[Unicode]
ရှင်းယံ၏ လက်ချောင်းများသည် လင်း၏ အရှေ့ဆံပင်လေးမျအား တို့ထိကိုင်တွယ်နေ၏။ လင်း အသက်မရှူမိ....
သူနှင့်ရှင်းယံတို့သည် အလွန်တရာနီးကပ်နေသည်။
ရှင်းယံက လင်း၏ မျက်ဝန်းများကို ငေးကြည့်နေသည်။
ထို့နောက် သူ့၏ နှုတ်ခမ်းနှစ်လွှာသည် အတန်ငယ်ဟသွားသည်။
" မင်းရဲ့မျက်လုံးတွေက အညိုရောင်ပဲ ...."
ရှင်းယံက တစ်ခွန်းတည်းဆိုပြီး အနားမှ ခွာသွားသည်။
ထိုအခါမှ လင်း အသက်ရှူမိသည်။
" ဟုတ်တယ်...ကျွန်တော့်မျက်လုံးတွေက အနက်ရောင်
အစစ်ကြီးမဟုတ်ဘူး....ညိုတယ်"
" အညိုရောင်ကလှတယ်လို့ ထင်တာပဲ...."
ရှင်းယံက ပြုံး၍ပြောပြီးနောက် အအေးခွက်ကိုမ၍ သောက်နေသည်။ လင်းက ခုထိ ခုန်နေဆဲဖြစ်သောရင်ကို
တည်ငြိမ်အောင် ကြိုးစားနေရသည်။
ရှင်းယံအနားကပ်လာတော့ သူဘာကိုမျှော်လင့်နေခဲ့တာလဲ...
အနမ်းတစ်ခုလား.....
ဒါဟာ ရုပ်ရှင်လည်းမဟုတ်....
နှစ်ယောက်သားက အပြန်အလှန်ကြိုက်နေခြင်းလည်းမဟုတ်.....
တော်တော်ရူးနှမ်းတဲ့အတွေးတစ်ခုပဲ.....
လင်း...ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရမ်းရမ်းရင်း စာအုပ်တွေကိုသာရွေးချယ်နေလိုက်သည်။
************************************************************************
" နင့်ကို ခွန်စိုင်းက ရုပ်ရှင်ကြည့်မလားလို့မေးတယ် ?"
နိုးနိုး၏ အသံက ကျယ်သွားသဖြင့် ရိပ်က နိုးနိုး၏ ပါးစပ်ကို
လှမ်းပိတ်သည်။
" တိုးတိုးပြောလေ...."
" အေး...မေ့သွားလို့..."
နိုးနိုးက ထိုအခါမှ အသံကို နှိမ့်၍ပြန်ပြောသည်။
" အဲ့တော့ နင်က ဘာပြန်ပြောလိုက်လဲ...."
ရိပ်က ပန်းနုရောင်သန်းသွားသော မျက်နှာနှင့် ခေါင်းကိုငုံ့ရင်း....
"ငါကတော့ ကြည့်ချင်တာပေါ့ဟ...နင်ကလည်း..."
ဟု မပွင့်တပွင့်ပြောလေသည်။ တစ်ဆက်တည်းမှာပင်...
" ဒါပေမဲ့ သူငယ်ချင်းတွေပါ ခေါ်မယ်ပြောလိုက်တယ်...
လင်းလည်း စိုင်းရှင်းယံနဲ့တွေ့ရအောင်လို့လေ....
ခွန်စိုင်းကိုလည်း သူငယ်ချင်းတွေခေါ်ခဲ့လို့ပြောလိုက်တယ်..."
" အိုး...တော်လိုက်တဲ့ ရိပ်လေး...သူငယ်ချင်းအတွက်ပါ
တွေးပေးတတ်တာပဲ..."
" တကယ်တော့ ငါပြောစရာတောင်မလိုဘူး.....
နက္ခက်က သူငယ်ချင်းနှစ်ဖွဲ့တူတူသွားဖို့ ပြောပြီးသားတဲ့..."
" နက္ခက်ညီကလား..."
" ဟုတ်တယ်...."
" ဒါနဲ့ ရုပ်ရှင်လက်မှတ်က ဝယ်ပြီးပြီလား...."
" မဝယ်ရသေးဘူး.....ငါက ငါ့သူငယ်ချင်းတွေ
အကုန် လိုက်... မလိုက်ပြန်ပြောမယ် ဆိုပြီး ပြောထားလို့"
" ရုပ်ရှင်လက်မှတ်ကို ငါဝယ်ပေးမယ် လို့ပြောလိုက်...."
" နင် ဘာအကြံရှိလို့လဲ"
နိုးနိုးအကြောင်းနောကျေနေပြီဖြစ်သော ရိပ်က ချက်ချင်းပင်
ပြန်မေးလိုက်သည်။ နိုးနိုးက သူမအကြံတစ်ခုရရင်
ပြုလေးရှိသည့်အတိုင်း မျက်လုံးကိုစင်း၍ နှုတ်ခမ်းကို ပြုံးလိုက်သည်။
" ဒီလိုလေဟာ....တကယ်လို့ ငါတို့အကုန် တစ်တန်းထဲ
ထိုင်ရင် နင်နဲ့ ခွန်စိုင်းကို အလယ်မှာတူတူထားရမှာ
အသေအချာပဲ...ဒါဆို လင်းက စိုင်းရှင်းယံအနား မရောက်တော့ဘူး....ဒါကြောင့် ခွန်စိုင်းနဲ့ နင်လည်းပြေအောင်....
လင်းကိုလည်း စိုင်းရှင်းယံနားပို့ရအောင် ငါကြံမယ်...."
************************************************************************
Shopping centre ထဲသို့ရောက်သည်နှင့်
လင်းသုခတ်...နိုးနိုး...သုတနှင့် ဗညားတို့ ရုပ်ရှင်ရုံရှိရာဆီသို့ပင် တန်းသွားကြသည်။ ရိပ်နှင့် ခွန်စိုင်းတို့က
မုန့်ဆိုင်တစ်ဆိုင်မှာ အတူတူ အရင်ဝင်စားပြီးမှ လာကြခြင်းဖြစ်၍ ရုံရှေ့တွင် ဦးစွာရောက်နေကြသည်။ နိုးနိုးတို့
ရောက်လာသည်ကို မြင်သောအခါ ရိပ်က လက်ပြ၍ လှမ်းခေါ်သည်။
" နိုးနိုး...သုတ...."
နိုးနိုးသည် ရိပ်အနားသို့ ပြေးသွားသည်။ နိုးနိုး အနောက်မှ
သုတ...ဗညားနှင့် လင်းတို့လည်း ပါသွားကြသည်။
" နိုးနိုး...ရုပ်ရှင်လက်မှတ်တွေရော...."
ရိပ်ပြောသောအခါ နိုးနိုးက
"ဟုတ်သားပဲ" ဟုဆိုပြီး သူမ၏ ဘေးလွယ်အိတ်ထဲမှ
လက်မှတ်များကိုထုတ်ပေးသည်။
" မနက်က အစောကြီးလာဝယ်ထားတာ...."
" တကူးတကလာလိုက် ရမှာပဲ...."
ခွန်စိုင်းကပြောတော့ နိုးနိုးက ရယ်ရင်း လက်ခါပြသည်။
" ရပါတယ်...ညီမအိမ်က ဒီနဲ့နီးနီးလေး...လမ်းလျှောက်လာရုံပဲ....လက်မှတ်ဖိုးတွေတော့ ပြန်ပေးရဦးမယ်နော်..."
" လက်မှတ်ဖိုးတွေ...အစ်ကိုမမေ့ပါဘူး...."
