" အင်း....မဒီ.... ပြော...ဘာကိစ္စလဲ"

" သားသားလေ....သူ အခန်းထဲက မထွက်တာ ၂ရက်လောက်ရှိနေပြီ....ထမင်းစားချိန်ပဲအပြင်ထွက်တယ်...
သူ မျက်နှာလည်းညှိုးနေတာပဲ....မဒီလည်း သူ့ကို
ဘယ်လိုပြောလို့ ပြောရမလဲ မသိဘူး...."

" ဟုတ်လား....သူအသည်းကွဲနေမှာပေါ့... သူ့ကို လွှတ်ထားရုံပဲ တတ်နိုင်မှာပဲ....ဒါပေမယ့် သူမြန်မြန်လေး စိတ်ပြေသွားအောင်တော့ လုပ်ဖို့လိုမယ်...."

" ဟုတ်တယ်...ဒါပေမယ့် ဘယ်လိုလုပ်မှာလဲ"

" ဘယ်လိုလုပ်မှာလဲတဲ့လား....ဒါက သူငယ်ချင်းပဲလိုတယ်..."

************************************************************************

" လင်းသုခတ်ရေ...."

" ဟေ့ကောင်...လင်း..."

" ထွက်ခဲ့...လင်း...မြန်မြန်လေးထွက်ခဲ့...."

တံခါးကို တဒုန်းဒုန်းထုသံများနှင့်အတူ ဆူညံသောပွက်လောရိုက်အသံများကြောင့် ကုတင်ပေါ်မှ ကမန်းကတန်းထကာ
အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

အပေါက်ဝတွင် လင်း၏မျောက်လောင်း လေးကောင်အပြင်
မဒီက ခပ်ပြုံးပြုံး မျက်နှာထားတို့ဖြင့်ရှိနေသည်။

" မင်းတို့တွေ...ငါ့အိမ်လာမယ်ဆိုတာလည်း ကြိုမပြောဘူး..."

" ငါတို့နင့်ကို Surprise လာတိုက်တာ..."

ရိပ်က မျက်စိတစ်ဖက်မှိတ်ပြရင်းဆို၏။

" ဒါနဲ့ နင်တို့ဒီကို ဘာလာလုပ်တာလဲ...."

လေးယောက်လုံး၏လက်ထဲတွင် အထုပ်များကိုင်လာသည်မို့
လင်း မေးလိုက်ခြင်းဖြစ်သည်။ ဗညားက သူ့လက်ထဲမှ
လက်ကိုမြှောက်ပြသည်။ ဗညားကိုင်လာသောအိတ်ထဲတွင်
ကိုလာပုလင်းအကြီးတစ်ဘူးရှိနေသည်။

" ဝမ်းနည်းပွဲနေတဲ့ကိုယ်တော်လေးကို နှစ်သိမ့်ပွဲလာလုပ်တာ"

" နှစ်သိမ့်ပွဲ?"

လင်း မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။။
နိုးနိုးက သူမဆံပင်ကိုဟန်ပါပါ သပ်တင်လိုက်ရင်း....

" အသည်းကွဲနေတဲ့လူအတွက် ပထမလိုအပ်တာ
သူငယ်ချင်း...ဒုတိယလိုအပ်တာတော့ အစားအစာပဲ...
လာခဲ့...လင်း။ ငါတို့ မုန့်လုပ်စားမယ်...."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now