" အစ်ကိုဖြိုး ကော်ဖီမကြိုက်ဘူးမလား.....ပိုနေတဲ့ဘူးဆိုရင်
စန္ဒီသောက်ပေးမယ်လေ...."

ဖြိုး၏ မျက်ခုံးများတွန့်ချိုးသွားသည်။ စန္ဒီလက်ထဲမှ ဘူးကို
ဖြိုးက ဆက်ခနဲပြန်လည် ယူလိုက်သည်။

" မင်းကို ပေးတာမဟုတ်ဘူး....လင်း ကိုပေးတာ...."

တည်ကြည်စွာပြောလိုက်သော ဖြိုးကြောင့် ရွှန်းရွှန်းပပပြုံးနေသော စန္ဒီမျက်နှာပေါ်မှ အပြုံးတို့ တဖြေးဖြေး
ပျောက်ကွယ်သွားရသည်။ ကြားထဲမှ လင်းက ကမန်းကတန်း
ဝင်ပြောလိုက်သည်။

" ရပါတယ်....စန္ဒီလိုချင်တယ်ဆို ပေးလိုက်ပါ... "

စန္ဒီသည် ချက်ချင်းပြန်လည် ပြုံးလိုက်သည်။ သူမက လင်းကို
စိမ်းစိမ်းကြီး ကြည့်လိုက်သည်။

" နင့်ကိုပေးတာလေ...."

စန္ဒီက ဘာမဟုတ်တဲ့ကော်ဖီဘူးကြောင့် မျက်နှာမဲ့သွားခြင်းတော့မဟုတ်။စန္ဒီ ပြောသမျှကို ဘာမဆို အားနာပါးနာ
ပြန်လိုက်လျောတတ်သော ဖြိုးက သူမကိုခပ်တည်တည်ပြောလိုက်သောကြောင့်ဖြစ်၏။   စန္ဒီက သူမဆံပင်ကို ဟန်ပါပါ ခါလိုက်သည်။ထို့နောက် သူမ စုတ်တစ်ချက်သပ်ကာ ဖြိုးအနားမှ ထွက်သွားသည်။ 

ဖြိုးက ဘာမှမဖြစ်သလို ပခုံးတွန့်လိုက်သည်။

" ကိုကြီးက စန္ဒီကို နည်းနည်းလေးတောင် မကြိုက်ဘူးလား...."

လင်း မေးလိုက်သောအခါ ဖြိုးက ပြုံး၍ ခေါင်းခါပြသည်။

" မကြိုက်ဘူး...အဲ့တာလည်းသူသိတယ်...အတင်းလိုက်
ကပ်နေတော့ အစ်ကို့အတွက် ဝန်ထုပ်ဝန်ပိုးလိုပဲ....
အစ်ကိုကြိုက်တဲ့သူက သပ်သပ်ရှိတယ်..."

" အော်..."

ဖြိုး ကြိုက်တဲ့သူက ဘယ်သူဆိုတာတော့ မေးမနေတော့။

************************************************************************

" ငါအခု အရမ်းအရေးကြီးတဲ့ အကြောင်းအရာကို ပြောတော့မယ်"

သုတက အားမာန်ပါပါဖြင့် တည်ကြည်လေးနက်စွာပြောသည်။ ထိုအခါ နိုးနိုးနှင့် လင်းသည် သုတနားသို့ ပိုမိုတိုးကပ်လိုက်ကာ နားစွင့်နေကြသည်။ သုတက ပိုတိုးသောလေသံဖြင့် ဆက်ပြော၏။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now