[Unicode]
လင်းထံမှ သက်ပြင်းချသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာ၏.....
သုတနှင့် ဗညားတို့...ချက်ချင်းပင် လင်းကို လှည့်ကြည့်
လိုက်ကြသည်.....
တော်သေးသည်....
သက်ပြင်းချရုံမှ လွဲ၍ လင်းသုခတ် ထပ်မငိုတော့.....
လင်းက ညှိုးမှိုင်နေသောမျက်နှာလေးကို ထောင်ထားသော
ဒူးနှစ်ဖက်ပေါ်တင်လျက် တီဗီကို ခပ်ဆွေးဆွေးကြည့်နေသည်....
ဒီညတော့ လင်းသည် သုတ...ဗညားတို့နဲ့ပဲ အိပ်ရတော့မည်... လင်းအတွက် သီးသန့်ရထားသော extra bed
ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်နေလျက် သုံးမိနစ်ခြားတစ်ခါ
ဆိုသလို လင်းထံမှ သက်ပြင်းချသံက ထွက်ပေါ်လာသည်....
" ဘယ်နှနာရီ ရှိပြီလဲ...."
လင်းသည် အားမရှိသောလေသံဖြင့် မေးလိုက်၏....
သုတလည်း ဖုန်းကိုဖွင့်ကြည့်လိုက်၍....
" ကိုးနာရီထိုးဖို့ ၁၅မိနစ်လိုသေးတယ်..."
ဟု ပြန်ဖြေလိုက်သည်....
" အခုကျမှ အချိန်တွေက ကြာလိုက်တာ...ငါအိပ်ချင်နေပြီကို...."
" အိပ်ချင်ရင် အိပ်လေ...."
ဗညား၏စကားကြောင့် လင်း၏မျက်နှာသည် ပိုညှိုးငယ်သွားကာ....
" ရှင်းယံက ငါ့ကိုစိတ်ဆိုးနေလောက်ပြီလို့ တွေးမိရင်
အိပ်ပျော်မှာ မဟုတ်ဘူး...."
ဟု ယဲ့ယဲ့လေး ဆိုလေသည်....
" မဆိုးလောက်ပါဘူးကွာ...မင်းက မသိလို့လုပ်လိုက်တာပဲ... "
သုတစကားကြောင့် လင်းမျက်နှာလေး ရွှင်လာမလို့ရှိသေး...
သုတ၏ နောက်ဆက်တွဲစကားကြောင့် ပြန်မှိုင်သွားရသည်...
" ဆိုးရင်လည်း ဆိုးမှာပေါ့...မင်းမှားသလိုဖြစ်သွားတာလေ...
ပြန်တော့ တောင်းပန်လိုက်ပါ..."
" တောင်းပန်ချင်ပါတယ်...ကိုကြီးနက္ခက်လည်း ငါ့ကို
စိတ်ဆိုးသွားတယ်..."
" ငါကလေ...နက္ခက်ညီက စိုင်းရှင်းယံကို အဲ့လောက်ထိ
ဂရုစိုက်မယ် မှန်း မထင်ထားတာ..."
ဗညားက ဝင်ပြောသဖြင့် သုတနှင့် လင်းသည် သူ့ကို
လှည့်ကြည့်လိုက်ကြသည်....ဗညားက ဆက်ပြောသည်...
" ရှင်းယံကို ရေထဲကဆွဲထုတ်တာလည်း သူပဲ....
ရှင်းယံကိုရေထဲတွန်းချလို့ ဆိုပြီး ဒေါသထွက်တာလည်းသူပဲ...သူငယ်ချင်း ချင်းတူတူ ခွန်စိုင်းနဲ့ ဖြိုးတောင် ဒေါသ
မထွက်ဘူးမလား....ရှင်းယံကို အခန်းထဲထိ ကုန်းပိုးခေါ်သွားတာလည်း သူပဲ....အရမ်း ပျာယာခတ်နေတယ် မထင်ဘူးလား..."
" လေးယောက်ထဲမှာ ရှင်းယံက နက္ခက်ရဲ့ အခင်ဆုံးသူငယ်ချင်းလေ..."
လင်း၏ စကားမဆုံးသေးခင်တွင် အခန်းတံခါးခေါက်သံ
ထွက်ပေါ်လာသည်....ထို့ကြောင့် သုတက ကုတင်ပေါ်မှဆင်းကာ တံခါးသွားဖွင့်သည်.....
အခန်းတံခါးဝတွင် ရပ်နေသော ရှင်းယံကို မြင်တွေ့လိုက်ရသောအခါ လင်း၏ မျက်ဝန်းများအရည်လဲ့သွားသည်....
ရှင်းယံသည် အခန်းထဲရှိ လင်းကို လှမ်းကြည့်လိုက်ပါသည်...
" ခတ်...အစ်ကိုနဲ့စကားခဏပြောမလား...."
************************************************************************
ပင်လယ်ဘက်သို့ မျက်နှာမူသော ဒန်းပေါ်တွင် သူတို့၂ယောက် ထိုင်လိုက်ကြသည်....ပင်လယ်ဘက်မှ လေနုလေးအေးတို့က တဖြူးဖြူးတိုက်ခတ်နေသဖြင့် သူတို့၂ယောက်၏ ဆံပင်တို့သည် လေနှင့်အတူ လှုပ်ခတ်ရွေ့လျားနေကြသည်.....
လင်း...ရှင်းယံကို လှည့်ကြည့်လိုက်သည်....
ရှင်းယံက ညနေတုန်းက ဘာမှမဖြစ်ခဲ့သည့်အတိုင်း
မျက်နှာက တည်ငြိမ်အေးဆေးနေသည်.....
" အဲ့တုန်းက အစ်ကို့အသက်က ၄နှစ်လောက်ရှိပြီ...."
ရှင်းယံထံမှ နူးညံ့ကြည်လင်သောအသံက ၂ယောက်
ကြားရှိတိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်၏....
လင်း...ရှင်းယံ၏ စကားကို ငြိမ်၍နားထောင်နေသည်...
" နိုင်ငံခြားက ကမ်းခြေတစ်ခုပေါ့ ..ဘယ်နိုင်ငံလဲတော့ အစ်ကိုမမှတ်မိတော့ဘူး.....လူကြီးတွေမရှိတုန်း
အစ်ကိုတစ်ယောက်တည်း ပင်လယ်ထဲဆင်းသွားတာ....
