SHE

By YeePhyo246

23.9K 2.9K 184

အခ်စ္​ဆိုတာ ဘာမွန္​းမသိ​ေသးတဲ့အခ်ိန္​ကတည္​းက သူမ ဆိုတဲ့ နာမ္​စားက​ေလးတစ္​ခုက ကိုယ္​့ ဘ၀ ထဲကို တျဖည္​းျဖည္​း၀င... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65

28

351 45 0
By YeePhyo246

Zawgyi

ဆူဂ်င္​း ရဲ႕ စကား​ေၾကာင္​့ ဂ်င္​းနီ အနည္​းငယ္​​ေတြ​ေ၀သြား​ေသာ္​လည္​း သူမ ရဲ႕ ​ေ႐ွ႕တြင္​ ထိုင္​​ေန​ေသာ လီဆာ ကို တစ္​ခ်က္​ၾကည္​့လိုက္​ၿပီး​ေနာက္​ ယံုၾကည္​ခ်က္​႐ွိ႐ွိပင္​ ​ေျဖလိုက္​​ေလသည္​။

"မ႐ွိဘူး......​ေနာင္​လည္​း ႐ွိလာမွာ မဟုတ္​ဘူး!"

သူမ ရဲ႕ အ​ေျဖ​ေၾကာင္​့ စားပြဲ​ေပၚ႐ွိ ဆိုဂ်ဴပုလင္​း​ေလးအား စိုက္​ကာၾကည္​့​ေန​ေသာ လီဆာ့ ရဲ႕ မ်က္​၀န္​း​ေတြက သူမ ထံတြင္​ကပ္​တြယ္​လာ​​ေလသည္​။
ထိုကဲ့သို႔ သူမ ထံတြင္​ ကပ္​တြယ္​လာ​ေသာ မ်က္​၀န္​း​ေလးမ်ားအား ဂ်င္​းနီ က မဲ့ျပံဳးတစ္​ခ်က္​ျပံဳးျပလိုက္​ ​ေလ​​ေတာ့သည္​။

သူမ က ဆူဂ်င္​း ရဲ႕ အ​ေမး ကို ​ေျဖၿပီးသြားၿပီမို႔ ထိုပုလင္​း​ေလး ကို လွည္​့လိုက္ကာ ​သူမ ရဲ႕ သား​ေကာင္​ ကို ႐ွာ​ေဖြလိုက္​​ေလ​ေတာ့သည္​။

...........

သူမ တို႔ရဲ႕ ကစားပြဲ​ေလး ၿပီးဆံုးသြား​ေတာ့ သိလိုက္​ရတာက ဆူဂ်င္​း က သူမ တို႔ထံတြင္​ ညအိမ္​မည္​ ဆိုသည္​့ အ​ေၾကာင္​းပင္​​။
ဂ်င္​းနီ ထိုအ​ေၾကာင္​း ကို ၾကားၿပီးၿပီးခ်င္​းအနည္​းငယ္​ အံ့ျသသြား​ေသာ္​လည္​း မနက္​က အျဖစ္​အပ်က္​ကို ျပန္​​ေတြးမိလိုက္​​ေတာ့ သူမ ရဲ႕ မ်က္​ႏွာတြင္​ ​ေလွာင္​ျပံဳးတစ္​ခု က ကပ္​ျငိ ​သြား​ေလ​ေတာ့သည္​။

လူ​ေတြ အကုန္​လံုး အိပ္​ရာ ကိုယ္​စီ ၀င္​ကုန္​ၾက​ေသာ္​လည္​း ဂ်င္​းနီ က​ေတာ့ အိပ္​မ​ေပ်ာ္​သျဖင္​့ ၀ရံတာ ကို ထြက္​လာခဲ့လိုက္​ကာ ​ၾကယ္​​ေတြစံု​ေန​ေသာ ​ေကာင္​းကင္​ႀကီး ကို ၾကည္​့​ေန​ေလသည္​။ထိုစဥ္​ သူမ ရဲ႕ ​ေဘးကို လူတစ္​​ေယာက္​ ​ေရာက္​လာသည္​မို႔ ၾကည္​့လိုက္​​ေတာ့ လီဆာ ျဖစ္​​ေန​ေလသည္​။
လီဆာ က သူမ ကို ႏြားႏို႔ ပူပူ​ေလးတစ္​ခြက္​
ကမ္​း​ေပးလာ​ေသာ​ေၾကာင္​့ သူမ လည္​း ဘာစကား မွ မဆိုဘဲ လွမ္​းယူလိုက္​​ေလသည္​။

"ဒီ​ေန႔ လသာတယ္​​ေနာ္​..."

​ေမးလာ​ေသာ ​ေမးခြန္​းအား ဂ်င္​းနီ က ဘာမွျပန္​​ေျဖၾကားျခင္​းမ႐ွိဘဲ ​ေကာင္​းကင္​ႀကီးကိုသာ​ေမာ့ၾကည္​့​ေန​လိုက္​ေ​လသည္​။ထို႔​ေနာက္​ လီဆာ ​ေပး​ေသာ ႏြားႏို႔ပူပူ​ေလးကို တစ္​ငံု​ေလာက္​ ​ေသာက္​လိုက္​ၿပီး​ေနာက္​...

