[Unicode]
တစ်ရက်.....
နှစ်ရက်..........
သုံးရက်.............
စိုင်းရှင်းယံမှ တစ်စုံတစ်ရာ ဆက်သွယ်မှုကိုမရခဲ့ပါ......
တဟုန်းဟုန်းထတောက်ပြီး ငြိမ်းသွားသည့် ကောက်ရိုးမီးလိုမျိုး လင်း၏သတင်းမှာလည်း တစ်စ တစ်စ...နှင့် မေ့ပျောက်ခြင်းခံသွားရသည်။ လင်း၏သတင်းကို ဘယ်သူမှသတိမရတော့။ ဘယ်သူမှ အထူးတလည်ပြောဆိုခြင်းမပြုတော့။
လင်း၏သတင်းမှာ လူအများ၏ပါးစပ်ဖျားတွင် ခဏတာ
အတင်းအဖျင်းတစ်ပုဒ်သာ ဖြစ်သွားရသည်။
ထိုအဖြစ်အပျက်တွင် ပြောင်းလဲမှု နှစ်ခုဖြစ်သွားရသည်။
တစ်ခုမှာ လင်းဟာ Gay တစ်ယောက်ဖြစ်ကြောင်း အကုန်လုံးသိသွားမှုနှင့်
ကျန်တစ်ခုမှာ လင်း အခန်းထဲက အခန်းပြင်မထွက်တော့ခြင်းဖြစ်သည်။ ကျောင်းသို့ရောက်သည်နှင့် လင်းသည် စာသင်ခန်းသို့သာပြေးလာပြီး အပြင်ထွက်ခြင်းမပြုတော့။ ကျောင်းဆင်းချိန်ရောက်သောအခါမှသာ ကျောင်းကားဆီသို့ တည့်တည့်မတ်မတ်သွားခြင်း ပြုတော့သည်။
မုန့်ဈေးတန်းသို့မလာ....ဘောလုံးကွင်းသို့မလာ....
Deviated လုပ်ထားသော facebook account
အပြင် သူ၏သူငယ်ချင်းလေးယောက်ကိုသာ စကားပြောဆိုခြင်းပြုတော့သည်။
စာငုံ့ရေးနေသည့် လင်း၏မျက်နှာလေးသည် လေးနက်ရှင်းသန့်နေသည်။ အရှေ့ကိုမော့ကြည့်လိုက်...စာပြန်ကူးရေးလိုက်နှင့် အလုပ်ရှုပ်နေသည့် လင်းသုခတ်ကို နက္ခက် ခပ်ဝေးဝေးမှ လှမ်းမြင်နေရသည်။
ပြတင်းပေါက်ကိုဖြတ်၍ လှမ်းမြင်နေရသော လင်း၏ပုံရိပ်.....
နက္ခက်သည် ဝရံတာဘောင်ကို လက်ထောက်လျက်
မိမိလှမ်းမြင်နေရသောကျောင်းအဆောင်၏ပြတင်းပေါက်ကိုသာ စူးစိုက်ကြည့်နေသည်။ နက္ခက်ရှိနေသော ကျောင်းအဆောက်အဦမှ လင်းရှိနေရာအဆောက်အဦကိုလှမ်းမြင်နေရသောကြောင့်...အထူးသဖြင့် လင်းက ပြတင်းပေါက်ဘေးခုံတွင်ထိုင်နေသည်မို့ လင်း၏အပြုအမူမှန်သမျှကို နက္ခက်
လှမ်းမြင်နေရသည်။
အရင်က အကြောင်းအရင်းမရှိ အမြဲရယ်နေတဲ့ကောင်လေးဟာ ဘာလို့တည်သွားရတာပါလဲ.....
အမြဲတမ်း တစ်နေရာထဲမှာအငြိမ်မနေဘဲ လျှောက်သွားနေတတ်တဲ့ကောင်လေးဟာ အခုတော့ အခန်းထဲက အခန်းပြင်မထွက်ဘဲ ငြိမ်ကုပ်သွားရသည်.....
လင်း...အရင်က မင်းကိုပြန်လိုချင်တယ်....
ဘယ်လိုလုပ်ရမလဲ......
လေအေးတစ်ချက်သည် နက္ခက်၏အရှေ့ဆံပင်များကို
ယိမ်းထိုးလှုပ်ရှားသွားစေသည်။
မိမိလှမ်းကြည့်နေသော ကောင်လေး၏လှုပ်ရှားမှုတစ်ခုချင်းစီကို မျက်ခြေအပျက်မခံဘဲစိုက်ကြည့်ရင်း နက္ခက်ပြုံးလိုက်မိသည်။
" မင်းသိလား လင်း....ငါအခုလို မင်းမသိအောင် အဝေးကလှမ်းကြည့်ရတာ အရမ်းသဘောကျတယ်....ဘာလို့လဲ ဆိုတာရော မင်းသိလား....ဘာလို့လဲဆိုတော့....."
တိုးညှင်းစွာပြောနေရင်း စကားလုံးအချို့ လည်ပင်းတွင်စို့တစ်သွားရသည်။ အပြုံးတို့ဟာ ဘာလို့နာကျင်သွားရတာလဲ။
အခု သူတို့၂ယောက်ရဲ့အကွာအဝေးဟာ ဘယ်လောက်ပါလဲ....
ခြေလှမ်းငါးဆယ်လား?
နှစ်ယောက်သားရှိနေသည့် မတူညီသောအဆောက်အဦနှစ်ခုရဲ့အကွာအဝေးက ခြေလှမ်းငါးဆယ်လား?
လင်းက သူ့ရဲ့စာသင်ခန်းထဲမှာ...
နက္ခက်က သူ့ရဲ့စာသင်ခန်းရှေ့ ဝရံတာမှာ.....
မတူညီသောနေရာ....တစ်ခုသော အကွာအဝေး.....
တစ်စုံတစ်ယောက်က ငေးကြည့်နေပေမယ့်....
တစ်စုံတစ်ယောက်ကတော့ ငေးကြည့်ခံနေရမှန်း မသိတဲ့အခါမျိုး....
အဆောက်အဦနှစ်ခုရဲ့အကွာအဝေးကဘယ်လောက်လဲ....
မင်းနဲ့ငါရဲ့ အကွာအဝေးကရော ဘယ်လောက်ပါလဲ.....
ထင်ထားတာထက်တော့ ပိုဝေးတယ်မလား....နာနတ်သီးလေး...
အခုလိုမျိုး ငါက မင်းကိုဆက်တိုက်ကြည့်နေပေမယ့်
မင်းကတော့ တခြားတစ်နေရာကို ငေးကြည့်နေတာမျိုးပေါ့...
အခုအဖြစ်အပျက်က ငါတို့၂ယောက်ရဲ့အဖြစ်နဲ့မတူဘူးလား....
လှမ်းမြင်နေရပေမယ့်အကွာအဝေးတစ်ခုက ပိုင်းခြားထားတာမျိုး.....
အားလျော့သိမ်ငယ်စိတ်နှင့်အတူ စကားလုံးအချို့က
အသံမထွက်ဘဲ ဦးနှောက်တွင်ရိုက်ခတ်လာသည်။
" ငါက ဒီထက်ပိုပြီး မင်းနဲ့နီးလို့မရတော့ဘူး...လင်း....
ဘာလို့လဲဆိုတော့...."
" မင်းက စိုင်းရှင်းယံအတွက်မို့...."
တိုက်ခတ်သောလေက နက္ခက်ကိုရိုက်ချသွားကာ
အဆောက်အဦ၏အောက်စီ ဆွဲချသွားသကဲ့သို့......
နက္ခက်၏ ခန္ဓာကိုယ်ကိုတော့မဟုတ်....
နက္ခက်၏စိတ်....နက္ခက်၏နှလုံးသားကို တဖြေးဖြေး
အဆောက်အဦ၏အောက်သို့ ဆွဲချပြိုလဲစေသည်။
အကြောစိမ်းများထောင်နေသောလက်သည် ဝရံတာလက်ရန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။
ကျောင်းခေါင်းလောင်းသံကြားမှသာ နက္ခက်၏အသိစိတ်တို့ကန်ဝင်လာရသည်။ အသိစိတ်နှင့်အတူ လတ်တလောကမှ ဖြစ်တည်လာသည့်တာဝန်တစ်ခု ရှိသေးသည်မို့ နက္ခက်
စာသင်ခန်းထဲသို့ပြေးဝင်သွားသည်။
မိမိခုံပေါ်တွင်တင်ထားသော ကိုလာဘူးကိုယူကာ အခန်းထဲမှ
ဝရုန်းသုန်းကားပြေးထွက်သွားသည်။ နက္ခက်သည်
လှေကားပေါ်မှ အမောတကြီးပြေးဆင်း၍ လှေကားအဆင့်များကိုပင် နှစ်ဆင့်သုံးဆင့် ခုန်ကျော်သွားသည်။
ထို့နောက် သူခန့်မှန်းခဲ့သော ခြေလှမ်းငါးဆယ်အကွာအဝေးသို့ပြေးကာ လင်း၏အခန်းရှိရာအဆောက်အဦပေါ်သို့
ပြေးတက်သွားသည်။ ထမင်းစားဆင်းချိန်ဖြစ်၍ အောက်သို့
အုံကျပြေးဆင်းလာသော ကျောင်းသူကျောင်းသားများနှင့်
ဆန့်ကျင်စွာ နက္ခက်ကတော့ အဆောက်အဦအပေါ်ထပ်သို့
ပြေးတက်သွားသည်။
" သုတ....သုတ..."
