[Unicode]
" အခု ဘာဆက်လုပ်မှာလဲ "
ဗညားက မေးခွန်းထုတ်သည်။ ဗညားမေးခွန်းကို မဖြေနိုင်သေးခင် နိုးနိုးက သူ့ခေါင်းသူ တခြစ်ခြစ်ကုတ်နေသည်။
" လင်းနဲ့ စိုင်းရှင်းယံကို ရင်းနှီးအောင်လုပ်ရမယ် ...ဒါပေမဲ့
ဘယ်လိုလုပ်ရင်ကောင်းမလဲ ငါမစဉ်းစားတတ်တော့ဘူး"
" messenger မှာ သွား hi ရင်ရော "
သုတက အကြံဝင်ပေးသောအခါ နိုးနိုးက လက်ခါပြလေသည်။
" ငါကြားသလောက် စိုင်းရှင်းယံက messenger
သိပ်မသုံးဘူး ...မသိတဲ့သူတွေဆို reply မပြန်ဘူးတဲ့ ....
လင်းနဲ့က မသိသေးတော့ Reply ပြန်မှာမဟုတ်ဘူး"
သူတို့အသီးသီး အကြံထုတ်နေကြသည်။ လင်းက သူတို့အလယ်တွင် ဟိုကြည့် ဒီကြည့်နှင့်သာ နေ နေသည်။ ခဏကြာသော် ရိပ်က ထပြောသည်။
" ဝင်တိုက်ရင်ရော...မတော်တဆ ဝင်တိုက်တဲ့ပုံလုပ်ရင်ရော..."
" နင့်ဟာက မြန်မာကား ဆန်လိုက်တာ..."
သုတက ထင်မြင်ချက်ပေးသည်။ ရိပ်က လည်ပင်းကိုမော့လိုက်ကာ ဟန်ပါပါ ဖြေရှင်းချက်ပေးသည်။
" ဟုတ်တယ်လေ...မြန်မာကားထဲမှာဆို အဲ့နည်းနဲ့စတွေ့တာပဲလေ....အဲ့နည်းက အလွယ်ဆုံးနဲ့ အထိရောက်ဆုံးပဲ....
လင်း အနေနဲ့ ဝင်တိုက်ပြီးရင် စာအုပ်ချန်ခဲ့တာ ဖြစ်ဖြစ်...
လက်ကိုင်ပဝါလေးထားခဲ့တာဖြစ်ဖြစ် ....စာအုပ်နဲ့ လက်ကိုင်ပဝါမှာတော့ နာမည်နဲ့ အတန်းလေးထိုးထားပေါ့....
စိုင်းရှင်းယံက ပြန်လိုက်ပေး....ပြီးမှ ခင်သွားအောင်
ဖောရှောလုပ်လိုက်ပေါ့ "
နိုးနိုးက လက်မထောင်ကာ အာပါးတရဝင်ပြောသည်။
" အေးဟဲ့....အဲ့အကြံမဆိုးဘူး....ဉာဏ်ဆင်နည်းအဟောင်းကြီးပေမဲ့ သစ်တယ် ...."
"လက်ကိုင်ပဝါတော့ မလုပ်ပါနဲ့ဟာ...စာအုပ်ပဲကောင်းပါတယ်"
လင်း....ပြောတော့ရိပ်က " အေး...စာအုပ်ပဲလုပ်ပါ" ဟုပြန်ပြောလေသည်။ဗညားက လင်း၏ ပခုံးအပေါ်လက်တင်လိုက်ပြီး....
" နောက်ပိုင်းကိစ္စတွေက ...လင်း ...မင်းအပေါ်မှာပဲမူတည်တော့တယ်....မင်းကပဲ အကွက်တွေချပြီး လှုပ်ရှားရတော့မှာ "
" အေးကွာ......"
လင်း...သက်ပြင်းချသလို အသံကိုအရှည်ကြီးဆွဲပြီးပြောလိုက်မိသည်။
************************************************************************
ဉာဏ်ဆင်မှု (၁)
" လင်း...ready ပဲလား..."
ရိပ် မေးတော့ လင်း နှုတ်ခမ်းကိုမဲ့ရင်းခေါင်းခါပြမိသည်။
ရိပ်က ထိုအရာကို ဂရုမစိုက်... လင်းကို နံရံထောင့်ချိုးနားသို့ ဆွဲခေါ်သွားသည်။
" ready ဖြစ်ပြီပဲမှတ်လိုက်မယ်...သုတ အချက်ပြတာနဲ့ နင် ထွက်လာလိုက်..."
" ဟဲ့...နေဦး"
ထွက်သွားတော့မည့် ရိပ်၏ အင်္ကျီစကို လင်း လှမ်းဆွဲလိုက်သည်။
" ငါတို့ရောက်နေတာ ၁၂တန်းဘက်နော်...၁၁တန်းတွေ
ဒီဘက်မလာရဘူးလို့ ဆရာမတွေပြောထားတာ....
ဖြစ်ပါ့မလား..."
" မဖြစ်ရင်လည်း..နင် စိုင်းရှင်းယံကို ဘယ်လိုဝင်တိုက်တော့မလဲ...နင်ကလည်း ယောက်ျားလေးဖြစ်ပြီး ကြောက်တတ်နေတယ်..."
