MISSION IMPOSSIBLE : mission...
By _pannthoon_
1.4M 175K 11.5K
crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... More
You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!
3.4K 112 3
By _pannthoon_
Unicode
"အန်ညော်ဟဆယ်ရို"ပါ....Mission impossible က reader တွေရေ...
​မတွေ့ရတာ တော်တော်ကြာသွားပြီနော် ^^
ဒီနေ့ပြန်ပေါ်လာရတဲ့အကြောင်းရင်းကတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း "စာအုပ် အော်ဒါတင်နိုင်ပြီ" ဖြစ်ကြောင်း လာရောက်အသိပေးတာပဲဖြစ်ပါတယ်။
(တကယ်က 20 ရက်နေ့ကတည်းက အော်ဒါစကောက်နေတာပါ။ ကျွန်မ wattpad မှာလာပြောဖို့ မေ့နေခဲ့တာ :') )
ပြောဖူးတဲ့အတိုင်း Mission impossible : mission to get crush ကိုစရေးတော့ စာအုပ်ထုတ်ဖို့အကြံအစည် လုံးဝမရှိခဲ့ပါဘူး။ နောက်ပိုင်း ဖတ်ရှုသူများလာပြီး တောင်းဆိုမှုတွေရှိလာမှ စာအုပ်ထုတ်လိုက်ပါမယ်လေ ဆိုပြီးတွေးခဲ့ပါတယ်။ ဒါပေမဲ့ Mission Impossible ရဲ့ အရေးအသားတွေ၊ ဟာကွက်တွေကို စိတ်မလုံဖြစ်မိလို့ Loving Out Loud အမည်နဲ့ မူလဇာတ်လမ်းကိုပဲ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ LOL မှာဆိုရင်တော့ plot အနည်းငယ်ထပ်ထည့်ပြီး နဲ့ ဇာတ်ကောင်အသစ်တွေ ပါလာခဲ့တာကလွဲရင် မူရင်းဇာတ်လမ်းနဲ့အတူတူပါပဲ။
(Loving Out loud ကို ကျွန်မရဲ့ wattpad acc ထဲက Work မှာ ဝင်ရောက်ရယူပြီး ဖတ်ရှုကြည့်နိုင်ပါတယ်။ ဤသည်ကား စကားချပ်)
အခု စာအုပ်ထုတ်ထားတာဆိုရင်တော့ MI ကို အနည်းငယ် ပြင်ဆင်ထားခြင်းဖြစ်တဲ့ Loving Out Loud ကို ထုတ်ဝေသွားမှာပဲဖြစ်ပါတယ်။
ဆိုတော့ကာ စာအုပ်မှာပါမယ့် Gift တွေ၊ Art တွေနဲ့ စာမျက်နှာဘယ်လောက်၊ ဈေးဘယ်လောက်၊ order တင်နိုင်မယ့် page နဲ့၊ payment တွေအကြောင်းကို အမေးအဖြေပုံစံနဲ့ပြောပြပေးသွားပါ့မယ်။
Q: Loving Out Loud ကိုထုတ်မှာဆိုတော့ Extraတွေ ပါ, ပါမှာလား။
A: ဟုတ်ကဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ဆုံးပြောချင်တာကတော့ MI နဲ့ LOL က extra တွေအကုန်အတူတူ ဆိုတာပါပဲ။ LOL မှာက copy paste ရမှာပျင်းပြီး extra တွေထပ်မတင်ရသေးတာပါ။
ဆိုတော့ ဒီမေးခွန်းအတွက်အဖြေကတော့ ကြယ်လေးကို ချစ်တဲ့သူများတာကြောင့် extra 13 ထိ စာအုပ်ထဲ ပါလာမှာဖြစ်ပါတယ်။
Q: LOL က ဖတ်ကြည့်ရင် တိုတိုလေးထင်ရပေမဲ့ စာလုံးရေများမယ်ထင်ရတယ်နော်။ အဲ့တော့ စာမျက်နှာအရေအတွက်လည်း များမယ်ထင်တယ်။
A: ဟုတ်ကဲ့။ စာမျက်နှာက တကယ်များတာပါ TT။ extra 13 ထိအပါအဝင် စာမျက်နှာ 1190 ရှိပါတယ်။ အဲ့ဒါကြောင့် စာအုပ်နှစ်အုပ်ခွဲလိုက်ရပါတယ်။ Book 1 နဲ့ Book 2 နှစ်အုပ်ဝယ်ရမှာပါ။
Q:  စာအုပ်CV, paper, gift တွေနဲ့ စျေးနှုန်းတွေကရော?