ခွန်စိုင်းက ပြောပြောဆိုဆိုနှင့် လက်ထဲကိုင်လာသော
ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံထုတ်ပေးသည်။
" ရိပ်အတွက် ကိုယ်ရှင်းပေးမယ်နော်...."
ခွန်စိုင်းက ရိပ်ကို ပြုံး၍ပြောပြီးနောက် လင်းသုခတ်အား
လှမ်းကြည့်သည်။
" လင်းသုခတ်အတွက် နက္ခက်က ပိုက်ဆံကြိုပေးသွားတယ်..."
" ကိုကြီးနက္ခက်ကလား...."
လင်း တအံ့တသြပြောလိုက်မိစဉ်တွင် နိုးနိုးက ခွန်စိုင်းလက်ထဲမှပိုက်ဆံကိုလှမ်းယူလိုက်ပြီး သူမအိတ်ထဲထည့်သည်။
" ကောင်းတာပေါ့...ငါ့ကိုလည်းရှင်းပေးမယ့်လူရှိရင်
ကောင်းမှာပဲကို....သုတ..နင်ပေးမလား...
ဗညားရော....? လက်မှတ်ဖိုးက လေးထောင်ပဲလေ...
တစ်ယောက်နှစ်ထောင်ဆီပေးရင် ရတယ်..."
သုတနှင့် ဗညားက ခေါင်းကို တွင်တွင်ခါသည်။ နိုးနိုး
မျက်နှာရှုံ့မဲ့သွားသည်။
" ဒါနဲ့...ကိုကြီးနက္ခက်က ကြိုပေးသွားတယ်ဆိုတော့
သူတို့က အရင်ရောက်နေတာလား...သူတို့ အခု ဘယ်မှာလဲ...."
လင်း မေးလိုက်သောအခါ ခွန်စိုင်းကပြန်ဖြေ၏။
" သူတို့က မုန့်သွားဝယ်မယ်ဆိုပြီး သွားကြတယ်....
ပြန်လာတော့မှာပါ...ဟော...ပြောရင်းဆိုရင်း...ဟိုမှာ
ရောက်လာပြီ...."
လင်း...အနောက်သို့လှည့်ကြည့်လိုက်သောအခါ
နက္ခက်....ရှင်းယံ နှင့် ဖြိုးသတ္တိ တို့ လျှောက်လာနေသည်ကို
တွေ့လိုက်ရသည်။ နက္ခက်၏ လက်နှစ်ဖက်တွင်
မုန့်များအပြည့်နှင့် အိတ်နှစ်လုံးကို ကိုင်ဆွဲထားသည်။
" နာနတ်သီးလေး...ရောက်နေပြီပဲ...."
နက္ခက်၏အော်ခေါ်သံအဆုံးတွင် လင်း...ကိုယ့်မျက်နှာကိုယ်
လက်ဖြင့်အုပ်လိုက်မိသည်။
တကယ်ပဲ....နာမည်ပြောင်တွေပဲ လိုက်ခေါ်နေတော့မှာလား....
" မင်းတို့က ရုပ်ရှင်ကြည့်မှာလား...မုန့်စားမှာလား....
ဒါမှမဟုတ် ရုံထဲမှာ မုန့်လိုက်ရောင်းမလို့ ကြံစည်နေတာလား...."
ခွန်စိုင်းက များပြားလှသော မုန့်ထုပ်များကိုလက်ညှိုးထိုးလျက်
ရယ်၍ပြောလေသည်။
" ငါရယ် ဖြိုးရယ် ဝယ်တာ တစ်ခုနှစ်ခုပဲ...ကျန်တာ
နက္ခက် ဝယ်တာ...သူ့ကိုပြော...."
ရှင်းယံက ဖြေရှင်းချက်ပေးသည်။ နက္ခက်က ပြီတီတီမျက်နှာထားနှင့် ပြုံးနေသည်။
" လင်းအတွက် ဝယ်လာတယ်ဆိုပေမဲ့ မင်းတို့အားလုံး
ယူစားလို့ရပါတယ်....ပိုရင် ငါအိမ်သယ်သွားမှာပေါ့...."
နက္ခက်၏ စကားကြောင့် လင်း မျက်လုံးပြူးသွားသည်။
ရှင်းယံကို လှမ်းကြည့်လိုက်တော့ ရှင်းယံက
ဘာမှမဖြစ်သလို ပုံစံမျိုးနှင့် တည်ငြိမ်နေသည်။
" ဘာလို့ ကျွန်တော့်ကို တရားခံရှာနေရတာလဲ...."
" မင်းအတွက်ဝယ်လာတာ ဟုတ်တာပဲကို....ဘာကြိုက်တတ်မှန်းမသိလို့ ဟိုဟိုဒီဒီ လျှောက်ဝယ်လာခဲ့တယ်...."
နက္ခက်က ပါးချိုင့်လေးများပေါ်အောင်ပြုံး၍ ပြောပြန်သည်။
နိုးနိုးသည် လင်း၏ အနားသို့တိုးကပ်လာ၍ လင်းတစ်ယောက်တည်းကြားအောင် တိုးတိုးလေးကပ်ပြောသည်။
" တစ်စုံတစ်ယောက်ကတော့ အပြင်းအထန်ကြိုးစားနေပုံပဲ"
လင်း...နိုးနိုးကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ရိပ်ကော ဘာစားချင်လဲ....ကိုယ်ဝယ်ပေးမယ်လေ..."
ခွန်စိုင်းက ရိပ်ကိုမေးသည်။ ရိပ်လည်း နက္ခက်နှင့် လင်းတို့ကို
မှင်သေသေကြည့်နေရာမှ....အသိပြန်ဝင်လာကာ...
" ရိပ်က ရုပ်ရှင်ကြည့်ရင် သိပ်မစားတတ်လို့
ပေါက်ပေါက်လောက်ပဲ...."
" ဒါဆို သွားဝယ်ရအောင်...."
ခွန်စိုင်းက ရိပ်ကို ပေါက်ပေါက်ရောင်းရာဌာနသို့ ဆွဲခေါ်သွားသည်။ နိုးနိုးလည်း သုတနှင့်ဗညားဘက်သို့ လှည့်၍....
" ငါလည်း Sugar Daddy တစ်ယောက်ရှာမှထင်တယ်"
ဟု ဟာသလိုလို ရယ်သံနှော၍ ပြောလိုက်သည်။
************************************************************************
"ရုပ်ရှင်လက်မှတ်က တစ်တန်းထဲ ကိုးခုံ ဝယ်မရလို့ နှစ်တန်းခွဲပြီး ဝယ်လိုက်ရတယ်...."
ထိုအရာသည် နိုးနိုး၏ အကြံပင်ဖြစ်ပါသည်။ သူမသည် ရှေ့ဆုံးမှ ဦးဆောင်သွားပြီး ဝယ်ထားသော ထိုင်ခုံများရှိရာ အတန်းနှစ်တန်းရှေ့ ရောက်သောအခါ ရပ်လိုက်သည်။
" အရှေ့တန်းမှာ လေးခုံ....အနောက်တန်းမှာ ငါးခုံ....."
ထိုသို့ပြောပြီးနောက် နိုးနိုးသည် ဗညားနှင့် သုတတို့ကို
သိသိသာသာလှည့်ကြည့်လိုက်ပါသည်။ ဗညားက ခေါင်းငြိမ့်ပြလိုက်သည်။
" အစ်ကိုစိုင်း...လာ ...."
