နက္ခတ်ညီ​၏ လူတကာထက် ခေါင်းတစ်လုံးပိုမြင့်နေသော အရပ်ကြီးကြောင့်၊ သို့မဟုတ် ရှေးဘဝ​၏ကုသိုလ်ကံကြောင့် ဘယ်နေရာရောက်ရောက် ကိုယ်ရောင်ကိုယ်ဝါတောက်ပကာ တစ်ယောက်တည်း အရှိန်အဝါထွန်းလင်းနေတတ်သောအစွမ်းကြောင့် ဤလူအုပ်ကြားတွင် နက္ခတ်ညီကို တကူးတကလိုက်ရှာစရာမလိုဘဲ တန်းတွေ့လိုက်ပါသည်။

နက္ခတ်​၏ဘေးတွင် လုံခြုံရေးသုံးယောက်က လိုက်လံ ကာကွယ်ပေးနေသည်။

ကြယ်လေး ဤshopping centre သို့စ,ရောက်ကတည်းက centre ​၏အလယ်တွင် စင်အကြီးကြီးတစ်ခုရှိကာ အသေအချာပြင်ဆင်ထားသည်ကိုမြင်သဖြင့် ပွဲတစ်ခုရှိမှန်းသိလိုက်သည်။ ထိုပွဲသည် skin care product တစ်ခု​၏ပွဲဖြစ်မှန်းလည်းသိလိုက်​၏။ သို့သော် ထိုပွဲသို့ နက္ခတ်ညီလာမယ်မှန်း မသိခဲ့ပါ။  

ကြယ်လေးသည် သူ့လက်ထဲကိုင်ထားသော ဝေဖာကတော့ချွန်ထဲမှ စတော်ဘယ်ရီရေခဲမုန့်ကို တစ်ချက်လျှက်စားလိုက်​၏။ ထို့နောက် ထိုလူအုပ်ကြီးဆီပြေးသွားကာ တိုးဝင်၍ရောနှောလိုက်တော့သည်။ သူသည် နက္ခတ်ကို ခုနကထက်ပို၍ နီးကပ်စွာမြင်လိုက်ရသည်။ နက္ခတ်ကတော့ လူအုပ်ကြီးကြားထဲ ညှပ်နေသောသူ့ကို မြင်မည့်ပုံမပေါ်ပါ။

သူသည် လက်ထဲတွင်ရေခဲမုန့်ကိုင်ထားသောကြောင့်
တခြားသူများကို မထိစေရန်၊ ရေခဲမုန့်မပြုတ်ကျစေရန်လည်း ဂရုစိုက်နေရသည်။ အရှေ့တွင် တချို့သူများကွယ်နေသောကြောင့် နက္ခတ်ကိုမြင်ရအောင် ခြေဖျားထောက်လိုက်​၏။

နက္ခတ်သည် ကြယ်လေးကိုမြင်၍မဟုတ်သော်ငြား
ကြယ်လေးရှိရာဘက်သို့လှည့်လာကာ သူ​၏Fanများကိုပြုံးပြသည်။ နက္ခတ်​၏အမှတ်အသားဖြစ်သည့်
ပါးချိုင့်နှစ်ခုမှာ နက်နက်နဲနဲချိုင့်ဝင်သွားလေသည်။ 

အပြုံးကိုမြင်လိုက်သောကြောင့် ကြည်နူးမလို့ရှိသေး၊
ကြယ်လေး​၏ဘေးနားရှိ တစ်စုံတစ်ဦး​၏ မတော်တဆတွန်းတိုက်လိုက်မှုကြောင့် ကြယ်လေးသည် ကြမ်းပြင်ပေါ်သို့ ဗိုင်းခနဲ ချော်လဲသွားရသည်။  ရေခဲမုန့်မှာ ကြယ်လေး​၏
ရင်ဘတ်တည့်တည့်ပေါ်သို့ပြုတ်ကျသွားသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now