A: သိတဲ့အတိုင်း စာရွက်ဈေးတွေက နေ့နဲ့ညနဲ့တောင်မတူဘဲ တက်နေတာဖြစ်တဲ့အတွက် စာမျက်နှာ ၆၀၀ နီးပါးရှိတဲ့ စာအုပ်တစ်အုပ်အနေနဲ့ ပိုက်ဆံလျှော့ဖို့ တော်တော်အကျပ်ရိုက်ခဲ့ရပါတယ်။
စာအုပ်တန်ဖိုးလျှော့ဖို့အတွက် စာအုပ်တိုက်ကလည်း ပိုက်ဆံလျှော့ယူခဲ့သလို၊ စာအုပ်ရဲ့ art တွေအကုန်နီးပါးကိုလည်း ကျွန်မကပဲဆွဲပြီး art ဖိုးအကုန် လျှော်ပစ်ခဲ့ပါတယ်။ back Cv ဆွဲတဲ့ အားတစ်ကလည်း art ဖိုးမယူခဲ့ပါဘူး။
စာမူခကိုလည်း ကျွန်မလျှော့ချခဲ့ပါတယ်။ ကုန်ကျသမျှအဖြာဖြာကို ကျွန်မရဲ့ Pann Thoon account မှာ အကုန်တွက်ချက်ပြီး ချပြထားပါတယ်။
ဒါ့အပြင် စာအုပ် CV နဲ့ paper အမျိုးအစားကိုလည်း ကျွန်မက facebook ပေါ်ကနေ အများသူငါဆန္ဒကို မေးပြီး အကုန်လုံးအဆင်ပြေလောက်မယ့် ပုံစံမျိုးကို ပြင်ဆင်ခဲ့ပါတယ်။ အဲ့တာကြောင့် အများအဆင်ပြေလောက်မယ့် soft cover နဲ့ white paper ကို ရွေးချယ်ခဲ့ပါတယ်။
Soft cover ကိုသဘောကျသူနည်းပေမဲ့ ကျွန်မက အဲ့အနည်းအကျဉ်းထဲ ပါ,ပါတယ်။ ( စာအုပ်ကိုင်ဖတ်ရင် SC က ပိုအဆင်ပြေလို့ပါ။ ပြီးတော့ ကျွန်မက ဖတ်ရပြီးရော၊ စာအုပ် ဘာဖြစ်ဖြစ်၊ သိပ်ဂရုမစိုက်တတ်တဲ့သူမျိုးမို့လို့ပါ)
သို့ပေမဲ့ စာဖတ်သူတွေဘက်ကျ စာရွက် 300 ကို sc နဲ့မို့ စာရွက်တွေပြုတ်ထွက်မှာ စိုးရိမ်တာ နားလည်ပါတယ်။ ဒါပေမဲ့လည်း တိုက်ဘက်က သူတို့အပ်တဲ့ပုံနှိပ်တိုက်ရဲ့ Quality ကိုသိတာမို့လို့ " ပြုတ်မထွက်စေရဘူး သွန်းရေ" လို့ အာမခံ,ထားပါတယ်။ ကျွန်မဆီမှာလည်း အရွက် ၃၀၀ နီးနီးစာအုပ်ကို SC နဲ့တစ်အုပ်ရှိပါတယ်။ ကျွန်မလောက်အကိုင်ကြမ်းပြီး တွေ့တဲ့နေရာ ပစ်စလက်ခတ်ထားတတ်တာ ကျွန်မပါပဲ။ ခုထိ စာရွက်မပြုတ်သေးဘူးဆိုတော့ စာရွက်ပြုတ်မှာ အများကြီးစိုးရိမ်စရာ မလိုလောက်ပါဘူး။
ကဲ...ခု စာအုပ်ဈေးပြောရတော့မှာပေါ့။
ဒါမဲ့ စာအုပ်စျေးမပြောခင် ပါမယ့် Gift တွေအကြောင်းအရင်ပြောပါမယ်။
MI ရဲ့ ကာရိုက်တာ လေးယောက်ဖြစ်တဲ့ စိုင်းရှင်းယံ၊ လင်းသုခတ်၊ နက္ခတ်ညီ၊ ရှိုင်းလင်းကြယ်( ကြယ်လေး) တို့ရဲ့ Photo card လေးကတ်၊ Bookmark နှစ်ခု  စုစုပေါင်း gift ခြောက်ခု ပါဝင်မှာဖြစ်ပါတယ်။
