MISSION IMPOSSIBLE : mission...

By _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More

You have to read this first
Ep-1
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-2

29.9K 3.2K 79
By _pannthoon_

[Unicode]

" ငါ ရူးတော့မှာပဲ"

ကျောင်းစိမ်းအင်္ကျီတောင် မလဲနိုင်သေးဘဲ အိပ်ရာထဲအရင်ပစ်လှဲပြီး အော်မိလိုက်သောစကားသည် ထိုစကားတစ်ခွန်းထဲ....
အိပ်ရာတစ်ခုလုံး တွန့်ကျေသွားအောင် လင်းသုခတ် တစ်ယောက်...တီကောင် ဆားနဲ့တို့သလို ထွန့်ထွန့်လူးနေသည်။

သူ့မျက်စိထဲတွင် မနက်ကျောင်းမတက်ခင်တွေ့လိုက်ရသော
ရှမ်းနတ်သားလေး၏ ပုံရိပ်က ထင်ဟပ်နေသည်။ တကယ်
အပြည့်စုံဆုံးလူသားပါဆို.... အဲ့လို လူသားကို သဘောကျမိတာ သူမမှားပါ.... ။ စိုင်းရှင်းယံအကြောင်းတွေးမိလျှင်
အလိုလိုနေရင်း ပြုံးမိသလို တစ်ဆက်တည်းမှာလည်း
ပူလောင်ရသည်။ စိုင်းရှင်းယံကို ကြိုက်တဲ့မိန်းကလေးတွေ
ဗုန်းပလော....။ စိုင်းရှင်းယံကလည်း ရုပ်ကချော...စာကတော်
ချမ်းကချမ်းသာ...။ မရောက်နိုင်တဲ့ အမြင့်ဆုံးနေရာက
ကြယ်တစ်ပွင့်လိုပဲ.....။ သူကတော့ စိုင်းရှင်းယံကို
သေလောက်အောင်သဘောကျပေမဲ့ စိုင်းရှင်းယံကတော့
သူ...ကမ္ဘာပေါ်မှာ ရှိမှန်းတောင် သိမှာမဟုတ်ချေ။
အနုပညာရှင်တစ်ယောက်ကို ကြိုက်ရသလို ခံစားချက်ပင်။
စိုင်းရှင်းယံက Idol...မိမိက fan boy ကောင်လေး။
သဘောကျမိတော့လည်း ပိုင်ဆိုင်လိုတဲ့လောဘကပါလာသည်။ ဒါပေမဲ့လည်း မဖြစ်နိုင်တဲ့လောဘမှန်းသိတော့
ပူလောင်ရသည်။ သူငယ်ချင်းတွေကို ရင်ဖွင့်ချင်သော်လည်း
ကိုယ်က gay မှန်း မဖွင့်ပြောနိုင်ပေ.....

ဘုရားဟောတဲ့ ဒုက္ခသစ္စာ ဆိုတာ ဒါပါလား....

" ဘာလုပ်နေတာလဲ...ထတော့.. ရေချိုး...ပြီးရင်ထမင်းစားမယ် "

ညီမဖြစ်သူ ယွန်းစုမဒီရဲ့ ဘုဆက်ဆက်အသံကိုကြားတော့
လင်း...ပက်လက်လှန်အိပ်နေရာမှ ခေါင်းကိုစောင်း၍လှည့်ကြည့်လိုက်သည်။ပြီးနောက် မျက်နှာကြက်ပေါ်သို့ ပြန်၍
မျက်နှာမူလိုက်သည်။

"သားသား....နင်အင်္ကျီတောင်မလဲရသေးဘူး....ရေမြန်မြန်ထချိုးစမ်းပါ...ငါဗိုက်ဆာနေပြီ"

" အေးပါ အေးပါ"

လင်းကို ယွန်းစုမဒီက အတင်းဆွဲထူသောကြောင့်
ပျော့တိပျော့ဖက်နှင့် ထလာရသည်။ လင်းမျက်နှာကတော့
မအီမသာနှင့်။

" မီးမီး...နင် ထမင်းပွဲကြိုပြင်ထားလိုက်"

ယွန်းစုမဒီကို အမိန့်ပေးစေခိုင်းပြီးနောက် လင်းလည်း
ရေချိုးခန်းထဲသို့ တပတ် တစ်ထည်နှင့်ဝင်သွားသည်။ ယွန်းစုမဒီက လင်းကိုမျက်စောင်းခဲ၍ နှာရှုံ့သည်။

************************************************************************

" သားသား....ဒါဘာတွေလဲ..."

ရေချိုးခန်းထဲက ထွက်ထွက်လာခြင်း မြင်တွေ့လိုက်သော
မြင်ကွင်းက လင်းကို တုန်လှုပ်သွားစေသည်။ ယွန်းစုမဒီက
သူ့ဖုန်းကို ကိုင်ထား၍ ဖုန်းတွင်ပေါ်နေသော ပုံများက
စိုင်းရှင်းယံ ရဲ့ပုံတွေ....

" ဟဲ့...ငါ့ဖုန်းကို ယူမကိုင်ပါနဲ့ဆို..."

လင်း...မျက်လုံးပြူးမျက်ဆံပြူးနဲ့ ယွန်းစုမဒီလက်ထဲမှ ဖုန်းကို ဆွဲလုလိုက်သည်။ ယွန်းစုမဒီက သူ့ကို လက်ပိုက်၍ ကြည့်နေသည်။

" အဲ့တာ ကျောင်းက စိုင်းရှင်းယံရဲ့ ပုံတွေမလား....ဘာလို့
အဲ့ပုံတွေကို လော့ခတ်ပြီး သိမ်းထားတာလဲ..."

" အဲ့...အဲ့တာက...."

လင်း တုန်တုန်ချိချိဖြစ်လာသည်။ ယွန်းစုမဒီကတော့ သူ့ကို
မျက်လုံးလှန်၍ ကြည့်နေသည်။ လင်း...ယွန်းစုမဒီကို ငုံ့ကြည့်၍ အော်ငေါက်လိုက်သည်။

" ဒါနဲ့ နင်က ငါ့ Password တွေကို ဘယ်လိုသိတာလဲ"

" မသိဘဲနေမလား...နင်က နင့်password မှန်သမျှကို
အဖွား ဖုန်းနံပါတ် ထားနေတဲ့ ကိစ္စကို..."

" ဒါပေမဲ့ ငါ့ဖုန်းကို နင်ယူကိုင်စရာလား...ယောက်ျားလေးဖုန်းကို....ငါ...မဟုတ်က ဟုတ်က ဗီဒီယိုတွေထည့်ထားရင် ဘယ်လိုလုပ်မလဲ"

" အဲ့လို မဟုတ်ကဟုတ်က ဗီဒီယိုထည့်ထားတာကမှ
သဘာဝကျဦးမယ်. .ဘာလို့ စိုင်းရှင်းယံရဲ့ ပုံတွေလဲ..."