ချက်ချင်းပင် ဗညားက ရှင်းယံကိုဆွဲကာ အရှေ့တန်းသို့ ဝင်သွားသည်။ သူတို့နောက်မှ လင်းကလည်း အလျင်အမြန်
လိုက်ဝင်သွားသည်။ သုတသည် လင်း၏နောက်ကိုလိုက်၍
အရှေ့တန်းသို့ဝင်ရန် ဟန်ပြင်လိုက်သော်လည်း
နက္ခက်က သုတကို ဖြတ်တိုက်လိုက်ကာ သုတအစား
အရှေ့တန်းသို့ ဝင်သွားပေသည်။ ထို့ကြောင့် သုတလည်း
အနောက်တန်းသို့သာ ဝင်သွားလိုက်ရသည်။
လင်းသည် ရှင်းယံဘေးတွင် ဝင်ထိုင်မည်ပြုစဉ်မှာပဲ
ဘယ်ကနေရောက်လာမှန်းမသိသော မုန့်ထုပ်နှစ်ထုပ်နှင့်
နက္ခက်က လင်း၏ အင်္ကျီဂုတ်ကိုကိုင်လျက် လင်းကို အနောက်သို့ဆွဲလိုက်သည်။ ပြီးနောက် သူက ရှင်းယံ၏ ဘေးတွင်
ဦးစွာ ဝင်ထိုင်လိုက်လေသည်။
လင်း...ဒေါသထွက်စွာ ကြည့်လိုက်တော့ နက္ခက်က
ခပ်ပြုံးပြုံးပင်...
" ဘေးမှာ ထိုင်လိုက်ပါ...."
ဟုဆိုလေသည်။ လင်း...ကြိတ်မနိုင်ခဲမရနှင့်ပင် နက္ခက်၏
ဘေးတွင် ဝင်ထိုင်လိုက်ရသည်။
ဤသို့ဖြင့် အနောက်တန်းတွင်
သုတ...နိုးနိုး....ရိပ်...ခွန်စိုင်း....ဖြိုး
အရှေ့တန်းတွင်
ဗညား...ရှင်းယံ....နက္ခက် နှင့် လင်း
တို့အစဉ်လိုက် ထိုင်လိုက်ကြရသည်။
ဗညားနှင့်လင်း လည်း နေရာမပြောင်းရဲ....
ထိုအခါ နက္ခက်ကလည်း ရှင်းယံနှင့် နေရာလိုက်ပြောင်းမည်က အသေအချာပင်.....
လင်း၏ စိတ်ထဲမှနေ၍ နက္ခက်ကို ကျိန်ဆဲနေမိသည်။
" ရော့....မုန့်ထုပ်တစ်ထုပ်ယူထား....ငါ ဒီနှစ်ထုပ်နဲ့
ထိုင်စရာမရှိတော့ဘူး....."
နက္ခက်က ပြောရင်းဆိုရင်း မုန့်ထုပ်တစ်ထုပ်ကို လင်း၏
ပေါင်ပေါ်သို့ ပစ်တင်လိုက်သည်။ လင်း...စိတ်ထဲ ထောင်းခနဲ...။ နက္ခက်အား ရန်တွေ့ရန် ပါးစပ်ဟလိုက်စဉ်
ပိတ်ကားထက်၌ နိုင်ငံတော်အလံပေါ်လာသဖြင့်
မတ်တပ်ထကာ အလေးပြုရသေးသည်။
" ဘယ်သူက ဒါတွေ ဝယ်ခိုင်းလို့လဲ...."
ပြန်ထိုင်နေရင်း နက္ခက်ကို လင်း...အသံတိုးတိုးဖြင့်
ရန်တွေ့လိုက်သည်။
" ငါက မင်းအတွက် စေတနာနဲ့လည်း ဝယ်လာရသေးတယ်...အခုထဲက ကြိုက်တဲ့မုန့်ကိုဖောက်စားနေလိုက်....
ရုပ်ရှင်ပြီးတာတောင် ဒါတွေက ကုန်ချင်မှကုန်မှာ...."
" အဲ့တာကြောင့် ဘာလို့ ဒီလောက်အများကြီး...ဝယ်...."
ရှင်းယံသည် လင်းဘက်သို့ လှည့်ကြည့်လာသဖြင့်
လင်း၏ ပါးစပ်ပိတ်သွားကာ ချက်ချင်းပင် ချိုသာစွာ ပြုံးလိုက်သည်။
" အဲ့ထဲက ရေညှိအသားကပ်ကြော်ထုပ်လေး ပေးပါလား..."
"ဟုတ်..."
ရှင်းယံ၏ စကားကို လင်း...မကြာစေရ။ ပြုံးဖြီးနေသော
မျက်နှာကြီးနှင့် အိတ်ထဲ ခေါင်းဝင်မတတ် ပြူးပြဲရှာလေသည်။ ပြီးနောက် မုန့်ထုပ်ကို ရှင်းယံကို လှမ်းပေးသည်။
" နောက်ထပ်စားချင်သေးတာ ရှိရင် ပြောနော်..."
ပုရွက်ဆိတ်တက်တော့မည့်လေသံနှင့် ပြောနေသော
လင်းကို ကြည့်ရင်း နက္ခက် မျက်နှာကြီး ညှို့မှိုင်းသွားသည်။
" အဲ့တာ ငါဝယ်လာတာနော်...."
"အများကြီးကို ကျွန်တော်တစ်ယောက်ထဲစားရင်လည်း
ကုန်မှာမဟုတ်ဘူးလေ...ဝေမျှစားရမှာပေါ့"
လင်း၏ စကားကြောင့် နက္ခက်သည် မျက်မှောင်ကြုံ့ကာ
ပိတ်ကားထက်ကိုသာ ငေးကြည့်နေလိုက်သည်။
************************************************************************
" ကို့မှာ သွေးကင်ဆာရှိတာ ကျွန်မကိုဘာလို့ မပြောပြခဲ့ရတာလဲ...."
" ကိုယ်တောင်းပန်ပါတယ်....မင်းသိရင် ဝမ်းနည်းရမှာစိုးလို့...."
" အခုလို နောက်ကျမှသိရတော့ ကျွန်မ ပိုဝမ်းနည်းရတယ်..
...ကျွန်မ ကို့ကို လိုက်ရှာနေခဲ့ရတာ...."
ရုပ်ရှင်ထဲမှ မင်းသား မင်းသမီးတို့၏ ခံစားချက်အပြည့်နှင့်
အသံများသည် ရုံတစ်ခုလုံးကို လွှမ်းမိုးလျက်ရှိသည်။
ရုပ်ရှင်ကြည့်နေသောသူများသည် ရုပ်ရှင်ထဲတွင်သာ
စိတ်အာရုံလွင့်မျောနေကြသော်လည်း လင်းတစ်ယောက်တည်း ဂနာမငြိမ်နိုင်စွာ အလယ်ရှိနက္ခက်ကို ကျော်၍
ရှင်းယံကို လှမ်း လှမ်းကြည့်နေရသည်။ ရှင်းယံက
ခံစားချက်ဗလာနတ္ထိ မျက်နှာနှင့် ပိတ်ကားထက်ကို
ငေးကြည့်ရုံသာ ကြည့်နေသည်။ အမှောင်ထဲတွင်မို့
ရှင်းယံ၏မျက်နှာကိုတော့ သေချာမမြင်ရ။ ရှင်းယံထံမှ
အကြည့်ကိုပြန်လည်ရုတ်သိမ်းလိုက်စဉ် ကြားခံနယ်ရှိ
နက္ခက်၏ မျက်နှာကြီးက ဝင်လာသည်။
နက္ခက်က နှာတရှုံ့ရှုံ့နှင့်...
လင်း အံ့သြစွာမေးလိုက်သည်.....
" ငိုနေတာလား...."
နက္ခက်သည် မျက်ရည်အဝိုင်းသားနှင့် လှည့်ကြည့်လာသည်။
" ဒီလို ဝမ်းနည်းဖို့ကောင်းတဲ့အခန်းမှာ ငါကရယ်နေရမှာလား...ဘာလဲ...ငါ မငိုတတ်ဘူး ထင်နေတာလား...."