အခန်းနားသို့ရောက်ခါနီး သုတကိုမြင်လိုက်ရသောအခါ
နက္ခက်မျက်လုံးများ တောက်ပသွားပြီး သုတကို လှမ်းခေါ်လိုက်သည်။
" အစ်ကို...."
" ဒီမှာ....ဒါ လင်းကိုပေးလိုက်နော်...."
သုတလက်ထဲသို့ ကိုလာဘူးကို ထိုးပေးလိုက်သည်။
" ဒါ အစ်ကိုပေးတယ်လို့ မပြောနဲ့နော်...."
" သိပါတယ်...အရင်၂ရက်ကလည်း ကိုလာဘူးကို အစ်ကို
ပေးတဲ့အကြောင်းမပြောခဲ့ပါဘူး...ကျွန်တော့်ဘာသာဝယ်လာသလိုလို ပေးလိုက်တာပါ...."
"ကောင်းတယ်...."
" ဒါပေမယ့် ကျွန်တော်သိချင်တာက ဘာလို့အစ်ကိုပေးတယ်လို့ မပြောခိုင်းရတာလဲ...."
" ဒီတိုင်း....ငါမှန်း မသိစေချင်လို့...."
ညှိုးငိုင်သွားသောအငွေ့အသက်ကြောင့် သုတ ဆက်မမေးတော့ပါ။ သုတသည် ကိုလာဘူးကိုယူကာ ထွက်သွားမည်
ပြုစဉ် နက္ခက်က လှမ်းဆွဲလိုက်သည်။
" ပြီးတော့လေ....ရှင်းယံက အလုပ်ရှုပ်နေလို့...ပြီးတော့
ဖုန်းလည်းမဝယ်ရသေးလို့ မဆက်သွယ်နိုင်သေးတာပါ
လို့ လင်းကိုပြောပေးပါ...နောက်မို့ဆို ရှင်းယံ သူ့ကို
မဆက်သွယ်ဘူးဆိုပြီး သူဝမ်းနည်းနေလိမ့်မယ်....
မနက်ဖြန် ရှင်းယံ ပြန်ရောက်မှာပါ လ်ို့လည်းပြောပေး..."
" အင်း...ကျွန်တော် ပြောလိုက်ပါ့မယ်"
သုတ အရှေ့မှထွက်သွားသည်။ နက္ခက်စိတ်ထဲ
အခုမှပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
မနက်ဖြန် ရှင်းယံ ပြန်ရောက်မယ်.....
ကျေးဇူးပြုပြီး....ရှင်းယံ မင်းမြန်မြန်ရောက်မှဖြစ်မယ်...
ငါ့နာနတ်သီးလေးက မင်းရှိမှ ဖြစ်မှာမို့.....
************************************************************************
မနက်ဖြန်...
မနက်ဖြန်....
ထိုသို့သော မနက်ဖြန်က...
နက္ခက်မျှော်လင့်ထားသလို မဖြစ်ခဲ့......
မမျှော်လင့်ထားသော စိုင်းရှင်းယံ၏ ကားaccident သတင်းက အရာအားလုံးကို ဖြိုဖျက်ပစ်လိုက်သည်။
accident ကစိုးရိမ်ရသောအခြေအနေမဟုတ်သော်လည်း
ရှင်းယံက ဆေးရုံတွင် ငါးရက်ခန့်နေလိုက်ရသည်။
အကျိူးဆက်က စိုင်းရှင်းယံ ကျောင်းမတက်ဖြစ်ပေ။
ရှင်းယံ၏မတော်တဆသတင်းသည် ရှင်းယံကို ချက်ချင်းပြေးတွေ့ချင်လောက်အောင် လင်းကိုဖြစ်ပေါ်စေသော်လည်း
ရှင်းယံရဲ့မားမားနဲ့ မတွေ့ချင်တာမို့ ဆေးရုံကိုလိုက်မသွားဖြစ်ခဲ့ပေ။ ရှင်းယံရဲ့မားမားက လင်းကိုမနှစ်ခြိုက်သည်မို့
ရှင်းယံ၏ သတင်းကို နက္ခက်ကတစ်ဆင့်သာ ကြားသိခဲ့ရသည်။ ရှင်းယံမားမားကိုဂရုမစိုက်ဘဲ ရှင်းယံကိုသွားတွေ့မည်ဆိုတော့လည်း ရှင်းယံကိုယ်တိုင်က" မလာနဲ့" ဟု
ဟန့်တားခဲ့သည်။
မှတ်မှတ်ရရ...စနေနေ့ညတွင် ရှင်းယံထံမှ
စာတစ်စောင်ရောက်ရှိခဲ့သည်။ ရှင်းယံ ဖုန်းအသစ်ဝယ်ပြီးပြီထင်ပါရဲ့.....
# ကို့အသက်နဲ့အဝေးကြီးမို့လို့ ခတ်မစိုးရိမ်ပါနဲ့
အစ်ကို အဆင်ပြေတယ်#
accident က ရှင်းယံနှင့်လင်းကို မတွေ့ဆုံဖြစ်အောင်
ဟန့်တားလိုက်သည်။ ရှင်းယံထံမှ အဆက်အသွယ်ပြန်ရသော်လည်း အပြောင်းအလဲအချို့ကို တွေ့ကြုံလာရသည်။
ရှင်းယံသည် လင်း၏သတင်းအကြောင်းတစ်ခွန်းမှမဟ။
လင်းက သူ့ကိုကြိုက်သည်ဆိုသောအကြောင်းအရာအပေါ်
ကောင်းသည်မဆို ဆိုးသည်လည်းမဆို။ ထိုအကြောင်းကို
မသိသလိုဟန်ဆောင်နေတာလား...သိသိရက်နဲ့ မပြောချင်လို့ ငြိမ်နေတာလား လင်း မခွဲခြားတတ်တော့ပေ။
ရှင်းယံ အနာတရဖြစ်ထားတာမို့ အတင်းအကျပ်ကြီးမပြောလိုပါ။ နောက်ပိုင်း အေးဆေးတွေ့မှ စာအုပ်ကိုပေးပြီး
ဝန်ခံလိုက်ရင် ရတာပဲလေ။
ယခင်ကလို ရှင်းယံနှင့် ရေပက်မဝင်အောင်စကားများမပြောဖြစ်တော့။ နှစ်ယောက်ကြားတွင် စကားများလျော့နည်းလာသည်။ messenger တွင်တိတ်ဆိတ်လာသည်။
စာမေးပွဲ ဖင်နားကပ်နေပြီမို့ လင်းသုခတ်သည် စာပေါ်တွင်သာ အာရုံစိုက်ရင်း ရှင်းယံကိုစကားသိပ်မပြောဖြစ်ခဲ့။
ရှင်းယံဘက်ကလည်း ကျန်းမာရေးမကောင်းရသည့်ကြားထဲ
စာပါပိနေသဖြင့် အလုပ်ရှုပ်နေသောကြောင့်
လင်းနှင့်မChat ဖြစ်တာဟု ထင်သည်။ နှစ်ယောက်စလုံးတွင် အပြစ်မရှိ။
ဒီတိုင်း....
ဒီတိုင်းလေး စကားမပြောဖြစ်တာလို့ ဆိုကြပါစို့.....
လင်းအတွက် သိသာသောပြောင်းလဲမှုမှာ ရှင်းယံမဟုတ်ချေ။ ထိုအရာမှာ White ဖြစ်သည်။ ရှင်းယံ နေပြည်တော်
စသွားသည့်နေ့မှစ၍ White အမည်ပါသော နှင်းဆီပန်းတွေ ရောက်မလာတော့တာဖြစ်သည်။ White ရဲ့နှင်းဆီပန်းတွေကို စိုင်းရှင်းယံလောက်စိတ်မဝင်စားသည့်
လင်းအတွက် ထိုအရာက ပြဿနာသိပ်မရှိခဲ့ပါ။ နှမြောတသခြင်း...မျှော်လင့်နေခြင်းလည်းမရှိခဲ့။ Whiteက
လင်းအပေါ်မှာ လက်လျှော့သွားပြီထင်ပါရဲ့။
အဖြစ်အပျက်တို့ ဆက်နေသည်.....