"နင္​ သိလား.......တစ္​ခါတုန္​းက လူတစ္​​ေယာက္​ ႐ွိတယ္​တ​ဲ့ အဲဒီလူတစ္​​ေယာက္​ က သူနဲ႔ မ်ိဳးႏြယ္​တူတဲ့ လူတစ္​​ေယာက္​ကို မခ်စ္​သင္​့မွန္​းသိရက္​နဲ႔ ခ်စ္​မိသြားခဲ့တယ္...အဲဒီလူ က​ေတာ့ သူ႔ရဲ႕ ခ်စ္​ျခင္​း​ေတြကို လ်စ္​လ်ဴ႐ႈၿပီး အျမဲနာက်င္​​ေအာင္​လုပ္​​ေနတာ​ေတာင္​ သူ က ​ေတာ့ အဲဒီလူ ကို လက္​မလႊတ္​ႏိုင္​​ေသးဘူးတဲ့​ေလ.......သူ လုပ္​ခဲ့တဲ့ အမွားဆိုလို႔ အဲဒီ့လူ ကို ခ်စ္​မိသြားခဲ့တာပဲ ႐ွိတာကို ဘာလို႔...အဲဒီ့​လူ​အတြက္​​​ေၾကာင္​့ အျမဲနာက်င္​ခံစား​ေနရမွာလဲ?.....သူ လက္​လႊတ္​ဖို႔ႀကိဳးစားတိုင္​း သူ႔ ဆီ ကို အျမဲလမ္​းကမ္​း​ေပးလာတတ္​တဲ့ အဲလူကိုပဲ အျပစ္​တင္​ရမလား ဒါမွမဟုတ္ ​အဲလူ ကမ္​း​ေပးလာတဲ့ လက္​ကို...အမွတ္​မ႐ွိ ထပ္​မံ,ဆုပ္​ကိုင္​တတ္​တဲ့ သူ႔ ကိုယ္​ သူ ပဲ အျပစ္​တင္​ရမလား???"

ဂ်င္​းနီ လီဆာ့ အား ထိုကဲ့သို႔ ​ေျပာလိုက္​​ေတာ့ လီဆာ က သူမ ကို နားမလည္​ေသာ မ်က္​၀န္​း​ေတြႏွင္​့ ၾကည္​့လာ​ေသာ​ေၾကာင္​့ သူမ ျပံဳးမိသြားကာ....

"ငါက​ေတာ့ ဘယ္​သူမွ မွားတယ္​လို႔​ေတာ့ မထင္​ဘူး...လူတစ္​​ေယာက္​ က တစ္​​ေယာက္​ ကို ႏွစ္​ႏွစ္​ကာကာခ်စ္​သြားႏိုင္​​ေပမယ္​့ အဲဒီလူ က ကိုယ္​့ကိုျပန္​ခ်စ္​လာမယ္​ လို႔မွ တရ​ား​ေသယူလို႔မရတာ.....ဒါ​ေပမယ္​့​​ေလ ကိုယ္​ က ျပန္​မခ်စ္​ႏိုင္​ဘဲ နဲ႔​ေတာ့ အဲဒီလူအ​ေပၚ​ေမ်ွာ္​လင္​့ခ်က္​​ေတြ မ​ေပးသင္​့ဘူးလို႔ ထင္​တာပဲ.......​ေသာက္​လို႔​ေကာင္​းခဲ့ပါတယ္​ ႏြားႏို႔ အတြက္​ ​ေက်းဇူးပါပဲ...."

ဂ်င္​းနီ လီဆာ့ ရဲ႕ ႏြားႏို႔ခြက္​က​ေလးအား ျပန္​ကမ္​း​ေပးၿပီးလိုက္​ၿပီး​ေနာက္ တစ္​ဘ၀လံုးစာအတြက္​ အၿပီးအပိုင္​ ႏႈတ္​ဆက္​ကာထြက္​သြား​ေတာ့မယ္​့ လူတစ္​​ေယာက္​သဖြယ္​ ႏွစ္​ႏွစ္​ကာကာျပံဳးျပလိုက္​ကာ....

"Goodbye"

ဟူ၍ ​ေျပာလိုက္​ၿပီး​ေနာက္​ သူမ ရဲ႕ အခန္​းထဲသို႔ ၀င္​သြား​ေလ​ေတာ့သည္​။
ဒီ​ေန႔ညတြင္​​ေတာ့ ဂ်င္​းနီ သူမ အား နာက်င္​​ေစသည္​့ အရာအားလံုး ကို လက္​လႊတ္​ႏိုင္​သြားသျဖင္​့ ​ေကာင္​းမြန္​စြာအိပ္​​ေပ်ာ္​သြား​ေလ​ေတာ့သည္​။

၀ရံတာတြင္​ တစ္​​ေယာက္​ထဲ က်န္​​ေနခဲ့​ေသာ လီဆာ က​ေတာ့ ဂ်င္​းနီ သူမ ကို ​ျပန္​​ေပးခဲ့​ေသာ ႏြားႏို႔ခြက္​က​ေလး ကို ​ေတြ​ေ၀စြာၾကည္​့​ေနကာ သက္​ျပင္​းခ်လိုက္​ၿပီး​ေနာက္​ ​ေကာင္​ကင္​ႀကီးထံသို႔ ျပန္​အၾကည္​့ပို႔လိုက္​ေလသည္​။
ထို႔​ေနာက္​ ဂ်င္​းနီ သူမ အား ​ေျပာခဲ့​ေသာ စကား​ေတြအား အ​ေတြးနယ္​ခ်ဲ႕ကာ စဥ္​းစား​ေနလိုက္​​ေတာ့​သည္​။

...........

​ေနာက္​​ေန႔ သူမ တို႔အိပ္​ရာ ထ​ေတာ့ မီးဖိုခန္​းထဲတြင္​ ဆူဂ်င္​း က အကုန္​ျပင္​ဆင္​​ေပးထားသည္​မို႔ သူမ တို႔က အလြယ္​ထိုင္​ကာ စားလိုက္​ရံုပဲ ျဖစ္​​ေလသည္​။သူမ တို႔ စားလို႔ၿပီးသြား​ေတာ့ ​ေက်ာင္​းနားတြင္​ ႐ွိ​ေသာ ကစားကြင္​း ကို အလည္​သြားၾကရန္​ ဆံုးျဖတ္​လိုက္​​ေလသည္​။သူမ တို႔ ကစားကြင္​းသြားရန္​အတြက္ အဆင္​သင္​့ျဖစ္​ေနၾက​ေသာ္​လည္​း ဆူဂ်င္​း က လီဆာ့ ရဲ႕ အခန္​းထဲမွ ထြက္​မလာ​ေသးသျဖင္​့ သူမ တို႔ အကုန္​လံုး ဆူဂ်င္​း ကို​ေစာင္​့ရင္​း ဧည္​့ခန္​းထဲတြင္​ စု​ေ၀းကာ ​ထိုင္​​ေနၾက​ေလသည္​။

ဆူဂ်င္​း က လီဆာ့ ရဲ႕ အခန္​းထဲ မွ ထြက္​လာ​ေတာ့ ဂ်င္​းနီ ဆူဂ်င္​း အား ျပံဳးျပလိုက္​ကာ.....

