MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.6K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-19

17.8K 2.6K 106
By _pannthoon_


[Unicode]

" ငါတို့ဘာဆက်လုပ်ကြမလဲ ကျူးရင့်..."

ဖုန်းမှ ထွက်ပေါ်လာသော နက္ခက်ညီ၏ အသံသည်
လေးနက်တည်ငြိမ်နေသည်။ ကျူးရင့်သည် ဘယ်လက်ဖြင့်
ဖုန်းကိုင်ထားရင်း ညာလက်နှင့် ဆံပင်ကိုသပ်တင်လိုက်သည်။

" ဘာကိုပြောတာလဲ...."

" လင်းသုခတ်နဲ့ ပတ်သတ်ပြီးတော့....ဘာဆက်လုပ်ကြမလဲ"

" မသိဘူးလေ...အဲ့တာနင့်အပိုင်းပဲ...ငါ မပါဘူး....."

" ဒီအကြံကို စပေးတာ နင်နော် ...."

ကျူးရင့်သည် သူမ၏ ခြောက်သွေ့နေသော
ပန်းနုရောင်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

" ခွန်စိုင်းကို မြှောက်ပေးလိုက်...သူက ရိပ်မျက်ခြယ်ကို
ကြိုက်နေတော့ ရိပ်မျက်ခြယ်နဲ့ အပြင်တွေဘာတွေ
ထွက်ခွင့်ရဖို့ ကြိုးစားနေမှာပဲ....ရိပ်မျက်ခြယ်ပါရင် သူ့အဖွဲ့
ပါလာလိမ့်မယ်..."

" ငါက လင်း အနားမှာနေဖို့ပဲ...ဟုတ်တယ်မလား..."

" ဟုတ်တယ်....နင်သေချာ လုပ်ဖို့တော့ လိုတယ်..."

ကျူးရင့်သည် ထိုစကားကိုဆိုရင်း နံရံတွင် ကပ်ထားသော
ဓာတ်ပုံကိုလှမ်းကြည့်လိုက်သည်။

ထိုပုံသည် ကျူးရင့်...နက္ခက်ညီ...ရှင်းယံ...ခွန်စိုင်း...
ဖြိုး တို့အတူတူရိုက်ထားသော ပုံပင်။

************************************************************************

" သူ ဘာဖြစ်နေတာလဲ...."

သုတက.... ငေးငိုင်ပြီး ထမင်းကို မစားဘဲ အလှထိုင်ကြည့်နေသော ရိပ်ကို ငေးငေါ့ပြ၍ နိုးနိုးကို တိုးတိုးသက်သာ လှမ်းမေးသည်။ ရိပ်က ဇွန်းကိုကိုင်ထားပြီး ထမင်းကို ဟိုမွှေ ဒီမွှေလုပ်နေသည်။

" ဘာဖြစ်ရမှာလဲ....ခွန်စိုင်းမင်းရှန်က သူ့လာစကားပြောလို့
ပီတိတွေဖြာနေတာလေ...ထမင်းတောင် မစားနိုင်ရှာဘူး"

နိုးနိုးက ငေါ့သလို ထေ့သလို အသံကိုမြှင့်ပြီးပြောလိုက်မှ
ရိပ် ခေါင်းမော့လာကာ နိုးနိုးကို မျက်စောင်းခဲသည်။

" ဘာလို့ ငါကပီတိဖြာရမှာလဲ...."

" ဘာလဲ...ခွန်စိုင်းက messenger က လာ စကား
ပြောတာကို ကြိုက်တယ်တော့ လုပ်လိုက်...."

နိုးနိုးက စကားနှင့်ပြန်ပက်လိုက်တော့ ရိပ် ပါးစပ်ပိတ်သွားသည်။ ဗညားက သူတို့၂ယောက်ကို ကြည့်ရင်း ရယ်သည်။

" ရိပ်ကတော့ တစ်စုံတစ်ယောက်ထံမှာ ကြွေမျောသွားပြီပဲ...
ငါကတော့ စဉ်းစားမရဘူး....ခွန်စိုင်းက သူ့နားဝိုင်းနေတဲ့
မိန်းမလေးချောချောလေးတွေရှိရဲ့နဲ့ ဒီက ရုပ်ဆိုးမကို
ဘာလို့ ဉာဏ်လာဆင်နေလဲ မသိဘူး"

" ဟဲ့...ငါက ချောပြီးသား နင်တို့လို ငမိုက်သားတွေကပဲ
ငါ့အလှကို မမြင်ဘဲ ကန်းနေတာ...."

"  ဟေ့...လိမ်မပြောနဲ့ မိုးရွာနေတယ် မိုးကြိုးပစ်လိမ့်မယ်"

သုတက ဝင်ပြောတော့  သူတို့အားလုံးရယ်လိုက်ကြပြန်သည်။ရိပ်ကတော့ ဆူပုပ်ပုပ် မျက်နှာထားနှင့်...

" မိုးက ခုနကထက် ပိုသည်းနေပြီ...."

ဟု စကားလမ်းကြောင်းလွှဲပစ်သည်။

" မုန်တိုင်း ရှိတယ်လေ...ပြီးတော့ ဒါမိုးရာသီလေ... ရွာမှာပေါ့"

နိုးနိုးပြောတော့ သုတက ပြတင်းပေါက်အပြင်ဘက်ကိုလှမ်း
မျှော်ကြည့်ရင်း ဆိုသည်။

" လင်းတစ်ယောက် မုန့်ဈေးတန်းသွားတာ ထီးပါသွားရဲ့လား"

" ငါ့ထီးပေးလိုက်တယ်...သူ့ကို ငါမှာလိုက်တဲ့ အာလူးကြော်လေးကို ထမင်းနဲ့စားဖို့စောင့်လိုက်ဦးမယ်..."