လင်း...ထူပူလာသည်။ သူ့ခေါင်းထဲတွင် အဖြစ်နိုင်ဆုံးသော
ဆင်ခြေတွေကို အလျင်အမြန်စဉ်းစားနေသည်။

" ဒီတိုင်း...သူ့စတိုင်ကို သဘောကျလို့....သူ့အင်္ကျီ..ဘောင်းဘီတွေက အရမ်းမိုက်တယ်...ငါအဲ့တာမျိုး ဝယ်ဝတ်မလို့...
လော့ခတ်ထားတယ်ဆိုတာက သူများမြင်ရင် တစ်မျိုးထင်မှာ စိုးလို့...."

ယွန်းစုမဒီက ယုံရခက် မယုံရခက် မျက်နှာနှင့် သူ့ကိုကြည့်နေသည်။ခဏနေမှ...ခေါင်းကုတ်ရင်း ပြောသည်။

" မသိပါဘူး...ငါက နင်စိုင်းရှင်းယံကို ကြိတ်ကြိုက်နေတယ် ထင်လို့"

လင်း...ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။

" ဘာ...ဘာလို့ငါက သူ့ကို ကြိုက်ရမှာလဲ....ငါက ယောက်ျားလေး ချင်းမကြိုက်ဘူး...ငါက ယောက်ျားအစစ်..."

" အွန်းပါ....ဘယ်သူကရော ယောက်ျားအစစ်မဟုတ်ဘူး
ပြောနေလို့လဲ....အင်္ကျီဝတ်ပြီး ထွက်လာခဲ့...ထမင်းစားရအောင်..."

ယွန်းစုမဒီက လေသံအေးလေးနှင့်ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ လင်း...သက်ပြင်းအကြီးကြီးချလိုက်ကာ
ကုတင်ပေါ်သို့ ဝုန်းကနဲပစ်လှဲလိုက်သည်။

************************************************************************

တင်းကျပ်တယ်ဆိုတဲ့ ခံစားချက်ဟာ လူကို ပျော့ခွေကျမတတ်
စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်စေပါတယ်.....
တင်းကျပ်တယ်ဆိုတဲ့ ခံစားချက်က ကိုယ့်ကိုယ်ကို ဒုက္ခပေးနေသလိုပါပဲ....

ရင်ဖွင့်ဖို့ တစ်စုံတစ်ယောက်တော့ လိုအပ်နေပြီ....

လင်း...သက်ပြင်းခပ်ဖွဖွချလိုက်သည်။ သူငယ်ချင်းတွေကိုလည်း ရင်ဖွင့်လို့မရဘူး...ညီမဖြစ်သူကိုလည်း ပြောလို့မဖြစ်ဘူး...

တဖြေးဖြေးနဲ့ စိတ်ထဲမှာ မျိုသိပ်မှုတွေဟာ ပြွတ်သိပ်ပြည့်လျှံ
လာနေပြီ.....

Laptop ကိုဖွင့်....ခုံပေါ်ဆောင့်ကြောင့်ထိုင်ရင်း
Newfeed ကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် ကြည့်နေသော်လည်း စိတ်က မပျော်မရွှင် မလန်းမဆန်းနဲ့ ဟိုရောက်ဒီရောက်....

" စိုင်းရှင်းယံရေ...ကျွန်တော့်အဖြစ်တွေကိုတော့ ကိုကြီး
မသိဘူး..."

ခပ်ဖွဖွ တိုင်တန်းရေရွတ်မိရင်း Newfeed တွင် တွေ့လိုက်သောအရာသည် လင်းမျက်လုံးများအား ဝိုင်းစက်တောက်ပ
သွားစေသည်။

" Lgbt page..."

လင်း...မျက်လုံးများကို မှေးစင်း၍ ကြည့်လိုက်သည်။
ထို page တစ်ခုမှတင်ထားသော စာများကို သူဖတ်ကြည့်လိုက်သည်။

# lgbt ဆိုတာ အခုခေတ်မှာ လက်ခံတဲ့သူတွေများလာပေမဲ့
lgbt အဖြစ်ရပ်တည်တဲ့သူတွေအတွက်ကတော့ ခက်ခဲပြီး
ပင်ပန်းမှုတွေရှိမှာပါ။ အဲ့လိုခက်ခဲပင်ပန်းမှုတွေကို ကျွန်တော်တို့ဆီမှာ ရင်ဖွင့်လို့ရပါပြီ။အောက်မှာ Email address တွေကို ဖော်ပြထားပါတယ်။ အဲ့တာနေတစ်ဆင့်
admin team နဲ့ဆက်သွယ်နိုင်ပြီး သင့်ရဲ့ ပင်ပန်းခက်ခဲမှုတွေကို ရင်ဖွင့်လို့ရပါပြီ။ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မပေါက်ကြားသွားဖို့ကို အာမခံပါတယ် ။ #

လင်း...ထိုpost ကို အတန်ကြာစိုက်ကြည့်နေမိသည်။
ထို့နောက် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့လက်ချောင်းလေးများသည် laptop ခလုတ်လေးများအပေါ်အလျင်အမြန်
ပြေးလွှားလိုက်ကြသည်။

သူ အရင်ဆုံးတွေ့လိုက်သော email address ကိုရှာလိုက်သည်။

လင်း...အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်သည်။ထို့နောက်
သူ စာတစ်ချောင်းရိုက်လိုက်သည်။

- Hi

ဒါလေးရိုက်ဖို့ သူ တော်တော်စဉ်းစားယူလိုက်ရသည်။ သူ
ဆက်ပြီးစာရိုက်လိုက်သည်။

- ကျွန်တော်က gay တစ်ယောက်ပါ ဒါပေမဲ့ ကျွန်တော့်မိသားစုတွေရော သူငယ်ချင်းတွေရောမသိဘူး...

စာရိုက်နေသော လက်ချောင်းတို့ တုံ့ဆိုင်းသွားသည်။

" ငါ ရူးတော့မှာပဲ...."

သူ ခုံပေါ်မှဆင်းကာ အခန်းထဲတွင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေမိသည်။ အတန်ကြာမှ လေပူတစ်ချက်မှုတ်ထုတ်ကာ သူ့စိတ်သူ ပြန်စုစည်းလိုက်သည်။

" အဆင်ပြေတယ် ...ဒါ ok တယ်"

သူ့ကိုယ်သူ ပြောကာ ခုံပေါ်တွင် ဆောင့်ကြောင့်ပြန်ထိုင်လိုက်သည်။ သူ့လက်ဖျားခြေဖျားများသည် တဖြေးဖြေးအေးစက်လာသည်။