ရေနစ်ပြီး သေမလိုဖြစ်သွားခဲ့တယ်....လူတစ်ယောက်က
အစ်ကို့ကို အချိန်မှီကယ်လိုက်နိုင်လို့ တော်သေးတာပေါ့....
ဒါပေမဲ့ အစ်ကို့ကို ကယ်လိုက်နိုင်တဲ့အချိန်မှာ
အစ်ကိုက ရေမွန်းပြီးသတိလစ်နေပြီ......မျော့မျော့လေးပဲ
ကျန်တော့တာ....အဲ့အဖြစ်အပျက်က အစ်ကို့ကို
စိတ်ဒဏ်ရာပေးလိုက်တယ် ထင်ပါတယ်.....
အဲ့အချိန်ကစပြီးတော့ အစ်ကို ပင်လယ်ထဲ ဆင်းလို့မရတော့တာ.....အစ်ကို ရေကူးတတ်ပါတယ်...ဒါပေမဲ့
ပင်လယ်ထဲဆင်းလိုက်ရင်...ငယ်ငယ်တုန်းကအတိုင်း
ပြန်မြင်ယောင်ပြီးတော့....ပြန်ခံစားမိပြီးတော့....
ကြောက်လာမိပြီး လက်တွေခြေတွေ လှုပ်မရတော့ဘူး..."
ရှင်းယံသည် စကားအဆုံးသတ်နား၌ ပြုံးလိုက်သည်...
ထို့နောက် လင်းဘက်သို့ ခေါင်းလှည့်လာသောကြောင့်
ရှင်းယံနှင့် မျက်နှာချင်းမဆိုင်နိုင်ဘဲ လင်း..ပင်လယ်ဘက်ကို
အကြည့်လွဲလိုက်သည်....
" ကျွန်တော် ကိုကြီးကို တောင်းပန်ပါတယ်....ကျွန်တော်
တမင်သပ်သပ် ရေထဲတွန်းချတာ မဟုတ်ပါဘူး....ကျွန်တော် တကယ်မသိလိုက်လို့ပါ....ကျွန်တော်ထင်တာက ကိုကြီး
ပင်လယ်ကြောက်တယ်ဆိုတာ....ကျွန်တော် ပိုးဟပ်ကြောက်သလိုမျိုး.....ဒီတိုင်းရိုးရိုးတန်းတန်း ကြောက်တာလို့ ထင်ခဲ့တာ.....phobia လို့လုံးဝ မထင်ခဲ့ဘူး...."
လင်းသည် ပြောရင်းနှင့် အသံပိုသိမ်ဝင်သွားကာ
ခေါင်းကို ငုံ့လိုက်သည်.....လင်း၏ ရှည်လျားနေသော
ဆံပင်တို့သည် ခေါင်းငုံ့လိုက်သောကြောင့် အရှေ့သို့
ကျသွားပြီး မျက်လုံးကို မမြင်ရအောင် ဖုံးအုပ်သွားသည်...
" ကျွန်တော် တစ်ညနေလုံး စိတ်မကောင်းဖြစ်နေတာပါ...
ကျွန်တော်ကိုယ်တိုင် ကိုကြီးကို သေမလိုဖြစ်အောင်လုပ်လိုက်
မိတယ်....တကယ်လို့ ကိုကြီးသာတကယ် အသက်ရှူရပ်သွား
ရင် ကျွန်တော် ဘယ်လိုနေလို့ နေရမှန်းတောင် သိမှာမဟုတ်ဘူး.....ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်....
ကျွန်တော် တကယ် ဝမ်းနည်းနေတာပါ....ကျွန်တော်က
ကိုကြီးကြောက်တဲ့အရာဆီကို တည့်တည့်တွန်းပုိ့သလို
ဖြစ်သွားတယ်....ပြီးတော့ ကိုကြီးအဆင်မပြေဖြစ်နေတာ
တွေ့ရက်နဲ့တောင် ချက်ချင်း ဆင်းမကယ်လိုက်ဘူး..."
အသံသည် တဖြေးဖြေးတုန်လာ၍ ရှိုက်သံကပ်ငြိလာ
သောကြောင့် ရှင်းယံသည် လင်း၏ရှေ့ကျနေသော ဆံပင်တို့ကို သပ်တင်ပေးလိုက်သည်....
မျက်ရည်များရစ်ဝဲနေသော မျက်ဝန်းတို့ကို တွေ့လိုက်သောအခါ...
" ခတ် ဘာလို့ငိုနေတာလဲ...မငိုနဲ့လေ..."
ဟု နူးနူးညံ့ညံ့ရေရွတ်လိုက်သည်....
" ကျွန်တော့်ကို စိတ်မဆိုးနဲ့နော်..."
" အစ်ကို စိတ်မဆိုးဘူး...ဘာလို့ခတ်ကို စိတ်ဆိုးရမှာလဲ...
ခတ်ရဲ့အပြစ်မဟုတ်ဘူး......နော်..."
လင်း၏မျက်ဝန်းမှ မျက်ရည်များက တတောက်တောက်ကျဆင်းလာသည်....ရှင်းယံသည် ထိုမျက်ရည်တို့ကို လက်ဖြင့်
အသာအယာဖယ်ရှားပေး၏...
ရှင်းယံထိုသို့လုပ်လေ...လင်းသည် ပို၍ စို့နင့်လာကာ....
နောက်ဆုံး ရှိုက်ပြီး ထငိုမိတော့သည်...
" ခတ်..မငိုပါနဲ့ဆို...တိတ်...တိတ်..."
ရှင်းယံသည် လင်း၏ ပါးနှစ်ဖက်ကို ခပ်ဖွဖွကိုင်၍ဆို၏...
နောက်တော့ လင်းကို မထိတထိဖက်လိုက်၍ ခေါင်းကို
ဖြေးဖြေးချင်း ပွတ်သပ်ပေးသည်....
လင်းသည် ရှင်းယံရင်ခွင်ထဲမှ ရှိုက်ငိုနေ၏....
ခဏကြာ၍ လင်း၏ ငိုသံနည်းနည်းငြိမ်သွားမှ ရှင်းယံသည်
လင်းကို ဖက်ထားရာမှ လွှတ်လိုက်သည်....
လင်း၏ နှာခေါင်းသည် နီရဲနေလေပြီ....
" အစ်ကိုပြောချင်တာကလေ...နက္ခက်ကို စိတ်မဆိုးပါနဲ့....
သူက အစ်ကို့ကို စိုးရိမ်လွန်ပြီးတော့ ခတ်ကို ဒေါသနဲ့
အော်လိုက်မိတာပါ....."
