MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-43

15.7K 2.3K 84
By _pannthoon_

[Unicode]

" အဲ့တော့ နင်က သူစာမေးပွဲပြီးတဲ့အချိန်ထိ စောင့်မယ်ပေါ့"

"အင်း..."

တိကျပြတ်သားသော လင်း၏အသံတွင် နိုးနိုး လေပူတစ်ချက်
မှုတ်ထုတ်မိလိုက်သည်။ ညာဘက်လက်တွင်ကိုင်ထားသော
ဖုန်းကို ဘယ်ဘက်လက်သို့ပြောင်းကိုင်လိုက်ပြီး
ဖွင့်မပြောပေမယ့် ခံစားနေရမှန်းသိသာသော သူငယ်ချင်း၏
အသံကို ဆက်လက်နားစွင့်နေသည်။

" နှစ်လတောင် လိုသေးတယ်...."

" နှစ်လဆိုတာ မျက်စိတစ်မှိတ်အတွင်းကုန်သွားမှာပါဟာ..."

" နင် အဆင်ပြေတယ်မလား...လင်း..."

" မပြေလည်း ပြေရမှာပဲကို....ရှင်းယံက အစထဲကတော်တဲ့လူဟ....အဲ့လိုတော်တဲ့လူကို နောက်ဆုံးအရေးကြီးတဲ့စာမေးပွဲကျမှ ငါ့ကြောင့်လွဲချော်သွားတာမျိုး မဖြစ်စေချင်ဘူး.....
အခုချိန်မှာ ဖြစ်သင့်တာကိုပိုပြီးဦးစားပေးရမှာပေါ့...
ဟုတ်တယ်မလား....ငါဖွင့်ပြောမယ့်ကိစ္စက ရှင်းယံရဲ့
စာမေးပွဲရလဒ်လောက်အရေးမကြီးသေးပါဘူး....
ပြီးတော့ ငါအလျင်မလိုပါဘူးဟာ....အေးဆေးပေါ့....
အချိန်တစ်ခုထိ စိတ်ရှည်လက်ရှည်စောင့်ပြီးရင်
အားလုံးအဆင်ပြေသွားမှာ....."

" လင်းရယ်.....ငါတို့ရဲ့ ဒီစာသင်နှစ်တစ်နှစ်လုံး...
စိုင်းရှင်းယံကို စောင့်နေခဲ့တာပဲ"

" ဒီလိုပဲ...လူတွေကချစ်မိသွားရင် စောင့်ဆိုင်းကြတယ်ထင်ပါရဲ့...အရင်ခေတ်တုန်းကလူတွေလို သုံးနှစ်သုံးမိုး စောင့်ခိုင်းတာထက်စာရင် တော်သေးတာပေါ့.... "

ရယ်သံအချို့က ရင်ထဲကလား....ဟန်ဆောင်တာလား တော့
နိုးနိုးမသိ။ လင်းက ဘယ်အရာမဆို အကောင်းဘက်က
လှည့်မြင်တတ်တာမို့ လင်းအဆင်မပြေဖြစ်မှာတော့
သိပ်စိုးရိမ်စရာမလိုပါ။

" နင်ပြောသလိုပဲ....အချိန်တစ်ခုထိစောင့်ဆိုင်းရမှာပေါ့...."

" ကျေးဇူးပဲ နိုးနိုး....နင်မရှိရင် ငါ ဒီအခြေအနေထိရောက်လာမှာတောင်မဟုတ်ဘူး....နောက်မို့ဆို ကျောင်းပြီးတဲ့အထိ စိုင်းရှင်းယံကိုဒီတိုင်းငေးကြည့်ရင်းနဲ့ လုံးဝ တိတ်တခိုးပဲဖြစ်နေခဲ့မှာ.. "

" ရပါတယ်ဟာ"

" ငါ ဖုန်းချလိုက်တော့မယ်နော်...."

" အင်း အင်း...bye...."

ဖုန်းကျသွားသည်။ ဖုန်း၏ အနက်ရောင်မျက်နှာပြင်ပေါ်
နိုးနိုး ခပ်ဆွေးဆွေးစိုက်ကြည့်ရင်း...

" ငါတော့ နင့်ကို ပိုကောင်းတဲ့နေရာပို့မိတာလား...
ပိုဆိုးတဲ့နေရာပို့မိတာလား တောင်မသိတော့ဘူး...."

ဟု ညည်းလိုက်မိသည်။

************************************************************************

ဇန်နဝါရီလ၏နေ့ရက်တို့သည် တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ အတန်းတင်စာမေးပွဲနီးပြီမို့ စာထဲတွင်သာ အာရုံစိုက်ရင်း
လင်း၏အချိန်တို့ ကုန်မှန်းမသိ ကုန်သွားရသည်။

ဇန်နဝါရီ.....
ထို့နောက် ဖေဖော်ဝါရီ...

ရှင်းယံဟုအမည်တပ်ထားသော Conversationမှာ
တဖြည်းဖြည်းအောက်သို့ လျော့ရဲကျသွားသည်။
လင်း၏မှတ်ဉာဏ်တွင် white ၏နှင်းဆီပန်းများမှာလည်း
မှုန်ရိမှုန်ဝါး.....။e-mail မှာဖွင့်မကြည့်တာကြာ၍
ဖုန်တက်နေပြီ။

ထူးထူးခြားခြား ဖေဖော်ဝါရီ ၁၄ရက်တွင် White
အမည်ခံသော ဝက်ဝံရုပ်တစ်ရုပ် အိမ်ရှေ့သို့ရောက်ရှိခဲ့သည်။
Whiteက လက်လျှော့တာလား လက်မလျှော့တာလား....
ထွက်လာမှာလား...အမြဲပုန်းကွယ်နေတော့မှာလား....
သူကရော သင့်တော်တဲ့အချိန်တစ်ခုကိုစောင့်နေတာလား...စသော မေးခွန်းပေါင်းများစွာ လင်း၏ခေါင်းကို မူးဝေစေသည်။

ကျေးဇူးပြုပြီး White....
ကျွန်တော် ခင်ဗျားအကြောင်းမစဉ်းစားပါရစေနဲ့..
ကိုယ့်ဟာကိုတောင် တိုင်ပတ်နေရတဲ့ကြားထဲ ခင်ဗျားကိုပါ
ကျွန်တော်ဂရုမစိုက်နိုင်ဘူး...
ထွက်ပေါ်လာရင်လည်း ငြင်းမိမှာမို့....ဒီတိုင်းလေးပဲ
ပုန်းကွယ်နေပေးပါ...
တဖြည်းဖြည်းနဲ့ ကျွန်တော့်ကိုမေ့သွားမှာပေါ့....ဟုတ်တယ်မလား....

တကယ်လည်း ထိုဝက်ဝံရုပ်က White ၏နောက်ဆုံး
လက်ဆောင်ဖြစ်ခဲ့ပါသည်။

လင်းတို့ စာမေးပွဲဖြေပြီးနောက် နွေရာသီကျောင်းပိတ်ရက်သို့
ရောက်ရှိခဲ့ပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲက
ဖေဖော်ဝါရီလကုန်၌ ကျင်းပမည်မို့ လင်းမှာအိမ်တွင်နေရင်း
ရှင်းယံစာမေးပွဲပြီးမည့်ရက်ကို ထိုင်စောင့်နေရသည်။

ရက်ပိုင်းအကြာ....
သတင်းစာတို့၏ခေါင်းစဉ်ထိပ်တွင် " တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံရိပ်များ" ဟူသော သတင်းခေါင်းစဉ်တို့နေရာယူလာသည်။ တီဗီ၌ဖြစ်စေ...သတင်းစာ၌ဖြစ်စေ...အင်တာနက်ပေါ်၌ဖြစ်စေ....အရာအားလုံးသည် စာမေးပွဲအကြောင်းပြောဆိုနေကြသည်။

မြန်မာစာနေ့....
English စာနေ့...
သင်္ချာနေ့....
တစ်နေ့ ပြီးတစ်နေ့......
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသလို လင်း၏နှလုံးသားမှာ
တစ်စထက်တစ်စ ပိုမိုလျင်မြန်စွာခုန်ပေါက်နေသည်။
နောက်ဆုံးတော့ စောင့်ဆိုင်းခဲ့သောနေ့ကို ရောက်ခဲ့ပြီလား...

