[Unicode]
စားသောက်ဆိုင်မှအပြန်တွင် ရှင်းယံထံမှ
" အစ်ကိုနဲ့ လိုက်ခဲ့လေ...အိမ်ပြန်ပို့ပေးမယ်...."
ဟူသောစကားသည် လင်းကို ကြည်နူးပျော်ရွှင်သွားစေသည်။
ဒီတစ်ခါ နက္ခက်နှင့်သူ မလုတာ ကျေးဇူးတင်ရမည်.....
ရှင်းယံက ဒီတစ်ခါ ထူးထူးခြားခြား Driver မပါလာဘဲ
ကားကို သူကိုယ်တိုင် မောင်းလာတာတဲ့.... ။
Driver မပါတော့ပိုကောင်းသည်....
ရှင်းယံနဲ့ ၂ယောက်တည်း အတူရှိရမည်မလား....
ရှင်းယံက ကားစရီယာရင်ရှေ့တွင်ထိုင်ရင်း ခါးပတ် ပတ်လိုက်သည်.....လင်းလည်း ခါးပတ်ကြိုးကိုဆွဲလိုက်ပါသေးသည်...နောက်မှ ရုပ်ရှင်ထဲတွင် တွေ့ရဆုံးသော ဇာတ်ဝင်ခန်း
တွေကို သွားသတိရမိပြန်သည်....
" ခါးပတ်ကြိုးက ကျပ်နေတယ်ထင်တယ်...."
မုသားလေးနဲ့ပြောရင်း သရုပ်ဆောင်မှုအတန်ငယ်ထည့်ရသည်။ ကြိုးကို အားမရှိစွာဆွဲပြရင်း တကယ်ကျပ်နေသလို
ဟန်ဆောင်ရသေးသည်....။
တကယ်တမ်းဖြစ်သင့်သည် က ရှင်းယံက လင်းဘက်ကို တိုးကပ်လာပြီး ကြိုးကိုကူဆွဲပေးရမည်....ထိုမှသာ ရှင်းယံနဲ့
လင်းတို့ မျက်နှာချင်း သိပ်ကိုနီးကပ်သွားလိမ့်မည်....
သို့သော် ရှင်းယံက တစ်ချက်သာ လှမ်းကြည့်ပြီး
အေးတိအေးစက်အသံနှင့်...
" ဟုတ်လား...." ဟူသော တစ်ခွန်းထဲ။
" ကြိုးက တကယ်ကျပ်နေတာနော်..."
" အားထည့်ပြီးဆွဲကြည့်လိုက်လေ...."
ရှင်းယံ...ကားစက်နှိုးလိုက်သည်။ လင်း၏ ဉာဏ်ဆင်မှုဂွင်ထဲ
မရောက်လာသဖြင့် စိတ်ထဲညစ်မှိုင်းသွား၏.......
"မလုပ်ပေးလဲ နေတော့ဟာ" ဟု စိတ်ပေါက်ပေါက်ဖြင့်
တွေးရင်း ကြိုးကို ဆွဲပြီး ပတ်လိုက်သည်....
" ရသွားပြီပဲ...."
ရှင်းယံ၏ စကားကြောင့် လင်းမျက်မှောင်ကြုတ်မိသည်....
ရှင်းယံက ကားကို စတင်မောင်းထွက်လိုက်၏....
ရှင်းယံ၏ လက်ချောင်းသွယ်သွယ်ဖွေးဖွေးလေးများသည်
စတီယာရင်ကိုကိုင်ထားသည်ကိုမြင်ရသည်မှာ သိပ်ကို
ဆွဲဆောင်မှုရှိသည်ဟု ထင်မိသည်.....
တကယ်လို့ ရည်းစားဖြစ်သွားရင် လက်တစ်ဖက်က
စတီယာရင်ကိုကိုင်....နောက်တစ်ဖက်က လင်းရဲ့လက်ကို
ကိုင်.....နှစ်ယောက်တူတူ ကားပတ်မောင်း......
ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်မလဲ......
" မျက်နှာကပြုံးပြုံးကြီးနဲ့ ဘာတွေ တွေးနေတာလဲ ခတ်...."
ရှင်းယံ၏ အသံကြားမှ စိတ်ကူးယဉ်ကမ္ဘာထဲမှ လွတ်မြောက်လာတော့သည်......ရှက်ကိုးရှက်ကန်းနှင့်
ပါးစပ်ထဲမှ တွေ့ရာစကားကို ပြောလိုက်မိသည်.....
" ရိပ်တောင် ရည်းစားရသွားပြီလို့ တွေးမိလို့ပါ...."
" အဲ့တာ ထူးဆန်းလို့လား...."
" ထူးဆန်းတာပေါ့ ကျွန်တော်တို့ အဖွဲ့ထဲမှာ သူပဲရည်းစားရှိသွားတာလေ...."
" ကျန်တဲ့သူတွေက မရှိဘူးလား..."
" သုတကတော့ ရှိဖူးတယ်....ကျွန်တော်ရယ် နိုးနိုးရယ်
ဗညားရယ်က FA တွေပဲ....."
ရှင်းယံက တစ်ချက်ပြုံးလိုက်သည်...
" ဟုတ်လား...အစ်ကိုက နိုးနိုးကို ရည်းစားရှိတယ် ထင်နေတာ..."
" သူက FA ဂိုဏ်းချုပ်ကြီးဟာကို....ဘာလို့ ရည်းစားရှိတယ်
ထင်တာလဲ...."
" သူ facebook မှာ အfeel post တွေ အရမ်း share လို့လေ...."
" နိုးနိုးက အဲ့လိုပဲ...feel ကောင်းလို့ feel နေတာ...
သူ feel နေတဲ့လူတွေကလည်း သူ့ရဲ့ crush ပေါင်း
သောင်းခြောက်ထောင်လေ....ကိုရီးယားက crush တွေရော...ထိုင်းက crush တွေရော....တရုတ်ကရော...
အနောက်တိုင်းကလူတွေရော...မြန်မာတွေရော...
စုံနေတာပဲ...."
"ဟုတ်လား...."
" ဟုတ်တယ်...ကိုကြီးကသူ feelတဲ့ post share
တာပဲမြင်တယ်....သူက သူစိတ်ထင်တာ အကုန်
share တာ.....သူကြိုက်တဲ့ နိုင်ငံတကာက အဆင်တွေပုံလည်း share တယ်...."
လင်း စကားကြောင့် ရှင်းယံ ရယ်လိုက်သည်.....
" နိုင်ငံတကာ အဆင်တွေ? "
" နိုးနိုးရဲ့ နှလုံးသားက အဲ့လူတွေအကုန်ဆံ့တယ်....
သူက တကယ် နှာဘူးမ....သိလား...."
" သူများတကာကို သွားပြီးတော့...."
" တကယ်ပြောတာ...နှာဘူးမ ပါဆို....ဒါပေမဲ့
နိုးနိုးက တကယ်အားကိုးရပြီးတော့ အကြံဉာဏ်ကောင်းတွေ အများကြီးထွက်တယ်.....လူအကဲခတ်လည်းတော်တယ်...
သူက စုံထောက်ဖြစ်ရမှာ.....သူမှန်တယ်ထင်ရင် အဆုံးထိ ဆက်လုပ်တယ်....မတရားဘူးထင်ရင် ကတ်ကတ်လန်
ရန်တွေ့တယ်....သူက ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့
type ပါ....ပြီးတော့ နိုးနိုး ကျေးဇူးအချို့ ကျွန်တော့်မှာ
ရှိတယ်.....သူက တကယ်ခင်ဖို့ကောင်းပါတယ်..."
" နက္ခက်နဲ့တူတာပေါ့....နက္ခက်ကလည်း ပျော်ပျော်နေတတ်တယ်...."
