[Unicode]
"မင်းလိုက်ပို့ရင် မင်း တကူးတကဖြစ်နေပါဦးမယ်...
အဲ့တာကြောင့် ငါပဲလိုက်ပို့လိုက်ပါ့မယ်...."
" ငါ့အိမ်က ခတ်ရဲ့အိမ်နဲ့ နီးနီးလေး...မင်းကပိုပြီး
တကူးတကဖြစ်မှာ မဟုတ်ဘူးလား...."
လင်း၏လက်ကို ရှင်းယံသည် ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ လင်း...ရှင်းယံကို မော့ကြည့်လိုက်သည်။
ရှင်းယံ၏ မျက်ဝန်းများဒီလောက် တည်နေသည်ကို
တစ်ခါမှ မမြင်ဖူး.....
" ငါနဲ့ လင်းနဲ့က အိမ်တန်းပြန်မှာမဟုတ်ဘူး...သွားစရာနေရာတစ်ခုရှိသေးတယ်...ဟုတ်တယ်မလား...လင်း..."
" ဗျာ..."
နက္ခက်၏ စကားကိုသေချာမကြားလိုက် သဖြင့် လင်း... ပြန်မေးလိုက်သော်လည်း နက္ခက်က ရှင်းယံအား ပြုံး၍ မျက်ခုံးပင့်ပြလိုက်သည်။
" တွေ့လား..."
နက္ခက်၏ ရွဲ့သလိုလို အပြောအောက်တွင် လင်း၏ လက်ကို
ဆုပ်ကိုင်ထားသော ရှင်းယံ၏ လက်... အားလျော့သွားသည်။
ရှင်းယံ၏ မျက်ဝန်းများသည် အတန်ငယ် မှုန်ဆိုင်းသွားသည်။
ရှင်းယံ၏ မျက်ဝန်းများတွင် အားပြင်းမှုများလျော့နည်းသွားလေသည်။ ရှင်းယံသည် အတွေးတစ်ခုထဲနစ်မျောသွားသလို
လင်း၏ လက်ကို ဖြေးဖြေးချင်း လွှတ်လိုက်သည်။
နက္ခက်သည် လိုချင်တာရသော ကလေးကဲ့သို့ မထီမဲ့မြင်
ပြုံးလိုက်လျက် လင်း၏ ပခုံးကို ဆွဲဖက်လိုက်သည်။
" ဒါဆို...သွားတော့မယ်နော်...တာ့တာ....အားလုံး...."
နက္ခက်က လင်း၏ ပခုံးကိုတင်းကျပ်စွာဖက်ထား၍
သူသွားရာဘက်သို့ ဆွဲခေါ်သွားသည်။ လင်း...သံယောဇဉ်မပြတ်နိုင်စွာ ရှင်းယံကို လှည့်ကြည့်မိသည်။
ရှင်းယံက လင်းတို့ကိုမကြည့်နေ...အခြားတစ်နေရာကိုသာ
ခံစားချက်မဲ့စွာ လှမ်းကြည့်နေသည်။ ရှင်းယံ၏ နှုတ်ခမ်းများ
တင်းတင်းစေ့ထားသည်။ ရှင်းယံ၏ မျက်နှာက တင်းမာနေပါသည်....
စိတ်ဆိုးသွားတာလား...
ဘာလုပ်ရမလဲ....
ရှင်းယံဆီ ပြေးသွားရမလား....
ကောင်းပါ့မလား....
အခုက ဘာမဟုတ်တဲ့ကိစ္စလေးပဲ......
ဒါပေမဲ့ စိုင်းရှင်းယံ......
လင်း တစ်စုံတစ်ရာမတွေးနိုင်ခင်မှာပင်.....
နက္ခက်သည် လင်းကို ရှင်းယံနှင့် ဝေးရာသို့ ဆွဲခေါ်ပြီးဖြစ်ပါသည်....
ဘာမဟုတ်သည့်ကိစ္စလေးကစ၍ အကြီးကြီးဖြစ်လာနိုင်သည်ကို ထိုကတည်းက လင်းသိခဲ့ပါလျှင်.....
************************************************************************
" ကျွန်တော်လည်း ဘာမှမပြောရသေးဘဲနဲ့ ကျွန်တော့်ကို
ဘာလို့ဆွဲခေါ်လာတာလဲ...."
ကားပေါ်ရောက်မှ နက္ခက်ကိုအော်၍ ရန်တွေ့မိသည်။
နက္ခက်က ခပ်တည်တည်ပင် လင်း၏ မေးခွန်းကိုမဖြေခင်
ခါးပတ်အရင်ပတ်နေသည်။
" ငါပြောပြီးပြီလေ...မင်းကိုခေါ်သွားစရာနေရာရှိတယ်...."
"ဘယ်နေရာလဲ....ဘာမို့လို့ အသည်းအသန်ခေါ်သွားချင်နေတာလဲ...."
"club လေ....ရောက်ဖူးလား....."
လင်း ခဏတာ ငြိမ်ကျသွားသည်။
" မရောက်ဖူးဘူး....ဒါပေမဲ့ ဘာဖြစ်လို့ ခေါ်သွားမှာလဲ...."
"ပျော်ရအောင်လေ.....အဲ့မှာ ပျော်ဖို့ကောင်းတယ်...
မင်းကြိုက်မှာပါ... "
လင်း club သွားရန် စိတ်တော့ဝင်စားမိသည်။
တစ်ခါမှမရောက်ဖူးသောကြောင့် သွားကြည့်ချင်မိတာလည်း
ပါသည်။ သို့သော် နောက်နေ့သွားလည်း ရတာပဲလေ....
အခုတော့ ရှင်းယံဆီ ပြေးသွားရင် အချိန်မှီဦးမည်.....
" ဒီနေ့သွားမှ ဖြစ်မှာလား...."
" နောက်နေ့ဆိုတာ မသေချာဘူး...အသေချာဆုံးက
right now ပဲ...အခု ၅နာရီခွဲပြီ...ဟိုရောက်ရင်
၆နာရီကျော်ကျော် ၆ခွဲလောက်ရှိမှာပေါ့.....ဖွင့်လောက်ပါပြီ... "
" ဘယ်နှနာရီ ပြန်မှာလဲ...."
" မင်းပြောလေ...ငါ့စိတ်တိုင်းကျဆိုရင် မနက်၁နာရီ ထိုးသွားလိမ့်မယ်...."
"အရမ်း နောက်ကျရင် အိမ်ကပြောလိမ့်မယ်....၁၀နာရီ....အိမ်ပြန်မယ်...."
လင်းဘက်က လက်ခံသည့်ပုံဖြင့် ပြောလာသောကြောင့်
နက္ခက်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူ...ကားစက်နှိုးလိုက်သည်။
" ဒါပေမဲ့ ကျွန်တော်က အသက်မပြည့်သေးဘူး...."
" အသက်မပြည့်ဘဲ ရောက်နေတဲ့လူတွေအများကြီး....
သူတို့တွေဆို မင်းထက်တောင်ငယ်ဦးမယ်....
မစိုးရိမ်ပါနဲ့...အဲ့club က ငါ့ရဲ့...."
" မိဘတွေ ပိုင်တာပဲလား...."
" မဟုတ်ဘူး...အစ်ကိုဝမ်းကွဲတစ်ယောက်ပိုင်တာ...."
နက္ခက်က ကားကို စတင်ထွက်ခွာလိုက်သည်။ လင်း...
ပါးနှစ်ဖက်ကို လေအပြည့်ထည့်၍ ဖောင်းရင်း
ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သည်။
ကိုကြီးရှင်းယံ စိတ်မဆိုးလောက်ပါဘူးနော်......
************************************************************************
ကလပ်သို့ရောက်သောအခါ နက္ခက်ညီကပင် ဦးဆောင်၍
အထဲသို့ မားမားမတ်မတ်ဝင်သွားသည်။ နက္ခက်ညီ
ဒီကို ခဏခဏလာဖြစ်သည် ထင်သည်....
အပေါက်ဝရှိ အစောင့်နှစ်ယောက်ကပင် နက္ခက်ကို
" ဟေ့ နက္ခက်...ရောက်လာပြီလား...."
