရသည္။ ေဝသီေနာက္က်ိစြာထိုးကိုက္ေနသည့္ ေခါင္းေၾကာင့္
နဖူးကုိ လက္ညႇိဳးျဖင့္ေထာက္ကာ နွိပ္နယ္လိုက္သည္။
ထို႔ေနာက္ မ်က္လံုးကုိအသာအယာဖြင့္လိုက္သည္။
ေန႔အလင္းေရာင္မွာ လင္းထိန္ေနၿပီ။

ဘယ္အခ်ိန္ရွိၿပီလဲဆိုတာေတာ့ မေျပာတတ္ေခ်။

နကၡတ္သည္ ကုတင္ေပၚတြင္လွဲလ်က္ရွိေနၿပီး မိမိေရာက္ရွိေနေသာ အခန္းကိုလွည့္ပတ္ၾကည့္လိုက္သည္။ အရိုးသားဆံုးေျပာရလ်ွင္ အခန္းမွာရႈပ္ယွက္ခက္ေနသည္။ နကၡတ္၏
အခန္းေလာက္ေတာ့မဆိုးေသးပါ။ နကၡတ္၏အခန္းဆို
ႂကြက္သိုက္နွင့္ နင္လားငါလား အေျခအေနရွိသည္။

မေန႔ညက အျဖစ္အပ်က္ကုိျပန္စဥ္းစားသည္....
နကၡတ္ မူးေနခဲ့သည္....
ထို႔ေနာက္ လင္းကုိေတြ႕ခ်င္လာသည္....လာေတြ႕ခဲ့သည္
ၿပီးေတာ့.....

မျဖစ္နိုင္တဲ့ေတာင္းဆိုမႈေတြ ေျပာခဲ့မိၿပီ....
ၿပီးေတာ့ ဘယ္လိုအိပ္ေပ်ာ္သြားခဲ့တာလဲ....
နကၡတ္ကုိ လင္းက အခန္းထဲထိပို႔ေပးခဲ့တာလား.....

" ေအာ္...နိုးေနၿပီလား... "

အခန္းထဲသို႔ လင္း ဝင္လာသည္။ လင္း၏လက္ထဲတြင္
ေသေသသပ္သပ္ေခါက္ထားေသာ အက်ႌအခ်ိဳ႕သယ္လာသည္။ သူက ဗီရိုတံခါးကုိဖြင့္ကာ အက်ႌမ်ားကိုဗီရိုထဲ
ထည့္ေနသည္။

" ေခါင္းကိုက္တယ္"

နကၡတ္ ကုတင္ေပၚတြင္ ထထိုင္ရင္း ညည္းညဴလိုက္သည္။

" ေဆးေသာက္မလား...ဒါမွမဟုတ္ အရက္နာက်ရင္
ပ်ားရည္ေသာက္ရတယ္လို႔ ၾကားဖူးတယ္...ပ်ားရည္ေသာက္မလား...."

" ပ်ားရည္ပဲေသာက္မယ္"

လင္းသည္ ဗီရိုထဲမွ အက်ႌတစ္ထည္ကုိထုတ္လိုက္ကာ
နကၡတ္ဘက္သို႔ ပစ္ေပးလိုက္သည္။

" မ်က္ႏွာသစ္ၿပီး အက်ႌလဲထားလိုက္....ကုိႀကီးအက်ႌက
အရက္န႔ံနဲ႔ ေခြၽးန႔ံနဲ႔ နံေနေလာက္ၿပီ...."

" ေက်းဇူး...ဒါနဲ႔ လင္းရဲ႕မိဘေတြေရာ..."

" ေမေမရယ္ ေဖေဖရယ္ အဖြားရယ္က....႐ြာကအမ်ိဳးတစ္ေယာက္ရဲ႕အသုဘကုိ.... မေန႔ရဲ႕ မနက္ကတည္းက သြားၾကတာ...."