- ကျွန်တော့်မိသားစုက ကျွန်တော့်အပေါ်ကောင်းပြီး နားလည်ပေးတဲ့မိသားစုပါ..ဒါပေမဲ့ ကျွန်တော့်ဖြစ်တည်မှုကို ပြောဖို့ကျတော့ စောသေးတယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်က အခုမှ ကျောင်းသားအရွယ်ပဲရှိသေးလို့ပါ။
ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော် Gay တစ်ယောက်ဖြစ်လို့ မုန်းသွားမယ့် လူတွေလည်းမဟုတ်မှန်း ကျွန်တော်သိပါတယ်။ သူငယ်ချင်းထဲက တစ်ယောက်ဆို fujoshi တစ်ယောက်ပါ။ ဒါပေမဲ့ဘာလို့မှန်းမသိ ကျွန်တော် သူတို့ကိုဖွင့်ပြောဖို့ အရမ်းကြောက်နေတယ်။ ပြောခါနီးဆိုရင် ခြေတုန်လက်တုန်ဖြစ်ပြီး မပြောဖြစ်ခဲ့ပါဘူး။ ကျွန်တော့်စိတ်ထင် ကျွန်တော်က သူတို့နဲ့မတူဘဲ ကွာခြားတဲ့ထူးဆန်းတဲ့လူတစ်ယောက် မဖြစ်ချင်တာထင်ပါတယ်။ Gay တစ်ယောက်ဖြစ်တာအခုခေတ်မှာ ထူးဆန်းတဲ့အရာတော့မဟုတ်တော့ပါဘူး။ ဒါပေမဲ့ မထူးဆန်းဘူးဆိုရင် လူတွေက အဲ့လိုအရာကို တသီးတခြား ဘာလို့သတ်မှတ်ထားမှာလဲ နော်...

လင်း ခဏနားပြီး အသက်ရှူလိုက်သည်။ ထို့နောက် send
ခလုတ်ကိုနှိပ်လိုက်သည်။ သူ့ရင်ထဲ အလုံးကြီးတစ်ခုကျသွားသလို ပေါ့ပါးသွားသည်။

"တစ်ဖက်က စာပြန်ပို့တာကို စောင့်ရမှာပေါ့...ဒါနဲ့ သူ့ email address က adminwhite@g mail.com လဲ...နာမည်အရင်းတွေကို မသိစေချင်လို့ထင်တယ် "

လင်း ပခုံးတွန့်လိုက်သည်။ ဒီညတော့ တစ်ဖက်က စာဘယ်တော့ပြန်ပို့မလဲစောင့်ရင်း အိပ်ပျော်ပါ့မလားလေ....

ထိုညက စာပြန်မလာခဲ့ပါ...
မနက် ကျောင်းသွားခါနီးအချိန်မှာလည်း စာပြန်မလာခဲ့ပါ...
လင်း...တမျှော်မျှော်ဖြစ်နေရသည်။ ကျောင်းဆင်းချိန်
လင်း...အိမ်ပြန်ရောက်သောအခါ အမောတကော ဖွင့်ကြည့်ရသေးသည်။ စာ ရောက်နေပြီ!

လင်း အတော်ပျော်သွားသည်။ စာကို မဆိုင်းမတွဖတ်ကြည့်လိုက်သည်။

-ညီလေး လင်းရေ..မင်္ဂလာပါ

အစ်ကိုက admin team White ပါ။ ဒီလိုမျိုး အစ်ကိုတို့ဆီမှာ ရင်လာဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ညီလေးအတွေးမှန်တယ်လို့ အစ်ကိုထင်ပါတယ်။ လူတွေက lgbt ဆိုတာ လူသားပါပဲလို့
ပြောနေကြပေမဲ့ ထူးဆန်းသလို ပြုမူနေကြတုန်းပါပဲ။ ညီလေး
ပြောပုံအရ ညီလေးက lgbt တစ်ယောက်ဆိုတာ ဘယ်သူမှ
မသိကြသေးတဲ့ပုံပါပဲ။ ညီလေးက အဲ့ကိစ္စနဲ့ပတ်သတ်ပြီး
stress များနေတဲ့ပုံပါ။ သိပ်ပြီး မျိုသိပ်မထားပါနဲ့လို့
အစ်ကို အကြံပေးချင်ပါတယ် ။ မိသားစုကို ပြောဖို့ကတော့
စောပါသေးတယ်။ နောက်မှ ဖြေးဖြေးချင်းအသိပေးရင်ရပါတယ်။ ဒါပေမဲ့ ညီလေးအနေနဲ့ သူငယ်ချင်းတွေကို ပြောပြနိုင်ပါတယ်။ ညီလေးသူငယ်ချင်းတွေဟာ နားလည်နိုင်မယ့်လူတွေလို့ ညီလေးစကားအရ အစ်ကို ထင်မိပါတယ်။ တင်းကျပ်လွန်းရင် ပေါက်ကွဲတတ်ပါတယ်။ သူငယ်ချင်းတွေကို ပြောပြခြင်းအားဖြင့် ညီလေးရဲ့ စိုးရိမ်မှုတွေကို တဖြေးဖြေးမောင်းထုတ်နိုင်မှာပါ။ ဖွင့်ပြောဖို့အတွက် အားအင်တော့လိုမှာပါ။ အဲ့အတွက် အသင့်မဖြစ်သေးရင်လည်း ကိုယ့်ကိုယ်ကို တွန်းအားအရမ်းမပေးပါနဲ့။

Admin team မှ White

စာကို ဖတ်ပြီးချိန်တွင် လင်းစိတ်ထဲမှ တင်းကျပ်မှုအနည်းငယ်လျော့သွားသလိုပင်။

" သူပြောသလို ငါ့စကွက်ကိုပြောဖို့ ငါအားအင်တော့လိုတာပေါ့"

လင်း...ခပ်တိုးတိုးရေရွတ်မိသည်။

ထိုနေ့ကစပြီး လင်း ...White ဆိုတဲ့သူဆီမှာ သူခံစားရသမျှတို့ကို ပြောခဲ့မိသည်။ White နဲ့စကားပြောရတာ
နောက်ပိုင်းတွင် တဖြေးဖြေး ရင်းနှီးပြီး သက်တောင့်သက်သာ
ရှိလာသည်ဟု ထင်သည်။ internet ပေါ်မှ သူငယ်ချင်း
တစ်ယောက် ရလာသလိုပင်။ White ကလည်းပြောသည်။
သူလည်း သူ့မိသားစုက သူlgbt မှန်းမသိဘူးတဲ့။ သူငယ်ချင်းတွေကတော့သိတယ်တဲ့။ သူ့ Bestfriend တစ်ယောက်ကြောင့်ပဲ သူက အားအင်တွေရလာပြီး အခုလို page မှာတောင် admin အဖြစ်ပါလာတာပြောတယ်။

လင်းမှာတော့ သူငယ်ချင်းတွေကိုတောင် မပြောပြနိုင်ပေ။
White လိုမျိုး အားအင်တော့ လိုချင်မိသည်။ White က ဘယ်သူမှန်းမသိပေမဲ့ လင်း သူ့ကိုယုံသည်။လင်းအတွက်
White က မမြင်ဖူးသော သူငယ်ချင်းတစ်ယောက်လိုပင်။
White ဘက်ကလည်း လင်းကို တရင်းတနှီးပြောဆို ဆက်ဆံလာသည်။ White စာပြန်မပို့ထားလျှင် White ထံမှစာတို့ကို တမျှော်မျှော်ရှိလာသည်။ White နဲ့စကားပြောရလျှင် ရင်ထဲမှ လေးလံမှုတွေလျော့ကျသွားသလို ခံစားရသည်။

