ရိပ် : ဟဲ့ သနားပါတယ်

ဗညား : အဲ့လိုမလုပ်ဘဲ နက္ခတ်နဲ့တွဲကြည့်လိုက်ပါလား...
ချစ်တာက တွဲရင်းနဲ့ နောက်တော့ တဖြည်းဖြည်းချစ်သွားမှာပေါ့။ အဲ့လိုဆို မင်းလည်း ရှင်းယံကိုမေ့သွားမှာ

လင်း : ရှင်းယံကိုမေ့ဖို့အတွက် နက္ခတ်ကိုအသုံးချစရာလား။
ငါအဲ့လို မလုပ်ချင်ဘူး။  ငါ နက္ခတ်ကိုတကယ်ခင်တယ်။
တကယ်ခင်လို့ အပြတ်ပြောမယ်လို့ပြောတာ။
မျှော်လင့်ချက်တွေမပေးချင်ဘူး။ မျှော်လင့်ချက်တွေပေးပြီးမှ
ပြန်မကြိုက်ရင် ဘယ်လောက်နာကျင်ရလဲဆိုတာ
ငါ အသိဆုံး။ ဥပမာ ရှင်းယံကိုပဲကြည့်။ ရှင်းယံ သာ
ငါ့ကို ညုတုတု မလုပ်ခဲ့ရင် ငါဒီလောက်နာကျင်ရမှာ
မဟုတ်ဘူး။ အခု ငါက နက္ခတ်အတွက်စဉ်းစားပေးတာ။
ငါသူ့ကို အပြတ်ပြောလိုက်ရင် သူလည်းငါ့ကိုမြန်မြန်
စိတ်ဖြတ်နိုင်မယ်။ ဒါ သူ့အတွက်အကောင်းဆုံးပဲ။

ဗညား : အေးပါ...အဆင်ပြေသလိုလုပ်

လင်း သည် group chat ထဲမှထွက်လိုက်၏။
messenger ၏ conversation များအပေါ်
ထိပ်ဆုံးတွင် နက္ခတ်၏နာမည်ကိုတွေ့လိုက်သောအခါ
လင်း အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်မိသည်။ အခုထိ
Seen မပြရသေးသော နက္ခတ် ပို့ထားသည့် စာများကို
ဝင်ကြည့်လိုက်သည်။

နက္ခတ် : လင်း ဘာလုပ်နေလဲ...ကိုယ်ကတော့ အခုဂိမ်းဆော့မလို့ လုပ်နေတာ

နက္ခတ် : ဒါနဲ့  မနက်ဖြန်ဘာစားချင်လဲ...လာပို့ပေးမယ်

နက္ခတ် : ဟင် ???

နက္ခတ် : rp???

နက္ခတ် : အိပ်နေပြီလား???

နက္ခတ်၏ message များကို လင်း reply ပြန်လိုက်သည်။

လင်း : မအိပ်သေးပါဘူး

လင်းထံမှ စာရောက်သွားသည်နှင့် ချက်ချင်းပင် နက္ခတ်ထံမှ
Reply ပြန်ရောက်လာသည်။

နက္ခတ် : မနက်ဖြန် ဘာစားချင်လဲလို့

လင်း : လာမပို့ပါနဲ့....အားနာတယ်

နက္ခတ် : ရပါတယ်...မုန့်ပို့တာ အပန်းမကြီးပါဘူး...
လင်းမျက်နှာလေးလည်း မြင်ရမယ်

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now