မနက်ဖြန်ဆို...စာမေးပွဲနောက်ဆုံးနေ့...
သေချာသိမ်းဆည်းထားခဲ့သော စာအုပ်လေးကို လင်း ထုတ်ကြည့်လိုက်သည်။

ခဏပဲစောင့်ပါ ရှင်းယံ...
ကျွန်တော် ကိုကြီးဆီကိုအရောက်လာခဲ့မယ်.....

" မနက်ဖြန် စာမေးပွဲပြီးရင် ရှင်းယံတို့က Myanmar plaza သွားကြမယ်တဲ့...လင်း....ငါတို့ကိုလည်း
ခေါ်ထားတယ်...နင်တစ်ခါတည်းပြောလိုက်သင့်တယ်ထင်တယ်...."

ရိပ်၏စကားအဆုံးတွင် ရင်ထဲ၌စိတ်လှုပ်ရှားတုန်လှုပ်လာသည်။

" ဘယ်အချိန်လဲ...."

" ည၇နာရီ"

" အင်း....ငါသေချာပြင်ဆင်လာခဲ့မယ်"

ဖုန်းကိုချလိုက်ပြီးနောက် လင်းသည်မျက်နှာကို လက်ဖဝါးဖြင့်အုပ်ရင်း ရယ်လိုက်မိသည်။
ဖွင့်ပြောဖို့စဉ်းစားမိရုံနဲ့တင် ဒီလောက်စိတ်လှုပ်ရှားဖို့
ကောင်းသလား....
ရှင်းယံ ဘယ်လိုတုံ့ပြန်မလဲ....ထိုအရာကိုတော့ ကြိုမစဉ်းစားချင်မိပါ...မျှော်လင့်ချက်ထားရင် ထိုအတိုင်းမဖြစ်လာပါက
ပိုနာကျင်စရာကောင်းလိမ့်မည်....

ဒါပေမယ့်.....မျှော်လင့်ချက်သေးသေးလေးတော့ ထားပါရစေ
ရှင်းယံ....
ကျွန်တော်က မျှော်လင့်ချက်ထားဖို့တော့ ထိုက်တန်တယ်မလား.....

ထိုနေ့ညက လင်းအိပ်မပျော်ခဲ့ပါ။ စိတ်လှုပ်ရှားလွန်း၍
အတွေးမများစေရန် ကိုယ့်ကိုယ်ကိုမနည်းထိန်းထားခဲ့ရသည်။
ဘယ်လောက်ပဲ အဆုံးသတ်အဖြေကို ကြိုတင်မခန့်မှန်းဘူး
ဟုဆိုပါစေ....စိတ်၏အတွင်းအောက်ခြေတွင် ရှင်းယံထံမှ
" yes" ဆိုသောအဖြေကို တောင့်တနေမြဲဖြစ်သည်။
ဒါဖြစ်သင့်တာပဲလေ။

ညက ကောင်းကောင်းအိပ်မပျော်သော်လည်း မနက်ကို
စောစောနိုးနေပြန်သည်။ စိတ်စောနေလို့လား...နှလုံးသားက အခုကျတော့လည်း တက်ကြွနေပြန်သည်။ နာရီလက်တံတို့ နှေးကွေးစွာ လည်ပတ်ကြသည်။ စိတ်ကမြန်သောအခါ
အချိန်တို့ ကြာရပြန်သည်။

နေ့လည် ၁၂နာရီ...
ဘုရားရေ...ရှင်းယံတို့ စာမေးပွဲပြီးပြီ။

ရှင်းယံ ဖုန်းကိုင်တော့မှာလား...
အော်...မဟုတ်သေးပါဘူး...ရှင်းယံ အိမ်ပြန်ပြီးနားရဦးမှာပေါ့...သူပင်ပန်းနေမှာလေ....
အိမ်ပြန်ပြီး.... ရေမိုးချိုးပြီး...တရေးတမောအိပ်ရဦးမှာပေါ့...

ရတယ် ရှင်းယံ....
ကျွန်တော် အလျင်မလိုဘူး...ကျွန်တော်တို့ ညနေကျတွေ့မှာပဲ.....

နေ့လည် ၁နာရီ....
ရှင်းယံ အိပ်နေသလား....ရှင်းယံက နေ့ခင်းနေ့လည်
တရေးတမောအိပ်တတ်သူတော့မဟုတ်ဘူး...
ဒါပေမယ့် ပင်ပန်းရင်တော့ သူအိပ်နေမှာပေါ့လေ....
ရှင်းယံရဲ့ Account က မီးမစိမ်းသေးဘူး....

ညနေ၃နာရီ.....
ခွန်စိုင်း Post တင်ထားတယ်.....
သူတို့ ၄ယောက်တူတူရှိနေတာလား....သူတို့၎ယောက်တူတူ
လျှောက်သွားနေကြတယ် ထင်တယ်....
၄ယောက်တည်းမှ မဟုတ်ဘဲ...ဓာတ်ပုံရိုက်ပေးသူက
ကျူးရင့်ဟန်သာဆိုတော့ မမကျူးရင့်လည်းပါတာပေါ့...

ညနေ ၆နာရီခွဲ....
ကျွန်တော် Myanmar plaza ကိုထွက်လာပြီ....
ကျွန်တော်နဲ့အတူ မဒီလည်းပါလာတယ်.....
နိုးနိုး...ရိပ်နဲ့ သုတက အဲ့မှာရှိနေမယ်တဲ့....ဗညားက ခရီးသွားနေလို့ ဒီကိုမလာနိုင်ဘူးပေါ့.....

ကိုကြီးရော ဘယ်မှာလဲ.... ရှင်းယံ....
ရောက်နေပြီလား....
ကျွန်တော့်မှာ ကိုကြီးကိုပေးဖို့ တစ်စုံတစ်ခုပါလာတယ်....

Myanmar plaza အပေါက်ဝရှေ့သို့ခြေချမိစဉ်
အပေါက်ဝတွင် စောင့်နေသောနိုးနိုးက လင်းထံပြေးလာသည်။ စိတ်လှုပ်ရှားနေသောလင်းကို သူမက အပြုံးတစ်ခုဖြင့်
နှစ်သိမ့်သည်။

" အားတင်းထား...."

ခြေလှမ်းတို့သည် Myanmar plaza အတွင်းဘက်သို့
စတင်လှမ်းဝင်လိုက်သည်။ ရှင်းယံတို့အုပ်စုက
myanmar plaza အပေါ်ထပ်ပန်းခြံရှိ စားသောက်ဆိုင်တွင် ရှိနေကြမည်။ ဓာတ်လှေကားမှတစ်ဆင့် အပေါ်ထပ်ပန်းခြံဆီသို့ တက်ခဲ့ကြသည်။ပန်းခြံရှိ Bar များ....ဆိုင်များဖွင့်
နေပြီမို့ ပန်းခြံတွင် လူများနေသည်။

လင်းတို့ ပန်းခြံသို့ရောက်သောအခါ အသင့်ကြိုစောင့်ဆိုင်းနေသော သုတနှင့်တွေ့လေသည်။ ရိပ်က ခွန်စိုင်းနှင့်တူတူ
ဆိုင်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။

ကောင်းကင်သည် အတန်ငယ်မှောင်နေပြီ။ ပန်းခြံတွင်
မီးလင်းတိုင်တို့ ထွန်းညှိကာ မှိန်ပြပြလင်းနေကြသည်။
သုတက ရှေ့မှဦးဆောင်ကာ ရှင်းယံတို့ရှိသော ဆိုင်သို့
သွားသည်။ လင်းသည် အနောက်မှ စာအုပ်လေးကိုပိုက်ရင်း
စိတ်လှုပ်ရှားစွာ အသံတိတ်လိုက်လာသည်။

ဆိုင်သို့ နီးလေ...နီးလေ...
ှိနှလုံးခုန်သံတို့ ပေါက်ကွဲမတတ်ကျယ်လောင်လာလေ.....

" လင်း...."