တစ်နေ့မှာတော့ White ကို လင်းရဲ့ crush စိုင်းရှင်းယံအကြောင်းပြောဖြစ်ခဲ့သည်။

- Hey, White

တကယ်တော့ ကျွန်တော့်မှာ သဘောကျတဲ့လူရှိတယ်။
သူက ကျွန်တော်နဲ့ကျောင်းတူတူပဲ။ ကျွန်တော့်ထက် ၁နှစ်ကြီးပြီး အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားပါ။
သူ့ကို ကျွန်တော်ကြိုက်တာ ၂နှစ်ရှိပြီ။
သူက အရမ်းချောပြီး ကျောင်းမှာနာမည်အရမ်းကြီးပါတယ်။
သူက ကျွန်တော့်ကို သိတောင်မသိပါဘူး။ ကျွန်တော်ကပဲ
သူ့ကိုအရမ်းသဘောကျလို့ သူ့ပုံတွေအကုန်သိမ်း...
သူ့ Fb acc ကို see first ထားပြီး သူနဲ့ပတ်သတ်သမျှအကုန် စုံစမ်းထားတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ crushphobia ရှိတယ်။ သူ့ကိုမြင်တာနဲ့ ခြေတုန်လက်တုန် ဖြစ်ချင်လာရော။ သူ့ post တွေကိုလည်း react
မပေးရဲဘူး။ အဝေးကနေပဲ မျှော်ကြည့်နေရတယ်။ ကျွန်တော်
မရနိုင်မှန်းလည်းသိလို့ တော်တော်တော့ ဝမ်းနည်းရတယ်။
ဒါပေမဲ့ သဘောကျတဲ့စိတ်က ထိန်းလို့လည်းမရဘူး။

Linn

- Hey,Linn

Crush ဆိုတဲ့အရာက ကမ္ဘာပေါ်မှာ စိတ်ရှုပ်ဖို့အကောင်းဆုံးအရာပဲကွ။ သဘောကျတယ်ဆိုတဲ့စိတ်က ထိန်းမရတော့လည်း အခက်သား။ ကြားရသလောက် ညီလေးရဲ့ Crush က cele တစ်ယောက်ပေါ့နော်။ သူ့ကိုညီလေး ဘယ်ကနေဘယ်လို စကြိုက်မိသွားတာလဲ။

Admin team မှWhite

" စကြိုက်မိသွားတာ....ဟင်း...."

လင်း...သက်ပြင်းခပ်ဖွဖွချလိုက်သည်။ သူ အသာအယာပြုံးလိုက်မိပြီး လက်ချောင်းထိပ်တို့လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။

************************************************************************

" သားသားရေ...ငါ korea ကားကြည့်မလို့ နင့် laptop
ယူသုံးမယ်နော်..."

အခန်းထဲကို ခေါင်းပြူကြည့်၍ လင်း ကိုမတွေ့သောအခါ
ယွန်းစုမဒီ မျက်ခုံးပင့်လိုက်သည်။ ခါတိုင်းလည်း လင်းအခန်းထဲဝင်ပြီး laptop ယူသုံးနေကြမို့ ဒီတိုင်းအခန်းထဲသို့
ဝင်သွားလိုက်သည်။

" ခုနကတောင် အခန်းထဲမှာတွေ့သေးသလားလို့...
မုန့်သွားဝယ်တာလားမသိဘူး...ငါ့လည်းမပြောဘူး...
ငါလည်းမုန့်မှာလိုက်ရအောင်ကို...."

ယွန်းစုမဒီ တစ်ယောက်တည်း ပွစိပွစိပြောရင်း laptop ရှေ့ရှိခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် laptop ကို
ဖွင့်လိုက်သည်။

အရင်ဆုံးပေါ်လာသောအရာသည် Gmail....

ယွန်းစုမဒီ...လင်းရဲ့ စာတွေကို ဝင်ဖတ်ဖို့ စိတ်ကူးမရှိပါ။
သို့သော် ဖွင့်ထားသော စာများသည် သူမ မျက်စိရှေ့တည့်တည့်တွင် ပေါ်လာနေသည်။

သူမ ထိုစာများကို မတော်တဆမြင်လိုက်မိပြီး သူမ မျက်စိတို့
ပြူးကျယ်သွားသည်။

- Dear White

ကျွန်တော်...ကျွန်တော့် crush ကိုစကြိုက်မိတဲ့နေ့ကို
ခုထိထင်ထင်ရှားရှား မှတ်မိနေသေးတာ အံ့သြစရာပဲဗျ။
သူ့ကို စကြိုက်မိပြီးမှ ကျွန်တော့်ကို ကျွန်တော်လည်း gay
တစ်ယောက်မှန်းလက်ခံမိလိုက်တာ......

************************************************************************

[Zawgyi]

" ငါ ရူးေတာ့မွာပဲ"

ေက်ာင္းစိမ္းအက်ႌေတာင္ မလဲနိုင္ေသးဘဲ အိပ္ရာထဲအရင္ပစ္လွဲၿပီး ေအာ္မိလိုက္ေသာစကားသည္ ထိုစကားတစ္ခြန္းထဲ....
အိပ္ရာတစ္ခုလံုး တြန္႔ေက်သြားေအာင္ လင္းသုခတ္ တစ္ေယာက္...တီေကာင္ ဆားနဲ႔တို႔သလို ထြန္႔ထြန္႔လူးေနသည္။

သူ႔မ်က္စိထဲတြင္ မနက္ေက်ာင္းမတက္ခင္ေတြ႕လိုက္ရေသာ
ရွမ္းနတ္သားေလး၏ ပံုရိပ္က ထင္ဟပ္ေနသည္။ တကယ္
အျပည့္စံုဆံုးလူသားပါဆို.... အဲ့လို လူသားကုိ သေဘာက်မိတာ သူမမွားပါ.... ။ စိုင္းရွင္းယံအေၾကာင္းေတြးမိလ်ွင္
အလိုလိုေနရင္း ၿပံဳးမိသလို တစ္ဆက္တည္းမွာလည္း
ပူေလာင္ရသည္။ စိုင္းရွင္းယံကုိ ႀကိဳက္တဲ့မိန္းကေလးေတြ
ဗုန္းပေလာ....။ စိုင္းရွင္းယံကလည္း ရုပ္ကေခ်ာ...စာကေတာ္
ခ်မ္းကခ်မ္းသာ...။ မေရာက္နိုင္တဲ့ အျမင့္ဆံုးေနရာက
ၾကယ္တစ္ပြင့္လိုပဲ.....။ သူကေတာ့ စိုင္းရွင္းယံကုိ
ေသေလာက္ေအာင္သေဘာက်ေပမဲ့ စိုင္းရွင္းယံကေတာ့
သူ...ကမာၻေပၚမွာ ရွိမွန္းေတာင္ သိမွာမဟုတ္ေခ်။
အႏုပညာရွင္တစ္ေယာက္ကုိ ႀကိဳက္ရသလို ခံစားခ်က္ပင္။
စိုင္းရွင္းယံက Idol...မိမိက fan boy ေကာင္ေလး။
သေဘာက်မိေတာ့လည္း ပိုင္ဆိုင္လိုတဲ့ေလာဘကပါလာသည္။ ဒါေပမဲ့လည္း မျဖစ္နိုင္တဲ့ေလာဘမွန္းသိေတာ့
ပူေလာင္ရသည္။ သူငယ္ခ်င္းေတြကို ရင္ဖြင့္ခ်င္ေသာ္လည္း
ကိုယ္က gay မွန္း မဖြင့္ေျပာနိုင္ေပ.....