Limited gift မရှိပါ။
Box က optional item ဖြစ်ပြီး ဝယ်၊ မဝယ် ရွေးချယ်နိုင်ပါတယ်။ Box ဝယ်ရင်တော့ Box ဖိုးသက်သက် ပေးချေရမှာဖြစ်ပြီး Box က 1700 ကျပ်ဖြစ်ပါတယ်။
အောက်မှာတော့ စာအုပ်ရဲ့ information အစုစုကို အနှစ်ချုပ်လို ဖော်ပြပေးသွားပါမယ်။
Book 1- 9200 MMK (600 pages)
Book 2- 9200 MMK (600 pages)
Book Quality - White paper soft cover
Box မပါရင် / box ပါရင်
1• Book 1+ Book 2 (18400 MMK)
2• Book 1+ Book 2 + Box (18400 MMK + 1700 MMK)
Preorder Gift
______°•°______
• 4 Photocards
- Sai Shin Yan Character Art
- Lin Tu Khat Character Art
- Nakhat Nyi Character Art
- Kyal Lay Character Art
• 2 Bookmarks
- SSY + LTK Bookmark
- NKN + KL Bookmark
Optional item (ရွေးချယ်ခွင့်ရှိသောပစ္စည်း)
_________________°•°__________________
• Box
( ဒါက စာအုပ်တိုက် Page က တင်ပေးထားတဲ့အတိုင်းဖြစ်ပါတယ်)
Q : စာရွက်ဈေးတက်တာ နားလည်ပေမဲ့ 18400 MMK က များနေတုန်းပဲ။ ကျောင်းသားမို့လို့ အဲ့လောက် တစ်လုံးတစ်ခဲပေးဖို့ကျ အဆင်မပြေဘူး။
A: အဲ့အတွက် စဉ်းစားပြီးတော့လည်း ကျွန်မနဲ့စာအုပ်တိုက်က  သုံးခါခွဲသွင်းနိုင်မယ့် payment ကို စီစဉ်ထားပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။
( page ကစာကို ယူထားတာဖြစ်ပါတယ်)
Preorder & Payment Date
______°•°_______
20.9.2022 (7:30 PM) To 30.10.2022 (တစ်လနဲ့တစ်ပတ်ပါ)
Payment Method
_______°•°_________
စာရွက်ဈေးတွေက မနက်နဲ့ညတင် မတူတော့တဲ့အခြေအနေကြောင့် CODအစား Payment deadlineကိုအကြာကြီးထားပေးပြီး သုံးသုတ်ငွေချေခွင့်ပေးဖို့ မင်မင်တို့နဲ့စာရေးသူတို့ သေချာတိုင်ပင်ပြီး ဆုံးဖြတ်လိုက်ပါတယ်ရယ်။
တစ်ခါတည်းငွေပေးချေလိုတဲ့သူတွေက ပုံမှန်အတိုင်းငွေလွှဲပြီး ssကို cbမှာပို့ပေးရုံပါပဲရယ်။
ခွဲပြီးငွေပေးချေမယ့်ငယ်လေးတွေက ဒါလေးကိုဆက်ဖတ်ပေးပါနော်👇
( ပထမအသုတ် - ကိုးလပိုင်း30ရက်နေ့တွင် 6200ကျပ်ပေးချေပါရန်။