"အင်း...မငိုတတ်ဘူးထင်နေတာ...."
လင်း အံ့သြတကြီးလေသံဖြင့်ပြောလိုက်သောအခါ
နက္ခက်က မျက်ရည်များကို လက်ဖမိုးဖြင့် ဖိသုတ်ရင်း....
" ငါက အပြင်ပန်းမှာအသည်းမာတယ် ထင်ရပေမဲ့
တကယ်တမ်း အရမ်းအသည်းနုတဲ့လူပါ..."
ဟုဆိုလေသည်။ လင်း သူ့ကို ပါးစပ်အဟောင်းသားနှင့်
ကြည့်နေစဉ် ရှင်းယံက တစ်ရှူးတစ်ရွက်ကို နက္ခက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအခါ နက္ခက်က....
" ကျေးဇူး..."
ဟုဆိုပြီး သူ့မျက်ရည်သူ သုတ်နေလေသည်။
************************************************************************
" ဇာတ်လမ်းက ကောင်းပေမဲ့ sad ending ကြီးဆိုတော့ ရင်ထဲမကောင်းဘူး...."
နိုးနိုးက ဝမ်းနည်းသောမျက်နှာနှင့် အသံကိုဆွဲပြီးပြောသည်။
နိုးနိုး၏ ရုပ်ရှင်အပေါ်ထင်မြင်ချက်များကို သုတနှင့် ဗညားတို့က တိုင်ခံနားထောင်နေရသည်။ သူတို့အားလုံး...ရုပ်ရှင်ရုံထဲမှ ထွက်လာကြပြီးနောက် ရုံရှေ့တွင်ပင် ခေတ္တရပ်လိုက်ကြသည်။
" အစ်ကိုခွန့်ကို ဒီလောက်နဲ့ပဲ နှုတ်ဆက်ရတော့မယ်...
ရိပ်က နိုးနိုးအိမ်ကို ခဏလိုက်သွားမလို့...အဲ့တာ
နိုးနိုးနဲ့ပဲ ပြန်လိုက်တော့မယ်...."
ရိပ်က နိုးနိုး၏ လက်ကိုချိတ်လိုက်လျက် ခွန်စိုင်းကိုပြောသည်။
" ရတယ်လေ...နိုးနိုးရဲ့အိမ်ကို... ရိပ်ကော... နိုးနိုးကိုကော
အစ်ကို လိုက်ပို့ပါ့မယ်...."
" ကောင်းတယ်...ကောင်းတယ်...ဒါဆို ငါတို့ လမ်းလျှောက်စရာမလိုတော့ဘူး...."
နိုးနိုးက ကြားထဲမှ တက်ကြွစွာပြောလိုက်သည်။ ထိုအခါ
သုတကလည်း...
" ကျွန်တော်နဲ့ ဗညားနဲ့လည်း ပြန်တော့မယ်...လင်းရော
ငါတို့နဲ့လိုက်မှာလား..."
ဟု ခွန်စိုင်းကို ကြည့်နေရာမှ လင်းကိုလှည့်ကြည့်၍မေးသည်။
လင်းလည်း ခေါင်းငြိမ့်ပြီး သုတအနားသို့ သွားမည်ပြုစဉ်
နက္ခက်က လင်း၏ လက်ကိုကိုင်ဆွဲလိုက်လျက်
လင်းကို သူ့ဘက်သို့ ဆွဲလိုက်သည်။
" လင်းကို ငါလိုက်ပို့လိုက်မယ်...."
လင်း...သုတကို အားကိုးတကြီးမျက်လုံးများနှင့် လှမ်းကြည့်မိလိုက်သည်။
" ရပါတယ်...လင်းက ကျွန်တော်တို့နဲ့ပဲ...."
" ခတ်ကို ငါလိုက်ပို့မယ်...."
ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်ချက်သားကောင်းနေသည့်
ရှင်းယံထံမှ လေးနက်တည်ကြည်၍ ပြတ်သားသောအသံသည် တိခနဲထွက်ပေါ်လာသည်။ ရှင်းယံ၏ မျက်နှာက
မရယ်မပြုံး....သူ့မျက်ဝန်းများက လေးနက်တည်ငြိမ်နေသည်။ သူသည် လင်း၏ ကျန်လက်တစ်ဖက်ကို ကိုင်ဆွဲလိုက်သည်။
ယခု လင်း၏ အခြေအနေမှာ ညာလက်ကိုနက္ခက်က
ကိုင်ထား၍ ဘယ်လက်ကို ရှင်းယံက ကိုင်ထားလေသည်....
နက္ခက်က သွားများပေါ်အောင် ရယ်လိုက်သည်....
" မင်းလိုက်ပို့ရင် မင်း တကူးတကဖြစ်နေပါဦးမယ်.....
အဲ့တာကြောင့် ငါပဲလိုက်ပို့လိုက်ပါ့မယ်...."
နက္ခက်က လင်းကို သူ့ဘက်သို့ ပိုဆွဲလိုက်သည်။
တစ်ဖက်မှ ရှင်းယံကလည်း လင်း၏ လက်ကိုမလွှတ်သေး....
" ငါ့အိမ်က ခတ်ရဲ့အိမ်နဲ့ နီးနီးလေး...မင်းက ပိုပြီး တကူးတကဖြစ်မှာ မဟုတ်ဘူးလား....."
ရှင်းယံ၏ စကားအဆုံးတွင် နက္ခက်၏ မျက်နှာသည် ပြုံးနေရာမှတည်သွားသည်။ သူ..ရှင်းယံကို စိုက်ကြည့်လိုက်သည်။
ရှင်းယံကလည်း ခပ်တည်တည်မျက်နှာထားနှင့်ပင်
ပြန်လည်စိုက်ကြည့်နေသည်။
ကြားထဲမှ လင်းကတော့ မျက်လုံးအဝိုင်းသားနှင့်
ဟိုဘက်ကြည့်လိုက်...ဒီဘက်ကြည့်လိုက်.......
ထိုအဖြစ်ကိုကြည့်ရင်း နိုးနိုးသည် ခေါင်းခါလိုက်လျက်
တိုးညှင်းစွာ ရေရွတ်လိုက်သည်။
" Oh my god....."
************************************************************************
[Zawgyi]
ရွင္းယံ၏ လက္ေခ်ာင္းမ်ားသည္ လင္း၏ အေရွ႕ဆံပင္ေလးမ်အား တို႔ထိကိုင္တြယ္ေန၏။ လင္း အသက္မရွဴမိ....
သူနွင့္ရွင္းယံတို႔သည္ အလြန္တရာနီးကပ္ေနသည္။
ရွင္းယံက လင္း၏ မ်က္ဝန္းမ်ားကုိ ေငးၾကည့္ေနသည္။
ထို႔ေနာက္ သူ႔၏ နႈတ္ခမ္းနွစ္လႊာသည္ အတန္ငယ္ဟသြားသည္။
" မင္းရဲ႕မ်က္လံုးေတြက အညိဳေရာင္ပဲ ...."
ရွင္းယံက တစ္ခြန္းတည္းဆိုၿပီး အနားမွ ခြာသြားသည္။
ထိုအခါမွ လင္း အသက္ရွဴမိသည္။
" ဟုတ္တယ္...ကြၽန္ေတာ့္မ်က္လံုးေတြက အနက္ေရာင္
အစစ္ႀကီးမဟုတ္ဘူး....ညိဳတယ္"
" အညိဳေရာင္ကလွတယ္လို႔ ထင္တာပဲ...."
