MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-18

18.3K 2.7K 415
By _pannthoon_

[Unicode ]

" အဲ့တော့ မင်းက အဲ့စာအုပ်တွေအကုန်ဖတ်ဖူးတယ်ပေါ့"

စိုင်းရှင်းယံက အံ့အားသင့်ဟန်ဖြင့် မေးတော့ လင်းက
ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းငြိမ့်သည်။ သူတို့၂ယောက်သည်
စာကြည့်တိုက်အလယ်ရှိ စားပွဲခုံတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။စာကြည့်တိုက်တွင် သူတို့၂ယောက်သာ ရှိနေသည်။ ၂ယောက်သား၏ လက်ထဲတွင် စာအုပ်ကိုယ်စီရှိသော်လည်း စာမဖတ်ဘဲ တိုးတိုးတိတ်တိတ် စကားများနေကြခြင်း
ဖြစ်သည်။

" သူတို့တွေက ကျွန်တော့်အကြိုက်ဆုံးတွေပဲ...."

စိတ်ထဲတွင်တော့ ရိပ်တို့အိမ်က စာအုပ်စင်ကြီးကို ထိုင်ရှိခိုးချင်စိတ်ပေါ်နေသည်။ ရိပ်တို့အိမ်က စာအုပ်စင်မှာ စိုင်းရှင်းယံ
recommand ပေးသမျှ စာအုပ်တွေရှိနေတာ
ဘုရားပေးသော ဆုလာဘ်ပင်။

" မင်း စာဖတ်ဝါသနာ ပါမယ်လို့ အစ်ကို မထင်ထားဘူး"

" ကျွန်တော်က  ငယ်ငယ်လေးကတည်းက စာဖတ်ရတာကြိုက်တာ....ကျွန်တော်က ဘာသာပြန်တွေ လျို့ဝှက်နက်နဲဇာတ်လမ်းတွေ...စိတ်ကူးယဉ်တွေ..  ကိုပိုသဘောကျတယ်"

" အစ်ကိုရောပဲ....အကြိုက်တူတယ်...."

လင်း...တဟီးဟီးနဲ့ ရယ်နေလိုက်သည်။
ဒါက ညီမဖြစ်သူ မဒီ့ရဲ့ကျေးဇူး.......သူစုံစမ်းထားတာတွေနဲ့
ကွက်တိပဲ....

" အစ်ကိုက ရသစာပေလည်းသဘောကျတယ်.....
ပြီးတော့ သမိုင်းအကြောင်းတွေ ရေးထားတာဆိုလည်း
စိတ်ဝင်စားတယ်...."

" သမိုင်းကြောင်းဆိုရင် ကျွန်တော်က ဒေါက်တာသန်းထွန်း
ရဲ့စာအုပ်တွေဖတ်တယ်....သူက  လုံးဝ သက်သေအထောက်အထားတွေနဲ့ အတိအကျ သမိုင်းကိုပြောတာ..."

" မင်း...ဒေါက်တာသန်းထွန်းကို သိတယ်ပေါ့....."

စိုင်းရှင်းယံက ဒုတိယအကြိမ် အံ့အားသင့်ဟန်နှင့်ပြောပြန်တော့ လင်း သွားဖြဲပြီး ရယ်လိုက်သည်။

" ကျွန်တော်... သူ့ကိုသဘောကျတယ်....ကျွန်တော့်မှာသာ
အခွင့်အရေးရှိရင် သူနဲ့သွားတွေ့ပြီး သမိုင်းနဲ့ ပတ်သတ်ပြီး သိချင်တာလေးတွေ မေးဦးမှာ..."

" သူက သေသွားပြီလေ...."

စိုင်းရှင်းယံ စကားကြောင့် လင်း ခဏ အ, သွားသည်။
ဖောရှောလုပ်တာ များသွားပြီ.....

" အဲ့တာကြောင့် အခွင့်အရေးမရှိတော့ဘူးပေါ့.....ဟဲဟဲဟဲ.."

ရယ်စရာမပါဘဲ  လင်း အခြောက်တိုက်ရယ်မောနေလိုက်သည်။ ထို့နောက်ဆက်လက်၍ ပြောလိုက်သည်။

" ကျွန်တော်က ကဗျာတွေလည်း သဘောကျတယ်....."

"ဟုတ်လား...."

" ကျွန်တော်....ဇော်ဂျီ ရဲ့ဗေဒါလမ်းကဗျာတွေ ဖတ်တယ်....
မော်ဒန်ကဗျာတွေလည်း ဖတ်တယ်....ပြီးတော့ ဆရာတင်မိုး....သူ့ရဲ့ နာမည်ကြီး ကဗျာတိုလေးလေ..."

" ဆေးလိပ်လည်းတို...နေလည်းညိုပြီ...ငါ့ကို အိမ်ပြန်ပို့ကြတော့"

စိုင်းရှင်းယံနှင့် လင်းသည် ထိုကဗျာလေးကို ပြိုင်တူ ရွတ်လိုက်မိကြသည်။ ပြီးနောက် နှစ်ယောက်သား ပြုံးလိုက်မိကြသည်။

" မင်းက ဆရာတင်မိုးလည်း သိတာပဲပေါ့...."

တကယ်တော့ လင်း၏ အိမ်တွင် ဆရာတင်မိုး၏ အကြောင်းရေးထားသော စာအုပ်အထူကြီးတစ်အုပ်ရှိသည်။ ထိုစာအုပ်ကို
လှန်လိုက်တော့ ပထမဆုံးမျက်နှာတွင် တွေ့သော
ခုနက ကဗျာတိုလေးသာ ဖတ်လိုက်သည်။ ပြီးတော့
ဖတ်ရမှာပျင်းလို့ စာအုပ်ကိုပိတ်လိုက်သည်။ ကဗျာက တိုတာကြောင့် အလွတ်ရလိုက်သည်။

" ဆရာတင်မိုးက နာမည်ကြီးပဲဟာ....သိတာပေါ့"

" မင်းက စာအုပ်တွေကြိုက်တယ်ဆိုရင်....ဆရာတင်ညွန့်ရေးတဲ့ ကျောင်းဆရာမှတ်တမ်း ဖတ်ပြီးပြီလား.....အဲ့စာအုပ်က
အမျိုးသားစာပေဆုရထားတယ်...."

" ဟင့်အင်း...မဖတ်ရသေးဘူး"

" မင်းဖတ်ကြည့်သင့်တယ်....အဲ့မှာ အရင်တုန်းက
မဖွံ့ဖြိုးသေးတဲ့ကျေးလက်လူတွေရဲ့ ဆင်းရဲမှုတွေ..
ကမောက်ကမဖြစ်နေတဲ့ပညာရေးနဲ့....ရွာမှာကျောင်းဆရာ
လုပ်ရတာ ဘယ်လောက်ခက်ခဲလဲ ရေးထားတယ်"

"ဟုတ်...ဖတ်ကြည့်လိုက်ပါ့မယ်....."