နိုးနိုးကပြောပြီးနောက် ဇွန်းကိုချကာ လက်ကျန်ထမင်းလေးကို အာလူးကြော်နှင့်စားရန်  စောင့်ဆိုင်းနေသည်။

************************************************************************

လက်တစ်ဖက်တွင် အာလူးကြော်ထည့်ထားသော စက္ကူဘူး..
တစ်ဖက်တွင် အအေးဘူးတစ်ဘူးနှင့်...ချိုင်းကြားထဲ ညှပ်ထားသော ထီးကို ဘယ်လိုဖွင့်ရမလဲ လင်း...ခေါင်းစားနေမိသည်။ ထီးက နိုးနိုး၏ ထီးဖြစ်၍ ခေါက်ထီးပန်းရောင်လေး
ဖြစ်နေသည်။ အအေးဘူးနှင့် အာလူးကြော်ဘူးကို
လက်တစ်ဖက်တည်းနှင့်လည်း ကိုင်လို့မရသောကြောင့်
လင်း တစ်ယောက်တည်း ပတ်လည်ရိုက်နေသည်။

ထိုစဉ် တစ်ယောက်က အနားရောက်လာပြီး လင်း၏ ချိုင်းကြားတွင် ညှပ်ထားသော ထီးကို ဆွဲယူလိုက်သည်။
လင်း..ကြည့်လိုက်တော့ ထိုသူက နက္ခက်ညီ ဖြစ်နေသည်။

" ငါ ထီးမပါဘူး"

နက္ခက်က ပြောရင်း ထီးကိုဖွင့်လိုက်သည်။ နက္ခက်က ထီးကို
ကိုင်ပေးသောကြောင့် လင်းလည်း သူ့ဘေးနားမှ ကပ်လိုက်သွားသည်။

"ထီးကို ပန်းရောင်လေးကိုင်တယ်ပေါ့ လင်း...."

" သူငယ်ချင်း ထီးပါ..."

" အော်...."

ခေါက်ထီးသည် သူတို့၂ယောက်အတွက်သေးနေသည်။
မိုးက သည်းသည်းမဲမဲရွာနေသောကြောင့် ထီးဆောင်းထားလည်း သူတို့၂ယောက်၏ အင်္ကျီလက်များ စိုရွဲနေသည်။
နက္ခက်က ထီးကို လင်းဘက်သို့ ပိုပိုသာသာဆောင်းထားပေး
သောကြောင့် နက္ခက်၏ အင်္ကျီသည် ပို၍ပင် စိုသွားသည်။
နောက်တော့ နက္ခက်သည် စိတ်မရှည်စွာ လင်း၏ ပခုံးကို
ဖက်လိုက်ပြီး သူ့ဘက်သို့ ဆွဲလိုက်သည်။

" ဘယ်လိုဖြစ်လို့ မင်းက ဝေး...ဝေးသွားတာလဲ...ထီးက
သေးရတဲ့ကြားထဲ"

" ဘယ်နားက ဝေးလို့လဲ...."

" လျှောက်ရင်း လျှောက်ရင်းနဲ့ ဟိုဘက် ရောက် ရောက်သွားတယ်လေ..."

နက္ခက်ကပြောရင်း လင်း၏ ပခုံးကို ဆွဲဖက်ထားသည်။
လင်းလည်း ဒီတိုင်းငြိမ်ခံ၍ လိုက်လာလိုက်သည်။
ကျောင်းဆောင်အောက်ရောက်မှ နက္ခက်က ထီးကိုပိတ်လိုက်ရင်း.....

" ထီးကစိုနေတာ...ချိုင်းကြားမညှပ်နဲ့တော့....."

" ကိုင်စရာလက်လည်း မရှိဘူး...."

နက္ခက်က လင်းကို ခေါင်းစခြေအဆုံးကြည့်သည်။

" ငါလိုက်ပို့မယ်...."

နက္ခက်က လင်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ
သွားမည်ပြုတော့ လင်းက ထိတ်လန့်တကြား တားလေသည်။

" နေဦး...နေဦး...ကျွန်တော့်မျက်စိထဲ ဘာဝင်သွားလဲ မသိဘူး"

လင်းက သူ့မျက်လုံးနှစ်ဖက်ကို စုံမှိတ်လျက် အော်လေသည်။
သူ့လက်နှစ်ဖက်က မအားသဖြင့် မျက်လုံးကို ပွတ်လို့လည်းမရ။နက္ခက်လည်း ချက်ချင်းပင် လင်း၏ရှေ့မှောက်၌ ခါးကို ကိုင်းလိုက်လျက် လက်တစ်ဖက်ဖြင့် လင်း၏ မျက်နှာကို ကိုင်လိုက်သည်။

" ခဏလေး...ငါလုပ်ပေးမယ်...ဘယ်ဘက်မျက်လုံးလဲ..."

" ညာဘက်..."

" မျက်လုံးကို အတင်းကြီးမှိတ်မထားနဲ့လေ...."

နက္ခက်က အသာအယာပင် လင်း၏ ညာဘက်မျက်လုံးကို
လက်မ...လက်ညှိုးသုံး၍ ဆွဲဖွင့်လိုက်သည်။ ထို့နောက်
လေဖြင့် ဖြေးညှင်းစွာ မှုတ်လိုက်သည်။

" ရပြီလား...."

" အင်း...ရပြီ "

မျက်နှာကို ရှုံ့တွလျက်ပြောနေသော လင်းကိုကြည့်ရင်း
နက္ခက် ပြုံးလိုက်သည်။ သူ...ခါးကို ပြန်မတ်လိုက်ပါသည်။

" လာ...သွားမယ်...."