အနောက်ကွယ်မှ ခေါ်သံသည် စိတ်လှုပ်ရှားနေသော
လင်းကို တွန့်ခနဲဖြစ်သွားစေသည်။ လင်း လှည့်ကြည့်လိုက်သောအခါ ဆေးလိပ်ကိုပါးစပ်တွင်ခဲထားသော နက္ခတ်ကို
တွေ့လိုက်ရသည်။

နက္ခတ်သည် ဆေးလိပ်ကိုလက်ကြားထဲညှပ်လိုက်၍
အငွေ့တို့ကို မှုတ်ထုတ်လိုက်သည်။

" ရှင်းယံကို လာတွေ့တာမလား...."

လင်း ခေါင်းညိမ့်သည်။ နက္ခတ်က ဘာမှထပ်မပြောဘဲ
ဆေးလိပ်ကို နောက်တစ်ချက်ရှိုက်လိုက်သည်။

" ငါနဲ့မင်းနဲ့တောင် မတွေ့ရတာ ကြာပြီနော်...."

လင်း၏ရင်တွင် တင်းကျပ်စွာပိုက်ထားသော စာအုပ်ကို
နက္ခတ်တွေ့လိုက်သည်။ နက္ခတ်သည် နှုတ်ခမ်းတစ်ဖက်စွန်းကွေးရုံမျှ ပြုံးလိုက်သည်။

" အစ်ကိုနဲ့ လိုက်ခဲ့ကြလေ...."

နက္ခတ်သည် လင်းနှင့်ယှဉ်ကပ်၍ တူတူလျှောက်ခဲ့သည်။
မိမိဘေးတွင် ရှိသော ကောင်လေးကိုမသိမသာ စောင်းငဲ့ကြည့်ရင်း နက္ခတ် ပင့်သက်မောရသည်။
စိတ်လှုပ်ရှားနေပုံပေါက်သော လင်း၏မျက်ဝန်းတို့က
တလက်လက်တောက်ပနေကြသည်။

မတွေ့တာကြာတာချင်းတူတူ....
ဒီကောင်လေးတွေ့ချင်သူက မိမိ မဟုတ်ခဲ့.....
လွမ်းနေခဲ့တာလို့ ပြောခွင့်မရှိဘူးမို့လား....

ထိုကောင်လေး၏ ထူထဲအုပ်ဆိုင်းသောဆံပင်နက်နက်တို့ကို ထိကိုင်မည့်ဆဲဆဲ....လင်းက နက္ခတ်၏ရှေ့... ခြေလှမ်း၂လှမ်း၃လှမ်းခန့်သို့ ရုတ်တရက်ပြေးထွက်သွားသည်။
လင်း၏ဆံပင်တို့ကို မထိကိုင်လိုက်ရသော နက္ခတ်၏လက်ချောင်းတို့ အနောက်တွင် ကျန်ခဲ့ရသည်။

နောက်ဆုံးတော့လည်း.....
လင်းက သူနဲ့ဆိုင်သူဆီ ပြေးသွားတာပဲ.....

" ဟိုမှာ ရှင်းယံ"

အသံထဲတွင်ပင် ပျော်ရွှင်မှုတို့ပျော်ဝင်နေသည်။
ဆိုင်ရှေ့တည့်တည့်ရှိ ပန်းခြံလမ်းပေါ်တွင် ရပ်နေသော
ရှင်းယံကို လှမ်းမြင်လိုက်ရသောအခါ လင်း၏ရင်ဘတ်ထဲမှ
အကောင်ငယ်ကထိန်းချုပ်မရအောင် လှုပ်ရှားလာသည်။
ပူနွေးသောသွေးတို့ ဘယ်ဘက်ရင်အုံမှစီးဆင်းကာ
တစ်ကိုယ်လုံးကို နွေးထွေးသွားစေသည်။

နှစ်ခါစဉ်းစားနေစရာမလိုပါ....
ရှင်းယံရှေ့သို့ ချက်ချင်းပြေးသွားကာ စာအုပ်ကိုပေးလိုက်တော့မည်....ဒီအခိုက်အတန့်ကို အချိန်ကြာစောင့်နေခဲ့တာပဲ
မဟုတ်လား....

သို့ပေမယ့်.....
မြင်လိုက်ရသော မြင်ကွင်းတစ်ခုက....

လင်း၏ ခြေထောက်ကို ကြမ်းပြင်တွင်အမြစ်တွယ်သကဲ့သို့
တုပ်တုပ်လှုပ်မရအောင် ကပ်ငြိသွားစေသည်။

ရှင်းယံ....
ရှင်းယံက ကျူးရင့်ဟန်သာ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လို့.....

ရှင်းယံ၏ စူးရဲသောမျက်ဝန်းတွေ.....
တစ်ခါသာမြင်ဖူးခဲ့သော ရှင်းယံ၏စိတ်ဆိုးမာန်ဆိုး မျက်ဝန်းတို့က သူ့ရှေ့ရှိ သူစိမ်းကောင်လေးကို စိုက်ကြည့်နေသည်။
ရှင်းယံက ကျူးရင့်လက်ကိုဆုပ်ကိုင်ထားရင်း
ကျူးရင့်ကို သူ၏နောက်ကျောဘက်သို့ ပို့လိုက်သည်။

" အေး...ဟုတ်တယ်...."

ရှင်းယံ၏အသံသည် ထူးခြားစွာ အော်ရှတင်းမာနေသည်။
ရှင်းယံက သူ့ရှေ့ရှိကောင်လေးကို ဒေါသတကြီး စူးစိုက်ကြည့်နေသည်။ ရန်ဖြစ်နေမှန်းသိသာသည်မို့ အနီးအနားရှိလူတို့သည် ရှင်းယံ...ကျူးရင့်နှင့် ကောင်လေးဘက်သို့
ဝိုင်းကြည့်နေကြသည်။

" မင်းပြောတာမှန်တယ်....ကျူးရင့်က ငါ့ကောင်မလေး...
ငါ့ကောင်မလေးမို့လို့ မင်းလက်ဖျားနဲ့တောင် လာမထိနဲ့"

သူစိမ်းကောင်လေးကိုအော်ပြောလိုက်သော ရှင်းယံ၏ မာတင်းသောစကားသည် လင်း၏ရင်ဝကို ဆောင့်တွန်းသွားသကဲ့သို့.....
အရာအားလုံး ကျိုးပျက်အက်ကွဲကာ ဦးနှောက်သို့သွေးများ
ဆောင့်တိုးသွားသကဲ့သို့ ခံစားလိုက်ရသည်.....

ကောင်မလေး?
ကျူးရင့်က ရှင်းယံရဲ့ကောင်မလေး?

ခြေထောက်တို့ခွေယိုင်လဲချင်သွားသည်။ မောပန်းနွမ်းနယ်ခြင်းက ရင်ထဲသို့တိုးခွေ့လာကာ နားထဲသို့ လေများတဝုန်းဝုန်း
တိုးဝင်လာသည်။တစ်ခဏအတွင်း နှလုံးသားသည် ချောက်တစ်ခုထဲသို့ပြုတ်ကျသွားသကဲ့သို့ အထိန်းအကွပ်မဲ့စွာ ပျက်ဆီးသွားသည်။

မယုံကြည်နိုင်စွာ ခြေလှမ်းတို့နောက်သို့ ဆုတ်သွားမိသည်။
ရင်ထဲတွင် တလှပ်လှပ်ဖြစ်ကာ မူးဝေချင်လာသည်။

ဒါပဲလား....
အချိန်ကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့အဖြေတစ်ခုက ဒါပဲလား

ခုန်နေသောနှလုံးခုန်သံသည် လည်ပင်း၌ပျို့တက်ချင်လာသည်။ စာအုပ်ကိုကိုင်ထားသော လက်တို့တုန်ယင်လာသည်။
အားငယ်ရှက်ရွံ့စိတ်က အခိုးအငွေ့ဖြင့်ရိုက်တတ်လာကာ
ဝိုင်းစက်သောမျက်လုံးအိမ်တွင် မျက်ရည်တို့ရစ်ဝဲလာသည်။

လင်း၏ရှေ့မြင်ကွင်းကို နက္ခတ်ကာဆီးပစ်လိုက်သည်။

" လင်း...ဒါ...ဒါက...."

နက္ခတ်၏စကားမဆုံးသေး....
လင်းသည် ထိုနေရာမှ ပြေးထွက်သွားလေသည်။

" သားသား..."

" လင်း...အို...ဒုက္ခပါပဲ...."