စိုင်းရှင်းယံ နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။ သူ့စိတ်ထဲတွင်
လင်းက သူနဲ့အကြိုက်တူတယ်လို့ထင်ပြီး အမှတ်တွေ
ပေးနေလောက်ပြီ.....

အသွင်မတူ...ကြင်သူ မဖြစ်ဆိုတော့ ကြင်သူဖြစ်ချင်တော့
အသွင်တူအောင် လုပ်ရတာပေါ့.....

" ဒါနဲ့ ကိုကြီးက ပန်းချီတွေဆွဲတယ်ဆိုတော့ ဘယ်လို
ပန်းချီမျိုးဆွဲလေ့ရှိတာလဲ...ရှုခင်းလား....အရာဝတ္ထုတွေလား
လူတွေလား......ကျွန်တော်က ပန်းချီဆိုရင် စိတ္တဇပန်းချီကို ပိုသဘောကျတယ်...."

" အစ်ကိုနဲ့တူပြန်ပြီ.....အစ်ကိုလည်း စိတ္တဇပန်းချီကိုပိုသဘောကျတယ်....ဆွဲရင်တော့ အမျိုးစုံဆွဲပါတယ်...အစ်ကို
ပန်းချီပြပွဲတွေ ခဏခဏသွားတယ်....မင်းလည်း ပန်းချီကားတွေသဘောကျတယ်ဆိုရင် အစ်ကိုနောက်ထပ် ပန်းချီပြပွဲသွားရင် လိုက်ခဲ့လေ....."

" လိုက်မယ်....လိုက်မယ်....."

လင်း ခေါင်းကို ပြုတ်ထွက်မတတ် ငြိမ့်လိုက်သည်။

" အခုတော့ အစ်ကိုတို့ ပြန်သင့်ပြီထင်တယ်...ခြောက်နာရီ
ထိုးပြီ"

" ဟုတ်သားပဲ...."

လင်းနှင့် စိုင်းရှင်းယံတို့ စာအုပ်တွေကို ပြန်ထားပြီးနောက်
နှစ်ယောက်သား စာကြည့်တိုက်ထဲမှ ထွက်လာလိုက်သည်။
လင်းက ထုံးစံအတိုင်း စက်ဘီးကို ဒေါက်အရင်ဖြုတ်နေသည်။

" လင်းသုခတ်..."

" ဗျာ..."

စိုင်းရှင်းယံခေါ်သံကြောင့် လင်း မဆိုင်းမတွပင် လှည့်ကြည့်လိုက်သည်။

" အစ်ကို့ဒါရိုက်ဘာက ပါးပါး company ဘက်ကိုသွားလို့သူလာမကြိုနိုင်ဘူး.... အဲ့တာ...မင်း အစ်ကို့ကို လိုက်ပို့နိုင်မလား....."

လင်း မျက်နှာ ဝင်းပသွားသည်။ သူ ချက်ချင်းပင် ပြုံးကာ...

" ရတာပေါ့....လာလေ...."

စိုင်းရှင်းယံသည် အနားသို့ရောက်လာသည်။ လင်းက စက်ဘီးကိုတွန်းပြီး စိုင်းရှင်းယံက ဘေးမှ ကပ်လျှောက်လာသည်။

" ဒီလမ်းက စက်ဘီးတောင်နင်းလို့မရဘူး...လမ်းထိပ်ရောက်မှ နင်းမယ်...."

" မင်း...အစ်ကို့ကို တင်နင်းနိုင်လို့လား...."

"ရပါတယ်....ကျွန်တော်က စက်ဘီးစီးတာ ကျွမ်းကျင်အဆင့်ဖြစ်နေပြီ...."

"ဟုတ်လား...အစ်ကိုက စက်ဘီးတောင် မနင်းတတ်ဘူး"

" တကယ်ကြီးလား..."

" ဟုတ်တယ်...အိမ်က ပါးပါးက စက်ဘီးစီးသင်ပေးမယ့်အစား ကားမောင်းပဲသင်ပေးတယ်....စက်ဘီးကို သူများ
နောက်လိုက်စီးတာဆိုရင် ငယ်ငယ်တုန်းက နှစ်ခါလားပဲ
စီးဖူးတာ"

" အခု ကျွန်တော်နဲ့ဆို သုံးခါပေါ့...."

" အင်းပေါ့...."

သူတို့ လမ်းထိပ်ရောက်လာ၍ လင်း စက်ဘီးနင်းရန် စက်ဘီးကို ခွလိုက်သည်။ စိုင်းရှင်းယံလည်း အနောက်တွင် ခွထိုင်လိုက်သည်။

" နင်းပြီနော်...."

လင်း...ပြောရင်းဆိုရင်း စက်ဘီးကို စနင်းလိုက်သည်။
စက်ဘီးသည် ဖြေးညှင်းစွာတိုက်နေသော လေများကြား
အရှိန်ဖြင့် ရွေ့လျားလာသည်။

" လင်းသုခတ်..."

"ဗျာ...."

" အစ်ကို တစ်ခုလောက်မေးလို့ရမလား...."

" အခု၁၀၀ မေးလည်းရတယ်...."

" မင်းနဲ့ နက္ခက်နဲ့ ဘယ်တုန်းက ရင်းနှီးသွားတာလဲ...."

" ကျွန်တော်တို့က အရမ်းကြီး မရင်းနှီးပါဘူး....ကျွန်တော်တို့တွေ့ဖြစ်တာဆိုလို့ သင်္ဘောပေါ်မှာတစ်ခါ....
ပြီးတော့ သူက သူ့စာအုပ်ကူးခိုင်းတုန်းက တစ်ခါ...
စာအုပ်ပြန်ပေးတော့တစ်ခါ...."

" သူက မင်းကို စာကူးခိုင်းတယ်ပေါ့"

" သူရဲ့ ခြောက်သောင်းခွဲတန်အင်္ကျီကို ယူလိုက်တဲ့အတွက်
တစ်ခုတော့ပြန်လုပ်ပေးဆိုပြီး စာကူးခိုင်းလိုက်တာပဲ"

စိုင်းရှင်းယံ စကားမပြန်တော့။ သူတစ်ခုခုကို အလေးအနက်စဉ်းစားနေသလို မျက်မှောင်ကြုံ့လိုက်သည်။
စိုင်းရှင်းယံ တိတ်ဆိတ်သွားသောကြောင့် လင်းကပဲ စကားပြန်စလိုက်သည်။

" ဒါနဲ့လေ ကျွန်တော့်ကို လင်းသုခတ် ဆိုပြီး အပြည့်အစုံမခေါ်ပါနဲ့လား...."

" ဘာဖြစ်လို့လဲ...မင်းနာမည်ပဲလေ...."

" ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့ မရင်းနှီးသလို ခံစားရလို့....ကျွန်တော့်ကို တော်တော်များများက လင်း လို့ပဲခေါ်ကြတာဆိုတော့...."

"ဒါဆို အစ်ကိုက မင်းကို ခတ်လို့ ခေါ်မယ် "

" ခတ် ? ဘာလို့လဲ"

" လူတိုင်းက လင်းလို့ခေါ်တယ်မလား...အစ်ကိုက ထူးထူးခြားခြားဖြစ်အောင် ခတ်လို့ခေါ်မယ် "

လင်း ပါးနှစ်ဖက်နီရဲသွားကာ သူပြုံးလိုက်မိသည်။ လင်း၏
အပြုံးကို အနောက်တွင်ထိုင်နေသော စိုင်းရှင်းယံက
မြင်နိုင်မည်မဟုတ်ပါ။

" ခတ် လို့ ခေါ်လို့မရဘူးလားဟင်..."

" ရပါတယ် သိပ်ရတာပေါ့"

တိုက်ခတ်သောလေတို့သည် နူးညံ့စွာရှပ်ပြေးသွားကြသည်။
ဘေးဘီရှိ သစ်ပင်တို့မှ သစ်ရွက်တို့သည် အသာအယာ
လှုပ်ရှားလူးလွန့်သွားကြသည်။ နောက်ကျောမှ စိုင်းရှင်းယံ၏
အသက်ရှူသံခပ်ဖွဖွကို ခံစားမိနေသည်။ စိုင်းရှင်းယံ၏ မျက်နှာက လင်း၏ ခေါင်းအနောက်သို့ ရောက်နေသည်ဟူသော
အသိက အတွေးတစ်ခုကို ဖြစ်ထွန်းသွားစေသည်။

ငါ ခေါင်း ဘယ်နေ့က နောက်ဆုံးလျှော်ခဲ့တာလဲ.....
ကျေးဇူးပြုပြီး ဆံပင်လေးတွေ မွှေးနေပါစေ.....

ရာသီဥတုသည် ပြောင်းလဲလာနေသည်။ မိုးနံ့ပါသောလေက
အစားထိုးဝင်ရောက်လာပြီး လေထုက ပို၍ အေးစိမ့်လာသည်။ မကြာခင်ပင် အေးစက်နေသော မိုးရေစက်တို့က
တဖျောက်ဖျောက် ကျဆင်းလာသည်။

" မိုးရွာလာပြီ....အစ်ကိုတို့မှာ ထီးလည်းမပါဘူး...."

" မိုးဖွားလေးတွေပဲ ကျသေးလို့ တော်သေးတာပေါ့
မိုးမသည်းခင် မြန်မြန်သွားရမယ် "

လင်းကပြောရင်း စက်ဘီးကို ပိုမြန်အောင်နင်းလိုက်သည်။
စိုင်းရှင်းယံသည် သူ့လက်နှစ်ဖက်ကို လင်း၏ ခေါင်းပေါ်
အုပ်မိုးပေးလိုက်သည်။ ထိုအပြုအမူကြောင့်
လင်း ရင်ထဲ ကြည်နူးစွာ သိမ့်ခနဲဖြစ်သွားသည်။

စိုင်းရှင်းယံ အိမ်ရှေ့ရောက်စဉ်တွင် မိုးက ပိုပိုသည်းလာ၍
လင်းရော...ရှင်းယံပါ မိုးစက်များဖြင့် စိုနေလေပြီ။
ရှင်းယံက စက်ဘီးပေါ်ဆင်းပြီးနောက် သူ့ခြံတံခါးကို ဆွဲဖွင့်လိုက်သည်။

" ခဏလေး...အစ်ကို ထီးပေးလိုက်မယ် "

ဟုဆိုကာ သူ့အိမ်ထဲသို့ အသည်းအသန်ဝင်သွားသည်။ ပြီးနောက် ထီးတစ်လက်ဖြင့် ပြေးထွက်လာသည်။ထီးကို
လင်းအား ပေးလိုက်သည်။ လင်း လည်း အလျင်အမြန် ထီးကို
ဖွင့်ပြီး စက်ဘီးအား ပြန်နင်းမည်ပြုလိုက်သည်။ထိုစဉ်....

" ခတ်..."

ဟူသော နူးညံ့သော်လည်း ပြတ်တောင်းသည့်အသံကိုကြားလိုက်ရသည်။ လင်း စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်တော့
စိုင်းရှင်းယံ၏ လှပသောအပြုံးကို တွေ့မြင်လိုက်ရသည်။

" တာ့တာနော်...."

" တာ့တာ"

လင်း...ပြန်လည် နှုတ်ဆက်လိုက်ပြီး စက်ဘီးကိုနင်း၍
ထွက်ခွာသွားသည်။

အပြင်မှာ မိုးရွာနေသော်လည်း လင်း၏ ရင်ထဲတွင် ပန်းများပွင့်လျက်....

************************************************************************

အပြင်တွင် မိုးက သည်းကြီးမည်းကြီးရွာနေသည်။ ပြတင်းပေါက်ရှိ မှန်ပေါ်တွင် မိုးရေစက်များက တစိမ့်စိမ့်စီးကျနေသည်။
မိုးကြောင့် လေထုသည် ပိုအေးစိမ့်နေသည်ဟုထင်ရသည်။
ထို့ကြောင့် စိုင်းရှင်းယံ...air con လေကို လျှော့လိုက်သည်။

လက်ချောင်းသွယ်သွယ်များက ခဲတံကိုကိုင်ရင်း စက္ကူပေါ်တွင်
ရေးခြစ်နေသည်။ ပုံဆွဲနေရင်း ရှင်းယံ၏ နှုတ်ခမ်းပါးတို့သည်
ပြုံးရိပ်ယောင်သန်းနေလေသည်။ နှာတံချွန်ချွန်ပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်ရင်း မိုးရေစက်တို့ကို အတန်ကြာ
ငေးကြည့်မိနေပြန်သည်။ စားပွဲခုံပေါ်ရှိ ကော်ဖီခွက်ကတော့
အေးသထက် အေးစက်လာနေ၏။

ကတောင် !

ဖုန်းမှ အသံကြောင့် ရှင်းယံ...ခဲတံကိုချပြီး ဖုန်းကိုယူကြည့်လိုက်သည်။ ဗေဒင်မေးစရာမလို....ထိုmessage သည်
လင်းသုခတ်ထံမှ ဖြစ်ကြောင်း သူခန့်မှန်းလိုက်သည်။

ထင်သည့်အတိုင်းပင်.....
လင်းသုခတ်ထံမှ [Hey ဘာလုပ်နေလဲ ] ဟူသော
message တစ်စောင်.....