ထို့နောက် သူ ခုနကအတိုင်းပင် လင်း၏ ပခုံးကို ဖက်ပြီးခေါ်သွားသည်။လင်းတို့ အခန်းရှေ့ရောက်မှ စိုရွှဲနေသောထီးကို ပြတင်းပေါက်တွင် ချိတ်ပေးလိုက်သည်။

ဗညားက နိုးနိုးကို လှမ်းပြော၏။

" ဟိုမှာ နင်စောင့်နေတဲ့ အာလူးကြော်လာပြီ "

နိုးနိုး...အပေါက်ဝကိုလှမ်းကြည့်လိုက်သောအခါ လင်း၏
ဆံပင်ကို ဆွဲဖွပြီးမှ ထွက်သွားသော နက္ခက်ညီကို လှမ်းမြင်လိုက်ရသည်။ နိုးနိုး မျက်မှောင်ကြုံ့ရင်း တည်ကြည်စွာ
ရေရွတ်လိုက်သည်။

" နင်တို့သိလား...ငါ နက္ခက်ညီကို မသင်္ကာဘူး..."

" ဘာလို့လဲ....."

ရိပ်က ထမင်းစားနေရင်း ထမေးသည်။

" ငါ အဲ့လိုခံစားမိလို့ "

နိုးနိုးက ပြန်ဖြေသည်။ ထိုအခါ သုတက နိုးနိုးဘက်မှ
ဝင်ရောက် ထောက်ခံစကားဆိုသည်။

" နိုးနိုး မသင်္ကာရင် အဲ့လူက တကယ်မသင်္ကာစရာကောင်းနေလို့ပဲ....နိုးနိုးက လူကဲခတ်တဲ့ ဘက်မှာ ကျွမ်းကျင်တယ်..."

" အေး ငါ နက္ခက်ညီကို ဘောလုံးကွင်းကိစ္စပြီးကတည်းက
မသင်္ကာဖြစ်နေတာ....သူ လင်းကို သဘောကျနေသလိုပဲ"

အနားသို့ရောက်လာသော လင်းသည် နိုးနိုး၏စကားကို
နားစွန်နားဖျားကြားလိုက်သည်။ သူ နှာခေါင်းရှုံ့၍ ငြင်းဆိုလိုက်ပါသည်။

" ဘာလို့ ငါ့ကိုသူက ကြိုက်မှာလဲ....သူက ဒီတိုင်း
ငါနဲ့ ခင်တာပါ..."

" နင်မသိဘူးနော်...လင်း....ငါက အဲ့လိုအပိုင်းတွေမှာ
ကျွမ်းကျင်တယ်...."

နိုးနိုးက ထိုစကားကိုပြောရင်း နှုတ်ခမ်းကို မဲ့လိုက်ပါသည်။

************************************************************************

ခတ် : ကိုကြီးမအိပ်သေးဘူးလား

ည ၁၁နာရီခွဲအထိ active ဖြစ်နေသော ရှင်းယံ ဆီသို့
လင်းသုခတ်ထံမှ message ရောက်လာသည်။ ရှင်းယံ...
ချက်ချင်းပင် Reply ပြန်လိုက်သည်။

ရှင်းယံ : အစ်ကို့ကိုကျပြောတယ် မင်းကျတော့ ၁၀နာရီတုန်းက အိပ်တော့မယ် bye bye ဆိုပြီးတော့
အခုကျ message ပို့တယ်

ခတ် : ကျွန်တော် အိပ်မပျော်လို့....

ရှင်းယံ : ဘာလို့ အိပ်မပျော်တာလဲ

ခတ် : အိပ်ခါနီး ကော်ဖီတွေသောက်လိုက်မိလို့ ထင်တယ်

ရှင်းယံ :  အစ်ကိုဆို အိပ်ခါနီး ကော်ဖီသောက်လည်း
အိပ်ပျော်တယ်

ခတ် : ကောင်းတာပေါ့....ကိုကြီးရော အခုဘာလုပ်နေလဲ

ရှင်းယံ : ဘာမှတော့မလုပ်နေပါဘူး

ခတ် : ကျွန်တော်က အိပ်ရေးမဝရင် မနက်ဖြန်တစ်ရက်လုံး
ထိုင်းမှိုင်းနေတော့မှာ အိပ်လို့လည်းမရဘူး....ကော်ဖီ မသောက်လိုက်ရမှာ

ရှင်းယံ : အိပ်ပျော်အောင် သီချင်းဆိုပြရမလား

ထို Message ကိုမြင်လိုက်ချိန်တွင် လင်းရင်ထဲ
ဖိုးသိုးဖက်သပ်ဖြစ်သွားသည်။ အိပ်မပျော်လို့ crush က
သီချင်းဆိုမယ်တဲ့လား....အိုး....ကိုယ့်ထက်ကံကောင်းတဲ့လူ
ကမ္ဘာပေါ်မှာ ဘယ်သူ့မှ မရှိတော့ဘူး....

ခတ် : ဆိုပြပါ

ရှင်းယံ : ဘယ်လိုဆိုရမလဲ...ဖုန်းခေါ်ရမလား

ခတ်: video call ခေါ်လိုက်မယ်လေ

ထို့နောက် လင်းဘက်က စ၍ video call ခေါ်လိုက်သည်။ စိုင်းရှင်းယံက ကိုင်လိုက်သည်။ ဂီတာတစ်လက်ကိုကိုင်ထားသော ရှင်းယံကို မြင်လိုက်ရသောအခါ လင်း ပြုံးလိုက်မိသည်။ စိုင်းရှင်းယံက  ညအိပ်ဝတ်စုံဝမ်းဆက်နှင့် ဖြစ်နေလင့်ကစား ညအိပ်ဝတ်စုံနဲ့တောင် ခန့်ညားနေသည်ဟု လင်း ထင်သည်။

" ဘာ သီချင်း နားထောင်ချင်ပါသလဲ ခဗျာ"

" မသိဘူး...ကိုကြီးရတာသာ ဆိုပါ...."