" ကျွန်တော်သိပါတယ်....ကျွန်တော်သူ့ကိုစိတ်မဆိုးပါဘူး...
သူကသာ ကျွန်တော့်ကိုစိတ်ဆိုးနေတာ..."
" နက္ခက်က စိတ်ဆိုးပြေလွယ်ပါတယ်....အစ်ကိုတို့က
အပျော်ခရီးထွက်လာတာလေ...အချင်းချင်းရန်ဖြစ်နေလို့
မဖြစ်ဘူးမလား...."
လင်းသည် နောက်ဆုံးအကြိမ်ရှိုက်လိုက်ပြီး....
မျက်ရည်စိုရွှဲနေသော မိမိမျက်နှာကို လက်ဖြင့်အကြမ်းပတမ်း
ပွတ်တိုက်လိုက်သည်....ထို့နောက် အခွင့်အရေးကို
လက်လွှတ်မခံဘဲ ရှင်းယံ၏ ပခုံးအပေါ် မှီချလိုက်သည်....
" ထပ်မငိုနဲ့တော့နော်..."
လင်း ခေါင်းငြိမ့်လိုက်ပါသည်....
************************************************************************
နိုးနိုးနှင့် ရိပ်တို့ ဗိုက်ဆာ၍ စားသောက်ဆိုင်တွင် ခေါက်ဆွဲပြုတ်သွားစားပြီး ပြန်အလာ၌ နက္ခက်နှင့် ရှင်းယံတို့ အခန်းနား
သို့ရောက်လာသည်....
အခန်း၏အရှေ့တွင်ထုတ်ထားသော ဝရံတာ၏လက်တန်းတွင် နက္ခက်ကထိုင်နေသည်....ရှင်းယံအပြင်မှ ပြန်လာသည်ကို
မြင်သောအခါ ဆီးကြို၍ ခပ်မာမာပြောလိုက်လေသည်...
" လင်းကို သွားချော့ပြီး ပြန်လာတယ်ပေါ့..."
ထိုအသံကိုကြားလိုက်သည် နှင့်တစ်ပြိုင်နက် နိုးနိုးသည်
ရိပ်ကို ဆွဲကာ နံရံအနောက်၌ ပုန်းခိုလိုက်သည်...
ထို့နောက် သူတို့၂ယောက်သည် နက္ခက်နှင့် ရှင်းယံတို့ကို
ပုန်းလျှိုးကွယ်လျှိုးချောင်းကြည့်နေသည်....
" သွားမချော့လို့ ဘယ်လိုလုပ်မလဲ....သူ အရမ်းစိတ်မကောင်းဖြစ်နေတယ်လေ...."
ရှင်းယံက ခပ်အေးအေးပြော၍ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်...
" ငါက လင်းကို ညနေကမှအော်ထားတာ...မင်းကသွားချော့နေတော့ ငါကဘာဖြစ်သွားလဲ.....ကာယကံရှင်
မင်းကတောင် ဘာမှမဖြစ်တာ...ငါကမဆီမဆိုင် ဝင်ဒေါသထွက်သလို မဖြစ်ဘူးလား..."
" အခု မင်းလည်းဒေါသမှမထွက်တော့တာ....သူ မနက်ဖြန်
မင်းကိုတောင်းပန်ပါ့မယ် ပြောတယ်...သူ့ခမျာ...စိတ်မကောင်းဖြစ်ပြီး ငိုတောင်ငိုရှာတယ်...."
ရှင်းယံ၏ စကားကြောင့် နက္ခက်သည် နှုတ်ခမ်းစွန်းတစ်ဖက်....ကွေးညွတ်ရုံမျှ ပြုံးလိုက်သည်.....
" နာနတ်သီးက ထပ်ငိုပြန်ပြီလား...တော်တော်အငိုသန်တာပဲ..."
ဟု ခပ်တိုးတိုးပြောလိုက်သည်.....
တစ်ဆက်တည်းဆိုသလို သက်ပြင်းချသံဖြင့်....
"ရှင်းယံ....ရှင်းယံ....ငါလည်း မင်းအတွက်နဲ့ လူဆိုးဖြစ်ရပေါင်းများပြီ....."
ဟု ဆွဲဆွဲငင်ငင်ပြောလိုက်လေသည်.....
" ဘယ်သူက မင်းကို လူဆိုးလုပ်ခိုင်းနေလို့လဲ....
မင်းဘာသာမင်း ဝင်လုပ်ပြီးတော့...."
" စောက်ကျေးဇူးကန်းတဲ့အကောင်....ငါလုပ်ခဲ့တာတွေက
ဘယ်သူအတွက်လဲ...."
ရှင်းယံ၏ ရယ်သံလွင်လွင်လေး ထွက်ပေါ်လာသည်...
" ငါ့အတွက်ပါ...ငါသိပါတယ်....အဲ့အတွက်လည်း
မင်းကိုငါ အမြဲကျေးဇူးတင်နေပါတယ်....မင်းလည်း
သိပါတယ် နက္ခက်...မင်းက ငါ့အတွက် အကောင်းဆုံးပဲ...
ငါ့မှာ မင်းကလွဲပြီးတခြားသူ မရှိဘူးပဲ...."
" အေး...အဲ့မှာ အပြောချိုချိုလေးတွေနဲ့ ခိုင်းစားနေလိုက်..."
" ငါဘယ်တုန်းက မင်းကို ခိုင်းစားလို့လဲ..."
" ပြောပြရမလား...ဘယ်တုန်းကလဲ ဆိုတာ..."
" အေး...ပြော..."
ရှင်းယံနှင့် နက္ခက်တို့ စကားနိုင်လုရင်းအခန်းထဲသို့ ဝင်သွားမှသာ နိုးနိုးနှင့် ရိပ်သည် ပုန်းနေရာမှထွက်လာ၍
ကိုယ့်အခန်းကို ပြန်သွားကြသည်....
အခန်းထဲသို့ ပြန်ရောက်သည်နှင့် နိုးနိုးသည် ကုတင်ပေါ်တွင်
တက်ထိုင်လိုက်သည်....ထို့နောက် တစ်စုံတစ်ရာကို
အလေးအနက် စဉ်းစားနေပုံနှင့်....မေးစေ့ကိုပွတ်နေသည်...
" ငါ တစ်ခုခုကို တဖြေးဖြေးနဲ့ သံသယဝင်လာပြီ..."
" ဘာကို သံသယဝင်တာလဲ..."
ရိပ်က မေးလိုက်၏....