ဘုရားေဟာတဲ့ ဒုကၡသစၥာ ဆိုတာ ဒါပါလား....

" ဘာလုပ္ေနတာလဲ...ထေတာ့.. ေရခ်ိဳး...ၿပီးရင္ထမင္းစားမယ္ "

ညီမျဖစ္သူ ယြန္းစုမဒီရဲ႕ ဘုဆက္ဆက္အသံကုိၾကားေတာ့
လင္း...ပက္လက္လွန္အိပ္ေနရာမွ ေခါင္းကိုေစာင္း၍လွည့္ၾကည့္လိုက္သည္။ၿပီးေနာက္ မ်က္နွာၾကက္ေပၚသို႔ ျပန္၍
မ်က္နွာမူလိုက္သည္။

"သားသား....နင္အက်ႌေတာင္မလဲရေသးဘူး....ေရျမန္ျမန္ထခ်ိဳးစမ္းပါ...ငါဗိုက္ဆာေနၿပီ"

" ေအးပါ ေအးပါ"

လင္းကုိ ယြန္းစုမဒီက အတင္းဆြဲထူေသာေၾကာင့္
ေပ်ာ့တိေပ်ာ့ဖက္နွင့္ ထလာရသည္။ လင္းမ်က္နွာကေတာ့
မအီမသာနွင့္။

" မီးမီး...နင္ ထမင္းပြဲၾကဳိျပင္ထားလိုက္"

ယြန္းစုမဒီကုိ အမိန္႔ေပးေစခိုင္းၿပီးေနာက္ လင္းလည္း
ေရခ်ိဳးခန္းထဲသို႔ တပတ္ တစ္ထည္နွင့္ဝင္သြားသည္။ ယြန္းစုမဒီက လင္းကုိမ်က္ေစာင္းခဲ၍ နွာရႈံ႕သည္။

************************************************************************

" သားသား....ဒါဘာေတြလဲ..."

ေရခ်ိဳးခန္းထဲက ထြက္ထြက္လာျခင္း ျမင္ေတြ႕လိုက္ေသာ
ျမင္ကြင္းက လင္းကို တုန္လႈပ္သြားေစသည္။ ယြန္းစုမဒီက
သူ႔ဖုန္းကုိ ကိုင္ထား၍ ဖုန္းတြင္ေပၚေနေသာ ပံုမ်ားက
စိုင္းရွင္းယံ ရဲ႕ပံုေတြ....

" ဟဲ့...ငါ့ဖုန္းကုိ ယူမကိုင္ပါနဲ႔ဆို..."

လင္း...မ်က္လံုးျပဴးမ်က္ဆံျပဴးနဲ႔ ယြန္းစုမဒီလက္ထဲမွ ဖုန္းကုိ ဆြဲလုလိုက္သည္။ ယြန္းစုမဒီက သူ႔ကို လက္ပုိက္၍ ၾကည့္ေနသည္။

" အဲ့တာ ေက်ာင္းက စိုင္းရွင္းယံရဲ႕ ပံုေတြမလား....ဘာလို႔
အဲ့ပံုေတြကုိ ေလာ့ခတ္ၿပီး သိမ္းထားတာလဲ..."

" အဲ့...အဲ့တာက...."

လင္း တုန္တုန္ခ်ိခ်ိျဖစ္လာသည္။ ယြန္းစုမဒီကေတာ့ သူ႔ကုိ
မ်က္လံုးလွန္၍ ၾကည့္ေနသည္။ လင္း...ယြန္းစုမဒီကုိ ငံု႔ၾကည့္၍ ေအာ္ေငါက္လိုက္သည္။

" ဒါနဲ႔ နင္က ငါ့ Password ေတြကို ဘယ္လိုသိတာလဲ"

" မသိဘဲေနမလား...နင္က နင့္password မွန္သမ်ွကုိ
အဖြား ဖုန္းနံပါတ္ ထားေနတဲ့ ကိစၥကို..."

" ဒါေပမဲ့ ငါ့ဖုန္းကုိ နင္ယူကိုင္စရာလား...ေယာက္်ားေလးဖုန္းကုိ....ငါ...မဟုတ္က ဟုတ္က ဗီဒီယုိေတြထည့္ထားရင္ ဘယ္လိုလုပ္မလဲ"

" အဲ့လို မဟုတ္ကဟုတ္က ဗီဒီယိုထည့္ထားတာကမွ
သဘာဝက်ဦးမယ္. .ဘာလို႔ စိုင္းရွင္းယံရဲ႕ ပံုေတြလဲ..."

လင္း...ထူပူလာသည္။ သူ႔ေခါင္းထဲတြင္ အျဖစ္နိုင္ဆံုးေသာ
ဆင္ေျခေတြကို အလ်င္အျမန္စဥ္းစားေနသည္။

" ဒီတိုင္း...သူ႔စတိုင္ကုိ သေဘာက်လို႔....သူ႔အက်ႌ..ေဘာင္းဘီေတြက အရမ္းမိုက္တယ္...ငါအဲ့တာမ်ိဳး ဝယ္ဝတ္မလို႔...
ေလာ့ခတ္ထားတယ္ဆိုတာက သူမ်ားျမင္ရင္ တစ္မ်ိဳးထင္မွာ စိုးလို႔...."

ယြန္းစုမဒီက ယံုရခက္ မယံုရခက္ မ်က္နွာနွင့္ သူ႔ကိုၾကည့္ေနသည္။ခဏေနမွ...ေခါင္းကုတ္ရင္း ေျပာသည္။

" မသိပါဘူး...ငါက နင္စိုင္းရွင္းယံကုိ ႀကိတ္ႀကိဳက္ေနတယ္ ထင္လို႔"

လင္း...ရင္ထဲ ဒိတ္ခနဲ ျဖစ္သြားသည္။

" ဘာ...ဘာလို႔ငါက သူ႔ကုိ ႀကိဳက္ရမွာလဲ....ငါက ေယာက္်ားေလး ခ်င္းမႀကိဳက္ဘူး...ငါက ေယာက္်ားအစစ္..."

" အြန္းပါ....ဘယ္သူကေရာ ေယာက္်ားအစစ္မဟုတ္ဘူး
ေျပာေနလို႔လဲ....အက်ႌဝတ္ၿပီး ထြက္လာခဲ့...ထမင္းစားရေအာင္..."