ဟူ၍ နှုတ်ဆက်သည်။ လင်းသည် နက္ခက်အနောက်မှနေ၍
မျက်စိသူငယ် နားသူငယ်လေးနှင့် လိုက်သွားသည်။
အထဲသို့ရောက်သောအခါ မြူးကြွသော သီချင်းသံများနှင့်
ပြိုးပြိုးပြက်ပြက် မီးအလင်းရောင်များကို တွေ့မြင်လာရသည်....
လွတ်လွတ်လပ်လပ်ကခုန်နေကြသော သူများ....ရယ်မောနေကြသော သူများကိုတွေ့သောအခါ...လင်း ဒီနေရာကို
သဘောကျသွားမိသည်.....
လင်း ကိုယ်၌ကလည်း တိတ်ဆိတ်သောစာကြည့်တိုက်အစား
ဆူညံ၍ မြူးကြွသော တက်တက်ကြွကြွရှိသည့်
နေရာမျိုးကို ပိုသဘောကျသည်မို့.....
နက္ခက်က လင်းကို လူအုပ်ကြားထဲ ဆွဲခေါ်သွားသည်....
ပထမဦးဆုံးရောက်ဖူးခြင်းဖြစ်၍ တောင့်တောင့်ကြီး ရပ်နေသော လင်းကို အံဝင်ဂွင်ကျဖြစ်စေရန် နက္ခက်က
ရှေ့ကနေပြီး တီးလုံးနှင့်အတူ လှုပ်ရှားပြနေသည်။
" Come on လင်း....စိတ်ကိုပေါ့ပေါ့ပါးပါးထားစမ်းပါ...
ဒီမှာ ငါတို့လို လူချည်းပဲ...."
နက္ခက်က ပြုံးရယ်၍ ပြောရင်း...လင်းသုခတ်....မရယ် ရယ်အောင် ရှေ့ကနေ အမျိုးစုံ တွန့်လိမ်၍ ကပြနေသည်။
လင်း...ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။
" ဒါမှပေါ့...."
နက္ခက်သည် လင်း၏ ပခုံးကို ပုတ်၍ပြောလိုက်သည်။
လင်း ရယ်လိုက်မိပါသည်.....
လျင်မြန်စွာပင် ကခုန်ခြင်းနှင့် လင်းသည် နေသားကျသွားသည်။ သီချင်းနဲ့လိုက်ပြီး ဘယ်လိုတွေ ကမိနေမှန်း မသိသော်လည်း အတော်တော့ စိတ်ထဲတွင် မြူးကြွနေသည်....
လွတ်လွတ်လပ်လပ်ပျော်မြူးခြင်းဆိုတာ ဒီလိုပါလား
ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်မိသည်.....
အချိန်တွေဟာ ဘယ်လို ကုန်ဆုံးသွားမှန်းတောင် မသိတော့....
နက္ခက်က လင်း၏ အနားတွင် တစ်ချိန်လုံးရှိနေသည်...
သူသည် လင်းကို ပို၍ရယ်မောအောင် တွန်းပို့ပေးနေသလိုပင်.....အဘယ်ကြောင့်ဆိုသော် သူက ပေါတောတော
ကကွက်တွေ လျှောက်ကနေလို့ ဖြစ်သည်....
တချို့မိန်းကလေးများသည် နက္ခက်အနားသို့ ကပ်လာကြသဖြင့် လင်းနှင့် နက္ခက်တို့အနားတွင် မိန်းကလေးများကလည်း
အုံနေပါသည်.....
မောပန်းလာချိန်တွင် နှစ်ယောက်သား စားပွဲတစ်ခုတွင်
ထိုင်လိုက်ကြသည်။ လင်းက မောနေသော်လည်း
စိတ်ထဲတွင် ခွန်အားအပြည့်နှင့် အူမြူးနေဆဲ ဖြစ်သည်...
သူတို့နှစ်ယောက် ပြုံးရယ်နေစဉ် စားပွဲထိုးက
နက္ခက်မှာထားသော ဘီယာပုလင်းနှင့် စားစရာကို
လာချပေးသွားသည်။
နက္ခက်က ဘီယာကို ခွက်နှစ်ခွက်ထဲသို့ အညီအမျှ
လောင်းထည့်လိုက်သည်။
" ကျွန်တော် မသောက်တော့ဘူး...."
နက္ခက်က ဘီယာခွက်ကို လင်း၏ရှေ့သို့ ချပေးလိုက်သဖြင့်
လင်း ငြင်းဆိုလိုက်သည်။
" မသောက်တတ်ဘူးလား....."
" သောက်တော့ သောက်တတ်တယ်....ဒါပေမဲ့ ကျွန်တော်
အိမ်ပြန်ရမှာလေ....ကျွန်တော်သောက်တာသိရင်
မေမေသတ်လိမ့်မယ်...."
နက္ခက်က ခေါင်းငြိမ့်ပြလိုက်ပြီး ဘီယာခွက်ကို မော့သောက်လိုက်သည်။
" ကိုကြီးလည်း မူးအောင်မသောက်ပါနဲ့....ကိုကြီး ကားမောင်းရမှာ...."
" အင်းပါ...."
နက္ခက်က ပြုံး၍ ပြောပြီးနောက် လင်း၏ ဆံပင်ကို
လက်ဖြင့် ဆွဲဖွလိုက်သည်။
" မင်း..ပျော်တယ်မလား...ငါပြောသားပဲ...
မင်းကြိုက်မှာပါလို့...."
လင်း ဘာမှပြန်မပြောဘဲ ရယ်နေလိုက်သည်။
" ငါနဲ့ နောက်ထပ်လာကြတာပေါ့....."
" ဒါနဲ့ ကိုကြီး မိဘတွေက ကိုကြီးညကျမှပြန်လာတာ...
အရက်သောက်တာတွေ ဘာမှမပြောဘူးလား...."
" သူတို့က အေးဆေးပါ....ငါ့ daddy က ပြောတယ်...
အသက် ၁၈ဆိုတာ...ကလေးကနေ လူကြီးပြောင်းတဲ့
လိုင်းလေးတစ်ခုပဲတဲ့....ဒီအရွယ်မှာ ဘာလုပ်လုပ်တင့်တယ်တယ်ကွာ...အပြစ်လုပ်မလား....လူငယ်တွေမို့လို့ မှားတတ်ပါတယ်ပြောလိမ့်မယ်....နိုင်ငံခြားကို တစ်ယောက်တည်းထွက်မလား....သူက သူ့တာဝန်သူ ယူနိုင်နေပြီ လို့ပြောလိမ့်မယ်....ဒါ ဘဝမှာပျော်ဖို့အကောင်းဆုံးအရွယ်ပဲ....
ဒီအရွယ်မှာ ကိုယ်လုပ်ချင်တာ မလုပ်ခဲ့ရင် နောင်တရလိမ့်မယ်...."
" သိပ်ကောင်းတဲ့ ဒဿနပဲ...."
"တစ်ခုရှိတာက ငါ့မိဘတွေက ငါ့ကို ယုံတယ်လေ...."
နက္ခက်က ပြောပြီးနောက် နောက်ထပ် တစ်ခွက်ကို မော့သောက်လိုက်ပြန်သည်။ လင်းကတော့ ရေတစ်ခွက်ကိုသာ
မော့သောက်လိုက်သည်။
လင်းနှင့် နက္ခက်တို့ရှိသော စားပွဲနေရာသို့ မိန်းကလေးသုံးယောက် ကနွဲ့ကယျ လျှောက်လာသည်။ သူမတို့ သုံးဦးသည်
စတိုင်မိုက်မိုက်နှင့်အရွယ်ငယ်ငယ် ခပ်ချောချောလေးများပင်။
သူမတို့သုံးဦးအနက် ဦးဆောင်လာသော မိန်းကလေးက
နက္ခက်ကအား ပြုံးကြည့်ပြီး စကားစတင်ပြောလိုက်သည်...
" ဒီက လူချောလေးရဲ့ ဖုန်းနံပါတ်ကို ရနိုင်မလား....."
နက္ခက်က သူမကို မော့ကြည့်လိုက်သည်။ ထို့နောက်
အမည်မဖော်နိုင်သော အပြုံးတစ်ချက်ပြုံးလိုက်သည်။
သူသည် လင်း၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ထိုမိန်ကလေး
ရှေ့သို့ ထောင်ပြလိုက်သည်....