" စိုင်းရှင်းယံက ဒီဘက်ကိုလာမယ် ဆိုတာ သေချာလို့လား"
" အောက်ဆင်းဖို့ လှေကားဆီသွားတာ ဒီတစ်လမ်းပဲရှိတယ်... နင် လူမှားမတိုက်မိဖို့တော့လိုတာပေါ့"
ရိပ်က ထိုမျှသာပြောပြီး အနားကထွက်သွားသည်။
၁၁တန်းတွေက ထမင်းစားချိန်စောဆင်းပြီး ၁၂တန်းတွေက
နောက်ကျမှဆင်းတာမို့ လင်းတို့ရောက်နေချိန်တွင်
၁၂တန်းကော်ရစ်တာ၌ လူမရှိသေးချေ။ သုတက ၁၂တန်းကော်ရစ်တာတွင် နေရာယူထားပြီး စိုင်းရှင်းယံ ကိုတွေ့သည်နှင့် အချက်ပြရမည်ဖြစ်သည်။ ဗညား ...နိုးနိုး နှင့် ရိပ်တို့က ခပ်ဝေးဝေးတွင် ပုန်းလျှိုးကွယ်လျှိုးနေကာ လှမ်းကြည့်နေကြမည်ဖြစ်သည်။
လင်း စိတ်လှုပ်ရှားနေမိသည်။ လင်းလက်ထဲတွင်တော့
လင်းသုခတ် ဟု လက်ရေးလှလှလေးဖြင့် နာမည်ထိုးထာသော စာအုပ်ကို ပိုက်ထားသည်။
ကလင်~~ ကလင်~~ ကလင်~~
၁၂တန်း ထမင်းစားချိန်ရောက်၍ ခေါင်းလောင်းတီးလေသည်။ အချို့အတန်းတွေက အရင်ထွက်လာသည်။ အချို့အတန်းတွေက ဆရာမ စာဆက်သင်တာ ခံနေရသည်။
ဆရာမစာဆက်သင်တာ ခံရသောအတန်းတွင် စိုင်းရှင်းယံ၏
အတန်း အပါအဝင်ဖြစ်နေသည်။
၅မိနစ်လောက်ကြာမှ စိုင်းရှင်းယံတို့အတန်းထွက်လာသည်။
စိုင်းရှင်းယံသည် သူ့သူငယ်ချင်းသုံးယောက်နှင့်အတူ
ရယ်ရယ်မောမောထွက်လာသည်။ သုတက ထိုအရာကို မြင်သည်နှင့် မိုးပေါ်သို့ လက်ထောင်ကာ OK ဟု ပြလိုက်သည်။ လင်းက သုတအချက်ပြသည်ကို နံရံအကွယ်မှနေ၍
မှန်အဝိုင်းသေးသေးလေးကိုထောင်၍ ကြည့်သည်။
ဆိုလိုသည်က စိုင်းရှင်းယံထွက်လာပြီ မင်းအသင့်ပြင်တော့
ဟူသည်ပင်။လင်း လုပ်ရမည့်အလုပ်က ရှင်းပါသည်။
စိုင်းရှင်းယံကို ဝင်တိုက်ရမည်။ စာအုပ်ကို မြင်သာအောင်ပစ်ချရမည်။ ထိုအချိန် သုတက " လင်းရေ...မင်းကို အတန်းပိုင်
ခေါ်နေတယ်" လို့လှမ်းအော်ပြီး လင်းက စာအုပ်ကို သတိမရသည့်ပုံစံဖြင့် သုတနှင့်အတူ ပြေးထွက်သွားရမည်ဖြစ်သည်။
ကော်ရစ်တာတွင် လူရှုပ်နေပြီ။
လင်း...သည် မှန်အဝိုင်းသေးသေးလေးကို ထောင်ကြည့်ကာ
စိုင်းရှင်းယံအလာ ကိုစောင့်ကြည့်နေသည်။ စိုင်းရှင်းယံကို
တွေ့လေပြီ။ စိုင်းရှင်းယံက နံရံဘက်သို့ ကပ်လျှောက်လာခြင်းဖြစ်သောကြောင့် ဝင်တိုက်ဖို့ လွယ်ကူမည်ဟုသာ
ဆိုရမည်။ အကွက်ကျလိုက်လေခြင်း။
စိုင်းရှင်းယံသည် သူ့သူငယ်ချင်းများနှင့် ရယ်မောနေပြီး
ထောင့်ချိုးနားသို့ တဖြေးဖြေးလျှောက်လှမ်းလာနေသည်။
လင်း မှန်ကိုချလိုက်သည်။ သူ အသင့်ပြင်ကာ ခဏစောင့်နေသည်။ နောက်မှစိုင်းရှင်းယံ ရောက်မည့်အချိန်ကိုမှန်း၍ မျက်လုံးစုံမှိတ်ပြီး နံရံနှင့် ကွယ်နေရာမှ ထွက်လိုက်သည်။ ထို့နောက် အားပြင်းပြင်းနှင့် ဝင်တိုက်လိုက်သည်။ စာအုပ်ကိုလည်း ပစ်ချလိုက်ပါ၏။
သူ ဝင်တိုက်မိသွားတာ မှန်သည်။ သို့သော် ထိုအရာက ဘာလို့အရပ်ပုနေရပါသနည်း။
လင်း မျက်လုံးဖွင့်လိုက်ချိန်တွင် ဆရာမတစ်ယောက် သည် လင်းရှေ့တွင် ပက်လက်လေး ဖြစ်နေသည်။
" အာ...တီချယ်...ကန်တော့... ကန်တော့နော် ...ကျွန်တော်
မမြင်လိုက်လို့ပါ..."
လင်း ပျာပျာသလဲနှင့် ဆရာမကို ဆွဲထူလိုက်သည်။ဆရာမက
ခပ်ဝဝဖြစ်နေရာ လင်း တစ်ယောက်ထဲ ဆွဲထူ၍ မနိုင်ဖြစ်နေသည်။ အနားရှိ ကျောင်းသားတစ်ယောက်ကပါ စေတနာဝန်ထမ်းအနေနှင့် ဆရာမကိုတူတူ ဆွဲထူပေး၍ သာတော်သေးသည်။
" နင်တို့ကလေးတွေ လုပ်လိုက်ရင် အရမ်း အရမ်းတွေပဲ...
ဘယ်သူလာနေလဲကြည့်ပါလား...ငါတို့ကအဖွားကြီးတွေ...
အရိုးတွေက ကောင်းတာမဟုတ်ဘူး...နင်တို့ ဝင်တိုက်ရင်
ငါတို့က ပစ်လဲသွားမှာ...ဒီမှာကြည့်ပါလား...ငါတို့အရွယ်က
အရိုးတွေက ကျိုးလွယ်တယ်..... အရိုးကျိုးသွားရင် ဘယ်လိုလုပ်မလဲ....အရိုးတွေက ဒီအရွယ်ကြီး ပြန်ဆက်ဖို့လွယ်တာ
မဟုတ်ဘူး...နင်တို့လို လူငယ်တွေမဟုတ်ဘူး"
ဆရာမက အသံကျယ်ကျယ်နှင့် ဗျစ်တောက်ဗျစ်တောက်ပြောလေသည်။ လင်း စိတ်ညစ်သွားသည်။ စိုင်းရှင်းယံက
ဒီကိုလာနေပြီးမှ ဘယ်ရောက်သွားတာလဲ.....
ဒီဆရာမက ဘယ်ကနေ ရောက်လာတာလဲ.....
" ကျွန်တော် တောင်းပန်ပါတယ် တီချယ်ရယ်...နောက်မဖြစ်ရစေပါဘူး...တီချယ် ဘယ်နား နာသွားလဲဟင် ..."
" ငါ ခြေထောက် နာသွားတာပေါ့ဟဲ့...နဂိုထဲက ဒူးက ကောင်းတာမဟုတ်ဘူး "
" ကျွန်တော် ထပ်ပြီးတောင်းပန်ပါတယ်....တီချယ့်ကို နားနေခန်း လိုက်ပို့ပေးမယ်လေ...နော် "
လင်း...အသနားခံသည့်မျက်လုံးများဖြင့်ဆရာမကို ကြည့်ရင်း
ပြုံးပြတော့ ဆရာမက မျက်စောင်းထိုးသည်။ ထို့နောက်
ဆရာမကို လင်းကပဲ တွဲပြီး နားနေခန်းလိုက်ပို့ပေးရသည်။
နောက်မှ သုတပြော၍ သိရသည်။
စိုင်းရှင်းယံတို့ အုပ်စုက ထောင့်စွန်းအခန်းထဲကို ဝင်သွားပြီး
ဆရာမက အဲ့အခန်းထဲကနေ အချိန်ကိုက်ထွက်လာခြင်းပင်။
************************************************************************
ဉာဏ်ဆင်မှု (၂)
" ဒီတစ်ခါ ဆရာမကို ဝင်တိုက်မိလို့် မဖြစ်ဘူးနော် ..."