"အဲအက်ႌ​ေလးနဲ႔ နင္​ နဲ႔ လိုက္​တယ္​"

ဆူဂ်င္​း ၀တ္​ထား​ေသာ မိုးျပာ​ေရာင္​ အက်ႌလက္​႐ွည္​ အ​ေပၚထပ္​​ေလးအား ဂ်င္​းနီ ၾကည္​့ကာ ​ေျပာလိုက္​​ေတာ့ ဆူဂ်င္​း မ်က္​ႏွာ တစ္​ခုလံုးနီရဲသြားၿပီး​ေနာက္​ သူမ ရဲ႕ ​လည္​ပင္​း အား လက္​ျဖင္​့ ကိုင္​​ေန​ေလသည္​။

"အာ...အဲတာ က လီ...."

ဆူဂ်င္​း ရဲ႕ စကားမဆံုးလိုက္​ခင္​တြင္​ လီဆာ့ ထံမွ စကားတစ္​ခ်ိဳ႕ထြက္​လာ​ေလသည္​။

"လူစံုၿပီမလား ​ေနမျမင္​့ခင္​ သြားရ​ေအာင္​..."

သူမ သိတာ​ေပါ့ သူမ ရဲ႕ ခ်စ္​ဦးသူ က သူတို႔အ​ေၾကာင္​း ကို လူမသိ​ေစခ်င္​​ေသးမွန္​း......သူမ သိတာ​ေပါ့ အဲဒီ အက်ႌ​ေလးက မည္​သူ႔ရဲ႕ပိုင္​ဆိုင္​မႈ​ေလးမွန္​း.......​​သူူမ သိတာ​ေပါ့ သူမ ရဲ႕ အခ်စ္​ ကို မ်က္​ကြယ္​ျပဳထားတတ္​တဲ့ ထို​ေကာင္​မ​ေလး ကို သူမ တစ္​ဘ၀လံုးစာ အတြက္​ လက္​လႊတ္​လိုက္​သင္​့ၿပီဆိုတာကို.......။

...........

သူမ တို႔ ကစားကြင္​း ကို​ေရာက္​​ေတာ့ ခ်ယ္​​ေယာင္​း က အာတာပူစီ ​ေတြကို ​ေျပးကာ​၀ယ္​​ေလသည္​။ထို႔​ေနာက္​ အာတူပူစီ ႀကီး ကို လက္​ကကိုင္​ကာ ဟို​ေျပးလိုက္​ ဒီ​ေျပးလိုက္​လုပ္​​ေနသည္​မို႔ ဂ်င္​းနီ တို႔ ခ်ယ္​​ေယာင္​း ကို မနည္​းလိုက္​ဖမ္​း​ေနရ​ေလသည္​။
တစ္​​ေနရာ အ​ေရာက္​​တြင္​ ဂ်င္​းနီ ကို က​ေလး​ေလး တစ္​​ေယာက္​က ၀င္​တိုက္​သြားသည္​မို႔ ​ေျခဟန္​လက္​ဟန္​ပ်က္​သြား​ေသာ​ေၾကာင္​့ သူမ ရဲ႕ ​ေနာက္​ တြင္​ ႐ွိ​ေသာ ​ေရကန္​ထဲသို႔ သူမ ျပဳတ္​​က်သြား​ေတာ့မည္​ ဆိုတာကို ဂ်င္​းနီ ရိပ္မိလိုက္​သျဖင္႔ ​​မ်က္​လံုး ​ေတြ ကို မွိတ္​ထားလိုက္​​ေလ​ေတာ့သည္​။

သူမ မ်က္​လံုး​ေတြ ျပန္​ဖြင္​့လာ​ေတာ့ သူမ ထင္​ထားသလို ​ေအးစက္​မႈ အစား ​ေႏြး​ေထြး မႈ ကို ခံစား​​ေနရသျဖင္​့ သူမ ကို ရစ္​သိုင္​းထားသည္​့ လက္​ပိုင္​႐ွင္​ ကို ၾကည္​့လိုက္​​ေတာ့ သူမ ​ေမ့​ေပ်ာက္​ရန္​ အႀကိမ္​ႀကိမ္​ႀကိဳးစား​ေန​ေသာ ​ေကာင္​မ​ေလး ျဖစ္​​ေန​ေလသည္​။

လီဆာ က သူမ အား စိုးရိမ္​​ေၾကာင္​့ၾက​ေန​ေသာ မ်က္​၀န္​း​ေတြျဖင္​့ၾကည္​့ကာ ပါးစပ္​ ကလည္​း စကား​ေတြ တဖြဖြ ​ေျပာ​ေန​ေလသည္​။
ဂ်င္​းနီ သူမ အား စိုးရိမ္​တႀကီးျဖစ္​​ေန​ေသာ လီဆာ့ ​ရဲ႕ ရင္​ခြင္​ ထဲ မွ ထြက္​လိုက္​ကာ....

"​ေက်းဇူး​တင္​​ေပမယ္​့ ​ေနာက္​တစ္​ခါဆို ငါ့ ကို ဒီတိုင္​းပဲ လႊတ္​ထား​ေပးလိုက္​ပါ...!"

"ဘာလို႔လဲ....??"