ရှင်းယံ : ပုံဆွဲနေတာ

ခတ် : ဘာပုံလဲ

ရှင်းယံ : လျို့ဝှက်ချက်ပါ...ပြောလို့မရပါဘူး

ခတ် : လာပြန်ပြီ လျို့ဝှက်ချက်...ဘာပုံမို့လို့ လျို့ဝှက်ချက်
ဖြစ်ရတာလဲ

ရှင်းယံ : ဘယ်သူ့ကိုမှ မပြောချင်လို့ လျို့ဝှက်ချက် ဖြစ်နေတာပေါ့

ခတ် : ထားပါတော့... ဒီညတော့ မိုးအေးအေးနဲ့ အိပ်လို့ကောင်းတော့မယ်... မိုးရွာရင် အကောင်းဆုံးက အိပ်တာပဲ

ရှင်းယံ :  မိုးရွာပြီဆိုတာနဲ့ အိပ်ရာပဲပြေးမြင်တာလား

ခတ် : ကျွန်တော် မိုးနဲ့ပတ်သတ်ပြီး တခြားဟာတွေလည်း သဘောကျပါတယ်

ရှင်းယံ : ဘယ်လိုတခြားဟာတွေလဲ

ခတ် : မိုးနံ့ကိုကြိုက်တယ် မိုးရွာလို့ထွက်လာတဲ့ မြေသင်းနံ့ကိုကြိုက်တယ်

ရှင်းယံ : အော် အစ်ကိုလည်း မြေသင်းနံ့ကိုကြိုက်တယ်

ခတ် : ကျွန်တော် ကြိုက်တဲ့အခြားအနံ့တွေလည်းရှိတယ်...

ရှင်းယံ : အစ်ကိုလည်း ရှိတယ်ထင်တယ် ...အစ်ကိုက
ကော်ဖီကြိုက်တော့ ကော်ဖီအနံ့ကိုကြိုက်တယ်

ခတ် : ကျွန်တော်ကြိုက်တဲ့ အနံ့တွေသိချင်လား

ရှင်းယံ : အင်း ပြောကြည့်လေ

ခတ် : မြေသင်းနံ့ကိုကြိုက်တယ်...စာအုပ်အဟောင်းတွေရဲ့
အနံ့ကိုကြိုက်တယ်....မင်နံ့ကိုကြိုက်တယ်....ပြီးတော့
ကိုကြီးရဲ့ ကိုယ်သင်းရနံ့ကို ကြိုက်တယ်

စိုင်းရှင်းယံသည် ထိုmessage ကိုဖတ်ပြီးနောက်
ခေါင်းငုံ့ကာ အတန်ကြာပြုံးနေသည်။

ရှင်းယံ : မင်းကတကယ် စကားတတ်တယ် ....
ကောင်မလေးတွေကိုလိုက်ရင် ခဏလေးနဲ့ရမှာ
တော်ကီကောင်းလို့လေ

ခတ် : မလိုက်ချင်ပါဘူး

ရှင်းယံ : မင်း ဘယ်တုန်းက အစ်ကို့ရဲ့အနံ့ကို သိသွားတာလဲ

ခတ် : ကိုကြီးအနားကပ်လိုက်တိုင်း ကိုကြီးရဲ့ရနံ့အမြဲရတယ်

ရှင်းယံ : ဘယ်ရေမွှေးသုံးလဲ မေးလိုက်ရင်ရပြီကို
ကွေ့ဝှက်ပြောနေတယ်....အစ်ကိုက ရေမွှေးတော့
အမြဲမဆွတ်ဘူး....roll on တော့သုံးတယ်....

ခတ် : ဘယ်လိုဖြစ်လို့ ရေမွှေးဘက်ရောက်သွားတာလဲ
ကျွန်တော်က ကိုယ်သင်းရနံ့ကြောင်းပြောနေတာကို

ရှင်းယံ : ဘာဖြစ်လို့လဲ မင်းက မင်းရဲ့ အနံ့နဲ့ပတ်သတ်ပြီး
ယုံကြည်မှု မရှိလို့လား...Roll on သုံးလား...
အဲ့တာ ဘာပဲဖြစ်ဖြစ် ချွေးနံ့မထွက်ဘူးပေါ့

ခတ် : ကိုကြီးကလေ ....စာတော်ပေမဲ့ ကျန်တဲ့နေရာမှာတော့
တော်တော်  သဘောပေါက်မလွယ်တာပဲ

ခတ်၏ စာကိုဖတ်ပြီး စိုင်းရှင်းယံ ပြုံးနေသည်ကို
တစ်ဖက်က လင်းသုခတ်ကတော့ လုံးဝမသိနိုင်ပါ။
သူ...ဖုန်းကိုကြည့်နေရင်းပင် ကော်ဖီခွက်ကို ယူပြီးသောက်လိုက်သည်။

အေးစက်နေသော ကော်ဖီက ခါးသက်လျက်....
စားပွဲပေါ်တွင် တင်ထားသော ပုံဆွဲစက္ကူတွင်
ခဲဖြင့်ရေးခြစ်ထားသည့် စက်ဘီးပုံလေးက ငြိမ်သက်စွာ
လဲလျောင်းနေသည်။

************************************************************************

[Zawgyi]

" အဲ့ေတာ့ မင္းက အဲ့စာအုပ္ေတြအကုန္ဖတ္ဖူးတယ္ေပါ့"

စိုင္းရွင္းယံက အ့ံအားသင့္ဟန္ျဖင့္ ေမးေတာ့ လင္းက
ဂုဏ္ယူဝင့္ႂကြားစြာ ေခါင္းၿငိမ့္သည္။ သူတို႔၂ေယာက္သည္
စာၾကည့္တိုက္အလယ္ရွိ စားပြဲခံုတြင္ မ်က္နွာခ်င္းဆိုင္ ထိုင္ေနၾကသည္။စာၾကည့္တိုက္တြင္ သူတို႔၂ေယာက္သာ ရွိေနသည္။ ၂ေယာက္သား၏ လက္ထဲတြင္ စာအုပ္ကိုယ္စီရွိေသာ္လည္း စာမဖတ္ဘဲ တိုးတိုးတိတ္တိတ္ စကားမ်ားေနၾကျခင္း
ျဖစ္သည္။

" သူတို႔ေတြက ကြၽန္ေတာ့္အႀကိဳက္ဆံုးေတြပဲ...."

စိတ္ထဲတြင္ေတာ့ ရိပ္တို႔အိမ္က စာအုပ္စင္ႀကီးကုိ ထိုင္ရွိခိုးခ်င္စိတ္ေပၚေနသည္။ ရိပ္တို႔အိမ္က စာအုပ္စင္မွာ စိုင္းရွင္းယံ
recommand ေပးသမွ် စာအုပ္ေတြရွိေနတာ
ဘုရားေပးေသာ ဆုလာဘ္ပင္။

" မင္း စာဖတ္ဝါသနာ ပါမယ္လို႔ အစ္ကုိ မထင္ထားဘူး"

" ကြၽန္ေတာ္က  ငယ္ငယ္ေလးကတည္းက စာဖတ္ရတာႀကိဳက္တာ....ကြၽန္ေတာ္က ဘာသာျပန္ေတြ လ်ိဳ႕ဝွက္နက္နဲဇာတ္လမ္းေတြ...စိတ္ကူးယဥ္ေတြ..  ကုိပိုသေဘာက်တယ္"

" အစ္ကုိေရာပဲ....အၿကိဳက္တူတယ္...."