" ပိုင်ရှင်ရှိပါတယ်...."
နက္ခက်၏ စကားကြောင့် လင်း မျက်လုံးပြူးသွားသည်။
မိန်းကလေးကလည်း စိတ်ပျက်သွားသော မျက်နှာနှင့်
" Ok "
ဟုဆိုပြီး လှည့်ထွက်သွားသည်။ ထိုမိန်းကလေး၏ သူငယ်ချင်း နှစ်ယောက်ထံမှ အသံကိုကြားဖြစ်အောင် ကြားလိုက်သေးသည်....
" နင်က ရှဖို့ ကံပါတာပဲ "
" နှမြောလိုက်တာ.....ရုပ်ဒီလောက်ချောတဲ့ဟာကို gay နေတယ်"
" သူ့ဘဲက အဲ့လောက်လည်း မချောဘဲနဲ့" တဲ့။
ကြားထဲက လင်းကိုပါ ထိခိုက်သွားသေးသည်။
လင်း...နက္ခက်၏ လက်မှ ရုန်းလိုက်သည်။
" ဘာတွေလျှောက်ပြောနေတာလဲ...မူးနေပြီလား...."
" မမူးပါဘူး....ငါသောက်နိုင်ချေက မင်းထင်တာထက်မြင့်တယ်...."
" ဟိုမှာ ကျွန်တော်တို့ကို အတွဲထင်သွားပြီ...."
" ထင်ပါစေပေါ့.. "
နက္ခက်က ရယ်ပြီး ဘာမှမဖြစ်သလိုပြောနေသောကြောင့်
လင်း စိတ်ပေါက်ပေါက်နှင့် သူ့ကျောကုန်းကို ရိုက်လိုက်သည်။
ထိုစဉ် နက္ခက်သည် တစ်စုံတစ်ရာကို ထိတ်လန့်သွားပုံနှင့်
ပါးစပ်အဟောင်းသားဖြစ်သွားသည်...
" Shit ...အဲ့တာမှ သေရော...."
ဟုဆိုပြီး လင်း၏ အနောက်သို့ ဝင်ပုန်းလေသည်။
" ဘာဖြစ်တာလဲ...."
" ခုနက ကောင်မလေးတွေက ငါ့ex နဲ့သိတယ်ထင်တယ်...
သူတို့ ငါ့Ex နဲ့စကားရပ်ပြောနေတယ်...ချီးပဲ...
ငါ့Ex က စောက်ရမ်းဆိုးတာ...."
"ဘယ်မှာလဲ...."
" အရှေ့တည့်တည့်မှာ....ဆံပင်ရွှေရောင်နဲ့ကောင်မလေး...တွေ့လား...."
လင်း...လိုက်ရှာသောအခါ ခုနက ကောင်မလေးသုံးယောက်နှင့် စကားရပ်ပြောနေသော ဆံပင်ရွှေရောင်နှင့်
ကောင်မလေးကို မြင်လိုက်သည်။
" ကိုကြီးနဲ့ ဘယ်တုန်းက တွဲတာလဲ...."
" လွန်ခဲ့တဲ့၃လ ကပြတ်သွားတာ...သူက ငါ့ကို လိုက်ကပ်တွယ်နေတာ...သူ့လက်ကလွတ်အောင် ငါပြေးနေရတာ....
ရှိရှိသမျှဟာတွေကနေ Block ထားရုံမကဘူး...
ဖုန်းကဒ်တောင် သူ့ကြောင့်ပြောင်းထားရတာ..."
" ဒီလောက်ချောတာကို ကိုကြီးက ဘာလို့ဖြတ်လိုက်တာလဲ..."
" ဒီတိုင်း မတွဲချင်တော့လို့ပေါ့...."
" သူတို့သွားပြီ....မပုန်းနေနဲ့တော့...."
လင်း ပြောမှ နက္ခက်က သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။
ပြီးတော့ သက်ပြင်းချသည်....
" တော်သေးတာပေါ့...ဒီနေရာမှာရှိနေတဲ့ ex တွေထဲ
သူအဆိုးဆုံးပဲ...."
" ဒီနေရာမှာ ရှိနေတဲ့ ex တွေ? ဒီမှာ တခြား ex တွေလည်း ရှိတယ်ပေါ့...."
လင်း အံ့အားသင့်ပုံနှင့်ပြောသောအခါ နက္ခက်က မျက်နှာသေလေးနှင့် ဟိုဟိုဒီဒီ လက်ညှိုးထိုးပြသည်။
" ဟိုဘက်မှာတစ်ယောက်....ဟိုက စကပ်လေးနဲ့တစ်ယောက်...ဟိုဘက်က ပုလင်းလိုက်မော့နေတဲ့တစ်ယောက်...
ဟိုနားမှာက တစ်ယောက်...."
" ဝိုး...ဝိုး...နေပါဦး....ရည်းစားတွေ အဲ့လောက်များတာလား..."
" ရည်းစားဟောင်းတွေပါ....ခုနက ပြောတာတွေက
အကုန်မဟုတ်သေးဘူး....ဆယ်ပုံတစ်ပုံပဲရှိတယ်....အခုတော့ သူတို့က အေးဆေးပါပဲ.."
"သူတို့နဲ့တွဲတော့ ကိုကြီးက အရင်ဖြတ်လိုက်တာလား...
ဒီတိုင်း မတွဲချင်တော့လို့ ဆိုတဲ့အကြောင်းပြချက်နဲ့လေ..."
"ငါ အရင်ဖြတ်တာတော့ ဟုတ်တယ်...ဒါပေမဲ့
အကြောင်းပြချက်ကိုတော့ လှအောင်ပေးပါတယ်....
တစ်ယောက်တည်းနေချင်လို့...မအားလို့....မင်း ငါ့ထက်
ကောင်းတဲ့လူနဲ့တွေ့မှာပါ...ဘလာ ဘလာ ပေါ့"
" ကိုကြီး... မကောင်းတဲ့လူပဲ...."
လင်း...ရှုံ့မဲ့ပြီးပြောသောအခါ နက္ခက်က မျက်မှောင်ကြုတ်သည်...
" ငါက ကောင်းပါတယ်...ငါ ဘာလုပ်လို့လဲ...."
" မိန်းကလေးတွေရဲ့အချစ်ကို သွားကစားတယ်လေ...
ဒါလား...အသည်းနုတဲ့လူက...။သူများရဲ့အသည်းတွေလိုက်ခွဲ
ပြီးတော့...။ အဲ့တာ တစ်နေ့ဝဋ်ပြန်လည်လိမ့်မယ် "
လင်း၏ စကားအဆုံးတွင် နက္ခက်က ခါးခါးသီးသီး
ငြင်းဆိုလေသည်။
"ဟ...ငါက တွဲခဲ့ပေမဲ့ သူတို့ကို တကယ်မချစ်သလို...
သူတို့ကလည်း ငါ့ကို တကယ်မကြိုက်ပါဘူး....
ဒါက နှစ်ဦးသဘောတူ အပျော်တွဲတာလို့ခေါ်တယ်....
ဒီအရွယ်မှာ အကုန်လုံးက စိတ်ကစားနေကြတာ....
ကံကောင်းသူအနည်းငယ်ကပဲ တကယ်ကြိုက်သွားတာ....
ကံကောင်းသူထဲ ငါမပါရုံပဲ..."
" အဲ့တော့ ကိုကြီးက တကယ်ချစ်တဲ့သူကို မရှာတော့ဘူးလား..."
" တကယ်ချစ်တဲ့သူကို လိုက်ရှာစရာမလိုဘူး....ငါ့အတွက်
မှန်ကန်တဲ့သူက သူ့ဟာသူရောက်လာလိမ့်မယ်...."
"ဒီအရွယ်မှာ ကိုကြီးတွဲမိတဲ့လူက မှန်ကန်တဲ့သူဆိုရင်ရော...
စိတ်ကစားတာဆိုပြီး ပစ်ချမှာပဲလား...."
" သူက မှန်ကန်တဲ့သူလို့ခံစားမိရင် ငါလက်မလွှတ်တော့ဘူးပေါ့...ဒါပေမဲ့ ဘယ်အရာမှ အပြောစောလို့ မရဘူး....