" ဟုတ်သားပဲ.....ကိုကြီးပြောမှ သတိထားမိတယ်....ကိုကြီးနက္ခက်ကလည်း ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့type ပဲနော်....ဒါပေမဲ့ သူ့ကြည့်ရတာ ခေါင်းမာမယ့်ပုံစံပဲ...."
" ဒီလိုထင်ရင် ခတ်မှားသွားပြီ...ခေါင်းမာတာ သူမဟုတ်ဘူး...အစ်ကို...."
"ကိုကြီးက ခေါင်းမာတာလား...."
" အကုန်လုံးက အဲ့လိုပြောတာပဲ.....သူများတွေ Type ကို
ပြောပြီးတော့...ခတ်ကရော ဘယ်လိုtype မျိုးလဲ...."
" ကျွန်တော်ကလား...ကျွန်တော်က cute type လေ"
လင်းက ပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် ကပ်ရင်းပြောသောအခါ ရှင်းယံက ရယ်သည်....
" သူ့ကိုယ်သူကျတော့ အကောင်းပြောတယ်..."
" မှန်တာပြောတာပဲကို...ဘာလို့လဲ.... ကျွန်တော်ချစ်ဖို့ မကောင်းဘူးလား....ဟင်...."
" မကောင်းပါဘူး...."
ရှင်းယံ၏စကားကြောင့် လင်းမျက်နှာဆူပုတ်ပစ်လိုက်သည်....
" တော်ပြီ...အမြင်မရှိတဲ့လူတွေနဲ့စကားမပြောဘူး....."
နှုတ်ခမ်းကိုဆူရင်း လက်ပိုက်ကာ တစ်ဖက်သို့ လှည့်သွားသည့် လင်းကြောင့် ရှင်းယံသည် သဘောကျစွာရယ်မောလိုက်ပြန်သည်.....
" အင်းပါ...ချစ်ဖို့ကောင်းတာမို့လို့ စကားတော့ပြောပါ...."
ရှင်းယံ၏ အပြောတစ်ချက်နဲ့တင် ...လင်းမျက်နှာသည်
ပြုံးဖြီးသွားပြန်သည်.....
" ကိုကြီးကရော...ကိုကြီးtypeက ဘယ်လိုလဲ...."
" အစ်ကိုက....အေးအေးနေတတ်တယ်.....မပွင့်လင်းဘဲ
မြုံစိစိနေတဲ့ type....."
" မြုံစိစိက ဘာကြီးလဲ...."
" အာ....အစ်ကိုက အတွေးအရမ်းများတယ်...အဲ့တာကြောင့်
တစ်ခုခုဆို ဆုံးဖြတ်ဖို့တွေဝေနေတတ်တယ်....အစ်ကို့ရဲ့ စိတ်ကိုလည်း ဘယ်သူကိုမှ မပြောပြတတ်ဘူး...အဲ့တာ ကောင်းတဲ့ အကျင့်တော့ မဟုတ်ဘူးပေါ့လေ.....ဒါပေမဲ့ ဆုံးဖြတ်ချက် ချပြီးရင်တော့ အဲ့တာကို မရမကလုပ်တယ်...အဲ့မှာ
ခေါင်းမာတယ်ဆိုတာ ဖြစ်လာတာပေါ့နော်....အဲ့အချိန်ကျရင်
ဘယ်သူဘာပြောပြော...အစ်ကိုက သူတို့ကို နားမထောင်ဘူး...အစ်ကိုဖြစ်ချင်တာကို မရမကလုပ်တာ...."
" တွေဝေနေတာကတော့ မကောင်းဘူး...."
" အဲ့အကျင့်ကိုဖျောက်ဖို့ လုပ်နေပါတယ်....ပြီးတော့ နောက်တစ်ခုက....အစ်ကိုက အရမ်းအစွဲအလန်းကြီးတယ်...
တစ်ခုခုကို တွယ်တာမိပြီဆိုရင် မေ့ပျောက်ဖို့ခက်တယ်...."
"အဲ့တာလည်း မကောင်းဘူးလို့ထင်တာပဲ...."
" ဟုတ်တယ်...မကောင်းတာမုိ့လို့ အဲ့တာကိုလည်း
ဖျောက်ပစ်တော့မှာ.....အခု အစ်ကို မတွေဝေနေတော့ဘူး...
အတိတ်က စွဲလန်းခဲ့တဲ့အရာတွေထားခဲ့တော့မှာ.....
အခုလက်ရှိ အစ်ကိုပိုင်ဆိုင်တဲ့အရာကိုပဲ လွတ်မသွားအောင်
ဖမ်းဆုပ်ထားတော့မှာ....."
ရှင်းယံသည် လင်းကိုလှည့်ကြည့်လာ၏....
ထို့နောက် အရှေ့သို့ ပြန်လှည့်သွားသည်....
ရှင်းယံ၏ စကားကို နားမလည်သည်မို့ လင်းသည် မျက်လုံး
ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား၏.....
ရှင်းယံ၏ နှုတ်ခမ်းတွင် အပြုံးရိပ်လေးတစ်ခု
တွဲလွဲခိုနေလေသည်.....
************************************************************************
လင်းတစ်ယောက်...ခြင်းတောင်းကိုင်ဆွဲရင်း
မားကတ်တွင် ဈေးဝယ်ထွက်နေရ၏.....စင်ပေါ်တွင် တင်ထားသော မုန့်များကိုကြည့်ရှုရင်း စားချင်သည့်မုန့်ကို
ခြင်းတောင်းထဲ ထည့်လိုက်သည်.....လင်း၏ ခြင်းတောင်း
ထဲတွင် မုန့်များသာမက မေမေမှာသော နွားနို့ပုလင်း...
ထောပတ်...ငရုတ်ဆီဘူး အစရှိသဖြင့် စားစရာများလည်း
ပြည့်နေသည်....
အာလူးကြော်ဘူးကို တွေ့သည်....
မဒီက အာလူးကြော်ဝယ်ရန်ပြောထားသည်မို့ ထိုဘူးကို
လှမ်းယူလိုက်သည်....အားလူးကြော်ဘူးကို ယူလိုက်သော
လင်း၏ လက်ပေါ်သို့ အခြားလက်တစ်ဖက်သည်လည်း
တစ်ပြိုင်တည်းဆိုသလို ရောက်လာသည်...
ထိုလက်သည် လင်း၏လက်အပေါ်အုပ်ကိုင်မိသွားသည်....
လင်း....ထိုလက်ပိုင်ရှင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်
" ကိုကြီးနက္ခက်...."
" လင်း..."
နက္ခက်ကလည်း အံ့သြသွားသလိုပုံစံနှင့် ပြန်ခေါ်လိုက်ပါသည်....ချက်ချင်းပင် လင်း၏လက်အပေါ်ကိုင်ထားမိသော
သူ့လက်ကို ရုတ်သိမ်းလိုက်သည်...
" တစ်ယောက်တည်းလား...."
လင်းသည် အားလူးကြော်ဘူးကို ခြင်းတောင်းထဲထည့်ရင်း
နက္ခက်၏ အမေးကို ပြန်ဖြေလိုက်သည်....
" မဟုတ်ဘူး...ကျွန်တော့်ညီမ ပါတယ်....."
" ဈေးလာဝယ်တာလား..."
" ကျွန်တော်က မားကတ်ကိုလာပြီးတော့ ဈေးမဝယ်ဘဲ
ဘာလုပ်ရမှာလဲ...."
" မသိဘူးလေ....အပြင်မှာပူတော့ အအေးလာခံတယ် ထင်လို့...."
" အဲ့တာ ကိုကြီးပဲ ဖြစ်မယ်....."
လင်း၏ စကားကြောင့် နက္ခက်ရယ်သည်။ ထို့နောက်
အာလူးကြော်နောက်တစ်ဘူးကို ယူလိုက်သည်....
