MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-27

17.2K 2.3K 28
By _pannthoon_

[Unicode]

ပန်းချီပြခန်းမှ ထွက်လာပြီးနောက် လင်း၏ ဦးဆောင်မှုဖြင့်
ဗိုလ်ချုပ်ဈေးဘက်သို့ လျှောက်လာခဲ့ကြသည်။ လမ်းကြိုလမ်းကြားထဲတွင် ရှင်းယံနှင့် တူတူလမ်းလျှောက်ရသည်မှာ
ရင်ထဲ၌ ကြည်နူးဖွယ်အတိ။ ဗိုလ်ချုပ်ဈေးရောက်သောအခါ
ဆာနေသောဗိုက်ကိုဖြည့်ရန် ဝက်သားတုတ်ထိုးဝင်စားသည်။
ထိုအခါမှ လင်းသိလိုက်ရသည်က ရှင်းယံသည် အရင်က
ဝက်သားတုတ်ထိုး တစ်ခါမှမစားဖူးဘူးတဲ့။ စားကြည့်လိုက်တော့ ကြိုက်သွားသည် ထင်သည်။ လင်းနဲ့ ရှင်းယံ နှစ်ယောက်ပေါင်းပြီး စားလိုက်တာ တစ်သောင်းဖိုးအထိ။ ပြီးနောက်
နောက်တစ်ဆိုင်တွင် ကြာဆံသုပ်နှင့် အအေးဝင်သောက်သည်။ ဗိုလ်ချုပ်ဈေးထဲတွင် တစ်ဆိုင်ပြီး တစ်ဆိုင် ဗိုက်ကားအောင် လှည့်လည်စားသောက်ပြီးနောက် ဗိုလ်ချုပ်ဈေးထဲဝယ် လှည့်လည်လျှောက်ကြည့်ကြသည်။

နောက်ထပ်သိလိုက်ရသည်က ရှင်းယံ၏အမေက ဗိုလ်ချုပ်ဈေးထဲတွင် ကျောက်မျက်ရတနာဆိုင်ဖွင့်ထားသည်တဲ့။
သူ့အမေဆိုင်ကိုတော့ ဝင်မကြည့်ဖြစ်ခဲ့ပါ။

ဗိုလ်ချုပ်ဈေးမှာ နိုင်ငံခြားသားတွေအများအပြား လာလေ့လာတာ မဆန်းပါ။ သို့သော် ဒီနေ့မှ ဆယ်ကျော်သက်နိုင်ငံခြားသူ
အုပ်စု ကိုတွေ့ရသည်။ စိုင်းရှင်းယံကိုတွေ့တော့ ရဲတင်းသော
နိုင်ငံခြားသူ ၃ယောက်လောက်ကာ အနားလာကာ
ဓာတ်ပုံရိုက်ခွင့်တောင်းသည်....

လင်း...မျက်မှောင်ကြုတ်မိပါသည်.....
ဒီချောမောသော အာရှသားလေးတစ်ယောက်က အနောက်တိုင်းနိုင်ငံသူတွေရဲ့ စိတ်နှလုံးကို လှုပ်ခါသွားစေပါလား....

ဘယ်လိုပြောရမလဲ...ဂုဏ်ယူလိုက်ပါ တို့မြန်မာပေါ့.....

စိုင်းရှင်းယံ မြန်မာနိုင်ငံသားဖြစ်နေခြင်းကို အတင်းအကြပ်ဂုဏ်ယူရင်း ရှင်းယံနှင့် နိုင်ငံခြားသူ၃ယောက်ကို
လင်းကိုယ်တိုင် ဓာတ်ပုံရိုက်ပေးလိုက်ရပါသည်......

ဗိုလ်ချုပ်ဈေးမှ ထွက်လာပြီးနောက် လူများဖြင့် ရှုပ်ထွေပွေလီနေသော လမ်းများတွင် ခပ်သွက်သွက်လမ်းလျှောက်ခဲ့ကြသည်။ ကောင်းကင်တွင် နေသာနေသဖြင့် လမ်းလျှောက်ရသည်မှာပူ၍အိုက်စပ်စပ်ဖြစ်နေသည် ။ နေပူနေသဖြင့် ရှင်းယံ၏ ဖြူဖွေးသောပါးသည် တဖြည်းဖြည်း နီတွတ်လာသည်.....

ယောက်ျားလေးရဲ့အသားက ဒီလောက်နုစရာလား.....
ရန်ကုန်လို ပူအိုက်တဲ့နေရာမှာ သူဘယ်လိုများ အသက်ရှင်လာခဲ့သလဲ.....

ရှင်းယံကို မထိရက်မကိုင်ရက်စရာ လူသားဟုပင် လင်း ထင်မြင်မိလာသည်....။ ရှင်းယံ၏ ပန်းရောင်ပါးပြင်ကိုကြည့်ရင်း
ခုချက်ချင်း air con ရှိသည့် ဟိုတယ်ထဲဝင်ပြေးရမလိုလို....စားသောက်ဆိုင်တစ်ခုခုထဲ ဝင်နားရမလိုလို....
အနီးဆုံး shopping centre ကိုခေါ်သွားရမလိုလို...
တွေးလိုက်မိသည်။

နောက်ဆုံးတော့ ပူအိုက်သော ရာသီဥတုကို အံတုသော
အနေနှင့် လမ်းတွင်တွေ့သော ရေခဲခြစ်ဝယ်စားသည်။
သွားသည့်လမ်းတွင် အိန္ဒိယရိုးရာမုန့်ဆိုင်များတွေ့သဖြင့်
ထိုမုန့်များကိုလည်း ဝယ်စားလာသည်.....

တဖြည်းဖြည်း မိုးအုံ့လာ၍ တော်သေးသည်။နောက်မို့ဆို
ရှင်းယံ၏ နီရဲနေသော မျက်နှာလေး ပေါက်ကွဲသွားတော့မလား စိုးရိမ်နေရသည်....
ရှင်းယံကတော့ အတော်လေးပျော်နေပုံရှိပါသည်....

ဆူးလေကုန်းတံတားပေါ်သို့ သူတို့တက်ခဲ့ကြသည်....
ကုန်းတံတားအောက်တွင် ကားများသည် တသွင်သွင်ပြေးနေကြသည်။ ရှင်းယံသည် လက်ရန်းအပေါ်လက်ထောက်ရင်း
အဝေးသို့လှမ်းမျှော်ကြည့်နေ၏။ ရှင်းယံ၏ ဆံပင်များသည် လေညှင်းကြောင့် လှုပ်ရှားနေသည်.....

"ရွှေတိဂုံဘုရားကို တည်ဖို့အတွက် သိကုင်္တ္တရကုန်းတော်ကို ရှာဖို့ နတ်မင်းကြီးတွေရော ဥက္ကလာပမင်းကြီးရောက အဲ့မှာစုဝေးခဲ့ကြတယ်တဲ့....အဲ့နေရာမှာဘုရားတည်လိုက်ပြီးတော့
ဆူးလေဘုရား ဖြစ်လာခဲ့တယ်တဲ့...."