ရွင္းယံက ၿပံဳး၍ေျပာၿပီးေနာက္ အေအးခြက္ကိုမ၍ ေသာက္ေနသည္။ လင္းက ခုထိ ခုန္ေနဆဲျဖစ္ေသာရင္ကုိ
တည္ၿငိမ္ေအာင္ ႀကိဳးစားေနရသည္။
ရွင္းယံအနားကပ္လာေတာ့ သူဘာကုိေမ်ွာ္လင့္ေနခဲ့တာလဲ...
အနမ္းတစ္ခုလား.....
ဒါဟာ ရုပ္ရွင္လည္းမဟုတ္....
နွစ္ေယာက္သားက အျပန္အလွန္ႀကိဳက္ေနျခင္းလည္းမဟုတ္.....
ေတာ္ေတာ္ရူးနွမ္းတဲ့အေတြးတစ္ခုပဲ.....
လင္း...ကိုယ့္အေတြးနဲ႔ကိုယ္ ရွက္ရမ္းရမ္းရင္း စာအုပ္ေတြကုိသာေ႐ြးခ်ယ္ေနလိုက္သည္။
************************************************************************
" နင့္ကုိ ခြန္စိုင္းက ရုပ္ရွင္ၾကည့္မလားလို႔ေမးတယ္ ?"
နိုးနိုး၏ အသံက က်ယ္သြားသျဖင့္ ရိပ္က နိုးနိုး၏ ပါးစပ္ကုိ
လွမ္းပိတ္သည္။
" တိုးတိုးေျပာေလ...."
" ေအး...ေမ့သြားလို႔..."
နိုးနိုးက ထိုအခါမွ အသံကုိ နိွမ့္၍ျပန္ေျပာသည္။
" အဲ့ေတာ့ နင္က ဘာျပန္ေျပာလိုက္လဲ...."
ရိပ္က ပန္းႏုေရာင္သန္းသြားေသာ မ်က္နွာနွင့္ ေခါင္းကုိငံု႔ရင္း....
"ငါကေတာ့ ၾကည့္ခ်င္တာေပါ့ဟ...နင္ကလည္း..."
ဟု မပြင့္တပြင့္ေျပာေလသည္။ တစ္ဆက္တည္းမွာပင္...
" ဒါေပမဲ့ သူငယ္ခ်င္းေတြပါ ေခၚမယ္ေျပာလိုက္တယ္...
လင္းလည္း စိုင္းရွင္းယံနဲ႔ေတြ႕ရေအာင္လို႔ေလ....
ခြန္စိုင္းကုိလည္း သူငယ္ခ်င္းေတြေခၚခဲ့လို႔ေျပာလိုက္တယ္..."
" အိုး...ေတာ္လိုက္တဲ့ ရိပ္ေလး...သူငယ္ခ်င္းအတြက္ပါ
ေတြးေပးတတ္တာပဲ..."
" တကယ္ေတာ့ ငါေျပာစရာေတာင္မလိုဘူး.....
နကၡက္က သူငယ္ခ်င္းနွစ္ဖြဲ႕တူတူသြားဖို႔ ေျပာၿပီးသားတဲ့..."
" နကၡက္ညီကလား..."
" ဟုတ္တယ္...."
" ဒါနဲ႔ ရုပ္ရွင္လက္မွတ္က ဝယ္ၿပီးၿပီလား...."
" မဝယ္ရေသးဘူး.....ငါက ငါ့သူငယ္ခ်င္းေတြ
အကုန္ လိုက္... မလိုက္ျပန္ေျပာမယ္ ဆိုၿပီး ေျပာထားလို႔"
" ရုပ္ရွင္လက္မွတ္ကုိ ငါဝယ္ေပးမယ္ လို႔ေျပာလိုက္...."
" နင္ ဘာအႀကံရွိလို႔လဲ"
နိုးနိုးအေၾကာင္းေနာေက်ေနၿပီျဖစ္ေသာ ရိပ္က ခ်က္ခ်င္းပင္
ျပန္ေမးလိုက္သည္။ နိုးနိုးက သူမအႀကံတစ္ခုရရင္
ျပဳေလးရွိသည့္အတိုင္း မ်က္လံုးကုိစင္း၍ နႈတ္ခမ္းကုိ ၿပံဳးလိုက္သည္။
" ဒီလိုေလဟာ....တကယ္လို႔ ငါတို႔အကုန္ တစ္တန္းထဲ
ထိုင္ရင္ နင္နဲ႔ ခြန္စိုင္းကုိ အလယ္မွာတူတူထားရမွာ
အေသအခ်ာပဲ...ဒါဆို လင္းက စိုင္းရွင္းယံအနား မေရာက္ေတာ့ဘူး....ဒါေၾကာင့္ ခြန္စိုင္းနဲ႔ နင္လည္းေျပေအာင္....
လင္းကိုလည္း စိုင္းရွင္းယံနားပို႔ရေအာင္ ငါႀကံမယ္...."
************************************************************************
Shopping centre ထဲသို႔ေရာက္သည္နွင့္
လင္းသုခတ္...နိုးႏုိး...သုတနွင့္ ဗညားတို႔ ရုပ္ရွင္႐ံုရွိရာဆီသို႔ပင္ တန္းသြားၾကသည္။ ရိပ္ႏွင့္ ခြန္စိုင္းတို႔က
မုန္႔ဆိုင္တစ္ဆိုင္မွာ အတူတူ အရင္ဝင္စားၿပီးမွ လာၾကျခင္းျဖစ္၍ ရံုေရွ႕တြင္ ဦးစြာေရာက္ေနၾကသည္။ နိုးနိုးတို႔
ေရာက္လာသည္ကုိ ျမင္ေသာအခါ ရိပ္က လက္ျပ၍ လွမ္းေခၚသည္။
" နိုးနိုး...သုတ...."
နိုးနိုးသည္ ရိပ္အနားသို႔ ေျပးသြားသည္။ နိုးနိုး အေနာက္မွ
သုတ...ဗညားနွင့္ လင္းတို႔လည္း ပါသြားၾကသည္။
" နိုးနိုး...ရုပ္ရွင္လက္မွတ္ေတြေရာ...."
ရိပ္ေျပာေသာအခါ နိုးနိုးက
"ဟုတ္သားပဲ" ဟုဆိုၿပီး သူမ၏ ေဘးလြယ္အိတ္ထဲမွ
လက္မွတ္မ်ားကုိထုတ္ေပးသည္။
" မနက္က အေစာႀကီးလာဝယ္ထားတာ...."
" တကူးတကလာလိုက္ ရမွာပဲ...."
ခြန္စိုင္းကေျပာေတာ့ နိုးနိုးက ရယ္ရင္း လက္ခါျပသည္။
" ရပါတယ္...ညီမအိမ္က ဒီနဲ႔နီးနီးေလး...လမ္းေလ်ွာက္လာရံုပဲ....လက္မွတ္ဖိုးေတြေတာ့ ျပန္ေပးရဦးမယ္ေနာ္..."
" လက္မွတ္ဖိုးေတြ...အစ္ကုိမေမ့ပါဘူး...."
ခြန္စိုင္းက ေျပာေျပာဆိုဆိုနွင့္ လက္ထဲကိုင္လာေသာ
ပိုက္ဆံအိတ္ထဲမွ ပိုက္ဆံထုတ္ေပးသည္။
" ရိပ္အတြက္ ကိုယ္ရွင္းေပးမယ္ေနာ္...."
ခြန္စိုင္းက ရိပ္ကုိ ၿပံဳး၍ေျပာၿပီးေနာက္ လင္းသုခတ္အား
လွမ္းၾကည့္သည္။
" လင္းသုခတ္အတြက္ နကၡက္က ပိုက္ဆံႀကိဳေပးသြားတယ္..."
" ကုိႀကီးနကၡက္ကလား...."