"နင္​့ လက္​​ေတြ နဲ႔ ​ေနာက္​တစ္​ႀကိမ္​ျပန္​ၿပီး မထိ​ေတြ႔ခ်င္​​ေတာ့လို႔"

ဂ်င္​းနီ က လီဆာ့ ရဲ႕ ​ေရွ႕မွ ထြက္​သြားကာ သူမ အား လက္​ယက္​ျပ​ေန​ေသာ ခ်ယ္​​ေယာင္​း ဆီ သို႔ ​ေျပးသြားလိုက္​​ေလ​ေတာ့သည္​။

ထို႔​ေနာက္​ ခ်ယ္​​ေယာင္​း က roller coaster စီးခ်င္​သည္​ ဆိုသျဖင္​့ ဂ်င္​းနီ ​ေဘးမွ လိုက္​ပါကာ စီး​ေပးရ​ေသး​ေလသည္​။
roller coaster ​ေပၚက ဆင္​းသည္​ႏွင္​့ ခ်ယ္​​ေယာင္​း အန္​လိုက္​သည္​မွာ ​ေရပိုက္​ပ်က္​သြားလို႔ ​ေရ​ေတြ ဒလ​ေဟာ က်လာသည္​့ႏွယ္​။
စားသမ်ွ ထိုးအန္​​ေန​ေသာ ခ်ယ္​​ေယာင္​း ရဲ႕ ​ေက်ာျပင္​ ကို ဂ်င္​းနီ စိတ္​ႀကိဳက္​ထု႐ိုက္​​ေနၿပီး​ေနာက္​ ခ်ယ္​​ေယာင္​း အား ဒုကၡ​ေပးခ်င္​စိတ္​က​ေလး ​ေပၚလာ​​ေလ​ေတာ့သည္​။

ခ်ယ္​​ေယာင္​း က သူမ အား roller coaster စီးရန္​ အတင္​းအက်ပ္​​ေခၚထားသည္​မို႔ ယခု ဂ်င္​းနီ အလွည္​့လည္​း​ ​ေရာက္​​ေတာ့ သူမ မွာ ျငင္​းႏိုင္​စြမ္​းမ႐ွိ​ေတာ့​ေပ။

ထို႔​ေၾကာင္​့ ယခု မ​ေၾကာက္​တတ္​ပါဘူး ဆို​ေသာ လူမ်ားပင္​ တစ္​​ေယာက္​တည္​း မ၀င္​ရဲ​ေသာ ထိုၿမိဳ႕တြင္​ ​ေရပန္​းအစားဆံုး သရဲအိမ္​ အတြင္​း သို႔ သူမ တို႔ အုပ္​စု ​ေရာက္​႐ွိ​ေနၿပီ ျဖစ္​​ေလသည္​။

က်န္​သံုး​ေယာက္​က​ေတာ့ အျပင္​တြင္​ပဲ​ေနခဲ့ၾကသည္ျဖစ္​​ေသာ္​လည္​း လီဆာ က​ေတာ့ သူ႔ စကား ႏွင္​့ သူ တိုင္​ပတ္​မိသြားကာ ဂ်င္​းနီ တို႔ ႏွင္​့ အတူ အထဲမလိုက္​ရျခင္​းျဖစ္​​ေလသည္​။

ဂ​်င္​းနီ တို႔ လမ္​းခရီး တစ္​၀က္​​ေလာက္​​ေရာက္​​ေသာ္​လည္​း သရဲမ်ားကို မ​ေၾကာက္​ရဘဲ ​ေဘးက အသားကုန္​ ​ေအာ္​​ဟစ္​​ေန​ေသာ ခ်ယ္​​ေယာင္​း ကိုပဲ ​ေၾကာက္​​ေနရ​ေလသည္​။
ဂ်င္​းနီ ခ်ယ္​​ေယာင္​း အစား အထဲက ၀န္​ထမ္​း မ်ားကို အားနာမိသြား​ေလသည္​။
ဟိုက လာ​ေျခာက္​မယ္​ၾကံလိုက္​ရင္​း သူ က ​ေအာ္​လိုက္​ရင္​းဆို​ေတာ့ ထိုသရဲအတုလုပ္​ထားၾက​ေသာ ၀န္​ထမ္​းမ​်ား ပင္​ ခ်ယ္​​ေယာင္​း ရဲ႕ အသံၾကားရင္​ ဆက္​ပဲ ​ေျခာက္​ရ​ေတာ့မလိုလို လွည္​့ပဲ​ေျပးရ​ေတာ့မလိုလို ႏွင္​့ ​ေနရာတြင္​ တန္​႔တန္​႔သြားၾကသည္​ က မ်ား​ေလသည္​။

"ရား...ပတ္​ခ်ယ္​​ေယာင္​း နင္​ အဲလိုပဲ လုပ္​​ေနရင္​ ပိုက္​ဆံ ​ေပးရတာနဲ႔ ဘယ္​ကာ,မိ​ေတာ့မလဲ....!"

"ငါ့ အသံ နဲ႔ တင္​ တန္​​ေနၿပီ​ေတာ့လုပ္​လိုက္​.."

ဂ်င္​းနီ နဲ႔ ခ်ယ္​​ေယာင္​း တစ္​​ေယာက္​ တစ္​​ေပါက္​စကားမ်ား​ေနရင္​း အ​ေကြ႔တစ္​ေနရာ ကို​ေရာက္​​ေတာ့ တစ္​ျခားအဖြဲ႔တစ္​ဖြဲ႔ မ်က္​ႏွာခ်င္​းဆိုက္​ ပက္​ပင္​းတိုးလိုက္​သည္​မို႔ ခ်ယ္​​ေယာင္​း သာမက ဂ်င္​းနီ ပါ အနည္​းငယ္​လန္​႔သြား​ေလ​ေတာ့သည္​။ဟိုဘက္​ အဖြဲ႔ကလည္​း သူမ တို႔ ကို ျမင္​ၿပီး လန္​႔.....သူမ တို႔က လည္​း သူတို႔အဖြဲ႔ကို ျမင္​ၿပီးလန္​႔ ႏွင္​့ ​​ေတာ္​​ေတာ္​ဟုတ္​​ေနၾက​ေလသည္​။