ရိပ်၏ စကားကို လင်း ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သည်။
ထို့နောက် အရင်တစ်ခါအတိုင်း နေရာပြန်ယူလိုက်ကြသည်။
ကျောင်းဆင်းသည်။
စိုင်းရှင်းယံ နှင့် နက္ခက်ညီသည် အခန်းထဲမှ ထွက်လာသည်ကို တွေ့ရသည်။ သုတ အချက်ပြသည်။
လင်း ဒီတစ်ခါတော့ အာရုံစူးစိုက်မှုအပြည့်ထားသည်။
အရင်တစ်ခါကလို စိတ်လှုပ်ရှားမှု အရမ်းမဖြစ်တော့ပေ။
စိုင်းရှင်းယံသည် ဒီတစ်ခါလည်း နံရံဘက်သို့ ကပ်လျှောက်လာသည်။
လင်းသည် စိုင်းရှင်းယံ ထောင့်စွန်းအခန်း၏ တံခါးကို ကျော်သွားသည်အထိ မှန်ဖြင့်စောင့်ကြည့်နေသည်။ စိုင်းရှင်းယံ တံခါးကိုကျော်သွားမှ မှန်ကို ချလိုက်ပြီး အသင့်ပြင်လိုက်သည်။
လင်း မသိသော တစ်စုံတစ်ရာ ဖြစ်သွားပြန်ပါသည်။
စိုင်းရှင်းယံက ထောင့်ချိုးနားရောက်ခါနီးမှ သူ့အင်္ကျီအိတ်ကပ်ကို စမ်းမိကာ နက္ခက်ညီကိုပြောသည်။
" ငါပိုက်ဆံမေ့လာတယ်....သွားယူလိုက်ဦးမယ် "
စိုင်းရှင်းယံက သူ့အခန်းဘက်သို့ ပြန်ပြေးသွားသည်ကို
သုတ တွေ့လိုက်သောအခါ မျက်လုံးပြူးသွားသည်။
သုတ အော်လိုက်မိသည်။
" လင်း...မထွက်လာသေးနဲ့..."
သုတ စကားမဆုံးခင်တွင် လင်းသည် ပြေးထွက်လာသည်။
စိုင်းရှင်းယံအစား နက္ခက်ညီကိုသာ လင်း တွေ့လိုက်သောအခါ နက္ခက်ညီကို ဝင်မတိုက်မိအောင် ကိုယ်ရှိန်သတ်လိုက်သည်။ထိုစဉ် ခြေထောက်ခေါက်သွားကာ မှောက်ရက်လဲလေသည်။ နက္ခက်ညီက လျင်သည်။ လင်း က သူ့အပေါ်လဲလာမှန်းသိသောကြောင့် အမြန်အဆန်ပင် ဘေးသို့ ရွှေ့လိုက်သည်။ နက္ခက်ညီ ဘေးကိုတိုးလိုက်သောကြောင့် လင်းသည်
ကြမ်းပြင်ပေါ်သို့ အထိန်းအကွပ်မဲ့စွာ လဲကျသွားလေသည်။
လင်း၏မျက်နှာနှင့် ကြမ်းပြင်သည် မိတ်ဆက်သွားသည်။
ထိုအခါမှ နက္ခက်ညီက မျက်လုံးပြူးမျက်ဆံပြူးနှင့် လင်းကို
ဆွဲထူပေးသည်။
" မင်း အဆင်ပြေရဲ့လား..."
" ဟုတ်ကဲ့...ပြေပါတယ် "
လင်း လေးဘက်ထောက်၍ ကုန်းထလိုက်သည်။ သုတလည်း
အမြန်အဆန် အနားရောက်လာကာ လင်းကို ကူတွဲပေးလိုက်သည်။
နက္ခက်ညီက လင်းမျက်နှာကို လက်ညှိုးနှင့်ထိုး၍ အလန့်တကြားဆိုလေသည်။
" သွေးတွေ...ထွက်နေတယ်..."
" ဟင် "
လင်း ...အလျင်အမြန် နှာခေါင်းနားကိုပွတ်သပ်ကြည့်သောအခါ လင်း၏ လက်ထဲတွင်သွေးစတို့ပါလာသည်။
" လင်း...မပွတ်နဲ့...နှာခေါင်းသွေးလျှံတာဖြစ်မယ်...လာသွားရအောင်"
သုတက လင်းကို ဆွဲ၍ ထိုနေရာမှ ထွက်သွားသည်။
စိုင်းရှင်းယံ မရောက်လာခင် သူတို့ ထိုနေရာမှ ထွက်သွားမှဖြစ်မည်လေ။
နက္ခက်ညီသည် သူတို့နှစ်ယောက်ကို ကြည့်ရင်း ကျန်ခဲ့သည်။
ထို့နောက် မျက်မှောင်ကုတ်ရင်း ဆိုလိုက်သည်။
" လင်းသုခတ် ?"
************************************************************************
ဉာဏ်ဆင်မှု (၃)
" မနေ့က နှာခေါင်းသွေးလျှံတာ သက်သာရဲ့လား...."
ရိပ်၏ အမေးကို လင်း အားမရှိသောလေသံနှင့် " သက်သာပါတယ် " ဟုပြန်ဖြေလိုက်သည်။ ရိပ်က သက်ပြင်းချကာ
လင်း၏ ပခုံးကို နှစ်ချက်ပုတ်လိုက်သည်။
" ဒီတစ်ခါတော့...သတိထား..."
လင်း ခေါင်းငြိမ့်လိုက်သည်။ ရိပ်ထွက်သွားသည်။
ယခင်ကအတိုင်း နေရာယူလိုက်ကြပြန်သည်။
ထမင်းစားချိန်ရောက်ပြီ။ စိုင်းရှင်းယံသည် ဒီနေ့တော့
တစ်ယောက်တည်းထွက်လာသည်။ သုတက အချက်ပြသည်။
လင်း...ဒီတစ်ခါတော့ လွဲလို့မဖြစ်ဟု အားတင်းကာ
စိုင်းရှင်းယံ အနားရောက်မလာမချင်း မှန်ကိုထောင်၍
ကြည့်နေသည်။
စိုင်းရှင်းယံက မျက်မှန်နှင့်....
လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖတ်နေသည်။
လင်း လေပူတစ်ချက်မှုတ်ထုတ်ကာ စိုင်းရှင်းယံ ထောင့်ချိုးအနားသို့ ရောက်သည်နှင့် မှန်ကိုချလိုက်သည်။ ချက်ချင်းပင်
နံရံအကွယ်မှ ပြေးထွက်ကာ စိုင်းရှင်းယံကို ဝင်တိုက်လိုက်သည်။
လင်း၏ အားပြင်းမှုကြောင့် ...စိုင်းရှင်းယံရော...လင်းရော..
ယိုင်သွားရသည်။ နှစ်ယောက်လုံးလက်ထဲမှ ရှိသော စာအုပ်များလည်း ပြုတ်ကျသွားသည်။
Yes!
နောက်ဆုံးတော့ စိုင်းရှင်းယံကို ဝင်တိုက်လိုက်နိုင်ပြီ!
