မင်းက မကောင်းတဲ့သူပဲ...လင်းသုခတ်...
မကောင်းတဲ့သူ....မကောင်းတဲ့သူ....
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်ချင်စမ်းပါနဲ့.....

မေ့လိုက်ပါတော့....
ပြီးခဲ့တာတွေအားလုံးကို မေ့လိုက်ပါတော့......
ကျေးဇူးပြုပြီး ဆွေးနေတဲ့ခံစားချက်ကိုအဆုံးသတ်ပါတော့...

ရှုပ်ထွေးသောအတွေးများ အဆုံးတွင် လင်း မျက်ဝန်း၌
မျက်ရည်အချို့ရစ်ဝဲလာသည်။ လင်း ခေါင်းညိတ်သည်။
ထွက်ပေါ်လာသောအသံမှာ တပွင့်တပွင့်....

" နမ်း..."

စိတ်ကိုလွှတ်ချလိုက်ပြီ.....

လင်း၏မျက်လုံးများက နက္ခတ်ကိုမကြည့်နေ။
နက္ခတ် ပြုံးသွားမလား...နက္ခတ်၏မျက်ဝန်းများတောက်ပ
သွားမလား လင်း မသိ။ လင်း၏အေးစက်သော
လည်တိုင်ကို နက္ခတ် အသာအယာဆုပ်ကိုင်လိုက်သော
အထိအတွေ့ကိုသာ သိလိုက်သည်။

ထူးဆန်းစွာ လင်း၏ရင်မှာ တည်ငြိမ်နေသည်။
ခံစားချက်မရှိတဲ့သူလိုမျိုး။ သို့မဟုတ် ဘာခံစားလို့ ခံစား
ရမလဲ မသိတော့တဲ့သူလိုမျိုး။

လင်း၏ မျက်လုံးများကို မှိတ်လိုက်သည်။ တဖြေးဖြေးနီးကပ်လာသော နက္ခတ်ထံမှ အသက်ရှူသံဖျော့ဖျော့ကို ကြားရသည်။ ထို့နောက် ရီဝေသော အရက်နံ့။

ငိုချင်လာသည်....
ထူးဆန်းစွာ ရုတ်တရက် ဝမ်းနည်းလာသည်။
ငါလုပ်နေတာမှန်ရဲ့လား ဟူသောမေးခွန်းမျိုးကို
ပထမဦးဆုံးအနေဖြင့် နောင်တစိတ်လွှမ်း၍ တွေးလိုက်မိသည်။

လင်း၏စိတ်ကို တင်းခံထားပါသည်။
အနမ်းဆိုတာ ဘာမှမဟုတ်တဲ့အရာ ဟုနှလုံးသွင်းထား၏။

နက္ခတ်ဆီမှ နွေးထွေးသောအငွေ့အသက်သည်
လင်း၏နှုတ်ခမ်းဖျားနားသို့ အလွန်တရာနီးကပ်နေသည်။

" နေဦး..."

လင်း၏လက်သည် နက္ခတ်၏ရင်ဘတ်ကို မသိမသာ
တွန်းကာမိလိုက်သည်။  လင်း မျက်လုံးဖွင့်လိုက်သာအခါ
မိမိနှင့် နီးကပ်နေသော နက္ခတ်ကိုတွေ့ရသည်။ နက္ခတ်သည်
ဘာမှမပြောဘဲ လင်းကိုသာ စိုက်ကြည့်နေ၏။

မပြတ်မသားဖြစ်နေသော မိမိစိတ်ကို လင်းသုခတ်
မုန်းပြီးရင်း မုန်းလာသည်။ ဒီတစ်ခါတော့ တိကျတဲ့
ဆုံးဖြတ်ချက်ကိုချရန် စိတ်တင်းလိုက်မည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now