သူမ တို႔ ႏွင္​့ ထိပ္​တိုက္​​ေတြ႔​ေသာ ထိုအဖြဲ႔ကို မီး​ေရာင္​မွိန္​ပ်ပ် ​ေအာက္​တြင္​ ဂ်င္​းနီ မ်က္​​ေမွာင္​က်ံဳ႕ကာ အားစိုက္​၍ ၾကည္​့လိုက္​​ေတာ့ ဟိုအဖြဲ႔ပင္​။ဘယ္​လို​ေတာင္​ ဆံုႏိုင္​တဲ့ ​ေရစက္​ပါလိမ္​့ဟု ဂ်င္​းနီ ​ေရရြတ္​လိုက္​ကာ ထိုအဖြဲ႔ထဲက လူတစ္​​ေယာက္​ ရဲ႕ ပုခံုး​ေပၚသို႔ သူမ ရဲ႕ လက္​ကိုတင္​လိုက္​ၿပီး​ေနာက္​ စကားစရန္​ ျပင္​လိုက္​​ေသာ္​လည္​း သူမ လက္​အတင္​ခံရ​ေသာသူက ႐ုတ္​တရက္​ ထ​ေအာ္​လိုက္သည္​မို႔ သူမ ပင္​ အနည္​းငယ္​ လန္​႔သ​ြား​ေလ​ေတာ့သည္​။

"အား!!!.......လက္​တစ္​ဖက္​ ငါ့ အ​ေပၚ​ေရာက္​လာလို႔ ကယ္​ၾကပါဦး!!!"

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

Uni

ဆူဂျင်း ရဲ့ စကား​ကြောင့် ဂျင်းနီ အနည်းငယ်​​တွေ​ဝေသွား​သော်​လည်း သူမ ရဲ့ ​ရှေ့တွင်​ ထိုင်​​နေ​သော လီဆာ ကို တစ်​ချက်​ကြည့်လိုက်​ပြီး​နောက်​ ယုံကြည်​ချက်​ရှိရှိပင်​ ​ဖြေလိုက်​​လေသည်​။

"မရှိဘူး......​နောင်​လည်း ရှိလာမှာ မဟုတ်​ဘူး!"

သူမ ရဲ့ အ​ဖြေ​ကြောင့် စားပွဲ​ပေါ်ရှိ ဆိုဂျူပုလင်း​လေးအား စိုက်​ကာကြည့်​နေ​သော လီဆာ့ ရဲ့ မျက်​ဝန်း​တွေက သူမ ထံတွင်​ကပ်​တွယ်​လာ​​လေသည်​။
ထိုကဲ့သို့ သူမ ထံတွင်​ ကပ်​တွယ်​လာ​သော မျက်​ဝန်း​လေးများအား ဂျင်းနီ က မဲ့ပြုံးတစ်​ချက်​ပြုံးပြလိုက်​ ​လေ​​တော့သည်​။

သူမ က ဆူဂျင်း ရဲ့ အ​မေး ကို ​ဖြေပြီးသွားပြီမို့ ထိုပုလင်း​လေး ကို လှည့်လိုက်ကာ ​သူမ ရဲ့ သား​ကောင်​ ကို ရှာ​ဖွေလိုက်​​လေ​တော့သည်​။

...........

သူမ တို့ရဲ့ ကစားပွဲ​လေး ပြီးဆုံးသွား​တော့ သိလိုက်​ရတာက ဆူဂျင်း က သူမ တို့ထံတွင်​ ညအိမ်​မည်​ ဆိုသည့် အ​ကြောင်းပင်​​။
ဂျင်းနီ ထိုအ​ကြောင်း ကို ကြားပြီးပြီးချင်းအနည်းငယ်​ အံ့သြသွား​သော်​လည်း မနက်​က အဖြစ်​အပျက်​ကို ပြန်​​တွေးမိလိုက်​​တော့ သူမ ရဲ့ မျက်​နှာတွင်​ ​လှောင်​ပြုံးတစ်​ခု က ကပ်​ငြိ ​သွား​လေ​တော့သည်​။

လူ​တွေ အကုန်​လုံး အိပ်​ရာ ကိုယ်​စီ ဝင်​ကုန်​ကြ​သော်​လည်း ဂျင်းနီ က​တော့ အိပ်​မ​ပျော်​သဖြင့် ဝရံတာ ကို ထွက်​လာခဲ့လိုက်​ကာ ​ကြယ်​​တွေစုံ​နေ​သော ​ကောင်းကင်​ကြီး ကို ကြည့်​နေ​လေသည်​။ထိုစဉ်​ သူမ ရဲ့ ​ဘေးကို လူတစ်​​ယောက်​ ​ရောက်​လာသည်​မို့ ကြည့်လိုက်​​တော့ လီဆာ ဖြစ်​​နေ​လေသည်​။
လီဆာ က သူမ ကို နွားနို့ ပူပူ​လေးတစ်​ခွက်​
ကမ်း​ပေးလာ​သော​ကြောင့် သူမ လည်း ဘာစကား မှ မဆိုဘဲ လှမ်းယူလိုက်​​လေသည်​။

"ဒီ​နေ့ လသာတယ်​​နော်​..."

​မေးလာ​သော ​မေးခွန်းအား ဂျင်းနီ က ဘာမှပြန်​​ဖြေကြားခြင်းမရှိဘဲ ​ကောင်းကင်​ကြီးကိုသာ​မော့ကြည့်​နေ​လိုက်​လေသည်​။ထို့​နောက်​ လီဆာ ​ပေး​သော နွားနို့ပူပူ​လေးကို တစ်​ငုံ​လောက်​ ​သောက်​လိုက်​ပြီး​နောက်​...

