MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-20

18.6K 2.7K 113
By _pannthoon_

[Unicode]

လင်း၏ အိမ်နေရင်းစတိုင်လ်သည် မြင်သူတကာ
ငေးသွားရပေမည်။ တီရှပ်က ဖိုရိုးဖားယား ...
ဒီနေ့မှ ဘောင်းဘီတွေ လျှော်ထားလို့ ပုဆိုးက တိုနုန့်နုန့်...
အရေးထဲ မီးမီးက ရှင်မတောင်သနပ်ခါးအစစ်...အသားအရေတွက်ကောင်းတယ်ဆိုပြီး မျက်နှာမှာ လိမ်းပေးသွားသေးသည်။ ဒါကြောင့် မျက်နှာမှာ ပါးကွက်ဘဲကြားနဲ့...။ နဖူးပေါ်က
ဆံပင်တွေကိုလည်း သနပ်ခါးနဲ့ကပ်နေမှာစိုး၍ ကြက်တောင်စည်းပေးလိုက်သေးသည်။ ထိုသို့ပုံစံနှင့် လင်းသည်
အမေမှာသော ဆပ်ပြာဘူး...အဘွားမှာသော အအေး...
မီးမီးမှာသော ဖုန်းဘေကတ်....တို့ကို ဆိုင်တွင်လာဝယ်ရသည်။

မှာလိုက်သော ပစ္စည်းများကို ဝယ်ပြီးနောက် လင်း...ဆိုင်ထဲမှထွက်ခဲ့သည်။

ကားတစ်စီးသည် လင်းအနောက်တည့်တည့်မှ ပြေးလာလေသည်။ လင်းက လမ်း အလယ်တည့်တည့်တွင်ဖြစ်နေ၏။ အနောက်တွင်ကားလာနေသည် ဆိုတာကို သိလိုက်သည်နှင့် တစ်ပြိုင်နက် လင်း ရှောင်ရန်ပြင်လိုက်ပါသည်။ သို့သော် ခြေခေါက်ကာ ကားရှေ့တည့်တည့် ချော်လဲလေသည်။ ကားက
တိခနဲ ဘရိတ်အုပ်လိုက်လို့သာ တော်တော့သည်။

" လမ်းကျဉ်းကျဉ်းလေးထဲကို အသားကုန်မောင်းလာရသလား"

လင်း ဒေါသထွက်စွာ အရင်အော်လိုက်သည်။ ကားပေါ်မှ
လူသည် ကမန်းကတန်းဆင်းလာပါသည်။

" အဆင်ပြေရဲ့လား..."

ကားပေါ်မှ လူကိုမြင်သောအခါ လင်း မျက်လုံးပြူးသွားသည်။

" ကိုကြီးနက္ခက်...."

နက္ခက်က သနပ်ခါးအပြည့်လိမ်းထားသော လင်းကို အတန်ကြာစိုက်ကြည့်နေသည်။ ပြီးနောက် မျက်နှာသည် ပြုံးသွားကာ...

" လင်း....ငါ...မင်းကို မှတ်တောင်မမှတ်မိဘူး...."

ဟုဆိုရင်း လင်းကို ဆွဲထူပေးလေသည်။ ပြီးနောက် မြေကြီးပေါ်ကျသွားသော ဆပ်ပြာဘူးကိုပါ ကောက်ပေးသည်။

" နာသွားသေးလား..."

" ရပါတယ်..."

လင်း...မျက်နှာဆူပုတ်၍ဖြေလိုက်သည်။ နက္ခက်က လင်းကို
ပြုံးဖြီးဖြီးမျက်နှာ နှင့်သာကြည့်နေသည်။

" ဘာ ကြည့်နေတာလဲ...."

" မင်းမျက်နှာက ပဲဟင်းအိုးထဲမှောက်ကျထားသလိုပဲ...ဆံပင်ကလည်း ကြက်တောင်စည်းနဲ့....မင်းက တကယ် နာနတ်သီးနဲ့ တူနေပြီ"

" ဒါ ရှင်မတောင်သနပ်ခါးအစစ်...ရွာက လက်ဆောင်ရထားတာ မွှေးတယ်...."

နက္ခက်က လင်း၏ မျက်နှာနား တိုးကပ်လာကာ နှာခေါင်းကို
ပွစိပွစိလုပ်နေသည်။

" ဘာလုပ်တာလဲ"

လင်း၏အနားသို့ နက္ခက်က အရမ်းကပ်နေသဖြင့်  နက္ခက်၏ ရင်ဘတ်ကိုလင်း....တွန်းလိုက်သည်။

" မွှေးတယ်ဆိုလို့ပါ...."

နက္ခက် ပြောရင်းဆိုရင်းနှင့် ဖုန်းထုတ်ကာ လင်းကို
ဖြတ်ခနဲ ဓာတ်ပုံရိုက်လိုက်သည်။

" ဟာ...ကိုကြီးနက္ခက်...ဘာလုပ်ပြန်တာလဲ..."

"အမှတ်တရပေါ့...မြို့ရောက်နေတဲ့ တောက နာနတ်သီး
ပုံလေး တွေ့ရခဲလို့..."

" အဲ့ပုံကို ဘယ်သူ့ကိုမှ မပြနဲ့...."

နက္ခက်က လင်း၏ စကားကြောင့် ရယ်သည်။

" ငါက ဘယ်သူတွေကိုသွားပြရမှာလဲ...."

" ဘယ်သူပြောနိုင်မလဲ...လျှောက်ပြချင်ပြနေမှာ....."

လင်းက ပွစိပွစိ ပြောပြီးနောက် တစ်ဆက်တည်းဆိုသလို
နက္ခက်ကိုမေးလိုက်သည်။

" ကိုကြီးက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ..."

" ငါ...ရှင်းယံဆီကပြန်လာတာ....မင်း အိမ်ကရော...ဒီနားမှာပဲလား"

" ဟုတ်တယ်..ဒီဘက်လမ်းထဲချိုးဝင်လိုက်ရင်ရပြီ"

လင်း...က လက်ညှိုးထိုး၍ လမ်းညွှန်ပြတော့ နက္ခက်က
အသေအချာစူးစိုက်ကြည့်နေပါသည်။

" တွေ့တုန်းတွေ့ခိုက် မင်းကိုငါ မုန့်လိုက်ဝယ်ကျွေးမယ်...
လာ...လိုက်ခဲ့..."

နက္ခက်က ပြောပြောဆိုဆိုနှင့် လင်း၏ လက်ကို ဆွဲလိုက်သည်။ လိုက်ကျွေးမယ် ဟူသောစကားကြောင့် အလကားစားရမယ်မှန်းသိ၍ လင်း...စိတ်ဝင်စားသွားသော်လည်း နက္ခက်၏
လက်ကို ရိုက်ချလိုက်သည်။

" နေဦး...ကျွန်တော့်အိမ်ကို ဒါတွေသွားပေးရဦးမယ်...."

" ဟုတ်သားပဲ....ဒါဆို ကားပေါ်တက်လေ...."

" ဟင်...ဒါတွေသွားပေးရဦးပါမယ်ဆို...."

" ငါပါ မင်းအိမ်လိုက်ခဲ့မယ်လေ....ပြီးရင် ငါ့ကားနဲ့
တန်းသွားမယ်...."