အစွန်ဆုံးတွင် နက္ခက်...အလယ်တွင် လင်းသုခတ်....လင်း၏ ညာဘက်ဘေးတွင် မဒီတို့သည် နံရံကပ်ထားသော စားပွဲခုံရှည်တွင် အတန်းလိုက်ထိုင်နေကြသည်..... သူတို့၏
စားပွဲရှေ့တွင် မှန်သာရှိပြီး မားကတ်၏ အပြင်ဘက်သို့ ဖောက်မြင်နေရသည်..... သူတို့သုံးယောက်ရှေ့တွင် အသင့်စားခေါက်ဆွဲပြုတ်ဘူးတွေက အဆင်သင့်.....
လင်း..... ခေါက်ဆွဲပြုတ်ဘူးအဖုံးကိုဖွင့်လိုက်သောအခါ
ပူနွေးနေသော ရေနွေးမှ အငွေ့များ အလိပ်လိုက်တက်လာသည်....အရသာမှုန့်ထုပ်ကို ရေနွေးထဲဖောက်ချလိုက်သည်....
အနံ့နဲ့တင် လင်း၏ ဗိုက်က ပိုမိုဆာလာသည်....
အရသာမှုန့်ပျော်ဝင်သွားစေရန် ခေါက်ဆွဲပြုတ်ကို တူဖြင့် မွှေလိုက်သည်.....
နက္ခက်က အသင့်စားဝက်အူချောင်း ကို ပလက်စတစ်ခွာပြီး
လင်း၏ ခေါက်ဆွဲပြုတ်ဘူးထဲသို့ အချောင်းလိုက်ထည့်ပေးလိုက်သည်.....သူ့ခေါက်ဆွဲပြုတ်ဘူးထဲသို့လည်း တစ်ချောင်းထည့်သည်.....ထို့နောက် မဒီ့ဘက်လှည့်၍
" ညီမလေးရော...စားဦးမလား.... "
ဟု လှမ်းမေးသည်....မဒီက ခေါင်းခါပြသည်.....
"ကိုကြီးနက္ခက်က ဒီကို အာလူးကြော်တစ်ဘူးထဲ ဝယ်ဖို့ရောက်လာတာလား....."
"မဟုတ်ပါဘူး.....ငါဝယ်ထားတာတွေ အများကြီးဟာ...."
နက္ခက်က စားပွဲပေါ်တင်ထားသော သူ့အထုပ်ကို မေးဆတ်ပြ
၍ ပြောသည်။ သူဝယ်ထားသောအထုပ်ထဲတွင် အာလူးကြော်က တစ်ဘူးထဲ....ကျန်တာက ဘီယာဘူးတွေ....
" ဘီယာဘူးတွေ အဲ့လောက်အများကြီးဝယ်ပြီး ဘာလုပ်မလို့လဲ......ပြန်ရောင်းမလို့လား...."
" ငါသောက်မလို့ပါကွာ...."
" ကိုကြီးက နေ့တိုင်းသောက်တာလား...."
" မဟုတ်ပါဘူး.....ငါသောက်ချင်တဲ့အချိန် အိမ်မှာရှိနေအောင်လို့ပါ.....မင်းမသိဘူးလား....ငါက အရက်သမားပဲဟာ...."
နက္ခက်က ရယ်ကျဲကျဲနှင့်ပြောလျက်....ခေါက်ဆွဲကိုတူဖြင့်ညှပ်လျက် ပါးစပ်ထဲသွတ်သွင်းလိုက်သည်....ပြီးနောက်
" သိပ်မကျက်သေးဘူး...."
ဟုညည်းတွားကာ ခေါက်ဆွဲပြုတ်ဘူးကို ပလတ်စတစ်အဖုံးနှင့် ပြန်ပိတ်လိုက်သည်....
" ကိုကြီးက ဆေးလိပ်ရော သောက်လား..."
" အင်း...သောက်တယ်...ဘာလို့...."
" ရောဂါဖြစ်ပြီး စောစောသေမယ့်လူပဲ"
" ဟာ...ပြောတာကြီးကလည်း...."
"ဟုတ်တယ်လေ ဆေးလိပ်လည်းသောက် အရက်သမားလည်းဖြစ်ဆိုရင် ရောဂါရမှာပဲလေ...."
"ဘာပဲဖြစ်ဖြစ် လူဆိုတာ တစ်နေ့သေမှာပဲ...."
" စောစောစီးစီးသေချင်လို့လား....လျှော့သောက်စမ်းပါ...
ဆေးလိပ်ရော...ဘီယာရော...."
နက္ခက်သည် ပါးချိုင့်များပေါ်အောင်ပြုံးကာ လင်း၏ ခေါင်းကို
ခပ်ဖွဖွကိုင်လိုက်သည်....
" ငါ့ကိုစိတ်ပူနေတာလား...."
"စေတနာနဲ့ အကောင်းပြောတာကို...."
" စေတနာအတွက် ကျေးဇူးတင်ပါတယ်....ငါက
အရမ်းမသောက်ပါဘူး.....စိတ်မပူပါနဲ့..."
နက္ခက်သည် ခေါက်ဆွဲပြုတ်ဘူးကို ပြန်ဖွင့်လိုက်သည်။
ခေါက်ဆွဲသားများသည် နူးအိနေပေပြီ....
" ဒါနဲ့...မင်းတို့တွေ...သီတင်းကျွတ်ကျောင်းပိတ်ရက်ကျရင်
ခရီးသွားဖို့ရှိလား...."
" မရှိပါဘူး...ဟုတ်တယ်မလား မီးမီး...."
လင်းက မဒီ့ကိုထပ်ဆင့်မေးလိုက်သည်...မဒီလည်း ခေါင်းခါရင်း...
" မရှိဘူး...." ဟုပြန်ဖြေသည်။
" ဒါဆို ငါတို့နဲ့လိုက်ခဲ့မလား....ငါရယ် ဖြိုးရယ် ရှင်းယံရယ်
ခွန်စိုင်းရယ် ကျူးရင့်ရယ်က ခရီးသွားမလို့...သူတို့က
မင်းတို့ကိုပါ ခေါ်ချင်တယ်တဲ့"
" ဘယ်သွားမလို့လဲ...."
" ငွေဆောင်...."
" ကျွန်တော် တစ်ယောက်တည်းလိုက်ခဲ့ရမှာလား...."
" မဟုတ်ဘူးလေ...မင်းတို့အုပ်စုအကုန်ပေါ့...ရိပ်မျက်ခြယ်
လိုက်မယ်ဆိုရင် ခွန်စိုင်း ဝမ်းသာနေလိမ့်မယ်...."
" ကျွန်တော် သူတို့ကိုမေးကြည့်လိုက်ဦးမယ်...."
" အင်း...မီးမီးရော...လိုက်ခဲ့ပါလား...."
မဒီက သူမကိုယ်ကို လက်ညှိုးထိုးလိုက်သည်...
" ညီမလား...."
" အေးလေ...လိုက်ခဲ့ပါလား....အစ်ကိုဖြစ်သူပါတယ်
ဆိုတော့ အိမ်ကစိတ်ချမှာပါ "
" ညီမက အစ်ကိုတို့နဲ့မှ မသိတာ...."
" သွားရင်းသိသွားမှာပေါ့....အစ်ကိုတို့အုပ်စုကို လူတွေက
အလကားနေရင်း ရှိန်နေကြတာ...တကယ်တမ်း အစ်ကိုတို့က ခင်တတ်တဲ့ လူတွေပါ....."
" သားသားရဲ့သူငယ်ချင်းတွေ အကုန်ပါမယ်ဆို လိုက်ခဲ့ပါ့မယ်"
မဒီက ထိုမျှပြောပြီးနောက် ခေါက်ဆွဲပြုတ်ကို ပြန်လည်ငုံ့စား
နေသည်.....သူတို့သုံးယောက်လုံး ခေါက်ဆွဲပြုတ်ကို
ခေါင်းငုံ့၍ တီးနေစဉ် အနောက်ဘက်မှ ဆူညံဆူညံ အသံများ
ထွက်ပေါ်လာသည်....