အဝေးတွင် မြင်နေရသော ဆူးလေဘုရားကိုလှမ်းကြည့်ရင်း
ရှင်းယံက ပြောသည်။ လင်း...အောက်သို့ငုံ့၍ ကားများကို ကြည့်နေရာမှ ဆူးလေဘုရားကို လှမ်းကြည့်လိုက်သည်။

" ကိုကြီး မသိတဲ့အရာရော ရှိရဲ့လား...အကုန်လုံးကိုသိနေတာပဲ...."

ရှင်းယံသည် ခပ်ယဲ့ယဲ့ပြုံးသည်.....

" အစ်ကို ဘာမှမသိပါဘူး...အစ်ကို့စိတ်ကိုတောင်
အစ်ကိုသိတာ မဟုတ်ဘူး...."

" ကိုကြီးရဲ့စိတ်ကို ကျွန်တော်သိတယ်....."

လင်း၏ စကားကြောင့် ရှင်းယံ လှည့်ကြည့်သည်....
ရှင်းယံ၏ မျက်ဝန်းများသည် ထူးဆန်းအံ့သြနေသလို....

" မင်းသိတာလား?"

" အွန်း...ကိုကြီးက စိတ်ထားလေးလည်းကောင်းတယ်....
သူများကို ကူညီတတ်ပြီးတော့ ရင့်ကျက်တယ်.....
စိတ်ထားက နတ်သားလေးလိုပဲ...."

" နတ်သား....? မင်းကတကယ်မြှောက် ပြောတတ်တာပဲ"

ရှင်းယံသည် ဟက်ဟက်ပက်ပက်ရယ်မောလေသည်။

ဟက်ဟက်ပက်ပက်ရယ်နေသော ရှင်းယံ၏ ပုံရိပ်သည်
ကုန်းတံတားပေါ်မှမြင်ရသော မြင်ကွင်းများထက် ပို၍လှနေသည်....ထိုလူသားကို လင်း....တစ်နေကုန် ထိုင်ကြည့်နေနိုင်သည်.....

" ကျွန်တော်တို့ ဓာတ်ပုံရိုက်ရအောင်...."

လင်းသည် ဖုန်းကိုထုတ်လိုက်ပြီး ကင်မရာဖွင့်လိုက်သောအခါ
ရှင်းယံက ပါဝင်လာပါသည်။ နှစ်ယောက်တူတူ ဆယ်လ်ဖီ
ရိုက်လိုက်ကြသည်။

" ဓာတ်ပုံရိုက်ရတာ ဝါသနာပါတာလား....ရောက်တဲ့နေရာမှာ
ဓာတ်ပုံရိုက်နေတာပဲနော်...."

" ကိုကြီးနဲ့သွားခဲ့တဲ့ ပုံတွေကိုသိမ်းထားချင်လို့...."

လင်း၏ အဖြေစကားကြောင့် ရှင်းယံ၏ နှုတ်ခမ်းတွင်
အပြုံးတစ်ခုဖြစ်ထွန်းသွားပါသည်။

မိုးစက်များသည် အတန်ကြာအုံ့ဆိုင်းနေသော မိုးကောင်းကင်မှ လိမ့်ဆင်းလာကြသည်.....လေများသည် ခပ်ကြမ်းကြမ်း
တိုက်ခတ်လာသည်.....မိုးသည် ခဏလေးအတွင်းမှာပင်
တဖြည်းဖြည်း သည်းလာသည်....

လင်း...ကျောပိုးအိတ်ထဲမှခေါက်ထီးကို ကမန်းကတန်းဆွဲထုတ်ပြီး ဖွင့်ရန်ကြိုးစားသည်။ ခေါက်ထီးက ဖွင့်မရဘဲ ကျပ်နေသည်။ ရှင်းယံက လင်း၏လက်ထဲမှထီးကို ယူလိုက်ပြီး အားနှင့် ဖွင့်လိုက်သည်။ ထီးပွင့်သွားပါသည်။ သို့သော်
တစ်ချိန်တည်းမှာပင် အကြမ်းပတမ်းတိုက်လိုက်သော
လေကြောင့် ထီးလန်သွားသည်။ ထီးကိုလေနှင့်မပါသွားအောင် ရှင်းယံက ဆွဲထားလိုက်၍ တော်တော့သည်...
နောက်မို့ဆို ထီးက လေနှင့်အတူ လွင့်သွားလောက်ပြီ....

ထီးလန်သွားသည့်အပြင် မိုးကလည်းရွာနေသဖြင့်
ကုန်းတံတားအလယ်တွင် နှစ်ယောက်သား ပရမ်းပတာ
ဖြစ်နေသည်။ သူတို့နှစ်ယောက်လုံး မိုးရေများလည်း
စိုသွားပြီ....သို့သော် ညည်းတွားရမည့်အစား....အကြောင်းမဲ့သပ်သပ် ရယ်လိုက်မိကြသည်....

လန်သွားသောထီးကိုလည်း ပြန်ကောင်းသွားအောင်မပြင်...
မိုးကိုလည်း ဂရုမစိုက်.....
ဒီတိုင်း ထရယ်နေကြသော သူတို့ကို တွေ့သောသူများသည်
ရူးနေတာလား လို့ တွေးမိကြလိမ့်မည်......

ရယ်နေရင်း ကုန်းတံတား၏ အမိုးရှိသောဘက်ကို ပြေးထွက်လာကြသည်။ အမိုးအောက်ရောက်သောအခါတွင်လည်း
ကိုယ့်အဖြစ်ကို ပြန်တွေးမိပြီး ရယ်နေမိကြဆဲ......

ပြီးမှ ထီးကို အကောင်းတိုင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး
ကုန်းတံတားအောက်သို့ ဆင်းလာခဲ့ကြသည်....

ထီးတစ်ချောင်းအောက်တွင် ရှင်းယံနှင့်တူတူ လမ်းလျှောက်
နေရသည်မှာ လင်းကို ရင်ခုန်စေသည်။ ရှင်းယံသည်
ထီးကိုကိုင်ထားသည်။ မိုးရွာထဲ ရှင်းယံနဲ့တူတူ လမ်းလျှောက်ရသည်မှာလည်း အမှတ်တရတစ်ခုပဲမလား.....

အစီအစဉ်မရှိဘဲ သွားချင်ရာသွားနေသည့်သူတို့အတွက်
နောက်ထပ်ဆိုက်ရောက်ရာ နေရာသည် ဝန်ကြီးများရုံးဖြစ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသော ဤနေရာသည်
ယခုအခါ လူအများလည်ပတ်ရာ နေရာတစ်ခုအဖြစ်
ဖွင့်လှစ်ထားခြင်းပင် ။ ကိုလိုနီခေတ်ကို ပြန်ရောက်သွားသလို ခံစားချက်များပေးသည့် ရှေးကျသော လှပသည့် အဆောက်အအုံထဲတွင် သူတို့ နှစ်ယောက် လျှောက်သွားကြသည်။ ထို့နောက် ဝန်ကြီးများရုံး၌ ဖွင့်လှစ်ထားသော ကော်ဖီဆိုင်၌ ကော်ဖီဝင်သောက်ကြသည်။

မိုးအေးအေးလေး....
ကော်ဖီတစ်ခွက်......
အနီရောင်အုတ်များဖြင့် တည်ဆောက်ထားသော လှပသည့်
သမိုင်းဝင် အဆောက်အအုံထဲတွင်.....
ဘေးနားတွင်ရှိနေသော ချစ်ရတဲ့သူ....