ကံကြမ္မာက မတွေ့ရဖို့ကံကို အကြောင်းဖန်လိုက်သည်...
စိုင်းရှင်းယံ ဆေးရုံဆင်းသည့််နေ့၏ သဘက်ခါမှာ
စာမေးပွဲရက်ဖြစ်တာမို့ ရှင်းယံက ကျောင်းမလာတော့ဘဲ
အိမ်မှာပဲ စာကျက်ဖြစ်နေသည်။ ထို့ကြောင့် လင်းနှင့်
တွေ့ဖို့ရာမဖြစ်နိုင်ခဲ့ချေ။ စာမေးပွဲကလည်း
၁၁တန်းနှင့် ၁၂တန်းကို တသီးတခြားစစ်တာမို့
စာမေးပွဲဖြေပြီးတာနဲ့ အိမ်တန်းပြန်သော သူတို့၂ယောက်
မတွေ့ဖြစ်ခဲ့ကြပေ။
နီးရက်နဲ့ဝေး ဆိုတာဒါမျိုးပေါ့....
ဘယ်သူ့ကိုမှ အပြစ်တင်လို့မရ......
အပြစ်တင်လို့မရသော တမြေ့မြေ့ဝေးနေခြင်း....
ဖုန်းဆိုသော ဆက်သွယ်ရေးကိရိယာမှာလည်း
ဒီအချိန်တွင် သူတို့၂ယောက်၏ ဝေးကွာမှုကို ပြန်မနီးစပ်စေနိုင်တော့ပေ....
မြင်ရသော ဝေးကွာခြင်းမဟုတ်.....
ကိုင်တွယ်မရသော.... အပြစ်တင်မရသော
သွေးအေးသွားသော ဝေးကွာခြင်းမို့.......
ညနေ၆နာရီတွင်ပို့သော message ကို ည၁၀နာရီလောက်မှ ဖတ်သော ဝေးကွာခြင်းမျိုး....
social media ဟာ တကယ့်ဝေးကွာခြင်းကို
နီးကပ်အောင် မလုပ်ပေးနိုင်တာမို့.....
# ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခုခုပြောပါဦး ကိုကြီး....
ကျွန်တော့်သတင်းကိုလည်း ကိုကြီးသိမှာပါ....
ကျွန်တော် အခုလို လေထဲမှာမျောပြီးရှေ့ဘာဆက်ဖြစ်မလဲ
မသိတဲ့ ဆန့်ငင်ဆန့်ငင်ဆက်ဆံရေးကိုမကြိုက်ဘူး....
ကျွန်တော် ကိုကြီးကိုကြိုက်တယ်...သာမာန်ဖွင့်ပြောခြင်းလိုမျိုး ကျွန်တော့်ကို အဖြေပြန်ပေးပါလား...yes or no တစ်ခုခုပေါ့....ကျွန်တော် ပြတ်ပြတ်သားသားသိချင်တယ်#
ပို့ခါနီးဆဲဆဲ message တို့ကို ပြန်ဖျက်ပစ်လိုက်သည်။
မဖြစ်သင့်ဘူးလေ....
၂နှစ်ကျော်...အခုဆို ၃နှစ်ပြည့်ခါနီးပြီလား....
အဲ့လို နှစ်ကြာအောင်ချစ်ခဲ့ရတဲ့ တစ်ဖက်သတ်အချစ်ကို
Message တစ်စောင်နဲ့ဝန်မခံနိုင်ဘူး.....
တန်ဖိုးထားရတဲ့အချစ်မို့.....
လူချင်းတွေ့ပြီး မျက်လုံးချင်းဆိုင်ပြီး ဖွင့်ပြောချင်တာမို့.....
အချိန်တစ်ခုထိစောင့်ရအောင်...လင်းသုခတ်ရယ်...
အချိန်တစ်ခုထိပေါ့....ရှင်းယံနဲ့က ရန်ဖြစ်ထားတာမှမဟုတ်ဘဲ....တစ်နေ့တော့ တွေ့မှာပေါ့.....
ရှင်းယံက ဖြစ်သင့်တာကို ဦးစားပေးတယ်...
အခုနေ စာက အရေးကြီးနေတာမို့ စာကိုဦးစားပေးတာ
ဖြစ်သင့်တာပဲ.....
နောက်မှ.... အေးဆေးတော့မှ.... ရှင်းယံခေါင်းထဲ
အချစ်ရဲ့အရှုပ်တွေ ထည့်ပေးလိုက်ကြစို့လား....
အတွေးမများဘဲ သင့်တော်တဲ့အချိန်တစ်ခုကိုသာ
စောင့်ဖို့ လင်းသုခတ် ဆုံးဖြတ်လိုက်သည်။
သင့်တော်တဲ့အချိန်သည် အလွန်ကြာခဲ့ပါသည်....
စာမေးပွဲပြီးနောက် ဒီဇင်ဘာကျောင်းပိတ်လိုက်သောကြောင့်
ဖြစ်သည်။ ကျောင်းပိတ်ရက်တွင် လင်းသုခတ်သည်
အမျိုးများရှိသော တောင်ကြီးနှင့်ကလောဘက်သို့
ရောက်သွားရသည်။
ရန်ကုန်တွင်ကျန်ခဲ့သော စိုင်းရှင်းယံနှင့်
တောင်ကြီးရောက်သွားသော လင်း.....
ပို့တစ်ချက် မပို့တစ်ချက် Message များနှင့်....
ခန့်မှန်းရခက်သော ရှင်းယံ၏ စိတ်ခံစားချက်.....
၂ယောက်ကြားတွင် ပျောက်ရှသွားသောစကားလုံးအချို့နှင့်
အပြစ်တင်မရသော တမြေ့မြေ့ဝေးကွာခြင်း.....
ဒီလိုနဲ့....
ဒီလိုနဲ့.......
ဒီဇင်ဘာ ၃၁ရက်နေ့ဟာ ရောက်ရှိလာခဲ့သည်.....
တောင်ကြီးရှိအမျိုးအိမ်သည် ကျယ်ဝန်းသောခြံကို
ပိုင်ဆိုင်ထားသည်မို့ ခြံအနောက်ဖက်တွင် New year စားသောက်ပွဲဆင်နွှဲနိုင်ရန် လူကြီးများက ပြင်ဆင်နေကြသည်။ လင်းသုခတ်သည် အိမ်ရှေ့တံခါးအပေါက် တည့်တည့်တွင်ထိုင်နေလျက် တံခါးဘောင်ကို ခေါင်းမှီထားသည်။
ည ၁၁နာရီခွဲပြီ.....
၁၂ဆိုရင် နောက်တစ်နှစ်ကိုရောက်ရှိတော့မည်....
New year ဟာ ဘာများပျော်စရာရှိပါသလဲ....
နှစ်တိုင်း ဒီလိုပုံတွေနဲ့ ခဏခဏကြုံတွေ့နေရတဲ့
နှစ်အကူးအပြောင်းဟာ လင်းအတွက်ရိုးအီဖွယ်ရာ....
ထိုရိုးအီဖွယ်ရာကို ခံစားချက်တစ်ခုအဖြစ်
Phone number တစ်ခုကပြောင်းလဲပေးလိုက်သည်။
" ဘုရားရေ...စိုင်းရှင်းယံ...."
မပြောင်းလဲသော ရင်ခုန်ခြင်းဖြင့် စိုင်းရှင်းယံ၏ဖုန်းကို
ကိုင်လိုက်သည်။ ရှင်းယံရဲ့အသံကို မကြားရတာ
ဘယ်လောက်ကြာပြီလဲ....
" ခတ်...ကိုယ်ပါ...."
နူးညံ့သောအသံက လင်း၏စိတ်နှလုံးကိုသိမ်းကျုံးဆွဲငင်လိုက်သည်။ ပျော်ရွှင်မှုက အသံလေးကြားရုံနဲ့တင် ဖြစ်တည်သည်။
" ကိုယ်အခု နက္ခက်အိမ်ကိုရောက်နေတယ်....ကိုယ်တို့
new year party တူတူလုပ်ကြတာလေ...."
" ဟုတ်လား....ပျော်ဖို့ကောင်းမှာပဲ....."
လင်း၏အသံသည် ပျော်ရွှင်မှုကြောင့်တုန်ရီနေပါလိမ့်မည်။
ရှင်းယံ အေးစက်သွားတယ်လို့ ဘယ်သူပြောတုန်း။
ရှင်းယံက အရင်အတိုင်း နွေးထွေးတုန်းပဲ....