သိချင်စိတ်ကြောင့် သုံးယောက်သားပြိုင်တူ အနောက်သို့
လှည့်ကြည့်လိုက်သည်....
ပွက်လောရိုက်နေသောအသံများက မိန်းကလေး လေးယောက် ဆီမှဖြစ်သည်....သူတို့၏အလယ်တွင် အရပ်ရှည်ရှည်
ခပ်ချောချော ကောင်လေးတစ်ဦး....
" David ရဲ့ပရိသတ်ပါ....အမြဲအားပေးနေတာ...."
" ဓာတ်ပုံရိုက်လို့ ရတယ်မလားဟင်...."
" လက်မှတ်ထိုးခိုင်းဖို့ စာရွက်ကမရှိဘူးဖြစ်နေတယ်...."
ထိုမိန်းကလေးများကို David ဆိုသောကောင်လေးသည်
ပြုံး၍ ကောင်းကောင်းမွန်မွန်ပြန်ပြောနေသည်.....
ထို ဖြစ်အင်ကိုလှမ်းကြည့်ရင်း မဒီက စတင်စကားဆိုလိုက်သည်....
" David ပဲ... အပြင်မှာ ပိုချောတယ်နော်...."
လင်းက မဒီ့အပြောကိုထောက်ခံလိုက်သည်...
" အေး....အပြင်မှာအရပ်ပိုရှည်သလိုပဲ...."
လင်းနှင့် မဒီ၏စကားကိုကြားသောအခါ နက္ခက်သည် အတန်ငယ် မျက်မှောင်ကြုံ့သွားသည် ...
" မင်းတို့က သူ့ကိုသိတယ်ပေါ့...."
" အခုတလော သူပါတဲ့ရုပ်ရှင်ထွက်ပြီးတဲ့နောက်မှာ
သူက နာမည်ကြီးနေတာပဲလေ....ပြီးတော့ နိုးနိုးက
သူ့ကိုအရမ်းသဘောကျတာ...."
လင်းက ပြန်ဖြေ၏.....နက္ခက်က အရှေ့သို့ပြန်လှည့်ကာ
ခေါက်ဆွဲကိုမွှေနေလေသည်....
" နိုးနိုးက လူမှားသဘောကျတာပဲ....အဲ့ကောင်က
စောက်ကျင့် တစ်စက်မှကောင်းတဲ့အကောင် မဟုတ်ဘူး"
နက္ခက်၏ ခပ်တင်းတင်းအသံကြောင့် လင်းနှင့်မဒီသည်
သူ့ကိုလှည့်ကြည့်မိလိုက်ကြသည် .....
" ကိုကြီးနဲ့ သိတာလား...."
" သိတယ်...တော်တော်ကြီးသိခဲ့တာ...ကောင်းသောသိခြင်းတော့ မဟုတ်ဘူး...."
နက္ခက်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက်
အနောက်မှ အသံတစ်ခုထွက်ပေါ်လာပြန်သည်....
ထိုအသံသည် နက္ခက်ကို မျက်မှောင်ကြုတ်သွားစေသည်...
" ဟေး...နက္ခက်ညီ မလား....."
David ၏ အနားမှကောင်မလေးများက ထွက်သွားသဖြင့်
David သည်နက္ခက်တို့ နားသို့ လျှောက်လာသည်....
David က ခေါ်လိုက်သည်မို့ နက္ခက်လည်း သူ့ကို
လှည့်ကြည့်လိုက်သည်....ထို့နောက်
" Hi....David...."
ဟု ရုပ်တည်ကြီးနှင့် နှုတ်ဆက်လိုက်သည်....
လင်းနှင့် မဒီသည် သူတို့ကို မျက်လုံးအဝိုင်းသားနှင့်
စောင့်ကြည့်နေ၏....
David ကတော့ ခပ်ပြုံးပြုံးပင်....
" မတွေ့တာတောင်ကြာပြီနော်....အဆင်ပြေတယ်မလား..."
" ပြေချက်ပဲ..."
" ရှင်းယံရော....နေကောင်းရဲ့လား...."
" သူ နေကောင်းပါတယ်....သူက အရင်ကထက်တောင်
ပိုပြီးကောင်းနေပါသေးတယ်....."
" ရှင်းယံကို ပြောလိုက်ပါ...သတိရပါတယ်လို့...."
နက္ခက်က ဟက်ခနဲတစ်ချက်ရယ်လိုက်သည်....
ရှင်းယံ နာမည်ပါလာသည်မို့ လင်း..လည်ပင်းတဆန့်ဆန့်
ဖြစ်သွားသည်....
" မတွေ့တဲ့အတောအတွင်းမှာ ဟာသတွေပြောတတ်လာတာပဲ....ခင်ဗျားက သတိရသေးပေမယ့် ကျွန်တော်တို့က
ခင်ဗျားကို သေပြီတောင်ထင်တာ...."
နက္ခက်၏စကားကြောင့် David ၏ အပြုံးကွယ်ပျောက်သွားသည်....
" မင်းလည်း အရင်အတိုင်း စကားကိုဘုကလန့်ပြောတတ်
တုန်းပဲနော်..."
" ချီးကျုးပေးလို့ ကျေးဇူးပဲ....ခင်ဗျားလုပ်စရာမရှိတော့ရင်
သွားပေးလို့ရလား....ကျွန်တော်တို့စားနေလို့ပါ....
အစားအသောက်ပျက်တယ်"
David မျက်နှာတင်းမာသွားကာ ထိုနေရာမှ ချက်ချင်း
ထွက်သွားသည်......
" သူက ငါတို့တစ်ဖွဲ့လုံးနဲ့ မတည့်ဘူး.....သူနဲ့ ငါတို့နဲ့
ကြားမှာ ပြဿနာအကြီးကြီး တက်ခဲ့တယ်ဆိုပါတော့...."
နက္ခက်က လင်းနှင့်မဒီ့ကို လေသံအေးလေးနှင့် ရှင်းပြသည်... နက္ခက်၏ပုံက စိတ်ရှုပ်ထွေးသလိုပုံပေါက်နေတာကြောင့် လင်းလည်း ဘာမှမပြောတော့ဘဲ ခေါက်ဆွဲကိုသာ
ဆက်စားနေလိုက်သည်.....
************************************************************************
[Zawgyi]
စားေသာက္ဆိုင္မွအျပန္တြင္ ရွင္းယံထံမွ
" အစ္ကိုနဲ႔ လိုက္ခဲ့ေလ...အိမ္ျပန္ပို႔ေပးမယ္...."
ဟူေသာစကားသည္ လင္းကုိ ၾကည္ႏူးေပ်ာ္႐ႊင္သြားေစသည္။
ဒီတစ္ခါ နကၡက္နွင့္သူ မလုတာ ေက်းဇူးတင္ရမည္.....
ရွင္းယံက ဒီတစ္ခါ ထူးထူးျခားျခား Driver မပါလာဘဲ
ကားကုိ သူကိုယ္တိုင္ ေမာင္းလာတာတဲ့.... ။
Driver မပါေတာ့ပိုေကာင္းသည္....
ရွင္းယံနဲ႔ ၂ေယာက္တည္း အတူရွိရမည္မလား....
ရွင္းယံက ကားစရီယာရင္ေရွ႕တြင္ထိုင္ရင္း ခါးပတ္ ပတ္လိုက္သည္.....လင္းလည္း ခါးပတ္ႀကိဳးကုိဆြဲလိုက္ပါေသးသည္...ေနာက္မွ ရုပ္ရွင္ထဲတြင္ ေတြ႕ရဆံုးေသာ ဇာတ္ဝင္ခန္း
ေတြကုိ သြားသတိရမိျပန္သည္....
" ခါးပတ္ႀကိဳးက က်ပ္ေနတယ္ထင္တယ္...."