နက္ခက်က မျက်လုံးလေး ကလယ်ကလယ်နှင့် ဆိုသည်။
လင်းလည်း တစ်ခွန်းမှပြန်မဆိုတော့ဘဲ နက္ခက်၏ ကားပေါ်သို့ တက်လိုက်သည်။နက္ခက်၏ ကားပေါ်တက်လိုက်သည်နှင့်
အရင်ဆုံးရသည်က အမွှေးနံ့များပင်။ တစ်ကားလုံး
မွှေးကြိုင်နေ၍ ခဏလေးအတွင်းမှာတောင် အီချင်လာသည်။
နက္ခက်က ကားကိုမောင်း၍ လင်း၏ အိမ်ရှေ့တွင် ရပ်လိုက်သည်။

လင်းသည် အိမ်ထဲသို့ ပြေးဝင်သွား၏။ နက္ခက်လည်း
အနောက်မှ လိုက်ဝင်လာသည်။ ဧည့်ခန်းတွင် မဒီ ရှိနေသဖြင့် လင်းက လက်ထဲမှ ဆပ်ပြာဘူး...အအေးနှင့် ဖုန်းဘေကို
မဒီ့လက်ထဲသို့ အမြန်အပ်ကာ အိမ်ထဲပြေးဝင်သွားသည်။

" သားသား....ငါနင့်ကို သုံးထောင်တန်ကတ်ဝယ်ခိုင်းတာလေ....ဘာလို့တစ်ထောင်တန်ပဲဝယ်လာရတာလဲ...."

မဒီက လှမ်းအော်လိုက်ပြီးမှ အနောက်တွင် နက္ခက်ညီရောက်နေမှန်းသိသွားသည်။ သူမ ရုတ်တရက်တော့ အံ့သြသွားသည်။ နာမည်ကြီးလေးယောက်အဖွဲ့မှ နက္ခက်ညီက အဘယ်ကြောင့် အိမ်ထဲသို့ ရောက်လာရပါသနည်း.....

" ဧည့်သည်ရောက်နေတာကို ....ထိုင်ပါဦး....."

မဒီက ဧည့်ဝတ်ကျေစွာ ဆိုလိုက်သည်။ နက္ခက်က အိမ်နံရံတွင် ချိတ်ဆွဲထားသော လင်းနှင့် မဒီတို့မောင်နှမနှစ်ယောက်၏
ငယ်ငယ်က ဓာတ်ပုံကိုလှမ်းကြည့်နေသည်။

" ရတယ်...မထိုင်တော့ဘူး....လင်း ကိုစောင့်နေတာ...."

" အော်...ဟုတ်ကဲ့...."

မဒီ...နက္ခက်ကိုကျော်ပြီး အိမ်အပြင်သို့လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ကားတစ်စီးကို တွေ့မြင်လိုက်ရသည်။
ပြီးနောက် သူမ နက္ခက်ညီကို မသိမသာအကဲခတ်လျက်ရှိသည်။

" မြေးရဲ့ သူငယ်ချင်းရောက်နေတာလား...."

အိမ်ထဲမှ အဖွားကြီးတစ်ယောက်က ထွက်လာပြီး နက္ခက်အား ညွှန်းဆိုမေးမြန်းသည်။

ဒါ...လင်း၏အဖွားဖြစ်မည်....
နက္ခက် ပြုံး၍ ခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။

" သားသားရဲ့ သူငယ်ချင်းပါ...."

မဒီက ဝင်ပြောသည်။ အဖွားကြီးက နက္ခက်ကိုကြည့်လျက်....

" လူချောလေးပဲ....အိမ်ထဲ ဝင်ထိုင်ဦးလေကွယ်...အပေါက်ဝ တည့်တည့်မှာ မတ်တပ်ကြီး...."

" ရတယ်...အဖွား...ကျွန်တော်တုိ့ အခုပဲသွားတော့မှာ...."

နက္ခက်၏ စကားမဆုံးခင်ပင် လင်းက အိမ်ထဲမှ လွှားခနဲပြေးထွက်လာသည်။ လင်း၏မျက်နှာတွင် သနပ်ခါးမရှိတော့...
ဆံပင်ကိုလည်း ကြက်တောင်မစည်းတော့.....

" သားတို့...မုန့်သွားစားလိုက်ဦးမယ်...."

လင်းက သူ့အဖွားကိုလှမ်းကြည့်လျက်ပြောသည်။ ပြီးနောက်
ရှေ့ကနေ အရင်ဦးစွာလှည့်ထွက်သွားသည်။ နက္ခက်လည်း

" သွားလိုက်ပါဦးမယ်...."

ဟုနှုတ်ဆက်စကားဆိုပြီးမှ လင်း နောက်သို့ လိုက်သွားသည်။

ကားပေါ်ရောက်သောအခါ နက္ခက်က လင်းဘက်ကို ငဲ့စောင်းကြည့်၍.....

" ဘာလို့ သနပ်ခါးတွေဖျက်လိုက်တာလဲ....ချစ်ဖို့ကောင်းတဲ့ဟာကို...."

" တော်စမ်းပါ......အခု ကိုကြီး ဘယ်သွားမှာလဲ...."

" မင်းရွေးလေ....ဘာစားချင်လဲ...."

"hot pot တော့ စားချင်နေတာ....."

" ဒီနားမှာ Hot pot ဆိုင်တစ်ဆိုင်ရှိတယ်...အဲ့သွားမယ်..."

မဆိုင်းမတွပင်ပြန်ပြောလိုက်သော နက္ခက်ကြောင့် လင်း
မျက်ခုံးနှစ်ဖက်ကိုပင့်လိုက်သည်။

" တကယ် hot pot လိုက်ကျွေးမလို့လား...."

" ဘာလဲ...မင်းက ငါ့ကို hot pot ဖိုးတောင် မတတ်နိုင်တဲ့
လူလို့ ထင်နေတာလား"

" မထင်ပါဘူး....ဘောစိပဲဟာ...."

ပခုံးနှစ်ဖက်ကို တွန့်ရင်း ပြောလိုက်သော လင်းကို ကြည့်ရင်းနက္ခက် သည် တစ်ချက်ပြုံးလိုက်ပြီး ကားကိုစတင်ထွက်ခွာလိုက်သည်။ 

************************************************************************

" ကိုကြီး ပိုက်ဆံ ဘယ်လောက်ပါလဲ...."

လိုက်ကျွေး၍ စားရသော်လည်း လင်းမှာ အားနာစိတ် ပုစိညှောက်တောင့်လေးကျန်ပါသေးသည်။ သူတစ်ပါးက လိုက်ကျွေးမယ်ဆိုတိုင်း စိတ်ကြိုက်စားသောက်လို့ မဖြစ်သေး။
သူ့ရဲ့ ငွေပမာဏကိုလည်း ကြည့်ရဦးမည်။ နက္ခက်ကတော့
အေးဆေးစွာ ခုံတွင် ကျောမှီ...ခြေထောက်ချိတ်၍ ထိုင်လိုက်သည်။

" တစ်ပြားမှ မပါဘူး...."

" နောက်မနေနဲ့ တကယ်မေးနေတာ...."