ဒုတိယအသုတ် - ဆယ်လပိုင်း 10ရက်နေ့တွင် 6100ကျပ်ပေးချေပါရန်။
တတိယအသုတ်- ဆယ်လပိုင်း 20ရက်နေ့တွင် 6100ကျပ်ပေးချေပါရန်။
စာအုပ်ပဲဝယ်ယူထားတဲ့ငယ်လေးတွေက ဒီသုံးသုတ်ပြီးရင် ငွေပေးချေမှုပြီးပါပြီ။
Boxပါဝယ်ယူထားတဲ့ငယ်လေးတွေကတော့...30ရက်နေ့မှာ ကျန်တဲ့Boxဖိုး1700ကျပ်ကိုပေးချေပေးပါရန်။)
Deadlineပိတ်တဲ့နေ့အထိငွေပေးချေမှုမရှိဘဲ ဖောင်သာတင်ထားတဲ့သူလေးတွေကိုတော့ မင်မင်တို့Reminder listလေးတင်ပေးမှာပါ🙆
_________________
ကဲ... ဒီလောက်ဆို FB သွားပြေးကြည့်စရာမလိုဘဲ အကုန် information ပြည့်စုံပြီထင်ပါတယ်။ order တင်ချင်တဲ့သူတွေ၊ ဒီထက်ပိုပြီး အကြောင်းအရာသိချင်တဲ့သူတွေကတော့ စာအုပ်တိုက် page မှာ သွားရောက် ကြည့်ရှုစုံစမ်းကာ order တင်နိုင်ပါပြီ။
တစ်ခါတည်း mock up တွေပါ ချပြလိုက်မယ်နော်။ ( artist ကတော့ ကျွန်မနဲ့ Back Cover artist ကတော့ Akiko ပါ)
မေးစရာရှိရင် comment မှာမေးထားလိုက်ပါ။ ကျွန်မ လာဖြေပေးပါမယ်။
ကျန်းမာရေးဂရုစိုက်ကြပါ။  ထပ်တွေ့ကြမယ်နော်။
******************************
Zawgyi
Q:  စာအုပ်CV, paper, gift တွေနဲ့ ဈေးနှုန်းတွေကရော?
ဒါမဲ့ စာအုပ်ဈေးမပြောခင် ပါမယ့် Gift တွေအကြောင်းအရင်ပြောပါမယ်။
Limited gift မရှိပါ။
Box မပါရင် / box ပါရင်
1• Book 1+ Book 2 (18400 MMK)
Preorder Gift
______°•°______
• 4 Photocards
- Kyal Lay Character Art
• 2 Bookmarks
- SSY + LTK Bookmark
- NKN + KL Bookmark
_________________°•°__________________
• Box
Preorder & Payment Date
______°•°_______
Payment Method
_______°•°_________
( ပထမအသုတ် - ကိုးလပိုင်3း0ရက်နေ့တွင် 6200ကျပ်ပေးချေပါရန်။
_________________
******************************
Continue Reading
You'll Also Like
441K 23.1K 51
355K 30.7K 25
သူ ကျွန်​တော့ကို မူးယစ်​ဆေး​တွေ မသုံးဖို့ မှာတယ်။ ခက်တာက ကျွန်​တော်က ဖြတ်မရတဲ့ မူးယစ်​ဆေး စွဲနေပြီ။ ဒါနဲ့....... " ကျွန်​တော့်ရဲ့ မူးယစ်ဆေးနာမည်က "ဦ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်