လင္း...တဟီးဟီးနဲ႔ ရယ္ေနလိုက္သည္။
ဒါက ညီမျဖစ္သူ မဒီ့ရဲ႕ေက်းဇူး.......သူစံုစမ္းထားတာေတြနဲ႔
ကြက္တိပဲ....

" အစ္ကိုက ရသစာေပလည္းသေဘာက်တယ္.....
ၿပီးေတာ့ သမိုင္းအေၾကာင္းေတြ ေရးထားတာဆိုလည္း
စိတ္ဝင္စားတယ္...."

" သမိုင္းေၾကာင္းဆိုရင္ ကြၽန္ေတာ္က ေဒါက္တာသန္းထြန္း
ရဲ႕စာအုပ္ေတြဖတ္တယ္....သူက  လံုးဝ သက္ေသအေထာက္အထားေတြနဲ႔ အတိအက် သမိုင္းကိုေျပာတာ..."

" မင္း...ေဒါက္တာသန္းထြန္းကို သိတယ္ေပါ့....."

စိုင္းရွင္းယံက ဒုတိယအႀကိမ္ အ့ံအားသင့္ဟန္နွင့္ေျပာျပန္ေတာ့ လင္း သြားၿဖဲၿပီး ရယ္လိုက္သည္။

" ကြၽန္ေတာ္... သူ႔ကိုသေဘာက်တယ္....ကြၽန္ေတာ့္မွာသာ
အခြင့္အေရးရွိရင္ သူနဲ႔သြားေတြ႕ၿပီး သမိုင္းနဲ႔ ပတ္သတ္ၿပီး သိခ်င္တာေလးေတြ ေမးဦးမွာ..."

" သူက ေသသြားၿပီေလ...."

စိုင္းရွင္းယံ စကားေၾကာင့္ လင္း ခဏ အ, သြားသည္။
ေဖာေရွာလုပ္တာ မ်ားသြားၿပီ.....

" အဲ့တာေၾကာင့္ အခြင့္အေရးမရွိေတာ့ဘူးေပါ့.....ဟဲဟဲဟဲ.."

ရယ္စရာမပါဘဲ  လင္း အေျခာက္တိုက္ရယ္ေမာေနလိုက္သည္။ ထို႔ေနာက္ဆက္လက္၍ ေျပာလိုက္သည္။

" ကြၽန္ေတာ္က ကဗ်ာေတြလည္း သေဘာက်တယ္....."

"ဟုတ္လား...."

" ကြၽန္ေတာ္....ေဇာ္ဂ်ီ ရဲ႕ေဗဒါလမ္းကဗ်ာေတြ ဖတ္တယ္....
ေမာ္ဒန္ကဗ်ာေတြလည္း ဖတ္တယ္....ၿပီးေတာ့ ဆရာတင္မိုး....သူ႔ရဲ႕ နာမည္ႀကီး ကဗ်ာတိုေလးေလ..."

" ေဆးလိပ္လည္းတို...ေနလည္းညိဳၿပီ...ငါ့ကို အိမ္ျပန္ပို႔ၾကေတာ့"

စိုင္းရွင္းယံႏွင့္ လင္းသည္ ထိုကဗ်ာေလးကို ၿပိဳင္တူ ႐ြတ္လိုက္မိၾကသည္။ ၿပီးေနာက္ နွစ္ေယာက္သား ၿပံဳးလိုက္မိၾကသည္။

" မင္းက ဆရာတင္မုိးလည္း သိတာပဲေပါ့...."

တကယ္ေတာ့ လင္း၏ အိမ္တြင္ ဆရာတင္မုိး၏ အေၾကာင္းေရးထားေသာ စာအုပ္အထူႀကီးတစ္အုပ္ရွိသည္။ ထိုစာအုပ္ကုိ
လွန္လိုက္ေတာ့ ပထမဆံုးမ်က္နွာတြင္ ေတြ႕ေသာ
ခုနက ကဗ်ာတိုေလးသာ ဖတ္လိုက္သည္။ ၿပီးေတာ့
ဖတ္ရမွာပ်င္းလို႔ စာအုပ္ကုိပိတ္လိုက္သည္။ ကဗ်ာက တိုတာေၾကာင့္ အလြတ္ရလိုက္သည္။

" ဆရာတင္မိုးက နာမည္ႀကီးပဲဟာ....သိတာေပါ့"

" မင္းက စာအုပ္ေတြႀကိဳက္တယ္ဆိုရင္....ဆရာတင္ၫြန္႔ေရးတဲ့ ေက်ာင္းဆရာမွတ္တမ္း ဖတ္ၿပီးၿပီလား.....အဲ့စာအုပ္က
အမ်ိဳးသားစာေပဆုရထားတယ္...."

" ဟင့္အင္း...မဖတ္ရေသးဘူး"

" မင္းဖတ္ၾကည့္သင့္တယ္....အဲ့မွာ အရင္တုန္းက
မဖြံ႕ၿဖိဳးေသးတဲ့ေက်းလက္လူေတြရဲ႕ ဆင္းရဲမႈေတြ..
ကေမာက္ကမျဖစ္ေနတဲ့ပညာေရးနဲ႔....႐ြာမွာေက်ာင္းဆရာ
လုပ္ရတာ ဘယ္ေလာက္ခက္ခဲလဲ ေရးထားတယ္"

"ဟုတ္...ဖတ္ၾကည့္လိုက္ပါ့မယ္....."

စိုင္းရွင္းယံ နွစ္နွစ္ၿခိဳက္ၿခိဳက္ၿပံဳးသည္။ သူ႔စိတ္ထဲတြင္
လင္းက သူနဲ႔အႀကိဳက္တူတယ္လို႔ထင္ၿပီး အမွတ္ေတြ
ေပးေနေလာက္ၿပီ.....

အသြင္မတူ...ၾကင္သူ မျဖစ္ဆိုေတာ့ ၾကင္သူျဖစ္ခ်င္ေတာ့
အသြင္တူေအာင္ လုပ္ရတာေပါ့.....

" ဒါနဲ႔ ကိုႀကီးက ပန္းခ်ီေတြဆြဲတယ္ဆိုေတာ့ ဘယ္လို
ပန္းခ်ီမ်ိဳးဆြဲေလ့ရွိတာလဲ...ရႈခင္းလား....အရာဝတၳဳေတြလား
လူေတြလား......ကြၽန္ေတာ္က ပန္းခ်ီဆိုရင္ စိတၱဇပန္းခ်ီကုိ ပိုသေဘာက်တယ္...."