စိုင်းရှင်းယံက စဉ်းစားနေသည်။ ထို့နောက် သူ...ရယ်ကျဲကျဲနှင့် စဆိုသည်။

" အိပ်ပါတော့ကွယ်...ကြောင်ကြီးကိုက်လိမ့်မယ်....
အိပ်ရာက နိုးရင် ကျောင်းသွားရဦးမယ်...."

လင်း ရယ်လိုက်မိသည်။

" တကယ်ကြီး အဲ့တာဆိုမှာလား...."

" ဘာလို့လဲ အဲ့တာမကြိုက်ဘူးလား....ဒါဆိုရင်....
ဆွမ်းအုပ်နီနီ အမေရွက်လို့ ...မနက်ဖြန်မနက်ကျောင်းတက်မယ် ...."

ရှင်းယံက သူ့ဘာသူပြောရင်း ရယ်နေသည်။ ထို့ကြောင့်
လင်းလည်း အတူတူရယ်လိုက်မိသည်။ နောက်မှ
ရှင်းယံက မျက်နှာပိုးကိုသတ်လိုက်ပြီး.....

" တကယ် ဆိုပြမယ်...."

ဟုဆိုကာ ဂစ်တာကို စတင်တီးခတ်လိုက်သည်။
စိုင်းရှင်းယံ၏ ဂစ်တာတီးနေသည့်ပုံရိပ်ကို လင်း သဘောကျသည်။ထို့နောက် ရှင်းယံ၏ လက်ချောင်းသွယ်သွယ်များ
ကိုသဘောကျသည်။ ထို့နောက် အပြုံး...မျက်ဝန်း...
ထို့နောက် အသံ......အရာအားလုံးကို သဘောကျသည်။

" အချစ်အကြောင်းများမသိခဲ့ဘူး~~ငယ်စဉ်က အသက်အရွယ်မှာ~~ ရူးလောက်တဲ့အချစ်မျိုးနဲ့~~ ကိုယ်တိုင်မတွေ့မိခဲ့ပါ~~"

ဖုန်းထဲမှ ရှင်းယံ၏ အသံချိုချိုလေး ပျံ့နှံ့နေသည်။

လင်းအတွက်သေချာသည်။
စိုင်းရှင်းယံက ကမ္ဘာပေါ်မှာ အပြည့်စုံဆုံးလူသားပဲ....

" ဒဏ္ဍာရီပုံဆန်တဲ့ အလွမ်းအဆွေးမျိုးနဲ့~~တစ်နေ့တော့ဖြင့်
တို့ကြုံမှာ ~~မတွေးမိသေး~~

ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ~~
့ငြိမ်အောင်တင်းထားလို့မရ~~မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်~~
ဒါအချစ်လို့ခေါ်မလား~~ကိုယ်မသိလိုက်မိ~~ရင်ခွင်ထဲတိုး~~~~~~

နောက်ဆုံးတော့ မင်းနဲ့မှချစ်တတ်ပြီပေါ့~~"

အခန်းလေးထဲတွင် ဂီတာသံသည် တိုးလျစွာပျံ့နှံ့နေသည်။
ရှင်းယံကို ပြုံးကြည့်ရင်း လင်း၏ မျက်လုံးများ မှေးစင်းလာသည်။

ရှင်းယံသည် သီချင်းကိုပြီးအောင်ဆိုနေသည်။ သူ...လင်းကို
သတိမထားမိ.....သီချင်းဆုံးမှ လင်းကို ပြန်ကြည့်မိချိန်တွင်
လင်းက အိပ်ပျော်နေလေပြီ....

ထိုအခြင်းအရာကိုကြည့်ရင်း ရှင်းယံ ပြုံးလိုက်သည်။

" Good night.... ခတ်"

သူ တိုးညှင်းစွာဆိုလိုက်ပြီးနောက် video  call ကို
အဆုံးသတ်လိုက်သည်။

************************************************************************

************************************************************************

[Zawgyi]

" ငါတို႔ဘာဆက္လုပ္ၾကမလဲ က်ဴးရင့္..."

ဖုန္းမွ ထြက္ေပၚလာေသာ နကၡက္ညီ၏ အသံသည္
ေလးနက္တည္ၿငိမ္ေနသည္။ က်ဴးရင့္သည္ ဘယ္လက္ျဖင့္
ဖုန္းကိုင္ထားရင္း ညာလက္နွင့္ ဆံပင္ကုိသပ္တင္လိုက္သည္။

" ဘာကုိေျပာတာလဲ...."

" လင္းသုခတ္နဲ႔ ပတ္သတ္ၿပီးေတာ့....ဘာဆက္လုပ္ၾကမလဲ"

" မသိဘူးေလ...အဲ့တာနင့္အပိုင္းပဲ...ငါ မပါဘူး....."

" ဒီအႀကံကုိ စေပးတာ နင္ေနာ္ ...."