မုသားေလးနဲ႔ေျပာရင္း သရုပ္ေဆာင္မႈအတန္ငယ္ထည့္ရသည္။ ႀကိဳးကုိ အားမရွိစြာဆြဲျပရင္း တကယ္က်ပ္ေနသလို
ဟန္ေဆာင္ရေသးသည္....။
တကယ္တမ္းျဖစ္သင့္သည္ က ရွင္းယံက လင္းဘက္ကုိ တိုးကပ္လာၿပီး ႀကိဳးကုိကူဆြဲေပးရမည္....ထိုမွသာ ရွင္းယံနဲ႔
လင္းတို႔ မ်က္နွာခ်င္း သိပ္ကိုနီးကပ္သြားလိမ့္မည္....
သို႔ေသာ္ ရွင္းယံက တစ္ခ်က္သာ လွမ္းၾကည့္ၿပီး
ေအးတိေအးစက္အသံနွင့္...
" ဟုတ္လား...." ဟူေသာ တစ္ခြန္းထဲ။
" ႀကိဳးက တကယ္က်ပ္ေနတာေနာ္..."
" အားထည့္ၿပီးဆြဲၾကည့္လိုက္ေလ...."
ရွင္းယံ...ကားစက္နႈိးလိုက္သည္။ လင္း၏ ဉာဏ္ဆင္မႈဂြင္ထဲ
မေရာက္လာသျဖင့္ စိတ္ထဲညစ္မႈိင္းသြား၏.......
"မလုပ္ေပးလဲ ေနေတာ့ဟာ" ဟု စိတ္ေပါက္ေပါက္ျဖင့္
ေတြးရင္း ႀကိဳးကုိ ဆြဲၿပီး ပတ္လိုက္သည္....
" ရသြားၿပီပဲ...."
ရွင္းယံ၏ စကားေၾကာင့္ လင္းမ်က္ေမွာင္ၾကဳတ္မိသည္....
ရွင္းယံက ကားကုိ စတင္ေမာင္းထြက္လိုက္၏....
ရွင္းယံ၏ လက္ေခ်ာင္းသြယ္သြယ္ေဖြးေဖြးေလးမ်ားသည္
စတီယာရင္ကုိကိုင္ထားသည္ကုိျမင္ရသည္မွာ သိပ္ကို
ဆြဲေဆာင္မႈရွိသည္ဟု ထင္မိသည္.....
တကယ္လို႔ ရည္းစားျဖစ္သြားရင္ လက္တစ္ဖက္က
စတီယာရင္ကုိကိုင္....ေနာက္တစ္ဖက္က လင္းရဲ႕လက္ကုိ
ကိုင္.....နွစ္ေယာက္တူတူ ကားပတ္ေမာင္း......
ဘယ္ေလာက္ေတာင္ ၾကည္ႏူးဖို႔ေကာင္းလိုက္မလဲ......
" မ်က္နွာကၿပံဳးၿပံဳးႀကီးနဲ႔ ဘာေတြ ေတြးေနတာလဲ ခတ္...."
ရွင္းယံ၏ အသံၾကားမွ စိတ္ကူးယဥ္ကမာၻထဲမွ လြတ္ေျမာက္လာေတာ့သည္......ရွက္ကိုးရွက္ကန္းနွင့္
ပါးစပ္ထဲမွ ေတြ႕ရာစကားကုိ ေျပာလိုက္မိသည္.....
" ရိပ္ေတာင္ ရည္းစားရသြားၿပီလို႔ ေတြးမိလို႔ပါ...."
" အဲ့တာ ထူးဆန္းလို႔လား...."
" ထူးဆန္းတာေပါ့ ကြၽန္ေတာ္တို႔ အဖြဲ႕ထဲမွာ သူပဲရည္းစားရွိသြားတာေလ...."
" က်န္တဲ့သူေတြက မရွိဘူးလား..."
" သုတကေတာ့ ရွိဖူးတယ္....ကြၽန္ေတာ္ရယ္ နိုးနိုးရယ္
ဗညားရယ္က FA ေတြပဲ....."
ရွင္းယံက တစ္ခ်က္ၿပံဳးလိုက္သည္...
" ဟုတ္လား...အစ္ကုိက နိုးနိုးကုိ ရည္းစားရွိတယ္ ထင္ေနတာ..."
" သူက FA ဂိုဏ္းခ်ဳပ္ႀကီးဟာကုိ....ဘာလို႔ ရည္းစားရွိတယ္
ထင္တာလဲ...."
" သူ facebook မွာ အfeel post ေတြ အရမ္း share လို႔ေလ...."
" နိုးနိုးက အဲ့လိုပဲ...feel ေကာင္းလို႔ feel ေနတာ...
သူ feel ေနတဲ့လူေတြကလည္း သူ႔ရဲ႕ crush ေပါင္း
ေသာင္းေျခာက္ေထာင္ေလ....ကိုရီးယားက crush ေတြေရာ...ထိုင္းက crush ေတြေရာ....တရုတ္ကေရာ...
အေနာက္တိုင္းကလူေတြေရာ...ျမန္မာေတြေရာ...
စံုေနတာပဲ...."
"ဟုတ္လား...."
" ဟုတ္တယ္...ကိုႀကီးကသူ feelတဲ့ post share
တာပဲျမင္တယ္....သူက သူစိတ္ထင္တာ အကုန္
share တာ.....သူႀကိဳက္တဲ့ နိုင္ငံတကာက အဆင္ေတြပံုလည္း share တယ္...."
လင္း စကားေၾကာင့္ ရွင္းယံ ရယ္လိုက္သည္.....
" နိုင္ငံတကာ အဆင္ေတြ? "
" နိုးနိုးရဲ႕ နွလံုးသားက အဲ့လူေတြအကုန္ဆ႔ံတယ္....
သူက တကယ္ နွာဘူးမ....သိလား...."
" သူမ်ားတကာကို သြားၿပီးေတာ့...."
" တကယ္ေျပာတာ...နွာဘူးမ ပါဆို....ဒါေပမဲ့
နိုးနိုးက တကယ္အားကိုးရၿပီးေတာ့ အႀကံဉာဏ္ေကာင္းေတြ အမ်ားႀကီးထြက္တယ္.....လူအကဲခတ္လည္းေတာ္တယ္...
သူက စံုေထာက္ျဖစ္ရမွာ.....သူမွန္တယ္ထင္ရင္ အဆံုးထိ ဆက္လုပ္တယ္....မတရားဘူးထင္ရင္ ကတ္ကတ္လန္
ရန္ေတြ႕တယ္....သူက ပြင့္လင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့
type ပါ....ၿပီးေတာ့ နိုးနိုး ေက်းဇူးအခ်ိဳ႕ ကြၽန္ေတာ့္မွာ
ရွိတယ္.....သူက တကယ္ခင္ဖို႔ေကာင္းပါတယ္..."
" နကၡက္နဲ႔တူတာေပါ့....နကၡက္ကလည္း ေပ်ာ္ေပ်ာ္ေနတတ္တယ္...."
" ဟုတ္သားပဲ.....ကုိႀကီးေျပာမွ သတိထားမိတယ္....ကိုႀကီးနကၡက္ကလည္း ပြင့္လင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့type ပဲေနာ္....ဒါေပမဲ့ သူ႔ၾကည့္ရတာ ေခါင္းမာမယ့္ပံုစံပဲ...."
" ဒီလိုထင္ရင္ ခတ္မွားသြားၿပီ...ေခါင္းမာတာ သူမဟုတ္ဘူး...အစ္ကုိ...."
"ကုိႀကီးက ေခါင္းမာတာလား...."
" အကုန္လံုးက အဲ့လိုေျပာတာပဲ.....သူမ်ားေတြ Type ကုိ
ေျပာၿပီးေတာ့...ခတ္ကေရာ ဘယ္လိုtype မ်ိဳးလဲ...."