"နင်​ သိလား.......တစ်​ခါတုန်းက လူတစ်​​ယောက်​ ရှိတယ်​တဲ့ အဲဒီလူတစ်​​ယောက်​ က သူနဲ့ မျိုးနွယ်​တူတဲ့ လူတစ်​​ယောက်​ကို မချစ်​သင့်မှန်းသိရက်​နဲ့ ချစ်​မိသွားခဲ့တယ်...အဲဒီလူ က​တော့ သူ့ရဲ့ ချစ်​ခြင်း​တွေကို လျစ်​လျူရှုပြီး အမြဲနာကျင်​​အောင်​လုပ်​​နေတာ​တောင်​ သူ က ​တော့ အဲဒီလူ ကို လက်​မလွှတ်​နိုင်​​သေးဘူးတဲ့​လေ.......သူ လုပ်​ခဲ့တဲ့ အမှားဆိုလို့ အဲဒီ့လူ ကို ချစ်​မိသွားခဲ့တာပဲ ရှိတာကို ဘာလို့...အဲဒီ့​လူ​အတွက်​​​ကြောင့် အမြဲနာကျင်​ခံစား​နေရမှာလဲ?.....သူ လက်​လွှတ်​ဖို့ကြိုးစားတိုင်း သူ့ ဆီ ကို အမြဲလမ်းကမ်း​ပေးလာတတ်​တဲ့ အဲလူကိုပဲ အပြစ်​တင်​ရမလား ဒါမှမဟုတ် ​အဲလူ ကမ်း​ပေးလာတဲ့ လက်​ကို...အမှတ်​မရှိ ထပ်​မံ,ဆုပ်​ကိုင်​တတ်​တဲ့ သူ့ ကိုယ်​ သူ ပဲ အပြစ်​တင်​ရမလား???"

ဂျင်းနီ လီဆာ့ အား ထိုကဲ့သို့ ​ပြောလိုက်​​တော့ လီဆာ က သူမ ကို နားမလည်​သော မျက်​ဝန်း​တွေနှင့် ကြည့်လာ​သော​ကြောင့် သူမ ပြုံးမိသွားကာ....

"ငါက​တော့ ဘယ်​သူမှ မှားတယ်​လို့​တော့ မထင်​ဘူး...လူတစ်​​ယောက်​ က တစ်​​ယောက်​ ကို နှစ်​နှစ်​ကာကာချစ်​သွားနိုင်​​ပေမယ့် အဲဒီလူ က ကိုယ့်ကိုပြန်​ချစ်​လာမယ်​ လို့မှ တရား​သေယူလို့မရတာ.....ဒါ​ပေမယ့်​​လေ ကိုယ်​ က ပြန်​မချစ်​နိုင်​ဘဲ နဲ့​တော့ အဲဒီလူအ​ပေါ်​မျှော်​လင့်ချက်​​တွေ မ​ပေးသင့်ဘူးလို့ ထင်​တာပဲ.......​သောက်​လို့​ကောင်းခဲ့ပါတယ်​ နွားနို့ အတွက်​ ​ကျေးဇူးပါပဲ...."

ဂျင်းနီ လီဆာ့ ရဲ့ နွားနို့ခွက်​က​လေးအား ပြန်​ကမ်း​ပေးပြီးလိုက်​ပြီး​နောက် တစ်​ဘဝလုံးစာအတွက်​ အပြီးအပိုင်​ နှုတ်​ဆက်​ကာထွက်​သွား​တော့မယ့် လူတစ်​​ယောက်​သဖွယ်​ နှစ်​နှစ်​ကာကာပြုံးပြလိုက်​ကာ....

"Goodbye"

ဟူ၍ ​ပြောလိုက်​ပြီး​နောက်​ သူမ ရဲ့ အခန်းထဲသို့ ဝင်​သွား​လေ​တော့သည်​။
ဒီ​နေ့ညတွင်​​တော့ ဂျင်းနီ သူမ အား နာကျင်​​စေသည့် အရာအားလုံး ကို လက်​လွှတ်​နိုင်​သွားသဖြင့် ​ကောင်းမွန်​စွာအိပ်​​ပျော်​သွား​လေ​တော့သည်​။

ဝရံတာတွင်​ တစ်​​ယောက်​ထဲ ကျန်​​နေခဲ့​သော လီဆာ က​တော့ ဂျင်းနီ သူမ ကို ​ပြန်​​ပေးခဲ့​သော နွားနို့ခွက်​က​လေး ကို ​တွေ​ဝေစွာကြည့်​နေကာ သက်​ပြင်းချလိုက်​ပြီး​နောက်​ ​ကောင်​ကင်​ကြီးထံသို့ ပြန်​အကြည့်ပို့လိုက်​လေသည်​။
ထို့​နောက်​ ဂျင်းနီ သူမ အား ​ပြောခဲ့​သော စကား​တွေအား အ​တွေးနယ်​ချဲ့ကာ စဉ်းစား​နေလိုက်​​တော့​သည်​။

...........

​နောက်​​နေ့ သူမ တို့အိပ်​ရာ ထ​တော့ မီးဖိုခန်းထဲတွင်​ ဆူဂျင်း က အကုန်​ပြင်​ဆင်​​ပေးထားသည်​မို့ သူမ တို့က အလွယ်​ထိုင်​ကာ စားလိုက်​ရုံပဲ ဖြစ်​​လေသည်​။သူမ တို့ စားလို့ပြီးသွား​တော့ ​ကျောင်းနားတွင်​ ရှိ​သော ကစားကွင်း ကို အလည်​သွားကြရန်​ ဆုံးဖြတ်​လိုက်​​လေသည်​။သူမ တို့ ကစားကွင်းသွားရန်​အတွက် အဆင်​သင့်ဖြစ်​နေကြ​သော်​လည်း ဆူဂျင်း က လီဆာ့ ရဲ့ အခန်းထဲမှ ထွက်​မလာ​သေးသဖြင့် သူမ တို့ အကုန်​လုံး ဆူဂျင်း ကို​စောင့်ရင်း ဧည့်ခန်းထဲတွင်​ စု​ဝေးကာ ​ထိုင်​​နေကြ​လေသည်​။

ဆူဂျင်း က လီဆာ့ ရဲ့ အခန်းထဲ မှ ထွက်​လာ​တော့ ဂျင်းနီ ဆူဂျင်း အား ပြုံးပြလိုက်​ကာ.....