" တောင်းပန်ပါတယ် ...မမြင်လိုက်လို့"
လင်း...ကပျာကယာတောင်းပန်စကားဆိုလိုက်သည်။
ထို့နောက် ဖြေးဖြေးချင်း စိုင်းရှင်းယံကိုမော့ကြည့်လိုက်သည်။
စိုင်းရှင်းယံ၏ မျက်ဝန်းများက ဝိုင်းစက်လျက် လင်းကို ပြန်ကြည့်နေသည်။ နောက်မှ လင်းကိုကြည့်နေရာမှ အကြည့်လွှဲကာ
အောက်သို့ ထိုင်ချပြီး စာအုပ်ကို ပြန်ကောက်သည်။
" လင်းရေ...အတန်းပိုင်က မင်းကိုခေါ်နေတယ် "
သုတ၏ အော်သံက အချိန်ကိုက်ထွက်ပေါ်လာသည်။
လင်း ဝင်းပသော မျက်နှာနှင့်...
" ဟုတ်လား...ငါလာပြီ..."
ဟု ပြန်အော်ကာ ပြေးသွားမည် ပြုစဉ်တွင်....
စိုင်းရှင်းယံ၏ လက်တစ်ဖက်က လင်း၏ လက်ကောက်ဝတ်ကို
ဆုပ်ကိုင်လိုက်သည်။
လင်း၏ ရင်ထဲ ကုလားဘုရားလှည့်သွားသည်။
ဆောင့်ကြောင့်ထိုင်နေသော စိုင်းရှင်းယံကို ငုံ့ကြည့်လိုက်သည်။ စိုင်းရှင်းယံ၏ ရှင်းသန့်နေသော မျက်နှာက မရယ်မပြုံး...
ဘာလဲ...စာအုပ်ကျန်ခဲ့တယ်ဆိုပြီး အခုထဲက ပေးလိုက်တော့မလို့လား....
" မျက်မှန်ကို တက်နင်းထားတယ် "
စိုင်းရှင်းယံ၏ တည်ကြည်သောအသံအဆုံးတွင်
လင်း အလန့်တကြားနှင့် ထခုန်လိုက်မိသည်။
ဘုရားရေ...
ဘယ်တုန်းက စိုင်းရှင်းယံရဲ့ မျက်မှန်ကို တက်နင်းလိုက်မိတာလဲ....
လင်း၏ ဖိနပ်အောက်တွင် စိုင်းရှင်းယံ၏ မျက်မှန်က
ဘဝပျက်သွားသည်။ မှန်တစ်ဖက်သည် အက်ကွဲသွားသည်။ လင်း လန့်ထိတ်မှုဖြင့် ပါးစပ်အဟောင်းသား
ဖြစ်သွားရသည်။
" ဟို...တောင်းပန်ပါတယ် ...."
လင်း...တုန်တုန်ချိချိဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်မှန်ကို ကောက်ယူကာ စိုင်းရှင်းယံလက်ထဲသို့ ထည့်ပေးလိုက်သည်။ စိုင်းရှင်းယံက စာအုပ်နှစ်အုပ်ကို ကောက်ပြီးနောက်
လင်း၏စာအုပ်ကို လင်း၏လက်ထဲသို့ပြန်ထည့်ပေးသည်။
ထို့နောက် စိုင်းရှင်းယံမတ်တပ်ပြန်ရပ်လိုက်သည်။
လင်း လည်း မတ်တပ်လိုက်ရပ် သည်။
" ကျွန်တော်မရည်ရွယ်ပါဘူး....ဘယ်လိုပြန်လုပ်ပေးရမလဲ..
ပြန်လျော်ရမလားဟင် "
" လျော်ပေးဖို့မလိုပါဘူး...တမင်တကာလုပ်တာမှမဟုတ်တာ...မတော်တဆဖြစ်တာပဲ..."
စိုင်းရှင်းယံက ခပ်ပြုံးပြုံးပင်ဆိုသည်။ လင်းမှာ ပြုံးရမလား
ငိုရမလား ပင် မသိတော့။
" အားနာလိုက်တာ...."
" အားနာရင် milo ဝယ်တိုက်ပါ "
" ဟင် "
ထိုစကားကြောင့် လင်း...စိုင်းရှင်းယံကို မော့ကြည့်လိုက်မိသည်။ စိုင်းရှင်းယံ၏ အကြည့်များနှင့်ဆုံသွားသည်။
စိုင်းရှင်းယံ၏ မျက်လုံးများသည် မဟူရာကဲ့သို့ မည်းနက်တောက်ပနေ၍ မျက်တောင်စိပ်စိပ်များဖြင့်ဝန်းရံခြင်းခံထားရသည်။
လင်း...ရင်ခုန်သွားသည်။ ရင်ခုန်သံကို စိုင်းရှင်းယံကြားလို့မဖြစ်ပါ။ အလိုက်ကမ်းဆိုးမသိ...ဒီနှလုံးခုန်သံက...
စိုင်းရှင်းယံက နှုတ်ခမ်းစွန်းနှစ်ဖက်ကို ကွေးရုံမျှ ပြုံးလိုက်သည်။
" နောက်တာပါ..."
စိုင်းရှင်းယံသည် လင်း၏ အနားမှ ထွက်သွားသည်။
လင်းသည် တဒိန်းဒိန်းခုန်နေသော နှလုံးသားကို ထိန်းရင်း
ထိုနေရာ၌ မလှုပ်မယှက်ရပ်၍ ကျန်ခဲ့မိသည်။
သုတက လင်း၏ အနားသို့ အပြေးလေးရောက်လာသည်။
" ဟေ့ရောင်...ဘာတွေဖြစ်သွားတာလဲ..."
လင်း အညှို့ခံနေရသောလူကဲ့သို့ မျက်လုံးသေကြီးနှင့်
ကြမ်းပြင်ကိုစိုက်ကြည့်ရင်း ခေါင်းကို ဖြေးညှင်းစွာခါယမ်းလိုက်သည်။
" ငါလည်း မသိဘူး "
ဟု တိုးတိုးလေးသာ ပြန်ဖြေမိသည်။
************************************************************************
[Zawgyi]
" အခု ဘာဆက္လုပ္မွာလဲ "
ဗညားက ေမးခြန္းထုတ္သည္။ ဗညားေမးခြန္းကုိ မေျဖနိုင္ေသးခင္ နိုးနိုးက သူ႔ေခါင္းသူ တျခစ္ျခစ္ကုတ္ေနသည္။
" လင္းနဲ႔ စိုင္းရွင္းယံကုိ ရင္းနွီးေအာင္လုပ္ရမယ္ ...ဒါေပမဲ့
ဘယ္လိုလုပ္ရင္ေကာင္းမလဲ ငါမစဥ္းစားတတ္ေတာ့ဘူး"
" messenger မွာ သြား hi ရင္ေရာ "
သုတက အႀကံဝင္ေပးေသာအခါ နိုးနိုးက လက္ခါျပေလသည္။
" ငါၾကားသေလာက္ စိုင္းရွင္းယံက messenger
သိပ္မသံုးဘူး ...မသိတဲ့သူေတြဆို reply မျပန္ဘူးတဲ့ ....