လင္း တအ့ံတၾသေျပာလိုက္မိစဥ္တြင္ နိုးနိုးက ခြန္စိုင္းလက္ထဲမွပိုက္ဆံကုိလွမ္းယူလိုက္ၿပီး သူမအိတ္ထဲထည့္သည္။
" ေကာင္းတာေပါ့...ငါ့ကုိလည္းရွင္းေပးမယ့္လူရွိရင္
ေကာင္းမွာပဲကို....သုတ..နင္ေပးမလား...
ဗညားေရာ....? လက္မွတ္ဖိုးက ေလးေထာင္ပဲေလ...
တစ္ေယာက္နွစ္ေထာင္ဆီေပးရင္ ရတယ္..."
သုတနွင့္ ဗညားက ေခါင္းကုိ တြင္တြင္ခါသည္။ နိုးနိုး
မ်က္နွာရႈံ႕မဲ့သြားသည္။
" ဒါနဲ႔...ကုိႀကီးနကၡက္က ႀကိဳေပးသြားတယ္ဆိုေတာ့
သူတို႔က အရင္ေရာက္ေနတာလား...သူတို႔ အခု ဘယ္မွာလဲ...."
လင္း ေမးလိုက္ေသာအခါ ခြန္စိုင္းကျပန္ေျဖ၏။
" သူတို႔က မုန္႔သြားဝယ္မယ္ဆိုၿပီး သြားၾကတယ္....
ျပန္လာေတာ့မွာပါ...ေဟာ...ေျပာရင္းဆိုရင္း...ဟိုမွာ
ေရာက္လာၿပီ...."
လင္း...အေနာက္သို႔လွည့္ၾကည့္လိုက္ေသာအခါ
နကၡက္....ရွင္းယံ နွင့္ ၿဖိဳးသတၱိ တို႔ ေလ်ွာက္လာေနသည္ကုိ
ေတြ႕လိုက္ရသည္။ နကၡက္၏ လက္နွစ္ဖက္တြင္
မုန္႔မ်ားအျပည့္နွင့္ အိတ္နွစ္လံုးကုိ ကိုင္ဆြဲထားသည္။
" နာနတ္သီးေလး...ေရာက္ေနၿပီပဲ...."
နကၡက္၏ေအာ္ေခၚသံအဆံုးတြင္ လင္း...ကိုယ့္မ်က္နွာကိုယ္
လက္ျဖင့္အုပ္လိုက္မိသည္။
တကယ္ပဲ....နာမည္ေျပာင္ေတြပဲ လိုက္ေခၚေနေတာ့မွာလား....
" မင္းတို႔က ရုပ္ရွင္ၾကည့္မွာလား...မုန္႔စားမွာလား....
ဒါမွမဟုတ္ ရံုထဲမွာ မုန္႔လိုက္ေရာင္းမလို႔ ႀကံစည္ေနတာလား...."
ခြန္စိုင္းက မ်ားျပားလွေသာ မုန္႔ထုပ္မ်ားကုိလက္ညႇိဳးထိုးလ်က္
ရယ္၍ေျပာေလသည္။
" ငါရယ္ ၿဖိဳးရယ္ ဝယ္တာ တစ္ခုနွစ္ခုပဲ...က်န္တာ
နကၡက္ ဝယ္တာ...သူ႔ကုိေျပာ...."
ရွင္းယံက ေျဖရွင္းခ်က္ေပးသည္။ နကၡက္က ၿပီတီတီမ်က္နွာထားနွင့္ ၿပံဳးေနသည္။
" လင္းအတြက္ ဝယ္လာတယ္ဆိုေပမဲ့ မင္းတို႔အားလံုး
ယူစားလို႔ရပါတယ္....ပိုရင္ ငါအိမ္သယ္သြားမွာေပါ့...."
နကၡက္၏ စကားေၾကာင့္ လင္း မ်က္လံုးျပဴးသြားသည္။
ရွင္းယံကုိ လွမ္းၾကည့္လိုက္ေတာ့ ရွင္းယံက
ဘာမွမျဖစ္သလို ပံုစံမ်ိဳးနွင့္ တည္ၿငိမ္ေနသည္။
" ဘာလို႔ ကြၽန္ေတာ့္ကုိ တရားခံရွာေနရတာလဲ...."
" မင္းအတြက္ဝယ္လာတာ ဟုတ္တာပဲကို....ဘာႀကိဳက္တတ္မွန္းမသိလို႔ ဟိုဟိုဒီဒီ ေလ်ွာက္ဝယ္လာခဲ့တယ္...."
နကၡက္က ပါးခ်ိဳင့္ေလးမ်ားေပၚေအာင္ၿပံဳး၍ ေျပာျပန္သည္။
နိုးနိုးသည္ လင္း၏ အနားသို႔တိုးကပ္လာ၍ လင္းတစ္ေယာက္တည္းၾကားေအာင္ တိုးတိုးေလးကပ္ေျပာသည္။
" တစ္စံုတစ္ေယာက္ကေတာ့ အျပင္းအထန္ႀကိဳးစားေနပံုပဲ"
လင္း...နိုးႏုိးကုိ မ်က္ေစာင္းထိုးၾကည့္လိုက္သည္။
"ရိပ္ေကာ ဘာစားခ်င္လဲ....ကိုယ္ဝယ္ေပးမယ္ေလ..."
ခြန္စိုင္းက ရိပ္ကိုေမးသည္။ ရိပ္လည္း နကၡက္နွင့္ လင္းတို႔ကို
မွင္ေသေသၾကည့္ေနရာမွ....အသိျပန္ဝင္လာကာ...
" ရိပ္က ရုပ္ရွင္ၾကည့္ရင္ သိပ္မစားတတ္လို႔
ေပါက္ေပါက္ေလာက္ပဲ...."
" ဒါဆို သြားဝယ္ရေအာင္...."
ခြန္စိုင္းက ရိပ္ကုိ ေပါက္ေပါက္ေရာင္းရာဌာနသို႔ ဆြဲေခၚသြားသည္။ နိုးနိုးလည္း သုတနွင့္ဗညားဘက္သို႔ လွည့္၍....
" ငါလည္း Sugar Daddy တစ္ေယာက္ရွာမွထင္တယ္"
ဟု ဟာသလိုလို ရယ္သံေနွာ၍ ေျပာလိုက္သည္။
************************************************************************
"ရုပ္ရွင္လက္မွတ္က တစ္တန္းထဲ ကိုးခံု ဝယ္မရလို႔ ႏွစ္တန္းခြဲၿပီး ဝယ္လိုက္ရတယ္...."
ထိုအရာသည္ နိုးနိုး၏ အႀကံပင္ျဖစ္ပါသည္။ သူမသည္ ေရွ႕ဆံုးမွ ဦးေဆာင္သြားၿပီး ဝယ္ထားေသာ ထိုင္ခံုမ်ားရွိရာ အတန္းနွစ္တန္းေရွ႕ ေရာက္ေသာအခါ ရပ္လိုက္သည္။
" အေရွ႕တန္းမွာ ေလးခံု....အေနာက္တန္းမွာ ငါးခံု....."
ထိုသို႔ေျပာၿပီးေနာက္ နိုးနိုးသည္ ဗညားနွင့္ သုတတို႔ကုိ
သိသိသာသာလွည့္ၾကည့္လိုက္ပါသည္။ ဗညားက ေခါင္းၿငိမ့္ျပလိုက္သည္။
" အစ္ကုိစိုင္း...လာ ...."