" စိုင်းရှင်းယံနဲ့ နက္ခက်ရဲ့ ဆက်ဆံရေးကိုလေ...."
" သူတို့ဆက်ဆံရေးက သူငယ်ချင်းတွေလေ...ဘာဖြစ်လို့လဲ"
" မသိဘူး...သူငယ်ချင်းမဟုတ်ဘဲ အဲ့ထက်ပိုနေမလားလို့
စိတ်ထဲတွေးနေမိတယ်..."
နိုးနိုးစကားကြောင့် ရိပ် ရယ်လိုက်လေသည်....
" နင် အတွေးလွန်နေပြီ..."
" မဟုတ်ဘူး ရိပ်ရဲ့...နင်..သူတို့ခုနက ပြောတာတွေကြားတယ်မလား....ငါမင်းအတွက်နဲ့ လူဆိုးဖြစ်ရပေါင်းများပြီတို့...
မင်းက ငါ့အတွက်အကောင်းဆုံးပဲတို့..ပြောတယ်လေ
ဘာလို့ နက္ခက်က ရှင်းယံနဲ့ ပတ်သတ်ပြီး လူဆိုးဖြစ်ရတယ်လို့
ပြောတာလဲ...."
" ဒါတော့ ဘယ်လိုလုပ်သိမလဲ..."
" ငါက နက္ခက်...လင်းကို ကြိုက်နေတာလို့ထင်ခဲ့တာ...
အခုတော့ နက္ခက်က စိုင်းရှင်းယံကိုထိတော့ လင်းကို
အော်ပစ်တာနော်...."
ရိပ်က သူမဆံပင်ကို စည်းနှောင်ထားသော ခေါင်းစည်းကြိုးကို
ဖြုတ်ရင်း နိုးနိုး၏ စကားကို ဆက်လက်နားစွင့်နေသည်....
" ငါ အခုမှစဉ်းစားမိတယ်...ရိပ်..."
" အင်း..."
" ဟိုတစ်ခါ လင်းက နက္ခက်နဲ့club လိုက်သွားတုန်းက
ရှင်းယံ ပေါက်ကွဲပြီး လင်းကိုလာပြောတယ်နော်....
အဲ့တုန်းက လင်းကိုသဝန်တိုလို့ဖြစ်မယ်လို့ ငါတို့ထင်ခဲ့တယ်နော်..."
" အင်းလေ..."
" ဒါပေမဲ့ အဲ့တုန်းက နက္ခက်က ရှင်းယံစိတ်ဆိုးမှန်းတောင်
မသိဘူး...ရှင်းယံက သူ့ကိုတစ်ခွန်းမှ မပြောဘူး....
ငါတွေးမိတာက...ရှင်းယံ သဝန်တိုတာ လင်း မဟုတ်ဘဲနဲ့...
နက္ခက်ဖြစ်နေရင်ရော....နက္ခက်ကို သဝန်တိုပြီးတော့
လင်းကို ဒေါသထွက်တာဆိုရင်ရော...."
" အေး...ဟုတ်သားပဲ..."
" ပြီးတော့ ငါ သူတို့ကိုကြည့်နေတာကြာပြီ...
ရှင်းယံက နက္ခက်ကို အရမ်းဂရုစိုက်တယ်...နက္ခက်အကြိုက်တွေလည်း သိတယ်....နက္ခက်ကို တစ်ချက်လေးမှတောင်
မျက်နှာအပျက်မခံဘူး....အဲ့တော့ ငါနောက်ဆုံးတွေးမိတာကလေ.....တကယ်လို့များ...ရှင်းယံက နက္ခက်ကိုကြိုက်နေတယ်...ဒါပေမဲ့ သူငယ်ချင်းမို့ ဖွင့်မပြောနိုင်ဘူး...
အဲ့အချိန်မှာ လင်းက ဝင်လာတယ်...နက္ခက်က လင်းအနား
သိပ်ကပ်တော့....ရှင်းယံက နက္ခက်သဝန်တိုအောင်
လင်းကို အသုံးချနေတာ ဆိုရင်ရော..."
နိုးနိုး၏ စကားကြောင့် ရိပ် မျက်လုံးပြူးသွားသည်...
" နင်ကလည်း....အရမ်းအတွေးများနေပြီ....အဲ့လို မဖြစ်နိုင်ပါဘူး....ရှင်းယံနဲ့ နက္ခက်နဲ့က ငယ်ငယ်ထဲက ခင်တာမို့လို့
တစ်ယောက်ကို တစ်ယောက် အရမ်းဂရုစိုက်တာ နေမှာပါ..."
" နင်သလိုပဲ ဒီတိုင်း သူငယ်ချင်းပဲ ဖြစ်ပါစေ....
သူတို့၂ယောက်ကြားမှာ လင်းကိုတော့ အသုံးချခံ မဖြစ်စေချင်ဘူး...."
နိုးနိုးသည် ခေါင်းတခါခါနှင့် ရေရွတ်မိလိုက်ပါတော့သည်...
************************************************************************
နိုးနိုး အတွေးတွေက တကယ်လိုက်မမှီတာနော် XD
[Zawgyi]
လင္းထံမွ သက္ျပင္းခ်သံသည္ က်ယ္ေလာင္စြာ ထြက္ေပၚလာ၏.....
သုတနွင့္ ဗညားတို႔...ခ်က္ခ်င္းပင္ လင္းကုိ လွည့္ၾကည့္
လိုက္ၾကသည္.....
ေတာ္ေသးသည္....
သက္ျပင္းခ်ရံုမွ လြဲ၍ လင္းသုခတ္ ထပ္မငိုေတာ့.....
လင္းက ညႇိဳးမႈိင္ေနေသာမ်က္နွာေလးကုိ ေထာင္ထားေသာ
ဒူးနွစ္ဖက္ေပၚတင္လ်က္ တီဗီကုိ ခပ္ေဆြးေဆြးၾကည့္ေနသည္....
ဒီညေတာ့ လင္းသည္ သုတ...ဗညားတို႔နဲ႔ပဲ အိပ္ရေတာ့မည္... လင္းအတြက္ သီးသန္႔ရထားေသာ extra bed
ေပၚတြင္ က်ံဳ႕က်ံဳ႕ေလးထိုင္ေနလ်က္ သံုးမိနစ္ျခားတစ္ခါ
ဆိုသလို လင္းထံမွ သက္ျပင္းခ်သံက ထြက္ေပၚလာသည္....
" ဘယ္နွနာရီ ရွိၿပီလဲ...."