လင္းနဲ႔က မသိေသးေတာ့ Reply ျပန္မွာမဟုတ္ဘူး"
သူတို႔အသီးသီး အႀကံထုတ္ေနၾကသည္။ လင္းက သူတို႔အလယ္တြင္ ဟိုၾကည့္ ဒီၾကည့္နွင့္သာ ေန ေနသည္။ ခဏၾကာေသာ္ ရိပ္က ထေျပာသည္။
" ဝင္တိုက္ရင္ေရာ...မေတာ္တဆ ဝင္တိုက္တဲ့ပံုလုပ္ရင္ေရာ..."
" နင့္ဟာက ျမန္မာကား ဆန္လိုက္တာ..."
သုတက ထင္ျမင္ခ်က္ေပးသည္။ ရိပ္က လည္ပင္းကုိေမာ့လိုက္ကာ ဟန္ပါပါ ေျဖရွင္းခ်က္ေပးသည္။
" ဟုတ္တယ္ေလ...ျမန္မာကားထဲမွာဆုိ အဲ့နည္းနဲ႔စေတြ႕တာပဲေလ....အဲ့နည္းက အလြယ္ဆံုးနဲ႔ အထိေရာက္ဆံုးပဲ....
လင္း အေနနဲ႔ ဝင္တိုက္ၿပီးရင္ စာအုပ္ခ်န္ခဲ့တာ ျဖစ္ျဖစ္...
လက္ကုိင္ပဝါေလးထားခဲ့တာျဖစ္ျဖစ္ ....စာအုပ္နဲ႔ လက္ကိုင္ပဝါမွာေတာ့ နာမည္နဲ႔ အတန္းေလးထိုးထားေပါ့....
စိုင္းရွင္းယံက ျပန္လိုက္ေပး....ၿပီးမွ ခင္သြားေအာင္
ေဖာေရွာလုပ္လိုက္ေပါ့ "
နိုးနိုးက လက္မေထာင္ကာ အာပါးတရဝင္ေျပာသည္။
" ေအးဟဲ့....အဲ့အႀကံမဆိုးဘူး....ဉာဏ္ဆင္နည္းအေဟာင္းႀကီးေပမဲ့ သစ္တယ္ ...."
"လက္ကုိင္ပဝါေတာ့ မလုပ္ပါနဲ႔ဟာ...စာအုပ္ပဲေကာင္းပါတယ္"
လင္း....ေျပာေတာ့ရိပ္က " ေအး...စာအုပ္ပဲလုပ္ပါ" ဟုျပန္ေျပာေလသည္။ဗညားက လင္း၏ ပခံုးအေပၚလက္တင္လိုက္ၿပီး....
" ေနာက္ပိုင္းကိစၥေတြက ...လင္း ...မင္းအေပၚမွာပဲမူတည္ေတာ့တယ္....မင္းကပဲ အကြက္ေတြခ်ၿပီး လႈပ္ရွားရေတာ့မွာ "
" ေအးကြာ......"
လင္း...သက္ျပင္းခ်သလို အသံကုိအရွည္ႀကီးဆြဲၿပီးေျပာလိုက္မိသည္။
************************************************************************
ဉာဏ္ဆင္မႈ (၁)
" လင္း...ready ပဲလား..."
ရိပ္ ေမးေတာ့ လင္း နႈတ္ခမ္းကုိမဲ့ရင္းေခါင္းခါျပမိသည္။
ရိပ္က ထိုအရာကုိ ဂရုမစိုက္... လင္းကုိ နံရံေထာင့္ခ်ိဳးနားသို႔ ဆြဲေခၚသြားသည္။
" ready ျဖစ္ၿပီပဲမွတ္လိုက္မယ္...သုတ အခ်က္ျပတာနဲ႔ နင္ ထြက္လာလိုက္..."
" ဟဲ့...ေနဦး"
ထြက္သြားေတာ့မည့္ ရိပ္၏ အက်ႌစကို လင္း လွမ္းဆြဲလိုက္သည္။
" ငါတို႔ေရာက္ေနတာ ၁၂တန္းဘက္ေနာ္...၁၁တန္းေတြ
ဒီဘက္မလာရဘူးလို႔ ဆရာမေတြေျပာထားတာ....
ျဖစ္ပါ့မလား..."
" မျဖစ္ရင္လည္း..နင္ စိုင္းရွင္းယံကုိ ဘယ္လိုဝင္တိုက္ေတာ့မလဲ...နင္ကလည္း ေယာက္်ားေလးျဖစ္ၿပီး ေၾကာက္တတ္ေနတယ္..."
" စိုင္းရွင္းယံက ဒီဘက္ကိုလာမယ္ ဆိုတာ ေသခ်ာလို႔လား"
" ေအာက္ဆင္းဖို႔ ေလွကားဆီသြားတာ ဒီတစ္လမ္းပဲရွိတယ္... နင္ လူမွားမတိုက္မိဖို႔ေတာ့လိုတာေပါ့"
ရိပ္က ထိုမ်ွသာေျပာၿပီး အနားကထြက္သြားသည္။
၁၁တန္းေတြက ထမင္းစားခ်ိန္ေစာဆင္းၿပီး ၁၂တန္းေတြက
ေနာက္က်မွဆင္းတာမုိ႔ လင္းတို႔ေရာက္ေနခ်ိန္တြင္
၁၂တန္းေကာ္ရစ္တာ၌ လူမရွိေသးေခ်။ သုတက ၁၂တန္းေကာ္ရစ္တာတြင္ ေနရာယူထားၿပီး စိုင္းရွင္းယံ ကိုေတြ႕သည္နွင့္ အခ်က္ျပရမည္ျဖစ္သည္။ ဗညား ...နိုးႏုိုး နွင့္ ရိပ္တို႔က ခပ္ေဝးေဝးတြင္ ပုန္းလွိ်ဳးကြယ္လ်ွိဳးေနကာ လွမ္းၾကည့္ေနၾကမည္ျဖစ္သည္။
လင္း စိတ္လႈပ္ရွားေနမိသည္။ လင္းလက္ထဲတြင္ေတာ့
လင္းသုခတ္ ဟု လက္ေရးလွလွေလးျဖင့္ နာမည္ထိုးထာေသာ စာအုပ္ကုိ ပိုက္ထားသည္။
ကလင္~~ ကလင္~~ ကလင္~~
၁၂တန္း ထမင္းစားခ်ိန္ေရာက္၍ ေခါင္းေလာင္းတီးေလသည္။ အခ်ိဳ႕အတန္းေတြက အရင္ထြက္လာသည္။ အခ်ိဳ႕အတန္းေတြက ဆရာမ စာဆက္သင္တာ ခံေနရသည္။
ဆရာမစာဆက္သင္တာ ခံရေသာအတန္းတြင္ စိုင္းရွင္းယံ၏
အတန္း အပါအဝင္ျဖစ္ေနသည္။
၅မိနစ္ေလာက္ၾကာမွ စိုင္းရွင္းယံတို႔အတန္းထြက္လာသည္။
စိုင္းရွင္းယံသည္ သူ႔သူငယ္ခ်င္းသံုးေယာက္နွင့္အတူ