" ဒါဆို အိမ္မွာ လင္းနဲ႔ မဒီနဲ႔ ႏွစ္ေယာက္တည္းေပါ့..."

" ဟုတ္တယ္...သူတို႔က မနက္ျဖန္မွျပန္ေရာက္မွာ"

" ေတာ္ေသးတာေပါ့...ေနာက္မို႔ဆို လင္းရဲ႕မိဘေတြကို
ကိုယ္အားနာရမယ္ထင္တယ္..."

လင္း ၿပံဳးကာ " ရပါတယ္ " ဟုေအးေဆးေျပာသည္။

" ကိုယ္က လင္းကုတင္ေပၚမွာအိပ္ေတာ့ လင္းက ဘယ္နားသြားအိပ္လဲ..."

" မဒီနဲ႔အိပ္တာေပါ့...မဒီက အဖြားနဲ႔တစ္ခန္းထဲေနတာ...
သူတုိ႔အခန္းမွာ ကုတင္ႏွစ္လံုးရွိတယ္..."

" ေအာ္..."

" ေရခ်ိဳးခန္းကဟုိဘက္မွာ...ကြၽန္ေတာ္ မနက္စာျပင္ထားေပးမယ္...ၿပီးရင္ လာစား..."

လင္းက အခန္းထဲမွ ထြက္သြားရန္ျပဳသည္။

" လင္း...ခဏ..."

" အင္း?"

နကၡတ္သည္ လင္းကုိမႈန္ဝါးစြာၾကည့္၏။

"မေန႔ညက ကိုယ္ေျပာခဲ့တာေတြ ေမ့ေပး....ကိုယ္ဒီတိုင္း
မူးေနလို႔ ေျပာလိုက္မိတာ....စိတ္ထဲမထားနဲ႔...."

လင္းသည္ နကၡတ္ရွိရာ ကုတင္နားသို႔ ေျဖးေျဖးခ်င္း
ေလ်ွာက္လွမ္းလာသည္။

" ကြၽန္ေတာ္..."

လင္းသည္ ကုတင္ေပၚတြင္ထိုင္လိုက္ကာ နကၡတ္ကုိ
ဖက္လိုက္သည္။ မေမ်ွာ္လင့္ထားေသာအရာေၾကာင့္
နကၡတ္လန္႔သြားသည္။ တစ္ခ်ိန္တည္းတြင္ ရင္ထဲေႏြးသြားသည္။

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္..."

" လင္းရဲ႕အျပစ္ တစ္ခုမွမရွိဘူး..."

" အားလံုးက ကြၽန္ေတာ့္အျပစ္ပဲ...စတင္ခဲ့တာ ကြၽန္ေတာ္မုိ႔လို႔..."

" လင္း..."

နကၡတ္သည္ လင္း၏လက္ကို ခြာခ်လိုက္သည္။ မႈိင္ေတြေနေသာ လင္း၏မ်က္လံုးမ်ားကုိေငးၾကည့္ရင္း လင္း၏ေခါင္းကိုခပ္ဖြဖြပုတ္သည္။

" ကိုယ္ အရမ္းနံေနတယ္...ေရခ်ိဳးၿပီးအက်ႌလဲေတာ့မယ္...
ပ်ားရည္ေရာ မနက္စာေရာ အသင့္ျပင္ထားေပး..."

" ဟုိ..."

လင္း၏နႈတ္ခမ္းေပၚ လက္ညႇိဳးကုိတင္ကာ ထြက္အ့ံဆဲဆဲ
စကားတို႔ကုိ ပိတ္ပင္လိုက္သည္။

" တျခားဟာေတြ မစဥ္းစားပါနဲ႔....ဒီတိုင္းေလး...
ပံုမွန္လိုပဲေနရေအာင္..."