မဒီနှင့် နိုးနိုးတို့၏ စိုးရိမ်တကြီးအသံသည် အနောက်၌ကျန်ခဲ့သည်။ ပြေးထွက်သွားသောလင်းကို ဆွဲထားဖို့ရာ သူတို့မတတ်နိုင်ခဲ့ချေ။ လင်းနှင့်ထပ်တူ နိုးနိုးကိုယ်တိုင်လည်း ထိုနေရာတွင် စိတ်ပျက်လက်ပျက် ငုပ်တုပ်ထိုင်ချလိုက်ချင်သည်။
နက္ခတ်သည် ချက်ချင်းပင် လင်း နောက်သို့ပြေးလိုက်သွားသည်။

ဒီဇာတ်လမ်းကိုစလိုက်ကတည်းက အရာအားလုံး
နတ်သမီးပုံပြင်တစ်ပုဒ်လို ပြီးဆုံးလိမ့်မည်လို့ လင်း
မမျှော်မှန်းခဲ့ပါ။ စိုင်းရှင်းယံဘက်မှ အဖြေသည် ကောင်းသည်
ဖြစ်စေ...ဆိုးသည်ဖြစ်စေ လက်ခံမည်ဟုဆုံးဖြတ်ခဲ့သော်လည်း တကယ်တမ်းကြုံတွေ့လာသောအခါ ရင်ထဲ၌ စူးနင့်နာကျင်သည်။ ဝမ်းနည်းစိတ်တို့ပြည့်လျှံလာသည်။

ဒီလောက်တောင် နီးစပ်ခဲ့ပြီးတော့မှ....
အဖြေဟာ ဒါတဲ့လား.....

ဘဝတွင် ပထမဦးဆုံး လင်းသုခတ်၏ဘဝကို စက်ဆုပ်လာမိသည်။ အကယ်၍ သူသာမိန်းကလေးတစ်ယောက်ဆိုရင်
ရှင်းယံအချစ်ကိုရဖို့ ပိုပြီးအခွင့်အရေးရှိခဲ့မလား.....

ဘာကြောင့်လဲ....
အင်းပေါ့လေ...ဒါဟာရုပ်ရှင်တစ်ကားမှ မဟုတ်တာ.....
Crush ကိုရဖို့ ရာခိုင်နှုန်းနည်းမှန်းသိပေမယ့်
စွန့်စားခဲ့တာပဲ မဟုတ်လား.....

ဘာဖြစ်ဖြစ်ရင်ဆိုင်မည် စဉ်းစားခဲ့သော်လည်း
ဝမ်းနည်းစရာအဆုံးသတ်နှင့် လက်တွေ့ကြုံလာရသောအခါ
လက်တွေ့ဘဝကို ရင်မဆိုင်နိုင်တော့ပါ။

ထွက်ပြေးချင်သည်...
အရာအားလုံးကနေ....ဒီနေရာကနေ....
စိုင်းရှင်းယံဆီကနေ....
ထိန်းချုပ်မရသည့် နာကျင်မှုများကနေ.....

လူရှင်းသည့်နေရာသို့ ထွက်ပြေးလာခဲ့ပြီးနောက်
တင်းထားရသော စိတ်အစုံကိုလွှတ်ချလိုက်သည်။
ဝမ်းနည်းမှုသည် ရင်ဝသို့ဆောင့်တွန်းလာကာ ခြေထောက်တို့
အားအင်မရှိဖြစ်လာရသည်။ အဆီးအတားမရှိသော
မျက်ရည်တို့ ပါးပေါ်သို့ဖိတ်အန်လာသည်။
ငုပ်တုပ်ထိုင်ချလိုက်ကာ ရှိုက်ကြီးတငင် အော်ငိုလိုက်မိသည်။

နက္ခတ်သည် လင်းအနောက်သို့ပြေးလိုက်လာပြီးနောက်
နံရံထောင့်ချိုး၌ ငုပ်တုပ်ထိုင်ငိုနေသော လင်းကိုတွေ့လိုက်ရသည်။ လင်းအနားသို့ပြေးသွားကာ လင်း၏ရှေ့တွင်
ဒူးထောက်ထိုင်ချလိုက်မိသည်။

ဒူးပေါ်ခေါင်းမှောက်ချကာ ငိုနေသော လင်း၏ကျောပြင်သည်
နိမ့်ချည်မြင့်ချည် တုန်ခါနေသည်။

လည်ပင်းတွေနာနေတော့မှာပဲ လင်းရယ်....
ရှိုက်ငိုတာ မင်းရဲ့လည်ပင်းတွေနာနေတော့မှာပဲ.....

အခုချိန် လင်း၏ဝမ်းနည်းမှုလျော့သွားအောင် ဘယ်လိုနှစ်သိမ့်ရမလဲ နက္ခတ်မသိပါ။ နက္ခတ်ကိုယ်တိုင်လည်း
ဒီလိုအဖြစ်မျိုးကို မျှော်လင့်မထားခဲ့။

မှောက်ချထားသောလင်း၏ခေါင်းကို အသာအယာဆွဲမော့လိုက်သောအခါ လင်း၏တစ်ကိုယ်လုံး နက္ခတ်ရင်ခွင်ထဲသို့
ပြိုလဲကျလာသည်။ ငိုသံများက တိတ်ဆိတ်မသွားခဲ့။
လင်းကို နက္ခတ် တင်းကျပ်စွာဖက်ထားလိုက်သည်။
နက္ခတ်၏အင်္ကျီသည် လင်း၏မျက်ရည်တို့ဖြင့် စိုရွှဲသွားသည်။

အနောက်မှ လိုက်လာသော နိုးနိုး...မဒီနှင့် သုတ တို့သည်
ငိုနေသောလင်းနှင့် လင်းကိုအသာအယာထွေးပွေ့ထားသော
နက္ခတ်တို့ကိုမြင်သောအခါ သူတို့ကိုယ်တိုင်လည်း
ပြောစရာစကားပျောက်ရှနေသည်။ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး သူတို့လုပ်ပေးနိုင်တာ ဘာမှမရှိ။

နိုးနိုးသည် စိတ်မကောင်းစိတ်ဖြင့် သုတ၏ပခုံးပေါ်သို့
ခေါင်းမှီချလိုက်ကာ လင်းငိုနေသောမြင်ကွင်းမှ
မျက်နှာလွှဲလိုက်သည်။

" သွားရအောင်...သုတ။ လင်းကိုခေါ်ပြီး...ဒီကနေ ငါတို့ပြန်ရအောင်...."

************************************************************************
😭😭😭😭 ( စာရေးသူ ငိုနေသည်)

[Zawgyi]

" အဲ့ေတာ့ နင္က သူစာေမးပြဲၿပီးတဲ့အခ်ိန္ထိ ေစာင့္မယ္ေပါ့"

"အင္း..."

တိက်ျပတ္သားေသာ လင္း၏အသံတြင္ နိုးနိုး ေလပူတစ္ခ်က္
မႈတ္ထုတ္မိလိုက္သည္။ ညာဘက္လက္တြင္ကိုင္ထားေသာ
ဖုန္းကုိ ဘယ္ဘက္လက္သို႔ေျပာင္းကိုင္လိုက္ၿပီး
ဖြင့္မေျပာေပမယ့္ ခံစားေနရမွန္းသိသာေသာ သူငယ္ခ်င္း၏
အသံကုိ ဆက္လက္နားစြင့္ေနသည္။

" နွစ္လေတာင္ လိုေသးတယ္...."

" နွစ္လဆိုတာ မ်က္စိတစ္မွိတ္အတြင္းကုန္သြားမွာပါဟာ..."

" နင္ အဆင္ေျပတယ္မလား...လင္း..."

" မေျပလည္း ေျပရမွာပဲကုိ....ရွင္းယံက အစထဲကေတာ္တဲ့လူဟ....အဲ့လိုေတာ္တဲ့လူကုိ ေနာက္ဆံုးအေရးႀကီးတဲ့စာေမးပြဲက်မွ ငါ့ေၾကာင့္လြဲေခ်ာ္သြားတာမ်ိဳး မျဖစ္ေစခ်င္ဘူး.....
အခုခ်ိန္မွာ ျဖစ္သင့္တာကုိပုိၿပီးဦးစားေပးရမွာေပါ့...
ဟုတ္တယ္မလား....ငါဖြင့္ေျပာမယ့္ကိစၥက ရွင္းယံရဲ႕
စာေမးပြဲရလဒ္ေလာက္အေရးမႀကီးေသးပါဘူး....
ၿပီးေတာ့ ငါအလ်င္မလိုပါဘူးဟာ....ေအးေဆးေပါ့....
အခ်ိန္တစ္ခုထိ စိတ္ရွည္လက္ရွည္ေစာင့္ၿပီးရင္
အားလံုးအဆင္ေျပသြားမွာ....."