ရုပ်ရှင်ဆန်သော အချိန်လေး မဟုတ်လား.....
ဒီအချိန်လေးကို လင်း ရပ်တန့်ထားချင်မိသည်.....

လင်း...ရှင်းယံကို ငေးကြည့်နေတုန်းမှာပင် ရှင်းယံသည်
လင်းဘက်သို့လှည့်လာကာ ပြုံးပြပါသည်.....

ပြန်သောခရီးလမ်းတွင်လည်း ဘက်စ်ကားလေးစီး၍....။
မိုးကတော့ မတိတ်သေးဘဲ...တငြိမ့်ငြိမ့်ရွာနေဆဲ.....

ဘက်စ်ပေါ်တွင် လူများပြည့်နေသဖြင့် လင်းနှင့်ရှင်းယံတို့
အတူတူထိုင်၍မရဘဲ လင်းက ရှင်းယံ၏ အရှေ့ခုံတွင်
ထိုင်လိုက်ရသည်.....
ဘက်စ်ကားပေါ်တွင် အဲကွန်းအရှိန်နှင့်အေးစက်နေသည်။

လမ်းလျှောက်ရ၍ ပင်ပန်းနေသည်ကတစ်ကြောင်း...
စားထားသမျှ ပြည့်နေသည်က တစ်ကြောင်း...
အေးစိမ့်နေသော ပတ်ဝန်းကျင်ကတစ်ကြောင်း...
လင်း...ကားပေါ်တွင် ပိုးစိုးပက်စက် အိပ်ငိုက်လာသည်...

ရှင်းယံကတော့ မအိပ်ချင်ပါ.... ရှင်းယံထိုင်နေသောခုံနှင့် လမ်းခြားသော ဘေးဘက်ခုံတွင် လည်းကောင်း... အနောက်ဘက်ခုံများတွင်လည်းကောင်း...မိန်းကလေးသူငယ်ချင်းအုပ်စု တစ်စုထိုင်နေ၍...စကားများနေကြသည်။ ထိုအုပ်စုက လူ ရှစ်ယောက်လောက်ရှိသည် ။ ထိုမိန်းကလေးများသည်
ရှင်းယံကို သတိထားမိကြသည်...

အချင်းချင်း မျက်စပစ်ပြရင်း....

" အဆင်လေး...."

ဟု ရှင်းယံမကြားအောင် တီးတိုးပြောဆိုနေကြသည်...။
သို့သော် သူတို့၏ ရွပိုးထိုးနေသောအမူအရာများကြောင့်
ရှင်းယံကို သူတို့ဝိုင်းကြည့်နေမှန်း သိပါသည်။
ပြောလို့မရ...ဓာတ်ပုံတောင်ခိုးရိုက်ချင် ရိုက်နေမှာ....

ရှင်းယံက မသိသလိုသာ နေ နေသည်....။

ရှင်းယံ၏ ရှေ့ရှိ လင်းသုခတ်ကတော့ ပတ်ဝန်းကျင်ကိုပင်
မသိနိုင်လောက်အောင် ငိုက်နေသည်။ ငိုက်တာကိုမှ
ခေါင်းက ညာစောင်းလိုက် ဘယ်စောင်းလိုက်..
အရှေ့ငိုက်လိုက်...အနောက်ကိုလန်လာလိုက်....။
သူ့ဘေးရှိ ပြတင်းပေါက် ဘက်တွင် ထိုင်နေသော
မိန်းကလေးသည် လင်းကြောင့် အနှောင့်အယှက် ဖြစ်နေပုံ
ပေါ်သည်။ လင်းသုခတ်က ငိုက်ရင်း ထိုမိန်းကလေး၏
ပခုံးပေါ်ကိုပင် ခေါင်းက မှီကျသွားသည်။

ရှင်းယံ ...မျက်လုံးပြူးသွားသည်....

ရှင်းယံ...ထိုင်နေရာမှထရပ်လိုက်သည်....။ သူ...လင်း၏
ဘေးနားတွင် မတ်တပ်ရပ်လိုက်သည်။ ကားသည်
လူများမတ်တပ်ရပ်ရအောင်တော့ မကျပ်သေးသဖြင့်
ကားပေါ်တွင် ရှင်းယံတစ်ယောက်တည်းသာ မတ်တပ် ဖြစ်နေ၏။ ရှင်းယံ၏ ညာဘက်လက်သည် တန်းကို ကိုင်ထား၍
ကျန်တစ်ဖက်ဖြင့် မိန်းကလေးပခုံးပေါ် ရောက်နေသော
လင်း၏ ခေါင်းကို ဆွဲကိုင်ကာ သူ့ဗိုက်နားသို့ ကပ်လိုက်သည်။

ကာလနဂါး လင်းသုခတ်က မနိုးဘဲ အိပ်လို့ကောင်းတုန်း။
သူက ရှင်းယံကို မှီ၍ ဆက်အိပ်နေဆဲ......

ရှင်းယံ၏ အပြုအမူကြောင့် ခုနက မိန်းကလေးအုပ်သည်
အသံတိတ် ပွက်လောရိုက်သွားသည်။ သို့သော်
သူတို့အသံကို နားပါးသော ရှင်းယံက ကြားဖြစ်အောင်
ကြားလိုက်သေးသည်...

" အတွဲနဲ့တူတယ်...."

" မိုက်လိုက်တာ...."

" သူ့ရည်းစား မှီအိပ်လို့ရအောင် လုပ်ပေးတာထင်တယ်....
အရမ်းရိုတယ် မဟုတ်ဘူးလား...."

မိန်းကလေးများ၏စကား ကြောင့် ရှင်းယံ သက်ပြင်းသဲ့သဲ့
ချလိုက်သည်။

ရှင်းယံ၏ ဗိုက်ကိုမှီ၍ အိပ်နေသော လင်းကိုငုံ့ကြည့်လိုက်သည်။ ရှင်းယံ၏ လက်တစ်ဖက်က လင်း...အခြားနေရာသို့
မရွေ့သွားစေရန် လင်း၏ လည်ပင်းကို ခပ်ဖွဖွကိုင်၍
ထိန်းထားပါသည်။

************************************************************************

တစ်နေကုန် လမ်းမလျှောက်စဖူး လျှောက်ထားသော အရှိန်နှင့် ခြေထောက်နှစ်ဖက်က ညောင်းညာနေရသည့်ထဲ
ယခုလို ၂နာရီကျော်ကြာအောင် မတ်တပ်ရပ်နေရသဖြင့်
ရှင်းယံ၏ ခြေနှစ်ဖက်သည် ထုံကျင်နေပြီ။ တန်းကိုကိုင်၍
မြှောက်ထားရသော လက်ကလည်း ညောင်းနေသည်။

လင်းသုခတ်က ဘာလို့ခုထိ မနိုးသေးတာလဲ.....