ရယ္ရယ္ေမာေမာထြက္လာသည္။ သုတက ထိုအရာကုိ ျမင္သည္နွင့္ မိုးေပၚသို႔ လက္ေထာင္ကာ OK ဟု ျပလိုက္သည္။ လင္းက သုတအခ်က္ျပသည္ကုိ နံရံအကြယ္မွေန၍
မွန္အဝိုင္းေသးေသးေလးကိုေထာင္၍ ၾကည့္သည္။
ဆိုလိုသည္က စိုင္းရွင္းယံထြက္လာၿပီ မင္းအသင့္ျပင္ေတာ့
ဟူသည္ပင္။လင္း လုပ္ရမည့္အလုပ္က ရွင္းပါသည္။
စိုင္းရွင္းယံကုိ ဝင္တိုက္ရမည္။ စာအုပ္ကုိ ျမင္သာေအာင္ပစ္ခ်ရမည္။ ထိုအခ်ိန္ သုတက " လင္းေရ...မင္းကုိ အတန္းပိုင္
ေခၚေနတယ္" လို႔လွမ္းေအာ္ၿပီး လင္းက စာအုပ္ကုိ သတိမရသည့္ပံုစံျဖင့္ သုတနွင့္အတူ ေျပးထြက္သြားရမည္ျဖစ္သည္။
ေကာ္ရစ္တာတြင္ လူရႈပ္ေနၿပီ။
လင္း...သည္ မွန္အဝိုင္းေသးေသးေလးကို ေထာင္ၾကည့္ကာ
စိုင္းရွင္းယံအလာ ကိုေစာင့္ၾကည့္ေနသည္။ စိုင္းရွင္းယံကုိ
ေတြ႕ေလၿပီ။ စိုင္းရွင္းယံက နံရံဘက္သို႔ ကပ္ေလ်ွာက္လာျခင္းျဖစ္ေသာေၾကာင့္ ဝင္တိုက္ဖို႔ လြယ္ကူမည္ဟုသာ
ဆိုရမည္။ အကြက္က်လိုက္ေလျခင္း။
စိုင္းရွင္းယံသည္ သူ႔သူငယ္ခ်င္းမ်ားနွင့္ ရယ္ေမာေနၿပီး
ေထာင့္ခ်ိဳးနားသို႔ တေျဖးေျဖးေလ်ွာက္လွမ္းလာေနသည္။
လင္း မွန္ကုိခ်လိုက္သည္။ သူ အသင့္ျပင္ကာ ခဏေစာင့္ေနသည္။ ေနာက္မွစိုင္းရွင္းယံ ေရာက္မည့္အခ်ိန္ကိုမွန္း၍ မ်က္လံုးစံုမွိတ္ၿပီး နံရံနွင့္ ကြယ္ေနရာမွ ထြက္လိုက္သည္။ ထို႔ေနာက္ အားျပင္းျပင္းနွင့္ ဝင္တိုက္လိုက္သည္။ စာအုပ္ကုိလည္း ပစ္ခ်လိုက္ပါ၏။
သူ ဝင္တိုက္မိသြားတာ မွန္သည္။ သို႔ေသာ္ ထိုအရာက ဘာလို႔အရပ္ပုေနရပါသနည္း။
လင္း မ်က္လံုးဖြင့္လိုက္ခ်ိန္တြင္ ဆရာမတစ္ေယာက္ သည္ လင္းေရွ႕တြင္ ပက္လက္ေလး ျဖစ္ေနသည္။
" အာ...တီခ်ယ္...ကန္ေတာ့... ကန္ေတာ့ေနာ္ ...ကြၽန္ေတာ္
မျမင္လိုက္လို႔ပါ..."
လင္း ပ်ာပ်ာသလဲႏွင့္ ဆရာမကုိ ဆြဲထူလိုက္သည္။ဆရာမက
ခပ္ဝဝျဖစ္ေနရာ လင္း တစ္ေယာက္ထဲ ဆြဲထူ၍ မနိုင္ျဖစ္ေနသည္။ အနားရွိ ေက်ာင္းသားတစ္ေယာက္ကပါ ေစတနာဝန္ထမ္းအေနနွင့္ ဆရာမကိုတူတူ ဆြဲထူေပး၍ သာေတာ္ေသးသည္။
" နင္တို႔ကေလးေတြ လုပ္လိုက္ရင္ အရမ္း အရမ္းေတြပဲ...
ဘယ္သူလာေနလဲၾကည့္ပါလား...ငါတို႔ကအဖြားႀကီးေတြ...
အရိုးေတြက ေကာင္းတာမဟုတ္ဘူး...နင္တို႔ ဝင္တိုက္ရင္
ငါတို႔က ပစ္လဲသြားမွာ...ဒီမွာၾကည့္ပါလား...ငါတို႔အ႐ြယ္က
အရိုးေတြက က်ိဳးလြယ္တယ္..... အရိုးက်ိဳးသြားရင္ ဘယ္လိုလုပ္မလဲ....အရိုးေတြက ဒီအ႐ြယ္ႀကီး ျပန္ဆက္ဖို႔လြယ္တာ
မဟုတ္ဘူး...နင္တုိ႔လို လူငယ္ေတြမဟုတ္ဘူး"
ဆရာမက အသံက်ယ္က်ယ္နွင့္ ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာေလသည္။ လင္း စိတ္ညစ္သြားသည္။ စိုင္းရွင္းယံက
ဒီကိုလာေနၿပီးမွ ဘယ္ေရာက္သြားတာလဲ.....
ဒီဆရာမက ဘယ္ကေန ေရာက္လာတာလဲ.....
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ တီခ်ယ္ရယ္...ေနာက္မျဖစ္ရေစပါဘူး...တီခ်ယ္ ဘယ္နား နာသြားလဲဟင္ ..."
" ငါ ေျခေထာက္ နာသြားတာေပါ့ဟဲ့...နဂိုထဲက ဒူးက ေကာင္းတာမဟုတ္ဘူး "
" ကြၽန္ေတာ္ ထပ္ၿပီးေတာင္းပန္ပါတယ္....တီခ်ယ့္ကုိ နားေနခန္း လိုက္ပို႔ေပးမယ္ေလ...ေနာ္ "
လင္း...အသနားခံသည့္မ်က္လံုးမ်ားျဖင့္ဆရာမကုိ ၾကည့္ရင္း
ၿပံဳးျပေတာ့ ဆရာမက မ်က္ေစာင္းထိုးသည္။ ထို႔ေနာက္
ဆရာမကုိ လင္းကပဲ တြဲၿပီး နားေနခန္းလိုက္ပို႔ေပးရသည္။
ေနာက္မွ သုတေျပာ၍ သိရသည္။
စိုင္းရွင္းယံတို႔ အုပ္စုက ေထာင့္စြန္းအခန္းထဲကို ဝင္သြားၿပီး
ဆရာမက အဲ့အခန္းထဲကေန အခ်ိန္ကိုက္ထြက္လာျခင္းပင္။
************************************************************************
ဉာဏ္ဆင္မႈ (၂)
" ဒီတစ္ခါ ဆရာမကုိ ဝင္တိုက္မိလို႔္ မျဖစ္ဘူးေနာ္ ..."