အနာဂတ်မှာ ညားမညား ဘယ်သူမှ မပြောနိုင်ဘူး...."
" ညား မညားက ကာယကံရှင်ပေါ်ပဲ မူတည်တာပါ...
တကယ်ချစ်ပြီးတော့ တစ်ဘဝလုံးအတွက် ရည်ရွယ်တယ်ဆိုရင် အချိန်တွေ ဘယ်လောက်ကြာကြာ တည်မြဲနေမှာ လို့ ကျွန်တော်ထင်တယ် "
လင်း၏ စကားအဆုံးတွင် နက္ခက်က ဘီယာတစ်ခွက်ကို
မော့သောက်လိုက်သည်။ ထို့နောက် လေသံအေးလေးနှင့်
ပြောသည်....
" ဘဝနဲ့ချီပြီးပြောရင် အသက်ရှူကျပ်ချင်စရာကောင်းတယ်...
အနာဂတ်ဆိုတာ နောင်ခါနောင်လာဈေးပဲ....."
ထိုစကားသည် လင်း၏ ဦးနှောက်အတွင်းသို့ ရောက်ရှိသွားပြီး
အချက်ပေးသံများ ဆူညံသွားစေသည်...
ဒီစကားက...
White ပြောခဲ့ဖူးတယ်....
White ပြောခဲ့တာနဲ့ တစ်ထေရာတည်းပဲ.....
လင်း...အတွေးများနှင့် တိတ်ဆိတ်သွားစဉ်တွင် နက္ခက်က
ဆက်ပြောနေသည်....
" အခု ပစ္စုပ္ပန်အချိန်မှာ ငါသဘောကျတဲ့ လူတစ်ယောက်ရှိတယ်...ငါသူ့ကိုချစ်တယ် ထင်တာပဲ...ဒါပေမဲ့မသိပါဘူး...
ငါ့ဟာငါတောင် မသေချာဘူး.....သူ့အပေါ်စိတ်ကစားတာလည်းဖြစ်နိုင်ပါတယ်.....သူက ထူးခြားတယ်....ငါကြိုက်ဖူးတဲ့လူတွေနဲ့လုံးဝ မတူဘူး....ဒါပေမဲ့ တစ်ဘဝလုံးအတွက် စဉ်းစားလိုက်ရင် ငါ သူ့ကိုရဖို့အများကြီး ကျော်ဖြတ်ရမှာ...သိလား....။ အိမ်နဲ့အတိုက်အခံလုပ်ရမယ်...သူငယ်ချင်းတွေနဲ့ရန်ဖြစ်ရမယ်....။ငါက အဲ့လို ခက်ခဲတဲ့အရာဆို လုပ်ချင်တဲ့အကောင်မဟုတ်ဘူး....အဲ့လို အနာဂတ်ကိုကြိုပြီး အများကြီးစဉ်းစားမိတာ over thinking ပဲ....အဲ့တာကြောင့် ငါ...အနာဂတ်ကို ကြိုစဉ်းစားရမှာ မုန်းတာ.....ဘာပဲပြောပြော...လက်ရှိအချိန်တွင်းမှာတော့ ငါသူ့ကို အများကြီးသဘောကျပေးမယ်....သူပျော်အောင် အကုန်လုပ်ပေးမယ်...။ဒါပေမဲ့ သူ့ရှေ့ကို ထွက်လာမှာ မဟုတ်ဘူး.....သူ့အရှေ့ကိုထွက်လာဖြစ်ရင်လည်း ထွက်ဖြစ်မှာပေါ့...မသိဘူး...။ အစီအစဉ်မရှိတာက အကောင်းဆုံး အစီအစဉ်တစ်ခုပဲလေ..."
နက္ခက်က အခြောက်တိုက်ရယ်မောပြောဆိုရင်း ဘီယာပုလင်းကိုမ၍ ခွက်ထဲသို့ လောင်းထည့်သည်။ ဘီဟာတစ်စက်မှ
မကျလာတော့ချေ....နက္ခက်သည် လက်ထောင်၍
စားပွဲထိုးကို ထပ်ခေါ်မည်ပြုလိုက်သည်....
" ကိုကြီး မူးနေပြီ...မသောက်နဲ့တော့..."
နက္ခက်၏ လက်ကို ဆွဲချလိုက်လျက် လင်း ပြောလိုက်သည်။
" နောက် တစ်ပုလင်းလောက် အသာလေးရသေးတယ်..."
"ကားမောင်းရမှာ...."
"အေးပါ..အေးပါ...."
နက္ခက်က သက်ပြင်းချလိုက်ကာ ဘာမှမပြောတော့ဘဲ
ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပြန်သည်။
လင်း သူ့ကိုလှမ်းကြည့်လိုက်သည်......
နက္ခက်သည် နှုတ်ခမ်းများပြုံးနေသော်လည်း သူ့မျက်ဝန်းက
ရီဝေမှုန်မှိုင်းနေသည်.....
လင်း ခေါင်းထဲတွင် မေးခွန်းများ ဆက်တိုက်ပေါ်လာသည်...
နက္ခက်က ဘာတွေပြောနေတာလဲ.....
ဘာလို့ သူပြောတဲ့စကားတွေက White နဲ့တူနေတာလဲ....
လင်း၏ ရင်ထဲတွင် သိချင်စိတ်ဖြင့် ပျို့အင့်လာသည်...
" ကျွန်တော် တစ်ခုမေးလို့ရလား.. "
"အင်း...မေးလေ...."
" ကိုကြီး ဘာအရောင်ကြိုက်လဲ...."
နက္ခက်က ခဏတာ စဉ်းစားနေသည်။ လင်း...သူ့ကို
သိချင်စိတ်ပြည့်ဝနေသော မျက်လုံးများနှင့် စိုက်ကြည့်နေမိသည်။
" အဖြူရောင် ကြိုက်တယ်....ငါက အနက်ရောင်ဝတ်တာ
များလို့ အနက်ရောင်ကြိုက်တယ် ထင်နေလို့လား....."
နက္ခက်၏ အဖြေကြောင့် လင်း မျက်လုံးများဝိုင်းစက်
ပြူးကျယ်သွားသည်....ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့်
ရင်ခုန်သံများမြန်ဆန်သွားသည်......
White က....
White က နက္ခက်ညီလား....
မဖြစ်နိုင်ပါဘူး....
ဒါပေမဲ့ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ......
************************************************************************
[Zawgyi]
"မင္းလိုက္ပို႔ရင္ မင္း တကူးတကျဖစ္ေနပါဦးမယ္...
အဲ့တာေၾကာင့္ ငါပဲလိုက္ပို႔လိုက္ပါ့မယ္...."
" ငါ့အိမ္က ခတ္ရဲ့အိမ္နဲ႔ နီးနီးေလး...မင္းကပိုၿပီး
တကူးတကျဖစ္မွာ မဟုတ္ဘူးလား...."
လင္း၏လက္ကို ရွင္းယံသည္ ပိုမိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္သည္။ လင္း...ရွင္းယံကို ေမာ့ၾကၫ့္လိုက္သည္။
ရွင္းယံ၏ မ်က္ဝန္းမ်ားဒီေလာက္ တည္ေနသည္ကို
တစ္ခါမွ မျမင္ဖူး.....
" ငါနဲ႔ လင္းနဲ႔က အိမ္တန္းျပန္မွာမဟုတ္ဘူး...သြားစရာေနရာတစ္ခုရိွေသးတယ္...ဟုတ္တယ္မလား...လင္း..."
" ဗ်ာ..."
နကၡက္၏ စကားကုိေသခ်ာမၾကားလိုက္ သျဖင့္ လင္း... ျပန္ေမးလိုက္ေသာ္လည္း နကၡက္က ရွင္းယံအား ၿပံဳး၍ မ်က္ခံုးပင့္ျပလိုက္သည္။
" ေတြ႕လား..."