" ခတ် ဒီမှာရှိနေရင်ကောင်းမှာပဲကို...new year
ကို ခတ်နဲ့တူတူဖြတ်သန်းချင်ခဲ့တာ"
"ကျွန်တော် ရန်ကုန်မှာရှိရင် လာခဲ့ပါတယ်...အခုတော့
ဘယ်တတ်နိုင်မလဲ...."
" တောင်ကြီးမှာ အေးတယ်မလား..."
" အေးချက်ပဲ...အရမ်းချမ်းတယ်..."
" နွေးနွေးထွေးထွေးနေနော်...အနွေးထည်ထူထူဝတ်....
ရေနွေးပူပူလေးသောက်..."
လင်း ပြုံးလိုက်မိပါသည်။
"ကျွန်တော်....လွမ်းတယ် ရှင်းယံ"
တိတ်ဆိတ်သွားသည်။ တစ်ဖက်မှရှင်းယံသည်
သူ၏အသက်ရှူသံကိုပင် မကြားရအောင် ထိန်းချုပ်ထားပုံပေါ်သည်။ အတန်ကြာမှ....တည်ငြိမ်သောအသံပြန်ပေါ်လာသည်....
"ကိုယ်ရောပဲ..."
ပူနွေးသော ကြည်နူးမှုများ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်စီးဆင်းသွားသည်။
" ရှင်းယံ...ကျွန်တော်လေ...."
" ခတ်...အခု phone call က ကိုယ့်ရဲ့နောက်ဆုံး
phone call ဖြစ်နိုင်တယ်...."
" ဟင်..."
လေအေးအချို့ ဝေ့တိုက်သွားသည်။
" ခတ်သိတဲ့အတိုင်း ဖေဖော်ဝါရီဆို အစ်ကိုတို့
နောက်ဆုံးစာမေးပွဲလာတော့မယ်...အစ်ကိုအဲ့အတွက်
ကြိုးစားရမယ်...အဲ့တာကြောင့် စာမေးပွဲပြီးတဲ့အထိ
ဖုန်းမသုံးဖြစ်တော့ဘူး...."
" ဒါပေမယ့် ဇန်နဝါရီဆို....ဇန်နဝါရီဆို....၁၂တန်းတွေက
ကျောင်းမတက်တော့တာ ထုံးစံပဲလေ...အဲ့တော့
ကိုကြီးနဲ့လည်းတွေ့ရတော့မှာ မဟုတ်ဘူး.....
အခု ဖုန်းပါမသုံးတော့ဘူးဆိုတော့...လုံးဝဆက်အသွယ်
လည်းမရှိတော့ဘဲ...."
" ခဏလေးပါပဲ....နှစ်လဆိုတာ မျက်စိတစ်မှိတ်အတွင်း
ကုန်သွားမှာပဲ"
လင်း ဆက်ပြောစရာစကားမရှိတော့။ final exam ဟာ
ရှင်းယံတို့အတွက် အရေးကြီးတာပဲလေ။
လင်းက သူ့ကိုအနှောင့်အယှက်မဖြစ်စေလိုပါ။
လင်းရဲ့ ကိစ္စကို နောက်မှ ခေါက်ထားလိုက်ကြစို့။
" ကျွန်တော်စောင့်နေမယ်...ဘာအတွက်စောင့်တာလဲဆိုတာ
ကျွန်တော်ပွင့်ပွင့်လင်းလင်းမပြောလည်း ကိုကြီးသိမယ်ထင်တာပဲ...."
" ခတ်...အစ်ကိုလေ...."
သက်ပြင်းချသံတစ်ခုကြားလိုက်ရသည်။
" အစ်ကို တောင်းပန်ပါတယ် ....."
" ဒါ ကိုကြီးအပြစ်မှမဟုတ်တာ...."
" ထားပါတော့လေ....အခုတော့ ကိုယ်တို့ နှစ်ကူးဖို့
တူတူစောင့်ရအောင်...ဖုန်းကိုင်ထားမယ်မလား...."
" ဟုတ်..."
" သားသားရေ....ငါးမိနစ်ပဲ လိုတော့တယ်...နင်
လာတော့လေ...new year လို့ တူတူအော်ကြရအောင်"
မဒီက လင်းကိုလာခေါ်သည်။ လင်း ဖုန်းကိုင်ထားမှန်းမြင်သောအခါ "ဘယ်သူလဲ" ဟု အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံမျှမေးသည်။ လင်းက " စိုင်းရှင်းယံ" ဟုပြန်ဖြေလိုက်သောအခါ
မဒီ့မျက်လုံးများဝိုင်းစက်သွားပြီး လင်းကို မခေါ်တော့ဘဲ
သူမ တစ်ယောက်တည်း စားပွဲသောက်ပွဲဆီသို့ထွက်သွားသည်။
လင်း တစ်ယောက်တည်း အိမ်ရှေ့တွင် ကျန်ရစ်ခဲ့သည်...
၁၂နာရီထိုးရန်
၃မိနစ်အလို....
၂မိနစ်အလို.....
၁မိနစ်အလို.....
၁၂နာရီ အတိ......
ရှင်းယံထံမှ " happy new year ...."
ဟု အသံမထွက်ခင်တွင်....new year အတွက်
အော်မြည့်ဆဲဆဲ၌.....
တစ်ဖက်မှ အင့်ခနဲရှိုက်သံကြောင့် ရှင်းယံ၏အသိစိတ်တို့
ဖုန်းလိုင်းမှတစ်ဆင့် တောင်ကြီးရှိကောင်လေးဆီ ရောက်သွားရသည်။ မိမိအနားမှ လူတို့၏ " Happy new year"
ဟူသော အော်သံကိုမကြားတော့။ ဖုန်းထဲရှိ
ကောင်လေး၏ ငိုရှိုက်သံကိုသာ သူကြားတော့သည်။
" ကျွန်တော်....ကျွန်တော်....တကယ်လွမ်းနေတာ
ရှင်းယံရဲ့....."
ငိုနေပြန်ပြီလား ခတ်.....
ဘာလို့ အစ်ကိုမရှိတဲ့နေရာမှာ ငိုနေရတာလဲ..
" ခတ်ငိုရင်လေ အစ်ကို အပြစ်မကင်းသလို ခံစားရတယ်....
တစ်ခါတစ်လေ ခတ်က အစ်ကို့ဆုံးဖြတ်ချက်တွေ ဝေဝါးအောင် သိပ်လုပ်တာပဲ"
ဂီတသံလိုချိုသာသည့် ရှင်းယံ၏အသံအဆုံးတွင် လင်း၏
ရင်ထဲ၌ တင်းကျပ်စို့နင့်မှုများ ပိုမိုပြည့်လျှံလာသည်။
************************************
************************************
နောက်အပိုင်းတွေ ငိုရတော့မယ်
အဟေးဟေး.....
[Zawgyi]
တစ္ရက္.....
နွစ္ရက္..........
သံုးရက္.............
စိုင္းရွင္းယံမွ တစ္စံုတစ္ရာ ဆက္သြယ္မႈကုိမရခဲ့ပါ......
တဟုန္းဟုန္းထေတာက္ၿပီး ၿငိမ္းသြားသည့္ ေကာက္ရိုးမီးလိုမ်ိဳး လင္း၏သတင္းမွာလည္း တစ္စ တစ္စ...နွင့္ ေမ့ေပ်ာက္ျခင္းခံသြားရသည္။ လင္း၏သတင္းကုိ ဘယ္သူမွသတိမရေတာ့။ ဘယ္သူမွ အထူးတလည္ေျပာဆိုျခင္းမျပဳေတာ့။
လင္း၏သတင္းမွာ လူအမ်ား၏ပါးစပ္ဖ်ားတြင္ ခဏတာ
အတင္းအဖ်င္းတစ္ပုဒ္သာ ျဖစ္သြားရသည္။
ထိုအျဖစ္အပ်က္တြင္ ေျပာင္းလဲမႈ နွစ္ခုျဖစ္သြားရသည္။
တစ္ခုမွာ လင္းဟာ Gay တစ္ေယာက္ျဖစ္ေၾကာင္း အကုန္လံုးသိသြားမႈနွင့္
က်န္တစ္ခုမွာ လင္း အခန္းထဲက အခန္းျပင္မထြက္ေတာ့ျခင္းျဖစ္သည္။ ေက်ာင္းသို႔ေရာက္သည္နွင့္ လင္းသည္ စာသင္ခန္းသို႔သာေျပးလာၿပီး အျပင္ထြက္ျခင္းမျပဳေတာ့။ ေက်ာင္းဆင္းခ်ိန္ေရာက္ေသာအခါမွသာ ေက်ာင္းကားဆီသို႔ တည့္တည့္မတ္မတ္သြားျခင္း ျပဳေတာ့သည္။
မုန္႔ေစ်းတန္းသို႔မလာ....ေဘာလံုးကြင္းသို႔မလာ....