" တကယ် တစ်ပြားမှ မပါတာပါဆို...ရှင်းယံရဲ့အိမ်ကိုလာတာ ဘာလို့ပိုက်ဆံယူလာရမှာလဲ"

နက္ခက်က တည်ကြည်စွာပြောနေသဖြင့် လင်း မျက်လုံးပြူးသွားသည်။ ဒီလူ.....ငါ့ကို ဂျင်းထည့်တာလား....

" တစ်ပြားမှမပါဘဲ ကိုကြီးက ဘယ်လိုဝယ်ကျွေးမှာလဲ..
ကျွန်တော်ကလည်း ပိုပိုလိုလိုဆိုပြီး တစ်သောင်းပဲထည့်လာတာ...."

မျက်လုံးပြူး မျက်ဆံပြူးနှင့် တီးတိုးရန်တွေ့နေသော လင်းကို
မထီမဲ့မြင်ပြုသကဲ့သို့ နက္ခက်က ထရယ်လေသည်။

" စိတ်လျှော့ပါ လင်းရယ်....ဒီhot pot ဆိုင်က ငါ့မိဘတွေ ပိုင်တာ...မင်းစိတ်ကြိုက်စားလို့ရတယ်...တစ်သိန်းဖိုးလောက်စားလည်း ပိုက်ဆံပေးစရာမလိုဘူး...."

" ကိုကြီးမိဘတွေပိုင်တာ?"

" ဟုတ်တယ်လေ...ဒီဆိုင်က မန်နေဂျာက ငါ့ကိုသိတယ်..."

နက္ခက်က ခေါင်းကိုမော့၍ ခပ်ပြုံးပြုံးပင်။ထို့နောက်
နက္ခက်က မတ်တပ်ထလိုက်ပြီး....

" စားချင်တာ သွားယူမယ်...လာ ...."

ဟုဆိုကာ လင်းကိုပါဆွဲခေါ်၍ ရေခဲသေတ္တာနားသို့ ခေါ်သွားသည်။

***********************************************************************

" မင်းအိမ်မှာ ငါတွေ့လိုက်တဲ့ ကောင်မလေးက မင်းညီမလား...."

နက္ခက်၏အမေးကို လင်း...ချက်ချင်း မဖြေနိုင်။ သူ့ပါးစပ်ထဲ
ပြွတ်သိပ်ထည့်ထားသော အရာတို့ကို ဝါးပြီး မျိုချရသေးသည်။

" ဟုတ်တယ်....ကျွန်တော့်ညီမ...."

မေးခွန်းကိုပြန်အဖြေပေးပြီးသည်နှင့် တစ်ပြိုင်နက် လင်းသည်
ပါးစပ်ထဲသို့ အသားလုံးများကို ပြွတ်သိပ်ထည့်လိုက်ပြန်သည်။

" သူက မင်းကို သားသား လို့ခေါ်တယ်နော်...."

"အဲ့တာ ကျွန်တော့် အိမ်နာမည်ဗျ....ကျွန်တော့်အိမ်နာမည်က သားသားလေ....သူ့အိမ်နာမည်က မီးမီး.....
သူ စကားပြောတတ်ခါစတုန်းက ဖေဖေနဲ့မေမေက
ကျွန်တော့်ကို သားသားလို့ခေါ်တော့ သူကလိုက်ခေါ်တာ...
အဲ့ကနေ နှုတ်ကျိုးသွားတာပဲ....ကိုကို လို့ခေါ်ခိုင်းလို့မရတော့ဘူး...."

" မင်းလည်း ငါ့ကို ကိုကို လို့ခေါ်ပါလား..."

လင်းသည် နက္ခက်ကို လောကကြီးအားစိတ်ကုန်နေသော
မျက်လုံးများနှင့် လှမ်းကြည့်သည်။   နက္ခက်က
ရိုးသားဖြူစင်သောမျက်နှာလေးနှင့် ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးရင်း မျက်လုံးကို ပေကလက် ပေကလက်လုပ်နေသည်။

" စားနေတာကို အန်ထွက်အောင် လာပြောနေတယ်...."

" ဘာလို့လဲ.....ငါ မင်းထက်အသက်ကြီးတာပဲကို...."

" ကိုကြီးက ကျွန်တော့် အစ်ကိုအရင်းလား...."

" အစ်ကိုအရင်းမှ ကိုကိုလို့ ခေါ်ရမှာလား..... "

" ဒီမှာ....အခုခေတ်မှာ....ယောက်ျားအချင်းချင်း ကိုကို လို့ခေါ်ဖို့ကညီအစ်ကိုတွေဖြစ်ရင်ဖြစ်.... မဟုတ်ရင်....ရည်းစားဖြစ်မှ ခေါ်လို့ သင့်တော်တာ....သွေးမတော်သားမစပ် နှစ်ယောက်က ကိုကိုလို့ခေါ်ရင် ဘေးလူတွေ အထင်လွဲမှာ အသေအချာပဲ....ကိုကို ဆိုတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်တဲ့ အသုံးအနှုန်းလဲ...."

လင်း ကပြောရင်းဆိုရင်းနှင့် နောက်တစ်လုတ်ကို
ပါးစပ်ထဲထည့်လိုက်ပြန်သည်။ လင်း၏ပါးနှစ်ဖက်သည်
ဖောင်းကားသွားသည်။ နက္ခက်က ညည်းတွားသလို
အသံကို အရှည်ကြီးဆွဲ၍ သက်ပြင်းချသည်။ သို့သော်
ထိုသက်ပြင်းချသံသည် ဟန်ဆောင်ပန်ဆောင် သက်ပြင်းချသံ ဖြစ်ပါသည်။

" ဘယ်လိုလုပ်ရမလဲ...ငါကလည်း ကိုကိုလို့ အရမ်းအခေါ်ခံချင်နေတာ....မင်းကိုသွေးသောက်ညီလေးအဖြစ် မွေးစားလိုက်ရမလား....ဒါမှမဟုတ်...ရည်းစားပဲ လုပ်လိုက်ရမလား...."

နက္ခက်၏ နောက်ဆုံးစကားကြောင့် လင်း သီးသွားသည်။
သီးသည်က မရပ်ဘဲ ချောင်းတဟွတ်ဟွတ်ဆိုးသွားသည်။
နက္ခက်လည်း အမြန်အဆန်ပင် ရေခွက်ထဲသို့ ရေထည့်ပေးလိုက်ပြီး ရေခွက်ကို ကမ်းပေးလိုက်သည်။

လင်း...ရေကိုသောက်လိုက်ပြီး ကိုယ့်ရင်ဘတ်ကို ထုလိုက်သည်။ သူ...နက္ခက်ကို မကျေမနပ်ကြည့်လိုက်သည်။

" နောက်တယ်ဆိုတာ...အတိုင်းအတာရှိတယ်...."

နက္ခက်က... အားရပါးရ ရယ်လေသည်။

" အမယ်လေး...လင်းသုခတ်တစ်ယောက် ရှက်သွားတာပါလား...."

"ဘယ်နားက ရှက်လို့လဲ...."

" ရှက်ပြီး သီးတောင် သီးသွားတယ်လေ...."

"ကျွန်တော်သီးတာ အဲ့လောက် ရယ်စရာကောင်းလား...."