က်ဴးရင့္သည္ သူမ၏ ေျခာက္ေသြ႕ေနေသာ
ပန္းႏုေရာင္နႈတ္ခမ္းကို လ်ွာျဖင့္သပ္လိုက္သည္။

" ခြန္စိုင္းကို ေျမႇာက္ေပးလိုက္...သူက ရိပ္မ်က္ျခယ္ကုိ
ႀကိဳက္ေနေတာ့ ရိပ္မ်က္ျခယ္နဲ႔ အျပင္ေတြဘာေတြ
ထြက္ခြင့္ရဖို႔ ႀကိဳးစားေနမွာပဲ....ရိပ္မ်က္ျခယ္ပါရင္ သူ႔အဖြဲ႕
ပါလာလိမ့္မယ္..."

" ငါက လင္း အနားမွာေနဖို႔ပဲ...ဟုတ္တယ္မလား..."

" ဟုတ္တယ္....နင္ေသခ်ာ လုပ္ဖို႔ေတာ့ လိုတယ္..."

က်ဴးရင့္သည္ ထိုစကားကုိဆိုရင္း နံရံတြင္ ကပ္ထားေသာ
ဓာတ္ပံုကုိလွမ္းၾကည့္လိုက္သည္။

ထိုပံုသည္ က်ဴးရင့္...နကၡက္ညီ...ရွင္းယံ...ခြန္စိုင္း...
ၿဖိဳး တို႔အတူတူရိုက္ထားေသာ ပံုပင္။

************************************************************************

" သူ ဘာျဖစ္ေနတာလဲ...."

သုတက.... ေငးငိုင္ၿပီး ထမင္းကုိ မစားဘဲ အလွထိုင္ၾကည့္ေနေသာ ရိပ္ကုိ ေငးေငါ့ျပ၍ နိုးနိုးကုိ တိုးတိုးသက္သာ လွမ္းေမးသည္။ ရိပ္က ဇြန္းကုိကိုင္ထားၿပီး ထမင္းကုိ ဟုိေမႊ ဒီေမႊလုပ္ေနသည္။

" ဘာျဖစ္ရမွာလဲ....ခြန္စိုင္းမင္းရွန္က သူ႔လာစကားေျပာလို႔
ပီတိေတြျဖာေနတာေလ...ထမင္းေတာင္ မစားနိုင္ရွာဘူး"

နိုးနိုးက ေငါ့သလို ေထ့သလို အသံကိုျမႇင့္ၿပီးေျပာလိုက္မွ
ရိပ္ ေခါင္းေမာ့လာကာ နိုးနိုးကုိ မ်က္ေစာင္းခဲသည္။

" ဘာလို႔ ငါကပီတိျဖာရမွာလဲ...."

" ဘာလဲ...ခြန္စိုင္းက messenger က လာ စကား
ေျပာတာကုိ ႀကိဳက္တယ္ေတာ့ လုပ္လိုက္...."

နိုးနိုးက စကားနွင့္ျပန္ပက္လိုက္ေတာ့ ရိပ္ ပါးစပ္ပိတ္သြားသည္။ ဗညားက သူတို႔၂ေယာက္ကုိ ၾကည့္ရင္း ရယ္သည္။

" ရိပ္ကေတာ့ တစ္စံုတစ္ေယာက္ထံမွာ ေႂကြေမ်ာသြားၿပီပဲ...
ငါကေတာ့ စဥ္းစားမရဘူး....ခြန္စိုင္းက သူ႔နားဝိုင္းေနတဲ့
မိန္းမေလးေခ်ာေခ်ာေလးေတြရွိရဲ႕နဲ႔ ဒီက ရုပ္ဆိုးမကုိ
ဘာလို႔ ဉာဏ္လာဆင္ေနလဲ မသိဘူး"

" ဟဲ့...ငါက ေခ်ာၿပီးသား နင္တို႔လုိ ငမိုက္သားေတြကပဲ
ငါ့အလွကုိ မျမင္ဘဲ ကန္းေနတာ...."

"  ေဟ့...လိမ္မေျပာနဲ႔ မုိး႐ြာေနတယ္ မိုးႀကိဳးပစ္လိမ့္မယ္"

သုတက ဝင္ေျပာေတာ့  သူတို႔အားလံုးရယ္လိုက္ၾကျပန္သည္။ရိပ္ကေတာ့ ဆူပုပ္ပုပ္ မ်က္နွာထားနွင့္...

" မိုးက ခုနကထက္ ပိုသည္းေနၿပီ...."

ဟု စကားလမ္းေၾကာင္းလႊဲပစ္သည္။

" မုန္တိုင္း ရွိတယ္ေလ...ၿပီးေတာ့ ဒါမိုးရာသီေလ... ႐ြာမွာေပါ့"

နိုးနိုးေျပာေတာ့ သုတက ျပတင္းေပါက္အျပင္ဘက္ကုိလွမ္း
ေမ်ွာ္ၾကည့္ရင္း ဆိုသည္။

" လင္းတစ္ေယာက္ မုန္႔ေစ်းတန္းသြားတာ ထီးပါသြားရဲ႕လား"

" ငါ့ထီးေပးလိုက္တယ္...သူ႔ကို ငါမွာလိုက္တဲ့ အာလူးေၾကာ္ေလးကို ထမင္းနဲ႔စားဖို႔ေစာင့္လိုက္ဦးမယ္..."