"အဲအင်္ကျီ​လေးနဲ့ နင်​ နဲ့ လိုက်​တယ်​"

ဆူဂျင်း ဝတ်​ထား​သော မိုးပြာ​ရောင်​ အင်္ကျီလက်​ရှည်​ အ​ပေါ်ထပ်​​လေးအား ဂျင်းနီ ကြည့်ကာ ​ပြောလိုက်​​တော့ ဆူဂျင်း မျက်​နှာ တစ်​ခုလုံးနီရဲသွားပြီး​နောက်​ သူမ ရဲ့ ​လည်​ပင်း အား လက်​ဖြင့် ကိုင်​​နေ​လေသည်​။

"အာ...အဲတာ က လီ...."

ဆူဂျင်း ရဲ့ စကားမဆုံးလိုက်​ခင်​တွင်​ လီဆာ့ ထံမှ စကားတစ်​ချို့ထွက်​လာ​လေသည်​။

"လူစုံပြီမလား ​နေမမြင့်ခင်​ သွားရ​အောင်​..."

သူမ သိတာ​ပေါ့ သူမ ရဲ့ ချစ်​ဦးသူ က သူတို့အ​ကြောင်း ကို လူမသိ​စေချင်​​သေးမှန်း......သူမ သိတာ​ပေါ့ အဲဒီ အင်္ကျီ​လေးက မည်​သူ့ရဲ့ပိုင်​ဆိုင်​မှု​လေးမှန်း.......​​သူမ သိတာ​ပေါ့ သူမ ရဲ့ အချစ်​ ကို မျက်​ကွယ်​ပြုထားတတ်​တဲ့ ထို​ကောင်​မ​လေး ကို သူမ တစ်​ဘဝလုံးစာ အတွက်​ လက်​လွှတ်​လိုက်​သင့်ပြီဆိုတာကို.......။

...........

သူမ တို့ ကစားကွင်း ကို​ရောက်​​တော့ ချယ်​​ယောင်း က အာတာပူစီ ​တွေကို ​ပြေးကာ​ဝယ်​​လေသည်​။ထို့​နောက်​ အာတူပူစီ ကြီး ကို လက်​ကကိုင်​ကာ ဟို​ပြေးလိုက်​ ဒီ​ပြေးလိုက်​လုပ်​​နေသည်​မို့ ဂျင်းနီ တို့ ချယ်​​ယောင်း ကို မနည်းလိုက်​ဖမ်း​နေရ​လေသည်​။
တစ်​​နေရာ အ​ရောက်​​တွင်​ ဂျင်းနီ ကို က​လေး​လေး တစ်​​ယောက်​က ဝင်​တိုက်​သွားသည်​မို့ ​ခြေဟန်​လက်​ဟန်​ပျက်​သွား​သော​ကြောင့် သူမ ရဲ့ ​နောက်​ တွင်​ ရှိ​သော ​ရေကန်​ထဲသို့ သူမ ပြုတ်​​ကျသွား​တော့မည်​ ဆိုတာကို ဂျင်းနီ ရိပ်မိလိုက်​သဖြင့် ​​မျက်​လုံး ​တွေ ကို မှိတ်​ထားလိုက်​​လေ​တော့သည်​။

သူမ မျက်​လုံး​တွေ ပြန်​ဖွင့်လာ​တော့ သူမ ထင်​ထားသလို ​အေးစက်​မှု အစား ​နွေး​ထွေး မှု ကို ခံစား​​နေရသဖြင့် သူမ ကို ရစ်​သိုင်းထားသည့် လက်​ပိုင်​ရှင်​ ကို ကြည့်လိုက်​​တော့ သူမ ​မေ့​ပျောက်​ရန်​ အကြိမ်​ကြိမ်​ကြိုးစား​နေ​သော ​ကောင်​မ​လေး ဖြစ်​​နေ​လေသည်​။

လီဆာ က သူမ အား စိုးရိမ်​​ကြောင့်ကြ​နေ​သော မျက်​ဝန်း​တွေဖြင့်ကြည့်ကာ ပါးစပ်​ ကလည်း စကား​တွေ တဖွဖွ ​ပြော​နေ​လေသည်​။
ဂျင်းနီ သူမ အား စိုးရိမ်​တကြီးဖြစ်​​နေ​သော လီဆာ့ ​ရဲ့ ရင်​ခွင်​ ထဲ မှ ထွက်​လိုက်​ကာ....

"​ကျေးဇူး​တင်​​ပေမယ့် ​နောက်​တစ်​ခါဆို ငါ့ ကို ဒီတိုင်းပဲ လွှတ်​ထား​ပေးလိုက်​ပါ...!"

"ဘာလို့လဲ....??"

"နင့် လက်​​တွေ နဲ့ ​နောက်​တစ်​ကြိမ်​ပြန်​ပြီး မထိ​တွေ့ချင်​​တော့လို့"

ဂျင်းနီ က လီဆာ့ ရဲ့ ​ရှေ့မှ ထွက်​သွားကာ သူမ အား လက်​ယက်​ပြ​နေ​သော ချယ်​​ယောင်း ဆီ သို့ ​ပြေးသွားလိုက်​​လေ​တော့သည်​။