Deviated လုပ္ထားေသာ facebook account
အျပင္ သူ၏သူငယ္ခ်င္းေလးေယာက္ကုိသာ စကားေျပာဆိုျခင္းျပဳေတာ့သည္။
စာငံု႔ေရးေနသည့္ လင္း၏မ်က္နွာေလးသည္ ေလးနက္ရွင္းသန္႔ေနသည္။ အေရွ႕ကုိေမာ့ၾကည့္လိုက္...စာျပန္ကူးေရးလိုက္နွင့္ အလုပ္ရႈပ္ေနသည့္ လင္းသုခတ္ကုိ နကၡက္ ခပ္ေဝးေဝးမွ လွမ္းျမင္ေနရသည္။
ျပတင္းေပါက္ကုိျဖတ္၍ လွမ္းျမင္ေနရေသာ လင္း၏ပံုရိပ္.....
နကၡက္သည္ ဝရံတာေဘာင္ကုိ လက္ေထာက္လ်က္
မိမိလွမ္းျမင္ေနရေသာေက်ာင္းအေဆာင္၏ျပတင္းေပါက္ကုိသာ စူးစိုက္ၾကည့္ေနသည္။ နကၡက္ရွိေနေသာ ေက်ာင္းအေဆာက္အဦမွ လင္းရွိေနရာအေဆာက္အဦကုိလွမ္းျမင္ေနရေသာေၾကာင့္...အထူးသျဖင့္ လင္းက ျပတင္းေပါက္ေဘးခံုတြင္ထိုင္ေနသည္မို႔ လင္း၏အျပဳအမူမွန္သမ်ွကုိ နကၡက္
လွမ္းျမင္ေနရသည္။
အရင္က အေၾကာင္းအရင္းမရွိ အၿမဲရယ္ေနတဲ့ေကာင္ေလးဟာ ဘာလို႔တည္သြားရတာပါလဲ.....
အၿမဲတမ္း တစ္ေနရာထဲမွာအၿငိမ္မေနဘဲ ေလ်ွာက္သြားေနတတ္တဲ့ေကာင္ေလးဟာ အခုေတာ့ အခန္းထဲက အခန္းျပင္မထြက္ဘဲ ၿငိမ္ကုပ္သြားရသည္.....
လင္း...အရင္က မင္းကုိျပန္လိုခ်င္တယ္....
ဘယ္လိုလုပ္ရမလဲ......
ေလေအးတစ္ခ်က္သည္ နကၡက္၏အေရွ႕ဆံပင္မ်ားကုိ
ယိမ္းထိုးလႈပ္ရွားသြားေစသည္။
မိမိလွမ္းၾကည့္ေနေသာ ေကာင္ေလး၏လႈပ္ရွားမႈတစ္ခုခ်င္းစီကုိ မ်က္ေျခအပ်က္မခံဘဲစိုက္ၾကည့္ရင္း နကၡက္ၿပံဳးလိုက္မိသည္။
" မင္းသိလား လင္း....ငါအခုလို မင္းမသိေအာင္ အေဝးကလွမ္းၾကည့္ရတာ အရမ္းသေဘာက်တယ္....ဘာလို႔လဲ ဆိုတာေရာ မင္းသိလား....ဘာလို႔လဲဆိုေတာ့....."
တိုးညႇင္းစြာေျပာေနရင္း စကားလံုးအခ်ိဳ႕ လည္ပင္းတြင္စို႔တစ္သြားရသည္။ အၿပံဳးတို႔ဟာ ဘာလို႔နာက်င္သြားရတာလဲ။
အခု သူတို႔၂ေယာက္ရဲ႕အကြာအေဝးဟာ ဘယ္ေလာက္ပါလဲ....
ေျခလွမ္းငါးဆယ္လား?
နွစ္ေယာက္သားရွိေနသည့္ မတူညီေသာအေဆာက္အဦနွစ္ခုရဲ႕အကြာအေဝးက ေျခလွမ္းငါးဆယ္လား?
လင္းက သူ႔ရဲ႕စာသင္ခန္းထဲမွာ...
နကၡက္က သူ႔ရဲ႕စာသင္ခန္းေရွ႕ ဝရံတာမွာ.....
မတူညီေသာေနရာ....တစ္ခုေသာ အကြာအေဝး.....
တစ္စံုတစ္ေယာက္က ေငးၾကည့္ေနေပမယ့္....
တစ္စံုတစ္ေယာက္ကေတာ့ ေငးၾကည့္ခံေနရမွန္း မသိတဲ့အခါမ်ိဳး....
အေဆာက္အဦနွစ္ခုရဲ႕အကြာအေဝးကဘယ္ေလာက္လဲ....
မင္းနဲ႔ငါရဲ႕ အကြာအေဝးကေရာ ဘယ္ေလာက္ပါလဲ.....
ထင္ထားတာထက္ေတာ့ ပုိေဝးတယ္မလား....နာနတ္သီးေလး...
အခုလိုမ်ိဳး ငါက မင္းကုိဆက္တိုက္ၾကည့္ေနေပမယ့္
မင္းကေတာ့ တျခားတစ္ေနရာကုိ ေငးၾကည့္ေနတာမ်ိဳးေပါ့...
အခုအျဖစ္အပ်က္က ငါတို႔၂ေယာက္ရဲ႕အျဖစ္နဲ႔မတူဘူးလား....
လွမ္းျမင္ေနရေပမယ့္အကြာအေဝးတစ္ခုက ပိုင္းျခားထားတာမ်ိဳး.....
အားေလ်ာ့သိမ္ငယ္စိတ္နွင့္အတူ စကားလံုးအခ်ိဳ႕က
အသံမထြက္ဘဲ ဦးေနွာက္တြင္ရိုက္ခတ္လာသည္။
" ငါက ဒီထက္ပိုၿပီး မင္းနဲ႔နီးလို႔မရေတာ့ဘူး...လင္း....
ဘာလို႔လဲဆိုေတာ့...."
" မင္းက စိုင္းရွင္းယံအတြက္မို႔...."
တိုက္ခတ္ေသာေလက နကၡက္ကုိရိုက္ခ်သြားကာ
အေဆာက္အဦ၏ေအာက္စီ ဆြဲခ်သြားသကဲ့သို႔......
နကၡက္၏ ခႏၶာကိုယ္ကုိေတာ့မဟုတ္....
နကၡက္၏စိတ္....နကၡက္၏နွလံုးသားကုိ တေျဖးေျဖး
အေဆာက္အဦ၏ေအာက္သို႔ ဆြဲခ်ျပဳိလဲေစသည္။
အေၾကာစိမ္းမ်ားေထာင္ေနေသာလက္သည္ ဝရံတာလက္ရန္းကုိ တင္းက်ပ္စြာဆုပ္ကိုင္ထားမိသည္။
ေက်ာင္းေခါင္းေလာင္းသံၾကားမွသာ နကၡက္၏အသိစိတ္တို႔ုကန္ဝင္လာရသည္။ အသိစိတ္နွင့္အတူ လတ္တေလာကမွ ျဖစ္တည္လာသည့္တာဝန္တစ္ခု ရွိေသးသည္မုိ႔ နကၡက္
စာသင္ခန္းထဲသို႔ေျပးဝင္သြားသည္။
မိမိခံုေပၚတြင္တင္ထားေသာ ကုိလာဘူးကုိယူကာ အခန္းထဲမွ
ဝရုန္းသုန္းကားေျပးထြက္သြားသည္။ နကၡက္သည္
ေလွကားေပၚမွ အေမာတႀကီးေျပးဆင္း၍ ေလွကားအဆင့္မ်ားကုိပင္ နွစ္ဆင့္သံုးဆင့္ ခုန္ေက်ာ္သြားသည္။
ထို႔ေနာက္ သူခန္႔မွန္းခဲ့ေသာ ေျခလွမ္းငါးဆယ္အကြာအေဝးသို႔ေျပးကာ လင္း၏အခန္းရွိရာအေဆာက္အဦေပၚသို႔
ေျပးတက္သြားသည္။ ထမင္းစားဆင္းခ်ိန္ျဖစ္၍ ေအာက္သို႔
အံုက်ေျပးဆင္းလာေသာ ေက်ာင္းသူေက်ာင္းသားမ်ားနွင့္
ဆန္႔က်င္စြာ နကၡက္ကေတာ့ အေဆာက္အဦအေပၚထပ္သို႔
ေျပးတက္သြားသည္။
" သုတ....သုတ..."
