[Unicode]
အိပ်ပျော်ခါနီးဆဲဆဲ၌ ထမြည်သောဖုန်းသံကြောင့်
လင်း...အိပ်ချင်မူးတူးနှင့် ခေါင်းအုံးအောက်ကို စမ်း၍
ဖုန်းရှာရသည်......
ဖုန်းကိုင်လိုက်၍ နားသို့ကပ်လိုက်သောအခါ....
" လင်းရေ.....!!!"
ဟူသော နိုးနိုး၏ အသံက နားထဲစူးခနဲဝင်လာသည်။
" ဘာလဲ....ငါအိပ်နေပြီဟာကို...."
" ခုချက်ချင်း အင်တာနက်ဖွင့်ပြီး messenger ထဲဝင်ခဲ့"
အမိန့်စကားတစ်ခွန်းဆိုပြီးနောက် ဖုန်းချသွားပြန်သည်။
လင်း...အိပ်ချင်နေသောမျက်လုံးများကိုပွတ်သပ်ရင်း
အင်တာနက်ဖွင့်ကာ messenger ထဲဝင်လိုက်သည်။
နိုးနိုးထံမှ message များက တတောင်တောင် တက်လာသည်။
# နင်တို့ ဒီနေ့ လှပတဲ့date လေးဖြစ်ခဲ့တာပဲ#
# ပုံလေးက အရမ်းမိုက်တော့ ငါငိုတောင်ငိုချင်တယ် TT#
# အခု newsfeed တစ်ခုလုံး ဒီပုံတွေချည်းပဲ သိရဲ့လား#
# Ya!...နင်တို့နာမည်ကြီးနေပြီ#
နိုးနိုးဘာကို ဆိုလိုနေမှန်း ချက်ချင်းတော့ သဘောမပေါက်လိုက်ပါ။ နောက်မှ နိုးနိုးပို့ထားသော ပုံကိုတွေ့ပြီး အိပ်ချင်စိတ်များပင် ပြေသွားသည်။
လင်းနှင့် ရှင်းယံ၏ ပုံ.....
အတိအကျပြောရလျှင် Deep love ဟူသော ပန်းချီကား
ရှေ့တွင် နှစ်ယောက်သား ရပ်ကြည့်နေသည့်ပုံ.....
ပုံထဲတွင် ရှင်းယံ၏ နောက်ကျောကိုသာ မြင်ရသည်....
လင်းကတော့ ရှင်းယံကို လှည့်ကြည့်နေသည်.....
လင်းတို့၂ယောက်ကြားတွင် ဆေးခြယ်ထားသော လိပ်ပြာတစ်ကောင်.....
ထိုလိပ်ပြာက လင်းဘက်မှ ရှင်းယံဘက်သို့ ဦးတည်နေ
သယောင်....
ပုံက ရှင်းလင်းပြတ်သားပြီးလှနေသဖြင့် ထိုပုံကို အရင်ဆုံး
Save လိုက်ပါသည်။ မေးစရာရှိတာက " ဒီပုံကို ဘယ်သူရိုက်တာလဲ..." ဟူ၍ပင်။
လင်း : ဒီပုံဘယ်သူတင်ထားတာလဲ
လင်း စာပို့လိုက်သောအခါ နိုးနိုးက ချက်ချင်းreply ပြန်သည်။
နိုးနိုး : media တစ်ခုကတင်ထားတာ ။ သူတို့က ပန်းချီပြပွဲ အကြောင်းဆောင်းပါးရေးရင်း ပန်းချီပြခန်းကပုံတွေ တင်လိုက်တာ...အဲ့မှာ ဒီပုံက မမျှော်လင့်ဘဲ ပါလာတာပဲ....
ပုံလေးက အရမ်းလှပြီးတော့ အထူးသဖြင့် ကောင်လေး၂ယောက်က ဒီလိုမျိုးရပ်နေတော့....နာမည်ကြီးသွားတယ်...
အဲ့မှာ သူများတွေက ဒီပုံကိုပဲ Caption မျိုးစုံနဲ့
share ကြတယ်...ထပ်တင်တဲ့သူက တင်တယ်....။
ထို့နောက် နိုးနိုးက ပုံများပို့လာပါသည်။ လင်းတို့၏ ပုံကို
ပြောနေကြသော လူများ၏ comment...caption
များပင် ဖြစ်ပါသည်။
# တစ်ခန်းလုံးက အနုပညာတွေနဲ့ပြည့်နှက်နေရင်တောင်
ငါကတော့ မင်းကိုပဲ စိုက်ကြည့်နေမယ် #
အင်းပေါ့လေ...ပုံထဲမှာ လင်းက ပန်းချီကားကို မကြည့်ဘဲ
ရှင်းယံကို ငေးကြည့်နေတာကို....
# အရပ်အမောင်းရဲ့လိုက်ဖက်နေမှုကြီး #
လင်းက ပိုပုတာကို.....ရှင်းယံက ပိုရှည်နေတာကို....
# နှစ်ယောက်လုံးရဲ့ Acc လင်းကြပါ #
ရှင်းယံ acc ကိုမြင်ရင်...လင်း acc ကိုလိုချင်တော့မှာ မဟုတ်ဘူး....
# ပုံလေးက အရမ်းရိုပြီး အဓိပ္ပါယ်ပြည့်လိုက်တာ#
အို...ဒါတော့ လက်ခံရမယ့်စကားပဲ...ဒီပုံကိုရိုက်သွားတဲ့
လူကို ကျေးဇူးအထူးတင်ပါတယ်....
# သူတို့က တကယ့်အတွဲလား #
ခိခိ.. ဖြစ်ဖို့ကြိုးစားနေပါတယ်......
ညကြီးမင်းကြီး အပျော်တွေစို့ပြီး အိပ်ချင်တဲ့စိတ်တောင်
အဝေးရောက်သွားသည်။ ကင်မရာသမားက ဘယ်သူမှန်း
မသိပေမဲ့ စိတ်ထဲမှ အလွန်အမင်းကျေးဇူးတင်နေမိသည်...
လင်း : ရှင်းယံရော ....ဒီပုံကိုတွေ့မယ်ထင်လား
နိုးနိုး : တွေ့မှာပေါ့....newsfeed တစ်ခုလုံး ဒီပုံက ပျံ့နေတာ......တကယ်မိုက်တယ်ဟာ
လင်း : မိုက်ရမယ်လေ...တစ်မိုးအောက်နှစ်ယောက်ပဲရှိတဲ့
လင်းသုခတ်နဲ့ စိုင်းရှင်းယံလေ...
နိုးနိုး : ဒီညတော့ အိပ်တော့...မနက်ရောက်ရင်
ဒီနေ့ တစ်နေ့လုံးဘာလုပ်လဲ ငါ့ကိုပြန်ပြော
လင်း : ပြောဦးမှာ...ဟိဟိ ....ခုတော့ good night
လင်း ဖုန်းကိုပိတ်လိုက်ပြီးနောက် ပြုံးပြုံးကြီးနှင့် မျက်လုံးမှိတ်လိုက်ပါသည်။
************************************************************************
ရှင်းယံကို မနက်တည်းက လင်း.... စောင့်မျှော်နေရသည်။
သို့သော် မုန့်ဈေးတန်းသို့ ရှင်းယံ မရောက်လာ။
နက္ခက်...ဖြိုး နှင့် ခွန်စိုင်းတို့ကတော့ မုန့်ဈေးတန်းရှိ
ခုံတစ်ခုံတွင် ထိုင်နေသည်။ ရှင်းယံတစ်ယောက်တည်းသာ
ကြားထဲတွင် ကွက်ပျောက်နေ၏။
"ကိုကြီးရှင်းယံရော...."
လင်း...သူတို့နားသွား၍ မေးမြန်းသောအခါ ဖြိုးက ချက်ချင်း
ပြန်ဖြေသည်....
" သူ နေမကောင်းလို့ ဒီနေ့ကျောင်းမလာဘူး...."
" နေမကောင်းဘူး?"
လင်း အလန့်တကြားရေရွတ်မိလိုက်ပါသည်။
"မနေ့က မိုးမိသွားလို့လား.....နေပူမိလို့လား....
နေပူမိရာကနေ မိုးမိသွားလို့လား......"
ဟူသောအတွေးများက ချက်ချင်းဝင်ရောက်လာသည်။
" အင်း...ဖျားနေတယ် ပြောတယ်....."
ဖြိုးက ထပ်ဆင့်ပြောသည်။ လင်း မျက်နှာမကောင်း ဖြစ်သွားသည်။ နက္ခက်က လင်းကိုလှမ်းကြည့်ရာမှ မထေ့တရီ...
ရွဲ့သလိုလို ပြောသည်....
" ဖျားနေတဲ့ထဲမှ အပိုဆောင်းအနေနဲ့ ဝမ်းပါလျှောနေတယ်တဲ့.... ကြားတာကတော့ မနေ့က ကောင်လေးတစ်ယောက်က သူ့ကိုလျှောက်ခေါ်သွားပြီးတော့ ပေါက်ကရ
အစာတွေ ကျွေးလိုက်တယ်တဲ့...."
" ကျွန်တော် ကျွေးတာတွေက ကောင်းပါတယ်....ပေါက်ကရအစာတွေမဟုတ်ပါဘူးနော်....."
လင်း ချက်ချင်းပင် အသံမာမာဖြင့် ပြန်ပြောသည်။ နက္ခက်က
မျက်ခုံးပင့်၍ ပခုံးတွန့်ပြ၏။
" ဖျားပြီး ဝမ်းလျှောနေရင် တော်တော် အားယုတ်နေမှာပဲကို.....လင်းသုခတ်က သူနဲ့အိမ်နီးတယ်ဆိုတော့ သတင်းလေးဘာလေး သွားမေးလိုက်ပါ.. "
ခွန်စိုင်းက မျက်နှာဆူပုတ်သွားသော လင်းကို ချော့မော့သည့်
အနေနှင့် ဝင်ပြောသည်။
စိုင်းရှင်းယံ အဆင်ရောပြေရဲ့လား လို့တော့ လင်းစိတ်ပူနေပါသည်။
" ရှင်းယံက တစ်ခါမှလမ်းဘေးဆိုင်မှာ စားဖူးတဲ့လူ မဟုတ်ဘူး.....သူ့အစာအိမ်က နုနုလေး....မင်းကတော့
စားနေကြမို့လို့ ကိစ္စမရှိပေမဲ့..... သူကတော့ ဝမ်းလျှောပြီလေ"
နက္ခက်က ဘုဆတ်ဆတ်ထပြောသည်။ ကျွေးခဲ့မိတာ
ကိုယ်ဆိုတော့ စိတ်မကောင်းခြင်းများနှင့် လင်း၏ မျက်နှာလေး မဲ့သွားသည်။
" ကျွန်တော်မှမသိတာကို....သူ့အိမ်ပဲ သတင်းသွားမေးတော့မယ်...."