လင်း၏ အသံသည် ကျယ်သွားသဖြင့် အခြားစားပွဲမှ လူများပင် လှမ်းကြည့်သည်။

" တိုးတိုးပြောပါ...အခုမှ တောကတက်လာတဲ့ နာနတ်သီးမှန်း လူတွေသိသွားမယ်...."

" ကိုကြီးက တကယ်မုန်းစရာကောင်းတဲ့သူပဲ...."

လင်း ရှုံ့မဲ့ပြောသောအခါ နက္ခက်က ပခုံးတွန့်ပြသည်။

" မင်းကမှ တကယ်မုန်းစရာကောင်းတာ...ငါကျွေးတာလည်းစားသေးတယ် ငါခေါ်ခိုင်းသလိုလည်း မခေါ်ဘူး....
ခေါ်ကြည့်စမ်းပါ... နောက်တော့ နှုတ်ကျိုးသွားမှာပေါ့...."

" နောင်တော်ဘုရား လို့ ခေါ်ပေးမယ်..."

" ပြောပါ...ညီတော်"

ရယ်ကျဲကျဲလုပ်နေသည့် နက္ခက်ကိုကြည့်ရင်း လင်းပါ
ရယ်ချင်လာသည်။ သူ...နက္ခက်ကိုမော့ကြည့်နေစဉ်မှာပင်
နက္ခက်က...တစ်ရှူးဘူးမှ တစ်ရှူးတစ်ရွက်ကိုဆွဲထုတ်လိုက်လျက်...

" စားတာလည်းစားပေါ့ညီတော်...ပါးစပ်မှာပေပွနေတာ...
တစ်ဝိုင်းတည်းထိုင်နေတဲ့ နောင်တော် သိက္ခာကျတယ်...."

ဟုဆိုရင်း လင်း၏ ပါးစပ်နားကို တစ်ရှူးနှင့် ခပ်ဖွဖွသုတ်ပေးသည်။

" ကျွန်တော့် ဘာသာ လုပ်မယ် "

ဟုဆိုပြီး လင်း ထိုတစ်ရှူးကိုလုယူပြီး ကိုယ့်ဟာကို သုတ်နေသည်။

" ဒါနဲ့ ကျွန်တော်က Hot pot စားချင်တယ်ပြောလိုက်လို့
ကိုကြီးမိဘတွေဆိုင်ကိုရောက်လာလို့ အလကားစားရတာ
တကယ်လို့ တခြားဟာပြောလိုက်ရင် ပိုက်ဆံမပါဘဲနဲ့
ဘယ်လိုကျွေးမှာလဲ...."

" ငါက ပိုက်ဆံမပါဘူးပဲပြောတာ... ကတ်ပါလာတယ်...
တခြားဟာစားမယ်ဆိုရင်တော့ ATM ကနေ ပိုက်ဆံထုတ်လိုက်မှာပေါ့..  "

" သူဌေးပဲ...အားကျလိုက်တာ...."

လင်း ပြောတော့ နက္ခက်က ပြုံးရုံပြုံးနေသည်။
နက္ခက် ပြုံးနေသည်ကိုကြည့်ရင်း တစ်ခုတွေးမိပါသည်။
နက္ခက်ရဲ့ပါးချိုင့်တွေဟာ တော်တော်ခွပ်တာပဲ ဟူ၍.....

************************************************************************

ကတောင်!

လင်း အိမ်သို့ ပြန်ရောက်ရောက်ချင်းပင် နိုးနိုးဆီမှ
Message တန်းဝင်လာသည်။ လင်း ထိုmessage
ကို ဦးစွာ ဝင်ဖတ်လိုက်သည်။

နိုးနိုး : နင်...နက္ခက်ညီနဲ့ ဘယ်လိုတွေ့ပြီး hot pot သွားစားတာလဲ

လင်း : သတင်းကလည်း မြန်လိုက်တာ...မီးမီး ပြောတာလား

နိုးနိုး : မဒီလည်း သိတာလား....ငါက  နက္ခက်ညီ
နင့်ပုံကို story တင်ထားလို့ သိလိုက်တာ

ချက်ချင်းပင် နိုးနိုးက ပုံပို့လာသည်။ ထိုပုံက နက္ခက်ညီ၏
story ဖြစ်ပြီး hot pot အိုးထဲ ခေါင်းဝင်မတတ်စားနေ
သော လင်း၏ ပုံက ပြူးနေသည်။

ပုံ၏ ဘေးနားတွင် ရေးထားသောစာက

# pineapple လေး #

ဟူ၍.....

နိုးနိုး : နက္ခက်ညီက နင့်ကိုကြိုက်နေပုံပဲလို့ ငါပြောလား
မပြောဘူးလား....

လင်း : ငါတို့ကဒီတိုင်း အမှတ်မထင်တွေ့ပြီးတော့
သွားစားဖြစ်သွားတာပါ

နိုးနိုး : ပြီးတော့ နာနတ်သီးလေး ဆိုပြီး ချစ်စနိုးခေါ်ဖို့တောင်
နာမည်ရသွားတယ်ပေါ့

လင်း : နင် ဗေဒင်ဟောစားပါလား...story တစ်ခုတည်းကြည့်ပြီးတော့ အကုန်သိသွားတာပဲ

နိုးနိုး : အေး ငါဗေဒင်ထပ်ဟောလိုက်မယ်...ကောင်ချောလေး
နှစ်ယောက်ကြားထဲဗျာများတော့မယ့် နင့်ကိုမြင်ယောင်နေတယ်

လင်း : ကိုကြီးနက္ခက်က ငါနဲ့ ဒီတိုင်းခင်တာပါဆို

နိုးနိုး : စောင့်ကြည့်ကြတာပေါ့

လင်း...ထို message ကိုဖတ်ပြီးနောက် သက်ပြင်းချလိုက်သည်။

************************************************************************

[Zawgyi]

လင္း၏ အိမ္ေနရင္းစတိုင္လ္သည္ ျမင္သူတကာ
ေငးသြားရေပမည္။ တီရွပ္က ဖိုရိုးဖားယား ...
ဒီေန႔မွ ေဘာင္းဘီေတြ ေလ်ွာ္ထားလို႔ ပုဆိုးက တိုႏုန္႔ႏုန္႔...
အေရးထဲ မီးမီးက ရွင္မေတာင္သနပ္ခါးအစစ္...အသားအေရတြက္ေကာင္းတယ္ဆိုၿပီး မ်က္နွာမွာ လိမ္းေပးသြားေသးသည္။ ဒါေၾကာင့္ မ်က္နွာမွာ ပါးကြက္ဘဲၾကားနဲ႔...။ နဖူးေပၚက
ဆံပင္ေတြကိုလည္း သနပ္ခါးနဲ႔ကပ္ေနမွာစိုး၍ ၾကက္ေတာင္စည္းေပးလိုက္ေသးသည္။ ထိုသို႔ပံုစံနွင့္ လင္းသည္
အေမမွာေသာ ဆပ္ျပာဘူး...အဘြားမွာေသာ အေအး...
မီးမီးမွာေသာ ဖုန္းေဘကတ္....တို႔ကုိ ဆိုင္တြင္လာဝယ္ရသည္။

