" ရပါတယ်ဟာ"

" ငါ ဖုန်းချလိုက်တော့မယ်နော်...."

" အင်း အင်း...bye...."

ဖုန်းကျသွားသည်။ ဖုန်း၏ အနက်ရောင်မျက်နှာပြင်ပေါ်
နိုးနိုး ခပ်ဆွေးဆွေးစိုက်ကြည့်ရင်း...

" ငါတော့ နင့်ကို ပိုကောင်းတဲ့နေရာပို့မိတာလား...
ပိုဆိုးတဲ့နေရာပို့မိတာလား တောင်မသိတော့ဘူး...."

ဟု ညည်းလိုက်မိသည်။

************************************************************************

ဇန်နဝါရီလ၏နေ့ရက်တို့သည် တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ အတန်းတင်စာမေးပွဲနီးပြီမို့ စာထဲတွင်သာ အာရုံစိုက်ရင်း
လင်း၏အချိန်တို့ ကုန်မှန်းမသိ ကုန်သွားရသည်။

ဇန်နဝါရီ.....
ထို့နောက် ဖေဖော်ဝါရီ...

ရှင်းယံဟုအမည်တပ်ထားသော Conversationမှာ
တဖြည်းဖြည်းအောက်သို့ လျော့ရဲကျသွားသည်။
လင်း၏မှတ်ဉာဏ်တွင် white ၏နှင်းဆီပန်းများမှာလည်း
မှုန်ရိမှုန်ဝါး.....။e-mail မှာဖွင့်မကြည့်တာကြာ၍
ဖုန်တက်နေပြီ။

ထူးထူးခြားခြား ဖေဖော်ဝါရီ ၁၄ရက်တွင် White
အမည်ခံသော ဝက်ဝံရုပ်တစ်ရုပ် အိမ်ရှေ့သို့ရောက်ရှိခဲ့သည်။
Whiteက လက်လျှော့တာလား လက်မလျှော့တာလား....
ထွက်လာမှာလား...အမြဲပုန်းကွယ်နေတော့မှာလား....
သူကရော သင့်တော်တဲ့အချိန်တစ်ခုကိုစောင့်နေတာလား...စသော မေးခွန်းပေါင်းများစွာ လင်း၏ခေါင်းကို မူးဝေစေသည်။

ကျေးဇူးပြုပြီး White....
ကျွန်တော် ခင်ဗျားအကြောင်းမစဉ်းစားပါရစေနဲ့..
ကိုယ့်ဟာကိုတောင် တိုင်ပတ်နေရတဲ့ကြားထဲ ခင်ဗျားကိုပါ
ကျွန်တော်ဂရုမစိုက်နိုင်ဘူး...
ထွက်ပေါ်လာရင်လည်း ငြင်းမိမှာမို့....ဒီတိုင်းလေးပဲ
ပုန်းကွယ်နေပေးပါ...
တဖြည်းဖြည်းနဲ့ ကျွန်တော့်ကိုမေ့သွားမှာပေါ့....ဟုတ်တယ်မလား....

တကယ်လည်း ထိုဝက်ဝံရုပ်က White ၏နောက်ဆုံး
လက်ဆောင်ဖြစ်ခဲ့ပါသည်။

လင်းတို့ စာမေးပွဲဖြေပြီးနောက် နွေရာသီကျောင်းပိတ်ရက်သို့
ရောက်ရှိခဲ့ပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲက
ဖေဖော်ဝါရီလကုန်၌ ကျင်းပမည်မို့ လင်းမှာအိမ်တွင်နေရင်း
ရှင်းယံစာမေးပွဲပြီးမည့်ရက်ကို ထိုင်စောင့်နေရသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now