ခတ်၏ဘေးရှိ မိန်းကလေး...ကားပေါ်ကဆင်းသွားရင်လည်း
ကောင်းဦးမည်...ဒါဆို ခတ်ရဲ့ဘေးနား ဝင်ထိုင်လို့ရပြီ.....
အခုတော့ ထိုမိန်းကလေးကလည်း မဆင်းဘဲ
ယခင်အတိုင်းရှိနေသည်....

အနောက်ဘက်က မိန်းကလေးသူငယ်ချင်းအုပ်စုတောင်
ကားပေါ်ကဆင်းသွားရှာပြီ.....

ရှင်းယံကိုမှီ၍ အိပ်ပျော်နေသော ခတ်ကိုလည်း မနှိုးရက်...
သူလည်း ပင်ပန်းနေမှာ မဟုတ်လား.....

" မင်္ဂလာပါရှင်...နောက်မှတ်တိုင်မှာ (....) မှတ်တိုင်
ဖြစ်ပါတယ်ရှင်.."

စပီကာမှထွက်ပေါ်လာသော အသံကြောင့် ဆင်းရတော့မည့်
မှတ်တိုင် ရောက်တော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။
ခတ်ကို နှိုးမှဖြစ်တော့မည်....

" ခတ်...ခတ်ရေ...ထတော့....မှတ်တိုင်ရောက်တော့မယ်...."

ရှင်းယံ အသာအယာလှုပ်နှိုးမှ " အင်း...အဲ..." ဟူပြီး
နိုးလာသည်။ အိပ်ရေးမဝသေးသည့်မျက်လုံးများနှင့်
ရှင်းယံကို မော့ကြည့်လာသည်။

" ကိုကြီးက...ဘယ်လိုလုပ် ဘေးနားရောက်နေတာလဲ...."

" ထတော့...ဆင်းရတော့မယ်လေ...."

ရှင်းယံပြောမှ ခတ်တစ်ယောက်....ကပျာကယာ မတ်တပ်ထရပ်သည်။ ဘက်စ်ကားရပ်သွားသောအခါ ကားပေါ်မှ ဆင်းလိုက်ကြသည်။

" ကိုကြီးရဲ့ အိမ်ကိုလိုက်ပို့ပေးမယ်...."

" မဟုတ်ဘူး....ဒီတစ်ခါတော့ မင်းအိမ်ကိုအရင်သွားမယ်...."

ညနေမှောင်ရီပျိုးနေသောအချိန်.....မိုးရေစများစိုစွတ်နေသော
လမ်းထက်တွင် ခတ်၏ အိမ်သို့ ဖြေးဖြေးချင်း လျှောက်လာပါသည်။ မနက်တုန်းကနှင့် ကွာခြားစွာ....ပတ်ဝန်းကျင်က
အေးစိမ့်နေပြန်သည်.....အပြောင်းအလဲမြန်သော
ရာသီဥတု ပါပင်....

ခတ်၏ အိမ်ရှေ့သို့ရောက်သောအခါ ခတ်သည် ရှင်းယံကို
ပြုံး၍ နှုတ်ဆက်လိုက်သည်။

" ကျွန်တော် အိမ်ထဲဝင်တော့မယ်...ကိုကြီးရော...
ခဏဝင်ဦးမလား...."

" တော်ပြီ...မဝင်တော့ပါဘူး....."

" ဒါဆို ဒီလောက်နဲ့ပဲ နှုတ်ဆက်တာပေါ့...bye bye "

ခတ်...အစွမ်းကုန်ပြုံးရင်း လက်ကို ခါယမ်းနှုတ်ဆက်လိုက်သည်။ ရှင်းယံသည် ခတ်နားသို့ ခြေတစ်လှမ်းပို၍ တိုးကပ်လိုက်၏။ ရှင်းယံ၏ မျက်နှာသည် တည်ငြိမ်နေသဖြင့်
အတွေးတစ်ခု ရှိနေသလို....ထင်မှတ်ရသည်...

ခတ်...မျက်လုံးအဝိုင်းသားနှင့် မော့ကြည့်လိုက်ပါသည်....

ရှင်းယံသည် ခတ်၏ နဖူးပေါ်ဝဲကျနေသော ဆံပင်များကို
လက်ဖြင့် အသာအယာထိတွေ့ရင်း သပ်တင်လိုက်သည်....

" အင်း...တာ့တာ...."

နှုတ်ဆက်တာတောင် ဒီလိုမျိုး လူကိုရင်ခုန်အောင် လုပ်တာ
စိုင်းရှင်းယံ လွန်လွန်းသည်....

ရှင်းယံ၏ မျက်နှာထက်တွင်တော့ နွေးထွေးသော အပြုံးတစ်ပွင့်.......

" မင်းက ထင်ထားတာထက် ချစ်ဖို့ကောင်းတယ်...."

လင်းသုခတ် ရင်ထဲ ဒိန်းခနဲဖြစ်သွားပါသည်။ မကြုံစဖူး
ပါးနှစ်ဖက်လည်းရှိန်းတိန်းတိန်း ဖြစ်သွားသည်။
ကျေနပ်ပီတိတွေဆိုတာ ဖြာခနဲ......

ရှင်းယံကတော့ နောက်ဆုံးတစ်ချက်ပြုံးပြီးနောက်
ခတ်၏ အနားမှ ဖြေးဖြေးချင်း ထွက်သွားပါသည်။

ရှင်းယံကို မျက်စိတစ်ဆုံး ငေးကြည့်ရင်းသာ...ကျန်ခဲ့ရသည်။

************************************************************************


************************************************************************

[Zawgyi]

ပန္းခ်ီျပခန္းမွ ထြက္လာၿပီးေနာက္ လင္း၏ ဦးေဆာင္မႈျဖင့္
ဗိုလ္ခ်ဳပ္ေစ်းဘက္သို႔ ေလ်ွာက္လာခဲ့ၾကသည္။ လမ္းႀကိဳလမ္းၾကားထဲတြင္ ရွင္းယံနွင့္ တူတူလမ္းေလ်ွာက္ရသည္မွာ
ရင္ထဲ၌ ၾကည္ႏူးဖြယ္အတိ။ ဗို္လ္ခ်ဳပ္ေစ်းေရာက္ေသာအခါ
ဆာေနေသာဗိုက္ကုိျဖည့္ရန္ ဝက္သားတုတ္ထိုးဝင္စားသည္။
ထိုအခါမွ လင္းသိလိုက္ရသည္က ရွင္းယံသည္ အရင္က
ဝက္သားတုတ္ထိုး တစ္ခါမွမစားဖူးဘူးတဲ့။ စားၾကည့္လိုက္ေတာ့ ႀကိဳက္သြားသည္ ထင္သည္။ လင္းနဲ႔ ရွင္းယံ နွစ္ေယာက္ေပါင္းၿပီး စားလိုက္တာ တစ္ေသာင္းဖိုးအထိ။ ၿပီးေနာက္
ေနာက္တစ္ဆိုင္တြင္ ၾကာဆံသုပ္နွင့္ အေအးဝင္ေသာက္သည္။ ဗိုလ္ခ်ဳပ္ေစ်းထဲတြင္ တစ္ဆိုင္ၿပီး တစ္ဆိုင္ ဗိုက္ကားေအာင္ လွည့္လည္စားေသာက္ၿပီးေနာက္ ဗိုလ္ခ်ဳပ္ေစ်းထဲဝယ္ လွည့္လည္ေလ်ွာက္ၾကည့္ၾကသည္။