" အစ္ကုိနဲ႔တူျပန္ၿပီ.....အစ္ကုိလည္း စိတၱဇပန္းခ်ီကိုပုိသေဘာက်တယ္....ဆြဲရင္ေတာ့ အမ်ိဳးစံုဆြဲပါတယ္...အစ္ကုိ
ပန္းခ်ီျပပြဲေတြ ခဏခဏသြားတယ္....မင္းလည္း ပန္းခ်ီကားေတြသေဘာက်တယ္ဆိုရင္ အစ္ကိုေနာက္ထပ္ ပန္းခ်ီျပပြဲသြားရင္ လိုက္ခဲ့ေလ....."

" လိုက္မယ္....လိုက္မယ္....."

လင္း ေခါင္းကို ျပဳတ္ထြက္မတတ္ ၿငိမ့္လိုက္သည္။

" အခုေတာ့ အစ္ကုိတို႔ ျပန္သင့္ၿပီထင္တယ္...ေျခာက္နာရီ
ထိုးၿပီ"

" ဟုတ္သားပဲ...."

လင္းနွင့္ စိုင္းရွင္းယံတို႔ စာအုပ္ေတြကို ျပန္ထားၿပီးေနာက္
နွစ္ေယာက္သား စာၾကည့္တိုက္ထဲမွ ထြက္လာလိုက္သည္။
လင္းက ထံုးစံအတိုင္း စက္ဘီးကို ေဒါက္အရင္ျဖဳတ္ေနသည္။

" လင္းသုခတ္..."

" ဗ်ာ..."

စိုင္းရွင္းယံေခၚသံေၾကာင့္ လင္း မဆိုင္းမတြပင္ လွည့္ၾကည့္လိုက္သည္။

" အစ္ကုိ႔ဒါရိုက္ဘာက ပါးပါး company ဘက္ကုိသြားလို႔သူလာမႀကိဳနိုင္ဘူး.... အဲ့တာ...မင္း အစ္ကုိ႔ကို လိုက္ပို႔နိုင္မလား....."

လင္း မ်က္နွာ ဝင္းပသြားသည္။ သူ ခ်က္ခ်င္းပင္ ၿပံဳးကာ...

" ရတာေပါ့....လာေလ...."

စိုင္းရွင္းယံသည္ အနားသို႔ေရာက္လာသည္။ လင္းက စက္ဘီးကုိတြန္းၿပီး စိုင္းရွင္းယံက ေဘးမွ ကပ္ေလ်ွာက္လာသည္။

" ဒီလမ္းက စက္ဘီးေတာင္နင္းလို႔မရဘူး...လမ္းထိပ္ေရာက္မွ နင္းမယ္...."

" မင္း...အစ္ကုိ႔ကုိ တင္နင္းနိုင္လို႔လား...."

"ရပါတယ္....ကြၽန္ေတာ္က စက္ဘီးစီးတာ ကြၽမ္းက်င္အဆင့္ျဖစ္ေနၿပီ...."

"ဟုတ္လား...အစ္ကုိက စက္ဘီးေတာင္ မနင္းတတ္ဘူး"

" တကယ္ႀကီးလား..."

" ဟုတ္တယ္...အိမ္က ပါးပါးက စက္ဘီးစီးသင္ေပးမယ့္အစား ကားေမာင္းပဲသင္ေပးတယ္....စက္ဘီးကုိ သူမ်ား
ေနာက္လိုက္စီးတာဆိုရင္ ငယ္ငယ္တုန္းက နွစ္ခါလားပဲ
စီးဖူးတာ"

" အခု ကြၽန္ေတာ္နဲ႔ဆို သံုးခါေပါ့...."

" အင္းေပါ့...."

သူတို႔ လမ္းထိပ္ေရာက္လာ၍ လင္း စက္ဘီးနင္းရန္ စက္ဘီးကုိ ခြလိုက္သည္။ စိုင္းရွင္းယံလည္း အေနာက္တြင္ ခြထိုင္လိုက္သည္။

" နင္းၿပီေနာ္...."

လင္း...ေျပာရင္းဆိုရင္း စက္ဘီးကုိ စနင္းလိုက္သည္။
စက္ဘီးသည္ ေျဖးညႇင္းစြာတိုက္ေနေသာ ေလမ်ားၾကား
အရွိန္ျဖင့္ ေ႐ြ႕လ်ားလာသည္။

" လင္းသုခတ္..."

"ဗ်ာ...."

" အစ္ကို တစ္ခုေလာက္ေမးလို႔ရမလား...."

" အခု၁၀၀ ေမးလည္းရတယ္...."

" မင္းနဲ႔ နကၡက္နဲ႔ ဘယ္တုန္းက ရင္းနွီးသြားတာလဲ...."

" ကြၽန္ေတာ္တို႔က အရမ္းႀကီး မရင္းနွီးပါဘူး....ကြၽန္ေတာ္တို႔ေတြ႕ျဖစ္တာဆိုလို႔ သေဘၤာေပၚမွာတစ္ခါ....
ၿပီးေတာ့ သူက သူ႔စာအုပ္ကူးခိုင္းတုန္းက တစ္ခါ...
စာအုပ္ျပန္ေပးေတာ့တစ္ခါ...."

" သူက မင္းကုိ စာကူးခိုင္းတယ္ေပါ့"

" သူရဲ႕ ေျခာက္ေသာင္းခြဲတန္အက်ႌကုိ ယူလိုက္တဲ့အတြက္
တစ္ခုေတာ့ျပန္လုပ္ေပးဆိုၿပီး စာကူးခိုင္းလိုက္တာပဲ"

စိုင္းရွင္းယံ စကားမျပန္ေတာ့။ သူတစ္ခုခုကုိ အေလးအနက္စဥ္းစားေနသလို မ်က္ေမွာင္ႀကံဳ႕လိုက္သည္။
စိုင္းရွင္းယံ တိတ္ဆိတ္သြားေသာေၾကာင့္ လင္းကပဲ စကားျပန္စလိုက္သည္။

" ဒါနဲ႔ေလ ကြၽန္ေတာ့္ကို လင္းသုခတ္ ဆိုၿပီး အျပည့္အစံုမေခၚပါနဲ႔လား...."

" ဘာျဖစ္လို႔လဲ...မင္းနာမည္ပဲေလ...."

" ဟုတ္ေတာ့ဟုတ္ပါတယ္...ဒါေပမဲ့ မရင္းနွီးသလို ခံစားရလို႔....ကြၽန္ေတာ့္ကုိ ေတာ္ေတာ္မ်ားမ်ားက လင္း လို႔ပဲေခၚၾကတာဆိုေတာ့...."