ထို့​နောက်​ ချယ်​​ယောင်း က roller coaster စီးချင်​သည်​ ဆိုသဖြင့် ဂျင်းနီ ​ဘေးမှ လိုက်​ပါကာ စီး​ပေးရ​သေး​လေသည်​။
roller coaster ​ပေါ်က ဆင်းသည်​နှင့် ချယ်​​ယောင်း အန်​လိုက်​သည်​မှာ ​ရေပိုက်​ပျက်​သွားလို့ ​ရေ​တွေ ဒလ​ဟော ကျလာသည့်နှယ်​။
စားသမျှ ထိုးအန်​​နေ​သော ချယ်​​ယောင်း ရဲ့ ​ကျောပြင်​ ကို ဂျင်းနီ စိတ်​ကြိုက်​ထုရိုက်​​နေပြီး​နောက်​ ချယ်​​ယောင်း အား ဒုက္ခ​ပေးချင်​စိတ်​က​လေး ​ပေါ်လာ​​လေ​တော့သည်​။

ချယ်​​ယောင်း က သူမ အား roller coaster စီးရန်​ အတင်းအကျပ်​​ခေါ်ထားသည်​မို့ ယခု ဂျင်းနီ အလှည့်လည်း​ ​ရောက်​​တော့ သူမ မှာ ငြင်းနိုင်​စွမ်းမရှိ​တော့​ပေ။

ထို့​ကြောင့် ယခု မ​ကြောက်​တတ်​ပါဘူး ဆို​သော လူများပင်​ တစ်​​ယောက်​တည်း မဝင်​ရဲ​သော ထိုမြို့တွင်​ ​ရေပန်းအစားဆုံး သရဲအိမ်​ အတွင်း သို့ သူမ တို့ အုပ်​စု ​ရောက်​ရှိ​နေပြီ ဖြစ်​​လေသည်​။

ကျန်​သုံး​ယောက်​က​တော့ အပြင်​တွင်​ပဲ​နေခဲ့ကြသည်ဖြစ်​​သော်​လည်း လီဆာ က​တော့ သူ့ စကား နှင့် သူ တိုင်​ပတ်​မိသွားကာ ဂျင်းနီ တို့ နှင့် အတူ အထဲမလိုက်​ရခြင်းဖြစ်​​လေသည်​။

ဂျင်းနီ တို့ လမ်းခရီး တစ်​ဝက်​​လောက်​​ရောက်​​သော်​လည်း သရဲများကို မ​ကြောက်​ရဘဲ ​ဘေးက အသားကုန်​ ​အော်​​ဟစ်​​နေ​သော ချယ်​​ယောင်း ကိုပဲ ​ကြောက်​​နေရ​လေသည်​။
ဂျင်းနီ ချယ်​​ယောင်း အစား အထဲက ဝန်​ထမ်း များကို အားနာမိသွား​လေသည်​။
ဟိုက လာ​ခြောက်​မယ်​ကြံလိုက်​ရင်း သူ က ​အော်​လိုက်​ရင်းဆို​တော့ ထိုသရဲအတုလုပ်​ထားကြ​သော ဝန်​ထမ်းများ ပင်​ ချယ်​​ယောင်း ရဲ့ အသံကြားရင်​ ဆက်​ပဲ ​ခြောက်​ရ​တော့မလိုလို လှည့်ပဲ​ပြေးရ​တော့မလိုလို နှင့် ​နေရာတွင်​ တန့်တန့်သွားကြသည်​ က များ​လေသည်​။

"ရား...ပတ်​ချယ်​​ယောင်း နင်​ အဲလိုပဲ လုပ်​​နေရင်​ ပိုက်​ဆံ ​ပေးရတာနဲ့ ဘယ်​ကာ,မိ​တော့မလဲ....!"

"ငါ့ အသံ နဲ့ တင်​ တန်​​နေပြီ​တော့လုပ်​လိုက်​.."

ဂျင်းနီ နဲ့ ချယ်​​ယောင်း တစ်​​ယောက်​ တစ်​​ပေါက်​စကားများ​နေရင်း အ​ကွေ့တစ်​နေရာ ကို​ရောက်​​တော့ တစ်​ခြားအဖွဲ့တစ်​ဖွဲ့ မျက်​နှာချင်းဆိုက်​ ပက်​ပင်းတိုးလိုက်​သည်​မို့ ချယ်​​ယောင်း သာမက ဂျင်းနီ ပါ အနည်းငယ်​လန့်သွား​လေ​တော့သည်​။ဟိုဘက်​ အဖွဲ့ကလည်း သူမ တို့ ကို မြင်​ပြီး လန့်.....သူမ တို့က လည်း သူတို့အဖွဲ့ကို မြင်​ပြီးလန့် နှင့် ​​တော်​​တော်​ဟုတ်​​နေကြ​လေသည်​။

သူမ တို့ နှင့် ထိပ်​တိုက်​​တွေ့​သော ထိုအဖွဲ့ကို မီး​ရောင်​မှိန်​ပျပျ ​အောက်​တွင်​ ဂျင်းနီ မျက်​​မှောင်​ကျုံ့ကာ အားစိုက်​၍ ကြည့်လိုက်​​တော့ ဟိုအဖွဲ့ပင်​။ဘယ်​လို​တောင်​ ဆုံနိုင်​တဲ့ ​ရေစက်​ပါလိမ့်ဟု ဂျင်းနီ ​ရေရွတ်​လိုက်​ကာ ထိုအဖွဲ့ထဲက လူတစ်​​ယောက်​ ရဲ့ ပုခုံး​ပေါ်သို့ သူမ ရဲ့ လက်​ကိုတင်​လိုက်​ပြီး​နောက်​ စကားစရန်​ ပြင်​လိုက်​​သော်​လည်း သူမ လက်​အတင်​ခံရ​သောသူက ရုတ်​တရက်​ ထ​အော်​လိုက်သည်​မို့ သူမ ပင်​ အနည်းငယ်​ လန့်သွား​လေ​တော့သည်​။

"အား!!!.......လက်​တစ်​ဖက်​ ငါ့ အ​ပေါ်​ရောက်​လာလို့ ကယ်​ကြပါဦး!!!"

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

Continue Reading

You'll Also Like

432K 61.4K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
101K 6.1K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
248K 44.3K 56
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
68.8K 9.5K 35
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]