မွာလိုက္ေသာ ပစၥည္းမ်ားကုိ ဝယ္ၿပီးေနာက္ လင္း...ဆိုင္ထဲမွထြက္ခဲ့သည္။

ကားတစ္စီးသည္ လင္းအေနာက္တည့္တည့္မွ ေျပးလာေလသည္။ လင္းက လမ္း အလယ္တည့္တည့္တြင္ျဖစ္ေန၏။ အေနာက္တြင္ကားလာေနသည္ ဆိုတာကုိ သိလိုက္သည္နွင့္ တစ္ၿပိဳင္နက္ လင္း ေရွာင္ရန္ျပင္လိုက္ပါသည္။ သို႔ေသာ္ ေျခေခါက္ကာ ကားေရွ႕တည့္တည့္ ေခ်ာ္လဲေလသည္။ ကားက
တိခနဲ ဘရိတ္အုပ္လိုက္လို႔သာ ေတာ္ေတာ့သည္။

" လမ္းက်ဥ္းက်ဥ္းေလးထဲကုိ အသားကုန္ေမာင္းလာရသလား"

လင္း ေဒါသထြက္စြာ အရင္ေအာ္လိုက္သည္။ ကားေပၚမွ
လူသည္ ကမန္းကတန္းဆင္းလာပါသည္။

" အဆင္ေျပရဲ႕လား..."

ကားေပၚမွ လူကုိျမင္ေသာအခါ လင္း မ်က္လံုးျပဴးသြားသည္။

" ကုိႀကီးနကၡက္...."

နကၡက္က သနပ္ခါးအျပည့္လိမ္းထားေသာ လင္းကုိ အတန္ၾကာစိုက္ၾကည့္ေနသည္။ ၿပီးေနာက္ မ်က္နွာသည္ ၿပံဳးသြားကာ...

" လင္း....ငါ...မင္းကုိ မွတ္ေတာင္မမွတ္မိဘူး...."

ဟုဆိုရင္း လင္းကုိ ဆြဲထူေပးေလသည္။ ၿပီးေနာက္ ေျမႀကီးေပၚက်သြားေသာ ဆပ္ျပာဘူးကုိပါ ေကာက္ေပးသည္။

" နာသြားေသးလား..."

" ရပါတယ္..."

လင္း...မ်က္နွာဆူပုတ္၍ေျဖလိုက္သည္။ နကၡက္က လင္းကုိ
ၿပံဳးၿဖီးၿဖီးမ်က္နွာ နွင့္သာၾကည့္ေနသည္။

" ဘာ ၾကည့္ေနတာလဲ...."

" မင္းမ်က္နွာက ပဲဟင္းအိုးထဲေမွာက္က်ထားသလိုပဲ...ဆံပင္ကလည္း ၾကက္ေတာင္စည္းနဲ႔....မင္းက တကယ္ နာနတ္သီးနဲ႔ တူေနၿပီ"

" ဒါ ရွင္မေတာင္သနပ္ခါးအစစ္...႐ြာက လက္ေဆာင္ရထားတာ ေမႊးတယ္...."

နကၡက္က လင္း၏ မ်က္နွာနား တိုးကပ္လာကာ နွာေခါင္းကုိ
ပြစိပြစိလုပ္ေနသည္။

" ဘာလုပ္တာလဲ"

လင္း၏အနားသို႔ နကၡက္က အရမ္းကပ္ေနသျဖင့္  နကၡက္၏ ရင္ဘတ္ကုိလင္း....တြန္းလိုက္သည္။

" ေမႊးတယ္ဆိုလို႔ပါ...."

နကၡက္ ေျပာရင္းဆိုရင္းနွင့္ ဖုန္းထုတ္ကာ လင္းကို
ျဖတ္ခနဲ ဓာတ္ပံုရိုက္လိုက္သည္။

" ဟာ...ကုိႀကီးနကၡက္...ဘာလုပ္ျပန္တာလဲ..."

"အမွတ္တရေပါ့...ၿမိဳ႕ေရာက္ေနတဲ့ ေတာက နာနတ္သီး
ပံုေလး ေတြ႕ရခဲလို႔..."

" အဲ့ပံုကုိ ဘယ္သူ႔ကုိမွ မျပနဲ႔...."

နကၡက္က လင္း၏ စကားေၾကာင့္ ရယ္သည္။

" ငါက ဘယ္သူေတြကိုသြားျပရမွာလဲ...."

" ဘယ္သူေျပာနိုင္မလဲ...ေလ်ွာက္ျပခ်င္ျပေနမွာ....."

လင္းက ပြစိပြစိ ေျပာၿပီးေနာက္ တစ္ဆက္တည္းဆိုသလို
နကၡက္ကုိေမးလိုက္သည္။

" ကုိႀကီးက ဒီကုိဘယ္လိုလုပ္ေရာက္ေနတာလဲ..."

" ငါ...ရွင္းယံဆီကျပန္လာတာ....မင္း အိမ္ကေရာ...ဒီနားမွာပဲလား"

" ဟုတ္တယ္..ဒီဘက္လမ္းထဲခ်ိဳးဝင္လိုက္ရင္ရၿပီ"

လင္း...က လက္ညႇိဳးထိုး၍ လမ္းၫႊန္ျပေတာ့ နကၡက္က
အေသအခ်ာစူးစိုက္ၾကည့္ေနပါသည္။

" ေတြ႕တုန္းေတြ႕ခိုက္ မင္းကုိငါ မုန္႔လိုက္ဝယ္ေကြၽးမယ္...
လာ...လိုက္ခဲ့..."

နကၡက္က ေျပာေျပာဆိုဆိုနွင့္ လင္း၏ လက္ကုိ ဆြဲလိုက္သည္။ လိုက္ေကြၽးမယ္ ဟူေသာစကားေၾကာင့္ အလကားစားရမယ္မွန္းသိ၍ လင္း...စိတ္ဝင္စားသြားေသာ္လည္း နကၡက္၏
လက္ကုိ ရိုက္ခ်လိုက္သည္။

" ေနဦး...ကြၽန္ေတာ့္အိမ္ကို ဒါေတြသြားေပးရဦးမယ္...."

" ဟုတ္သားပဲ....ဒါဆို ကားေပၚတက္ေလ...."

" ဟင္...ဒါေတြသြားေပးရဦးပါမယ္ဆို...."

" ငါပါ မင္းအိမ္လိုက္ခဲ့မယ္ေလ....ၿပီးရင္ ငါ့ကားနဲ႔
တန္းသြားမယ္...."

နကၡက္က မ်က္လံုးေလး ကလယ္ကလယ္နွင့္ ဆိုသည္။
လင္းလည္း တစ္ခြန္းမွျပန္မဆိုေတာ့ဘဲ နကၡက္၏ ကားေပၚသို႔ တက္လိုက္သည္။နကၡက္၏ ကားေပၚတက္လိုက္သည္နွင့္
အရင္ဆံုးရသည္က အေမႊးန႔ံမ်ားပင္။ တစ္ကားလံုး
ေမႊးႀကိဳင္ေန၍ ခဏေလးအတြင္းမွာေတာင္ အီခ်င္လာသည္။
နကၡက္က ကားကိုေမာင္း၍ လင္း၏ အိမ္ေရွ႕တြင္ ရပ္လိုက္သည္။

လင္းသည္ အိမ္ထဲသို႔ ေျပးဝင္သြား၏။ နကၡက္လည္း
အေနာက္မွ လိုက္ဝင္လာသည္။ ဧည့္ခန္းတြင္ မဒီ ရွိေနသျဖင့္ လင္းက လက္ထဲမွ ဆပ္ျပာဘူး...အေအးနွင့္ ဖုန္းေဘကုိ
မဒီ့လက္ထဲသို႔ အျမန္အပ္ကာ အိမ္ထဲေျပးဝင္သြားသည္။

" သားသား....ငါနင့္ကုိ သံုးေထာင္တန္ကတ္ဝယ္ခိုင္းတာေလ....ဘာလို႔တစ္ေထာင္တန္ပဲဝယ္လာရတာလဲ...."