" ကြၽန္ေတာ္ကလား...ကြၽန္ေတာ္က cute type ေလ"
လင္းက ပါးနွစ္ဖက္ကို လက္ဖဝါးနွစ္ဖက္ျဖင့္ ကပ္ရင္းေျပာေသာအခါ ရွင္းယံက ရယ္သည္....
" သူ႔ကိုယ္သူက်ေတာ့ အေကာင္းေျပာတယ္..."
" မွန္တာေျပာတာပဲကို...ဘာလို႔လဲ.... ကြၽန္ေတာ္ခ်စ္ဖို႔ မေကာင္းဘူးလား....ဟင္...."
" မေကာင္းပါဘူး...."
ရွင္းယံ၏စကားေၾကာင့္ လင္းမ်က္နွာဆူပုတ္ပစ္လိုက္သည္....
" ေတာ္ၿပီ...အျမင္မရွိတဲ့လူေတြနဲ႔စကားမေျပာဘူး....."
နႈတ္ခမ္းကုိဆူရင္း လက္ပိုက္ကာ တစ္ဖက္သို႔ လွည့္သြားသည့္ လင္းေၾကာင့္ ရွင္းယံသည္ သေဘာက်စြာရယ္ေမာလိုက္ျပန္သည္.....
" အင္းပါ...ခ်စ္ဖို႔ေကာင္းတာမုိ႔လို႔ စကားေတာ့ေျပာပါ...."
ရွင္းယံ၏ အေျပာတစ္ခ်က္နဲ႔တင္ ...လင္းမ်က္နွာသည္
ၿပံဳးၿဖီးသြားျပန္သည္.....
" ကုိႀကီးကေရာ...ကုိႀကီးtypeက ဘယ္လိုလဲ...."
" အစ္ကုိက....ေအးေအးေနတတ္တယ္.....မပြင့္လင္းဘဲ
ၿမံဳစိစိေနတဲ့ type....."
" ၿမံဳစိစိက ဘာႀကီးလဲ...."
" အာ....အစ္ကုိက အေတြးအရမ္းမ်ားတယ္...အဲ့တာေၾကာင့္
တစ္ခုခုဆို ဆံုးျဖတ္ဖို႔ေတြေဝေနတတ္တယ္....အစ္ကုိ႔ရဲ႕ စိတ္ကိုလည္း ဘယ္သူကုိမွ မေျပာျပတတ္ဘူး...အဲ့တာ ေကာင္းတဲ့ အက်င့္ေတာ့ မဟုတ္ဘူးေပါ့ေလ.....ဒါေပမဲ့ ဆံုးျဖတ္ခ်က္ ခ်ၿပီးရင္ေတာ့ အဲ့တာကုိ မရမကလုပ္တယ္...အဲ့မွာ
ေခါင္းမာတယ္ဆိုတာ ျဖစ္လာတာေပါ့ေနာ္....အဲ့အခ်ိန္က်ရင္
ဘယ္သူဘာေျပာေျပာ...အစ္ကုိက သူတို႔ကို နားမေထာင္ဘူး...အစ္ကုိျဖစ္ခ်င္တာကို မရမကလုပ္တာ...."
" ေတြေဝေနတာကေတာ့ မေကာင္းဘူး...."
" အဲ့အက်င့္ကိုေဖ်ာက္ဖို႔ လုပ္ေနပါတယ္....ၿပီးေတာ့ ေနာက္တစ္ခုက....အစ္ကုိက အရမ္းအစြဲအလန္းႀကီးတယ္...
တစ္ခုခုကုိ တြယ္တာမိၿပီဆိုရင္ ေမ့ေပ်ာက္ဖို႔ခက္တယ္...."
"အဲ့တာလည္း မေကာင္းဘူးလို႔ထင္တာပဲ...."
" ဟုတ္တယ္...မေကာင္းတာမု႔ိလုိ႔ အဲ့တာကိုလည္း
ေဖ်ာက္ပစ္ေတာ့မွာ.....အခု အစ္ကုိ မေတြေဝေနေတာ့ဘူး...
အတိတ္က စြဲလန္းခဲ့တဲ့အရာေတြထားခဲ့ေတာ့မွာ.....
အခုလက္ရွိ အစ္ကုိပိုင္ဆိုင္တဲ့အရာကိုပဲ လြတ္မသြားေအာင္
ဖမ္းဆုပ္ထားေတာ့မွာ....."
ရွင္းယံသည္ လင္းကိုလွည့္ၾကည့္လာ၏....
ထို႔ေနာက္ အေရွ႕သို႔ ျပန္လွည့္သြားသည္....
ရွင္းယံ၏ စကားကုိ နားမလည္သည္မို႔ လင္းသည္ မ်က္လံုး
ပုတ္ခတ္ပုတ္ခတ္ ျဖစ္သြား၏.....
ရွင္းယံ၏ နႈတ္ခမ္းတြင္ အၿပံဳးရိပ္ေလးတစ္ခု
တြဲလြဲခိုေနေလသည္.....
************************************************************************
လင္းတစ္ေယာက္...ျခင္းေတာင္းကိုင္ဆြဲရင္း
မားကတ္တြင္ ေစ်းဝယ္ထြက္ေနရ၏.....စင္ေပၚတြင္ တင္ထားေသာ မုန္႔မ်ားကုိၾကည့္ရႈရင္း စားခ်င္သည့္မုန္႔ကုိ
ျခင္းေတာင္းထဲ ထည့္လိုက္သည္.....လင္း၏ ျခင္းေတာင္း
ထဲတြင္ မုန္႔မ်ားသာမက ေမေမမွာေသာ ႏြားနို႔ပုလင္း...
ေထာပတ္...ငရုတ္ဆီဘူး အစရွိသျဖင့္ စားစရာမ်ားလည္း
ျပည့္ေနသည္....
အာလူးေၾကာ္ဘူးကုိ ေတြ႕သည္....
မဒီက အာလူးေၾကာ္ဝယ္ရန္ေျပာထားသည္မုိ႔ ထိုဘူးကို
လွမ္းယူလိုက္သည္....အားလူးေၾကာ္ဘူးကုိ ယူလိုက္ေသာ
လင္း၏ လက္ေပၚသို႔ အျခားလက္တစ္ဖက္သည္လည္း
တစ္ၿပိဳင္တည္းဆိုသလို ေရာက္လာသည္...
ထိုလက္သည္ လင္း၏လက္အေပၚအုပ္ကိုင္မိသြားသည္....
လင္း....ထိုလက္ပိုင္ရွင္ကုိ ခ်က္ခ်င္းလွည့္ၾကည့္လိုက္သည္
" ကိုႀကီးနကၡက္...."
" လင္း..."
နကၡက္ကလည္း အ့ံၾသသြားသလိုပံုစံနွင့္ ျပန္ေခၚလိုက္ပါသည္....ခ်က္ခ်င္းပင္ လင္း၏လက္အေပၚကိုင္ထားမိေသာ
သူ႔လက္ကုိ ရုတ္သိမ္းလိုက္သည္...
" တစ္ေယာက္တည္းလား...."
လင္းသည္ အားလူးေၾကာ္ဘူးကုိ ျခင္းေတာင္းထဲထည့္ရင္း
နကၡက္၏ အေမးကုိ ျပန္ေျဖလိုက္သည္....
" မဟုတ္ဘူး...ကြၽန္ေတာ့္ညီမ ပါတယ္....."
" ေစ်းလာဝယ္တာလား..."
" ကြၽန္ေတာ္က မားကတ္ကိုလာၿပီးေတာ့ ေစ်းမဝယ္ဘဲ
ဘာလုပ္ရမွာလဲ...."
" မသိဘူးေလ....အျပင္မွာပူေတာ့ အေအးလာခံတယ္ ထင္လို႔...."
" အဲ့တာ ကုိႀကီးပဲ ျဖစ္မယ္....."
လင္း၏ စကားေၾကာင့္ နကၡက္ရယ္သည္။ ထို႔ေနာက္
အာလူးေၾကာ္ေနာက္တစ္ဘူးကုိ ယူလိုက္သည္....