နကၡက္၏ ႐ြဲ႕သလိုလို အေျပာေအာက္တြင္ လင္း၏ လက္ကို
ဆုပ္ကိုင္ထားေသာ ရွင္းယံ၏ လက္... အားေလ်ာ့သြားသည္။
ရွင္းယံ၏ မ်က္ဝန္းမ်ားသည္ အတန္ငယ္ မႈန္ဆိုင္းသြားသည္။
ရွင္းယံ၏ မ်က္ဝန္းမ်ားတြင္ အားျပင္းမႈမ်ားေလ်ာ့နည္းသြားေလသည္။ ရွင္းယံသည္ အေတြးတစ္ခုထဲနစ္ေမ်ာသြားသလို
လင္း၏ လက္ကုိ ေျဖးေျဖးခ်င္း လႊတ္လိုက္သည္။
နကၡက္သည္ လိုခ်င္တာရေသာ ကေလးကဲ့သို႔ မထီမဲ့ျမင္
ၿပံဳးလိုက္လ်က္ လင္း၏ ပခံုးကုိ ဆြဲဖက္လိုက္သည္။
" ဒါဆို...သြားေတာ့မယ္ေနာ္...တာ့တာ....အားလံုး...."
နကၡက္က လင္း၏ ပခံုးကုိတင္းက်ပ္စြာဖက္ထား၍
သူသြားရာဘက္သို႔ ဆြဲေခၚသြားသည္။ လင္း...သံေယာဇဥ္မျပတ္နိုင္စြာ ရွင္းယံကုိ လွည့္ၾကည့္မိသည္။
ရွင္းယံက လင္းတို႔ကုိမၾကည့္ေန...အျခားတစ္ေနရာကုိသာ
ခံစားခ်က္မဲ့စြာ လွမ္းၾကည့္ေနသည္။ ရွင္းယံ၏ နႈတ္ခမ္းမ်ား
တင္းတင္းေစ့ထားသည္။ ရွင္းယံ၏ မ်က္နွာက တင္းမာေနပါသည္....
စိတ္ဆိုးသြားတာလား...
ဘာလုပ္ရမလဲ....
ရွင္းယံဆီ ေျပးသြားရမလား....
ေကာင္းပါ့မလား....
အခုက ဘာမဟုတ္တဲ့ကိစၥေလးပဲ......
ဒါေပမဲ့ စိုင္းရွင္းယံ......
လင္း တစ္စံုတစ္ရာမေတြးနိုင္ခင္မွာပင္.....
နကၡက္သည္ လင္းကုိ ရွင္းယံနွင့္ ေဝးရာသို႔ ဆြဲေခၚၿပီးျဖစ္ပါသည္....
ဘာမဟုတ္သည့္ကိစၥေလးကစ၍ အႀကီးႀကီးျဖစ္လာနိုင္သည္ကို ထိုကတည္းက လင္းသိခဲ့ပါလ်ွင္.....
************************************************************************
" ကြၽန္ေတာ္လည္း ဘာမွမေျပာရေသးဘဲနဲ႔ ကြၽန္ေတာ့္ကုိ
ဘာလို႔ဆြဲေခၚလာတာလဲ...."
ကားေပၚေရာက္မွ နကၡက္ကိုေအာ္၍ ရန္ေတြ႕မိသည္။
နကၡက္က ခပ္တည္တည္ပင္ လင္း၏ ေမးခြန္းကုိမေျဖခင္
ခါးပတ္အရင္ပတ္ေနသည္။
" ငါေျပာၿပီးၿပီေလ...မင္းကိုေခၚသြားစရာေနရာရွိတယ္...."
"ဘယ္ေနရာလဲ....ဘာမို႔လို႔ အသည္းအသန္ေခၚသြားခ်င္ေနတာလဲ...."
"club ေလ....ေရာက္ဖူးလား....."
လင္း ခဏတာ ၿငိမ္က်သြားသည္။
" မေရာက္ဖူးဘူး....ဒါေပမဲ့ ဘာျဖစ္လို႔ ေခၚသြားမွာလဲ...."
"ေပ်ာ္ရေအာင္ေလ.....အဲ့မွာ ေပ်ာ္ဖို႔ေကာင္းတယ္...
မင္းႀကိဳက္မွာပါ... "
လင္း club သြားရန္ စိတ္ေတာ့ဝင္စားမိသည္။
တစ္ခါမွမေရာက္ဖူးေသာေၾကာင့္ သြားၾကည့္ခ်င္မိတာလည္း
ပါသည္။ သို႔ေသာ္ ေနာက္ေန႔သြားလည္း ရတာပဲေလ....
အခုေတာ့ ရွင္းယံဆီ ေျပးသြားရင္ အခ်ိန္မွီဦးမည္.....
" ဒီေန႔သြားမွ ျဖစ္မွာလား...."
" ေနာက္ေန႔ဆိုတာ မေသခ်ာဘူး...အေသခ်ာဆံုးက
right now ပဲ...အခု ၅နာရီခြဲျပီ...ဟုိေရာက္ရင္
၆နာရီေက်ာ္ေက်ာ္ ၆ခြဲေလာက္ရွိမွာေပါ့.....ဖြင့္ေလာက္ပါၿပီ... "
" ဘယ္နွနာရီ ျပန္မွာလဲ...."
" မင္းေျပာေလ...ငါ့စိတ္တိုင္းက်ဆိုရင္ မနက္၁နာရီ ထိုးသြားလိမ့္မယ္...."
"အရမ္း ေနာက္က်ရင္ အိမ္ကေျပာလိမ့္မယ္....၁၀နာရီ....အိမ္ျပန္မယ္...."
လင္းဘက္က လက္ခံသည့္ပံုျဖင့္ ေျပာလာေသာေၾကာင့္
နကၡက္သည္ ေပ်ာ္႐ႊင္စြာ ၿပံဳးလိုက္သည္။ သူ...ကားစက္နႈိးလိုက္သည္။
" ဒါေပမဲ့ ကြၽန္ေတာ္က အသက္မျပည့္ေသးဘူး...."
" အသက္မျပည့္ဘဲ ေရာက္ေနတဲ့လူေတြအမ်ားႀကီး....
သူတို႔ေတြဆို မင္းထက္ေတာင္ငယ္ဦးမယ္....
မစိုးရိမ္ပါနဲ႔...အဲ့club က ငါ့ရဲ႕...."
" မိဘေတြ ပိုင္တာပဲလား...."
" မဟုတ္ဘူး...အစ္ကိုဝမ္းကြဲတစ္ေယာက္ပိုင္တာ...."
နကၡက္က ကားကုိ စတင္ထြက္ခြာလိုက္သည္။ လင္း...
ပါးနွစ္ဖက္ကုိ ေလအျပည့္ထည့္၍ ေဖာင္းရင္း
ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္လိုက္သည္။
ကိုႀကီးရွင္းယံ စိတ္မဆိုးေလာက္ပါဘူးေနာ္......
************************************************************************
ကလပ္သို႔ေရာက္ေသာအခါ နကၡက္ညီကပင္ ဦးေဆာင္၍
အထဲသို႔ မားမားမတ္မတ္ဝင္သြားသည္။ နကၡက္ညီ
ဒီကုိ ခဏခဏလာျဖစ္သည္ ထင္သည္....
အေပါက္ဝရွိ အေစာင့္နွစ္ေယာက္ကပင္ နကၡက္ကုိ
" ေဟ့ နကၡက္...ေရာက္လာၿပီလား...."
ဟူ၍ နႈတ္ဆက္သည္။ လင္းသည္ နကၡက္အေနာက္မွေန၍
မ်က္စိသူငယ္ နားသူငယ္ေလးနွင့္ လိုက္သြားသည္။
အထဲသို႔ေရာက္ေသာအခါ ျမဴးႂကြေသာ သီခ်င္းသံမ်ားနွင့္
ၿပိဳးၿပိဳးျပက္ျပက္ မီးအလင္းေရာင္မ်ားကုိ ေတြ႕ျမင္လာရသည္....
လြတ္လြတ္လပ္လပ္ကခုန္ေနၾကေသာ သူမ်ား....ရယ္ေမာေနၾကေသာ သူမ်ားကုိေတြ႕ေသာအခါ...လင္း ဒီေနရာကုိ
သေဘာက်သြားမိသည္.....
လင္း ကိုယ္၌ကလည္း တိတ္ဆိတ္ေသာစာၾကည့္တိုက္အစား
ဆူညံ၍ ျမဴးႂကြေသာ တက္တက္ႂကြႂကြရွိသည့္
ေနရာမ်ိဳးကုိ ပုိသေဘာက်သည္မို႔.....
