White ဟာ ဘာလို့လင်းပို့ထားတဲ့ emailတွေကို
reply မပြန်တော့တာပါလဲ။
ထွက်လာခဲ့မယ်ဆိုပြီး ဘာလို့ခုထိမထွက်လာသေးတာလဲ။
White က လင်းကိုအပြင်မှာသိနေတာလား။
ဘယ်ချိန်ထဲကလဲ။ ဘယ်လိုစသိခဲ့တာလဲ။
မြူနှင်းဟန်သာနဲ့ White ရဲ့ပတ်သတ်မှုကရော ဘာလဲ။
ပြီးတော့ White က တကယ်ပဲ ရှင်းယံ...နက္ခက်နဲ့ ဖြိုးတို့၃ယောက်ထဲက တစ်ယောက်လား။

ထိုကိစ္စနှင့် ပတ်သတ်၍ လင်း၏စိတ်သည်နှစ်ခွဖြစ်နေသည်။
စိတ်တစ်ခုမှာ ရှင်းယံ...နက္ခက်နှင့်ဖြိုးကို သံသယဝင်ချင်သော
စိတ်ဖြစ်သည်။ ကျန်တစ်ဖက်မှာ သူတို့ကို သံသယမဝင်ချင်သောစိတ် ဖြစ်နေသည်။

အကယ်၍ သူတို့၃ယောက်ထဲက တစ်ယောက်က White ဆိုပါက ဖြစ်တောင့်ဖြစ်ခဲသော တိုက်ဆိုင်မှုကြီးတစ်ခုဖြစ်နေပေလိမ့်မည်။ ဘဝတွင် ဒီလောက်ကြီးမားသော တိုက်ဆိုင်မှု
တစ်ခုတော့ မရှိနိုင်ဟု လင်းတွေးထားမိသည်။

သို့သော် ကံဆိုတာလည်းပြောလို့ကမရ....
နက္ခက်ကို သံသယဝင်နေမိသောစိတ်အခံကလည်း ရှိသေးသည်။

တစ်ခါတစ်လေ မိမိ၏အတ္တကြီးသော...လိုရာဆွဲသွင်းသော...
ရုပ်ရှင်ကြည့်ပြီး စိတ်ကူးယဉ်တာများသောစိတ်က
ရှင်းယံကို White ဖြစ်စေချင်နေသည်။ ဒါဆို
ဇာတ်လမ်းပြီးပြီ။

မည်သို့ပင်ဆိုစေကာမူ White က အပြင်လူတစ်ယောက်လည်း ဖြစ်နေနိုင်ပါသည်။

မြက်ခင်းကို ခပ်တွေတွေစိုက်ကြည့်မိနေစဉ်တွင် လင်း၏
မြင်ကွင်းထဲသို့ ဖြူဖွေးသန့်ပြန့်သောခြေထောက်တစ်စုံက
ဝင်ရောက်လာပါသည်။ စိမ်းရင့်ရောင် မြက်ခင်းပေါ်ရှိ အဆိုပါ ရှည်လျားသောခြေချောင်းများဖြင့် ဖွေးဥနေသောခြေထောက်ကိုစိုက်ကြည့်ပြီးမှ အပေါ်သို့ဖြေးဖြေးချင်း လင်းသုခတ်
မော့ကြည့်လိုက်သည်။

ရှင်းယံသည် ဘောင်းဘီအိတ်ကပ်ထဲသို့ လက်ထည့်လျက်
လင်း၏ အရှေ့တည့်တည့်တွင် ဟန်ပါပါရပ်နေသည်။
လင်း၏ နှုတ်ခမ်းထက်တွင် ချိုမြသောအပြုံးတစ်ခုဖြစ်ထွန်းသွား၏။

" ကိုကြီး ဘယ်လိုရောက်လာတာလဲ"

" အိမ်က ကလေးတစ်ကောင်နေမကောင်းလို့ ဆေးခန်းသွားပြပြီးပြန်လာတာ...ကားပေါ်ကနေ ခတ်ကိုလှမ်းတွေ့လိုက်လို့လေ...အဲ့တာနဲ့ဆင်းလာတာ..."

MISSION IMPOSSIBLE : mission to get crushNơi câu chuyện tồn tại. Hãy khám phá bây giờ