ရိပ္၏ စကားကုိ လင္း ေခါင္းၿငိမ့္၍ တံု႔ျပန္လိုက္သည္။
ထို႔ေနာက္ အရင္တစ္ခါအတိုင္း ေနရာျပန္ယူလိုက္ၾကသည္။
ေက်ာင္းဆင္းသည္။
စိုင္းရွင္းယံ နွင့္ နကၡတ္ညီသည္ အခန္းထဲမွ ထြက္လာသည္ကုိ ေတြ႕ရသည္။ သုတ အခ်က္ျပသည္။
လင္း ဒီတစ္ခါေတာ့ အာရံုစူးစိုက္မႈအျပည့္ထားသည္။
အရင္တစ္ခါကလို စိတ္လႈပ္ရွားမႈ အရမ္းမျဖစ္ေတာ့ေပ။
စိုင္းရွင္းယံသည္ ဒီတစ္ခါလည္း နံရံဘက္သို႔ ကပ္ေလ်ွာက္လာသည္။
လင္းသည္ စိုင္းရွင္းယံ ေထာင့္စြန္းအခန္း၏ တံခါးကုိ ေက်ာ္သြားသည္အထိ မွန္ျဖင့္ေစာင့္ၾကည့္ေနသည္။ စိုင္းရွင္းယံ တံခါးကုိေက်ာ္သြားမွ မွန္ကို ခ်လိုက္ၿပီး အသင့္ျပင္လိုက္သည္။
လင္း မသိေသာ တစ္စံုတစ္ရာ ျဖစ္သြားျပန္ပါသည္။
စိုင္းရွင္းယံက ေထာင့္ခ်ိဳးနားေရာက္ခါနီးမွ သူ႔အက်ႌအိတ္ကပ္ကုိ စမ္းမိကာ နကၡတ္ညီကုိေျပာသည္။
" ငါပိုက္ဆံေမ့လာတယ္....သြားယူလိုက္ဦးမယ္ "
စိုင္းရွင္းယံက သူ႔အခန္းဘက္သို႔ ျပန္ေျပးသြားသည္ကုိ
သုတ ေတြ႕လိုက္ေသာအခါ မ်က္လံုးျပဴးသြားသည္။
သုတ ေအာ္လိုက္မိသည္။
" လင္း...မထြက္လာေသးနဲ႔..."
သုတ စကားမဆံုးခင္တြင္ လင္းသည္ ေျပးထြက္လာသည္။
စိုင္းရွင္းယံအစား နကၡတ္ညီကိုသာ လင္း ေတြ႕လိုက္ေသာအခါ နကၡတ္ညီကုိ ဝင္မတိုက္မိေအာင္ ကိုယ္ရွိန္သတ္လိုက္သည္။ထိုစဥ္ ေျခေထာက္ေခါက္သြားကာ ေမွာက္ရက္လဲေလသည္။ နကၡက္ညီက လ်င္သည္။ လင္း က သူ႔အေပၚလဲလာမွန္းသိေသာေၾကာင့္ အျမန္အဆန္ပင္ ေဘးသို႔ ေ႐ႊ႕လိုက္သည္။ နကၡတ္ညီ ေဘးကုိတိုးလိုက္ေသာေၾကာင့္ လင္းသည္
ၾကမ္းျပင္ေပၚသို႔ အထိန္းအကြပ္မဲ့စြာ လဲက်သြားေလသည္။
လင္း၏မ်က္နွာနွင့္ ၾကမ္းျပင္သည္ မိတ္ဆက္သြားသည္။
ထိုအခါမွ နကၡတ္ညီက မ်က္လံုးျပဴးမ်က္ဆံျပဴးနွင့္ လင္းကို
ဆြဲထူေပးသည္။
" မင္း အဆင္ေျပရဲ႕လား..."
" ဟုတ္ကဲ့...ေျပပါတယ္ "
လင္း ေလးဘက္ေထာက္၍ ကုန္းထလိုက္သည္။ သုတလည္း
အျမန္အဆန္ အနားေရာက္လာကာ လင္းကို ကူတြဲေပးလိုက္သည္။
နကၡတ္ညီက လင္းမ်က္နွာကုိ လက္ညႇိဳးနွင့္ထိုး၍ အလန္႔တၾကားဆိုေလသည္။
" ေသြးေတြ...ထြက္ေနတယ္..."
" ဟင္ "
လင္း ...အလ်င္အျမန္ နွာေခါင္းနားကိုပြတ္သပ္ၾကည့္ေသာအခါ လင္း၏ လက္ထဲတြင္ေသြးစတို႔ပါလာသည္။
" လင္း...မပြတ္နဲ႔...နွာေခါင္းေသြးလ်ွံတာျဖစ္မယ္...လာသြားရေအာင္"
သုတက လင္းကို ဆြဲ၍ ထိုေနရာမွ ထြက္သြားသည္။
စိုင္းရွင္းယံ မေရာက္လာခင္ သူတို႔ ထိုေနရာမွ ထြက္သြားမွျဖစ္မည္ေလ။
နကၡတ္ညီသည္ သူတို႔နွစ္ေယာက္ကုိ ၾကည့္ရင္း က်န္ခဲ့သည္။
ထို႔ေနာက္ မ်က္ေမွာင္ကုတ္ရင္း ဆိုလိုက္သည္။
" လင္းသုခတ္ ?"
************************************************************************
ဉာဏ္ဆင္မႈ (၃)
" မေန႔က နွာေခါင္းေသြးလ်ွံတာ သက္သာရဲ႕လား...."
ရိပ္၏ အေမးကုိ လင္း အားမရွိေသာေလသံနွင့္ " သက္သာပါတယ္ " ဟုျပန္ေျဖလိုက္သည္။ ရိပ္က သက္ျပင္းခ်ကာ
လင္း၏ ပခံုးကုိ နွစ္ခ်က္ပုတ္လိုက္သည္။
" ဒီတစ္ခါေတာ့...သတိထား..."
လင္း ေခါင္းၿငိမ့္လိုက္သည္။ ရိပ္ထြက္သြားသည္။
ယခင္ကအတိုင္း ေနရာယူလိုက္ၾကျပန္သည္။
ထမင္းစားခ်ိန္ေရာက္ၿပီ။ စိုင္းရွင္းယံသည္ ဒီေန႔ေတာ့
တစ္ေယာက္တည္းထြက္လာသည္။ သုတက အခ်က္ျပသည္။
လင္း...ဒီတစ္ခါေတာ့ လြဲလို႔မျဖစ္ဟု အားတင္းကာ
စိုင္းရွင္းယံ အနားေရာက္မလာမခ်င္း မွန္ကိုေထာင္၍
ၾကည့္ေနသည္။
စိုင္းရွင္းယံက မ်က္မွန္နွင့္....
လက္ထဲတြင္ စာအုပ္တစ္အုပ္ကုိ ကိုင္ကာ ဖတ္ေနသည္။
လင္း ေလပူတစ္ခ်က္မႈတ္ထုတ္ကာ စိုင္းရွင္းယံ ေထာင့္ခ်ိဳးအနားသို႔ ေရာက္သည္နွင့္ မွန္ကုိခ်လိုက္သည္။ ခ်က္ခ်င္းပင္
နံရံအကြယ္မွ ေျပးထြက္ကာ စိုင္းရွင္းယံကုိ ဝင္တိုက္လိုက္သည္။
လင္း၏ အားျပင္းမႈေၾကာင့္ ...စိုင္းရွင္းယံေရာ...လင္းေရာ..