ေနာက္ထပ္သိလိုက္ရသည္က ရွင္းယံ၏အေမက ဗုိလ္ခ်ဳပ္ေစ်းထဲတြင္ ေက်ာက္မ်က္ရတနာဆိုင္ဖြင့္ထားသည္တဲ့။
သူ႔အေမဆိုင္ကုိေတာ့ ဝင္မၾကည့္ျဖစ္ခဲ့ပါ။

ဗုိလ္ခ်ဳပ္ေစ်းမွာ နိုင္ငံျခားသားေတြအမ်ားအျပား လာေလ့လာတာ မဆန္းပါ။ သို႔ေသာ္ ဒီေန႔မွ ဆယ္ေက်ာ္သက္နိုင္ငံျခားသူ
အုပ္စု ကုိေတြ႕ရသည္။ စို္င္းရွင္းယံကုိေတြ႕ေတာ့ ရဲတင္းေသာ
နိုင္ငံျခားသူ ၃ေယာက္ေလာက္ကာ အနားလာကာ
ဓာတ္ပံုရိုက္ခြင့္ေတာင္းသည္....

လင္း...မ်က္ေမွာင္ၾကဳတ္မိပါသည္.....
ဒီေခ်ာေမာေသာ အာရွသားေလးတစ္ေယာက္က အေနာက္တိုင္းနိုင္ငံသူေတြရဲ႕ စိတ္နွလံုးကုိ လႈပ္ခါသြားေစပါလား....

ဘယ္လိုေျပာရမလဲ...ဂုဏ္ယူလိုက္ပါ တို႔ျမန္မာေပါ့.....

စိုင္းရွင္းယံ ျမန္မာနိုင္ငံသားျဖစ္ေနျခင္းကို အတင္းအၾကပ္ဂုဏ္ယူရင္း ရွင္းယံနွင့္ နိုင္ငံျခားသူ၃ေယာက္ကုိ
လင္းကိုယ္တိုင္ ဓာတ္ပံုရိုက္ေပးလိုက္ရပါသည္......

ဗို္လ္ခ်ဳပ္ေစ်းမွ ထြက္လာၿပီးေနာက္ လူမ်ားျဖင့္ ရႈပ္ေထြေပြလီေနေသာ လမ္းမ်ားတြင္ ခပ္သြက္သြက္လမ္းေလ်ွာက္ခဲ့ၾကသည္။ ေကာင္းကင္တြင္ ေနသာေနသျဖင့္ လမ္းေလ်ွာက္ရသည္မွာပူ၍အိုက္စပ္စပ္ျဖစ္ေနသည္ ။ ေနပူေနသျဖင့္ ရွင္းယံ၏ ျဖဴေဖြးေသာပါးသည္ တျဖည္းျဖည္း နီတြတ္လာသည္.....

ေယာက္်ားေလးရဲ႕အသားက ဒီေလာက္ႏုစရာလား.....
ရန္ကုန္လို ပူအိုက္တဲ့ေနရာမွာ သူဘယ္လိုမ်ား အသက္ရွင္လာခဲ့သလဲ.....

ရွင္းယံကုိ မထိရက္မကိုင္ရက္စရာ လူသားဟုပင္ လင္း ထင္ျမင္မိလာသည္....။ ရွင္းယံ၏ ပန္းေရာင္ပါးျပင္ကိုၾကည့္ရင္း
ခုခ်က္ခ်င္း air con ရွိသည့္ ဟုိတယ္ထဲဝင္ေျပးရမလိုလို....စားေသာက္ဆိုင္တစ္ခုခုထဲ ဝင္နားရမလိုလို....
အနီးဆံုး shopping centre ကုိေခၚသြားရမလိုလို...
ေတြးလိုက္မိသည္။

ေနာက္ဆံုးေတာ့ ပူအိုက္ေသာ ရာသီဥတုကုိ အံတုေသာ
အေနနွင့္ လမ္းတြင္ေတြ႕ေသာ ေရခဲျခစ္ဝယ္စားသည္။
သြားသည့္လမ္းတြင္ အိႏၵိယရိုးရာမုန္႔ဆိုင္မ်ားေတြ႕သျဖင့္
ထိုမုန္႔မ်ားကုိလည္း ဝယ္စားလာသည္.....

တျဖည္းျဖည္း မိုးအံု႔လာ၍ ေတာ္ေသးသည္။ေနာက္မို႔ဆို
ရွင္းယံ၏ နီရဲေနေသာ မ်က္နွာေလး ေပါက္ကြဲသြားေတာ့မလား စိုးရိမ္ေနရသည္....
ရွင္းယံကေတာ့ အေတာ္ေလးေပ်ာ္ေနပံုရွိပါသည္....

ဆူးေလကုန္းတံတားေပၚသို႔ သူတို႔တက္ခဲ့ၾကသည္....
ကုန္းတံတားေအာက္တြင္ ကားမ်ားသည္ တသြင္သြင္ေျပးေနၾကသည္။ ရွင္းယံသည္ လက္ရန္းအေပၚလက္ေထာက္ရင္း
အေဝးသို႔လွမ္းေမ်ွာ္ၾကည့္ေန၏။ ရွင္းယံ၏ ဆံပင္မ်ားသည္ ေလညႇင္းေၾကာင့္ လႈပ္ရွားေနသည္.....

"ေ႐ႊတိဂံုဘုရားကုိ တည္ဖို႔အတြက္ သိကုၤတၱရကုန္းေတာ္ကုိ ရွာဖို႔ နတ္မင္းႀကီးေတြေရာ ဥကၠလာပမင္းႀကီးေရာက အဲ့မွာစုေဝးခဲ့ၾကတယ္တဲ့....အဲ့ေနရာမွာဘုရားတည္လိုက္ၿပီးေတာ့
ဆူးေလဘုရား ျဖစ္လာခဲ့တယ္တဲ့...."

အေဝးတြင္ ျမင္ေနရေသာ ဆူးေလဘုရားကုိလွမ္းၾကည့္ရင္း
ရွင္းယံက ေျပာသည္။ လင္း...ေအာက္သို႔ငံု႔၍ ကားမ်ားကုိ ၾကည့္ေနရာမွ ဆူးေလဘုရားကုိ လွမ္းၾကည့္လိုက္သည္။

" ကိုႀကီး မသိတဲ့အရာေရာ ရွိရဲ႕လား...အကုန္လံုးကိုသိေနတာပဲ...."

ရွင္းယံသည္ ခပ္ယဲ့ယဲ့ၿပံဳးသည္.....

" အစ္ကုိ ဘာမွမသိပါဘူး...အစ္ကုိ႔စိတ္ကုိေတာင္
အစ္ကုိသိတာ မဟုတ္ဘူး...."

" ကိုႀကီးရဲ႕စိတ္ကုိ ကြၽန္ေတာ္သိတယ္....."