မဒီက လွမ္းေအာ္လိုက္ၿပီးမွ အေနာက္တြင္ နကၡက္ညီေရာက္ေနမွန္းသိသြားသည္။ သူမ ရုတ္တရက္ေတာ့ အ့ံၾသသြားသည္။ နာမည္ႀကီးေလးေယာက္အဖြဲ႕မွ နကၡက္ညီက အဘယ္ေၾကာင့္ အိမ္ထဲသို႔ ေရာက္လာရပါသနည္း.....

" ဧည့္သည္ေရာက္ေနတာကို ....ထိုင္ပါဦး....."

မဒီက ဧည့္ဝတ္ေက်စြာ ဆိုလိုက္သည္။ နကၡက္က အိမ္နံရံတြင္ ခ်ိတ္ဆြဲထားေသာ လင္းနွင့္ မဒီတို႔ေမာင္နွမနွစ္ေယာက္၏
ငယ္ငယ္က ဓာတ္ပံုကုိလွမ္းၾကည့္ေနသည္။

" ရတယ္...မထိုင္ေတာ့ဘူး....လင္း ကုိေစာင့္ေနတာ...."

" ေအာ္...ဟုတ္ကဲ့...."

မဒီ...နကၡက္ကုိေက်ာ္ၿပီး အိမ္အျပင္သို႔လွမ္းၾကည့္လိုက္ေသာအခါ အနက္ေရာင္ကားတစ္စီးကုိ ေတြ႕ျမင္လိုက္ရသည္။
ၿပီးေနာက္ သူမ နကၡက္ညီကုိ မသိမသာအကဲခတ္လ်က္ရွိသည္။

" ေျမးရဲ႕ သူငယ္ခ်င္းေရာက္ေနတာလား...."

အိမ္ထဲမွ အဖြားႀကီးတစ္ေယာက္က ထြက္လာၿပီး နကၡက္အား ၫႊန္းဆိုေမးျမန္းသည္။

ဒါ...လင္း၏အဖြားျဖစ္မည္....
နကၡက္ ၿပံဳး၍ ေခါင္းၿငိမ့္နႈတ္ဆက္လိုက္သည္။

" သားသားရဲ႕ သူငယ္ခ်င္းပါ...."

မဒီက ဝင္ေျပာသည္။ အဖြားႀကီးက နကၡက္ကိုၾကည့္လ်က္....

" လူေခ်ာေလးပဲ....အိမ္ထဲ ဝင္ထိုင္ဦးေလကြယ္...အေပါက္ဝ တည့္တည့္မွာ မတ္တပ္ႀကီး...."

" ရတယ္...အဖြား...ကြၽန္ေတာ္တု႔ိ အခုပဲသြားေတာ့မွာ...."

နကၡက္၏ စကားမဆံုးခင္ပင္ လင္းက အိမ္ထဲမွ လႊားခနဲေျပးထြက္လာသည္။ လင္း၏မ်က္နွာတြင္ သနပ္ခါးမရွိေတာ့...
ဆံပင္ကိုလည္း ၾကက္ေတာင္မစည္းေတာ့.....

" သားတို႔...မုန္႔သြားစားလိုက္ဦးမယ္...."

လင္းက သူ႔အဖြားကိုလွမ္းၾကည့္လ်က္ေျပာသည္။ ၿပီးေနာက္
ေရွ႕ကေန အရင္ဦးစြာလွည့္ထြက္သြားသည္။ နကၡက္လည္း

" သြားလိုက္ပါဦးမယ္...."

ဟုနႈတ္ဆက္စကားဆိုၿပီးမွ လင္း ေနာက္သို႔ လိုက္သြားသည္။

ကားေပၚေရာက္ေသာအခါ နကၡက္က လင္းဘက္ကို ငဲ့ေစာင္းၾကည့္၍.....

" ဘာလို႔ သနပ္ခါးေတြဖ်က္လိုက္တာလဲ....ခ်စ္ဖို႔ေကာင္းတဲ့ဟာကို...."

" ေတာ္စမ္းပါ......အခု ကုိႀကီး ဘယ္သြားမွာလဲ...."

" မင္းေ႐ြးေလ....ဘာစားခ်င္လဲ...."

"hot pot ေတာ့ စားခ်င္ေနတာ....."

" ဒီနားမွာ Hot pot ဆိုင္တစ္ဆိုင္ရွိတယ္...အဲ့သြားမယ္..."

မဆိုင္းမတြပင္ျပန္ေျပာလိုက္ေသာ နကၡက္ေၾကာင့္ လင္း
မ်က္ခံုးနွစ္ဖက္ကုိပင့္လိုက္သည္။

" တကယ္ hot pot လိုက္ေကြၽးမလို႔လား...."

" ဘာလဲ...မင္းက ငါ့ကုိ hot pot ဖိုးေတာင္ မတတ္နိုင္တဲ့
လူလို႔ ထင္ေနတာလား"

" မထင္ပါဘူး....ေဘာစိပဲဟာ...."

ပခံုးနွစ္ဖက္ကို တြန္႔ရင္း ေျပာလိုက္ေသာ လင္းကို ၾကည့္ရင္းနကၡက္ သည္ တစ္ခ်က္ၿပံဳးလိုက္ၿပီး ကားကုိစတင္ထြက္ခြာလိုက္သည္။ 

************************************************************************

" ကုိႀကီး ပိုက္ဆံ ဘယ္ေလာက္ပါလဲ...."

လိုက္ေကြၽး၍ စားရေသာ္လည္း လင္းမွာ အားနာစိတ္ ပုစိေညႇာက္ေတာင့္ေလးက်န္ပါေသးသည္။ သူတစ္ပါးက လိုက္ေကြၽးမယ္ဆိုတိုင္း စိတ္ႀကိဳက္စားေသာက္လို႔ မျဖစ္ေသး။
သူ႔ရဲ႕ ေငြပမာဏကုိလည္း ၾကည့္ရဦးမည္။ နကၡက္ကေတာ့
ေအးေဆးစြာ ခံုတြင္ ေက်ာမွီ...ေျခေထာက္ခ်ိတ္၍ ထိုင္လိုက္သည္။

" တစ္ျပားမွ မပါဘူး...."

" ေနာက္မေနနဲ႔ တကယ္ေမးေနတာ...."