အခန္းနားသို႔ေရာက္ခါနီး သုတကုိျမင္လိုက္ရေသာအခါ
နကၡက္မ်က္လံုးမ်ား ေတာက္ပသြားၿပီး သုတကုိ လွမ္းေခၚလိုက္သည္။
" အစ္ကို...."
" ဒီမွာ....ဒါ လင္းကုိေပးလိုက္ေနာ္...."
သုတလက္ထဲသို႔ ကုိလာဘူးကုိ ထိုးေပးလိုက္သည္။
" ဒါ အစ္္ကိုေပးတယ္လို႔ မေျပာနဲ႔ေနာ္...."
" သိပါတယ္...အရင္၂ရက္ကလည္း ကုိလာဘူးကို အစ္ကုိ
ေပးတဲ့အေၾကာင္းမေျပာခဲ့ပါဘူး...ကြၽန္ေတာ့္ဘာသာဝယ္လာသလိုလို ေပးလိုက္တာပါ...."
"ေကာင္းတယ္...."
" ဒါေပမယ့္ ကြၽန္ေတာ္သိခ်င္တာက ဘာလို႔အစ္ကုိေပးတယ္လို႔ မေျပာခိုင္းရတာလဲ...."
" ဒီတိုင္း....ငါမွန္း မသိေစခ်င္လို႔...."
ညႇိဳးငိုင္သြားေသာအေငြ႕အသက္ေၾကာင့္ သုတ ဆက္မေမးေတာ့ပါ။ သုတသည္ ကုိလာဘူးကုိယူကာ ထြက္သြားမည္
ျပဳစဥ္ နကၡက္က လွမ္းဆြဲလိုက္သည္။
" ၿပီးေတာ့ေလ....ရွင္းယံက အလုပ္ရႈပ္ေနလို႔...ၿပီးေတာ့
ဖုန္းလည္းမဝယ္ရေသးလို႔ မဆက္သြယ္နိုင္ေသးတာပါ
လို႔ လင္းကုိေျပာေပးပါ...ေနာက္မို႔ဆို ရွင္းယံ သူ႔ကို
မဆက္သြယ္ဘူးဆိုၿပီး သူဝမ္းနည္းေနလိမ့္မယ္....
မနက္ျဖန္ ရွင္းယံ ျပန္ေရာက္မွာပါ လ္ို႔လည္းေျပာေပး..."
" အင္း...ကြၽန္ေတာ္ ေျပာလိုက္ပါ့မယ္"
သုတ အေရွ႕မွထြက္သြားသည္။ နကၡက္စိတ္ထဲ
အခုမွေပါ့ပါးသြားသလို ခံစားလိုက္ရသည္။
မနက္ျဖန္ ရွင္းယံ ျပန္ေရာက္မယ္.....
ေက်းဇူးျပဳၿပီး....ရွင္းယံ မင္းျမန္ျမန္ေရာက္မွျဖစ္မယ္...
ငါ့နာနတ္သီးေလးက မင္းရွိမွ ျဖစ္မွာမုိ႔.....
************************************************************************
မနက္ျဖန္...
မနက္ျဖန္....
ထိုသို႔ေသာ မနက္ျဖန္က...
နကၡက္ေမ်ွာ္လင့္ထားသလို မျဖစ္ခဲ့......
မေမ်ွာ္လင့္ထားေသာ စိုင္းရွင္းယံ၏ ကားaccident သတင္းက အရာအားလံုးကုိ ၿဖိဳဖ်က္ပစ္လိုက္သည္။
accident ကစိုးရိမ္ရေသာအေျခအေနမဟုတ္ေသာ္လည္း
ရွင္းယံက ေဆးရံုတြင္ ငါးရက္ခန္႔ေနလိုက္ရသည္။
အက်ိဴးဆက္က စိုင္းရွင္းယံ ေက်ာင္းမတက္ျဖစ္ေပ။
ရွင္းယံ၏မေတာ္တဆသတင္းသည္ ရွင္းယံကုိ ခ်က္ခ်င္းေျပးေတြ႕ခ်င္ေလာက္ေအာင္ လင္းကုိျဖစ္ေပၚေစေသာ္လည္း
ရွင္းယံရဲ႕မားမားနဲ႔ မေတြ႕ခ်င္တာမုိ႔ ေဆးရံုကုိလိုက္မသြားျဖစ္ခဲ့ေပ။ ရွင္းယံရဲ႕မားမားက လင္းကုိမနွစ္ၿခိဳက္သည္မုိ႔
ရွင္းယံ၏ သတင္းကုိ နကၡက္ကတစ္ဆင့္သာ ၾကားသိခဲ့ရသည္။ ရွင္းယံမားမားကုိဂရုမစိုက္ဘဲ ရွင္းယံကုိသြားေတြ႕မည္ဆိုေတာ့လည္း ရွင္းယံကိုယ္တိုင္က" မလာနဲ႔" ဟု
ဟန္႔တားခဲ့သည္။
မွတ္မွတ္ရရ...စေနေန႔ညတြင္ ရွင္းယံထံမွ
စာတစ္ေစာင္ေရာက္ရွိခဲ့သည္။ ရွင္းယံ ဖုန္းအသစ္ဝယ္ၿပီးၿပီထင္ပါရဲ႕.....
# ကို႔အသက္နဲ႔အေဝးႀကီးမုိ႔လို႔ ခတ္မစိုးရိမ္ပါနဲ႔
အစ္ကုိ အဆင္ေျပတယ္#
accident က ရွင္းယံနွင့္လင္းကုိ မေတြ႕ဆံုျဖစ္ေအာင္
ဟန္႔တားလိုက္သည္။ ရွင္းယံထံမွ အဆက္အသြယ္ျပန္ရေသာ္လည္း အေျပာင္းအလဲအခ်ိဳ႕ကုိ ေတြ႕ႀကံဳလာရသည္။
ရွင္းယံသည္ လင္း၏သတင္းအေၾကာင္းတစ္ခြန္းမွမဟ။
လင္းက သူ႔ကုိႀကိဳက္သည္ဆိုေသာအေၾကာင္းအရာအေပၚ
ေကာင္းသည္မဆို ဆိုးသည္လည္းမဆို။ ထိုအေၾကာင္းကုိ
မသိသလိုဟန္ေဆာင္ေနတာလား...သိသိရက္နဲ႔ မေျပာခ်င္လို႔ ၿငိမ္ေနတာလား လင္း မခြဲျခားတတ္ေတာ့ေပ။
ရွင္းယံ အနာတရျဖစ္ထားတာမို႔ အတင္းအက်ပ္ႀကီးမေျပာလိုပါ။ ေနာက္ပိုင္း ေအးေဆးေတြ႕မွ စာအုပ္ကုိေပးၿပီး
ဝန္ခံလိုက္ရင္ ရတာပဲေလ။
ယခင္ကလို ရွင္းယံနွင့္ ေရပက္မဝင္ေအာင္စကားမ်ားမေျပာျဖစ္ေတာ့။ နွစ္ေယာက္ၾကားတြင္ စကားမ်ားေလ်ာ့နည္းလာသည္။ messenger တြင္တိတ္ဆိတ္လာသည္။
စာေမးပြဲ ဖင္နားကပ္ေနၿပီမို႔ လင္းသုခတ္သည္ စာေပၚတြင္သာ အာရံုစိုက္ရင္း ရွင္းယံကုိစကားသိပ္မေျပာျဖစ္ခဲ့။
ရွင္းယံဘက္ကလည္း က်န္းမာေရးမေကာင္းရသည့္ၾကားထဲ
စာပါပိေနသျဖင့္ အလုပ္ရႈပ္ေနေသာေၾကာင့္
လင္းနွင့္မChat ျဖစ္တာဟု ထင္သည္။ နွစ္ေယာက္စလံုးတြင္ အျပစ္မရွိ။
ဒီတိုင္း....
ဒီတိုင္းေလး စကားမေျပာျဖစ္တာလို႔ ဆိုၾကပါစို႔.....
လင္းအတြက္ သိသာေသာေျပာင္းလဲမႈမွာ ရွင္းယံမဟုတ္ေခ်။ ထိုအရာမွာ White ျဖစ္သည္။ ရွင္းယံ ေနျပည္ေတာ္
စသြားသည့္ေန႔မွစ၍ White အမည္ပါေသာ နွင္းဆီပန္းေတြ ေရာက္မလာေတာ့တာျဖစ္သည္။ White ရဲ႕နွင္းဆီပန္းေတြကုိ စိုင္းရွင္းယံေလာက္စိတ္မဝင္စားသည့္
လင္းအတြက္ ထိုအရာက ျပႆနာသိပ္မရွိခဲ့ပါ။ နွေျမာတသျခင္း...ေမ်ွာ္လင့္ေနျခင္းလည္းမရွိခဲ့။ Whiteက
လင္းအေပၚမွာ လက္ေလ်ွာ႔သြားၿပီထင္ပါရဲ႕။
အျဖစ္အပ်က္တို႔ ဆက္ေနသည္.....