" လင္းရယ္.....ငါတို႔ရဲ႕ ဒီစာသင္နွစ္တစ္နွစ္လံုး...
စိုင္းရွင္းယံကုိ ေစာင့္ေနခဲ့တာပဲ"

" ဒီလိုပဲ...လူေတြကခ်စ္မိသြားရင္ ေစာင့္ဆိုင္းၾကတယ္ထင္ပါရဲ႕...အရင္ေခတ္တုန္းကလူေတြလို သံုးနွစ္သံုးမုိး ေစာင့္ခိုင္းတာထက္စာရင္ ေတာ္ေသးတာေပါ့.... "

ရယ္သံအခ်ိဳ႕က ရင္ထဲကလား....ဟန္ေဆာင္တာလား ေတာ့
နိုးနိုးမသိ။ လင္းက ဘယ္အရာမဆို အေကာင္းဘက္က
လွည့္ျမင္တတ္တာမို႔ လင္းအဆင္မေျပျဖစ္မွာေတာ့
သိပ္စိုးရိမ္စရာမလိုပါ။

" နင္ေျပာသလိုပဲ....အခ်ိန္တစ္ခုထိေစာင့္ဆိုင္းရမွာေပါ့...."

" ေက်းဇူးပဲ နိုးနိုး....နင္မရွိရင္ ငါ ဒီအေျခအေနထိေရာက္လာမွာေတာင္မဟုတ္ဘူး....ေနာက္မို႔ဆို ေက်ာင္းၿပီးတဲ့အထိ စိုင္းရွင္းယံကုိဒီတိုင္းေငးၾကည့္ရင္းနဲ႔ လံုးဝ တိတ္တခိုးပဲျဖစ္ေနခဲ့မွာ.. "

" ရပါတယ္ဟာ"

" ငါ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္...."

" အင္း အင္း...bye...."

ဖုန္းက်သြားသည္။ ဖုန္း၏ အနက္ေရာင္မ်က္နွာျပင္ေပၚ
နိုးနိုး ခပ္ေဆြးေဆြးစိုက္ၾကည့္ရင္း...

" ငါေတာ့ နင့္ကုိ ပုိေကာင္းတဲ့ေနရာပို႔မိတာလား...
ပိုဆိုးတဲ့ေနရာပို႔မိတာလား ေတာင္မသိေတာ့ဘူး...."

ဟု ညည္းလိုက္မိသည္။

************************************************************************

ဇန္နဝါရီလ၏ေန႔ရက္တို႔သည္ တျဖည္းျဖည္းကုန္ဆံုးသြားခဲ့သည္။ အတန္းတင္စာေမးပြဲနီးၿပီမို႔ စာထဲတြင္သာ အာရံုစိုက္ရင္း
လင္း၏အခ်ိန္တို႔ ကုန္မွန္းမသိ ကုန္သြားရသည္။

ဇန္နဝါရီ.....
ထို႔ေနာက္ ေဖေဖာ္ဝါရီ...

ရွင္းယံဟုအမည္တပ္ထားေသာ Conversationမွာ
တျဖည္းျဖည္းေအာက္သို႔ ေလ်ာ့ရဲက်သြားသည္။
လင္း၏မွတ္ဉာဏ္တြင္ white ၏နွင္းဆီပန္းမ်ားမွာလည္း
မႈန္ရိမႈန္ဝါး.....။e-mail မွာဖြင့္မၾကည့္တာၾကာ၍
ဖုန္တက္ေနၿပီ။

ထူးထူးျခားျခား ေဖေဖာ္ဝါရီ ၁၄ရက္တြင္ White
အမည္ခံေသာ ဝက္ဝံရုပ္တစ္ရုပ္ အိမ္ေရွ႕သို႔ေရာက္ရွိခဲ့သည္။
Whiteက လက္ေလ်ွာ႔တာလား လက္မေလ်ွာ႔တာလား....
ထြက္လာမွာလား...အၿမဲပုန္းကြယ္ေနေတာ့မွာလား....
သူကေရာ သင့္ေတာ္တဲ့အခ်ိန္တစ္ခုကိုေစာင့္ေနတာလား...စေသာ ေမးခြန္းေပါင္းမ်ားစြာ လင္း၏ေခါင္းကို မူးေဝေစသည္။

ေက်းဇူးျပဳၿပီး White....
ကြၽန္ေတာ္ ခင္ဗ်ားအေၾကာင္းမစဥ္းစားပါရေစနဲ႔..
ကိုယ့္ဟာကိုေတာင္ တိုင္ပတ္ေနရတဲ့ၾကားထဲ ခင္ဗ်ားကုိပါ
ကြၽန္ေတာ္ဂရုမစိုက္နိုင္ဘူး...
ထြက္ေပၚလာရင္လည္း ျငင္းမိမွာမုိ႔....ဒီတိုင္းေလးပဲ
ပုန္းကြယ္ေနေပးပါ...
တျဖည္းျဖည္းနဲ႔ ကြၽန္ေတာ့္ကိုေမ့သြားမွာေပါ့....ဟုတ္တယ္မလား....

တကယ္လည္း ထိုဝက္ဝံရုပ္က White ၏ေနာက္ဆံုး
လက္ေဆာင္ျဖစ္ခဲ့ပါသည္။

လင္းတို႔ စာေမးပြဲေျဖၿပီးေနာက္ ေႏြရာသီေက်ာင္းပိတ္ရက္သို႔
ေရာက္ရွိခဲ့ၿပီ။ တကၠသိုလ္ဝင္တန္းစာေမးပြဲက
ေဖေဖာ္ဝါရီလကုန္၌ က်င္းပမည္မို႔ လင္းမွာအိမ္တြင္ေနရင္း
ရွင္းယံစာေမးပြဲၿပီးမည့္ရက္ကုိ ထိုင္ေစာင့္ေနရသည္။

ရက္ပိုင္းအၾကာ....
သတင္းစာတို႔၏ေခါင္းစဥ္ထိပ္တြင္ " တကၠသိုလ္ဝင္တန္းစာေမးပြဲပံုရိပ္မ်ား" ဟူေသာ သတင္းေခါင္းစဥ္တို႔ေနရာယူလာသည္။ တီဗီ၌ျဖစ္ေစ...သတင္းစာ၌ျဖစ္ေစ...အင္တာနက္ေပၚ၌ျဖစ္ေစ....အရာအားလံုးသည္ စာေမးပြဲအေၾကာင္းေျပာဆိုေနၾကသည္။

ျမန္မာစာေန႔....
English စာေန႔...
သခ်ၤာေန႔....
တစ္ေန႔ ၿပီးတစ္ေန႔......
တစ္ရက္ၿပီးတစ္ရက္ကုန္ဆံုးသြားသလို လင္း၏နွလံုးသားမွာ
တစ္စထက္တစ္စ ပုိမိုလ်င္ျမန္စြာခုန္ေပါက္ေနသည္။
ေနာက္ဆံုးေတာ့ ေစာင့္ဆိုင္းခဲ့ေသာေန႔ကုိ ေရာက္ခဲ့ၿပီလား...

မနက္ျဖန္ဆို...စာေမးပြဲေနာက္ဆံုးေန႔...
ေသခ်ာသိမ္းဆည္းထားခဲ့ေသာ စာအုပ္ေလးကုိ လင္း ထုတ္ၾကည့္လိုက္သည္။

ခဏပဲေစာင့္ပါ ရွင္းယံ...
ကြၽန္ေတာ္ ကုိႀကီးဆီကိုအေရာက္လာခဲ့မယ္.....

" မနက္ျဖန္ စာေမးပြဲၿပီးရင္ ရွင္းယံတို႔က Myanmar plaza သြားၾကမယ္တဲ့...လင္း....ငါတို႔ကိုလည္း
ေခၚထားတယ္...နင္တစ္ခါတည္းေျပာလိုက္သင့္တယ္ထင္တယ္...."