"ဒါဆို အစ္ကုိက မင္းကုိ ခတ္လို႔ ေခၚမယ္ "

" ခတ္ ? ဘာလို႔လဲ"

" လူတိုင္းက လင္းလို႔ေခၚတယ္မလား...အစ္ကုိက ထူးထူးျခားျခားျဖစ္ေအာင္ ခတ္လို႔ေခၚမယ္ "

လင္း ပါးနွစ္ဖက္နီရဲသြားကာ သူၿပံဳးလိုက္မိသည္။ လင္း၏
အၿပံဳးကို အေနာက္တြင္ထိုင္ေနေသာ စိုင္းရွင္းယံက
ျမင္နိုင္မည္မဟုတ္ပါ။

" ခတ္ လို႔ ေခၚလို႔မရဘူးလားဟင္..."

" ရပါတယ္ သိပ္ရတာေပါ့"

တိုက္ခတ္ေသာေလတုိ႔သည္ ႏူးည့ံစြာရွပ္ေျပးသြားၾကသည္။
ေဘးဘီရွိ သစ္ပင္တို႔မွ သစ္႐ြက္တို႔သည္ အသာအယာ
လႈပ္ရွားလူးလြန္႔သြားၾကသည္။ ေနာက္ေက်ာမွ စိုင္းရွင္းယံ၏
အသက္ရွဴသံခပ္ဖြဖြကုိ ခံစားမိေနသည္။ စိုင္းရွင္းယံ၏ မ်က္နွာက လင္း၏ ေခါင္းအေနာက္သို႔ ေရာက္ေနသည္ဟူေသာ
အသိက အေတြးတစ္ခုကုိ ျဖစ္ထြန္းသြားေစသည္။

ငါ ေခါင္း ဘယ္ေန႔က ေနာက္ဆံုးေလ်ွာ္ခဲ့တာလဲ.....
ေက်းဇူးျပဳၿပီး ဆံပင္ေလးေတြ ေမႊးေနပါေစ.....

ရာသီဥတုသည္ ေျပာင္းလဲလာေနသည္။ မိုးန႔ံပါေသာေလက
အစားထိုးဝင္ေရာက္လာၿပီး ေလထုက ပုိ၍ ေအးစိမ့္လာသည္။ မၾကာခင္ပင္ ေအးစက္ေနေသာ မိုးေရစက္တို႔က
တေဖ်ာက္ေဖ်ာက္ က်ဆင္းလာသည္။

" မိုး႐ြာလာၿပီ....အစ္ကုိတို႔မွာ ထီးလည္းမပါဘူး...."

" မိုးဖြားေလးေတြပဲ က်ေသးလို႔ ေတာ္ေသးတာေပါ့
မိုးမသည္းခင္ ျမန္ျမန္သြားရမယ္ "

လင္းကေျပာရင္း စက္ဘီးကုိ ပုိျမန္ေအာင္နင္းလိုက္သည္။
စိုင္းရွင္းယံသည္ သူ႔လက္နွစ္ဖက္ကုိ လင္း၏ ေခါင္းေပၚ
အုပ္မိုးေပးလိုက္သည္။ ထိုအျပဳအမူေၾကာင့္
လင္း ရင္ထဲ ၾကည္ႏူးစြာ သိမ့္ခနဲျဖစ္သြားသည္။

စိုင္းရွင္းယံ အိမ္ေရွ႕ေရာက္စဥ္တြင္ မိုးက ပိုပုိသည္းလာ၍
လင္းေရာ...ရွင္းယံပါ မိုးစက္မ်ားျဖင့္ စုိေနေလၿပီ။
ရွင္းယံက စက္ဘီးေပၚဆင္းၿပီးေနာက္ သူ႔ၿခံတံခါးကုိ ဆြဲဖြင့္လိုက္သည္။

" ခဏေလး...အစ္ကုိ ထီးေပးလိုက္မယ္ "

ဟုဆိုကာ သူ႔အိမ္ထဲသို႔ အသည္းအသန္ဝင္သြားသည္။ ၿပီးေနာက္ ထီးတစ္လက္ျဖင့္ ေျပးထြက္လာသည္။ထီးကုိ
လင္းအား ေပးလိုက္သည္။ လင္း လည္း အလ်င္အျမန္ ထီးကုိ
ဖြင့္ၿပီး စက္ဘီးအား ျပန္နင္းမည္ျပဳလိုက္သည္။ထိုစဥ္....

" ခတ္..."

ဟူေသာ ႏူးည့ံေသာ္လည္း ျပတ္ေတာင္းသည့္အသံကုိၾကားလိုက္ရသည္။ လင္း စိတ္လႈပ္ရွားစြာ လွည့္ၾကည့္လိုက္ေတာ့
စိုင္းရွင္းယံ၏ လွပေသာအၿပံဳးကို ေတြ႕ျမင္လိုက္ရသည္။

" တာ့တာေနာ္...."

" တာ့တာ"

လင္း...ျပန္လည္ နႈတ္ဆက္လိုက္ၿပီး စက္ဘီးကုိနင္း၍
ထြက္ခြာသြားသည္။

အျပင္မွာ မိုး႐ြာေနေသာ္လည္း လင္း၏ ရင္ထဲတြင္ ပန္းမ်ားပြင့္လ်က္....

************************************************************************

အျပင္တြင္ မိုးက သည္းႀကီးမည္းႀကီး႐ြာေနသည္။ ျပတင္းေပါက္ရွိ မွန္ေပၚတြင္ မိုးေရစက္မ်ားက တစိမ့္စိမ့္စီးက်ေနသည္။
မိုးေၾကာင့္ ေလထုသည္ ပိုေအးစိမ့္ေနသည္ဟုထင္ရသည္။
ထို႔ေၾကာင့္ စိုင္းရွင္းယံ...air con ေလကုိ ေလ်ွာ႔လိုက္သည္။

လက္ေခ်ာင္းသြယ္သြယ္မ်ားက ခဲတံကိုကိုင္ရင္း စကၠဴေပၚတြင္
ေရးျခစ္ေနသည္။ ပံုဆြဲေနရင္း ရွင္းယံ၏ နႈတ္ခမ္းပါးတို႔သည္
ၿပံဳးရိပ္ေယာင္သန္းေနေလသည္။ နွာတံခြၽန္ခြၽန္ေပၚရွိ မ်က္မွန္ကုိ ပင့္တင္လိုက္ရင္း မုိးေရစက္တို႔ကုိ အတန္ၾကာ
ေငးၾကည့္မိေနျပန္သည္။ စားပြဲခံုေပၚရွိ ေကာ္ဖီခြက္ကေတာ့
ေအးသထက္ ေအးစက္လာေန၏။

ကေတာင္ !