နကၡတ္က ၿပံဳးၿပီးေျပာသည္။ လင္း ေခါင္းညိတ္လိုက္ပါသည္။

************************************************************************

" တရုတ္ထမင္းေၾကာ္ထားတယ္...မနက္စာကုိ
ဒီလိုအမ်ားႀကီးစားတတ္လားေတာ့မသိဘူး....ကုိႀကီးက
မနက္စာကို နည္းနည္းပဲစားတတ္တယ္ဆိုရင္လည္း
ေပါင္မုန္႔ေတြရွိတယ္...ၾကက္ဥနဲ႔ေၾကာ္ေပးမယ္...."

ေျပာေျပာဆိုဆိုနွင့္ ပူေႏြးေသာထမင္းေၾကာ္တို႔ကုိ ဒယ္အိုးထဲမွ ထမင္းအုပ္ထဲသို႔ သြန္ထည့္လိုက္သည္။ ထမင္းေၾကာ္က အေငြ႕တလူလူထြက္ေန၍ ေမႊးႀကိဳင္ေနေသာေၾကာင့္ စားခ်င္စဖြယ္ျဖစ္ေနသည္။

"အစ္ကုိက ဘာျဖစ္ျဖစ္စားတယ္....ထမင္းေၾကာ္က
စားလို႔ေကာင္းမယ့္ပံုပါပဲ"

နကၡတ္၏စကားေၾကာင့္ လင္း တစ္ခ်က္ၿပံဳးကာ ထမင္းအုပ္ကိုမ,၍ စားပြဲေပၚသို႔တင္ေပးသည္။ မဒီက ပန္းကန္သံုးခ်ပ္...ဇြန္းသံုးေခ်ာင္းယူကာ စားပြဲေပၚတြင္ ျပင္ဆင္လိုက္သည္။ ထို႔ေနာက္ ထမင္းေၾကာ္ကုိပန္းကန္ေတြထဲထည့္ေပးေနသည္။
နကၡတ္ကေတာ့ ထမင္းစားပြဲ၌ ငုပ္တုတ္။

" တစ္ခုခုေသာက္မလား..."

လင္းက ေကာ္ဖီခြက္နွစ္ခြက္ကုိ ေၾကာင္အိမ္ထဲမွထုတ္ယူရင္းေမးသည္။

" ေသာက္မယ္..."

နကၡတ္ မျငင္းပါ။

"ေကာ္ဖီလား...လက္ဖက္ရည္လား....လက္ဖက္ရည္ကေတာ့ အထုပ္ပဲရမယ္..."

" လက္ဖက္ရည္...."

" ok...မဒီလည္း လက္ဖက္ရည္ပဲလား..."

" yes.. "

သူတို႔ေမာင္ႏွမနွစ္ေယာက္မွာ အတိုက္အေဖာက္ညီညီ
လႈပ္ရွားေနၾကသည္။ လင္းက လက္ဖက္ရည္အထုပ္ကိုေဖာက္၍ ခြက္ထဲထည့္လိုက္လ်ွင္ မဒီက ေရေႏြးအိုးယူကာ
ခြက္ထဲသို႔ေလာင္းထည့္လိုက္သည္။ လင္းက ဇြန္းတစ္ေခ်ာင္းျဖင့္ လက္ဖက္ရည္ကုိေမႊလိုက္သည္။

ေနာက္ဆံုး နကၡတ္၏အေရွ႕တြင္ ထမင္းေၾကာ္ပူပူေလးနွင့္ လက္ဖက္ရည္တစ္ခြက္ ေရာက္လာသည္။
လင္းနွင့္ မဒီလည္း  နကၡတ္၏တစ္ဖက္တစ္ခ်က္တြင္
ထိုင္ကာ စားေသာက္ရန္ အဆင္သင့္ျဖစ္ေနၿပီ။

နကၡတ္သည္ မဆိုင္းမတြပင္ ထမင္းေၾကာ္ကိုခပ္စားလိုက္သည္။ ထို႔ေနာက္ လင္းဘက္သို႔လွည့္ၾကည့္ကာ လက္မေထာင္ျပသည္။

" တကယ္ေကာင္းတာပဲ..."