ယြန္းစုမဒီက ေလသံေအးေလးနွင့္ေျပာရင္း အခန္းထဲမွ ထြက္သြားသည္။ လင္း...သက္ျပင္းအႀကီးႀကီးခ်လိုက္ကာ
ကုတင္ေပၚသို႔ ဝုန္းကနဲပစ္လွဲလိုက္သည္။

************************************************************************

တင္းက်ပ္တယ္ဆိုတဲ့ ခံစားခ်က္ဟာ လူကုိ ေပ်ာ့ေခြက်မတတ္
စိတ္ဆင္းရဲကိုယ္ဆင္းရဲ ျဖစ္ေစပါတယ္.....
တင္းက်ပ္တယ္ဆိုတဲ့ ခံစားခ်က္က ကိုယ့္ကုိယ္ကုိ ဒုကၡေပးေနသလိုပါပဲ....

ရင္ဖြင့္ဖို႔ တစ္စံုတစ္ေယာက္ေတာ့ လုိအပ္ေနၿပီ....

လင္း...သက္ျပင္းခပ္ဖြဖြခ်လိုက္သည္။ သူငယ္ခ်င္းေတြကိုလည္း ရင္ဖြင့္လို႔မရဘူး...ညီမျဖစ္သူကိုလည္း ေျပာလို႔မျဖစ္ဘူး...

တေျဖးေျဖးနဲ႔ စိတ္ထဲမွာ မ်ိဳသိပ္မႈေတြဟာ ျပြတ္သိပ္ျပည့္လ်ွံ
လာေနၿပီ.....

Laptop ကိုဖြင့္....ခံုေပၚေဆာင့္ေၾကာင့္ထိုင္ရင္း
Newfeed ကုိ အေပၚဆြဲလိုက္ ေအာက္ဆြဲလိုက္ ၾကည့္ေနေသာ္လည္း စိတ္က မေပ်ာ္မ႐ႊင္ မလန္းမဆန္းနဲ႔ ဟိုေရာက္ဒီေရာက္....

" စိုင္းရွင္းယံေရ...ကြၽန္ေတာ့္အျဖစ္ေတြကိုေတာ့ ကိုႀကီး
မသိဘူး..."

ခပ္ဖြဖြ တိုင္တန္းေရ႐ြတ္မိရင္း Newfeed တြင္ ေတြ႕လိုက္ေသာအရာသည္ လင္းမ်က္လံုးမ်ားအား ဝိုင္းစက္ေတာက္ပ
သြားေစသည္။

" Lgbt page..."

လင္း...မ်က္လံုးမ်ားကို ေမွးစင္း၍ ၾကည့္လိုက္သည္။
ထို page တစ္ခုမွတင္ထားေသာ စာမ်ားကို သူဖတ္ၾကည့္လိုက္သည္။

# lgbt ဆိုတာ အခုေခတ္မွာ လက္ခံတဲ့သူေတြမ်ားလာေပမဲ့
lgbt အျဖစ္ရပ္တည္တဲ့သူေတြအတြက္ကေတာ့ ခက္ခဲၿပီး
ပင္ပန္းမႈေတြရွိမွာပါ။ အဲ့လိုခက္ခဲပင္ပန္းမႈေတြကုိ ကြၽန္ေတာ္တို႔ဆီမွာ ရင္ဖြင့္လို႔ရပါၿပီ။ေအာက္မွာ Email address ေတြကုိ ေဖာ္ျပထားပါတယ္။ အဲ့တာေနတစ္ဆင့္
admin team နဲ႔ဆက္သြယ္နိုင္ၿပီး သင့္ရဲ႕ ပင္ပန္းခက္ခဲမႈေတြကုိ ရင္ဖြင့္လို႔ရပါၿပီ။ သင့္ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ မေပါက္ၾကားသြားဖို႔ကုိ အာမခံပါတယ္ ။ #

လင္း...ထိုpost ကုိ အတန္ၾကာစိုက္ၾကည့္ေနမိသည္။
ထို႔ေနာက္ သူ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။ သူ႔လက္ေခ်ာင္းေလးမ်ားသည္ laptop ခလုတ္ေလးမ်ားအေပၚအလ်င္အျမန္
ေျပးလႊားလိုက္ၾကသည္။

သူ အရင္ဆံုးေတြ႕လိုက္ေသာ email address ကုိရွာလိုက္သည္။

လင္း...အသက္ကုိ ျပင္းျပင္း ရွဴထုတ္လိုက္သည္။ထို႔ေနာက္
သူ စာတစ္ေခ်ာင္းရိုက္လိုက္သည္။

- Hi

ဒါေလးရိုက္ဖို႔ သူ ေတာ္ေတာ္စဥ္းစားယူလိုက္ရသည္။ သူ
ဆက္ၿပီးစာရိုက္လိုက္သည္။

- ကြၽန္ေတာ္က gay တစ္ေယာက္ပါ ဒါေပမဲ့ ကြၽန္ေတာ့္မိသားစုေတြေရာ သူငယ္ခ်င္းေတြေရာမသိဘူး...

စာရိုက္ေနေသာ လက္ေခ်ာင္းတို႔ တံု႔ဆိုင္းသြားသည္။

" ငါ ရူးေတာ့မွာပဲ...."

သူ ခံုေပၚမွဆင္းကာ အခန္းထဲတြင္ ေရွ႕ေလ်ွာက္လိုက္ ေနာက္ေလ်ွာက္လိုက္ လုပ္ေနမိသည္။ အတန္ၾကာမွ ေလပူတစ္ခ်က္မႈတ္ထုတ္ကာ သူ႔စိတ္သူ ျပန္စုစည္းလိုက္သည္။

" အဆင္ေျပတယ္ ...ဒါ ok တယ္"

သူ႔ကိုယ္သူ ေျပာကာ ခံုေပၚတြင္ ေဆာင့္ေၾကာင့္ျပန္ထိုင္လိုက္သည္။ သူ႔လက္ဖ်ားေျခဖ်ားမ်ားသည္ တေျဖးေျဖးေအးစက္လာသည္။