ဟု ယဲ့ယဲ့လေးဆိုကာ သူတို့စားပွဲနားမှ ထွက်သွားသည်။
နက္ခက်သည် ချက်ချင်း လင်းအနောက်သို့ လိုက်သွားကာ
ပခုံးကို အားရပါးရဖက်လိုက်သည်.....
" ရှင်းယံက လုံးဝပိုးမွေးသလို အမွေးခံထားရတဲ့သား....
သူဘာလို့ လမ်းဘေးဆိုင်မစားဖူးလဲ သိလား.....သူ့အမေက
သူ့သားကို အရမ်းနုနုရွရွလေး ထားတာ....သူတို့အိမ်က
ထမင်းချက်က စားဖိုမှူးသင်တန်းဆင်း.....သူ့သား
စားချင်တာမှန်သမျှ ချက်ကျွေးနိုင်အောင် စားဖိုမှူးကိုမှ
ခန့်ထားတာနော်....ရှင်းယံက အပြင်စာဆိုရင်တောင်
ဟိုတယ် ဒါမှမဟုတ်နာမည်ကြီးစားသောက်ဆိုင်တွေမှာပဲ
စားဖူးတာ.....မင်းတို့ ငါတို့လို တွေ့ကရာစားတဲ့လူ မဟုတ်ဘူး...."
နက္ခက်က ရှင်းယံအကြောင်းကို တရစပ်ပြောနေသဖြင့်
လင်း...သူ့ကိုစိုက်ကြည့်လိုက်သည်.....
" ရှင်းယံရဲ့အမေက သူ့သားကိုအရမ်းချစ်ပြီး မင်းသားလေးလိုထားတာ....ဘယ်လောက်ထိလဲဆိုရင်...
ရှင်းယံ ခြေထောက်လှမ်းလိုက်ပြီဆိုတာနဲ့ အဲ့နေရာမှာ
ကော်ဇောတွေခင်းပြီးသားပဲ.....ရှင်းယံလက်မှာ
ရှရာသေးသေးလေး ဖြစ်သွားပြီဆိုရင်တောင် ဆေးရုံသွားရမလားဆိုပြီး ပျာယာခတ်နေတာ.....သူက သူ့သားကို
နည်းနည်းလေးတောင် အထိခိုက်ခံတာမဟုတ်ဘူး....."
" ဘာလို့ ကျွန်တော့်ကို ဒါတွေ လာပြောပြနေတာလဲ...."
" ဘာလို့လဲဆိုတော့....မင်းက ဒီနေ့ညနေ သူ့အိမ်သွားမှာမလား.....ရှင်းယံ နေမကောင်းဖြစ်တာ ဘယ်သူ့ကြောင့်လဲ....
မင်းကြောင့်လေ....."
နက္ခက်က လင်း၏ ရင်ဘတ်ကိုလက်ညှိုးနှင့်ထိုးရင်း
ဆိုသည်။
" မင်းက ရှင်းယံကို ဘက်စ်ကားနဲ့ခေါ်သွားပြီး...လမ်းဘေးဆိုင်မှာ ကျွေးတာ ရှင်းယံအမေ သိလို့ကတော့...."
နက္ခက်က သူ့လည်ပင်းကို လက်မနှင့်ပွတ်ဆွဲလိုက်ပြီး
လျှာထုတ်ပြသည်....
" မင်းသေမှာ....."
လင်း ထိတ်လန့်သွားသော်လည်း ဘာမှမဖြစ်သလို
မျက်နှာကို ခပ်တည်တည်ထားလိုက်သည်.....
" ကျွန်တော်က ဘာလို့ သူ့အမေကိုကြောက်ရမှာလဲ...."
" ငါတော့ သူ့အမေကိုကြောက်တယ်.... ဒါတောင်
ငါနဲ့ရှင်းယံက မွေးကတည်းက ခင်လာလို့နော်....သူ့အမေက
ကိုရီးယားကားထဲက ယောက္ခမနဲ့တူတယ်...မျက်နှာနှစ်မျိုးနဲ့...ဒါပေမဲ့ ငါ သူများအမေကို မကောင်းတော့ မပြောချင်ပါဘူး.....သူ့အမေက နည်းနည်းဂုဏ်မက်တယ်"
" သူများအမေ မကောင်းကြောင်းမပြောချင်လို့ပဲ.....
အခု ကိုကြီးပြောလိုက်တာ သူ့အမေက ဆိုးတဲ့လူဖြစ်နေပြီ"
" ရှင်းယံလည်း သူ့အမေအကြောင်းသူသိပါတယ်.....
ထားပါတော့....ငါပြောချင်တာ အဓိက က အဲ့တာမဟုတ်ဘူး....ရှင်းယံအိမ်ကိုသွားရင် သူ့အမေနဲ့မတွေ့ပါစေနဲ့ပဲ
ဆုတောင်းပေးလိုက်မယ် ....တွေ့တာတော့ တွေ့မှာပဲ...
ရှင်းယံနေမကောင်းရင် သူ့အမေက အလုပ်သွားမှာ မဟုတ်ဘူး.....ငါသာမင်းနေရာမှာဆိုရင် သူ့အိမ်ကို မသွားဘူး"
နက္ခက်က မဲ့ရွဲ့ပြောပြီးနောက် သူ့စားပွဲဝိုင်းဆီသို့
ပြန်သွားသည်။
လင်း မျက်နှာ ရှုံ့မဲ့သွားပါသည်.....
"ကိုရီးယားကားထဲက ယောက္ခမတဲ့လား......"
************************************************************************
" ငါသာမင်းနေရာမှာဆိုရင် သူ့အိမ်ကို မသွားဘူး..."
နက္ခက်၏စကားကို ပြန်ကြားယောင်မိသောအခါ
Bell တီးမည့်လက်ချောင်းများသည် ခေတ္တရပ်တန့်သွားသည်။အခုနေ ရှင်းယံအိမ်ရှေ့မှထွက်ပြေးလျှင် လွတ်နိုင်သေးသည်....နောက်မှ ဖုန်းဆက်ပြီးတော့ မေးလိုက်ရင်ကောင်းမလား....
သို့သော်လည်း Crush ကနေမကောင်းဖြစ်နေတာကို
ကိုယ်တိုင်သွားကြည့်ပြီး အားပေးစကားပြောသင့်သည်....
ဒါမှ ကိုယ်က သူ့ကိုဂရုစိုက်မှန်း သူသိလိမ့်မည်....
သူ့အမေနဲ့တွေ့လည်းဘာဖြစ်လဲ....လူလူချင်း..ကြောက်စရာမရှိဘူး....
ကိုယ့်အတွေးနဲ့ကိုယ် ပြန်အားတင်းပြီးနောက် Bell ကိုလက်ချောင်းထိပ်နှင့် ဖိချလိုက်သည်....
ခဏကြာသော် ရှင်းယံတို့အိမ်မှခြံစောင့်က ခြံတံခါးလာဖွင့်ပေးသည်။
" အော်...စိုင်းရှင်းယံရဲ့သူငယ်ချင်းပဲ...."
ခြံစောင့်က လင်းကိုမှတ်မိနေသည်။
" သူနေမကောင်းဘူးဆိုလို့ သတင်းလာမေးတာပါ...."
ခြံစောင့်က " ဝင်လေ " ဟူသောသဘောဖြင့် တံခါးပေါက်ဝမှ
ဖယ်ပေးသည်။ လင်း...ခြံထဲသို့ ခေါင်းပြူကြည့်လိုက်သည်..
" ခြံထဲကို ခွေးတွေမလွှတ်ထားဘူးမလား...."
" စိတ်မပူပါနဲ့...သူတို့ကအခု သူတို့လှောင်အိမ်ထဲမှာ
အိပ်နေကြတယ်...."
ထိုအခါမှ လင်းသည် ခြံထဲသို့ စိတ်ချလက်ချနှင့်ဝင်လိုက်နိုင်သည်။ ခြံစောင့်က လင်းကိုအိမ်ထဲသို့ ခေါ်သွားသည်။
ထို့နောက် ဧည့်ခန်းဘက်သို့ ခေါ်သွားသည်။ စိုင်းရှင်းယံအခန်း ဆီသို့တန်းသွားချင်သော်လည်း ခြံစောင့်က ဧည့်ခန်းထဲမှာ ခဏထိုင်ပါဦး ဆိုတော့လည်း ကြောက်ကြောက်လန့်လန့်နှင့်
ငြိမ်ငြိမ်လေးထိုင်လိုက်ရသည်.....
ချက်ချင်းပင် ဧည့်ခန်းထဲသို့ အမျိုးသမီးတစ်ယောက်ဝင်လာပါသည်.....
လင်း...ပါးစပ်ဟသွားရသည်....
ထိုအမျိုးသမီးသည် ရှင်းယံနှင့်အလွန် ရုပ်တူနေသောကြောင့်ပင်.....ဗေဒင်မေးစရာမလို...သူမက ရှင်းယံ၏အမေဖြစ်ကြောင်း သိလိုက်ပြီ....
ရှင်းယံဘာလို့အရမ်းချောရတာလဲ တွေးနေတာ...သူ့အမေဆီက ရုပ်ရည်ကိုအမွေဆက်ခံထားမှန်း သိလိုက်ရသည်....
အသားအရည်...မျက်လုံး...နှုတ်ခမ်းတို့သည် ရှင်းယံနှင့်
တစ်ထေရာထဲ....။ အရပ်က ၅ပေ၇လက်မလောက်ရှိမည်...
ရှင်းယံ၏ အမေဖြစ်၍ အသက်ကြီးမယ်မှန်းသိသော်လည်း
သူမရုပ်ရည်က မသိရင် ၃၀ဟုသာထင်ရနိုင်သည်....
ထို့အပြင် ပိန်သွယ်သွယ်ကိုယ်လုံးကလည်း နုပျိုနေသည်...
