" ဝိုး...လင်းသုခတ်...ဗိုက်မှာ ပေါင်မုန့်ခြောက်လုံးနဲ့ပါလား..."

ဟု အကျယ်ကြီးအော်လိုက်လေသည်။
ထိုအခါမှ လင်းသည် ကိုယ့်ကိုယ်ကိုသတိရကာ ရေစိုနေသော
အပေါ်ပိုင်းကို တဘက်ဖြင့်ဖုံးလိုက်သည်....
နက္ခက်က ပြုံးလိုက်ရင်း သူ့အင်္ကျီသူ ချွတ်လိုက်သည်...
နက္ခက်၏ ခန္ဓာကိုယ်က လှပသော ခန္ဓာကိုယ်ဖြစ်သည့်အပြင်
ကြွက်သားများဖြင့် ဖုထစ်နေသည်....

" ငါလည်း ရေချိုးဦးမယ်...."

နက္ခက်က ပြောရင်းဆိုရင်း မတ်တပ်ထကာ လက်နှစ်ဖက်ကို
အနောက်ပစ်၍ အကြောလျှော့လိုက်သည်....
ရှင်းယံသည် လင်းကိုတစ်လှည့်...နက္ခက်ကို တစ်လှည့်
ကြည့်ပြီးနောက် နှုတ်ခမ်းကိုမဲ့ရင်း...

" မင်းတို့၂ယောက်ကိုကြည့်ပြီး ငါအားငယ်လိုက်တာ....
ငါလည်း ရန်ကုန်ပြန်ရောက်ရင် Six packs ထွက်အောင်
gym ဆော့ရမယ်...."

ဟု ရယ်မော ပြောလေ၏....

" အဲ့လိုပြောတာ အခါတစ်ရာရှိနေပြီ...မင်းလားလုပ်မှာ ... gym သွားပြီး လေ့ကျင့်ခန်းလုပ်နည်းတွေ ထိုင်ဖတ်နေမယ့်အကောင်ကများ...."

နက္ခက်ပြောသောအခါ ရှင်းယံက ရယ်၍သာနေသည်...
နက္ခက်က ပျင်းရိပျင်းတွဲဖြင့်ထ၍ ရေချိုးခန်းထဲသို့
ဝင်သွားလေသည်....

ကျန်ခဲ့သော လင်းမှာ အခက်တွေ့ရပေပြီ.....
ရေချိုးခန်းထဲမှာ တစ်ခါတည်းအင်္ကျီဝတ်ခဲ့ရမှာ.....
အခုတော့ ရေချိုးခန်းထဲကို နက္ခက်ကဝင်သွားသဖြင့်...
ရှင်းယံ ရှေ့တွင်ပင် အင်္ကျီဝတ်ရမလို ဖြစ်နေသည်....

ရှင်းယံကလည်း ကုတင်ပေါ်တွင် ငူငူကြီးထိုင်ရင်း
လင်းဘက်ကိုသာ ကြည့်နေသည်....

" ဟိုလေ...ကိုကြီး အပြင်ခဏထွက်ပေးပါလား...."

" ဘာလို့လဲ..."

" ကျွန်တော်...အင်္ကျီဝတ်ချင်လို့....."

" ရပါတယ်...အစ်ကို့ရှေ့မှာ ဝတ်လည်းကိစ္စမရှိပါဘူး...
ယောက်ျားလေးချင်းတွေပဲ...."

" ကျွန်တော် မရဘူး....ထွက်...အခု ထွက်...."

လင်း၏ ခပ်စူးစူးအော်သံကြောင့် ရှင်းယံသည် ကုတင်ပေါ်မှ
ကမန်းကတန်းထကာ အခန်းအပြင်သို့ ပြေးထွက်သွားရသည်....

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now