ရိပ္၏စကားအဆံုးတြင္ ရင္ထဲ၌စိတ္လႈပ္ရွားတုန္လႈပ္လာသည္။

" ဘယ္အခ်ိန္လဲ...."

" ည၇နာရီ"

" အင္း....ငါေသခ်ာျပင္ဆင္လာခဲ့မယ္"

ဖုန္းကုိခ်လိုက္ၿပီးေနာက္ လင္းသည္မ်က္ႏွာကုိ လက္ဖဝါးျဖင့္အုပ္ရင္း ရယ္လိုက္မိသည္။
ဖြင့္ေျပာဖို႔စဥ္းစားမိရံုနဲ႔တင္ ဒီေလာက္စိတ္လႈပ္ရွားဖို႔
ေကာင္းသလား....
ရွင္းယံ ဘယ္လိုတံု႔ျပန္မလဲ....ထိုအရာကုိေတာ့ ႀကိဳမစဥ္းစားခ်င္မိပါ...ေမ်ွာ္လင့္ခ်က္ထားရင္ ထိုအတိုင္းမျဖစ္လာပါက
ပုိနာက်င္စရာေကာင္းလိမ့္မည္....

ဒါေပမယ့္.....ေမ်ွာ္လင့္ခ်က္ေသးေသးေလးေတာ့ ထားပါရေစ
ရွင္းယံ....
ကြၽန္ေတာ္က ေမ်ွာ္လင့္ခ်က္ထားဖို႔ေတာ့ ထိုက္တန္တယ္မလား.....

ထိုေန႔ညက လင္းအိပ္မေပ်ာ္ခဲ့ပါ။ စိတ္လႈပ္ရွားလြန္း၍
အေတြးမမ်ားေစရန္ ကိုယ့္ကိုယ္ကုိမနည္းထိန္းထားခဲ့ရသည္။
ဘယ္ေလာက္ပဲ အဆံုးသတ္အေျဖကုိ ၾကဳိတင္မခန္႔မွန္းဘူး
ဟုဆိုပါေစ....စိတ္၏အတြင္းေအာက္ေျခတြင္ ရွင္းယံထံမွ
" yes" ဆိုေသာအေျဖကုိ ေတာင့္တေနၿမဲျဖစ္သည္။
ဒါျဖစ္သင့္တာပဲေလ။

ညက ေကာင္းေကာင္းအိပ္မေပ်ာ္ေသာ္လည္း မနက္ကုိ
ေစာေစာနိုးေနျပန္သည္။ စိတ္ေစာေနလို႔လား...နွလံုးသားက အခုက်ေတာ့လည္း တက္ႂကြေနျပန္သည္။ နာရီလက္တံတို႔ ေႏွးေကြးစြာ လည္ပတ္ၾကသည္။ စိတ္ကျမန္ေသာအခါ
အခ်ိန္တို႔ ၾကာရျပန္သည္။

ေန႔လည္ ၁၂နာရီ...
ဘုရားေရ...ရွင္းယံတို႔ စာေမးပြဲၿပီးၿပီ။

ရွင္းယံ ဖုန္းကိုင္ေတာ့မွာလား...
ေအာ္...မဟုတ္ေသးပါဘူး...ရွင္းယံ အိမ္ျပန္ၿပီးနားရဦးမွာေပါ့...သူပင္ပန္းေနမွာေလ....
အိမ္ျပန္ၿပီး.... ေရမိုးခ်ိဳးၿပီး...တေရးတေမာအိပ္ရဦးမွာေပါ့...

ရတယ္ ရွင္းယံ....
ကြၽန္ေတာ္ အလ်င္မလိုဘူး...ကြၽန္ေတာ္တို႔ ညေနက်ေတြ႕မွာပဲ.....

ေန႔လည္ ၁နာရီ....
ရွင္းယံ အိပ္ေနသလား....ရွင္းယံက ေန႔ခင္းေန႔လည္
တေရးတေမာအိပ္တတ္သူေတာ့မဟုတ္ဘူး...
ဒါေပမယ့္ ပင္ပန္းရင္ေတာ့ သူအိပ္ေနမွာေပါ့ေလ....
ရွင္းယံရဲ႕ Account က မီးမစိမ္းေသးဘူး....

ညေန၃နာရီ.....
ခြန္စိုင္း Post တင္ထားတယ္.....
သူတို႔ ၄ေယာက္တူတူရွိေနတာလား....သူတို႔၄ေယာက္တူတူ
ေလ်ွာက္သြားေနၾကတယ္ ထင္တယ္....
၄ေယာက္တည္းမွ မဟုတ္ဘဲ...ဓာတ္ပံုရိုက္ေပးသူက
က်ဴးရင့္ဟန္သာဆိုေတာ့ မမက်ဴးရင့္လည္းပါတာေပါ့...

ညေန ၆နာရီခြဲ....
ကြၽန္ေတာ္ Myanmar plaza ကုိထြက္လာၿပီ....
ကြၽန္ေတာ္နဲ႔အတူ မဒီလည္းပါလာတယ္.....
နိုးနိုး...ရိပ္နဲ႔ သုတက အဲ့မွာရွိေနမယ္တဲ့....ဗညားက ခရီးသြားေနလို႔ ဒီကုိမလာနိုင္ဘူးေပါ့.....

ကုိႀကီးေရာ ဘယ္မွာလဲ.... ရွင္းယံ....
ေရာက္ေနၿပီလား....
ကြၽန္ေတာ့္မွာ ကုိႀကီးကုိေပးဖို႔ တစ္စံုတစ္ခုပါလာတယ္....

Myanmar plaza အေပါက္ဝေရွ႕သို႔ေျခခ်မိစဥ္
အေပါက္ဝတြင္ ေစာင့္ေနေသာနိုးနိုးက လင္းထံေျပးလာသည္။ စိတ္လႈပ္ရွားေနေသာလင္းကုိ သူမက အၿပံဳးတစ္ခုျဖင့္
နွစ္သိမ့္သည္။

" အားတင္းထား...."

ေျခလွမ္းတို႔သည္ Myanmar plaza အတြင္းဘက္သို႔
စတင္လွမ္းဝင္လိုက္သည္။ ရွင္းယံတို႔အုပ္စုက
myanmar plaza အေပၚထပ္ပန္းၿခံရွိ စားေသာက္ဆိုင္တြင္ ရွိေနၾကမည္။ ဓာတ္ေလွကားမွတစ္ဆင့္ အေပၚထပ္ပန္းၿခံဆီသို႔ တက္ခဲ့ၾကသည္။ပန္းၿခံရွိ Bar မ်ား....ဆိုင္မ်ားဖြင့္
ေနၿပီမို႔ ပန္းၿခံတြင္ လူမ်ားေနသည္။

လင္းတို႔ ပန္းၿခံသို႔ေရာက္ေသာအခါ အသင့္ၾကဳိေစာင့္ဆိုင္းေနေသာ သုတနွင့္ေတြ႕ေလသည္။ ရိပ္က ခြန္စိုင္းနွင့္တူတူ
ဆိုင္ထဲတြင္ ေရာက္ရွိေနၿပီျဖစ္သည္။

ေကာင္းကင္သည္ အတန္ငယ္ေမွာင္ေနၿပီ။ ပန္းၿခံတြင္
မီးလင္းတိုင္တို႔ ထြန္းညႇိကာ မွိန္ျပျပလင္းေနၾကသည္။
သုတက ေရွ႕မွဦးေဆာင္ကာ ရွင္းယံတို႔ရွိေသာ ဆိုင္သို႔
သြားသည္။ လင္းသည္ အေနာက္မွ စာအုပ္ေလးကုိပိုက္ရင္း
စိတ္လႈပ္ရွားစြာ အသံတိတ္လိုက္လာသည္။

ဆိုင္သို႔ နီးေလ...နီးေလ...
ိွနွလံုးခုန္သံတို႔ ေပါက္ကြဲမတတ္က်ယ္ေလာင္လာေလ.....

" လင္း...."