ဒီကြားထဲ ထဘီနဲ့မဟုတ်...ဂါဝန်ကိုယ်ကျပ်နှင့်ဖြစ်နေသည်.....ဆံပင်က ကုပ်ဝဲ .....
ရှင်းယံသည် တစ်ဦးတည်းသောသားဖြစ်ကြောင်း မသိခဲ့လျှင်
သူမကို ရှင်းယံ၏ အစ်မဟုသာ ထင်မိမည်မှာသေချာသည်...
" ရှင်းယံရဲ့ သူငယ်ချင်းလား..."
သူမက ပြုံး၍နှုတ်ဆက်ရင်း လင်း၏ ရှေ့တည့်တည့်ခုံတွင်
ဝင်ထိုင်လိုက်သည်။ သူမ ကြည့်ရတာ သဘောကောင်းမည့်
ပုံပင်....နက္ခက်ကဘာလို့ ဆိုးတယ် ပြောရတာလဲ...
" ဟုတ်ကဲ့...အန်တီ...သူနေမကောင်းဘူးဆိုလို့
သတင်းလာမေးတာပါ...."
"ဟုတ်တယ်...သားက တော်တော်လေးနေမကောင်းဖြစ်နေတာ...အထက်လန်အောက်လျှောလည်းဖြစ်...ဖျားလည်းဖျားဆိုတော့ အိပ်ရာပေါ်ကတောင် မထနိုင်ဘူး...."
လင်း...စိတ်ပူသွားသည်....ကိုယ့်ကိုယ်ကိုလည်း အပြစ်ရှိသလိုခံစားလိုက်ရသည်....ရှင်းယံကိုလျှောက်ခေါ်သွားတာ
လင်းကိုး....
" ဒါဆို...ကျွန်တော်...သူ့ကို သွားကြည့်လိုက်ဦးမယ်နော်..."
" အေးဆေးပေါ့ကွယ်....ထိုင်ပါဦး..."
ဆိုဖာပေါ်မှထလိုက်သောလင်းကို ရှင်းယံအမေက ဟန့်တားသည်။ ထို့ကြောင့် ပြန်ထိုင်လိုက်ရပြန်သည်....
"ရှင်းယံက အခုဆန်ပြုတ်သောက်နေလို့....သူစားလို့ပြီးတဲ့
အချိန်ကျမှ သူ့အခန်းကိုသွားလိုက်ပါ...."
လင်း မချိပြုံးလေးနှင့် ခေါင်းငြိမ့်လိုက်ရသည်။ ရှင်းယံဆီ
သွားချင်တာ တစ်ပိုင်းသေနေပြီ....ဆန်ပြုတ်သောက်နေတယ်ဆိုလည်း ခွံ့တိုက်မှာပေါ့....
" သားနာမည် ဘယ်လိုခေါ်လဲ...."
" လင်းသုခတ်ပါ..."
သူမ မျက်ခုံးများမြင့်တက်သွားသည်....
" မနေ့က ရှင်းယံနဲ့တူတူသွားတဲ့ ကလေးပေါ့...."
" ဟုတ်ကဲ့...."
လင်း တုန်တုန်လှုပ်လှုပ်နှင့် ခေါင်းငြိမ့်လိုက်ရသည်။ ရှင်းယံအမေသည် ချက်ချင်းရုပ်တည်သွားသည်...
" ရှင်းယံနဲ့ခင်တာ မကြာသေးဘူးထင်တယ်...အန်တီက
သူ့သူငယ်ချင်းတွေနဲ့အကုန်သိတယ်...မင်းကိုခုမှ မြင်ဖူးတာနော်...."
" ဟုတ်...ကျွန်တော်နဲ့ခင်တာ လပိုင်းလောက်ပဲရှိပါသေးတယ်...."
" လပိုင်းပဲရှိသေးလို့ ရှင်းယံက လမ်းဘေးအစာတွေနဲ့
မတည့်တာကို မသိတာဖြစ်မယ်...."
သူမအသံတွင် မာနသံများပါဝင်နေသည်.....
လမ်းဘေးဆိုင်ဆိုပြီး ဘာကြောင့်ခွဲပြောနေရပါသလဲ....
စားတာချင်းတူတူ လင်းက ခုထိ ဒေါင်ဒေါင်မြည်ကြီးရှိသေးသည်.....သူမကသာ ရှင်းယံကို နုလွန်းလို့ ရှင်းယံက
မစားနိုင်တာ မဟုတ်လား.....
" အစားစုံသွားလို့ဖြစ်မှာပါ..."
လင်း....လေသံအေးနှင့်ပင်ပြန်ပြောလိုက်သည်....
"ဒါနဲ့.... သားရဲ့မိဘတွေက အလုပ်လုပ်ကြသလဲ...."
" သူတို့က Company ဝန်ထမ်းတွေပါ.....
ဖေဖေက မန်နေဂျာပါ....မေမေက ဆေးကုမ္ပဏီတစ်ခုမှာ
လုပ်ပါတယ်.... "
လင်းက အေးဆေးပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းများသည် ချက်ချင်း အပေါ်စီးဆန်သည့်အကြည့်သို့
ပြောင်းသွားသည်.....
ထိုအကြည့်ကိုတော့ လင်း မနှစ်မြို့ပေ....
" အော်...အဲ့လိုကို...."
သူမ၏ လေသံက အထင်သေးသလိုလို....
နက္ခက်၏ "မျက်နှာနှစ်မျိုးနဲ့" ဟူသော စကားကို နားလည်သွားသည်...စတွေ့တုန်းက ရယ်ရယ်ပြုံးပြုံး...
လင်း၏ မိဘအလုပ်အကိုင်ကိုသိတော့ မျက်နှာက တစ်မျိူး....
ခင်ပွန်းက မြန်မာနိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သောကြောင့် သူမက ဘဝင်မြင့်နေသည့်ပုံ.....
" ပြောရရင် အခုတလော အန်တီက ရှင်းယံကို စိုးရိမ်နေတာ....ရှင်းယံက ဘယ်လိုလူတွေနဲ့ပေါင်းနေမှန်းမသိလို့လေ...."
ထိုစကားကတော့ လင်းကို တိုက်ရိုက်ရည်စူးမှန်းသိလိုက်သည်.....သို့သော် ဘာမှပြန်မပြောဘဲ နားထောင်နေလိုက်ပါသည်....
" နက္ခက်တို့...ဖြိုးတို့...ကျုးရင့်တို့...ခွန်စိုင်းတို့ဆိုတာ
ငယ်ငယ်တည်းပေါင်းလာတော့ စိတ်ချရတယ်လေ...."
သူတို့အားလုံးက ချမ်းသာတာကြောင့် သူ့သားနဲ့
ပေါင်းစေချင်တာမှန်း သိသာလှသည်....
" အခုတော့ ရှင်းယံက ဘယ်လိုအဆင့်တွေနဲ့ ပေါင်းနေလဲ မသိပါဘူး....အိုး...သားကိုပြောတာမဟုတ်ဘူးနော်..."
စိတ်ထဲမှ " လိမ်တာလည်း ကြည့်ကြပ်လိမ်ပါ အန်တီရယ် "
ဟူ တွေးနေသော်လည်း အပြင်တွင် ပြုံးသာပြုံးပြလိုက်သည်။
သူ ဘာပြောပြော...လင်း၏ အသားမနာတာမို့
ဘယ်ဘက်နားကဝင် ညာဘက်နားက ပြန်ထုတ်ပစ်လိုက်သည်။ သူပွားတာ နားထောင်ပြီးရင် ရှင်းယံနဲ့သွားတွေ့ရမည်
ဟုသာ တွေးနေလိုက်သည်....
" အဆင့်ဆိုတာ ငွေရေးကြေးရေးမှမဟုတ်ဘူး...
အပြုအမူ လုပ်ပုံကိုင်ပုံတွေပေါ့....အဲ့လိုအဆင့်မရှိတဲ့
လူတွေကြောင့် သားကို ဒုက္ခရောက်မှာစိုးရိမ်နေတာ..."
" ဟုတ်တယ် အန်တီရဲ့...တချို့တွေကျတော့ ချမ်းသာပြီး
စိတ်ဓာတ်က အဆင့်မရှိတာ....သူတို့ကိုယ်သူတို့ တော်လှပြီ တတ်လှပြီထင်ပြီး ဘဝင်လေဟပ်ပြီး...သူများကို
အားအားနေ လိုက်နှိမ်နေတဲ့ လူတွေပေါ့"
လင်း ပြန်ပြောလိုက်သောအခါ သူမခဏတာ ပါးစပ်ပိတ်သွားသည်....လင်း....သူမကို တည်တည်ကြီးကြည့်၍
ပြုံးပြလိုက်သည်.....။
" အင်း...အဲ့လိုလူတွေပေါ့...."
သူမသည် လင်း၏စကားကို ထောက်ခံလိုက်သော်လည်း
သူမကိုရွဲ့ပြောမှန်းသိ၍ မျက်နှာကတော့ မာကြောသွားသည်။
ထိုစဉ်တွင် လူတစ်ယောက်သည် ဧည့်ခန်းထဲသို့
ဝင်လာပါသည်....
" အန်တီ....မတွေ့ရတာကြာပြီနော်....."
အသံကြောင့် လှည့်ကြည့်လိုက်သောအခါ နက္ခက်ညီ ဖြစ်နေ၏။ နက္ခက်က လင်းကို မြင်သောအခါ အံ့သြဝမ်းသာ
သွားပုံနှင့်....
" လင်း...ရောက်နေတာလား....."
ဟုဆို၍ လင်း၏ဘေးနား၌ ဝင်ထိုင်သည်.....
" နက္ခက်ကလည်း လင်းသုခတ်နဲ့သိတာလား...."
ရှင်းယံအမေသည် ကြားဖြတ်မေးသည်.....နက္ခက်က
ပြုံး၍ ပြန်ဖြေသည်.....
" သူက ကျွန်တော်တို့တစ်ဖွဲ့လုံးနဲ့ခင်တယ်ဗျ....ကျွန်တော်က
အခု ရှင်းယံကို လာကြည့်တာ...လင်းကရော...သူ့ကိုပဲ
လာကြည့်တာမလား....."
နက္ခက်က လင်းကိုလှည့်ကြည့်၍ မေးသောအခါ လင်း ခေါင်းငြိမ့်လိုက်သည်.... နက္ခက်က ချက်ချင်းပင် လင်း၏ လက်ကို
ဆွဲကာ မတ်တပ်ထလိုက်သည်....