ကံၾကမၼာက မေတြ႕ရဖို႔ကံကုိ အေၾကာင္းဖန္လိုက္သည္...
စိုင္းရွင္းယံ ေဆးရံုဆင္းသည့္္ေန႔၏ သဘက္ခါမွာ
စာေမးပြဲရက္ျဖစ္တာမုိ႔ ရွင္းယံက ေက်ာင္းမလာေတာ့ဘဲ
အိမ္မွာပဲ စာက်က္ျဖစ္ေနသည္။ ထို႔ေၾကာင့္ လင္းနွင့္
ေတြ႕ဖို႔ရာမျဖစ္နိုင္ခဲ့ေခ်။ စာေမးပြဲကလည္း
၁၁တန္းနွင့္ ၁၂တန္းကုိ တသီးတျခားစစ္တာမို႔
စာေမးပြဲေျဖၿပီးတာနဲ႔ အိမ္တန္းျပန္ေသာ သူတို႔၂ေယာက္
မေတြ႕ျဖစ္ခဲ့ၾကေပ။
နီးရက္နဲ႔ေဝး ဆိုတာဒါမ်ိဳးေပါ့....
ဘယ္သူ႔ကုိမွ အျပစ္တင္လို႔မရ......
အျပစ္တင္လို႔မရေသာ တေျမ့ေျမ့ေဝးေနျခင္း....
ဖုန္းဆိုေသာ ဆက္သြယ္ေရးကိရိယာမွာလည္း
ဒီအခ်ိန္တြင္ သူတို႔၂ေယာက္၏ ေဝးကြာမႈကုိ ျပန္မနီးစပ္ေစနိုင္ေတာ့ေပ....
ျမင္ရေသာ ေဝးကြာျခင္းမဟုတ္.....
ကိုင္တြယ္မရေသာ.... အျပစ္တင္မရေသာ
ေသြးေအးသြားေသာ ေဝးကြာျခင္းမုိ႔.......
ညေန၆နာရီတြင္ပုိ႔ေသာ message ကုိ ည၁၀နာရီေလာက္မွ ဖတ္ေသာ ေဝးကြာျခင္းမ်ိဳး....
social media ဟာ တကယ့္ေဝးကြာျခင္းကုိ
နီးကပ္ေအာင္ မလုပ္ေပးနိုင္တာမို႔.....
# ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကုိ တစ္ခုခုေျပာပါဦး ကုိႀကီး....
ကြၽန္ေတာ့္သတင္းကိုလည္း ကုိႀကီးသိမွာပါ....
ကြၽန္ေတာ္ အခုလို ေလထဲမွာေမ်ာၿပီးေရွ႕ဘာဆက္ျဖစ္မလဲ
မသိတဲ့ ဆန္႔ငင္ဆန္႔ငင္ဆက္ဆံေရးကုိမႀကိဳက္ဘူး....
ကြၽန္ေတာ္ ကုိႀကီးကုိႀကိဳက္တယ္...သာမာန္ဖြင့္ေျပာျခင္းလိုမ်ိဳး ကြၽန္ေတာ့္ကုိ အေျဖျပန္ေပးပါလား...yes or no တစ္ခုခုေပါ့....ကြၽန္ေတာ္ ျပတ္ျပတ္သားသားသိခ်င္တယ္#
ပို႔ခါနီးဆဲဆဲ message တို႔ကို ျပန္ဖ်က္ပစ္လိုက္သည္။
မျဖစ္သင့္ဘူးေလ....
၂နွစ္ေက်ာ္...အခုဆို ၃နွစ္ျပည့္ခါနီးၿပီလား....
အဲ့လို နွစ္ၾကာေအာင္ခ်စ္ခဲ့ရတဲ့ တစ္ဖက္သတ္အခ်စ္ကုိ
Message တစ္ေစာင္နဲ႔ဝန္မခံနိုင္ဘူး.....
တန္ဖိုးထားရတဲ့အခ်စ္မို႔.....
လူခ်င္းေတြ႕ၿပီး မ်က္လံုးခ်င္းဆိုင္ၿပီး ဖြင့္ေျပာခ်င္တာမုို႔.....
အခ်ိန္တစ္ခုထိေစာင့္ရေအာင္...လင္းသုခတ္ရယ္...
အခ်ိန္တစ္ခုထိေပါ့....ရွင္းယံနဲ႔က ရန္ျဖစ္ထားတာမွမဟုတ္ဘဲ....တစ္ေန႔ေတာ့ ေတြ႕မွာေပါ့.....
ရွင္းယံက ျဖစ္သင့္တာကုိ ဦးစားေပးတယ္...
အခုေန စာက အေရးႀကီးေနတာမုိ႔ စာကုိဦးစားေပးတာ
ျဖစ္သင့္တာပဲ.....
ေနာက္မွ.... ေအးေဆးေတာ့မွ.... ရွင္းယံေခါင္းထဲ
အခ်စ္ရဲ႕အရႈပ္ေတြ ထည့္ေပးလိုက္ၾကစို႔လား....
အေတြးမမ်ားဘဲ သင့္ေတာ္တဲ့အခ်ိန္တစ္ခုကုိသာ
ေစာင့္ဖို႔ လင္းသုခတ္ ဆံုးျဖတ္လိုက္သည္။
သင့္ေတာ္တဲ့အခ်ိန္သည္ အလြန္ၾကာခဲ့ပါသည္....
စာေမးပြဲၿပီးေနာက္ ဒီဇင္ဘာေက်ာင္းပိတ္လိုက္ေသာေၾကာင့္
ျဖစ္သည္။ ေက်ာင္းပိတ္ရက္တြင္ လင္းသုခတ္သည္
အမ်ိဳးမ်ားရွိေသာ ေတာင္ႀကီးနွင့္ကေလာဘက္သို႔
ေရာက္သြားရသည္။
ရန္ကုန္တြင္က်န္ခဲ့ေသာ စိုင္းရွင္းယံနွင့္
ေတာင္ႀကီးေရာက္သြားေသာ လင္း.....
ပို႔တစ္ခ်က္ မပုိ႔တစ္ခ်က္ Message မ်ားႏွင့္....
ခန္႔မွန္းရခက္ေသာ ရွင္းယံ၏ စိတ္ခံစားခ်က္.....
၂ေယာက္ၾကားတြင္ ေပ်ာက္ရွသြားေသာစကားလံုးအခ်ိဳ႕နွင့္
အျပစ္တင္မရေသာ တေျမ့ေျမ့ေဝးကြာျခင္း.....
ဒီလိုနဲ႔....
ဒီလိုနဲ႔.......
ဒီဇင္ဘာ ၃၁ရက္ေန႔ဟာ ေရာက္ရွိလာခဲ့သည္.....
ေတာင္ႀကီးရွိအမ်ိဳးအိမ္သည္ က်ယ္ဝန္းေသာၿခံကုိ
ပိုင္ဆိုင္ထားသည္မို႔ ၿခံအေနာက္ဖက္တြင္ New year စားေသာက္ပြဲဆင္ႏႊဲနိုင္ရန္ လူႀကီးမ်ားက ျပင္ဆင္ေနၾကသည္။ လင္းသုခတ္သည္ အိမ္ေရွ႕တံခါးအေပါက္ တည့္တည့္တြင္ထိုင္ေနလ်က္ တံခါးေဘာင္ကုိ ေခါင္းမွီထားသည္။
ည ၁၁နာရီခြဲၿပီ.....
၁၂ဆိုရင္ ေနာက္တစ္နွစ္ကုိေရာက္ရွိေတာ့မည္....
New year ဟာ ဘာမ်ားေပ်ာ္စရာရွိပါသလဲ....
နွစ္တိုင္း ဒီလိုပံုေတြနဲ႔ ခဏခဏႀကံဳေတြ႕ေနရတဲ့
နွစ္အကူးအေျပာင္းဟာ လင္းအတြက္ရိုးအီဖြယ္ရာ....
ထိုရိုးအီဖြယ္ရာကို ခံစားခ်က္တစ္ခုအျဖစ္
Phone number တစ္ခုကေျပာင္းလဲေပးလိုက္သည္။
" ဘုရားေရ...စိုင္းရွင္းယံ...."
မေျပာင္းလဲေသာ ရင္ခုန္ျခင္းျဖင့္ စိုင္းရွင္းယံ၏ဖုန္းကုိ
ကိုင္လိုက္သည္။ ရွင္းယံရဲ႕အသံကုိ မၾကားရတာ
ဘယ္ေလာက္ၾကာၿပီလဲ....