အစြန္ဆံုးတြင္ နကၡက္...အလယ္္တြင္ လင္းသုခတ္....လင္း၏ ညာဘက္ေဘးတြင္ မဒီတို႔သည္ နံရံကပ္ထားေသာ စားပြဲခံုရွည္တြင္ အတန္းလိုက္ထိုင္ေနၾကသည္..... သူတို႔၏
စားပြဲေရွ႕တြင္ မွန္သာရွိၿပီး မားကတ္၏ အျပင္ဘက္သို႔ ေဖာက္ျမင္ေနရသည္..... သူတို႔သံုးေယာက္ေရွ႕တြင္ အသင့္စားေခါက္ဆြဲျပဳတ္ဘူးေတြက အဆင္သင့္.....
လင္း..... ေခါက္ဆြဲျပဳတ္ဘူးအဖံုးကုိဖြင့္လိုက္ေသာအခါ
ပူေႏြးေနေသာ ေရေႏြးမွ အေငြ႕မ်ား အလိပ္လိုက္တက္လာသည္....အရသာမႈန္႔ထုပ္ကုိ ေရေႏြးထဲေဖာက္ခ်လိုက္သည္....
အန႔ံနဲ႔တင္ လင္း၏ ဗိုက္က ပုိမုိဆာလာသည္....
အရသာမႈန္႔ေပ်ာ္ဝင္သြားေစရန္ ေခါက္ဆြဲျပဳတ္ကို တူျဖင့္ ေမႊလိုက္သည္.....
နကၡက္က အသင့္စားဝက္အူေခ်ာင္း ကုိ ပလက္စတစ္ခြာၿပီး
လင္း၏ ေခါက္ဆြဲျပဳတ္ဘူးထဲသို႔ အေခ်ာင္းလိုက္ထည့္ေပးလိုက္သည္.....သူ႔ေခါက္ဆြဲျပဳတ္ဘူးထဲသို႔လည္း တစ္ေခ်ာင္းထည့္သည္.....ထို႔ေနာက္ မဒီ့ဘက္လွည့္၍
" ညီမေလးေရာ...စားဦးမလား.... "
ဟု လွမ္းေမးသည္....မဒီက ေခါင္းခါျပသည္.....
"ကိုႀကီးနကၡက္က ဒီကုိ အာလူးေၾကာ္တစ္ဘူးထဲ ဝယ္ဖို႔ေရာက္လာတာလား....."
"မဟုတ္ပါဘူး.....ငါဝယ္ထားတာေတြ အမ်ားႀကီးဟာ...."
နကၡက္က စားပြဲေပၚတင္ထားေသာ သူ႔အထုပ္ကို ေမးဆတ္ျပ
၍ ေျပာသည္။ သူဝယ္ထားေသာအထုပ္ထဲတြင္ အာလူးေၾကာ္က တစ္ဘူးထဲ....က်န္တာက ဘီယာဘူးေတြ....
" ဘီယာဘူးေတြ အဲ့ေလာက္အမ်ားႀကီးဝယ္ၿပီး ဘာလုပ္မလို႔လဲ......ျပန္ေရာင္းမလို႔လား...."
" ငါေသာက္မလို႔ပါကြာ...."
" ကုိႀကီးက ေန႔တိုင္းေသာက္တာလား...."
" မဟုတ္ပါဘူး.....ငါေသာက္ခ်င္တဲ့အခ်ိန္ အိမ္မွာရွိေနေအာင္လို႔ပါ.....မင္းမသိဘူးလား....ငါက အရက္သမားပဲဟာ...."
နကၡက္က ရယ္က်ဲက်ဲနွင့္ေျပာလ်က္....ေခါက္ဆြဲကိုတူျဖင့္ညႇပ္လ်က္ ပါးစပ္ထဲသြတ္သြင္းလိုက္သည္....ၿပီးေနာက္
" သိပ္မက်က္ေသးဘူး...."
ဟုညည္းတြားကာ ေခါက္ဆြဲျပဳတ္ဘူးကုိ ပလတ္စတစ္အဖံုးနွင့္ ျပန္ပိတ္လိုက္သည္....
" ကုိႀကီးက ေဆးလိပ္ေရာ ေသာက္လား..."
" အင္း...ေသာက္တယ္...ဘာလို႔...."
" ေရာဂါျဖစ္ၿပီး ေစာေစာေသမယ့္လူပဲ"
" ဟာ...ေျပာတာႀကီးကလည္း...."
"ဟုတ္တယ္ေလ ေဆးလိပ္လည္းေသာက္ အရက္သမားလည္းျဖစ္ဆိုရင္ ေရာဂါရမွာပဲေလ...."
"ဘာပဲျဖစ္ျဖစ္ လူဆိုတာ တစ္ေန႔ေသမွာပဲ...."
" ေစာေစာစီးစီးေသခ်င္လို႔လား....ေလွ်ာ့ေသာက္စမ္းပါ...
ေဆးလိပ္ေရာ...ဘီယာေရာ...."
နကၡက္သည္ ပါးခ်ိဳင့္မ်ားေပၚေအာင္ၿပံဳးကာ လင္း၏ ေခါင္းကုိ
ခပ္ဖြဖြကိုင္လိုက္သည္....
" ငါ့ကိုစိတ္ပူေနတာလား...."
"ေစတနာနဲ႔ အေကာင္းေျပာတာကို...."
" ေစတနာအတြက္ ေက်းဇူးတင္ပါတယ္....ငါက
အရမ္းမေသာက္ပါဘူး.....စိတ္မပူပါနဲ႔..."
နကၡက္သည္ ေခါက္ဆြဲျပဳတ္ဘူးကုိ ျပန္ဖြင့္လိုက္သည္။
ေခါက္ဆြဲသားမ်ားသည္ ႏူးအိေနေပၿပီ....
" ဒါနဲ႔...မင္းတို႔ေတြ...သီတင္းကြၽတ္ေက်ာင္းပိတ္ရက္က်ရင္
ခရီးသြားဖို႔ရွိလား...."
" မရွိပါဘူး...ဟုတ္တယ္မလား မီးမီး...."
လင္းက မဒီ့ကိုထပ္ဆင့္ေမးလိုက္သည္...မဒီလည္း ေခါင္းခါရင္း...
" မရွိဘူး...." ဟုျပန္ေျဖသည္။
" ဒါဆို ငါတို႔နဲ႔လိုက္ခဲ့မလား....ငါရယ္ ၿဖိဳးရယ္ ရွင္းယံရယ္
ခြန္စိုင္းရယ္ က်ဴးရင့္ရယ္က ခရီးသြားမလို႔...သူတို႔က
မင္းတို႔ကုိပါ ေခၚခ်င္တယ္တဲ့"
" ဘယ္သြားမလို႔လဲ...."
" ေငြေဆာင္...."
" ကြၽန္ေတာ္ တစ္ေယာက္တည္းလိုက္ခဲ့ရမွာလား...."
" မဟုတ္ဘူးေလ...မင္းတို႔အုပ္စုအကုန္ေပါ့...ရိပ္မ်က္ျခယ္
လိုက္မယ္ဆိုရင္ ခြန္စိုင္း ဝမ္းသာေနလိမ့္မယ္...."
" ကြၽန္ေတာ္ သူတို႔ကုိေမးၾကည့္လိုက္ဦးမယ္...."
" အင္း...မီးမီးေရာ...လိုက္ခဲ့ပါလား...."
မဒီက သူမကိုယ္ကို လက္ညႇိဳးထိုးလိုက္သည္...
" ညီမလား...."
" ေအးေလ...လိုက္ခဲ့ပါလား....အစ္ကိိုျဖစ္သူပါတယ္
ဆိုေတာ့ အိမ္ကစိတ္ခ်မွာပါ "
" ညီမက အစ္ကိုတို႔နဲ႔မွ မသိတာ...."