" ကျွန်တော်တို့ ရှင်းယံဆီသွားလိုက်ဦးမယ်နော်....
မြန်မြန်သွားတွေ့မှဖြစ်မယ်...နောက်မို့ဆို ရှင်းယံကို
စိတ်ပူလွန်းလို့သေတော့မယ်...သူ့အတွက် ဓာတ်ဆားထုပ်တွေပါ ဝယ်လာတယ်....အဲ့တာတွေ ဒီမှာပဲထားခဲ့လိုက်မယ်နော်"
နက္ခက်က ပြုံးရင်း သူပြောချင်ရာစွတ်ပြောပြီးနောက်
လက်ထဲက ဓာတ်ဆားထုပ်များကို ဆိုဖာပေါ်ပင် တင်ခဲ့သည်။
ထို့နောက် လင်းကို လက်ဆွဲခေါ်ပြီး လှေကားဆီသို့ ဦးတည်တက်သွားလေသည်....
ရှင်းယံအမေ ဘယ်လိုကျန်ခဲ့သလဲ သူဂရုမစိုက်...
" ငါ မသွားနဲ့ပြောနေတာကို ရောက်လာတယ်နော်...."
နက္ခက်က မာန်မဲဟောက်သည်။ လင်း မျက်မှောင်ကြုတ်လိုက်ပါသည်....
" ကိုကြီးကျတော့ရော...ဘယ်လိုလုပ်ရောက်လာတာလဲ"
" ငါက မင်းလာမယ်ဆိုတာ သိလို့ လာတာ.....သူ့မားသားက
မင်းကို ဘာတွေပြောလိုက်သေးလဲ...."
" ကျွန်တော့်ကို အဆင့်မတူဘူးဆိုပြီး ရွဲ့ပြောတယ်..."
" ငါပြောသားပဲ...အဲ့ဘွားတော်က ဘဝင်ကွ...."
" ကျွန်တော်လည်း သူ့ကိုပြန်ပြောလိုက်သေးတယ်...."
" ဟုတ်လား...အဲ့တာဆို မင်းကိုသူကြည့်မရဖြစ်နေမှာ
သေချာတယ်...ရှင်းယံကို မင်းနဲ့မပေါင်းဖို့နားချတော့မှာ"
နက္ခက်စကားကြောင့် လင်း လန့်သွားသည်....
" တကယ်လား..."
" မပူပါနဲ့...ရှင်းယံက ငလည်...သူ့အမေရှေ့ကျ
ဟုတ်ပြောပြီး နောက်မှာ လုပ်ချင်တာလုပ်တာ....ရှင်းယံ
က သူ့အမေက ဘဝင်မှန်းလည်းသိတယ်....ရှင်းယံက
သူ့အမေဆီက ရုပ်ပဲတူပြီး စိတ်မတူတာ ကျေးဇူးတင်ရမယ်....."
လင်း သက်ပြင်းတစ်ချက်ချလိုက်သည်....။
နက္ခက်နှင့် လင်းတို့ ရှင်းယံ၏ အခန်းရှေ့သို့ရောက်သွားသည်။ အခန်းတံခါးမဖွင့်ခင်တွင် ပန်းကန်တွေ ထည့်ထားသော ဗန်းကိုကိုင်ထားသည့် ဒေါ်ကြီးက အခန်းထဲမှ အရင်ထွက်လာ၏..... ဒေါ်ကြီးထွက်သွားပြီးမှ လင်းတို့၂ယောက်
အခန်းထဲ ဝင်လိုက်သည်....
ကုတင်ပေါ်တွင် ဆန့်ဆန့်လေး လှဲနေသော ရှင်းယံကို
တွေ့လိုက်ရပါသည်....ရှင်းယံ၏ မျက်နှာသည်
နွမ်းလျနေ၏.....
" ကိုကြီး......"
လင်း...ဆွဲဆွဲငင်ငင် အော်ပြီး ကုတင်ဘေးနားသို့ပြေးသွားသည်။ လင်း၏ အသံကြောင့် ရှင်းယံ ခေါင်းထောင်ကြည့်လာ
သည်.....
" အော်..ခတ်ပါလား...နက္ခက်လည်း ပါလာတာကို...."
" လင်းက အရင်ရောက်နေတာ...ငါက ခုနကမှရောက်တာ...
မင်း...အဆင်ရောပြေရဲ့လား...."
" မနက်ကထက်စာရင် ပြေလာတယ်ပြောရမှာပေါ့....
ဆရာဝန်က ငါ့ကိုဆေးထိုးပေးသွားတယ်....စားပြီးသမျှ
ပြန်အန်ထွက်နေတော့ အားမရှိဘူးဖြစ်နေတယ်....
ခေါင်းလည်းကိုက်နေတယ်...."
ရှင်းယံက တိုးညှင်းဖျော့တော့နေသောလေသံနှင့်ဆိုသည်။
လင်းသည် ငိုမဲ့မဲ့မျက်နှာလေးနှင့် ရှင်းယံ၏နဖူးကို လက်ဖြင့်
စမ်းလိုက်သည်.... ပူနွေးရှိန်းတိန်းသော အထိအတွေ့ကို
ခံစားမိလိုက်သည်.....
" ကျွန်တော့်ကြောင့် ကိုကြီးနေမကောင်းဖြစ်ရပြီ...."
" ခတ်ကြောင့်မဟုတ်ပါဘူး...အခန့်မသင့်လို့ဖြစ်တာပါ...."
နေမကောင်းသည့်ကြားမှ လင်းကို နူးညံ့စွာပြန်ပြောသော ရှင်းယံကို ကြည့်ရင်း လင်း...ရင်ထဲနွေးခနဲဖြစ်သွားသည်....
" ငါ မင်းအတွက် ဓာတ်ဆားဝယ်လာတယ်....
သောက်လိုက်နော်..."
နက္ခက်က ရှင်းယံ၏ ကုတင်ခြေရင်းတွင် ထိုင်လိုက်ရင်းပြော၏။ ဒီလိုကျတော့လည်း သူငယ်ချင်းကို ဂရုစိုက်တတ်သော
နက္ခက်ဖြစ်နေပြန်သည်....
" ဓာတ်ဆားရည်ပဲသောက်ရတော့မယ်...မနက်တည်းကနေ ခုထိ ခုနက ဆန်ပြုတ်တစ်ပန်းကန်ပဲ ဗိုက်ထဲ ကောင်းကောင်း
ဝင်သေးတယ်....ပြောရင်း ဆိုရင်း ဗိုက်နာလာပြန်ပြီ... "
ရှင်းယံ အိပ်ရာပေါ်မှ ကုန်းထ၏....လင်းက တွဲပေးမည်
လုပ်တော့ လင်း၏ လက်ကိုပုတ်ထုတ်လိုက်သည်....
" နက္ခက်...ငါ့ကိုလာတွဲပေးပါလား...ငါ လမ်းလျှောက်ဖို့တောင် အားမရှိဘူး...."
ရှင်းယံ၏ အပြုအမူနှင့် စကားကြောင့် လင်း...မျက်နှာမဲ့သွားသည်။ နက္ခက်က အလျင်အမြန် ရှင်းယံကို လာကူတွဲပေး၏...
ထို့နောက် ရှင်းယံကို အိမ်သာထဲထိ လိုက်ပို့သည်...
လင်း...နှာရှုံ့လိုက်ပါသည်..
"ရှင်းယံက ဘာလို့ ငါတွဲပေးတာကို လက်မခံတာလဲ"
ဟု ညစ်တစ်တစ်တွေးလိုက်မိသည်....
" ငယ်ငယ်တည်းက ရှင်းယံ နေမကောင်းရင်
ငါက သူ့ဘေးနားမှာ နေ နေကျ...ရှင်းယံက နေမကောင်းရင်
ကလေးလိုပဲ အရမ်းကပ်တွယ်နေတာ...."
အိမ်သာတံခါးကို ပိတ်ပေးရင်း နက္ခက်က ဆိုသည်။
နက္ခက်၏ ပါးပြင်တွင် ပါးချိုင့်နှစ်ခု နစ်ဝင်နေ၏....
ရှင်းယံနှင့်ပတ်သတ်၍ နက္ခက်အပေါ် မနာလိုခြင်းကို
လင်း.... ပထမဦးဆုံး ခံစားမိလိုက်သည်....
************************************************************************
[Zawgyi]
အိပ္ေပ်ာ္ခါနီးဆဲဆဲ၌ ထျမည္ေသာဖုန္းသံေၾကာင့္
လင္း...အိပ္ခ်င္မူးတူးနွင့္ ေခါင္းအံုးေအာက္ကို စမ္း၍
ဖုန္းရွာရသည္......
ဖုန္းကိုင္လိုက္၍ နားသို႔ကပ္လိုက္ေသာအခါ....
" လင္းေရ.....!!!"
ဟူေသာ နိုးနိုး၏ အသံက နားထဲစူးခနဲဝင္လာသည္။
" ဘာလဲ....ငါအိပ္ေနၿပီဟာကုိ...."
" ခုခ်က္ခ်င္း အင္တာနက္ဖြင့္ၿပီး messenger ထဲဝင္ခဲ့"
အမိန္႔စကားတစ္ခြန္းဆိုၿပီးေနာက္ ဖုန္းခ်သြားျပန္သည္။
လင္း...အိပ္ခ်င္ေနေသာမ်က္လံုးမ်ားကုိပြတ္သပ္ရင္း
အင္တာနက္ဖြင့္ကာ messenger ထဲဝင္လိုက္သည္။
နိုးနိုးထံမွ message မ်ားက တေတာင္ေတာင္ တက္လာသည္။
# နင္တို႔ ဒီေန႔ လွပတဲ့date ေလးျဖစ္ခဲ့တာပဲ#
# ပံုေလးက အရမ္းမိုက္ေတာ့ ငါငုိေတာင္ငိုခ်င္တယ္ TT#
# အခု newsfeed တစ္ခုလံုး ဒီပံုေတြခ်ည္းပဲ သိရဲ႕လား#
# Ya!...နင္တို႔နာမည္ႀကီးေနၿပီ#
နိုးနိုးဘာကို ဆိုလုိေနမွန္း ခ်က္ခ်င္းေတာ့ သေဘာမေပါက္လိုက္ပါ။ ေနာက္မွ နိုးနိုးပုိ႔ထားေသာ ပံုကိုေတြ႕ၿပီး အိပ္ခ်င္စိတ္မ်ားပင္ ေျပသြားသည္။
လင္းနွင့္ ရွင္းယံ၏ ပံု.....