လင္းသည္ အားမရွိေသာေလသံျဖင့္ ေမးလိုက္၏....
သုတလည္း ဖုန္းကုိဖြင့္ၾကည့္လိုက္၍....
" ကိုးနာရီထိုးဖို႔ ၁၅မိနစ္လိုေသးတယ္..."
ဟု ျပန္ေျဖလိုက္သည္....
" အခုက်မွ အခ်ိန္ေတြက ၾကာလိုက္တာ...ငါအိပ္ခ်င္ေနၿပီကုိ...."
" အိပ္ခ်င္ရင္ အိပ္ေလ...."
ဗညား၏စကားေၾကာင့္ လင္း၏မ်က္နွာသည္ ပုိညႇိဳးငယ္သြားကာ....
" ရွင္းယံက ငါ့ကုိစိတ္ဆိုးေနေလာက္ၿပီလို႔ ေတြးမိရင္
အိပ္ေပ်ာ္မွာ မဟုတ္ဘူး...."
ဟု ယဲ့ယဲ့ေလး ဆိုေလသည္....
" မဆိုးေလာက္ပါဘူးကြာ...မင္းက မသိလို႔လုပ္လိုက္တာပဲ... "
သုတစကားေၾကာင့္ လင္းမ်က္နွာေလး ႐ႊင္လာမလို႔ရွိေသး...
သုတ၏ ေနာက္ဆက္တြဲစကားေၾကာင့္ ျပန္မႈိင္သြားရသည္...
" ဆိုးရင္လည္း ဆိုးမွာေပါ့...မင္းမွားသလိုျဖစ္သြားတာေလ...
ျပန္ေတာ့ ေတာင္းပန္လိုက္ပါ..."
" ေတာင္းပန္ခ်င္ပါတယ္...ကုိႀကီးနကၡက္လည္း ငါ့ကို
စိတ္ဆိုးသြားတယ္..."
" ငါကေလ...နကၡက္ညီက စိုင္းရွင္းယံကုိ အဲ့ေလာက္ထိ
ဂရုစိုက္မယ္ မွန္း မထင္ထားတာ..."
ဗညားက ဝင္ေျပာသျဖင့္ သုတနွင့္ လင္းသည္ သူ႔ကုိ
လွည့္ၾကည့္လိုက္ၾကသည္....ဗညားက ဆက္ေျပာသည္...
" ရွင္းယံကုိ ေရထဲကဆြဲထုတ္တာလည္း သူပဲ....
ရွင္းယံကုိေရထဲတြန္းခ်လို႔ ဆိုၿပီး ေဒါသထြက္တာလည္းသူပဲ...သူငယ္ခ်င္း ခ်င္းတူတူ ခြန္စိုင္းနဲ႔ ၿဖိဳးေတာင္ ေဒါသ
မထြက္ဘူးမလား....ရွင္းယံကုိ အခန္းထဲထိ ကုန္းပိုးေခၚသြားတာလည္း သူပဲ....အရမ္း ပ်ာယာခတ္ေနတယ္ မထင္ဘူးလား..."
" ေလးေယာက္ထဲမွာ ရွင္းယံက နကၡက္ရဲ႕ အခင္ဆံုးသူငယ္ခ်င္းေလ..."
လင္း၏ စကားမဆံုးေသးခင္တြင္ အခန္းတံခါးေခါက္သံ
ထြက္ေပၚလာသည္....ထို႔ေၾကာင့္ သုတက ကုတင္ေပၚမွဆင္းကာ တံခါးသြားဖြင့္သည္.....
အခန္းတံခါးဝတြင္ ရပ္ေနေသာ ရွင္းယံကုိ ျမင္ေတြ႕လိုက္ရေသာအခါ လင္း၏ မ်က္ဝန္းမ်ားအရည္လဲ့သြားသည္....
ရွင္းယံသည္ အခန္းထဲရွိ လင္းကုိ လွမ္းၾကည့္လိုက္ပါသည္...
" ခတ္...အစ္ကိုနဲ႔စကားခဏေျပာမလား...."
************************************************************************
ပင္လယ္ဘက္သို႔ မ်က္နွာမူေသာ ဒန္းေပၚတြင္ သူတို႔၂ေယာက္ ထိုင္လိုက္ၾကသည္....ပင္လယ္ဘက္မွ ေလႏုေလးေအးတို႔က တျဖဴးျဖဴးတိုက္ခတ္ေနသျဖင့္ သူတို႔၂ေယာက္၏ ဆံပင္တို႔သည္ ေလနွင့္အတူ လႈပ္ခတ္ေ႐ြ႕လ်ားေနၾကသည္.....
လင္း...ရွင္းယံကုိ လွည့္ၾကည့္လိုက္သည္....
ရွင္းယံက ညေနတုန္းက ဘာမွမျဖစ္ခဲ့သည့္အတိုင္း
မ်က္နွာက တည္ၿငိမ္ေအးေဆးေနသည္.....
" အဲ့တုန္းက အစ္ကုိ႔အသက္က ၄နွစ္ေလာက္ရွိၿပီ...."
ရွင္းယံထံမွ ႏူးည့ံၾကည္လင္ေသာအသံက ၂ေယာက္
ၾကားရွိတိတ္ဆိတ္မႈကုိ စတင္ၿဖိဳခြဲလိုက္၏....
လင္း...ရွင္းယံ၏ စကားကုိ ၿငိမ္၍နားေထာင္ေနသည္...
" နိုင္ငံျခားက ကမ္းေျခတစ္ခုေပါ့ ..ဘယ္နိုင္ငံလဲေတာ့ အစ္ကုိမမွတ္မိေတာ့ဘူး.....လူႀကီးေတြမရွိတုန္း
အစ္ကုိတစ္ေယာက္တည္း ပင္လယ္ထဲဆင္းသြားတာ....
ေရနစ္ၿပီး ေသမလိုျဖစ္သြားခဲ့တယ္....လူတစ္ေယာက္က
အစ္ကုိ႔ကုိ အခ်ိန္မွီကယ္လိုက္နိုင္လို႔ ေတာ္ေသးတာေပါ့....
ဒါေပမဲ့ အစ္ကုိ႔ကုိ ကယ္လိုက္နိုင္တဲ့အခ်ိန္မွာ
အစ္ကုိက ေရမြန္းၿပီးသတိလစ္ေနၿပီ......ေမ်ာ့ေမ်ာ့ေလးပဲ
က်န္ေတာ့တာ....အဲ့အျဖစ္အပ်က္က အစ္ကုိ႔ကုိ
စိတ္ဒဏ္ရာေပးလိုက္တယ္ ထင္ပါတယ္.....