လင္းက ခပ္ၿပံဳးၿပံဳးမ်က္နွာထားျဖင့္ မ်က္ခံုးပင့္ျပသည္။

" သားသားက ေမေမ့ထက္ေတာင္လက္ရာေကာင္းတယ္...
သားသားဟင္းခ်က္ရင္ ပိုစားလို႔ေကာင္းတယ္..."

" ဟုတ္လား...လင္းက ဟင္းခ်က္ေနၾကလား...."

လင္းသည္ ထမင္းေၾကာ္ကိုပလုတ္ပေလာင္းဝါးေနရာမွ
အလ်င္အျမန္မ်ိဳခ်ကာ စကားျပန္ေျပာသည္။

" ေမေမ မရွိတဲ့အခါ...ေမေမ မအားတဲ့အခါ.... ကြၽန္ေတာ္ခ်က္တယ္...တစ္ခါတစ္ေလ ကြၽန္ေတာ္စိတ္ပါတဲ့အခါ ခ်က္တယ္..."

" သားသားက ဟင္းခ်က္ဝါသနာပါတယ္..."

မဒီက ဝင္ေျပာသည္။  လင္းကထမင္းေၾကာ္ကုိ ေနာက္တစ္ဇြန္းခပ္ရင္း...

" ကြၽန္ေတာ္က စာဖိုးမွဴးျဖစ္ခ်င္တာရယ္..."

ဟုဆိုေလသည္။

" ဟုတ္လား... ေကာင္းတယ္ ေကာင္းတယ္။ ႀကိဳးစားၿပီး
စားဖိုမွဴးျဖစ္ေအာင္လုပ္... "

နကၡတ္ေျပာေတာ့ လင္းကရယ္ပါသည္။ ရယ္ၿပီးေနာက္
တစ္ဆက္တည္းပင္.....

" ဘယ္ေတာ့ျပန္မွာလဲ..."

ဟု နကၡတ္ကိုေမးသည္။

" ဘယ္ခ်ိန္ျပန္ျပန္ ရတယ္...."

" ဒါဆို ေန႔လယ္ထိေနပါလား.....မီးမီးကစားခ်င္တယ္ဆိုလို႔
ၾကက္ေၾကာ္ဆိုင္ေတြအတိုင္း ၾကက္သားကုိေၾကာ္မလို႔...
ကိုႀကီးလည္းစားရေအာင္လို႔ေလ...."

"အင္း...ေနမယ္ေလ...."

နကၡတ္သည္  ထမင္းေၾကာ္ကို ေနာက္တစ္ဇြန္းစားလိုက္သည္။ထို႔ေနာက္

" တကယ္အရသာရွိတယ္..."

ဟု ခ်ီးက်ဴးစကားဆိုလိုက္ျပန္သည္။

************************************************************************

" ကူလုပ္ေပးမယ္...."

လင္းက မုန္႔ႂကြပ္အထုပ္ကုိ ေဖာက္ကာဇလံုထဲထည့္ေနစဥ္ နကၡတ္က အနားေရာက္လာကာ ေျပာ၏။ ထို႔ေၾကာင့္
လင္းလည္း ၾကက္သားတံုးအစိမ္းမ်ားထည့္ထားေသာ ပန္းကန္ကုိ နကၡတ္လက္ထဲသို႔ ထည့္ေပးလိုက္သည္။

" ၾကက္သားကို လိုတာေတြအားလံုးနဲ႔နယ္ၿပီးသား....
မုန္႔ႂကြပ္နဲ႔နယ္ဖို႔ပဲက်န္ေတာ့တယ္..."

" အင္း...နယ္ေပးမယ္ေလ...လက္ေဆးလိုက္ဦးမယ္..."