အတိအက်ေျပာရလ်ွင္ Deep love ဟူေသာ ပန္းခ်ီကား
ေရွ႕တြင္ နွစ္ေယာက္သား ရပ္ၾကည့္ေနသည့္ပံု.....
ပံုထဲတြင္ ရွင္းယံ၏ ေနာက္ေက်ာကုိသာ ျမင္ရသည္....
လင္းကေတာ့ ရွင္းယံကုိ လွည့္ၾကည့္ေနသည္.....
လင္းတို႔၂ေယာက္ၾကားတြင္ ေဆးျခယ္ထားေသာ လိပ္ျပာတစ္ေကာင္.....
ထိုလိပ္ျပာက လင္းဘက္မွ ရွင္းယံဘက္သို႔ ဦးတည္ေန
သေယာင္....
ပံုက ရွင္းလင္းျပတ္သားၿပီးလွေနသျဖင့္ ထိုပံုကုိ အရင္ဆံုး
Save လိုက္ပါသည္။ ေမးစရာရွိတာက " ဒီပံုကုိ ဘယ္သူရိုက္တာလဲ..." ဟူ၍ပင္။
လင္း : ဒီပံုဘယ္သူတင္ထားတာလဲ
လင္း စာပို႔လိုက္ေသာအခါ နိုးနိုးက ခ်က္ခ်င္းreply ျပန္သည္။
နိုးနိုး : media တစ္ခုကတင္ထားတာ ။ သူတို႔က ပန္းခ်ီျပပြဲ အေၾကာင္းေဆာင္းပါးေရးရင္း ပန္းခ်ီျပခန္းကပံုေတြ တင္လိုက္တာ...အဲ့မွာ ဒီပံုက မေမ်ွာ္လင့္ဘဲ ပါလာတာပဲ....
ပံုေလးက အရမ္းလွၿပီးေတာ့ အထူးသျဖင့္ ေကာင္ေလး၂ေယာက္က ဒီလိုမ်ိဳးရပ္ေနေတာ့....နာမည္ႀကီးသြားတယ္...
အဲ့မွာ သူမ်ားေတြက ဒီပံုကုိပဲ Caption မ်ိဳးစံုနဲ႔
share ၾကတယ္...ထပ္တင္တဲ့သူက တင္တယ္....။
ထို႔ေနာက္ နိုးနိုးက ပံုမ်ားပုိ႔လာပါသည္။ လင္းတို႔၏ ပံုကုိ
ေျပာေနၾကေသာ လူမ်ား၏ comment...caption
မ်ားပင္ ျဖစ္ပါသည္။
# တစ္ခန္းလံုးက အႏုပညာေတြနဲ႔ျပည့္နွက္ေနရင္ေတာင္
ငါကေတာ့ မင္းကုိပဲ စိုက္ၾကည့္ေနမယ္ #
အင္းေပါ့ေလ...ပံုထဲမွာ လင္းက ပန္းခ်ီကားကုိ မၾကည့္ဘဲ
ရွင္းယံကုိ ေငးၾကည့္ေနတာကုိ....
# အရပ္အေမာင္းရဲ႕လိုက္ဖက္ေနမႈႀကီး #
လင္းက ပုိပုတာကုိ.....ရွင္းယံက ပုိရွည္ေနတာကို....
# ႏွစ္ေယာက္လံုးရဲ႕ Acc လင္းၾကပါ #
ရွင္းယံ acc ကုိျမင္ရင္...လင္း acc ကုိလိုခ်င္ေတာ့မွာ မဟုတ္ဘူး....
# ပံုေလးက အရမ္းရိုၿပီး အဓိပၸါယ္ျပည့္လိုက္တာ#
အို...ဒါေတာ့ လက္ခံရမယ့္စကားပဲ...ဒီပံုကုိရိုက္သြားတဲ့
လူကုိ ေက်းဇူးအထူးတင္ပါတယ္....
# သူတို႔က တကယ့္အတြဲလား #
ခိခိ.. ျဖစ္ဖို႔ႀကိဳးစားေနပါတယ္......
ညႀကီးမင္းႀကီး အေပ်ာ္ေတြစို႔ၿပီး အိပ္ခ်င္တဲ့စိတ္ေတာင္
အေဝးေရာက္သြားသည္။ ကင္မရာသမားက ဘယ္သူမွန္း
မသိေပမဲ့ စိတ္ထဲမွ အလြန္အမင္းေက်းဇူးတင္ေနမိသည္...
လင္း : ရွင္းယံေရာ ....ဒီပံုကုိေတြ႕မယ္ထင္လား
နိုးနိုး : ေတြ႕မွာေပါ့....newsfeed တစ္ခုလံုး ဒီပံုက ပ်ံ႕ေနတာ......တကယ္မိုက္တယ္ဟာ
လင္း : မိုက္ရမယ္ေလ...တစ္မိုးေအာက္နွစ္ေယာက္ပဲရွိတဲ့
လင္းသုခတ္နဲ႔ စိုင္းရွင္းယံေလ...
နိုးနိုး : ဒီညေတာ့ အိပ္ေတာ့...မနက္ေရာက္ရင္
ဒီေန႔ တစ္ေန႔လံုးဘာလုပ္လဲ ငါ့ကုိျပန္ေျပာ
လင္း : ေျပာဦးမွာ...ဟိဟိ ....ခုေတာ့ good night
လင္း ဖုန္းကုိပိတ္လိုက္ၿပီးေနာက္ ၿပံဳးၿပံဳးႀကီးနွင့္ မ်က္လံုးမွိတ္လိုက္ပါသည္။
************************************************************************
ရွင္းယံကုိ မနက္တည္းက လင္း.... ေစာင့္ေမ်ွာ္ေနရသည္။
သို႔ေသာ္ မုန္႔ေစ်းတန္းသို႔ ရွင္းယံ မေရာက္လာ။
နကၡက္...ၿဖိဳး နွင့္ ခြန္စိုင္းတို႔ကေတာ့ မုန္႔ေစ်းတန္းရွိ
ခံုတစ္ခံုတြင္ ထိုင္ေနသည္။ ရွင္းယံတစ္ေယာက္တည္းသာ
ၾကားထဲတြင္ ကြက္ေပ်ာက္ေန၏။
"ကုိႀကီးရွင္းယံေရာ...."
လင္း...သူတို႔နားသြား၍ ေမးျမန္းေသာအခါ ၿဖိဳးက ခ်က္ခ်င္း
ျပန္ေျဖသည္....
" သူ ေနမေကာင္းလို႔ ဒီေန႔ေက်ာင္းမလာဘူး...."
" ေနမေကာင္းဘူး?"
လင္း အလန္႔တၾကားေရ႐ြတ္မိလိုက္ပါသည္။
"မေန႔က မိုးမိသြားလို႔လား.....ေနပူမိလို႔လား....
ေနပူမိရာကေန မိုးမိသြားလို႔လား......"
ဟူေသာအေတြးမ်ားက ခ်က္ခ်င္းဝင္ေရာက္လာသည္။
" အင္း...ဖ်ားေနတယ္ ေျပာတယ္....."
ၿဖိဳးက ထပ္ဆင့္ေျပာသည္။ လင္း မ်က္နွာမေကာင္း ျဖစ္သြားသည္။ နကၡက္က လင္းကုိလွမ္းၾကည့္ရာမွ မေထ့တရီ...
႐ြဲ႕သလိုလို ေျပာသည္....
" ဖ်ားေနတဲ့ထဲမွ အပုိေဆာင္းအေနနဲ႔ ဝမ္းပါေလ်ွာေနတယ္တဲ့.... ၾကားတာကေတာ့ မေန႔က ေကာင္ေလးတစ္ေယာက္က သူ႔ကုိေလ်ွာက္ေခၚသြားၿပီးေတာ့ ေပါက္ကရ
အစာေတြ ေကြၽးလိုက္တယ္တဲ့...."
" ကြၽန္ေတာ္ ေကြၽးတာေတြက ေကာင္းပါတယ္....ေပါက္ကရအစာေတြမဟုတ္ပါဘူးေနာ္....."
လင္း ခ်က္ခ်င္းပင္ အသံမာမာျဖင့္ ျပန္ေျပာသည္။ နကၡက္က
မ်က္ခံုးပင့္၍ ပခံုးတြန္႔ျပ၏။
" ဖ်ားၿပီး ဝမ္းေလ်ွာေနရင္ ေတာ္ေတာ္ အားယုတ္ေနမွာပဲကုိ.....လင္းသုခတ္က သူနဲ႔အိမ္နီးတယ္ဆိုေတာ့ သတင္းေလးဘာေလး သြားေမးလိုက္ပါ.. "
ခြန္စိုင္းက မ်က္နွာဆူပုတ္သြားေသာ လင္းကုိ ေခ်ာ့ေမာ့သည့္
အေနနွင့္ ဝင္ေျပာသည္။
စိုင္းရွင္းယံ အဆင္ေရာေျပရဲ႕လား လို႔ေတာ့ လင္းစိတ္ပူေနပါသည္။
" ရွင္းယံက တစ္ခါမွလမ္းေဘးဆိုင္မွာ စားဖူးတဲ့လူ မဟုတ္ဘူး.....သူ႔အစာအိမ္က ႏုႏုေလး....မင္းကေတာ့
စားေနၾကမို႔လို႔ ကိစၥမရွိေပမဲ့..... သူကေတာ့ ဝမ္းေလ်ွာၿပီေလ"
နကၡက္က ဘုဆတ္ဆတ္ထေျပာသည္။ ေကြၽးခဲ့မိတာ
ကိုယ္ဆိုေတာ့ စိတ္မေကာင္းျခင္းမ်ားနွင့္ လင္း၏ မ်က္နွာေလး မဲ့သြားသည္။
" ကြၽန္ေတာ္မွမသိတာကုိ....သူ႔အိမ္ပဲ သတင္းသြားေမးေတာ့မယ္...."
ဟု ယဲ့ယဲ့ေလးဆိုကာ သူတို႔စားပြဲနားမွ ထြက္သြားသည္။
နကၡက္သည္ ခ်က္ခ်င္း လင္းအေနာက္သို႔ လိုက္သြားကာ
ပခံုးကုိ အားရပါးရဖက္လိုက္သည္.....