လင္း၏ စကားေၾကာင့္ ရွင္းယံ လွည့္ၾကည့္သည္....
ရွင္းယံ၏ မ်က္ဝန္းမ်ားသည္ ထူးဆန္းအ့ံၾသေနသလို....

" မင္းသိတာလား?"

" အြန္း...ကုိႀကီးက စိတ္ထားေလးလည္းေကာင္းတယ္....
သူမ်ားကို ကူညီတတ္ၿပီးေတာ့ ရင့္က်က္တယ္.....
စိတ္ထားက နတ္သားေလးလိုပဲ...."

" နတ္သား....? မင္းကတကယ္ေျမႇာက္ ေျပာတတ္တာပဲ"

ရွင္းယံသည္ ဟက္ဟက္ပက္ပက္ရယ္ေမာေလသည္။

ဟက္ဟက္ပက္ပက္ရယ္ေနေသာ ရွင္းယံ၏ ပံုရိပ္သည္
ကုန္းတံတားေပၚမွျမင္ရေသာ ျမင္ကြင္းမ်ားထက္ ပုိ၍လွေနသည္....ထိုလူသားကုိ လင္း....တစ္ေနကုန္ ထိုင္ၾကည့္ေနနိုင္သည္.....

" ကြၽန္ေတာ္တုိ႔ ဓာတ္ပံုရိုက္ရေအာင္...."

လင္းသည္ ဖုန္းကုိထုတ္လိုက္ၿပီး ကင္မရာဖြင့္လိုက္ေသာအခါ
ရွင္းယံက ပါဝင္လာပါသည္။ နွစ္ေယာက္တူတူ ဆယ္လ္ဖီ
ရိုက္လိုက္ၾကသည္။

" ဓာတ္ပံုရို္က္ရတာ ဝါသနာပါတာလား....ေရာက္တဲ့ေနရာမွာ
ဓာတ္ပံုရိုက္ေနတာပဲေနာ္...."

" ကုိႀကီးနဲ႔သြားခဲ့တဲ့ ပံုေတြကုိသိမ္းထားခ်င္လို႔...."

လင္း၏ အေျဖစကားေၾကာင့္ ရွင္းယံ၏ နႈတ္ခမ္းတြင္
အၿပံဳးတစ္ခုျဖစ္ထြန္းသြားပါသည္။

မိုးစက္မ်ားသည္ အတန္ၾကာအံု႔ဆိုင္းေနေသာ မိုးေကာင္းကင္မွ လိမ့္ဆင္းလာၾကသည္.....ေလမ်ားသည္ ခပ္ၾကမ္းၾကမ္း
တိုက္ခတ္လာသည္.....မိုးသည္ ခဏေလးအတြင္းမွာပင္
တျဖည္းျဖည္း သည္းလာသည္....

လင္း...ေက်ာပိုးအိတ္ထဲမွေခါက္ထီးကုိ ကမန္းကတန္းဆြဲထုတ္ၿပီး ဖြင့္ရန္ႀကိဳးစားသည္။ ေခါက္ထီးက ဖြင့္မရဘဲ က်ပ္ေနသည္။ ရွင္းယံက လင္း၏လက္ထဲမွထီးကုိ ယူလိုက္ၿပီး အားနွင့္ ဖြင့္လိုက္သည္။ ထီးပြင့္သြားပါသည္။ သို႔ေသာ္
တစ္ခ်ိန္တည္းမွာပင္ အၾကမ္းပတမ္းတိုက္လိုက္ေသာ
ေလေၾကာင့္ ထီးလန္သြားသည္။ ထီးကုိေလနွင့္မပါသြားေအာင္ ရွင္းယံက ဆြဲထားလိုက္၍ ေတာ္ေတာ့သည္...
ေနာက္မို႔ဆို ထီးက ေလနွင့္အတူ လြင့္သြားေလာက္ၿပီ....

ထီးလန္သြားသည့္အျပင္ မိုးကလည္း႐ြာေနသျဖင့္
ကုန္းတံတားအလယ္တြင္ နွစ္ေယာက္သား ပရမ္းပတာ
ျဖစ္ေနသည္။ သူတို႔နွစ္ေယာက္လံုး မိုးေရမ်ားလည္း
စိုသြားၿပီ....သို႔ေသာ္ ညည္းတြားရမည့္အစား....အေၾကာင္းမဲ့သပ္သပ္ ရယ္လိုက္မိၾကသည္....

လန္သြားေသာထီးကုိလည္း ျပန္ေကာင္းသြားေအာင္မျပင္...
မိုးကုိလည္း ဂရုမစိုက္.....
ဒီတိုင္း ထရယ္ေနၾကေသာ သူတို႔ကုိ ေတြ႕ေသာသူမ်ားသည္
ရူးေနတာလား လို႔ ေတြးမိၾကလိမ့္မည္......

ရယ္ေနရင္း ကုန္းတံတား၏ အမိုးရွိေသာဘက္ကို ေျပးထြက္လာၾကသည္။ အမိုးေအာက္ေရာက္ေသာအခါတြင္လည္း
ကိုယ့္အျဖစ္ကုိ ျပန္ေတြးမိၿပီး ရယ္ေနမိၾကဆဲ......

ၿပီးမွ ထီးကုိ အေကာင္းတိုင္းျပန္ျဖစ္ေအာင္ ျပဳလုပ္ၿပီး
ကုန္းတံတားေအာက္သို႔ ဆင္းလာခဲ့ၾကသည္....

ထီးတစ္ေခ်ာင္းေအာက္တြင္ ရွင္းယံနွင့္တူတူ လမ္းေလ်ွာက္
ေနရသည္မွာ လင္းကုိ ရင္ခုန္ေစသည္။ ရွင္းယံသည္
ထီးကိုကိုင္ထားသည္။ မိုး႐ြာထဲ ရွင္းယံနဲ႔တူတူ လမ္းေလ်ွာက္ရသည္မွာလည္း အမွတ္တရတစ္ခုပဲမလား.....

အစီအစဥ္မရွိဘဲ သြားခ်င္ရာသြားေနသည့္သူတို႔အတြက္
ေနာက္ထပ္ဆိုက္ေရာက္ရာ ေနရာသည္ ဝန္ႀကီးမ်ားရံုးျဖစ္ေနသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလုပ္ႀကံခံရေသာ ဤေနရာသည္
ယခုအခါ လူအမ်ားလည္ပတ္ရာ ေနရာတစ္ခုအျဖစ္
ဖြင့္လွစ္ထားျခင္းပင္ ။ ကုိလိုနီေခတ္ကုိ ျပန္ေရာက္သြားသလို ခံစားခ်က္မ်ားေပးသည့္ ေရွးက်ေသာ လွပသည့္ အေဆာက္အအံုထဲတြင္ သူတို႔ နွစ္ေယာက္ ေလ်ွာက္သြားၾကသည္။ ထို႔ေနာက္ ဝန္ႀကီးမ်ားရံုး၌ ဖြင့္လွစ္ထားေသာ ေကာ္ဖီဆိုင္၌ ေကာ္ဖီဝင္ေသာက္ၾကသည္။

မိုးေအးေအးေလး....
ေကာ္ဖီတစ္ခြက္......
အနီေရာင္အုတ္မ်ားျဖင့္ တည္ေဆာက္ထားေသာ လွပသည့္
သမိုင္းဝင္ အေဆာက္အအံုထဲတြင္.....
ေဘးနားတြင္ရွိေနေသာ ခ်စ္ရတဲ့သူ....