နကၡက္က လင္းကို လူအုပ္ၾကားထဲ ဆြဲေခၚသြားသည္....
ပထမဦးဆံုးေရာက္ဖူးျခင္းျဖစ္၍ ေတာင့္ေတာင့္ႀကီး ရပ္ေနေသာ လင္းကုိ အံဝင္ဂြင္က်ျဖစ္ေစရန္ နကၡက္က
ေရွ႕ကေနၿပီး တီးလံုးႏွင့္အတူ လႈပ္ရွားျပေနသည္။
" Come on လင္း....စိတ္ကိုေပါ့ေပါ့ပါးပါးထားစမ္းပါ...
ဒီမွာ ငါတို႔လို လူခ်ည္းပဲ...."
နကၡက္က ၿပံဳးရယ္၍ ေျပာရင္း...လင္းသုခတ္....မရယ္ ရယ္ေအာင္ ေရွ႕ကေန အမ်ိဳးစံု တြန္႔လိမ္၍ ကျပေနသည္။
လင္း...ဟက္ဟက္ပက္ပက္ရယ္လိုက္မိသည္။
" ဒါမွေပါ့...."
နကၡက္သည္ လင္း၏ ပခံုးကုိ ပုတ္၍ေျပာလိုက္သည္။
လင္း ရယ္လိုက္မိပါသည္.....
လ်င္ျမန္စြာပင္ ကခုန္ျခင္းနွင့္ လင္းသည္ ေနသားက်သြားသည္။ သီခ်င္းနဲ႔လိုက္ၿပီး ဘယ္လိုေတြ ကမိေနမွန္း မသိေသာ္လည္း အေတာ္ေတာ့ စိတ္ထဲတြင္ ျမဴးႂကြေနသည္....
လြတ္လြတ္လပ္လပ္ေပ်ာ္ျမဴးျခင္းဆိုတာ ဒီလိုပါလား
ဟု အဓိပၸါယ္ဖြင့္ဆိုလိုက္မိသည္.....
အခ်ိန္ေတြဟာ ဘယ္လို ကုန္ဆံုးသြားမွန္းေတာင္ မသိေတာ့....
နကၡက္က လင္း၏ အနားတြင္ တစ္ခ်ိန္လံုးရွိေနသည္...
သူသည္ လင္းကို ပုိ၍ရယ္ေမာေအာင္ တြန္းပုိ႔ေပးေနသလိုပင္.....အဘယ္ေၾကာင့္ဆိုေသာ္ သူက ေပါေတာေတာ
ကကြက္ေတြ ေလ်ွာက္ကေနလို႔ ျဖစ္သည္....
တခ်ိဳ႕မိန္းကေလးမ်ားသည္ နကၡက္အနားသို႔ ကပ္လာၾကသျဖင့္ လင္းနွင့္ နကၡက္တို႔အနားတြင္ မိန္းကေလးမ်ားကလည္း
အံုေနပါသည္.....
ေမာပန္းလာခ်ိန္တြင္ နွစ္ေယာက္သား စားပြဲတစ္ခုတြင္
ထိုင္လိုက္ၾကသည္။ လင္းက ေမာေနေသာ္လည္း
စိတ္ထဲတြင္ ခြန္အားအျပည့္နွင့္ အူျမဴးေနဆဲ ျဖစ္သည္...
သူတို႔နွစ္ေယာက္ ၿပံဳးရယ္ေနစဥ္ စားပြဲထိုးက
နကၡက္မွာထားေသာ ဘီယာပုလင္းနွင့္ စားစရာကုိ
လာခ်ေပးသြားသည္။
နကၡက္က ဘီယာကုိ ခြက္နွစ္ခြက္ထဲသို႔ အညီအမ်ွ
ေလာင္းထည့္လိုက္သည္။
" ကြၽန္ေတာ္ မေသာက္ေတာ့ဘူး...."
နကၡက္က ဘီယာခြက္ကို လင္း၏ေရွ႕သို႔ ခ်ေပးလိုက္သျဖင့္
လင္း ျငင္းဆိုလိုက္သည္။
" မေသာက္တတ္ဘူးလား....."
" ေသာက္ေတာ့ ေသာက္တတ္တယ္....ဒါေပမဲ့ ကြၽန္ေတာ္
အိမ္ျပန္ရမွာေလ....ကြၽန္ေတာ္ေသာက္တာသိရင္
ေမေမသတ္လိမ့္မယ္...."
နကၡက္က ေခါင္းၿငိမ့္ျပလိုက္ၿပီး ဘီယာခြက္ကုိ ေမာ့ေသာက္လိုက္သည္။
" ကုိႀကီးလည္း မူးေအာင္မေသာက္ပါနဲ႔....ကုိႀကီး ကားေမာင္းရမွာ...."
" အင္းပါ...."
နကၡက္က ၿပံဳး၍ ေျပာၿပီးေနာက္ လင္း၏ ဆံပင္ကုိ
လက္ျဖင့္ ဆြဲဖြလိုက္သည္။
" မင္း..ေပ်ာ္တယ္မလား...ငါေျပာသားပဲ...
မင္းႀကိဳက္မွာပါလို႔...."
လင္း ဘာမွျပန္မေျပာဘဲ ရယ္ေနလိုက္သည္။
" ငါနဲ႔ ေနာက္ထပ္လာၾကတာေပါ့....."
" ဒါနဲ႔ ကိုႀကီး မိဘေတြက ကိုႀကီးညက်မွျပန္လာတာ...
အရက္ေသာက္တာေတြ ဘာမွမေျပာဘူးလား...."
" သူတို႔က ေအးေဆးပါ....ငါ့ daddy က ေျပာတယ္...
အသက္ ၁၈ဆိုတာ...ကေလးကေန လူႀကီးေျပာင္းတဲ့
လိုင္းေလးတစ္ခုပဲတဲ့....ဒီအ႐ြယ္မွာ ဘာလုပ္လုပ္တင့္တယ္တယ္ကြာ...အျပစ္လုပ္မလား....လူငယ္ေတြမို႔လို႔ မွားတတ္ပါတယ္ေျပာလိမ့္မယ္....နိုင္ငံျခားကုိ တစ္ေယာက္တည္းထြက္မလား....သူက သူ႔တာဝန္သူ ယူနိုင္ေနၿပီ လို႔ေျပာလိမ့္မယ္....ဒါ ဘဝမွာေပ်ာ္ဖို႔အေကာင္းဆံုးအ႐ြယ္ပဲ....
ဒီအ႐ြယ္မွာ ကိုယ္လုပ္ခ်င္တာ မလုပ္ခဲ့ရင္ ေနာင္တရလိမ့္မယ္...."
" သိပ္ေကာင္းတဲ့ ဒႆနပဲ...."
"တစ္ခုရွိတာက ငါ့မိဘေတြက ငါ့ကို ယံုတယ္ေလ...."
နကၡက္က ေျပာၿပီးေနာက္ ေနာက္ထပ္ တစ္ခြက္ကုိ ေမာ့ေသာက္လိုက္ျပန္သည္။ လင္းကေတာ့ ေရတစ္ခြက္ကုိသာ
ေမာ့ေသာက္လိုက္သည္။
လင္းနွင့္ နကၡက္တို႔ရွိေသာ စားပြဲေနရာသို႔ မိန္းကေလးသံုးေယာက္ ကႏြဲ႕ကယ် ေလွွ်ာက္လာသည္။ သူမတို႔ သံုးဦးသည္
စတိုင္မိုက္မိုက္နွင့္အ႐ြယ္ငယ္ငယ္ ခပ္ေခ်ာေခ်ာေလးမ်ားပင္။
သူမတို႔သံုးဦးအနက္ ဦးေဆာင္လာေသာ မိန္းကေလးက
နကၡက္ကအား ၿပံဳးၾကည့္ၿပီး စကားစတင္ေျပာလိုက္သည္...
" ဒီက လူေခ်ာေလးရဲ႕ ဖုန္းနံပါတ္ကို ရနိုင္မလား....."