" ရွင္းယံက လံုးဝပိုးေမြးသလို အေမြးခံထားရတဲ့သား....
သူဘာလို႔ လမ္းေဘးဆိုင္မစားဖူးလဲ သိလား.....သူ႔အေမက
သူ႔သားကုိ အရမ္းႏုႏု႐ြ႐ြေလး ထားတာ....သူတို႔အိမ္က
ထမင္းခ်က္က စားဖိုမွဴးသင္တန္းဆင္း.....သူ႔သား
စားခ်င္တာမွန္သမ်ွ ခ်က္ေကြၽးနိုင္ေအာင္ စားဖိုမွဴးကိုမွ
ခန္႔ထားတာေနာ္....ရွင္းယံက အျပင္စာဆိုရင္ေတာင္
ဟုိတယ္ ဒါမွမဟုတ္နာမည္ႀကီးစားေသာက္ဆိုင္ေတြမွာပဲ
စားဖူးတာ.....မင္းတို႔ ငါတို႔လို ေတြ႕ကရာစားတဲ့လူ မဟုတ္ဘူး...."
နကၡက္က ရွင္းယံအေၾကာင္းကုိ တရစပ္ေျပာေနသျဖင့္
လင္း...သူ႔ကုိစိုက္ၾကည့္လိုက္သည္.....
" ရွင္းယံရဲ႕အေမက သူ႔သားကုိအရမ္းခ်စ္ၿပီး မင္းသားေလးလိုထားတာ....ဘယ္ေလာက္ထိလဲဆိုရင္...
ရွင္းယံ ေျခေထာက္လွမ္းလိုက္ၿပီဆိုတာနဲ႔ အဲ့ေနရာမွာ
ေကာ္ေဇာေတြခင္းၿပီးသားပဲ.....ရွင္းယံလက္မွာ
ရွရာေသးေသးေလး ျဖစ္သြားၿပီဆိုရင္ေတာင္ ေဆးရံုသြားရမလားဆိုၿပီး ပ်ာယာခတ္ေနတာ.....သူက သူ႔သားကုိ
နည္းနည္းေလးေတာင္ အထိခိုက္ခံတာမဟုတ္ဘူး....."
" ဘာလို႔ ကြၽန္ေတာ့္ကို ဒါေတြ လာေျပာျပေနတာလဲ...."
" ဘာလို႔လဲဆိုေတာ့....မင္းက ဒီေန႔ညေန သူ႔အိမ္သြားမွာမလား.....ရွင္းယံ ေနမေကာင္းျဖစ္တာ ဘယ္သူ႔ေၾကာင့္လဲ....
မင္းေၾကာင့္ေလ....."
နကၡက္က လင္း၏ ရင္ဘတ္ကိုလက္ညႇိဳးနွင့္ထိုးရင္း
ဆိုသည္။
" မင္းက ရွင္းယံကို ဘက္စ္ကားနဲ႔ေခၚသြားၿပီး...လမ္းေဘးဆိုင္မွာ ေကြၽးတာ ရွင္းယံအေမ သိလို႔ကေတာ့...."
နကၡက္က သူ႔လည္ပင္းကုိ လက္မနွင့္ပြတ္ဆြဲလိုက္ၿပီး
လ်ွာထုတ္ျပသည္....
" မင္းေသမွာ....."
လင္း ထိတ္လန္႔သြားေသာ္လည္း ဘာမွမျဖစ္သလို
မ်က္နွာကုိ ခပ္တည္တည္ထားလိုက္သည္.....
" ကြၽန္ေတာ္က ဘာလို႔ သူ႔အေမကိုေၾကာက္ရမွာလဲ...."
" ငါေတာ့ သူ႔အေမကိုေၾကာက္တယ္.... ဒါေတာင္
ငါနဲ႔ရွင္းယံက ေမြးကတည္းက ခင္လာလို႔ေနာ္....သူ႔အေမက
ကုိရီးယားကားထဲက ေယာကၡမနဲ႔တူတယ္...မ်က္နွာနွစ္မ်ိဳးနဲ႔...ဒါေပမဲ့ ငါ သူမ်ားအေမကုိ မေကာင္းေတာ့ မေျပာခ်င္ပါဘူး.....သူ႔အေမက နည္းနည္းဂုဏ္မက္တယ္"
" သူမ်ားအေမ မေကာင္းေၾကာင္းမေျပာခ်င္လို႔ပဲ.....
အခု ကုိႀကီးေျပာလိုက္တာ သူ႔အေမက ဆိုးတဲ့လူျဖစ္ေနၿပီ"
" ရွင္းယံလည္း သူ႔အေမအေၾကာင္းသူသိပါတယ္.....
ထားပါေတာ့....ငါေျပာခ်င္တာ အဓိက က အဲ့တာမဟုတ္ဘူး....ရွင္းယံအိမ္ကိုသြားရင္ သူ႔အေမနဲ႔မေတြ႕ပါေစနဲ႔ပဲ
ဆုေတာင္းေပးလိုက္မယ္ ....ေတြ႕တာေတာ့ ေတြ႕မွာပဲ...
ရွင္းယံေနမေကာင္းရင္ သူ႔အေမက အလုပ္သြားမွာ မဟုတ္ဘူး.....ငါသာမင္းေနရာမွာဆိုရင္ သူ႔အိမ္ကို မသြားဘူး"
နကၡက္က မဲ့႐ြဲ႕ေျပာၿပီးေနာက္ သူ႔စားပြဲဝိုင္းဆီသို႔
ျပန္သြားသည္။
လင္း မ်က္နွာ ရႈံ႕မဲ့သြားပါသည္.....
"ကုိရီးယားကားထဲက ေယာကၡမတဲ့လား......"
************************************************************************
" ငါသာမင္းေနရာမွာဆိုရင္ သူ႔အိမ္ကို မသြားဘူး..."
နကၡက္၏စကားကို ျပန္ၾကားေယာင္မိေသာအခါ
Bell တီးမည့္လက္ေခ်ာင္းမ်ားသည္ ေခတၱရပ္တန္႔သြားသည္။အခုေန ရွင္းယံအိမ္ေရွ႕မွထြက္ေျပးလ်ွင္ လြတ္နိုင္ေသးသည္....ေနာက္မွ ဖုန္းဆက္ၿပီးေတာ့ ေမးလိုက္ရင္ေကာင္းမလား....
သို႔ေသာ္လည္း Crush ကေနမေကာင္းျဖစ္ေနတာကုိ
ကိုယ္တိုင္သြားၾကည့္ၿပီး အားေပးစကားေျပာသင့္သည္....
ဒါမွ ကိုယ္က သူ႔ကိုဂရုစိုက္မွန္း သူသိလိမ့္မည္....
သူ႔အေမနဲ႔ေတြ႕လည္းဘာျဖစ္လဲ....လူလူခ်င္း..ေၾကာက္စရာမရွိဘူး....
ကိုယ့္အေတြးနဲ႔ကိုယ္ ျပန္အားတင္းၿပီးေနာက္ Bell ကုိလက္ေခ်ာင္းထိပ္နွင့္ ဖိခ်လိုက္သည္....
ခဏၾကာေသာ္ ရွင္းယံတို႔အိမ္မွၿခံေစာင့္က ၿခံတံခါးလာဖြင့္ေပးသည္။
" ေအာ္...စိုင္းရွင္းယံရဲ႕သူငယ္ခ်င္းပဲ...."
ၿခံေစာင့္က လင္းကုိမွတ္မိေနသည္။
" သူေနမေကာင္းဘူးဆိုလို႔ သတင္းလာေမးတာပါ...."
ၿခံေစာင့္က " ဝင္ေလ " ဟူေသာသေဘာျဖင့္ တံခါးေပါက္ဝမွ
ဖယ္ေပးသည္။ လင္း...ၿခံထဲသို႔ ေခါင္းျပဴၾကည့္လိုက္သည္..
" ၿခံထဲကို ေခြးေတြမလႊတ္ထားဘူးမလား...."
" စိတ္မပူပါနဲ႔...သူတို႔ကအခု သူတို႔ေလွာင္အိမ္ထဲမွာ
အိပ္ေနၾကတယ္...."
ထိုအခါမွ လင္းသည္ ၿခံထဲသို႔ စိတ္ခ်လက္ခ်နွင့္ဝင္လိုက္နိုင္သည္။ ၿခံေစာင့္က လင္းကုိအိမ္ထဲသို႔ ေခၚသြားသည္။
ထို႔ေနာက္ ဧည့္ခန္းဘက္သို႔ ေခၚသြားသည္။ စိုင္းရွင္းယံအခန္း ဆီသို႔တန္းသြားခ်င္ေသာ္လည္း ၿခံေစာင့္က ဧည့္ခန္းထဲမွာ ခဏထိုင္ပါဦး ဆိုေတာ့လည္း ေၾကာက္ေၾကာက္လန္႔လန္႔နွင့္
ၿငိမ္ၿငိမ္ေလးထိုင္လိုက္ရသည္.....
ခ်က္ခ်င္းပင္ ဧည့္ခန္းထဲသို႔ အမ်ိဳးသမီးတစ္ေယာက္ဝင္လာပါသည္.....
လင္း...ပါးစပ္ဟသြားရသည္....
ထိုအမ်ိဳးသမီးသည္ ရွင္းယံနွင့္အလြန္ ရုပ္တူေနေသာေၾကာင့္ပင္.....ေဗဒင္ေမးစရာမလို...သူမက ရွင္းယံ၏အေမျဖစ္ေၾကာင္း သိလိုက္ၿပီ....
ရွင္းယံဘာလို႔အရမ္းေခ်ာရတာလဲ ေတြးေနတာ...သူ႔အေမဆီက ရုပ္ရည္ကုိအေမြဆက္ခံထားမွန္း သိလိုက္ရသည္....
အသားအရည္...မ်က္လံုး...နႈတ္ခမ္းတို႔သည္ ရွင္းယံနွင့္
တစ္ေထရာထဲ....။ အရပ္က ၅ေပ၇လက္မေလာက္ရွိမည္...
ရွင္းယံ၏ အေမျဖစ္၍ အသက္ႀကီးမယ္မွန္းသိေသာ္လည္း
သူမရုပ္ရည္က မသိရင္ ၃၀ဟုသာထင္ရနိုင္သည္....
ထို႔အျပင္ ပိန္သြယ္သြယ္ကိုယ္လံုးကလည္း ႏုပ်ိဳေနသည္...