နိုးနိုးကေျပာၿပီးေနာက္ ဇြန္းကုိခ်ကာ လက္က်န္ထမင္းေလးကို အာလူးေၾကာ္နွင့္စားရန္  ေစာင့္ဆိုင္းေနသည္။

************************************************************************

လက္တစ္ဖက္တြင္ အာလူးေၾကာ္ထည့္ထားေသာ စကၠဴဘူး..
တစ္ဖက္တြင္ အေအးဘူးတစ္ဘူးနွင့္...ခ်ိဳင္းၾကားထဲ ညႇပ္ထားေသာ ထီးကုိ ဘယ္လိုဖြင့္ရမလဲ လင္း...ေခါင္းစားေနမိသည္။ ထီးက နိုးနိုး၏ ထီးျဖစ္၍ ေခါက္ထီးပန္းေရာင္ေလး
ျဖစ္ေနသည္။ အေအးဘူးနွင့္ အာလူးေၾကာ္ဘူးကုိ
လက္တစ္ဖက္တည္းနွင့္လည္း ကိုင္လို႔မရေသာေၾကာင့္
လင္း တစ္ေယာက္တည္း ပတ္လည္ရိုက္ေနသည္။

ထိုစဥ္ တစ္ေယာက္က အနားေရာက္လာၿပီး လင္း၏ ခ်ိဳင္းၾကားတြင္ ညႇပ္ထားေသာ ထီးကုိ ဆြဲယူလိုက္သည္။
လင္း..ၾကည့္လိုက္ေတာ့ ထိုသူက နကၡက္ညီ ျဖစ္ေနသည္။

" ငါ ထီးမပါဘူး"

နကၡက္က ေျပာရင္း ထီးကိုဖြင့္လိုက္သည္။ နကၡက္က ထီးကို
ကိုင္ေပးေသာေၾကာင့္ လင္းလည္း သူ႔ေဘးနားမွ ကပ္လိုက္သြားသည္။

"ထီးကုိ ပန္းေရာင္ေလးကိုင္တယ္ေပါ့ လင္း...."

" သူငယ္ခ်င္း ထီးပါ..."

" ေအာ္...."

ေခါက္ထီးသည္ သူတို႔၂ေယာက္အတြက္ေသးေနသည္။
မိုးက သည္းသည္းမဲမဲ႐ြာေနေသာေၾကာင့္ ထီးေဆာင္းထားလည္း သူတို႔၂ေယာက္၏ အက်ႌလက္မ်ား စို႐ြဲေနသည္။
နကၡက္က ထီးကုိ လင္းဘက္သို႔ ပိုပုိသာသာေဆာင္းထားေပး
ေသာေၾကာင့္ နကၡက္၏ အက်ႌသည္ ပို၍ပင္ စိုသြားသည္။
ေနာက္ေတာ့ နကၡက္သည္ စိတ္မရွည္စြာ လင္း၏ ပခံုးကုိ
ဖက္လိုက္ၿပီး သူ႔ဘက္သို႔ ဆြဲလိုက္သည္။

" ဘယ္လိုျဖစ္လို႔ မင္းက ေဝး...ေဝးသြားတာလဲ...ထီးက
ေသးရတဲ့ၾကားထဲ"

" ဘယ္နားက ေဝးလို႔လဲ...."

" ေလ်ွာက္ရင္း ေလ်ွာက္ရင္းနဲ႔ ဟိုဘက္ ေရာက္ ေရာက္သြားတယ္ေလ..."

နကၡက္ကေျပာရင္း လင္း၏ ပခံုးကုိ ဆြဲဖက္ထားသည္။
လင္းလည္း ဒီတိုင္းၿငိမ္ခံ၍ လိုက္လာလိုက္သည္။
ေက်ာင္းေဆာင္ေအာက္ေရာက္မွ နကၡက္က ထီးကိုပိတ္လိုက္ရင္း.....

" ထီးကစိုေနတာ...ခ်ိဳင္းၾကားမညႇပ္နဲ႔ေတာ့....."

" ကိုင္စရာလက္လည္း မရွိဘူး...."

နကၡက္က လင္းကုိ ေခါင္းစေျခအဆံုးၾကည့္သည္။

" ငါလိုက္ပို႔မယ္...."

နကၡက္က လင္း၏ လက္ေမာင္းကုိ ဆုပ္ကိုင္လိုက္ကာ
သြားမည္ျပဳေတာ့ လင္းက ထိတ္လန္႔တၾကား တားေလသည္။

" ေနဦး...ေနဦး...ကြၽန္ေတာ့္မ်က္စိထဲ ဘာဝင္သြားလဲ မသိဘူး"

လင္းက သူ႔မ်က္လံုးနွစ္ဖက္ကုိ စံုမွိတ္လ်က္ ေအာ္ေလသည္။
သူ႔လက္နွစ္ဖက္က မအားသျဖင့္ မ်က္လံုးကုိ ပြတ္လို႔လည္းမရ။နကၡက္လည္း ခ်က္ခ်င္းပင္ လင္း၏ေရွ႕ေမွာက္၌ ခါးကို ကိုင္းလိုက္လ်က္ လက္တစ္ဖက္ျဖင့္ လင္း၏ မ်က္နွာကုိ ကိုင္လိုက္သည္။

" ခဏေလး...ငါလုပ္ေပးမယ္...ဘယ္ဘက္မ်က္လံုးလဲ..."

" ညာဘက္..."

" မ်က္လံုးကုိ အတင္းႀကီးမွိတ္မထားနဲ႔ေလ...."

နကၡက္က အသာအယာပင္ လင္း၏ ညာဘက္မ်က္လံုးကုိ
လက္မ...လက္ညႇိဳးသံုး၍ ဆြဲဖြင့္လိုက္သည္။ ထို႔ေနာက္
ေလျဖင့္ ေျဖးညႇင္းစြာ မႈတ္လိုက္သည္။

" ရၿပီလား...."

" အင္း...ရၿပီ "

မ်က္ႏွာကုိ ရႈံ႕တြလ်က္ေျပာေနေသာ လင္းကုိၾကည့္ရင္း
နကၡက္ ၿပံဳးလိုက္သည္။ သူ...ခါးကုိ ျပန္မတ္လိုက္ပါသည္။

" လာ...သြားမယ္...."