ရုပ္ရွင္ဆန္ေသာ အခ်ိန္ေလး မဟုတ္လား.....
ဒီအခ်ိန္ေလးကုိ လင္း ရပ္တန္႔ထားခ်င္မိသည္.....

လင္း...ရွင္းယံကုိ ေငးၾကည့္ေနတုန္းမွာပင္ ရွင္းယံသည္
လင္းဘက္သို႔လွည့္လာကာ ၿပံဳးျပပါသည္.....

ျပန္ေသာခရီးလမ္းတြင္လည္း ဘက္စ္ကားေလးစီး၍....။
မိုးကေတာ့ မတိတ္ေသးဘဲ...တၿငိမ့္ၿငိမ့္႐ြာေနဆဲ.....

ဘက္စ္ေပၚတြင္ လူမ်ားျပည့္ေနသျဖင့္ လင္းနွင့္ရွင္းယံတို႔
အတူတူထိုင္၍မရဘဲ လင္းက ရွင္းယံ၏ အေရွ႕ခံုတြင္
ထိုင္လိုက္ရသည္.....
ဘက္စ္ကားေပၚတြင္ အဲကြန္းအရွိန္နွင့္ေအးစက္ေနသည္။

လမ္းေလ်ွာက္ရ၍ ပင္ပန္းေနသည္ကတစ္ေၾကာင္း...
စားထားသမ်ွ ျပည့္ေနသည္က တစ္ေၾကာင္း...
ေအးစိမ့္ေနေသာ ပတ္ဝန္းက်င္ကတစ္ေၾကာင္း...
လင္း...ကားေပၚတြင္ ပိုးစိုးပက္စက္ အိပ္ငိုက္လာသည္...

ရွင္းယံကေတာ့ မအိပ္ခ်င္ပါ.... ရွင္းယံထိုင္ေနေသာခံုနွင့္ လမ္းျခားေသာ ေဘးဘက္ခံုတြင္ လည္းေကာင္း... အေနာက္ဘက္ခံုမ်ားတြင္လည္းေကာင္း...မိန္းကေလးသူငယ္ခ်င္းအုပ္စု တစ္စုထိုင္ေန၍...စကားမ်ားေနၾကသည္။ ထိုအုပ္စုက လူ ရွစ္ေယာက္ေလာက္ရွိသည္ ။ ထိုမိန္းကေလးမ်ားသည္
ရွင္းယံကုိ သတိထားမိၾကသည္...

အခ်င္းခ်င္း မ်က္စပစ္ျပရင္း....

" အဆင္ေလး...."

ဟု ရွင္းယံမၾကားေအာင္ တီးတိုးေျပာဆိုေနၾကသည္...။
သို႔ေသာ္ သူတို႔၏ ႐ြပိုးထိုးေနေသာအမူအရာမ်ားေၾကာင့္
ရွင္းယံကုိ သူတို႔ဝိုင္းၾကည့္ေနမွန္း သိပါသည္။
ေျပာလို႔မရ...ဓာတ္ပံုေတာင္ခိုးရိုက္ခ်င္ ရိုက္ေနမွာ....

ရွင္းယံက မသိသလိုသာ ေန ေနသည္....။

ရွင္းယံ၏ ေရွ႕ရွိ လင္းသုခတ္ကေတာ့ ပတ္ဝန္းက်င္ကိုပင္
မသိနိုင္ေလာက္ေအာင္ ငိုက္ေနသည္။ ငိုက္တာကုိမွ
ေခါင္းက ညာေစာင္းလိုက္ ဘယ္ေစာင္းလိုက္..
အေရွ႕ငိုက္လိုက္...အေနာက္ကိုလန္လာလိုက္....။
သူ႔ေဘးရွိ ျပတင္းေပါက္ ဘက္တြင္ ထိုင္ေနေသာ
မိန္းကေလးသည္ လင္းေၾကာင့္ အေနွာင့္အယွက္ ျဖစ္ေနပံု
ေပၚသည္။ လင္းသုခတ္က ငိုက္ရင္း ထိုမိန္းကေလး၏
ပခံုးေပၚကုိပင္ ေခါင္းက မွီက်သြားသည္။

ရွင္းယံ ...မ်က္လံုးျပဴးသြားသည္....

ရွင္းယံ...ထိုင္ေနရာမွထရပ္လိုက္သည္....။ သူ...လင္း၏
ေဘးနားတြင္ မတ္တပ္ရပ္လိုက္သည္။ ကားသည္
လူမ်ားမတ္တပ္ရပ္ရေအာင္ေတာ့ မက်ပ္ေသးသျဖင့္
ကားေပၚတြင္ ရွင္းယံတစ္ေယာက္တည္းသာ မတ္တပ္ ျဖစ္ေန၏။ ရွင္းယံ၏ ညာဘက္လက္သည္ တန္းကုိ ကိုင္ထား၍
က်န္တစ္ဖက္ျဖင့္ မိန္းကေလးပခံုးေပၚ ေရာက္ေနေသာ
လင္း၏ ေခါင္းကုိ ဆြဲကိုင္ကာ သူ႔ဗိုက္နားသို႔ ကပ္လိုက္သည္။

ကာလနဂါး လင္းသုခတ္က မနိုးဘဲ အိပ္လို႔ေကာင္းတုန္း။
သူက ရွင္းယံကုိ မွီ၍ ဆက္အိပ္ေနဆဲ......

ရွင္းယံ၏ အျပဳအမူေၾကာင့္ ခုနက မိန္းကေလးအုပ္သည္
အသံတိတ္ ပြက္ေလာရိုက္သြားသည္။ သို႔ေသာ္
သူတို႔အသံကုိ နားပါးေသာ ရွင္းယံက ၾကားျဖစ္ေအာင္
ၾကားလိုက္ေသးသည္...

" အတြဲနဲ႔တူတယ္...."

" မိုက္လိုက္တာ...."

" သူ႔ရည္းစား မွီအိပ္လို႔ရေအာင္ လုပ္ေပးတာထင္တယ္....
အရမ္းရိုတယ္ မဟုတ္ဘူးလား...."

မိန္းကေလးမ်ား၏စကား ေၾကာင့္ ရွင္းယံ သက္ျပင္းသဲ့သဲ့
ခ်လိုက္သည္။

ရွင္းယံ၏ ဗိုက္ကုိမွီ၍ အိပ္ေနေသာ လင္းကုိငံု႔ၾကည့္လိုက္သည္။ ရွင္းယံ၏ လက္တစ္ဖက္က လင္း...အျခားေနရာသို႔
မေ႐ြ႕သြားေစရန္ လင္း၏ လည္ပင္းကုိ ခပ္ဖြဖြကိုင္၍
ထိန္းထားပါသည္။

************************************************************************

တစ္ေနကုန္ လမ္းမေလ်ွာက္စဖူး ေလ်ွာက္ထားေသာ အရွိန္နွင့္ ေျခေထာက္နွစ္ဖက္က ေညာင္းညာေနရသည့္ထဲ
ယခုလို ၂နာရီေက်ာ္ျကာေအာင္ မတ္တပ္ရပ္ေနရသျဖင့္
ရွင္းယံ၏ ေျခနွစ္ဖက္သည္ ထံုက်င္ေနၿပီ။ တန္းကုိကိုင္၍
ေျမႇာက္ထားရေသာ လက္ကလည္း ေညာင္းေနသည္။

လင္းသုခတ္က ဘာလို႔ခုထိ မနိုးေသးတာလဲ.....