အေနာက္ကြယ္မွ ေခၚသံသည္ စိတ္လႈပ္ရွားေနေသာ
လင္းကုိ တြန္႔ခနဲျဖစ္သြားေစသည္။ လင္း လွည့္ၾကည့္လိုက္ေသာအခါ ေဆးလိပ္ကုိပါးစပ္တြင္ခဲထားေသာ နကၡတ္ကုိ
ေတြ႕လိုက္ရသည္။

နကၡတ္သည္ ေဆးလိပ္ကုိလက္ၾကားထဲညႇပ္လိုက္၍
အေငြ႕တို႔ကို မႈတ္ထုတ္လိုက္သည္။

" ရွင္းယံကုိ လာေတြ႕တာမလား...."

လင္း ေခါင္းညိမ့္သည္။ နကၡတ္က ဘာမွထပ္မေျပာဘဲ
ေဆးလိပ္ကုိ ေနာက္တစ္ခ်က္ရႈိက္လိုက္သည္။

" ငါနဲ႔မင္းနဲ႔ေတာင္ မေတြ႕ရတာ ၾကာၿပီေနာ္...."

လင္း၏ရင္တြင္ တင္းက်ပ္စြာပိုက္ထားေသာ စာအုပ္ကုိ
နကၡတ္ေတြ႕လိုက္သည္။ နကၡတ္သည္ နႈတ္ခမ္းတစ္ဖက္စြန္းေကြးရံုမ်ွ ၿပံဳးလိုက္သည္။

" အစ္ကုိနဲ႔ လိုက္ခဲ့ၾကေလ...."

နကၡတ္သည္ လင္းနွင့္ယွဥ္ကပ္၍ တူတူေလ်ွာက္ခဲ့သည္။
မိမိေဘးတြင္ ရွိေသာ ေကာင္ေလးကုိမသိမသာ ေစာင္းငဲ့ၾကည့္ရင္း နကၡတ္ ပင့္သက္ေမာရသည္။
စိတ္လႈပ္ရွားေနပံုေပါက္ေသာ လင္း၏မ်က္ဝန္းတို႔က
တလက္လက္ေတာက္ပေနၾကသည္။

မေတြ႕တာၾကာတာခ်င္းတူတူ....
ဒီေကာင္ေလးေတြ႕ခ်င္သူက မိမိ မဟုတ္ခဲ့.....
လြမ္းေနခဲ့တာလို႔ ေျပာခြင့္မရွိဘူးမုိ႔လား....

ထိုေကာင္ေလး၏ ထူထဲအုပ္ဆိုင္းေသာဆံပင္နက္နက္တို႔ကုိ ထိကိုင္မည့္ဆဲဆဲ....လင္းက နကၡတ္၏ေရွ႕... ေျခလွမ္း၂လွမ္း၃လွမ္းခန္႔သို႔ ရုတ္တရက္ေျပးထြက္သြားသည္။
လင္း၏ဆံပင္တို႔ကို မထိကိုင္လိုက္ရေသာ နကၡတ္၏လက္ေခ်ာင္းတို႔ အေနာက္တြင္ က်န္ခဲ့ရသည္။

ေနာက္ဆံုးေတာ့လည္း.....
လင္းက သူနဲ႔ဆိုင္သူဆီ ေျပးသြားတာပဲ.....

" ဟိုမွာ ရွင္းယံ"

အသံထဲတြင္ပင္ ေပ်ာ္႐ႊင္မႈတို႔ေပ်ာ္ဝင္ေနသည္။
ဆိုင္ေရွ႕တည့္တည့္ရွိ ပန္းၿခံလမ္းေပၚတြင္ ရပ္ေနေသာ
ရွင္းယံကုိ လွမ္းျမင္လိုက္ရေသာအခါ လင္း၏ရင္ဘတ္ထဲမွ
အေကာင္္ငယ္ကထိန္းခ်ဳပ္မရေအာင္ လႈပ္ရွားလာသည္။
ပူေႏြးေသာေသြးတို႔ ဘယ္ဘက္ရင္အံုမွစီးဆင္းကာ
တစ္ကိုယ္လံုးကုိ ေႏြးေထြးသြားေစသည္။

နွစ္ခါစဥ္းစားေနစရာမလိုပါ....
ရွင္းယံေရွ႕သို႔ ခ်က္ခ်င္းေျပးသြားကာ စာအုပ္ကုိေပးလိုက္ေတာ့မည္....ဒီအခိုက္အတန္႔ကုိ အခ်ိန္ၾကာေစာင့္ေနခဲ့တာပဲ
မဟုတ္လား....

သို႔ေပမယ့္.....
ျမင္လိုက္ရေသာ ျမင္ကြင္းတစ္ခုက....

လင္း၏ ေျခေထာက္ကုိ ၾကမ္းျပင္တြင္အျမစ္တြယ္သကဲ့သို႔
တုပ္တုပ္လႈပ္မရေအာင္ ကပ္ၿငိသြားေစသည္။

ရွင္းယံ....
ရွင္းယံက က်ဴးရင့္ဟန္သာ၏လက္ကုိ တင္းက်ပ္စြာဆုပ္ကိုင္လို႔.....

ရွင္းယံ၏ စူးရဲေသာမ်က္ဝန္းေတြ.....
တစ္ခါသာျမင္ဖူးခဲ့ေသာ ရွင္းယံ၏စိတ္ဆိုးမာန္ဆိုး မ်က္ဝန္းတို႔က သူ႔ေရွ႕ရွိ သူစိမ္းေကာင္ေလးကုိ စိုက္ၾကည့္ေနသည္။
ရွင္းယံက က်ဴးရင့္လက္ကုိဆုပ္ကိုင္ထားရင္း
က်ဴးရင့္ကုိ သူ၏ေနာက္ေက်ာဘက္သို႔ ပို႔လိုက္သည္။

" ေအး...ဟုတ္တယ္...."

ရွင္းယံ၏အသံသည္ ထူးျခားစြာ ေအာ္ရွတင္းမာေနသည္။
ရွင္းယံက သူ႔ေရွ႕ရွိေကာင္ေလးကုိ ေဒါသတႀကီး စူးစိုက္ၾကည့္ေနသည္။ ရန္ျဖစ္ေနမွန္းသိသာသည္မို႔ အနီးအနားရွိလူတို႔သည္ ရွင္းယံ...က်ဴးရင့္နွင့္ ေကာင္ေလးဘက္သို႔
ဝိုင္းၾကည့္ေနၾကသည္။

" မင္းေျပာတာမွန္တယ္....က်ဴးရင့္က ငါ့ေကာင္မေလး...
ငါ့ေကာင္မေလးမုိ႔လို႔ မင္းလက္ဖ်ားနဲ႔ေတာင္ လာမထိနဲ႔"

သူစိမ္းေကာင္ေလးကုိေအာ္ေျပာလိုက္ေသာ ရွင္းယံ၏ မာတင္းေသာစကားသည္ လင္း၏ရင္ဝကုိ ေဆာင့္တြန္းသြားသကဲ့သို႔.....
အရာအားလံုး က်ိဳးပ်က္အက္ကြဲကာ ဦးေနွာက္သို႔ေသြးမ်ား
ေဆာင့္တိုးသြားသကဲ့သို႔ ခံစားလိုက္ရသည္.....

ေကာင္မေလး?
က်ဴးရင့္က ရွင္းယံရဲ႕ေကာင္မေလး?

ေျခေထာက္တို႔ေခြယိုင္လဲခ်င္သြားသည္။ ေမာပန္းႏြမ္းနယ္ျခင္းက ရင္ထဲသို႔တိုးေခြ႕လာကာ နားထဲသို႔ ေလမ်ားတဝုန္းဝုန္း
တိုးဝင္လာသည္။တစ္ခဏအတြင္း နွလံုးသားသည္ ေခ်ာက္တစ္ခုထဲသို႔ျပဳတ္က်သြားသကဲ့သို႔ အထိန္းအကြပ္မဲ့စြာ ပ်က္ဆီးသြားသည္။

မယံုၾကည္နိုင္စြာ ေျခလွမ္းတို႔ေနာက္သို႔ ဆုတ္သြားမိသည္။
ရင္ထဲတြင္ တလွပ္လွပ္ျဖစ္ကာ မူးေဝခ်င္လာသည္။

ဒါပဲလား....
အခ်ိန္ၾကာေအာင္ ေစာင့္ဆိုင္းခဲ့ရတဲ့အေျဖတစ္ခုက ဒါပဲလား

ခုန္ေနေသာနွလံုးခုန္သံသည္ လည္ပင္း၌ပ်ိဳ႕တက္ခ်င္လာသည္။ စာအုပ္ကုိကိုင္ထားေသာ လက္တို႔တုန္ယင္လာသည္။
အားငယ္ရွက္႐ြံ႕စိတ္က အခိုးအေငြ႕ျဖင့္ရိုက္တတ္လာကာ
ဝိုင္းစက္ေသာမ်က္လံုးအိမ္တြင္ မ်က္ရည္တို႔ရစ္ဝဲလာသည္။

လင္း၏ေရွ႕ျမင္ကြင္းကို နကၡတ္ကာဆီးပစ္လိုက္သည္။

" လင္း...ဒါ...ဒါက...."