နကၡက္က သူမကုိ ေမာ့ၾကည့္လိုက္သည္။ ထို႔ေနာက္
အမည္မေဖာ္နိုင္ေသာ အၿပံဳးတစ္ခ်က္ၿပံဳးလိုက္သည္။
သူသည္ လင္း၏ လက္ကုိ ဆုပ္ကိုင္လိုက္ကာ ထိုမိန္ကေလး
ေရွ႕သို႔ ေထာင္ျပလိုက္သည္....
" ပိုင္ရွင္ရွိပါတယ္...."
နကၡက္၏ စကားေၾကာင့္ လင္း မ်က္လံုးျပဴးသြားသည္။
မိန္းကေလးကလည္း စိတ္ပ်က္သြားေသာ မ်က္နွာနွင့္
" Ok "
ဟုဆိုၿပီး လွည့္ထြက္သြားသည္။ ထိုမိန္းကေလး၏ သူငယ္ခ်င္း နွစ္ေယာက္ထံမွ အသံကုိၾကားျဖစ္ေအာင္ ၾကားလိုက္ေသးသည္....
" နင္က ရွဖို႔ ကံပါတာပဲ "
" နွေျမာလိုက္တာ.....ရုပ္ဒီေလာက္ေခ်ာတဲ့ဟာကုိ gay ေနတယ္"
" သူ႔ဘဲက အဲ့ေလာက္လည္း မေခ်ာဘဲနဲ႔" တဲ့။
ၾကားထဲက လင္းကုိပါ ထိခိုက္သြားေသးသည္။
လင္း...နကၡက္၏ လက္မွ ရုန္းလိုက္သည္။
" ဘာေတြေလ်ွာက္ေျပာေနတာလဲ...မူးေနၿပီလား...."
" မမူးပါဘူး....ငါေသာက္နိုင္ေခ်က မင္းထင္တာထက္ျမင့္တယ္...."
" ဟိုမွာ ကြၽန္ေတာ္တို႔ကုိ အတြဲထင္သြားၿပီ...."
" ထင္ပါေစေပါ့.. "
နကၡက္က ရယ္ၿပီး ဘာမွမျဖစ္သလိုေျပာေနေသာေၾကာင့္
လင္း စိတ္ေပါက္ေပါက္နွင့္ သူ႔ေက်ာကုန္းကို ရိုက္လိုက္သည္။
ထိုစဥ္ နကၡက္သည္ တစ္စံုတစ္ရာကုိ ထိတ္လန္႔သြားပံုနွင့္
ပါးစပ္အေဟာင္းသားျဖစ္သြားသည္...
" Shit ...အဲ့တာမွ ေသေရာ...."
ဟုဆိုၿပီး လင္း၏ အေနာက္သို႔ ဝင္ပုန္းေလသည္။
" ဘာျဖစ္တာလဲ...."
" ခုနက ေကာင္မေလးေတြက ငါ့ex နဲ႔သိတယ္ထင္တယ္...
သူတို႔ ငါ့Ex နဲ႔စကားရပ္ေျပာေနတယ္...ခ်ီးပဲ...
ငါ့Ex က ေစာက္ရမ္းဆိုးတာ...."
"ဘယ္မွာလဲ...."
" အေရွ႕တည့္တည့္မွာ....ဆံပင္ေ႐ႊေရာင္နဲ႔ေကာင္မေလး...ေတြ႕လား...."
လင္း...လိုက္ရွာေသာအခါ ခုနက ေကာင္မေလးသံုးေယာက္နွင့္ စကားရပ္ေျပာေနေသာ ဆံပင္ေ႐ႊေရာင္နွင့္
ေကာင္မေလးကုိ ျမင္လိုက္သည္။
" ကုိႀကီးနဲ႔ ဘယ္တုန္းက တြဲတာလဲ...."
" လြန္ခဲ့တဲ့၃လ ကျပတ္သြားတာ...သူက ငါ့ကို လိုက္ကပ္တြယ္ေနတာ...သူ႔လက္ကလြတ္ေအာင္ ငါေျပးေနရတာ....
ရွိရွိသမ်ွဟာေတြကေန Block ထားရံုမကဘူး...
ဖုန္းကဒ္ေတာင္ သူ႔ေၾကာင့္ေျပာင္းထားရတာ..."
" ဒီေလာက္ေခ်ာတာကုိ ကိုႀကီးက ဘာလို႔ျဖတ္လိုက္တာလဲ..."
" ဒီတိုင္း မတြဲခ်င္ေတာ့လို႔ေပါ့...."
" သူတို႔သြားၿပီ....မပုန္းေနနဲ႔ေတာ့...."
လင္း ေျပာမွ နကၡက္က သူ႔ေနရာတြင္ ျပန္ထိုင္လိုက္သည္။
ၿပီးေတာ့ သက္ျပင္းခ်သည္....
" ေတာ္ေသးတာေပါ့...ဒီေနရာမွာရွိေနတဲ့ ex ေတြထဲ
သူအဆိုးဆံုးပဲ...."
" ဒီေနရာမွာ ရွိေနတဲ့ ex ေတြ? ဒီမွာ တျခား ex ေတြလည္း ရွိတယ္ေပါ့...."
လင္း အ့ံအားသင့္ပံုနွင့္ေျပာေသာအခါ နကၡက္က မ်က္နွာေသေလးနွင့္ ဟိုဟိုဒီဒီ လက္ညႇိဳးထိုးျပသည္။
" ဟိုဘက္မွာတစ္ေယာက္....ဟုိက စကပ္ေလးနဲ႔တစ္ေယာက္...ဟုိဘက္က ပုလင္းလိုက္ေမာ့ေနတဲ့တစ္ေယာက္...
ဟုိနားမွာက တစ္ေယာက္...."
" ဝိုး...ဝိုး...ေနပါဦး....ရည္းစားေတြ အဲ့ေလာက္မ်ားတာလား..."
" ရည္းစားေဟာင္းေတြပါ....ခုနက ေျပာတာေတြက
အကုန္မဟုတ္ေသးဘူး....ဆယ္ပံုတစ္ပံုပဲရွိတယ္....အခုေတာ့ သူတို႔က ေအးေဆးပါပဲ.."
"သူတို႔နဲ႔တြဲေတာ့ ကုိႀကီးက အရင္ျဖတ္လိုက္တာလား...
ဒီတိိုင္း မတြဲခ်င္ေတာ့လို႔ ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ေလ..."
"ငါ အရင္ျဖတ္တာေတာ့ ဟုတ္တယ္...ဒါေပမဲ့
အေၾကာင္းျပခ်က္ကုိေတာ့ လွေအာင္ေပးပါတယ္....
တစ္ေယာက္တည္းေနခ်င္လို႔...မအားလို႔....မင္း ငါ့ထက္
ေကာင္းတဲ့လူနဲ႔ေတြ႕မွာပါ...ဘလာ ဘလာ ေပါ့"
" ကုိႀကီး... မေကာင္းတဲ့လူပဲ...."
လင္း...ရႈံ႕မဲ့ၿပီးေျပာေသာအခါ နကၡက္က မ်က္ေမွာင္ၾကဳတ္သည္...
" ငါက ေကာင္းပါတယ္...ငါ ဘာလုပ္လို႔လဲ...."
" မိန္းကေလးေတြရဲ႕အခ်စ္ကုိ သြားကစားတယ္ေလ...
ဒါလား...အသည္းႏုတဲ့လူက...။သူမ်ားရဲ႕အသည္းေတြလိုက္ခဲြ
ၿပီးေတာ့...။ အဲ့တာ တစ္ေန႔ဝဋ္ျပန္လည္လိမ့္မယ္ "
လင္း၏ စကားအဆံုးတြင္ နကၡက္က ခါးခါးသီးသီး
ျငင္းဆိုေလသည္။
"ဟ...ငါက တြဲခဲ့ေပမဲ့ သူတို႔ကို တကယ္မခ်စ္သလို...
သူတို႔ကလည္း ငါ့ကုိ တကယ္မႀကိဳက္ပါဘူး....
ဒါက ႏွစ္ဦးသေဘာတူ အေပ်ာ္တြဲတာလို႔ေခၚတယ္....
ဒီအ႐ြယ္မွာ အကုန္လံုးက စိတ္ကစားေနၾကတာ....
ကံေကာင္းသူအနည္းငယ္ကပဲ တကယ္ႀကိဳက္သြားတာ....
ကံေကာင္းသူထဲ ငါမပါရံုပဲ..."