ထို႔ေနာက္ သူ ခုနကအတိုင္းပင္ လင္း၏ ပခံုးကုိ ဖက္ၿပီးေခၚသြားသည္။လင္းတို႔ အခန္းေရွ႕ေရာက္မွ စို႐ႊဲေနေသာထီးကို ျပတင္းေပါက္တြင္ ခ်ိတ္ေပးလိုက္သည္။

ဗညားက နိုးနိုးကုိ လွမ္းေျပာ၏။

" ဟိုမွာ နင္ေစာင့္ေနတဲ့ အာလူးေၾကာ္လာၿပီ "

နိုးနိုး...အေပါက္ဝကုိလွမ္းျကည့္လိုက္ေသာအခါ လင္း၏
ဆံပင္ကုိ ဆြဲဖြၿပီးမွ ထြက္သြားေသာ နကၡက္ညီကို လွမ္းျမင္လိုက္ရသည္။ နိုးနိုး မ်က္ေမွာင္ႀကံဳ႕ရင္း တည္ၾကည္စြာ
ေရ႐ြတ္လိုက္သည္။

" နင္တို႔သိလား...ငါ နကၡက္ညီကုိ မသကၤာဘူး..."

" ဘာလို႔လဲ....."

ရိပ္က ထမင္းစားေနရင္း ထေမးသည္။

" ငါ အဲ့လိုခံစားမိလို႔ "

နိုးနိုးက ျပန္ေျဖသည္။ ထိုအခါ သုတက နိုးနိုးဘက္မွ
ဝင္ေရာက္ ေထာက္ခံစကားဆိုသည္။

" နိုးနိုး မသကၤာရင္ အဲ့လူက တကယ္မသကၤာစရာေကာင္းေနလို႔ပဲ....နိုးနိုးက လူကဲခတ္တဲ့ ဘက္မွာ ကြၽမ္းက်င္တယ္..."

" ေအး ငါ နကၡက္ညီကို ေဘာလံုးကြင္းကိစၥၿပီးကတည္းက
မသကၤာျဖစ္ေနတာ....သူ လင္းကုိ သေဘာက်ေနသလိုပဲ"

အနားသို႔ေရာက္လာေသာ လင္းသည္ နိုးနိုး၏စကားကုိ
နားစြန္နားဖ်ားၾကားလိုက္သည္။ သူ နွာေခါင္းရႈံ႕၍ ျငင္းဆိုလိုက္ပါသည္။

" ဘာလို႔ ငါ့ကုိသူက ႀကိဳက္မွာလဲ....သူက ဒီတိုင္း
ငါနဲ႔ ခင္တာပါ..."

" နင္မသိဘူးေနာ္...လင္း....ငါက အဲ့လိုအပိုင္းေတြမွာ
ကြၽမ္းက်င္တယ္...."

နိုးနိုးက ထိုစကားကုိေျပာရင္း နႈတ္ခမ္းကို မဲ့လိုက္ပါသည္။

************************************************************************

ခတ္ : ကုိႀကီးမအိပ္ေသးဘူးလား

ည ၁၁နာရီခြဲအထိ active ျဖစ္ေနေသာ ရွင္းယံ ဆီသို႔
လင္းသုခတ္ထံမွ message ေရာက္လာသည္။ ရွင္းယံ...
ခ်က္ခ်င္းပင္ Reply ျပန္လိုက္သည္။

ရွင္းယံ : အစ္ကုိ႔ကုိက်ေျပာတယ္ မင္းက်ေတာ့ ၁၀နာရီတုန္းက အိပ္ေတာ့မယ္ bye bye ဆိုၿပီးေတာ့
အခုက် message ပို႔တယ္

ခတ္ : ကြၽန္ေတာ္ အိပ္မေပ်ာ္လို႔....

ရွင္းယံ : ဘာလို႔ အိပ္မေပ်ာ္တာလဲ

ခတ္ : အိပ္ခါနီး ေကာ္ဖီေတြေသာက္လိုက္မိလို႔ ထင္တယ္

ရွင္းယံ :  အစ္ကုိဆို အိပ္ခါနီး ေကာ္ဖီေသာက္လည္း
အိပ္ေပ်ာ္တယ္

ခတ္ : ေကာင္းတာေပါ့....ကုိႀကီးေရာ အခုဘာလုပ္ေနလဲ

ရွင္းယံ : ဘာမွေတာ့မလုပ္ေနပါဘူး

ခတ္ : ကြၽန္ေတာ္က အိပ္ေရးမဝရင္ မနက္ျဖန္တစ္ရက္လံုး
ထိုင္းမႈိင္းေနေတာ့မွာ အိပ္လို႔လည္းမရဘူး....ေကာ္ဖီ မေသာက္လိုက္ရမွာ

ရွင္းယံ : အိပ္ေပ်ာ္ေအာင္ သီခ်င္းဆိုျပရမလား

ထို Message ကုိျမင္လိုက္ခ်ိန္တြင္ လင္းရင္ထဲ
ဖိုးသိုးဖက္သပ္ျဖစ္သြားသည္။ အိပ္မေပ်ာ္လို႔ crush က
သီခ်င္းဆိုမယ္တဲ့လား....အိုး....ကိုယ့္ထက္ကံေကာင္းတဲ့လူ
ကမာၻေပၚမွာ ဘယ္သူ႔မွ မရွိေတာ့ဘူး....