နကၡတ္၏စကားမဆံုးေသး....
လင္းသည္ ထိုေနရာမွ ေျပးထြက္သြားေလသည္။

" သားသား..."

" လင္း...အုိ...ဒုကၡပါပဲ...."

မဒီနွင့္ နိုးနိုးတို႔၏ စိုးရိမ္တႀကီးအသံသည္ အေနာက္၌က်န္ခဲ့သည္။ ေျပးထြက္သြားေသာလင္းကုိ ဆြဲထားဖို႔ရာ သူတို႔မတတ္နိုင္ခဲ့ေခ်။ လင္းနွင့္ထပ္တူ နိုးနိုးကိုယ္တိုင္လည္း ထိုေနရာတြင္ စိတ္ပ်က္လက္ပ်က္ ငုပ္တုပ္ထိုင္ခ်လိုက္ခ်င္သည္။
နကၡတ္သည္ ခ်က္ခ်င္းပင္ လင္း ေနာက္သို႔ေျပးလိုက္သြားသည္။

ဒီဇာတ္လမ္းကုိစလိုက္ကတည္းက အရာအားလံုး
နတ္သမီးပံုျပင္တစ္ပုဒ္လို ၿပီးဆံုးလိမ့္မည္လို႔ လင္း
မေမွ်ာ္မွန္းခဲ့ပါ။ စိုင္းရွင္းယံဘက္မွ အေျဖသည္ ေကာင္းသည္
ျဖစ္ေစ...ဆိုးသည္ျဖစ္ေစ လက္ခံမည္ဟုဆံုးျဖတ္ခဲ့ေသာ္လည္း တကယ္တမ္းႀကံဳေတြ႕လာေသာအခါ ရင္ထဲ၌ စူးနင့္နာက်င္သည္။ ဝမ္းနည္းစိတ္တို႔ျပည့္လ်ွံလာသည္။

ဒီေလာက္ေတာင္ နီးစပ္ခဲ့ၿပီးေတာ့မွ....
အေျဖဟာ ဒါတဲ့လား.....

ဘဝတြင္ ပထမဦးဆံုး လင္းသုခတ္၏ဘဝကုိ စက္ဆုပ္လာမိသည္။ အကယ္၍ သူသာမိန္းကေလးတစ္ေယာက္ဆိုရင္
ရွင္းယံအခ်စ္ကုိရဖို႔ ပုိၿပီးအခြင့္အေရးရွိခဲ့မလား.....

ဘာေၾကာင့္လဲ....
အင္းေပါ့ေလ...ဒါဟာရုပ္ရွင္တစ္ကားမွ မဟုတ္တာ.....
Crush ကုိရဖို႔ ရာခိုင္နႈန္းနည္းမွန္းသိေပမယ့္
စြန္႔စားခဲ့တာပဲ မဟုတ္လား.....

ဘာျဖစ္ျဖစ္ရင္ဆိုင္မည္ စဥ္းစားခဲ့ေသာ္လည္း
ဝမ္းနည္းစရာအဆံုးသတ္နွင့္ လက္ေတြ႕ႀကံဳလာရေသာအခါ
လက္ေတြ႕ဘဝကုိ ရင္မဆိုင္နိုင္ေတာ့ပါ။

ထြက္ေျပးခ်င္သည္...
အရာအားလံုးကေန....ဒီေနရာကေန....
စိုင္းရွင္းယံဆီကေန....
ထိန္းခ်ဳပ္မရသည့္ နာက်င္မႈမ်ားကေန.....

လူရွင္းသည့္ေနရာသို႔ ထြက္ေျပးလာခဲ့ၿပီးေနာက္
တင္းထားရေသာ စိတ္အစံုကိုလႊတ္ခ်လိုက္သည္။
ဝမ္းနည္းမႈသည္ ရင္ဝသို႔ေဆာင့္တြန္းလာကာ ေျခေထာက္တို႔
အားအင္မရွိျဖစ္လာရသည္။ အဆီးအတားမရွိေသာ
မ်က္ရည္တို႔ ပါးေပၚသို႔ဖိတ္အန္လာသည္။
ငုပ္တုပ္ထိုင္ခ်လိုက္ကာ ရႈိက္ႀကီးတငင္ ေအာ္ငုိလိုက္မိသည္။

နကၡတ္သည္ လင္းအေနာက္သို႔ေျပးလိုက္လာၿပီးေနာက္
နံရံေထာင့္ခ်ိဳး၌ ငုပ္တုပ္ထိုင္ငိုေနေသာ လင္းကုိေတြ႕လိုက္ရသည္။ လင္းအနားသို႔ေျပးသြားကာ လင္း၏ေရွ႕တြင္
ဒူးေထာက္ထိုင္ခ်လိုက္မိသည္။

ဒူးေပၚေခါင္းေမွာက္ခ်ကာ ငုိေနေသာ လင္း၏ေက်ာျပင္သည္
နိမ့္ခ်ည္ျမင့္ခ်ည္ တုန္ခါေနသည္။

လည္ပင္းေတြနာေနေတာ့မွာပဲ လင္းရယ္....
ရႈိက္ငုိတာ မင္းရဲ႕လည္ပင္းေတြနာေနေတာ့မွာပဲ.....

အခုခ်ိန္ လင္း၏ဝမ္းနည္းမႈေလ်ာ့သြားေအာင္ ဘယ္လိုနွစ္သိမ့္ရမလဲ နကၡတ္မသိပါ။ နကၡတ္ကိုယ္တိုင္လည္း
ဒီလိုအျဖစ္မ်ိဳးကုိ ေမ်ွာ္လင့္မထားခဲ့။

ေမွာက္ခ်ထားေသာလင္း၏ေခါင္းကုိ အသာအယာဆြဲေမာ့လိုက္ေသာအခါ လင္း၏တစ္ကိုယ္လံုး နကၡတ္ရင္ခြင္ထဲသို႔
ျပဳိလဲက်လာသည္။ ငုိသံမ်ားက တိတ္ဆိတ္မသြားခဲ့။
လင္းကုိ နကၡတ္ တင္းက်ပ္စြာဖက္ထားလိုက္သည္။
နကၡတ္၏အက်ႌသည္ လင္း၏မ်က္ရည္တို႔ျဖင့္ စို႐ႊဲသြားသည္။

အေနာက္မွ လိုက္လာေသာ နိုးနိုး...မဒီနွင့္ သုတ တုိ႔သည္
ငိုေနေသာလင္းႏွင့္ လင္းကုိအသာအယာေထြးေပြ႕ထားေသာ
နကၡတ္တို႔ကုိျမင္ေသာအခါ သူတုိ႔ကိုယ္တိုင္လည္း
ေျပာစရာစကားေပ်ာက္ရွေနသည္။ စိတ္မေကာင္းျဖစ္ရံုမွတစ္ပါး သူတို႔လုပ္ေပးနိုင္တာ ဘာမွမရွိ။

နိုးနိုးသည္ စိတ္မေကာင္းစိတ္ျဖင့္ သုတ၏ပခံုးေပၚသို႔
ေခါင္းမွီခ်လိုက္ကာ လင္းငုိေနေသာျမင္ကြင္းမွ
မ်က္ႏွာလႊဲလိုက္သည္။

" သြားရေအာင္...သုတ။ လင္းကုိေခၚၿပီး...ဒီကေန ငါတို႔ျပန္ရေအာင္...."

************************************************************************
😭😭😭😭 ( စာေရးသူ ငုိေနသည္)

Continue Reading

You'll Also Like

56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
1.2K 65 10
ချစ်တာကိုမေတ္တာတွေနဲ့ဖော်ပြရမှာပေါ့
1.4M 59.3K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
514K 43.6K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...