- ကြၽန္ေတာ့္မိသားစုက ကြၽန္ေတာ့့္အေပၚေကာင္းၿပီး နားလည္ေပးတဲ့မိသားစုပါ..ဒါေပမဲ့ ကြၽန္ေတာ့္ျဖစ္တည္မႈကုိ ေျပာဖို႔က်ေတာ့ ေစာေသးတယ္ထင္ပါတယ္။ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က အခုမွ ေက်ာင္းသားအ႐ြယ္ပဲရွိေသးလို႔ပါ။
ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ကြၽန္ေတာ္ Gay တစ္ေယာက္ျဖစ္လို႔ မုန္းသြားမယ့္ လူေတြလည္းမဟုတ္မွန္း ကြၽန္ေတာ္သိပါတယ္။ သူငယ္ခ်င္းထဲက တစ္ေယာက္ဆို fujoshi တစ္ေယာက္ပါ။ ဒါေပမဲ့ဘာလို႔မွန္းမသိ ကြၽန္ေတာ္ သူတို႔ကုိဖြင့္ေျပာဖို႔ အရမ္းေၾကာက္ေနတယ္။ ေျပာခါနီးဆိုရင္ ေျခတုန္လက္တုန္ျဖစ္ၿပီး မေျပာျဖစ္ခဲ့ပါဘူး။ ကြၽန္ေတာ့္စိတ္ထင္ ကြၽန္ေတာ္က သူတို႔နဲ႔မတူဘဲ ကြာျခားတဲ့ထူးဆန္းတဲ့လူတစ္ေယာက္ မျဖစ္ခ်င္တာထင္ပါတယ္။ Gay တစ္ေယာက္ျဖစ္တာအခုေခတ္မွာ ထူးဆန္းတဲ့အရာေတာ့မဟုတ္ေတာ့ပါဘူး။ ဒါေပမဲ့ မထူးဆန္းဘူးဆိုရင္ လူေတြက အဲ့လိုအရာကုိ တသီးတျခား ဘာလို႔သတ္မွတ္ထားမွာလဲ ေနာ္...

လင္း ခဏနားၿပီး အသက္ရွဴလိုက္သည္။ ထို႔ေနာက္ send
ခလုတ္ကုိနွိပ္လို္က္သည္။ သူ႔ရင္ထဲ အလံုးႀကီးတစ္ခုက်သြားသလို ေပါ့ပါးသြားသည္။

"တစ္ဖက္က စာျပန္ပို႔တာကုိ ေစာင့္ရမွာေပါ့...ဒါနဲ႔ သူ႔ email address က adminwhite@g mail.com လဲ...နာမည္အရင္းေတြကုိ မသိေစခ်င္လို႔ထင္တယ္ "

လင္း ပခံုးတြန္႔လိုက္သည္။ ဒီညေတာ့ တစ္ဖက္က စာဘယ္ေတာ့ျပန္ပို႔မလဲေစာင့္ရင္း အိပ္ေပ်ာ္ပါ့မလားေလ....

ထိုညက စာျပန္မလာခဲ့ပါ...
မနက္ ေက်ာင္းသြားခါနီးအခ်ိန္မွာလည္း စာျပန္မလာခဲ့ပါ...
လင္း...တေမ်ွာ္ေမ်ွာ္ျဖစ္ေနရသည္။ ေက်ာင္းဆင္းခ်ိန္
လင္း...အိမ္ျပန္ေရာက္ေသာအခါ အေမာတေကာ ဖြင့္ၾကည့္ရေသးသည္။ စာ ေရာက္ေနၿပီ!

လင္း အေတာ္ေပ်ာ္သြားသည္။ စာကို မဆိုင္းမတြဖတ္ၾကည့္လိုက္သည္။

-ညီေလး လင္းေရ..မဂၤလာပါ

အစ္ကုိက admin team White ပါ။ ဒီလိုမ်ိဳး အစ္ကုိတို႔ဆီမွာ ရင္လာဖြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္။ ညီေလးအေတြးမွန္တယ္လို႔ အစ္ကိုထင္ပါတယ္။ လူေတြက lgbt ဆိုတာ လူသားပါပဲလို႔
ေျပာေနၾကေပမဲ့ ထူးဆန္းသလို ျပဳမူေနၾကတုန္းပါပဲ။ ညီေလး
ေျပာပံုအရ ညီေလးက lgbt တစ္ေယာက္ဆိုတာ ဘယ္သူမွ
မသိၾကေသးတဲ့ပံုပါပဲ။ ညီေလးက အဲ့ကိစၥနဲ႔ပတ္သတ္ၿပီး
stress မ်ားေနတဲ့ပံုပါ။ သိပ္ၿပီး မ်ိဳသိပ္မထားပါနဲ႔လို႔
အစ္ကုိ အႀကံေပးခ်င္ပါတယ္ ။ မိသားစုကုိ ေျပာဖို႔ကေတာ့
ေစာပါေသးတယ္။ ေနာက္မွ ေျဖးေျဖးခ်င္းအသိေပးရင္ရပါတယ္။ ဒါေပမဲ့ ညီေလးအေနနဲ႔ သူငယ္ခ်င္းေတြကုိ ေျပာျပနိုင္ပါတယ္။ ညီေလးသူငယ္ခ်င္းေတြဟာ နားလည္နိုင္မယ့္လူေတြလို႔ ညီေလးစကားအရ အစ္ကုိ ထင္မိပါတယ္။ တင္းက်ပ္လြန္းရင္ ေပါက္ကြဲတတ္ပါတယ္။ သူငယ္ခ်င္းေတြကုိ ေျပာျပျခင္းအားျဖင့္ ညီေလးရဲ႕ စိုးရိမ္မႈေတြကို တေျဖးေျဖးေမာင္းထုတ္နိုင္မွာပါ။ ဖြင့္ေျပာဖို႔အတြက္ အားအင္ေတာ့လိုမွာပါ။ အဲ့အတြက္ အသင့္မျဖစ္ေသးရင္လည္း ကိုယ့္ကိုယ္ကုိ တြန္းအားအရမ္းမေပးပါနဲ႔။

Admin team မွ White

စာကုိ ဖတ္ၿပီးခ်ိန္တြင္ လင္းစိတ္ထဲမွ တင္းက်ပ္မႈအနည္းငယ္ေလ်ာ့သြားသလိုပင္။

" သူေျပာသလို ငါ့စကြက္ကိုေျပာဖို႔ ငါအားအင္ေတာ့လိုတာေပါ့"

လင္း...ခပ္တိုးတိုးေရ႐ြတ္မိသည္။

ထိုေန႔ကစၿပီး လင္း ...White ဆိုတဲ့သူဆီမွာ သူခံစားရသမ်ွတို႔ကုိ ေျပာခဲ့မိသည္။ White နဲ႔စကားေျပာရတာ
ေနာက္ပိုင္းတြင္ တေျဖးေျဖး ရင္းနွီးၿပီး သက္ေတာင့္သက္သာ
ရွိလာသည္ဟု ထင္သည္။ internet ေပၚမွ သူငယ္ခ်င္း
တစ္ေယာက္ ရလာသလိုပင္။ White ကလည္းေျပာသည္။
သူလည္း သူ႔မိသားစုက သူlgbt မွန္းမသိဘူးတဲ့။ သူငယ္ခ်င္းေတြကေတာ့သိတယ္တဲ့။ သူ႔ Bestfriend တစ္ေယာက္ေၾကာင့္ပဲ သူက အားအင္ေတြရလာၿပီး အခုလို page မွာေတာင္ admin အျဖစ္ပါလာတာေျပာတယ္။