" အဲ့ေတာ့ ကုိႀကီးက တကယ္ခ်စ္တဲ့သူကို မရွာေတာ့ဘူးလား..."
" တကယ္ခ်စ္တဲ့သူကုိ လိုက္ရွာစရာမလိုဘူး....ငါ့အတြက္
မွန္ကန္တဲ့သူက သူ႔ဟာသူေရာက္လာလိမ့္မယ္...."
"ဒီအ႐ြယ္မွာ ကုိႀကီးတြဲမိတဲ့လူက မွန္ကန္တဲ့သူဆိုရင္ေရာ...
စိတ္ကစားတာဆိုၿပီး ပစ္ခ်မွာပဲလား...."
" သူက မွန္ကန္တဲ့သူလို႔ခံစားမိရင္ ငါလက္မလႊတ္ေတာ့ဘူးေပါ့...ဒါေပမဲ့ ဘယ္အရာမွ အေျပာေစာလို႔ မရဘူး....
အနာဂတ္မွာ ညားမညား ဘယ္သူမွ မေျပာနိုင္ဘူး...."
" ညား မညားက ကာယကံရွင္ေပၚပဲ မူတည္တာပါ...
တကယ္ခ်စ္ၿပီးေတာ့ တစ္ဘဝလံုးအတြက္ ရည္႐ြယ္တယ္ဆိုရင္ အခ်ိန္ေတြ ဘယ္ေလာက္ၾကာၾကာ တည္ၿမဲေနမွာ လို႔ ကြၽန္ေတာ္ထင္တယ္ "
လင္း၏ စကားအဆံုးတြင္ နကၡက္က ဘီယာတစ္ခြက္ကို
ေမာ့ေသာက္လိုက္သည္။ ထို႔ေနာက္ ေလသံေအးေလးနွင့္
ေျပာသည္....
" ဘဝနဲ႔ခ်ီၿပီးေျပာရင္ အသက္ရွဴက်ပ္ခ်င္စရာေကာင္းတယ္...
အနာဂတ္ဆိုတာ ေနာင္ခါေနာင္လာေစ်းပဲ....."
ထိုစကားသည္ လင္း၏ ဦးေနွာက္အတြင္းသို႔ ေရာက္ရွိသြားၿပီး
အခ်က္ေပးသံမ်ား ဆူညံသြားေစသည္...
ဒီစကားက...
White ေျပာခဲ့ဖူးတယ္....
White ေျပာခဲ့တာနဲ႔ တစ္ေထရာတည္းပဲ.....
လင္း...အေတြးမ်ားနွင့္ တိတ္ဆိတ္သြားစဥ္တြင္ နကၡက္က
ဆက္ေျပာေနသည္....
" အခု ပစၥဳပၸန္အခ်ိန္မွာ ငါသေဘာက်တဲ့ လူတစ္ေယာက္ရွိတယ္...ငါသူ႔ကုိခ်စ္တယ္ ထင္တာပဲ...ဒါေပမဲ့မသိပါဘူး...
ငါ့ဟာငါေတာင္ မေသခ်ာဘူး.....သူ႔အေပၚစိတ္ကစားတာလည္းျဖစ္နိုင္ပါတယ္.....သူက ထူးျခားတယ္....ငါႀကိဳက္ဖူးတဲ့လူေတြနဲ႔လံုးဝ မတူဘူး....ဒါေပမဲ့ တစ္ဘဝလံုးအတြက္ စဥ္းစားလို္က္ရင္ ငါ သူ႔ကိုရဖို႔အမ်ားႀကီး ေက်ာ္ျဖတ္ရမွာ...သိလား....။ အိမ္နဲ႔အတိုက္အခံလုပ္ရမယ္...သူငယ္ခ်င္းေတြနဲ႔ရန္ျဖစ္ရမယ္....။ငါက အဲ့လို ခက္ခဲတဲ့အရာဆို လုပ္ခ်င္တဲ့အေကာင္မဟုတ္ဘူး....အဲ့လို အနာဂတ္ကုိႀကိဳၿပီး အမ်ားႀကီးစဥ္းစားမိတာ over thinking ပဲ....အဲ့တာေၾကာင့္ ငါ...အနာဂတ္ကုိ ႀကိဳစဥ္းစားရမွာ မုန္းတာ.....ဘာပဲေျပာေျပာ...လက္ရွိအခ်ိန္တြင္းမွာေတာ့ ငါသူ႔ကုိ အမ်ားႀကီးသေဘာက်ေပးမယ္....သူေပ်ာ္ေအာင္ အကုန္လုပ္ေပးမယ္...။ဒါေပမဲ့ သူ႔ေရွ႕ကို ထြက္လာမွာ မဟုတ္ဘူး.....သူ႔အေရွ႕ကိုထြက္လာျဖစ္ရင္လည္း ထြက္ျဖစ္မွာေပါ့...မသိဘူး...။ အစီအစဥ္မရွိတာက အေကာင္းဆံုး အစီအစဥ္တစ္ခုပဲေလ..."
နကၡက္က အေျခာက္တိုက္ရယ္ေမာေျပာဆိုရင္း ဘီယာပုလင္းကုိမ၍ ခြက္ထဲသို႔ ေလာင္းထည့္သည္။ ဘီဟာတစ္စက္မွ
မက်လာေတာ့ေခ်....နကၡက္သည္ လက္ေထာင္၍
စားပြဲထိုးကုိ ထပ္ေခၚမည္ျပဳလိုက္သည္....
" ကုိႀကီး မူးေနၿပီ...မေသာက္နဲ႔ေတာ့..."
နကၡက္၏ လက္ကုိ ဆြဲခ်လိုက္လ်က္ လင္း ေျပာလိုက္သည္။
" ေနာက္ တစ္ပုလင္းေလာက္ အသာေလးရေသးတယ္..."
"ကားေမာင္းရမွာ...."
"ေအးပါ..ေအးပါ...."
နကၡက္က သက္ျပင္းခ်လိုက္ကာ ဘာမွမေျပာေတာ့ဘဲ
ၿငိမ္ၿငိမ္ေလး ထိုင္ေနလိုက္ျပန္သည္။
လင္း သူ႔ကုိလွမ္းၾကည့္လိုက္သည္......
နကၡက္သည္ နႈတ္ခမ္းမ်ားၿပံဳးေနေသာ္လည္း သူ႔မ်က္ဝန္းက
ရီေဝမႈန္မႈိင္းေနသည္.....
လင္း ေခါင္းထဲတြင္ ေမးခြန္းမ်ား ဆက္တိုက္ေပၚလာသည္...
နကၡက္က ဘာေတြေျပာေနတာလဲ.....
ဘာလို႔ သူေျပာတဲ့စကားေတြက White နဲ႔တူေနတာလဲ....
လင္း၏ ရင္ထဲတြင္ သိခ်င္စိတ္ျဖင့္ ပ်ိဳ႕အင့္လာသည္...
" ကြၽန္ေတာ္ တစ္ခုေမးလို႔ရလား.. "
"အင္း...ေမးေလ...."
" ကုိႀကီး ဘာအေရာင္ႀကိဳက္လဲ...."
နကၡက္က ခဏတာ စဥ္းစားေနသည္။ လင္း...သူ႔ကုိ
သိခ်င္စိတ္ျပည့္ဝေနေသာ မ်က္လံုးမ်ားနွင့္ စိုက္ၾကည့္ေနမိသည္။
" အျဖဴေရာင္ ႀကိဳက္တယ္....ငါက အနက္ေရာင္ဝတ္တာ
မ်ားလို႔ အနက္ေရာင္ႀကိဳက္တယ္ ထင္ေနလို႔လား....."
နကၡက္၏ အေျဖေၾကာင့္ လင္း မ်က္လံုးမ်ားဝိုင္းစက္
ျပဴးက်ယ္သြားသည္....ရင္ထဲတြင္ စိတ္လႈပ္ရွားမႈနွင့္
ရင္ခုန္သံမ်ားျမန္ဆန္သြားသည္......
White က....
White က နကၡက္ညီလား....
မျဖစ္နိုင္ပါဘူး....
ဒါေပမဲ့ ျဖစ္ေနခဲ့ရင္ ဘယ္လိုလုပ္မလဲ......
************************************************************************