နကၡတ္က အရင္ဦးစြာ ေဘစင္တြင္လက္ေဆးေနသည္။
လင္းသည္ ဒယ္အိုးထဲ ဆီထည့္ကာ မီးဖိုေပၚတင္ရင္း
နကၡတ္ကုိလွမ္းေမးသည္။

" လုပ္တတ္လို႔လား...."

" ဒီတိုင္းၾကက္သားေတြကို မုန္႔ႂကြပ္နဲ႔ကပ္လိုက္ရင္
ရၿပီမလား..."

" အင္း...ရပါတယ္..."

နကၡတ္က ၾကက္သားပန္းကန္နွင့္ မုန္႔ႂကြပ္ဇလံုကုိယူကာ
ၾကက္သားတစ္တံုးခ်င္းစီကို မုန္႔ႂကြပ္နွင့္ ေသေသခ်ာခ်ာ နယ္ေပးေနသည္။

" ၾကက္သားအစိမ္းကုိ အခုမွကိုင္ဖူးတာ...အိစိအိစိနဲ႔...
ကိုင္လို႔ေကာင္းတယ္..."

နကၡတ္က အထူးအဆန္းေတြ႕ေသာ ကေလးတစ္ေယာက္လို
့ၿပံဳးၿပီးေျပာရင္း ၾကက္ေပါင္ကိုလက္ျဖင့္ ညႇစ္ေနသည္။
ထို႔ေနာက္ လက္ညႇိဳး...လက္ခလယ္တို႔ုျဖင့္ ရိုက္ၾကည့္ေနသည္။

" တကယ္ ကိုင္လို႔ေကာင္းတယ္..."

နကၡတ္ရယ္ေနသည္။

" ကဲ...ေလ်ွာက္မေဆာ့ေနနဲ႔... ျမန္ျမန္လုပ္..."

လင္းေျပာလိုက္ေသာအခါ အေမဆူလိုက္ေသာ ကေလးလို
ၿငိမ္က်သြားသည္။ 

လင္းက မီးဖုိကုိ မီးဖြင့္ကာ ဒယ္အိုးထဲရွိဆီမ်ား ဆူမည့္
အခ်ိန္ကိုေစာင့္ေနသည္။ ဆီမ်ား ပြက္ပြက္ထ,လာေသာအခါ
မုန္႔ႂကြပ္ကပ္ၿပီးသား ၾကက္သားတံုးတို႔ကုိ ယူကာ
ဆီပူထဲ ထည့္လိုက္သည္။

ၾကက္သားတံုးမ်ားသည္ ဆီပူထဲ၌ ေလာင္ကြၽမ္းမႈကုိ တဖ်စ္ဖ်စ္ျမည္ေအာင္ ခံစားေနရသည္။

" ကိုယ္ထည့္မယ္...ၾကက္သားကုိ ဆီထဲ ကိုယ္ထည့္မယ္..."

နကၡတ္က ကေလးတစ္ေယာက္လို ပူဆာလာျပန္သည္။

" ထည့္တာက ရတယ္....ဒါေပမယ့္ အေဝးကေန လႊတ္မခ်နဲ႔ေနာ္...ဆီနားကုိကပ္ၿပီးေျဖးေျဖးခ်င္းထည့္...မဟုတ္ရင္ ဆီပူေတြစင္လိမ့္မယ္..."

" ဟုတ္..."

နကၡတ္သည္ လင္းေျပာတာကုိ ေသခ်ာေရာ ၾကားရဲ႕လားမသိပါေခ်။ သူသည္ မုန္႔ႂကြပ္ကပ္ၿပီးသား ၾကက္သားတစ္တံုးကို
ဒယ္အိုးဆီသို႔ ယူလာသည္။ ဒယ္အိုးနားသို႔ ကပ္လာသည္
အထိ အေကာင္း....ၾကက္သားကုိဆီပူထဲ ထည့္ခါနီးမွ

" ပူတယ္...."