အဲ့အခ်ိန္ကစၿပီးေတာ့ အစ္ကုိ ပင္လယ္ထဲ ဆင္းလို႔မရေတာ့တာ.....အစ္ကုိ ေရကူးတတ္ပါတယ္...ဒါေပမဲ့
ပင္လယ္ထဲဆင္းလိုက္ရင္...ငယ္ငယ္တုန္းကအတိုင္း
ျပန္ျမင္ေယာင္ၿပီးေတာ့....ျပန္ခံစားမိၿပီးေတာ့....
ေၾကာက္လာမိၿပီး လက္ေတြေျခေတြ လႈပ္မရေတာ့ဘူး..."
ရွင္းယံသည္ စကားအဆံုးသတ္နား၌ ၿပံဳးလိုက္သည္...
ထို႔ေနာက္ လင္းဘက္သို႔ ေခါင္းလွည့္လာေသာေၾကာင့္
ရွင္းယံနွင့္ မ်က္နွာခ်င္းမဆိုင္နိုင္ဘဲ လင္း..ပင္လယ္ဘက္ကုိ
အၾကည့္လြဲလိုက္သည္....
" ကြၽန္ေတာ္ ကုိႀကီးကုိ ေတာင္းပန္ပါတယ္....ကြၽန္ေတာ္
တမင္သပ္သပ္ ေရထဲတြန္းခ်တာ မဟုတ္ပါဘူး....ကြၽန္ေတာ္ တကယ္မသိလိုက္လို႔ပါ....ကြၽန္ေတာ္ထင္တာက ကုိႀကီး
ပင္လယ္ေၾကာက္တယ္ဆိုတာ....ကြၽန္ေတာ္ ပိုးဟပ္ေၾကာက္သလိုမ်ိဳး.....ဒီတိုင္းရိုးရိုးတန္းတန္း ေၾကာက္တာလို႔ ထင္ခဲ့တာ.....phobia လို႔လံုးဝ မထင္ခဲ့ဘူး...."
လင္းသည္ ေျပာရင္းနွင့္ အသံပုိသိမ္ဝင္သြားကာ
ေခါင္းကုိ ငံု႔လိုက္သည္.....လင္း၏ ရွည္လ်ားေနေသာ
ဆံပင္တို႔သည္ ေခါင္းငံု႔လိုက္ေသာေၾကာင့္ အေရွ႕သို႔
က်သြားၿပီး မ်က္လံုးကုိ မျမင္ရေအာင္ ဖံုးအုပ္သြားသည္...
" ကြၽန္ေတာ္ တစ္ညေနလံုး စိတ္မေကာင္းျဖစ္ေနတာပါ...
ကြၽန္ေတာ္ကိုယ္တိုင္ ကုိႀကီးကုိ ေသမလိုျဖစ္ေအာင္လုပ္လိုက္
မိတယ္....တကယ္လို႔ ကုိႀကီးသာတကယ္ အသက္ရွဴရပ္သြား
ရင္ ကြၽန္ေတာ္ ဘယ္လိုေနလို႔ ေနရမွန္းေတာင္ သိမွာမဟုတ္ဘူး.....ကြၽန္ေတာ့္ကုိ စိတ္မဆိုးပါနဲ႔ေနာ္....
ကြၽန္ေတာ္ တကယ္ ဝမ္းနည္းေနတာပါ....ကြၽန္ေတာ္က
ကုိႀကီးေၾကာက္တဲ့အရာဆီကုိ တည့္တည့္တြန္းပု႔ိသလို
ျဖစ္သြားတယ္....ၿပီးေတာ့ ကုိႀကီးအဆင္မေျပျဖစ္ေနတာ
ေတြ႕ရက္နဲ႔ေတာင္ ခ်က္ခ်င္း ဆင္းမကယ္လိုက္ဘူး..."
အသံသည္ တေျဖးေျဖးတုန္လာ၍ ရႈိက္သံကပ္ၿငိလာ
ေသာေၾကာင့္ ရွင္းယံသည္ လင္း၏ေရွ႕က်ေနေသာ ဆံပင္တို႔ကုိ သပ္တင္ေပးလိုက္သည္....
မ်က္ရည္မ်ားရစ္ဝဲေနေသာ မ်က္ဝန္းတို႔ကုိ ေတြ႕လိုက္ေသာအခါ...
" ခတ္ ဘာလို႔ငုိေနတာလဲ...မငုိနဲ႔ေလ..."
ဟု ႏူးႏူးည့ံည့ံေရ႐ြတ္လိုက္သည္....
" ကြၽန္ေတာ့္ကုိ စိတ္မဆိုးနဲ႔ေနာ္..."
" အစ္ကုိ စိတ္မဆိုးဘူး...ဘာလို႔ခတ္ကုိ စိတ္ဆိုးရမွာလဲ...
ခတ္ရဲ႕အျပစ္မဟုတ္ဘူး......ေနာ္..."
လင္း၏မ်က္ဝန္းမွ မ်က္ရည္မ်ားက တေတာက္ေတာက္က်ဆင္းလာသည္....ရွင္းယံသည္ ထိုမ်က္ရည္တို႔ကုိ လက္ျဖင့္
အသာအယာဖယ္ရွားေပး၏...
ရွင္းယံထိုသို႔လုပ္ေလ...လင္းသည္ ပုိ၍ စို႔နင့္လာကာ....
ေနာက္ဆံုး ရႈိက္ၿပီး ထငိုမိေတာ့သည္...
" ခတ္..မငိုပါနဲ႔ဆို...တိတ္...တိတ္..."
ရွင္းယံသည္ လင္း၏ ပါးနွစ္ဖက္ကို ခပ္ဖြဖြကိုင္၍ဆို၏...
ေနာက္ေတာ့ လင္းကုိ မထိတထိဖက္လိုက္၍ ေခါင္းကုိ
ေျဖးေျဖးခ်င္း ပြတ္သပ္ေပးသည္....
လင္းသည္ ရွင္းယံရင္ခြင္ထဲမွ ရႈိက္ငိုေန၏....
ခဏၾကာ၍ လင္း၏ ငုိသံနည္းနည္းၿငိမ္သြားမွ ရွင္းယံသည္
လင္းကုိ ဖက္ထားရာမွ လႊတ္လိုက္သည္....
လင္း၏ နွာေခါင္းသည္ နီရဲေနေလၿပီ....