" တကယ္ တစ္ျပားမွ မပါတာပါဆို...ရွင္းယံရဲ႕အိမ္ကိုလာတာ ဘာလို႔ပိုက္ဆံယူလာရမွာလဲ"

နကၡက္က တည္ၾကည္စြာေျပာေနသျဖင့္ လင္း မ်က္လံုးျပဴးသြားသည္။ ဒီလူ.....ငါ့ကုိ ဂ်င္းထည့္တာလား....

" တစ္ျပားမွမပါဘဲ ကုိႀကီးက ဘယ္လိုဝယ္ေကြၽးမွာလဲ..
ကြၽန္ေတာ္ကလည္း ပိုပုိလုိလုိဆိုၿပီး တစ္ေသာင္းပဲထည့္လာတာ...."

မ်က္လံုးျပဴး မ်က္ဆံျပဴးနွင့္ တီးတိုးရန္ေတြ႕ေနေသာ လင္းကုိ
မထီမဲ့ျမင္ျပဳသကဲ့သို႔ နကၡက္က ထရယ္ေလသည္။

" စိတ္ေလ်ွာ႔ပါ လင္းရယ္....ဒီhot pot ဆိုင္က ငါ့မိဘေတြ ပိုင္တာ...မင္းစိတ္ႀကိဳက္စားလို႔ရတယ္...တစ္သိန္းဖိုးေလာက္စားလည္း ပိုက္ဆံေပးစရာမလိုဘူး...."

" ကုိႀကီးမိဘေတြပိုင္တာ?"

" ဟုတ္တယ္ေလ...ဒီဆိုင္က မန္ေနဂ်ာက ငါ့ကုိသိတယ္..."

နကၡက္က ေခါင္းကိုေမာ့၍ ခပ္ၿပံဳးၿပံဳးပင္။ထို႔ေနာက္
နကၡက္က မတ္တပ္ထလိုက္ၿပီး....

" စားခ်င္တာ သြားယူမယ္...လာ ...."

ဟုဆိုကာ လင္းကုိပါဆြဲေခၚ၍ ေရခဲေသတၱာနားသုိ႔ ေခၚသြားသည္။

***********************************************************************

" မင္းအိမ္မွာ ငါေတြ႕လိုက္တဲ့ ေကာင္မေလးက မင္းညီမလား...."

နကၡက္၏အေမးကုိ လင္း...ခ်က္ခ်င္း မေျဖနိုင္။ သူ႔ပါးစပ္ထဲ
ျပြတ္သိပ္ထည့္ထားေသာ အရာတို႔ကုိ ဝါးၿပီး မ်ိဳခ်ရေသးသည္။

" ဟုတ္တယ္....ကြၽန္ေတာ့္ညီမ...."

ေမးခြန္းကိုျပန္အေျဖေပးၿပီးသည္နွင့္ တစ္ၿပိဳင္နက္ လင္းသည္
ပါးစပ္ထဲသို႔ အသားလံုးမ်ားကုိ ျပြတ္သိပ္ထည့္လိုက္ျပန္သည္။

" သူက မင္းကုိ သားသား လို႔ေခၚတယ္ေနာ္...."

"အဲ့တာ ကြၽန္ေတာ့္ အိမ္နာမည္ဗ်....ကြၽန္ေတာ့္အိမ္နာမည္က သားသားေလ....သူ႔အိမ္နာမည္က မီးမီး.....
သူ စကားေျပာတတ္ခါစတုန္းက ေဖေဖနဲ႔ေမေမက
ကြၽန္ေတာ့္ကို သားသားလို႔ေခၚေတာ့ သူကလိုက္ေခၚတာ...
အဲ့ကေန နႈတ္က်ိဳးသြားတာပဲ....ကိုကို လို႔ေခၚခိုင္းလို႔မရေတာ့ဘူး...."

" မင္းလည္း ငါ့ကို ကိုကို လို႔ေခၚပါလား..."

လင္းသည္ နကၡက္ကို ေလာကႀကီးအားစိတ္ကုန္ေနေသာ
မ်က္လံုးမ်ားနွင့္ လွမ္းၾကည့္သည္။   နကၡက္က
ရိုးသားျဖဴစင္ေသာမ်က္ႏွာေလးနွင့္ ပါးခ်ိဳင့္နွစ္ဖက္ေပၚေအာင္ၿပံဳးရင္း မ်က္လံုးကုိ ေပကလက္ ေပကလက္လုပ္ေနသည္။

" စားေနတာကို အန္ထြက္ေအာင္ လာေျပာေနတယ္...."

" ဘာလို႔လဲ.....ငါ မင္းထက္အသက္ႀကီးတာပဲကို...."

" ကုိႀကီးက ကြၽန္ေတာ့္ အစ္ကိုအရင္းလား...."

" အစ္ကုိအရင္းမွ ကိုကိုလို႔ ေခၚရမွာလား..... "

" ဒီမွာ....အခုေခတ္မွာ....ေယာက္်ားအခ်င္းခ်င္း ကိုကို လို႔ေခၚဖို႔ကညီအစ္ကုိေတြျဖစ္ရင္ျဖစ္.... မဟုတ္ရင္....ရည္းစားျဖစ္မွ ေခၚလို႔ သင့္ေတာ္တာ....ေသြးမေတာ္သားမစပ္ နွစ္ေယာက္က ကိုကိုလို႔ေခၚရင္ ေဘးလူေတြ အထင္လြဲမွာ အေသအခ်ာပဲ....ကိုကို ဆိုတာ ဘယ္ေလာက္ေတာင္ အႏၱရာယ္မ်ားလိုက္တဲ့ အသံုးအနႈန္းလဲ...."

လင္း ကေျပာရင္းဆိုရင္းနွင့္ ေနာက္တစ္လုတ္ကုိ
ပါးစပ္ထဲထည့္လိုက္ျပန္သည္။ လင္း၏ပါးႏွစ္ဖက္သည္
ေဖာင္းကားသြားသည္။ နကၡက္က ညည္းတြားသလို
အသံကုိ အရွည္ႀကီးဆြဲ၍ သက္ျပင္းခ်သည္။ သို႔ေသာ္
ထိုသက္ျပင္းခ်သံသည္ ဟန္ေဆာင္ပန္ေဆာင္ သက္ျပင္းခ်သံ ျဖစ္ပါသည္။

" ဘယ္လိုလုပ္ရမလဲ...ငါကလည္း ကုိကိုလို႔ အရမ္းအေခၚခံခ်င္ေနတာ....မင္းကုိေသြးေသာက္ညီေလးအျဖစ္ ေမြးစားလိုက္ရမလား....ဒါမွမဟုတ္...ရည္းစားပဲ လုပ္လိုက္ရမလား...."

နကၡက္၏ ေနာက္ဆံုးစကားေၾကာင့္ လင္း သီးသြားသည္။
သီးသည္က မရပ္ဘဲ ေခ်ာင္းတဟြတ္ဟြတ္ဆိုးသြားသည္။
နကၡက္လည္း အျမန္အဆန္ပင္ ေရခြက္ထဲသို႔ ေရထည့္ေပးလိုက္ၿပီး ေရခြက္ကို ကမ္းေပးလိုက္သည္။

လင္း...ေရကုိေသာက္လိုက္ၿပီး ကိုယ့္ရင္ဘတ္ကို ထုလိုက္သည္။ သူ...နကၡက္ကုိ မေက်မနပ္ၾကည့္လိုက္သည္။

" ေနာက္တယ္ဆိုတာ...အတိုင္းအတာရွိတယ္...."