ခတ္၏ေဘးရွိ မိန္းကေလး...ကားေပၚကဆင္းသြားရင္လည္း
ေကာင္းဦးမည္...ဒါဆို ခတ္ရဲ႕ေဘးနား ဝင္ထိုင္လို႔ရၿပီ.....
အခုေတာ့ ထိုမိန္းကေလးကလည္း မဆင္းဘဲ
ယခင္အတိုင္းရွိေနသည္....

အေနာက္ဘက္က မိန္းကေလးသူငယ္ခ်င္းအုပ္စုေတာင္
ကားေပၚကဆင္းသြားရွာၿပီ.....

ရွင္းယံကုိမွီ၍ အိပ္ေပ်ာ္ေနေသာ ခတ္ကိုလည္း မနႈိးရက္...
သူလည္း ပင္ပန္းေနမွာ မဟုတ္လား.....

" မဂၤလာပါရွင္...ေနာက္မွတ္တိုင္မွာ (....) မွတ္တိုင္
ျဖစ္ပါတယ္ရွင္.."

စပီကာမွထြက္ေပၚလာေသာ အသံေၾကာင့္ ဆင္းရေတာ့မည့္
မွတ္တိုင္ ေရာက္ေတာ့မည္ ျဖစ္ေၾကာင္း သိလိုက္ရသည္။
ခတ္ကို နႈိူးမွျဖစ္ေတာ့မည္....

" ခတ္...ခတ္ေရ...ထေတာ့....မွတ္တိုင္ေရာက္ေတာ့မယ္...."

ရွင္းယံ အသာအယာလႈပ္နိႈးမွ " အင္း...အဲ..." ဟူၿပီး
နိုးလာသည္။ အိပ္ေရးမဝေသးသည့္မ်က္လံုးမ်ားနွင့္
ရွင္းယံကုိ ေမာ့ၾကည့္လာသည္။

" ကုိႀကီးက...ဘယ္လိုလုပ္ ေဘးနားေရာက္ေနတာလဲ...."

" ထေတာ့...ဆင္းရေတာ့မယ္ေလ...."

ရွင္းယံေျပာမွ ခတ္တစ္ေယာက္....ကပ်ာကယာ မတ္တပ္ထရပ္သည္။ ဘက္စ္ကားရပ္သြားေသာအခါ ကားေပၚမွ ဆင္းလိုက္ၾကသည္။

" ကုိႀကီးရဲ႕ အိမ္ကုိလိုက္ပို႔ေပးမယ္...."

" မဟုတ္ဘူး....ဒီတစ္ခါေတာ့ မင္းအိမ္ကုိအရင္သြားမယ္...."

ညေနေမွာင္ရီပ်ိဳးေနေသာအခ်ိန္.....မိုးေရစမ်ားစိုစြတ္ေနေသာ
လမ္းထက္တြင္ ခတ္၏ အိမ္သို႔ ေျဖးေျဖးခ်င္း ေလ်ွာက္လာပါသည္။ မနက္တုန္းကနွင့္ ကြာျခားစြာ....ပတ္ဝန္းက်င္က
ေအးစိမ့္ေနျပန္သည္.....အေျပာင္းအလဲျမန္ေသာ
ရာသီဥတု ပါပင္....

ခတ္၏ အိမ္ေရွ႕သို႔ေရာက္ေသာအခါ ခတ္သည္ ရွင္းယံကုိ
ၿပံဳး၍ နႈတ္ဆက္လိုက္သည္။

" ကြၽန္ေတာ္ အိမ္ထဲဝင္ေတာ့မယ္...ကုိႀကီးေရာ...
ခဏဝင္ဦးမလား...."

" ေတာ္ၿပီ...မဝင္ေတာ့ပါဘူး....."

" ဒါဆို ဒီေလာက္နဲ႔ပဲ နႈတ္ဆက္တာေပါ့...bye bye "

ခတ္...အစြမ္းကုန္ၿပံဳးရင္း လက္ကုိ ခါယမ္းနႈတ္ဆက္လိုက္သည္။ ရွင္းယံသည္ ခတ္နားသို႔ ေျခတစ္လွမ္းပုိ၍ တိုးကပ္လိုက္၏။ ရွင္းယံ၏ မ်က္နွာသည္ တည္ၿငိမ္ေနသျဖင့္
အေတြးတစ္ခု ရွိေနသလို....ထင္မွတ္ရသည္...

ခတ္...မ်က္လံုးအဝိုင္းသားနွင့္ ေမာ့ၾကည့္လိုက္ပါသည္....

ရွင္းယံသည္ ခတ္၏ နဖူးေပၚဝဲက်ေနေသာ ဆံပင္မ်ားကုိ
လက္ျဖင့္ အသာအယာထိေတြ႕ရင္း သပ္တင္လိုက္သည္....

" အင္း...တာ့တာ...."

နႈတ္ဆက္တာေတာင္ ဒီလိုမ်ိဳး လူကုိရင္ခုန္ေအာင္ လုပ္တာ
စိုင္းရွင္းယံ လြန္လြန္းသည္....

ရွင္းယံ၏ မ်က္နွာထက္တြင္ေတာ့ ေႏြးေထြးေသာ အၿပံဳးတစ္ပြင့္.......

" မင္းက ထင္ထားတာထက္ ခ်စ္ဖို႔ေကာင္းတယ္...."

လင္းသုခတ္ ရင္ထဲ ဒိန္းခနဲျဖစ္သြားပါသည္။ မႀကံဳစဖူး
ပါးနွစ္ဖက္လည္းရွိန္းတိန္းတိန္း ျဖစ္သြားသည္။
ေက်နပ္ပီတိေတြဆိုတာ ျဖာခနဲ......

ရွင္းယံကေတာ့ ေနာက္ဆံုးတစ္ခ်က္ၿပံဳးၿပီးေနာက္
ခတ္၏ အနားမွ ေျဖးေျဖးခ်င္း ထြက္သြားပါသည္။

ရွင္းယံကုိ မ်က္စိတစ္ဆံုး ေငးၾကည့္ရင္းသာ...က်န္ခဲ့ရသည္။

************************************************************************

************************************************************************

Continue Reading

You'll Also Like

355K 30.7K 25
သူ ကျွန်​တော့ကို မူးယစ်​ဆေး​တွေ မသုံးဖို့ မှာတယ်။ ခက်တာက ကျွန်​တော်က ဖြတ်မရတဲ့ မူးယစ်​ဆေး စွဲနေပြီ။ ဒါနဲ့....... " ကျွန်​တော့်ရဲ့ မူးယစ်ဆေးနာမည်က "ဦ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.