ခတ္ : ဆိုျပပါ

ရွင္းယံ : ဘယ္လိုဆိုရမလဲ...ဖုန္းေခၚရမလား

ခတ္: video call ေခၚလိုက္မယ္ေလ

ထို႔ေနာက္ လင္းဘက္က စ၍ video call ေခၚလိုက္သည္။ စိုင္းရွင္းယံက ကိုင္လိုက္သည္။ ဂီတာတစ္လက္ကိုကိုင္ထားေသာ ရွင္းယံကို ျမင္လိုက္ရေသာအခါ လင္း ၿပံဳးလိုက္မိသည္။ စိုင္းရွင္းယံက  ညအိပ္ဝတ္စံုဝမ္းဆက္နွင့္ ျဖစ္ေနလင့္ကစား ညအိပ္ဝတ္စံုနဲ႔ေတာင္ ခန္႔ညားေနသည္ဟု လင္း ထင္သည္။

" ဘာ သီခ်င္း နားေထာင္ခ်င္ပါသလဲ ခဗ်ာ"

" မသိဘူး...ကုိႀကီးရတာသာ ဆိုပါ...."

စိုင္းရွင္းယံက စဥ္းစားေနသည္။ ထို႔ေနာက္ သူ...ရယ္က်ဲက်ဲနွင့္ စဆိုသည္။

" အိပ္ပါေတာ့ကြယ္...ေၾကာင္ႀကီးကိုက္လိမ့္မယ္....
အိပ္ရာက နိုးရင္ ေက်ာင္းသြားရဦးမယ္...."

လင္း ရယ္လိုက္မိသည္။

" တကယ္ႀကီး အဲ့တာဆိုမွာလား...."

" ဘာလို႔လဲ အဲ့တာမႀကိဳက္ဘူးလား....ဒါဆိုရင္....
ဆြမ္းအုပ္နီနီ အေမ႐ြက္လို႔ ...မနက္ျဖန္မနက္ေက်ာင္းတက္မယ္ ...."

ရွင္းယံက သူ႔ဘာသူေျပာရင္း ရယ္ေနသည္။ ထို႔ေၾကာင့္
လင္းလည္း အတူတူရယ္လိုက္မိသည္။ ေနာက္မွ
ရွင္းယံက မ်က္နွာပိုးကုိသတ္လိုက္ၿပီး.....

" တကယ္ ဆိုျပမယ္...."

ဟုဆိုကာ ဂစ္တာကုိ စတင္တီးခတ္လိုက္သည္။
စိုင္းရွင္းယံ၏ ဂစ္တာတီးေနသည့္ပံုရိပ္ကို လင္း သေဘာက်သည္။ထို႔ေနာက္ ရွင္းယံ၏ လက္ေခ်ာင္းသြယ္သြယ္မ်ား
ကုိသေဘာက်သည္။ ထို႔ေနာက္ အၿပံဳး...မ်က္ဝန္း...
ထို႔ေနာက္ အသံ......အရာအားလံုးကုိ သေဘာက်သည္။

" အခ်စ္အေၾကာင္းမ်ားမသိခဲ့ဘူး~~ငယ္စဥ္က အသက္အ႐ြယ္မွာ~~ ရူးေလာက္တဲ့အခ်စ္မ်ိဳးနဲ႔~~ ကိုယ္တိုင္မေတြ႕မိခဲ့ပါ~~"

ဖုန္းထဲမွ ရွင္းယံ၏ အသံခ်ိဳခ်ဳိေလး ပ်ံ႕နွံ႔ေနသည္။

လင္းအတြက္ေသခ်ာသည္။
စိုင္းရွင္းယံက ကမာၻေပၚမွာ အျပည့္စံုဆံုးလူသားပဲ....

" ဒ႑ာရီပံုဆန္တဲ့ အလြမ္းအေဆြးမ်ိဳးနဲ႔~~တစ္ေန႔ေတာ့ျဖင့္
တို႔ႀကံဳမွာ ~~မေတြးမိေသး~~

ကိုယ့္နွလံုးသားေလးလည္း ရင္ခုန္နႈန္းထိန္းဖို႔ခက္ၿပီ~~
့ၿငိမ္ေအာင္တင္းထားလို႔မရ~~မယံုနိုင္ဘူး မင္းနဲ႔ေတြ႕စဥ္~~
ဒါအခ်စ္လို႔ေခၚမလား~~ကိုယ္မသိလိုက္မိ~~ရင္ခြင္ထဲတိုး~~~~~~

ေနာက္ဆံုးေတာ့ မင္းနဲ႔မွခ်စ္တတ္ၿပီေပါ့~~"

အခန္းေလးထဲတြင္ ဂီတာသံသည္ တိုးလ်စြာပ်ံ႕နွံ႔ေနသည္။
ရွင္းယံကို ၿပံဳးၾကည့္ရင္း လင္း၏ မ်က္လံုးမ်ား ေမွးစင္းလာသည္။

ရွင္းယံသည္ သီခ်င္းကုိၿပီးေအာင္ဆိုေနသည္။ သူ...လင္းကုိ
သတိမထားမိ.....သီခ်င္းဆံုးမွ လင္းကုိ ျပန္ၾကည့္မိခ်ိန္တြင္
လင္းက အိပ္ေပ်ာ္ေနေလၿပီ....

ထိုအျခင္းအရာကိုၾကည့္ရင္း ရွင္းယံ ျပံဳးလိုက္သည္။

" Good night.... ခတ္"

သူ တိုးညႇင္းစြာဆိုလိုက္ၿပီးေနာက္ video  call ကုိ
အဆံုးသတ္လိုက္သည္။

************************************************************************

************************************************************************

Continue Reading

You'll Also Like

319K 26.9K 33
"ငါ့မှာ အရှိန်အဝါကြီးလွန်းတဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိတယ်။ သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ သီးသန့်ဆန်ကာသိုဝှက်လွန်းသူ။အမြဲ ခက်ထန်နေတတ်ပြီးတော့ လူကြီး...
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...