ခ်က္ခ်င္းပင္ ဗညားက ရွင္းယံကုိဆြဲကာ အေရွ႕တန္းသို႔ ဝင္သြားသည္။ သူတို႔ေနာက္မွ လင္းကလည္း အလ်င္အျမန္
လိုက္ဝင္သြားသည္။ သုတသည္ လင္း၏ေနာက္ကုိလိုက္၍
အေရွ႕တန္းသို႔ဝင္ရန္ ဟန္ျပင္လိုက္ေသာ္လည္း
နကၡက္က သုတကုိ ျဖတ္တိုက္လိုက္ကာ သုတအစား
အေရွ႕တန္းသို႔ ဝင္သြားေပသည္။ ထို႔ေၾကာင့္ သုတလည္း
အေနာက္တန္းသို႔သာ ဝင္သြားလိုက္ရသည္။
လင္းသည္ ရွင္းယံေဘးတြင္ ဝင္ထိုင္မည္ျပဳစဥ္မွာပဲ
ဘယ္ကေနေရာက္လာမွန္းမသိေသာ မုန္႔ထုပ္နွစ္ထုပ္နွင့္
နကၡက္က လင္း၏ အက်ႌဂုတ္ကုိကိုင္လ်က္ လင္းကုိ အေနာက္သို႔ဆြဲလိုက္သည္။ ၿပီးေနာက္ သူက ရွင္းယံ၏ ေဘးတြင္
ဦးစြာ ဝင္ထိုင္လိုက္ေလသည္။
လင္း...ေဒါသထြက္စြာ ၾကည့္လိုက္ေတာ့ နကၡက္က
ခပ္ၿပံဳးၿပံဳးပင္...
" ေဘးမွာ ထိုင္လိုက္ပါ...."
ဟုဆိုေလသည္။ လင္း...ႀကိတ္မနိုင္ခဲမရနွင့္ပင္ နကၡက္၏
ေဘးတြင္ ဝင္ထိုင္လိုက္ရသည္။
ဤသို႔ျဖင့္ အေနာက္တန္းတြင္
သုတ...နိုးနိုး....ရိပ္...ခြန္စိုင္း....ၿဖိဳး
အေရွ႕တန္းတြင္
ဗညား...ရွင္းယံ....နကၡက္ နွင့္ လင္း
တို႔အစဥ္လိုက္ ထိုင္လိုက္ၾကရသည္။
ဗညားနွင့္လင္း လည္း ေနရာမေျပာင္းရဲ....
ထိုအခါ နကၡက္ကလည္း ရွင္းယံႏွင့္ ေနရာလိုက္ေျပာင္းမည္က အေသအခ်ာပင္.....
လင္း၏ စိတ္ထဲမွေန၍ နကၡက္ကုိ က်ိန္ဆဲေနမိသည္။
" ေရာ႕....မုန္႔ထုပ္တစ္ထုပ္ယူထား....ငါ ဒီနွစ္ထုပ္နဲ႔
ထိုင္စရာမရွိေတာ့ဘူး....."
နကၡက္က ေျပာရင္းဆိုရင္း မုန္႔ထုပ္တစ္ထုပ္ကုိ လင္း၏
ေပါင္ေပၚသို႔ ပစ္တင္လိုက္သည္။ လင္း...စိတ္ထဲ ေထာင္းခနဲ...။ နကၡက္အား ရန္ေတြ႕ရန္ ပါးစပ္ဟလိုက္စဥ္
ပိတ္ကားထက္၌ နိုင္ငံေတာ္အလံေပၚလာသျဖင့္
မတ္တပ္ထကာ အေလးျပဳရေသးသည္။
" ဘယ္သူက ဒါေတြ ဝယ္ခိုင္းလို႔လဲ...."
ျပန္ထိုင္ေနရင္း နကၡက္ကို လင္း...အသံတိုးတိုးျဖင့္
ရန္ေတြ႕လိုက္သည္။
" ငါက မင္းအတြက္ ေစတနာနဲ႔လည္း ဝယ္လာရေသးတယ္...အခုထဲက ႀကိဳက္တဲ့မုန္႔ကိုေဖာက္စားေနလိုက္....
ရုပ္ရွင္ၿပီးတာေတာင္ ဒါေတြက ကုန္ခ်င္မွကုန္မွာ...."
" အဲ့တာေၾကာင့္ ဘာလို႔ ဒီေလာက္အမ်ားႀကီး...ဝယ္...."
ရွင္းယံသည္ လင္းဘက္သို႔ လွည့္ၾကည့္လာသျဖင့္
လင္း၏ ပါးစပ္ပိတ္သြားကာ ခ်က္ခ်င္းပင္ ခ်ိဳသာစြာ ၿပံဳးလိုက္သည္။
" အဲ့ထဲက ေရညႇိအသားကပ္ေၾကာ္ထုပ္ေလး ေပးပါလား..."
"ဟုတ္..."
ရွင္းယံ၏ စကားကုိ လင္း...မၾကာေစရ။ ၿပံဳးၿဖီးေနေသာ
မ်က္နွာႀကီးနွင့္ အိတ္ထဲ ေခါင္းဝင္မတတ္ ျပဴးၿပဲရွာေလသည္။ ၿပီးေနာက္ မုန္႔ထုပ္ကုိ ရွင္းယံကုိ လွမ္းေပးသည္။
" ေနာက္ထပ္စားခ်င္ေသးတာ ရွိရင္ ေျပာေနာ္..."
ပု႐ြက္ဆိတ္တက္ေတာ့မည့္ေလသံနွင့္ ေျပာေနေသာ
လင္းကုိ ၾကည့္ရင္း နကၡက္ မ်က္နွာႀကီး ညႇိဳ႕မႈိင္းသြားသည္။
" အဲ့တာ ငါဝယ္လာတာေနာ္...."
"အမ်ားႀကီးကုိ ကြၽန္ေတာ္တစ္ေယာက္ထဲစားရင္လည္း
ကုန္မွာမဟုတ္ဘူးေလ...ေဝမ်ွစားရမွာေပါ့"
လင္း၏ စကားေၾကာင့္ နကၡက္သည္ မ်က္ေမွာင္ႀကံဳ႕ကာ
ပိတ္ကားထက္ကုိသာ ေငးၾကည့္ေနလိုက္သည္။
************************************************************************
" ကုိ႔မွာ ေသြးကင္ဆာရွိတာ ကြၽန္မကိုဘာလို႔ မေျပာျပခဲ့ရတာလဲ...."
" ကုိယ္ေတာင္းပန္ပါတယ္....မင္းသိရင္ ဝမ္းနည္းရမွာစိုးလို႔...."
" အခုလို ေနာက္က်မွသိရေတာ့ ကြၽန္မ ပိုဝမ္းနည္းရတယ္..
...ကြၽန္မ ကို႔ကုိ လိုက္ရွာေနခဲ့ရတာ...."
ရုပ္ရွင္ထဲမွ မင္းသား မင္းသမီးတို႔၏ ခံစားခ်က္အျပည့္နွင့္
အသံမ်ားသည္ ရံုတစ္ခုလံုးကုိ လႊမ္းမိုးလ်က္ရွိသည္။
ရုပ္ရွင္ၾကည့္ေနေသာသူမ်ားသည္ ရုပ္ရွင္ထဲတြင္သာ
စိတ္အာရံုလြင့္ေမ်ာေနၾကေသာ္လည္း လင္းတစ္ေယာက္တည္း ဂနာမၿငိမ္နိုင္စြာ အလယ္ရွိနကၡက္ကို ေက်ာ္၍
ရွင္းယံကို လွမ္း လွမ္းၾကည့္ေနရသည္။ ရွင္းယံက
ခံစားခ်က္ဗလာနတၳိ မ်က္နွာနွင့္ ပိတ္ကားထက္ကုိ
ေငးၾကည့္ရံုသာ ၾကည့္ေနသည္။ အေမွာင္ထဲတြင္မို႔
ရွင္းယံ၏မ်က္နွာကိုေတာ့ ေသခ်ာမျမင္ရ။ ရွင္းယံထံမွ
အၾကည့္ကုိျပန္လည္ရုတ္သိမ္းလိုက္စဥ္ ၾကားခံနယ္ရွိ
နကၡက္၏ မ်က္နွာႀကီးက ဝင္လာသည္။
နကၡက္က နွာတရႈံ႕ရႈံ႕နွင့္...