" အစ္ကုိေျပာခ်င္တာကေလ...နကၡက္ကုိ စိတ္မဆိုးပါနဲ႔....
သူက အစ္ကုိ႔ကုိ စိုးရိမ္လြန္ၿပီးေတာ့ ခတ္ကုိ ေဒါသနဲ႔
ေအာ္လိုက္မိတာပါ....."
" ကြၽန္ေတာ္သိပါတယ္....ကြၽန္ေတာ္သူ႔ကုိစိတ္မဆိုးပါဘူး...
သူကသာ ကြၽန္ေတာ့္ကုိစိတ္ဆိုးေနတာ..."
" နကၡက္က စိတ္ဆိုးေျပလြယ္ပါတယ္....အစ္ကုိတို႔က
အေပ်ာ္ခရီးထြက္လာတာေလ...အခ်င္းခ်င္းရန္ျဖစ္ေနလို႔
မျဖစ္ဘူးမလား...."
လင္းသည္ ေနာက္ဆံုးအႀကိမ္ရႈိက္လိုက္ၿပီး....
မ်က္ရည္စို႐ႊဲေနေသာ မိမိမ်က္နွာကုိ လက္ျဖင့္အၾကမ္းပတမ္း
ပြတ္တိုက္လိုက္သည္....ထို႔ေနာက္ အခြင့္အေရးကုိ
လက္လႊတ္မခံဘဲ ရွင္းယံ၏ ပခံုးအေပၚ မွီခ်လိုက္သည္....
" ထပ္မငုိနဲ႔ေတာ့ေနာ္..."
လင္း ေခါင္းၿငိမ့္လိုက္ပါသည္....
************************************************************************
နိုးနိုးနွင့္ ရိပ္တို႔ ဗိုက္ဆာ၍ စားေသာက္ဆိုင္တြင္ ေခါက္ဆြဲျပဳတ္သြားစားၿပီး ျပန္အလာ၌ နကၡက္နွင့္ ရွင္းယံတို႔ အခန္းနား
သို႔ေရာက္လာသည္....
အခန္း၏အေရွ႕တြင္ထုတ္ထားေသာ ဝရံတာ၏လက္တန္းတြင္ နကၡက္ကထိုင္ေနသည္....ရွင္းယံအျပင္မွ ျပန္လာသည္ကုိ
ျမင္ေသာအခါ ဆီးႀကိဳ၍ ခပ္မာမာေျပာလိုက္ေလသည္...
" လင္းကုိ သြားေခ်ာ့ၿပီး ျပန္လာတယ္ေပါ့..."
ထိုအသံကုိၾကားလိုက္သည္ နွင့္တစ္ၿပိဳင္နက္ နိုးနိုးသည္
ရိပ္ကုိ ဆြဲကာ နံရံအေနာက္၌ ပုန္းခိုလုိက္သည္...
ထို႔ေနာက္ သူတို႔၂ေယာက္သည္ နကၡက္နွင့္ ရွင္းယံတို႔ကုိ
ပုန္းလ်ွိဳးကြယ္လ်ိွဳးေခ်ာင္းၾကည့္ေနသည္....
" သြားမေခ်ာ့လို႔ ဘယ္လိုလုပ္မလဲ....သူ အရမ္းစိတ္မေကာင္းျဖစ္ေနတယ္ေလ...."
ရွင္းယံက ခပ္ေအးေအးေျပာ၍ ထိုင္ခံုတစ္ခုတြင္ ထိုင္လိုက္သည္...
" ငါက လင္းကုိ ညေနကမွေအာ္ထားတာ...မင္းကသြားေခ်ာ့ေနေတာ့ ငါကဘာျဖစ္သြားလဲ.....ကာယကံရွင္
မင္းကေတာင္ ဘာမွမျဖစ္တာ...ငါကမဆီမဆိုင္ ဝင္ေဒါသထြက္သလို မျဖစ္ဘူးလား..."
" အခု မင္းလည္းေဒါသမွမထြက္ေတာ့တာ....သူ မနက္ျဖန္
မင္းကုိေတာင္းပန္ပါ့မယ္ ေျပာတယ္...သူ႔ခမ်ာ...စိတ္မေကာင္းျဖစ္ၿပီး ငုိေတာင္ငုိရွာတယ္...."
ရွင္းယံ၏ စကားေၾကာင့္ နကၡက္သည္ နႈတ္ခမ္းစြန္းတစ္ဖက္....ေကြးၫြတ္ရံုမ်ွ ၿပံဳးလိုက္သည္.....
" နာနတ္သီးက ထပ္ငိုျပန္ၿပီလား...ေတာ္ေတာ္အငုိသန္တာပဲ..."
ဟု ခပ္တိုးတိုးေျပာလိုက္သည္.....
တစ္ဆက္တည္းဆိုသလို သက္ျပင္းခ်သံျဖင့္....
"ရွင္းယံ....ရွင္းယံ....ငါလည္း မင္းအတြက္နဲ႔ လူဆိုးျဖစ္ရေပါင္းမ်ားၿပီ....."
ဟု ဆြဲဆြဲငင္ငင္ေျပာလိုက္ေလသည္.....
" ဘယ္သူက မင္းကုိ လူဆိုးလုပ္ခိုင္းေနလို႔လဲ....
မင္းဘာသာမင္း ဝင္လုပ္ၿပီးေတာ့...."
" ေစာက္ေက်းဇူးကန္းတဲ့အေကာင္....ငါလုပ္ခဲ့တာေတြက
ဘယ္သူအတြက္လဲ...."
ရွင္းယံ၏ ရယ္သံလြင္လြင္ေလး ထြက္ေပၚလာသည္...
" ငါ့အတြက္ပါ...ငါသိပါတယ္....အဲ့အတြက္လည္း
မင္းကုိငါ အၿမဲေက်းဇူးတင္ေနပါတယ္....မင္းလည္း
သိပါတယ္ နကၡက္...မင္းက ငါ့အတြက္ အေကာင္းဆံုးပဲ...
ငါ့မွာ မင္းကလြဲၿပီးတျခားသူ မရွိဘူးပဲ...."
" ေအး...အဲ့မွာ အေျပာခ်ဳိခ်ိဳေလးေတြနဲ႔ ခိုင္းစားေနလိုက္..."
" ငါဘယ္တုန္းက မင္းကုိ ခိုင္းစားလို႔လဲ..."
" ေျပာျပရမလား...ဘယ္တုန္းကလဲ ဆိုတာ..."
" ေအး...ေျပာ..."