" ခတ္...ကိုယ္ပါ...."
ႏူးည့ံေသာအသံက လင္း၏စိတ္နွလံုးကုိသိမ္းက်ံဳးဆြဲငင္လိုက္သည္။ ေပ်ာ္႐ႊင္မႈက အသံေလးၾကားရံုနဲ႔တင္ ျဖစ္တည္သည္။
" ကိိုယ္အခု နကၡက္အိမ္ကိုေရာက္ေနတယ္....ကိုယ္တို႔
new year party တူတူလုပ္ၾကတာေလ...."
" ဟုတ္လား....ေပ်ာ္ဖို႔ေကာင္းမွာပဲ....."
လင္း၏အသံသည္ ေပ်ာ္႐ႊင္မႈေၾကာင့္တုန္ရီေနပါလိမ့္မည္။
ရွင္းယံ ေအးစက္သြားတယ္လို႔ ဘယ္သူေျပာတုန္း။
ရွင္းယံက အရင္အတိုင္း ေႏြးေထြးတုန္းပဲ....
" ခတ္ ဒီမွာရွိေနရင္ေကာင္းမွာပဲကို...new year
ကုိ ခတ္နဲ႔တူတူျဖတ္သန္းခ်င္ခဲ့တာ"
"ကြၽန္ေတာ္ ရန္ကုန္မွာရွိရင္ လာခဲ့ပါတယ္...အခုေတာ့
ဘယ္တတ္နိုင္မလဲ...."
" ေတာင္ႀကီးမွာ ေအးတယ္မလား..."
" ေအးခ်က္ပဲ...အရမ္းခ်မ္းတယ္..."
" ေႏြးေႏြးေထြးေထြးေနေနာ္...အေႏြးထည္ထူထူဝတ္....
ေရေႏြးပူပူေလးေသာက္..."
လင္း ၿပံဳးလိုက္မိပါသည္။
"ကြၽန္ေတာ္....လြမ္းတယ္ ရွင္းယံ"
တိတ္ဆိတ္သြားသည္။ တစ္ဖက္မွရွင္းယံသည္
သူ၏အသက္ရွဴသံကုိပင္ မၾကားရေအာင္ ထိန္းခ်ဳပ္ထားပံုေပၚသည္။ အတန္ၾကာမွ....တည္ၿငိမ္ေသာအသံျပန္ေပၚလာသည္....
"ကိုယ္ေရာပဲ..."
ပူေႏြးေသာ ၾကည္ႏူးမႈမ်ား ခႏၶာကုိယ္အနွံ႔ ျဖန္႔က်က္စီးဆင္းသြားသည္။
" ရွင္းယံ...ကြၽန္ေတာ္ေလ...."
" ခတ္...အခု phone call က ကိုယ့္ရဲ႕ေနာက္ဆံုး
phone call ျဖစ္နိုင္တယ္...."
" ဟင္..."
ေလေအးအခ်ိဳ႕ ေဝ့တိုက္သြားသည္။
" ခတ္သိတဲ့အတိုင္း ေဖေဖာ္ဝါရီဆို အစ္ကုိတို႔
ေနာက္ဆံုးစာေမးပြဲလာေတာ့မယ္...အစ္ကုိအဲ့အတြက္
ႀကိဳးစားရမယ္...အဲ့တာေၾကာင့္ စာေမးပြဲၿပီးတဲ့အထိ
ဖုန္းမသံုးျဖစ္ေတာ့ဘူး...."
" ဒါေပမယ့္ ဇန္နဝါရီဆို....ဇန္နဝါရီဆို....၁၂တန္းေတြက
ေက်ာင္းမတက္ေတာ့တာ ထံုးစံပဲေလ...အဲ့ေတာ့
ကုိုႀကီးနဲ႔လည္းေတြ႕ရေတာ့မွာ မဟုတ္ဘူး.....
အခု ဖုန္းပါမသံုးေတာ့ဘူးဆိုေတာ့...လံုးဝဆက္အသြယ္
လည္းမရွိေတာ့ဘဲ...."
" ခဏေလးပါပဲ....ႏွစ္လဆိုတာ မ်က္စိတစ္မွိတ္အတြင္း
ကုန္သြားမွာပဲ"
လင္း ဆက္ေျပာစရာစကားမရွိေတာ့။ final exam ဟာ
ရွင္းယံတို႔အတြက္ အေရးႀကီးတာပဲေလ။
လင္းက သူ႔ကုိအေနွာင့္အယွက္မျဖစ္ေစလိုပါ။
လင္းရဲ႕ ကိစၥကုိ ေနာက္မွ ေခါက္ထားလိုက္ၾကစို႔။
" ကြၽန္ေတာ္ေစာင့္ေနမယ္...ဘာအတြက္ေစာင့္တာလဲဆိုတာ
ကြၽန္ေတာ္ပြင့္ပြင့္လင္းလင္းမေျပာလည္း ကုိႀကီးသိမယ္ထင္တာပဲ...."
" ခတ္...အစ္ကုိေလ...."
သက္ျပင္းခ်သံတစ္ခုၾကားလိုက္ရသည္။
" အစ္ကုိ ေတာင္းပန္ပါတယ္ ....."
" ဒါ ကုိႀကီးအျပစ္မွမဟုတ္တာ...."
" ထားပါေတာ့ေလ....အခုေတာ့ ကိုယ္တို႔ နွစ္ကူးဖို႔
တူတူေစာင့္ရေအာင္...ဖုန္းကိုင္ထားမယ္မလား...."
" ဟုတ္..."
" သားသားေရ....ငါးမိနစ္ပဲ လိုေတာ့တယ္...နင္
လာေတာ့ေလ...new year လို႔ တူတူေအာ္ၾကရေအာင္"
မဒီက လင္းကုိလာေခၚသည္။ လင္း ဖုန္းကိုင္ထားမွန္းျမင္ေသာအခါ "ဘယ္သူလဲ" ဟု အသံမထြက္ဘဲ ပါးစပ္လႈပ္ရံုမ်ွေမးသည္။ လင္းက " စိုင္းရွင္းယံ" ဟုျပန္ေျဖလိုက္ေသာအခါ
မဒီ့မ်က္လံုးမ်ားဝိုင္းစက္သြားၿပီး လင္းကုိ မေခၚေတာ့ဘဲ
သူမ တစ္ေယာက္တည္း စားပြဲေသာက္ပြဲဆီသို႔ထြက္သြားသည္။
လင္း တစ္ေယာက္တည္း အိမ္ေရွ႕တြင္ က်န္ရစ္ခဲ့သည္...
၁၂နာရီထိုးရန္
၃မိနစ္အလို....
၂မိနစ္အလို.....
၁မိနစ္အလို.....
၁၂နာရီ အတိ......
ရွင္းယံထံမွ " happy new year ...."
ဟု အသံမထြက္ခင္တြင္....new year အတြက္
ေအာ္ျမည့္ဆဲဆဲ၌.....
တစ္ဖက္မွ အင့္ခနဲရႈိက္သံေၾကာင့္ ရွင္းယံ၏အသိစိတ္တို႔
ဖုန္းလိုင္းမွတစ္ဆင့္ ေတာင္ႀကီးရွိေကာင္ေလးဆီ ေရာက္သြားရသည္။ မိမိအနားမွ လူတို႔၏ " Happy new year"
ဟူေသာ ေအာ္သံကုိမၾကားေတာ့။ ဖုန္းထဲရွိ
ေကာင္ေလး၏ ငုိရႈိက္သံကုိသာ သူၾကားေတာ့သည္။
" ကြၽန္ေတာ္....ကြၽန္ေတာ္....တကယ္လြမ္းေနတာ
ရွင္းယံရဲ႕....."
ငုိေနျပန္ၿပီလား ခတ္.....
ဘာလို႔ အစ္ကုိမရွိတဲ့ေနရာမွာ ငုိေနရတာလဲ..
" ခတ္ငုိရင္ေလ အစ္ကို အျပစ္မကင္းသလို ခံစားရတယ္....
တစ္ခါတစ္ေလ ခတ္က အစ္ကုိ႔ဆံုးျဖတ္ခ်က္ေတြ ေဝဝါးေအာင္ သိပ္လုပ္တာပဲ"
ဂီတသံလိုခ်ဳိသာသည့္ ရွင္းယံ၏အသံအဆံုးတြင္ လင္း၏
ရင္ထဲ၌ တင္းက်ပ္စို႔နင့္မႈမ်ား ပုိမိုျပည့္လ်ွံလာသည္။
************************************
************************************
ေနာက္အပိုင္းေတြ ငိုရေတာ့မယ္
အေဟးေဟး.....