" သြားရင္းသိသြားမွာေပါ့....အစ္ကိုတို႔အုပ္စုကို လူေတြက
အလကားေနရင္း ရွိန္ေနၾကတာ...တကယ္တမ္း အစ္ကိုတုိ႔က ခင္တတ္တဲ့ လူေတြပါ....."
" သားသားရဲ႕သူငယ္ခ်င္းေတြ အကုန္ပါမယ္ဆို လိုက္ခဲ့ပါ့မယ္"
မဒီက ထိုမ်ွေျပာၿပီးေနာက္ ေခါက္ဆြဲျပဳတ္ကုိ ျပန္လည္ငံု႔စား
ေနသည္.....သူတို႔သံုးေယာက္လံုး ေခါက္ဆြဲျပဳတ္ကုိ
ေခါင္းငံု႔၍ တီးေနစဥ္ အေနာက္ဘက္မွ ဆူညံဆူညံ အသံမ်ား
ထြက္ေပၚလာသည္....
သိခ်င္စိတ္ေၾကာင့္ သံုးေယာက္သားၿပိဳင္တူ အေနာက္သို႔
လွည့္ၾကည့္လိုက္သည္....
ပြက္ေလာရိုက္ေနေသာအသံမ်ားက မိန္းကေလး ေလးေယာက္ ဆီမွျဖစ္သည္....သူတို႔၏အလယ္တြင္ အရပ္ရွည္ရွည္
ခပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ဦး....
" David ရဲ႕ပရိသတ္ပါ....အၿမဲအားေပးေနတာ...."
" ဓာတ္ပံုရိုက္လို႔ ရတယ္မလားဟင္...."
" လက္မွတ္ထိုးခိုင္းဖို႔ စာ႐ြက္ကမရွိဘူးျဖစ္ေနတယ္...."
ထိုမိန္းကေလးမ်ားကုိ David ဆိုေသာေကာင္ေလးသည္
ၿပံဳး၍ ေကာင္းေကာင္းမြန္မြန္ျပန္ေျပာေနသည္.....
ထို ျဖစ္အင္ကိုလွမ္းၾကည့္ရင္း မဒီက စတင္စကားဆိုလိုက္သည္....
" David ပဲ... အျပင္မွာ ပိုေခ်ာတယ္ေနာ္...."
လင္းက မဒီ့အေျပာကုိေထာက္ခံလိုက္သည္...
" ေအး....အျပင္မွာအရပ္ပိုရွည္သလိုပဲ...."
လင္းနွင့္ မဒီ၏စကားကုိၾကားေသာအခါ နကၡက္သည္ အတန္ငယ္ မ်က္ေမွာင္ႀကံဳ႕သြားသည္ ...
" မင္းတို႔က သူ႔ကိုသိတယ္ေပါ့...."
" အခုတေလာ သူပါတဲ့ရုပ္ရွင္ထြက္ၿပီးတဲ့ေနာက္မွာ
သူက နာမည္ႀကီးေနတာပဲေလ....ၿပီးေတာ့ နိုးနိုးက
သူ႔ကုိအရမ္းသေဘာက်တာ...."
လင္းက ျပန္ေျဖ၏.....နကၡက္က အေရွ႕သို႔ျပန္လွည့္ကာ
ေခါက္ဆြဲကုိေမႊေနေလသည္....
" နိုုးနိုးက လူမွားသေဘာက်တာပဲ....အဲ့ေကာင္က
ေစာက္က်င့္ တစ္စက္မွေကာင္းတဲ့အေကာင္ မဟုတ္ဘူး"
နကၡက္၏ ခပ္တင္းတင္းအသံေၾကာင့္ လင္းနွင့္မဒီသည္
သူ႔ကိုလွည့္ၾကည့္မိလိုက္ၾကသည္ .....
" ကုိႀကီးနဲ႔ သိတာလား...."
" သိတယ္...ေတာ္ေတာ္ႀကီးသိခဲ့တာ...ေကာင္းေသာသိျခင္းေတာ့ မဟုတ္ဘူး...."
နကၡက္၏ စကားဆံုးသည္နွင့္တစ္ၿပိဳင္နက္
အေနာက္မွ အသံတစ္ခုထြက္ေပၚလာျပန္သည္....
ထိုအသံသည္ နကၡက္ကုိ မ်က္ေမွာင္ၾကဳတ္သြားေစသည္...
" ေဟး...နကၡက္ညီ မလား....."
David ၏ အနားမွေကာင္မေလးမ်ားက ထြက္သြားသျဖင့္
David သည္နကၡက္တို႔ နားသို႔ ေလွ်ာက္လာသည္....
David က ေခၚလိုက္သည္မို႔ နကၡက္လည္း သူ႔ကို
လွည့္ၾကည့္လိုက္သည္....ထို႔ေနာက္
" Hi....David...."
ဟု ရုပ္တည္ႀကီးနွင့္ နႈတ္ဆက္လိုက္သည္....
လင္းနွင့္ မဒီသည္ သူတို႔ကုိ မ်က္လံုးအဝိုင္းသားနွင့္
ေစာင့္ၾကည့္ေန၏....
David ကေတာ့ ခပ္ၿပံဳးၿပံဳးပင္....
" မေတြ႕တာေတာင္ၾကာၿပီေနာ္....အဆင္ေျပတယ္မလား..."
" ေျပခ်က္ပဲ..."
" ရွင္းယံေရာ....ေနေကာင္းရဲ႕လား...."
" သူ ေနေကာင္းပါတယ္....သူက အရင္ကထက္ေတာင္
ပုိၿပီးေကာင္းေနပါေသးတယ္....."
" ရွင္းယံကုိ ေျပာလိုက္ပါ...သတိရပါတယ္လို႔...."
နကၡက္က ဟက္ခနဲတစ္ခ်က္ရယ္လိုက္သည္....
ရွင္းယံ နာမည္ပါလာသည္မုိ႔ လင္း..လည္ပင္းတဆန္႔ဆန္႔
ျဖစ္သြားသည္....
" မေတြ႕တဲ့အေတာအတြင္းမွာ ဟာသေတြေျပာတတ္လာတာပဲ....ခင္ဗ်ားက သတိရေသးေပမယ့္ ကြၽန္ေတာ္တို႔က
ခင္ဗ်ားကုိ ေသၿပီေတာင္ထင္တာ...."
နကၡက္၏စကားေၾကာင့္ David ၏ အၿပံဳးကြယ္ေပ်ာက္သြားသည္....
" မင္းလည္း အရင္အတိုင္း စကားကုိဘုကလန္႔ေျပာတတ္
တုန္းပဲေနာ္..."
" ခ်ီးက်ဳးေပးလို႔ ေက်းဇူးပဲ....ခင္ဗ်ားလုပ္စရာမရွိေတာ့ရင္
သြားေပးလို႔ရလား....ကြၽန္ေတာ္တို႔စားေနလို႔ပါ....
အစားအေသာက္ပ်က္တယ္"
David မ်က္နွာတင္းမာသြားကာ ထိုေနရာမွ ခ်က္ခ်င္း
ထြက္သြားသည္......
" သူက ငါတို႔တစ္ဖြဲ႕လံုးနဲ႔ မတည့္ဘူး.....သူနဲ႔ ငါတို႔နဲ႔
ၾကားမွာ ျပႆနာအႀကီးႀကီး တက္ခဲ့တယ္ဆိုပါေတာ့...."
နကၡက္က လင္းနွင့္မဒီ့ကို ေလသံေအးေလးနွင့္ ရွင္းျပသည္... နကၡက္၏ပံုက စိတ္ရႈပ္ေထြးသလိုပံုေပါက္ေနတာေၾကာင့္ လင္းလည္း ဘာမွမေျပာေတာ့ဘဲ ေခါက္ဆြဲကိုသာ
ဆက္စားေနလိုက္သည္.....
************************************************************************