နကၡက္က... အားရပါးရ ရယ္ေလသည္။

" အမယ္ေလး...လင္းသုခတ္တစ္ေယာက္ ရွက္သြားတာပါလား...."

"ဘယ္နားက ရွက္လို႔လဲ...."

" ရွက္ၿပီး သီးေတာင္ သီးသြားတယ္ေလ...."

"ကြၽန္ေတာ္သီးတာ အဲ့ေလာက္ ရယ္စရာေကာင္းလား...."

လင္း၏ အသံသည္ က်ယ္သြားသျဖင့္ အျခားစားပြဲမွ လူမ်ားပင္ လွမ္းၾကည့္သည္။

" တိုးတိုးေျပာပါ...အခုမွ ေတာကတက္လာတဲ့ နာနတ္သီးမွန္း လူေတြသိသြားမယ္...."

" ကုိႀကီးက တကယ္္မုန္းစရာေကာင္းတဲ့သူပဲ...."

လင္း ရႈံ႕မဲ့ေျပာေသာအခါ နကၡက္က ပခံုးတြန္႔ျပသည္။

" မင္းကမွ တကယ္မုန္းစရာေကာင္းတာ...ငါေကြၽးတာလည္းစားေသးတယ္ ငါေခၚခိုင္းသလိုလည္း မေခၚဘူး....
ေခၚၾကည့္စမ္းပါ... ေနာက္ေတာ့ နႈတ္က်ိဳးသြားမွာေပါ့...."

" ေနာင္ေတာ္ဘုရား လို႔ ေခၚေပးမယ္..."

" ေျပာပါ...ညီေတာ္"

ရယ္က်ဲက်ဲလုပ္ေနသည့္ နကၡက္ကုိၾကည့္ရင္း လင္းပါ
ရယ္ခ်င္လာသည္။ သူ...နကၡက္ကိုေမာ့ၾကည့္ေနစဥ္မွာပင္
နကၡက္က...တစ္ရွဴးဘူးမွ တစ္ရွဴးတစ္႐ြက္ကုိဆြဲထုတ္လိုက္လ်က္...

" စားတာလည္းစားေပါ့ညီေတာ္...ပါးစပ္မွာေပပြေနတာ...
တစ္ဝိုင္းတည္းထိုင္ေနတဲ့ ေနာင္ေတာ္ သိကၡာက်တယ္...."

ဟုဆိုရင္း လင္း၏ ပါးစပ္နားကုိ တစ္ရွဴးနွင့္ ခပ္ဖြဖြသုတ္ေပးသည္။

" ကြၽန္ေတာ့္ ဘာသာ လုပ္မယ္ "

ဟုဆိုၿပီး လင္း ထိုတစ္ရွဴးကိုလုယူၿပီး ကိုယ့္ဟာကို သုတ္ေနသည္။

" ဒါနဲ႔ ကြၽန္ေတာ္က Hot pot စားခ်င္တယ္ေျပာလိုက္လို႔
ကုိႀကီးမိဘေတြဆိုင္ကုိေရာက္လာလို႔ အလကားစားရတာ
တကယ္လို႔ တျခားဟာေျပာလိုက္ရင္ ပိုက္ဆံမပါဘဲနဲ႔
ဘယ္လိုေကြၽးမွာလဲ...."

" ငါက ပိုက္ဆံမပါဘူးပဲေျပာတာ... ကတ္ပါလာတယ္...
တျခားဟာစားမယ္ဆိုရင္ေတာ့ ATM ကေန ပိုက္ဆံထုတ္လိုက္မွာေပါ့..  "

" သူေဌးပဲ...အားက်လိုက္တာ...."

လင္း ေျပာေတာ့ နကၡက္က ၿပံဳးရံုၿပံဳးေနသည္။
နကၡက္ ၿပံဳးေနသည္ကုိၾကည့္ရင္း တစ္ခုေတြးမိပါသည္။
နကၡက္ရဲ႕ပါးခ်ိဳင့္ေတြဟာ ေတာ္ေတာ္ခြပ္တာပဲ ဟူ၍.....

************************************************************************

ကေတာင္!

လင္း အိမ္သို႔ ျပန္ေရာက္ေရာက္ခ်င္းပင္ နိုးနိုးဆီမွ
Message တန္းဝင္လာသည္။ လင္း ထိုmessage
ကုိ ဦးစြာ ဝင္ဖတ္လိုက္သည္။

နိုးႏုိး : နင္...နကၡက္ညီနဲ႔ ဘယ္လိုေတြ႕ၿပီး hot pot သြားစားတာလဲ

လင္း : သတင္းကလည္း ျမန္လိုက္တာ...မီးမီး ေျပာတာလား

နိုးႏုိး : မဒီလည္း သိတာလား....ငါက  နကၡက္ညီ
နင့္ပံုကုိ story တင္ထားလို႔ သိလိုက္တာ

ခ်က္ခ်င္းပင္ နိုးနိုးက ပံုပို႔လာသည္။ ထိုပံုက နကၡက္ညီ၏
story ျဖစ္ၿပီး hot pot အိုးထဲ ေခါင္းဝင္မတတ္စားေန
ေသာ လင္း၏ ပံုက ျပဴးေနသည္။

ပံု၏ ေဘးနားတြင္ ေရးထားေသာစာက

# pineapple ေလး #

ဟူ၍.....

နိုးနိုး : နကၡက္ညီက နင့္ကုိႀကိဳက္ေနပံုပဲလို႔ ငါေျပာလား
မေျပာဘူးလား....

လင္း : ငါတို႔ကဒီတိုင္း အမွတ္မထင္ေတြ႕ၿပီးေတာ့
သြားစားျဖစ္သြားတာပါ

နိုးနိုး : ၿပီးေတာ့ နာနတ္သီးေလး ဆိုၿပီး ခ်စ္စနိုးေခၚဖို႔ေတာင္
နာမည္ရသြားတယ္ေပါ့

လင္း : နင္ ေဗဒင္ေဟာစားပါလား...story တစ္ခုတည္းၾကည့္ၿပီးေတာ့ အကုန္သိသြားတာပဲ

နိုးနိုး : ေအး ငါေဗဒင္ထပ္ေဟာလိုက္မယ္...ေကာင္ေခ်ာေလး
နွစ္ေယာက္ၾကားထဲဗ်ာမ်ားေတာ့မယ့္ နင့္ကုိျမင္ေယာင္ေနတယ္

လင္း : ကုိႀကီးနကၡက္က ငါနဲ႔ ဒီတိုင္းခင္တာပါဆို

နိုးနိုး : ေစာင့္ၾကည့္ၾကတာေပါ့

လင္း...ထို message ကုိဖတ္ၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။

************************************************************************

Continue Reading

You'll Also Like

253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
56.6K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
43.6K 5.6K 16
One Shot အတိုအထြာေလးမ်ားစုစည္းထားသည္ One Shot အတိုအထွာလေးများစုစည်းထားသည်
1.1M 134K 81
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ္းလည္လြန္းတဲ့ သစ္သစ္နဲ႔ ပိန္းဥျဖဴဒယ္ဒီတို႔ရဲ႕အခ်စ္ဇာတ...