ဖုန္းမွ အသံေၾကာင့္ ရွင္းယံ...ခဲတံကိုခ်ၿပီး ဖုန္းကုိယူၾကည့္လိုက္သည္။ ေဗဒင္ေမးစရာမလို....ထိုmessage သည္
လင္းသုခတ္ထံမွ ျဖစ္ေၾကာင္း သူခန္႔မွန္းလိုက္သည္။

ထင္သည့္အတိုင္းပင္.....
လင္းသုခတ္ထံမွ [Hey ဘာလုပ္ေနလဲ ] ဟူေသာ
message တစ္ေစာင္.....

ရွင္းယံ : ပံုဆြဲေနတာ

ခတ္ : ဘာပံုလဲ

ရွင္းယံ : လ်ဳိ႕ဝွက္ခ်က္ပါ...ေျပာလို႔မရပါဘူး

ခတ္ : လာျပန္ၿပီ လ်ဳိ႕ဝွက္ခ်က္...ဘာပံုမို႔လို႔ လ်ဳိ႕ဝွက္ခ်က္
ျဖစ္ရတာလဲ

ရွင္းယံ : ဘယ္သူ႔ကုိမွ မေျပာခ်င္လို႔ လ်ဳိ႕ဝွက္ခ်က္ ျဖစ္ေနတာေပါ့

ခတ္ : ထားပါေတာ့... ဒီညေတာ့ မိုးေအးေအးနဲ႔ အိပ္လို႔ေကာင္းေတာ့မယ္... မိုး႐ြာရင္ အေကာင္းဆံုးက အိပ္တာပဲ

ရွင္းယံ :  မိုး႐ြာၿပီဆိုတာနဲ႔ အိပ္ရာပဲေျပးျမင္တာလား

ခတ္ : ကြၽန္ေတာ္ မိုးနဲ႔ပတ္သတ္ၿပီး တျခားဟာေတြလည္း သေဘာက်ပါတယ္

ရွင္းယံ : ဘယ္လိုတျခားဟာေတြလဲ

ခတ္ : မိုးန႔ံကုိႀကိဳက္တယ္ မိုး႐ြာလို႔ထြက္လာတဲ့ ေျမသင္းန႔ံကုိႀကိဳက္တယ္

ရွင္းယံ : ေအာ္ အစ္ကုိလည္း ေျမသင္းန႔ံကုိႀကိဳက္တယ္

ခတ္ : ကြၽန္ေတာ္ ႀကိဳက္တဲ့အျခားအန႔ံေတြလည္းရွိတယ္...

ရွင္းယံ : အစ္ကုိလည္း ရွိတယ္ထင္တယ္ ...အစ္ကုိက
ေကာ္ဖီႀကိဳက္ေတာ့ ေကာ္ဖီအန႔ံကုိႀကိဳက္တယ္

ခတ္ : ကြၽန္ေတာ္ႀကိဳက္တဲ့ အန႔ံေတြသိခ်င္လား

ရွင္းယံ : အင္း ေျပာၾကည့္ေလ

ခတ္ : ေျမသင္းန႔ံကိုႀကိဳက္တယ္...စာအုပ္အေဟာင္းေတြရဲ႕
အန႔ံကုိႀကိဳက္တယ္....မင္န႔ံကုိႀကိဳက္တယ္....ၿပီးေတာ့
ကုိႀကီးရဲ႕ ကိုယ္သင္းရနံ႔ကို ႀကိဳက္တယ္

စိုင္းရွင္းယံသည္ ထိုmessage ကုိဖတ္ၿပီးေနာက္
ေခါင္းငံု႔ကာ အတန္ၾကာၿပံဳးေနသည္။

ရွင္းယံ : မင္းကတကယ္ စကားတတ္တယ္ ....
ေကာင္မေလးေတြကိုလိုက္ရင္ ခဏေလးနဲ႔ရမွာ
ေတာ္ကီေကာင္းလို႔ေလ

ခတ္ : မလိုက္ခ်င္ပါဘူး

ရွင္းယံ : မင္း ဘယ္တုန္းက အစ္ကုိ႔ရဲ႕အန႔ံကို သိသြားတာလဲ

ခတ္ : ကိုၿကီးအနားကပ္လိုက္တိုင္း ကိုႀကီးရဲ႕ရနံ႔အၿမဲရတယ္

ရွင္းယံ : ဘယ္ေရေမႊးသံုးလဲ ေမးလိုက္ရင္ရၿပီကုိ
ေကြ႕ဝွက္ေျပာေနတယ္....အစ္ကုိက ေရေမႊးေတာ့
အၿမဲမဆြတ္ဘူး....roll on ေတာ့သံုးတယ္....

ခတ္ : ဘယ္လိုျဖစ္လို႔ ေရေမႊးဘက္ေရာက္သြားတာလဲ
ကြၽန္ေတာ္က ကိုယ္သင္းရနံ႔ေၾကာင္းေျပာေနတာကို

ရွင္းယံ : ဘာျဖစ္လို႔လဲ မင္းက မင္းရဲ႕ အန႔ံနဲ႔ပတ္သတ္ၿပီး
ယံုၾကည္မႈ မရွိလို႔လား...Roll on သံုးလား...
အဲ့တာ ဘာပဲၿဖစ္ျဖစ္ ေခြၽးန႔ံမထြက္ဘူးေပါ့

ခတ္ : ကုိႀကီးကေလ ....စာေတာ္ေပမဲ့ က်န္တဲ့ေနရာမွာေတာ့
ေတာ္ေတာ္  သေဘာေပါက္မလြယ္တာပဲ

ခတ္၏ စာကုိဖတ္ၿပီး စိုင္းရွင္းယံ ၿပံဳးေနသည္ကုိ
တစ္ဖက္က လင္းသုခတ္ကေတာ့ လံုးဝမသိနိုင္ပါ။
သူ...ဖုန္းကုိၾကည့္ေနရင္းပင္ ေကာ္ဖီခြက္ကို ယူၿပီးေသာက္လိုက္သည္။

ေအးစက္ေနေသာ ေကာ္ဖီက ခါးသက္လ်က္....
စားပြဲေပၚတြင္ တင္ထားေသာ ပံုဆြဲစကၠဴတြင္္ေတာ့
ခဲျဖင့္ေရးျခစ္ထားသည့္ စက္ဘီးပံုေလးက ၿငိမ္သက္စြာ
လဲေလ်ာင္းေနသည္။

************************************************************************

Continue Reading

You'll Also Like

1.1M 89.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.4M 59.3K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
355K 30.7K 25
သူ ကျွန်​တော့ကို မူးယစ်​ဆေး​တွေ မသုံးဖို့ မှာတယ်။ ခက်တာက ကျွန်​တော်က ဖြတ်မရတဲ့ မူးယစ်​ဆေး စွဲနေပြီ။ ဒါနဲ့....... " ကျွန်​တော့်ရဲ့ မူးယစ်ဆေးနာမည်က "ဦ...
240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်