ဟုေအာ္ကာ ၾကက္သားကုိ ဆီပူထဲလႊတ္ခ်လိုက္သည္။
ၾကက္သားမွာ အရွိန္နွင့္က်သြားကာ ဆီလႈိင္းဂယက္တို႔
ျဖစ္သြားသည္။ ဆီစက္တို႔မွာ ဒယ္အိုးထဲမွ ခုန္ပ်ံ၍ ထြက္လာသည္။

ဒယ္အိုးအနားရွိေနေသာ လင္းသည္ ဆီပူ စင္မည္စိုး
ေသာေၾကာင့္ အေနာက္သို႔ေ႐ႊ႕လိုက္သည္။ နကၡတ္မွာ
လင္း၏ အေနာက္သို႔ အားကိုးတႀကီးဝင္ပုန္းခိုလိုက္သည္။

" ေဟာဗ်ာ...နကၡတ္ညီ..."

လင္း စူးစူးရွရွေအာ္ေသာအခါ နကၡတ္က မ်က္နွာငယ္ေလးျဖင့္...

" လက္ကုိဆီစင္သြားလို႔..လႊတ္ခ်လိုက္မိတာ...ေဆာရီး..."

ဟု အသံတိမ္တိမ္ေျပာရွာသည္။ လင္းမွာ ေဒါသထြက္ရမည့္အစား သူ႔ကုိၾကည့္ရင္း ဟက္ဟက္ပက္ပက္ရယ္လိုက္မိေလသည္။

နကၡတ္သည္ မ်က္နွာငယ္ေလးျဖင့္ေနရာမွ လင္း ရယ္သည္ကုိ ျမင္ေသာ္ ၿပံဳးသြားသည္။

ၾကက္သားတံုးမ်ားအားလံုး ဆီထဲသို႔ေရာက္သြားၿပီ။
့ၾကက္သားတံုးကို ဟုိဘက္ဒီဘက္လွန္ေပးရန္ နကၡတ္ကုိ
တာဝန္ေပးထားရာ နကၡတ္က ဒယ္အိုးကိုလည္းေၾကာက္...
ဆီစင္မည္ကုိလည္းေၾကာက္ကာ ဒယ္အိုးအဖံုးကုိ
ဒိုင္းသဖြယ္ကာထားေလသည္။ က်န္လက္တစ္ဖက္ကလည္း
ေယာက္မကုိ က်စ္က်စ္ပါေအာက္ဆုပ္ကိုင္ထား၏။

ေယာက္မျဖင့္ ၾကက္သားကုိ မထိတထိသြားလုပ္လိုက္....
ဆီစင္မည္စိုး၍ အေနာက္သို႔ဆုတ္သြားလိုက္.... ျပဳေနရာ
လင္းမွာ သူ႔ကုိၾကည့္ၿပီး မရယ္ဘဲ မေနနိုင္ေတာ့ေခ်။

နကၡတ္မွာ လင္း သေဘာက်စြာရယ္ေမာေနသည္ကုိ
လွမ္းၾကည့္ရင္း မၾကာခဏဆိုသလို ၿပံဳးမိသြား၏။

************************************************************************

" ကဲ...ေကာင္းေကာင္းစားပါမယ္..."

မဒီက လက္နွစ္ဖက္ကုိဆန္႔တန္႔၍ ေအာ္ၿပီးေနာက္
ၾကက္ေၾကာ္တစ္တံုးကုိယူကာ အားရပါးရကိုက္လိုက္သည္။
သူမသည္ ပလုတ္ပေလာင္းဝါးေနရင္း...

" ေကာင္းတယ္..."

ဟူေသာ စကားျဖင့္တံု႔ျပန္သည္။

" ဒီမွာ ကုိလာ...။ကုိုလာနဲ႔ၾကက္ေၾကာ္နဲ႔က တကယ္အလိုက္ဖက္ဆံုး အတြဲပဲ..."