ဒီၾကားထဲ ထဘီနဲ႔မဟုတ္...ဂါဝန္ကိုယ္က်ပ္နွင့္ျဖစ္ေနသည္.....ဆံပင္က ကုပ္ဝဲ .....
ရွင္းယံသည္ တစ္ဦးတည္းေသာသားျဖစ္ေၾကာင္း မသိခဲ့လ်ွင္
သူမကုိ ရွင္းယံ၏ အစ္မဟုသာ ထင္မိမည္မွာေသခ်ာသည္...
" ရွင္းယံရဲ႕ သူငယ္ခ်င္းလား..."
သူမက ၿပံဳး၍နႈတ္ဆက္ရင္း လင္း၏ ေရွ႕တည့္တည့္ခံုတြင္
ဝင္ထိုင္လိုက္သည္။ သူမ ၾကည့္ရတာ သေဘာေကာင္းမည့္
ပံုပင္....နကၡက္ကဘာလို႔ ဆိုးတယ္ ေျပာရတာလဲ...
" ဟုတ္ကဲ့...အန္တီ...သူေနမေကာင္းဘူးဆိုလို႔
သတင္းလာေမးတာပါ...."
"ဟုတ္တယ္...သားက ေတာ္ေတာ္ေလးေနမေကာင္းျဖစ္ေနတာ...အထက္လန္ေအာက္ေလ်ွာလည္းျဖစ္...ဖ်ားလည္းဖ်ားဆိုေတာ့ အိပ္ရာေပၚကေတာင္ မထနိုင္ဘူး...."
လင္း...စိတ္ပူသြားသည္....ကိုယ့္ကိုယ္ကိုလည္း အျပစ္ရွိသလိုခံစားလိုက္ရသည္....ရွင္းယံကိုေလ်ွာက္ေခၚသြားတာ
လင္းကုိး....
" ဒါဆို...ကြၽန္ေတာ္...သူ႔ကုိ သြားၾကည့္လိုက္ဦးမယ္ေနာ္..."
" ေအးေဆးေပါ့ကြယ္....ထိုင္ပါဦး..."
ဆိုဖာေပၚမွထလိုက္ေသာလင္းကုိ ရွင္းယံအေမက ဟန္႔တားသည္။ ထို႔ေၾကာင့္ ျပန္ထိုင္လိုက္ရျပန္သည္....
"ရွင္းယံက အခုဆန္ျပဳတ္ေသာက္ေနလို႔....သူစားလို႔ၿပီးတဲ့
အခ်ိန္က်မွ သူ႔အခန္းကုိသြားလိုက္ပါ...."
လင္း မခ်ိၿပံဳးေလးနွင့္ ေခါင္းၿငိမ့္လိုက္ရသည္။ ရွင္းယံဆီ
သြားခ်င္တာ တစ္ပိုင္းေသေနၿပီ....ဆန္ျပဳတ္ေသာက္ေနတယ္ဆိုလည္း ခြံ႕တိုက္မွာေပါ့....
" သားနာမည္ ဘယ္လိုေခၚလဲ...."
" လင္းသုခတ္ပါ..."
သူမ မ်က္ခံုးမ်ားျမင့္တက္သြားသည္....
" မေန႔က ရွင္းယံနဲ႔တူတူသြားတဲ့ ကေလးေပါ့...."
" ဟုတ္ကဲ့...."
လင္း တုန္တုန္လႈပ္လႈပ္နွင့္ ေခါင္းၿငိမ့္လိုက္ရသည္။ ရွင္းယံအေမသည္ ခ်က္ခ်င္းရုပ္တည္သြားသည္...
" ရွင္းယံနဲ႔ခင္တာ မၾကာေသးဘူးထင္တယ္...အန္တီက
သူ႔သူငယ္ခ်င္းေတြနဲ႔အကုန္သိတယ္...မင္းကုိခုမွ ျမင္ဖူးတာေနာ္...."
" ဟုတ္...ကြၽန္ေတာ္နဲ႔ခင္တာ လပိုင္းေလာက္ပဲရွိပါေသးတယ္...."
" လပိုင္းပဲရွိေသးလို႔ ရွင္းယံက လမ္းေဘးအစာေတြနဲ႔
မတည့္တာကုိ မသိတာျဖစ္မယ္...."
သူမအသံတြင္ မာနသံမ်ားပါဝင္ေနသည္.....
လမ္းေဘးဆိုင္ဆိုၿပီး ဘာေၾကာင့္ခြဲေျပာေနရပါသလဲ....
စားတာခ်င္းတူတူ လင္းက ခုထိ ေဒါင္ေဒါင္ျမည္ႀကီးရွိေသးသည္.....သူမကသာ ရွင္းယံကုိ ႏုလြန္းလို႔ ရွင္းယံက
မစားနိုင္တာ မဟုတ္လား.....
" အစားစံုသြားလို႔ျဖစ္မွာပါ..."
လင္း....ေလသံေအးနွင့္ပင္ျပန္ေျပာလိုက္သည္....
"ဒါနဲ႔.... သားရဲ႕မိဘေတြက အလုပ္လုပ္ၾကသလဲ...."
" သူတို႔က Company ဝန္ထမ္းေတြပါ.....
ေဖေဖက မန္ေနဂ်ာပါ....ေမေမက ေဆးကုမၸဏီတစ္ခုမွာ
လုပ္ပါတယ္.... "
လင္းက ေအးေဆးေျပာလိုက္ေသာ္လည္း သူမ၏ မ်က္ဝန္းမ်ားသည္ ခ်က္ခ်င္း အေပၚစီးဆန္သည့္အၾကည့္သို႔
ေျပာင္းသြားသည္.....
ထိုအၾကည့္ကုိေတာ့ လင္း မနွစ္ၿမိဳ႕ေပ....
" ေအာ္...အဲ့လိုကုိ...."
သူမ၏ ေလသံက အထင္ေသးသလိုလို....
နကၡက္၏ "မ်က္နွာနွစ္မ်ိဳးနဲ႔" ဟူေသာ စကားကုိ နားလည္သြားသည္...စေတြ႕တုန္းက ရယ္ရယ္ၿပံဳးၿပံဳး...
လင္း၏ မိဘအလုပ္အကိုင္ကုိသိေတာ့ မ်က္နွာက တစ္မ်ိဴး....
ခင္ပြန္းက ျမန္မာနိုင္ငံရဲ႕အႀကီးဆံုးကုမၸဏီတစ္ခု၏ ပိုင္ရွင္ျဖစ္ေသာေၾကာင့္ သူမက ဘဝင္ျမင့္ေနသည့္ပံု.....
" ေျပာရရင္ အခုတေလာ အန္တီက ရွင္းယံကုိ စိုးရိမ္ေနတာ....ရွင္းယံက ဘယ္လိုလူေတြနဲ႔ေပါင္းေနမွန္းမသိလို႔ေလ...."
ထိုစကားကေတာ့ လင္းကုိ တိုက္ရိုက္ရည္စူးမွန္းသိလိုက္သည္.....သို႔ေသာ္ ဘာမွျပန္မေျပာဘဲ နားေထာင္ေနလိုက္ပါသည္....
" နကၡက္တို႔...ၿဖိဳးတို႔...က်ဳးရင့္တို႔...ခြန္စိုင္းတို႔ဆိုတာ
ငယ္ငယ္တည္းေပါင္းလာေတာ့ စိတ္ခ်ရတယ္ေလ...."
သူတို႔အားလံုးက ခ်မ္းသာတာေၾကာင့္ သူ႔သားနဲ႔
ေပါင္းေစခ်င္တာမွန္း သိသာလွသည္....
" အခုေတာ့ ရွင္းယံက ဘယ္လိုအဆင့္ေတြနဲ႔ ေပါင္းေနလဲ မသိပါဘူး....အုိး...သားကုိေျပာတာမဟုတ္ဘူးေနာ္..."
စိတ္ထဲမွ " လိမ္တာလည္း ၾကည့္ၾကပ္လိမ္ပါ အန္တီရယ္ "
ဟူ ေတြးေနေသာ္လည္း အျပင္တြင္ ၿပံဳးသာၿပံဳးျပလိုက္သည္။
သူ ဘာေျပာေျပာ...လင္း၏ အသားမနာတာမုိ႔
ဘယ္ဘက္နားကဝင္ ညာဘက္နားက ျပန္ထုတ္ပစ္လိုက္သည္။ သူပြားတာ နားေထာင္ၿပီးရင္ ရွင္းယံနဲ႔သြားေတြ႕ရမည္
ဟုသာ ေတြးေနလိုက္သည္....
" အဆင့္ဆိုတာ ေငြေရးေၾကးေရးမွမဟုတ္ဘူး...
အျပဳအမူ လုပ္ပံုကိုင္ပံုေတြေပါ့....အဲ့လိုအဆင့္မရွိတဲ့
လူေတြေၾကာင့္ သားကုိ ဒုကၡေရာက္မွာစိုးရိမ္ေနတာ..."
" ဟုတ္တယ္ အန္တီရဲ႕...တခ်ိဳ႕ေတြက်ေတာ့ ခ်မ္းသာၿပီး
စိတ္ဓာတ္က အဆင့္မရွိတာ....သူတို႔ကိုယ္သူတို႔ ေတာ္လွၿပီ တတ္လွၿပီထင္ၿပီး ဘဝင္ေလဟပ္ၿပီး...သူမ်ားကုိ
အားအားေန လိုက္ႏွိမ္ေနတဲ့ လူေတြေပါ့"
လင္း ျပန္ေျပာလိုက္ေသာအခါ သူမခဏတာ ပါးစပ္ပိတ္သြားသည္....လင္း....သူမကုိ တည္တည္ႀကီးၾကည့္၍
ၿပံဳးျပလိုက္သည္.....။
" အင္း...အဲ့လိုလူေတြေပါ့...."
သူမသည္ လင္း၏စကားကုိ ေထာက္ခံလိုက္ေသာ္လည္း
သူမကုိ႐ြဲ႕ေျပာမွန္းသိ၍ မ်က္နွာကေတာ့ မာေၾကာသြားသည္။
ထိုစဥ္တြင္ လူတစ္ေယာက္သည္ ဧည့္ခန္းထဲသို႔
ဝင္လာပါသည္....
" အန္တီ....မေတြ႕ရတာၾကာၿပီေနာ္....."