ယိုင္သြားရသည္။ နွစ္ေယာက္လံုးလက္ထဲမွ ရွိေသာ စာအုပ္မ်ားလည္း ျပဳတ္က်သြားသည္။
Yes!
ေနာက္ဆံုးေတာ့ စိုင္းရွင္းယံကုိ ဝင္တိုက္လိုက္နိုင္ၿပီ!
" ေတာင္းပန္ပါတယ္ ...မျမင္လိုက္လို႔"
လင္း...ကပ်ာကယာေတာင္းပန္စကားဆိုလိုက္သည္။
ထို႔ေနာက္ ေျဖးေျဖးခ်င္း စိုင္းရွင္းယံကုိေမာ့ၾကည့္လိုက္သည္။
စိုင္းရွင္းယံ၏ မ်က္ဝန္းမ်ားက ဝိုင္းစက္လ်က္ လင္းကုိ ျပန္ၾကည့္ေနသည္။ ေနာက္မွ လင္းကုိၾကည့္ေနရာမွ အၾကည့္လႊဲကာ
ေအာက္သို႔ ထိုင္ခ်ၿပီး စာအုပ္ကို ျပန္ေကာက္သည္။
" လင္းေရ...အတန္းပိုင္က မင္းကုိေခၚေနတယ္ "
သုတ၏ ေအာ္သံက အခ်ိန္ကုိက္ထြက္ေပၚလာသည္။
လင္း ဝင္းပေသာ မ်က္နွာနွင့္...
" ဟုတ္လား...ငါလာၿပီ..."
ဟု ျပန္ေအာ္ကာ ေျပးသြားမည္ ျပဳစဥ္တြင္....
စိုင္းရွင္းယံ၏ လက္တစ္ဖက္က လင္း၏ လက္ေကာက္ဝတ္ကို
ဆုပ္ကိုင္လိုက္သည္။
လင္း၏ ရင္ထဲ ကုလားဘုရားလွည့္သြားသည္။
ေဆာင့္ေၾကာင့္ထိုင္ေနေသာ စိုင္းရွင္းယံကို ငံု႔ၾကည့္လိုက္သည္။ စိုင္းရွင္းယံ၏ ရွင္းသန္႔ေနေသာ မ်က္နွာက မရယ္မၿပံဳး...
ဘာလဲ...စာအုပ္က်န္ခဲ့တယ္ဆိုၿပီး အခုထဲက ေပးလိုက္ေတာ့မလို႔လား....
" မ်က္မွန္ကုိ တက္နင္းထားတယ္ "
စိုင္းရွင္းယံ၏ တည္ၾကည္ေသာအသံအဆံုးတြင္
လင္း အလန္႔တၾကားနွင့္ ထခုန္လိုက္မိသည္။
ဘုရားေရ...
ဘယ္တုန္းက စိုင္းရွင္းယံရဲ႕ မ်က္မွန္ကို တက္နင္းလိုက္မိတာလဲ....
လင္း၏ ဖိနပ္ေအာက္တြင္ စိုင္းရွင္းယံ၏ မ်က္မွန္က
ဘဝပ်က္သြားသည္။ မွန္တစ္ဖက္သည္ အက္ကြဲသြားသည္။ လင္း လန္႔ထိတ္မႈျဖင့္ ပါးစပ္အေဟာင္းသား
ျဖစ္သြားရသည္။
" ဟို...ေတာင္းပန္ပါတယ္ ...."
လင္း...တုန္တုန္ခ်ိခ်ိျဖင့္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး မ်က္မွန္ကို ေကာက္ယူကာ စိုင္းရွင္းယံလက္ထဲသို႔ ထည့္ေပးလိုက္သည္။ စိုင္းရွင္းယံက စာအုပ္နွစ္အုပ္ကုိ ေကာက္ၿပီးေနာက္
လင္း၏စာအုပ္ကုိ လင္း၏လက္ထဲသို႔ျပန္ထည့္ေပးသည္။
ထို႔ေနာက္ စိုင္းရွင္းယံမတ္တပ္ျပန္ရပ္လိုက္သည္။
လင္း လည္း မတ္တပ္လိုက္ရပ္ သည္။
" ကြၽန္ေတာ္မရည္႐ြယ္ပါဘူး....ဘယ္လိုျပန္လုပ္ေပးရမလဲ..
ျပန္ေလ်ာ္ရမလားဟင္ "
" ေလ်ာ္ေပးဖို႔မလိုပါဘူး...တမင္တကာလုပ္တာမွမဟုတ္တာ...မေတာ္တဆျဖစ္တာပဲ..."
စိုင္းရွင္းယံက ခပ္ၿပံဳးၿပံဳးပင္ဆိုသည္။ လင္းမွာ ၿပံဳးရမလား
ငိုရမလား ပင္ မသိေတာ့။
" အားနာလိုက္တာ...."
" အားနာရင္ milo ဝယ္တိုက္ပါ "
" ဟင္ "
ထိုစကားေၾကာင့္ လင္း...စိုင္းရွင္းယံကုိ ေမာ့ၾကည့္လိုက္မိသည္။ စိုင္းရွင္းယံ၏ အၾကည့္မ်ားနွင့္ဆံုသြားသည္။
စိုင္းရွင္းယံ၏ မ်က္လံုးမ်ားသည္ မဟူရာကဲ့သို႔ မည္းနက္ေတာက္ပေန၍ မ်က္ေတာင္စိပ္စိပ္မ်ားျဖင့္ဝန္းရံျခင္းခံထားရသည္။
လင္း...ရင္ခုန္သြားသည္။ ရင္ခုန္သံကုိ စိုင္းရွင္းယံၾကားလို႔မျဖစ္ပါ။ အလိုက္ကမ္းဆိုးမသိ...ဒီနွလံုးခုန္သံက...
စိုင္းရွင္းယံက နႈတ္ခမ္းစြန္းနွစ္ဖက္ကုိ ေကြးရံုမ်ွ ၿပံဳးလိုက္သည္။
" ေနာက္တာပါ..."
စိုင္းရွင္းယံသည္ လင္း၏ အနားမွ ထြက္သြားသည္။
လင္းသည္ တဒိန္းဒိန္းခုန္ေနေသာ နွလံုးသားကုိ ထိန္းရင္း
ထိုေနရာ၌ မလႈပ္မယွက္ရပ္၍ က်န္ခဲ့မိသည္။
သုတက လင္း၏ အနားသို႔ အေျပးေလးေရာက္လာသည္။
" ေဟ့ေရာင္...ဘာေတြျဖစ္သြားတာလဲ..."
လင္း အညႇိဳ႕ခံေနရေသာလူကဲ့သို႔ မ်က္လံုးေသႀကီးနွင့္
ၾကမ္းျပင္ကိုစိုက္ၾကည့္ရင္း ေခါင္းကို ေျဖးညႇင္းစြာခါယမ္းလိုက္သည္။
" ငါလည္း မသိဘူး "
ဟု တိုးတိုးေလးသာ ျပန္ေျဖမိသည္။
************************************************************************