ရွင္းယံနွင့္ နကၡက္တို႔ စကားနိုင္လုရင္းအခန္းထဲသို႔ ဝင္သြားမွသာ နိုးနိုးနွင့္ ရိပ္သည္ ပုန္းေနရာမွထြက္လာ၍
ကိုယ့္အခန္းကုိ ျပန္သြားၾကသည္....
အခန္းထဲသို႔ ျပန္ေရာက္သည္နွင့္ နိုးနိုးသည္ ကုတင္ေပၚတြင္
တက္ထိုင္လိုက္သည္....ထို႔ေနာက္ တစ္စံုတစ္ရာကုိ
အေလးအနက္ စဥ္းစားေနပံုနွင့္....ေမးေစ့ကုိပြတ္ေနသည္...
" ငါ တစ္ခုခုကုိ တေျဖးေျဖးနဲ႔ သံသယဝင္လာၿပီ..."
" ဘာကုိ သံသယဝင္တာလဲ..."
ရိပ္က ေမးလိုက္၏....
" စိုင္းရွင္းယံနဲ႔ နကၡက္ရဲ႕ ဆက္ဆံေရးကုိေလ...."
" သူတို႔ဆက္ဆံေရးက သူငယ္ခ်င္းေတြေလ...ဘာျဖစ္လို႔လဲ"
" မသိဘူး...သူငယ္ခ်င္းမဟုတ္ဘဲ အဲ့ထက္ပုိေနမလားလို႔
စိတ္ထဲေတြးေနမိတယ္..."
နိုးနိုးစကားေၾကာင့္ ရိပ္ ရယ္လိုက္ေလသည္....
" နင္ အေတြးလြန္ေနၿပီ..."
" မဟုတ္ဘူး ရိပ္ရဲ႕...နင္..သူတို႔ခုနက ေျပာတာေတြၾကားတယ္မလား....ငါမင္းအတြက္နဲ႔ လူဆိုးျဖစ္ရေပါင္းမ်ားၿပီတို႔...
မင္းက ငါ့အတြက္အေကာင္းဆံုးပဲတို႔..ေျပာတယ္ေလ
ဘာလို႔ နကၡက္က ရွင္းယံနဲ႔ ပတ္သတ္ၿပီး လူဆိုးျဖစ္ရတယ္လို႔
ေျပာတာလဲ...."
" ဒါေတာ့ ဘယ္လိုလုပ္သိမလဲ..."
" ငါက နကၡက္...လင္းကုိ ႀကိဳက္ေနတာလို႔ထင္ခဲ့တာ...
အခုေတာ့ နကၡက္က စိုင္းရွင္းယံကုိထိေတာ့ လင္းကုိ
ေအာ္ပစ္တာေနာ္...."
ရိပ္က သူမဆံပင္ကုိ စည္းေနွာင္ထားေသာ ေခါင္းစည္းႀကိဳးကုိ
ျဖဳတ္ရင္း နိုးနိုး၏ စကားကုိ ဆက္လက္နားစြင့္ေနသည္....
" ငါ အခုမွစဥ္းစားမိတယ္...ရိပ္..."
" အင္း..."
" ဟိုတစ္ခါ လင္းက နကၡက္နဲ႔club လိုက္သြားတုန္းက
ရွင္းယံ ေပါက္ကြဲၿပီး လင္းကုိလာေျပာတယ္ေနာ္....
အဲ့တုန္းက လင္းကုိသဝန္တိုလို႔ျဖစ္မယ္လို႔ ငါတို႔ထင္ခဲ့တယ္ေနာ္..."
" အင္းေလ..."
" ဒါေပမဲ့ အဲ့တုန္းက နကၡက္က ရွင္းယံစိတ္ဆိုးမွန္းေတာင္
မသိဘူး...ရွင္းယံက သူ႔ကုိတစ္ခြန္းမွ မေျပာဘူး....
ငါေတြးမိတာက...ရွင္းယံ သဝန္တိုတာ လင္း မဟုတ္ဘဲနဲ႔...
နကၡက္ျဖစ္ေနရင္ေရာ....နကၡက္ကုိ သဝန္တိုၿပီးေတာ့
လင္းကုိ ေဒါသထြက္တာဆိုရင္ေရာ...."
" ေအး...ဟုတ္သားပဲ..."
" ၿပီးေတာ့ ငါ သူတို႔ကုိၾကည့္ေနတာၾကာၿပီ...
ရွင္းယံက နကၡက္ကုိ အရမ္းဂရုစိုက္တယ္...နကၡက္အႀကိဳက္ေတြလည္း သိတယ္....နကၡက္ကုိ တစ္ခ်က္ေလးမွေတာင္
မ်က္နွာအပ်က္မခံဘူး....အဲ့ေတာ့ ငါေနာက္ဆံုးေတြးမိတာကေလ.....တကယ္လို႔မ်ား...ရွင္းယံက နကၡက္ကုိႀကိဳက္ေနတယ္...ဒါေပမဲ့ သူငယ္ခ်င္းမို႔ ဖြင့္မေျပာနိုင္ဘူး...
အဲ့အခ်ိန္မွာ လင္းက ဝင္လာတယ္...နကၡက္က လင္းအနား
သိပ္ကပ္ေတာ့....ရွင္းယံက နကၡက္သဝန္တိုေအာင္
လင္းကုိ အသံုးခ်ေနတာ ဆိုရင္ေရာ..."
နိုးနိုး၏ စကားေၾကာင့္ ရိပ္ မ်က္လံုးျပဴးသြားသည္...
" နင္ကလည္း....အရမ္းအေတြးမ်ားေနၿပီ....အဲ့လို မျဖစ္နိုင္ပါဘူး....ရွင္းယံနဲ႔ နကၡက္နဲ႔က ငယ္ငယ္ထဲက ခင္တာမို႔လို႔
တစ္ေယာက္ကုိ တစ္ေယာက္ အရမ္းဂရုစိုက္တာ ေနမွာပါ..."
" နင္သလိုပဲ ဒီတိုင္း သူငယ္ခ်င္းပဲ ျဖစ္ပါေစ....
သူတို႔၂ေယာက္ၾကားမွာ လင္းကုိေတာ့ အသံုးခ်ခံ မျဖစ္ေစခ်င္ဘူး...."
နိုးနိုးသည္ ေခါင္းတခါခါနွင့္ ေရ႐ြတ္မိလိုက္ပါေတာ့သည္...
************************************************************************
နိုးနိုး အေတြးေတြက တကယ္လိုက္မမွီတာေနာ္ XD