အသံေၾကာင့္ လွည့္ၾကည့္လိုက္ေသာအခါ နကၡက္ညီ ျဖစ္ေန၏။ နကၡက္က လင္းကို ျမင္ေသာအခါ အ့ံၾသဝမ္းသာ
သြားပံုနွင့္....
" လင္း...ေရာက္ေနတာလား....."
ဟုဆို၍ လင္း၏ေဘးနား၌ ဝင္ထိုင္သည္.....
" နကၡက္ကလည္း လင္းသုခတ္နဲ႔သိတာလား...."
ရွင္းယံအေမသည္ ၾကားျဖတ္ေမးသည္.....နကၡက္က
ၿပံဳး၍ ျပန္ေျဖသည္.....
" သူက ကြၽန္ေတာ္တို႔တစ္ဖြဲ႕လံုးနဲ႔ခင္တယ္ဗ်....ကြၽန္ေတာ္က
အခု ရွင္းယံကုိ လာၾကည့္တာ...လင္းကေရာ...သူ႔ကုိပဲ
လာၾကည့္တာမလား....."
နကၡက္က လင္းကုိလွည့္ၾကည့္၍ ေမးေသာအခါ လင္း ေခါင္းၿငိမ့္လိုက္သည္.... နကၡက္က ခ်က္ခ်င္းပင္ လင္း၏ လက္ကုိ
ဆြဲကာ မတ္တပ္ထလိုက္သည္....
" ကြၽန္ေတာ္တို႔ ရွင္းယံဆီသြားလိုက္ဦးမယ္ေနာ္....
ျမန္ျမန္သြားေတြ႕မွျဖစ္မယ္...ေနာက္မို႔ဆို ရွင္းယံကုိ
စိတ္ပူလြန္းလို႔ေသေတာ့မယ္...သူ႔အတြက္ ဓာတ္ဆားထုပ္ေတြပါ ဝယ္လာတယ္....အဲ့တာေတြ ဒီမွာပဲထားခဲ့လိုက္မယ္ေနာ္"
နကၡက္က ၿပံဳးရင္း သူေျပာခ်င္ရာစြတ္ေျပာၿပီးေနာက္
လက္ထဲက ဓာတ္ဆားထုပ္မ်ားကုိ ဆိုဖာေပၚပင္ တင္ခဲ့သည္။
ထို႔ေနာက္ လင္းကုိ လက္ဆြဲေခၚၿပီး ေလွကားဆီသို႔ ဦးတည္တက္သြားေလသည္....
ရွင္းယံအေမ ဘယ္လိုက်န္ခဲ့သလဲ သူဂရုမစိုက္...
" ငါ မသြားနဲ႔ေျပာေနတာကုိ ေရာက္လာတယ္ေနာ္...."
နကၡက္က မာန္မဲေဟာက္သည္။ လင္း မ်က္ေမွာင္ၾကဳတ္လိုက္ပါသည္....
" ကုိႀကီးက်ေတာ့ေရာ...ဘယ္လိုလုပ္ေရာက္လာတာလဲ"
" ငါက မင္းလာမယ္ဆိုတာ သိလို႔ လာတာ.....သူ႔မားသားက
မင္းကုိ ဘာေတြေျပာလိုက္ေသးလဲ...."
" ကြၽန္ေတာ့္ကုိ အဆင့္မတူဘူးဆိုၿပီး ႐ြဲ႕ေျပာတယ္..."
" ငါေျပာသားပဲ...အဲ့ဘြားေတာ္က ဘဝင္ကြ...."
" ကြၽန္ေတာ္လည္း သူ႔ကိုျပန္ေျပာလိုက္ေသးတယ္...."
" ဟုတ္လား...အဲ့တာဆို မင္းကုိသူၾကည့္မရျဖစ္ေနမွာ
ေသခ်ာတယ္...ရွင္းယံကုိ မင္းနဲ႔မေပါင္းဖို႔နားခ်ေတာ့မွာ"
နကၡက္စကားေၾကာင့္ လင္း လန္႔သြားသည္....
" တကယ္လား..."
" မပူပါနဲ႔...ရွင္းယံက ငလည္...သူ႔အေမေရွ႕က်
ဟုတ္ေျပာၿပီး ေနာက္မွာ လုပ္ခ်င္တာလုပ္တာ....ရွင္းယံ
က သူ႔အေမက ဘဝင္မွန္းလည္းသိတယ္....ရွင္းယံက
သူ႔အေမဆီက ရုပ္ပဲတူၿပီး စိတ္မတူတာ ေက်းဇူးတင္ရမယ္....."
လင္း သက္ျပင္းတစ္ခ်က္ခ်လိုက္သည္....။
နကၡက္နွင့္ လင္းတို႔ ရွင္းယံ၏ အခန္းေရွ႕သို႔ေရာက္သြားသည္။ အခန္းတံခါးမဖြင့္ခင္တြင္ ပန္းကန္ေတြ ထည့္ထားေသာ ဗန္းကုိကိုင္ထားသည့္ ေဒၚႀကီးက အခန္းထဲမွ အရင္ထြက္လာ၏..... ေဒၚႀကီးထြက္သြားၿပီးမွ လင္းတို႔၂ေယာက္
အခန္းထဲ ဝင္လိုက္သည္....
ကုတင္ေပၚတြင္ ဆန္႔ဆန္႔ေလး လဲွေနေသာ ရွင္းယံကုိ
ေတြ႕လိုက္ရပါသည္....ရွင္းယံ၏ မ်က္နွာသည္
ႏြမ္းလ်ေန၏.....
" ကုိႀကီး......"
လင္း...ဆြဲဆြဲငင္ငင္ ေအာ္ၿပီး ကုတင္ေဘးနားသို႔ေျပးသြားသည္။ လင္း၏ အသံေၾကာင့္ ရွင္းယံ ေခါင္းေထာင္ၾကည့္လာ
သည္.....
" ေအာ္..ခတ္ပါလား...နကၡက္လည္း ပါလာတာကို...."
" လင္းက အရင္ေရာက္ေနတာ...ငါက ခုနကမွေရာက္တာ...
မင္း...အဆင္ေရာေျပရဲ႕လား...."
" မနက္ကထက္စာရင္ ေျပလာတယ္ေျပာရမွာေပါ့....
ဆရာဝန္က ငါ့ကုိေဆးထိုးေပးသြားတယ္....စားၿပီးသမ်ွ
ျပန္အန္ထြက္ေနေတာ့ အားမရွိဘူးျဖစ္ေနတယ္....
ေခါင္းလည္းကိုက္ေနတယ္...."
ရွင္းယံက တိုးညႇင္းေဖ်ာ့ေတာ့ေနေသာေလသံနွင့္ဆိုသည္။
လင္းသည္ ငုိမဲ့မဲ့မ်က္နွာေလးနွင့္ ရွင္းယံ၏နဖူးကုိ လက္ျဖင့္
စမ္းလိုက္သည္.... ပူေႏြးရွိန္းတိန္းေသာ အထိအေတြ႕ကုိ
ခံစားမိလိုက္သည္.....
" ကြၽန္ေတာ့္ေၾကာင့္ ကုိႀကီးေနမေကာင္းျဖစ္ရၿပီ...."
" ခတ္ေၾကာင့္မဟုတ္ပါဘူး...အခန္႔မသင့္လို႔ျဖစ္တာပါ...."
ေနမေကာင္းသည့္ၾကားမွ လင္းကုိ ႏူးည့ံစြာျပန္ေျပာေသာ ရွင္းယံကုိ ၾကည့္ရင္း လင္း...ရင္ထဲေႏြးခနဲျဖစ္သြားသည္....
" ငါ မင္းအတြက္ ဓာတ္ဆားဝယ္လာတယ္....
ေသာက္လိုက္ေနာ္..."
နကၡက္က ရွင္းယံ၏ ကုတင္ေျခရင္းတြင္ ထိုင္လိုက္ရင္းေျပာ၏။ ဒီလိုက်ေတာ့လည္း သူငယ္ခ်င္းကို ဂရုစိုက္တတ္ေသာ
နကၡက္ျဖစ္ေနျပန္သည္....
" ဓာတ္ဆားရည္ပဲေသာက္ရေတာ့မယ္...မနက္တည္းကေန ခုထိ ခုနက ဆန္ျပဳတ္တစ္ပန္းကန္ပဲ ဗိုက္ထဲ ေကာင္းေကာင္း
ဝင္ေသးတယ္....ေျပာရင္း ဆိုရင္း ဗိုက္နာလာျပန္ၿပီ... "
ရွင္းယံ အိပ္ရာေပၚမွ ကုန္းထ၏....လင္းက တြဲေပးမည္
လုပ္ေတာ့ လင္း၏ လက္ကုိပုတ္ထုတ္လိုက္သည္....
" နကၡက္...ငါ့ကုိလာတြဲေပးပါလား...ငါ လမ္းေလ်ွာက္ဖို႔ေတာင္ အားမရွိဘူး...."
ရွင္းယံ၏ အျပဳအမူႏွင့္ စကားေၾကာင့္ လင္း...မ်က္နွာမဲ့သြားသည္။ နကၡက္က အလ်င္အျမန္ ရွင္းယံကုိ လာကူတြဲေပး၏...
ထို႔ေနာက္ ရွင္းယံကုိ အိမ္သာထဲထိ လိုက္ပို႔သည္...
လင္း...နွာရႈံ႕လိုက္ပါသည္..
"ရွင္းယံက ဘာလို႔ ငါတြဲေပးတာကို လက္မခံတာလဲ"
ဟု ညစ္တစ္တစ္ေတြးလိုက္မိသည္....
" ငယ္ငယ္တည္းက ရွင္းယံ ေနမေကာင္းရင္
ငါက သူ႔ေဘးနားမွာ ေန ေနက်...ရွင္းယံက ေနမေကာင္းရင္
ကေလးလိုပဲ အရမ္းကပ္တြယ္ေနတာ...."
အိမ္သာတံခါးကုိ ပိတ္ေပးရင္း နကၡက္က ဆိုသည္။
နကၡက္၏ ပါးျပင္တြင္ ပါးခ်ိဳင့္နွစ္ခု နစ္ဝင္ေန၏....
ရွင္းယံနွင့္ပတ္သတ္၍ နကၡက္အေပၚ မနာလိုျခင္းကို
လင္း.... ပထမဦးဆံုး ခံစားမိလိုက္သည္....
************************************************************************