လင္းမွာေတာ့ သူငယ္ခ်င္းေတြကိုေတာင္ မေျပာျပနိုင္ေပ။
White လိုမ်ိဳး အားအင္ေတာ့ လိုခ်င္မိသည္။ White က ဘယ္သူမွန္းမသိေပမဲ့ လင္း သူ႔ကိုယံုသည္။လင္းအတြက္
White က မျမင္ဖူးေသာ သူငယ္ခ်င္းတစ္ေယာက္လိုပင္။
White ဘက္ကလည္း လင္းကုိ တရင္းတနွီးေျပာဆို ဆက္ဆံလာသည္။ White စာျပန္မပုိ႔ထားလ်ွင္ White ထံမွစာတို႔ကုိ တေမ်ွာ္ေမ်ွာ္ရွိလာသည္။ White နဲ႔စကားေျပာရလ်ွင္ ရင္ထဲမွ ေလးလံမႈေတြေလ်ာ့က်သြားသလို ခံစားရသည္။

တစ္ေန႔မွာေတာ့ White ကုိ လင္းရဲ႕ crush စိုင္းရွင္းယံအေၾကာင္းေျပာျဖစ္ခဲ့သည္။

- Hey, White

တကယ္ေတာ့ ကြၽန္ေတာ့္မွာ သေဘာက်တဲ့လူရွိတယ္။
သူက ကြၽန္ေတာ္နဲ႔ေက်ာင္းတူတူပဲ။ ကြၽန္ေတာ့္ထက္ ၁နွစ္ႀကီးၿပီး အထက္တန္းေနာက္ဆံုးနွစ္ေက်ာင္းသားပါ။
သူ႔ကုိ ကြၽန္ေတာ္ႀကိဳက္တာ ၂နွစ္ရွိၿပီ။
သူက အရမ္းေခ်ာၿပီး ေက်ာင္းမွာနာမည္အရမ္းႀကီးပါတယ္။
သူက ကြၽန္ေတာ့္ကုိ သိေတာင္မသိပါဘူး။ ကြၽန္ေတာ္ကပဲ
သူ႔ကုိအရမ္းသေဘာက်လို႔ သူ႔ပံုေတြအကုန္သိမ္း...
သူ႔ Fb acc ကုိ see first ထားၿပီး သူနဲ႔ပတ္သတ္သမ်ွအကုန္ စံုစမ္းထားတာပါပဲ။ ဒါေပမဲ့ ကြၽန္ေတာ့္မွာ crushphobia ရွိတယ္။ သူ႔ကုိျမင္တာနဲ႔ ေျခတုန္လက္တုန္ ျဖစ္ခ်င္လာေရာ။ သူ႔ post ေတြကိုလည္း react
မေပးရဲဘူး။ အေဝးကေနပဲ ေမ်ွာ္ၾကည့္ေနရတယ္။ ကြၽန္ေတာ္
မရနိုင္မွန္းလည္းသိလို႔ ေတာ္ေတာ္ေတာ့ ဝမ္းနည္းရတယ္။
ဒါေပမဲ့ သေဘာက်တဲ့စိတ္က ထိန္းလို႔လည္းမရဘူး

Linn

- Hey,Linn

Crush ဆိုတဲ့အရာက ကမာၻေပၚမွာ စိတ္ရႈပ္ဖို႔အေကာင္းဆံုးအရာပဲကြ။ သေဘာက်တယ္ဆိုတဲ့စိတ္က ထိန္းမရေတာ့လည္း အခက္သား။ ျကားရသေလာက္ ညီေလးရဲ႕ Crush က cele တစ္ေယာက္ေပါ့ေနာ္။ သူ႔ကုိညီေလး ဘယ္ကေနဘယ္လို စႀကိဳက္မိသြားတာလဲ။

Admin team မွWhite

" စႀကိဳက္မိသြားတာ....ဟင္း...."

လင္း...သက္ျပင္းခပ္ဖြဖြခ်လိုက္သည္။ သူ အသာအယာၿပံဳးလိုက္မိၿပီး လက္ေခ်ာင္းထိပ္တို႔လ်င္ျမန္စြာ လႈပ္ရွားလိုက္ၾကသည္။

************************************************************************

" သားသားေရ...ငါ korea ကားၾကည့္မလို႔ နင့္ laptop
ယူသံုးမယ္ေနာ္..."

အခန္းထဲကို ေခါင္းျပဴၾကည့္၍ လင္း ကုိမေတြ႕ေသာအခါ
ယြန္းစုမဒီ မ်က္ခံုးပင့္လိုက္သည္။ ခါတိုင္းလည္း လင္းအခန္းထဲဝင္ျပီး laptop ယူသံုးေနၾကမုိ႔ ဒီတိုင္းအခန္းထဲသို႔
ဝင္သြားလိုက္သည္။

" ခုနကေတာင္ အခန္းထဲမွာေတြ႕ေသးသလားလို႔...
မုန္႔သြားဝယ္တာလားမသိဘူး...ငါ့လည္းမေျပာဘူး...
ငါလည္းမုန္႔မွာလိုက္ရေအာင္ကို...."

ယြန္းစုမဒီ တစ္ေယာက္တည္း ပြစိပြစိေျပာရင္း laptop ေရွ႕ရွိခံုတြင္ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ laptop ကုိ
ဖြင့္လိုက္သည္။

အရင္ဆံုးေပၚလာေသာအရာသည္ Gmail....

ယြန္းစုမဒီ...လင္းရဲ႕ စာေတြကုိ ဝင္ဖတ္ဖို႔ စိတ္ကူးမရွိပါ။
သို႔ေသာ္ ဖြင့္ထားေသာ စာမ်ားသည္ သူမ မ်က္စိေရွ႕တည့္တည့္တြင္ ေပၚလာေနသည္။

သူမ ထိုစာမ်ားကုိ မေတာ္တဆျမင္လိုက္မိၿပီး သူမ မ်က္စိတို႔
ျပဴးက်ယ္သြားသည္။

- Dear White

ကြၽန္ေတာ္...ကြၽန္ေတာ့္ crush ကိုစႀကိဳက္မိတဲ့ေန႔ကုိ
ခုထိထင္ထင္ရွားရွား မွတ္မိေနေသးတာ အ့ံၾသစရာပဲဗ်။
သူ႔ကုိ စႀကိဳက္မိၿပီးမွ ကြၽန္ေတာ့္ကို ကြၽန္ေတာ္လည္း gay
တစ္ေယာက္မွန္းလက္ခံမိလိုက္တာ......

************************************************************************

Continue Reading

You'll Also Like

221K 22K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
20.8K 867 14
ဂျွန်​ယောင်းအတွက် ရှီ​​အော့ ကအိမ်​မွေး​ခွေးက​လေးတစ်​ကောင်ပဲ ဒါ​ပေမယ့် ကိုက်ရင်​တော့ ဒဏ်ရာပြင်းမယ် fanfic မဟုတ်ပါ koreanအ​ခြေပြု fic တစ်ပုဒ်သာဖြစ်သည်...
513K 43.6K 61
ဘဝမှာအချစ်နဲ့တူသောအရာများစွာ ကြုံတွေ့ရနိုင်သည်။ သို့သော် အချစ်စစ်ကတော့ အရာအာလုံးထက်သာလွန်သည်။ ထို့အတူပင် ရည်းစားပေါင်းများစွာကြုံဆုံရနိုင်သည် သို့သော...
233K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်