လင္းက မဒီ့ေရွ႕တြင္ ေအးခဲေနေသာကုိလာဘူးကုိ ခ်ေပးရင္း
ေျပာသည္။ လင္း၏လက္ထဲတြင္လည္း ကိုလာတစ္ဘူးကုိ
ကိုင္ထားသည္။ သံုးေယာက္သား ကုိလာ တစ္ေယာက္
တစ္ဘူး...ၾကက္ေၾကာ္မ်ားျဖင့္ အရသာရွိရွိစားေသာက္ေနၾကသည္။

" မွားတယ္...တကယ္ေတာ့ ကုိလာနဲ႔ ၾကက္ေၾကာ္က အေကာင္းဆံုးအတြဲမဟုတ္ေသးဘူး..."

နကၡတ္က ၾကက္ေပါင္ကုိအသားမ်ားဖဲ့ခြာကာ အခ်ဥ္ျဖင့္တို႔ရင္းေျပာသည္။

" ဒါဆို ဘာကအေကာင္းဆံုးအတြဲလဲ..."

" ၾကက္ေၾကာ္နဲ႔ ဘီယာ...။ အလိုက္ဖက္ဆံုးပဲ..."

" ဒီအရက္သမားကေတာ့..."

လင္း မ်က္ေစာင္းထိုး၍ ေျပာေသာအခါ နကၡတ္က
ဆူပုတ္ပုတ္ျဖင့္...

"ကိုယ္ အရက္သမားမဟုတ္ပါဘူးေနာ္..."

ဟု နႈတ္ခမ္းဆူရင္း ေျပာေလသည္။ ထိုအျပဳအမူေၾကာင့္
မဒီသည္ စိတ္ထဲမွ ရယ္ခ်င္သြားသည္။

" ဒါဆိုဘာလဲ....အရက္သမားမဟုတ္ရင္..."

" ဒီတိုင္း ႀကိဳက္တာ....အယ္ကုိေဟာ ႀကိဳက္ရံုေလးပဲ"

" အရက္သမားက အရက္သမားပဲကို..."

လင္းသည္ ထိုသို႔ေျပာၿပီးေနာက္ ၾကက္ေၾကာ္ကုိ ငံု႔စားေနသည္။  နကၡတ္ မ်က္ႏွာရႈံ႕မဲ့သြားသည္။  သို႔ေသာ္
သူသည္ အစားေကာင္းေကာင္းစားေနေသာ လင္းကို
ၾကည့္ၿပီး ၿပံဳးလိုက္ျပန္ကာ လင္း၏ဆံပင္တို႔ကုိ လက္ျဖင့္
ထိုးဖြလိုက္သည္။

" ဘာလုပ္တာလဲ...သူမ်ားဆံပင္ကုိ....ဆီေပေနတဲ့လက္နဲ႔..
ၾကက္ေၾကာ္ကိုင္ထားတဲ့လက္နဲ႔ ကိုင္စရာလား..."

လင္းမွာ ခ်က္ခ်င္းထေအာ္ေလသည္။ နကၡတ္ လက္မွာ
ျပန္ရုတ္သိမ္းသြားသည္။

" ကိုယ့္လက္မွာ မေပေနပါဘူး..."

" ေပေနတယ္ေလ...ဒီမွာ...ဒီမွာ... "

" နည္းနည္းေလးပဲ..."

" နည္းနည္းေလးလည္း...ေပတာက ေပတာပဲေလ....
ကြၽန္ေတာ္ မနက္ကမွ ေခါင္းေလွ်ာ္ထားတဲ့ဟာကုိ....ရား..
အခု ျပန္ေလ်ွာ္ရေတာ့မယ္..."

" ၾကက္ေၾကာ္ကိုင္ၿပီး လက္မသုတ္ရေသးတာ ေမ့သြားလို႔..."