လင္း အ့ံၾသစြာေမးလိုက္သည္.....
" ငိုေနတာလား...."
နကၡက္သည္ မ်က္ရည္အဝိုင္းသားနွင့္ လွည့္ၾကည့္လာသည္။
" ဒီလို ဝမ္းနည္းဖို႔ေကာင္းတဲ့အခန္းမွာ ငါကရယ္ေနရမွာလား...ဘာလဲ...ငါ မငိုတတ္ဘူး ထင္ေနတာလား...."
"အင္း...မငိုတတ္ဘူးထင္ေနတာ...."
လင္း အ့ံၾသတႀကီးေလသံျဖင့္ေျပာလိုက္ေသာအခါ
နကၡက္က မ်က္ရည္မ်ားကုိ လက္ဖမိုးျဖင့္ ဖိသုတ္ရင္း....
" ငါက အျပင္ပန္းမွာအသည္းမာတယ္ ထင္ရေပမဲ့
တကယ္တမ္း အရမ္းအသည္းႏုတဲ့လူပါ..."
ဟုဆိုေလသည္။ လင္း သူ႔ကုိ ပါးစပ္အေဟာင္းသားနွင့္
ၾကည့္ေနစဥ္ ရွင္းယံက တစ္ရွဴးတစ္႐ြက္ကို နကၡက္၏ လက္ထဲသို႔ ထည့္ေပးလိုက္သည္။ ထိုအခါ နကၡက္က....
" ေက်းဇူး..."
ဟုဆိုၿပီး သူ႔မ်က္ရည္သူ သုတ္ေနေလသည္။
************************************************************************
" ဇာတ္လမ္းက ေကာင္းေပမဲ့ sad ending ႀကီးဆိုေတာ့ ရင္ထဲမေကာင္းဘူး...."
နိုးနိုးက ဝမ္းနည္းေသာမ်က္နွာနွင့္ အသံကိုဆြဲၿပီးေျပာသည္။
နိုးနိုး၏ ရုပ္ရွင္အေပၚထင္ျမင္ခ်က္မ်ားကုိ သုတနွင့္ ဗညားတို႔က တိုင္ခံနားေထာင္ေနရသည္။ သူတို႔အားလံုး...ရုပ္ရွင္ရံုထဲမွ ထြက္လာၾကၿပီးေနာက္ ရံုေရွ႕တြင္ပင္ ေခတၱရပ္လိုက္ၾကသည္။
" အစ္ကုိခြန္႔ကုိ ဒီေလာက္နဲ႔ပဲ နႈတ္ဆက္ရေတာ့မယ္...
ရိပ္က နိုးနိုးအိမ္ကုိ ခဏလိုက္သြားမလို႔...အဲ့တာ
နိုးနိုးနဲ႔ပဲ ျပန္လိုက္ေတာ့မယ္...."
ရိပ္က နိုုးနိုး၏ လက္ကိုခ်ိတ္လိုက္လ်က္ ခြန္စိုင္းကိုေျပာသည္။
" ရတယ္ေလ...နိုးႏုိးရဲ႕အိမ္ကို... ရိပ္ေကာ... နိုးနိုးကုိေကာ
အစ္ကုိ လိုက္ပို႔ပါ့မယ္...."
" ေကာင္းတယ္...ေကာင္းတယ္...ဒါဆို ငါတို႔ လမ္းေလ်ွာက္စရာမလိုေတာ့ဘူး...."
နိုးနိုးက ၾကားထဲမွ တက္ႂကြစြာေျပာလိုက္သည္။ ထိုအခါ
သုတကလည္း...
" ကြၽန္ေတာ္နဲ႔ ဗညားနဲ႔လည္း ျပန္ေတာ့မယ္...လင္းေရာ
ငါတို႔နဲ႔လိုက္မွာလား..."
ဟု ခြန္စိုင္းကုိ ၾကည့္ေနရာမွ လင္းကုိလွည့္ၾကည့္၍ေမးသည္။
လင္းလည္း ေခါင္းၿငိမ့္ၿပီး သုတအနားသို႔ သြားမည္ျပဳစဥ္
နကၡက္က လင္း၏ လက္ကိုကိုင္ဆြဲလိုက္လ်က္
လင္းကုိ သူ႔ဘက္သို႔ ဆြဲလိုက္သည္။
" လင္းကုိ ငါလိုက္ပို႔လိုက္မယ္...."
လင္း...သုတကုိ အားကုိးတႀကီးမ်က္လံုးမ်ားနွင့္ လွမ္းၾကည့္မိလိုက္သည္။
" ရပါတယ္...လင္းက ကြၽန္ေတာ္တို႔နဲ႔ပဲ...."
" ခတ္ကုိ ငါလိုက္ပို႔မယ္...."
ထိုအခ်ိန္တြင္ တစ္ခ်ိန္လံုး ၿငိမ္ခ်က္သားေကာင္းေနသည့္
ရွင္းယံထံမွ ေလးနက္တည္ၾကည္၍ ျပတ္သားေသာအသံသည္ တိခနဲထြက္ေပၚလာသည္။ ရွင္းယံ၏ မ်က္နွာက
မရယ္မၿပံဳး....သူ႔မ်က္ဝန္းမ်ားက ေလးနက္တည္ၿငိမ္ေနသည္။ သူသည္ လင္း၏ က်န္လက္တစ္ဖက္ကို ကိုင္ဆြဲလိုက္သည္။
ယခု လင္း၏ အေျခအေနမွာ ညာလက္ကိုနကၡက္က
ကိုင္ထား၍ ဘယ္လက္ကုိ ရွင္းယံက ကိုင္ထားေလသည္....
နကၡက္က သြားမ်ားေပၚေအာင္ ရယ္လိုက္သည္....
" မင္းလိုက္ပုိ႔ရင္ မင္း တကူးတကျဖစ္ေနပါဦးမယ္.....
အဲ့တာေၾကာင့္ ငါပဲလိုက္ပို႔လိုက္ပါ့မယ္...."
နကၡက္က လင္းကို သူ႔ဘက္သို႔ ပုိဆြဲလိုက္သည္။
တစ္ဖက္မွ ရွင္းယံကလည္း လင္း၏ လက္ကုိမလႊတ္ေသး....
" ငါ့အိမ္က ခတ္ရဲ႕အိမ္နဲ႔ နီးနီးေလး...မင္းက ပုိၿပီး တကူးတကျဖစ္မွာ မဟုတ္ဘူးလား....."
ရွင္းယံ၏ စကားအဆံုးတြင္ နကၡက္၏ မ်က္နွာသည္ ၿပံဳးေနရာမွတည္သြားသည္။ သူ..ရွင္းယံကုိ စိုက္ၾကည့္လိုက္သည္။
ရွင္းယံကလည္း ခပ္တည္တည္မ်က္နွာထားနွင့္ပင္
ျပန္လည္စိုက္ၾကည့္ေနသည္။
ၾကားထဲမွ လင္းကေတာ့ မ်က္လံုးအဝိုင္းသားနွင့္
ဟုိဘက္ၾကည့္လိုက္...ဒီဘက္ၾကည့္လိုက္.......
ထိုအျဖစ္ကုိၾကည့္ရင္း နိုးနိုးသည္ ေခါင္းခါလိုက္လ်က္
တိုးညႇင္းစြာ ေရ႐ြတ္လိုက္သည္။
" Oh my god....."
************************************************************************