" ဖြစ်နိုင်တာပေါ့....ရှင်းယံရဲ့စိတ်ကို သေချာအောင်
ငါကြည့်ပေးမယ်...ငါက လူအကဲခတ်တော်တယ်လေ...
သိတယ်ဟုတ်..."

လင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ နိုးနိုးက
ဝံ့ချီသောမျက်နှာနှင့် သူ့ဆံပင်သူသပ်လိုက်သည်။
ပြီးနောက် နိုးနိုးက လင်းကို လက်တို့လိုက်သည်။

" ဟိုမှာ ဖြိုးသတ္တိက နင့်ကိုခေါ်နေတာ ထင်တယ်"

နိုးနိုး ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ ဖြိုးက လင်းကို
လက်ယက်ခေါ်နေသည်ကို တွေ့လိုက်ရသည်။ လင်းလည်း...

" ငါသွားလိုက်ဦးမယ်..."

ဟုဆိုကာ မိမိတို့ ထိုင်နေသော မုန့်ဈေးတန်းရှိခုံမှ ဖြိုးရှိရာ
မုန့်ဈေးတန်းအပေါက်ဝသို့ လျှောက်လာခဲ့သည်။
ဖြိုးက ပြုံးပြကာ သူ့လက်ထဲမှ ဘူးတစ်ဘူးကို လင်းအား
ကမ်းပေးသည်။

" ကော်ဖီ?"

လင်း...မျက်ခုံးပင့်ကြည့်၍ ပြောလိုက်သည်။ ဖြိုး ခေါင်းညိတ်ပြသည်။

" ရှင်းယံအတွက် ဝယ်လိုက်ပေမယ့် သူကမသောက်တော့ဘူးဆိုလို့... အစ်ကိုကလည်း ကော်ဖီမကြိုက်ဘူး.....
ဒီတိုင်း လွှင့်ပစ်ရမှာလည်း နှမြော...."

" အစ်ကိုဖြိုး... "

စူးရှညှောင်နာသောအသံနှင့် အနားသို့ရောက်ရှိလာသော
စန္ဒီကြောင့် ဖြိုးမျက်နှာ မည်းမှောင်ကျသွားသည်။
ဖြိုးသည် မိမိကို လိုက်ကပ်တွယ်နေသော စန္ဒီကြောင့်
စိတ်အနှောင့်အယှက်ဖြစ်နေမှန်း လင်း သိသည်။
အစောကြီးတည်းက စန္ဒီကို ဖြိုးက ငြင်းထားပေမယ့်
စန္ဒီက လိုက်ကပ်တွယ်နေဆဲပင်။ စန္ဒီကို စိတ်နာသွားအောင် အပြတ်အသတ်ငြင်းလိုက်ရင်လည်း မိန်းကလေးမုိ့
ရှက်သွားမည်ကို ဖြိုးက အားနာသဖြင့် အလိုက်အထိုက်
ဆက်ဆံပေးနေရုံမှအပ မရှိ။

ဖြိုးက အားနာပါးနာပြန်ပြုံးပြလိုက်သည်။ သို့သော်
စန္ဒီကို ဂရုမစိုက်သလို လင်းကိုစကားဆက်ပြောသည်။

" လွှင့်ပစ်ရမှာလည်း နှမြောလို့... ဘာပဲဖြစ်ဖြစ်
ပိုနေတဲ့ ဘူးမို့လို့....."

ဖြိုးလက်ထဲမှ ကော်ဖီဘူးကို လင်း မယူခင် စန္ဒီက ဖြတ်ယူလိုက်သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now