" ေမ့စရာလား...သူမ်ားဆံပင္ကုိ လက္သုတ္ပဝါထင္ေနတာလား..."

" လင္းကလည္း...."

ရန္ျဖစ္ေနေသာ သူတို႔၂ေယာက္ကိုၾကည့္ရင္း မဒီမွာ
ေခါင္းခါမိလိုက္ေတာ့သည္။

************************************************************************

ၾကက္ေၾကာ္စားၿပီးသည့္ေနာက္ သံုးေယာက္သား
ဖုန္းကိုယ္စီကိုင္ကာ ဂိမ္းဟူေသာ အလုပ္ႀကီးအကိုင္ႀကီးကုိ
ျပဳလုပ္ေနၾကသည္။

မဒီ့ဘဝမွာ ခါးသီးလြန္းလွသည္။
အစ္ကုိျဖစ္သူနွင့္ အစ္ကုိျဖစ္သူ၏ရည္းစားၾကား တတိယဘီး ျဖစ္ေနရာ ဂိမ္းထဲတြင္လည္း ထိုနည္းလည္းေကာင္း တတိယဘီး ဆက္ျဖစ္ေနျပန္သည္။

ဂိမ္းထဲတြင္ မဒီတစ္ေယာက္တည္း ပတ္ေျပးေနရသည္။
နကၡတ္မွာ လင္းကုိသာ လိုက္ကာကြယ္ေပးေနေသာေၾကာင့္
မဒီတစ္ေယာက္တည္း ခက္ခက္ခဲခဲအသက္ရွင္ေနရသည္။

မၾကာပါ...
မဒီ့၏ အျမင္ကတ္ပုဒ္မဆုေတာင္းအတိုင္း နကၡတ္မွာ
လင္းကို ကာေပးရင္း ေသသြားေလသည္။

နကၡတ္သည္ ဖုန္းကုိခ်ကာ လင္းနွင့္ မဒီတို႔နားလာကာ
ဂိမ္းပြဲစဥ္ကို ဆက္လက္ရႈစားေနသည္။

" အေနာက္မွာ...အေနာက္မွာ... အေနာက္က ခ်ံဳပုတ္...
အေနာက္က...."

လင္းမွာ ဖုန္းကုိသည္းႀကီးမဲႀကီးၾကည့္ရင္း ေအာ္ေနသည္။
နကၡတ္သည္ လင္းကုိစိုက္ၾကည့္လိုက္၏။
ၾကည့္ေနရင္း ပါးခ်ိဳင့္မ်ားေပၚေအာင္ ခ်ိဳခ်ိဳသာသာၿပံဳးလိုက္သည္။

အပိုင္လိုခ်င္တယ္ လင္း..
ဒါေပမယ့္ အရုပ္ကုိငွားၿပီး ျပန္ေပးရမယ့္လူလိုပဲ..
အခ်ိန္တန္ရင္ မင္္းရဲ႕ပိုင္ရွင္ဆီကုိ ကိုယ္ျပန္ေပးရေတာ့မယ္...

ခ်ဳိသာေသာအၿပံဳးသည္ ေၾကကြဲဖြယ္ရာ ေျပာင္းလဲသြားသည္။

ဒါေၾကာင့္မုိ႔
ထြက္မသြားပါနဲ႔ မေျပာနိုင္ေၾကာင္း...
မထားခဲ့ပါနဲ႔လည္း မေျပာနိုင္ေၾကာင္း...
ဒီေကာင္ေလး သိပါစ...

************************************************************************

Continue Reading

You'll Also Like

242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 134K 81
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ္းလည္လြန္းတဲ့ သစ္သစ္နဲ႔ ပိန္းဥျဖဴဒယ္ဒီတို႔ရဲ႕အခ်စ္ဇာတ...
22.3K 734 11
မ်က္​ရည္​ကင္​းမဲ့ဇုန္​ - ဆလိုင္​းလီယို
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...