နှုတ်ခမ်းကို စိုက်ကြည့်ရင်း အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားလာမိသည်....

ခေါင်းထဲ၌ မည်သည့်အတွေးမျှမရှိတော့.....
မိမိ၏ စိတ်နှလုံးကို အသင့် မပြင်ဆင်ရသေးခင်တွင်....

ရှင်းယံ၏ နှုတ်ခမ်းအပေါ် မိမိနှုတ်ခမ်းကို ဖိကပ်မိလိုက်သည်......

နှစ်စက္ကန့်မျှ ကြာသောအချိန်တွင် အသိတရားပြန်
ဝင်လာကာ နှုတ်ခမ်းနှစ်ခုကို ပြန်လည်ခွာလိုက်မိသည်....

ငါ ဘာလုပ်လိုက်မိတာလဲ....

ကုတင်ပေါ်မှ အလျင်အမြန်ထလိုက်မိသည်.....
နှလုံးခုန်သံသည် ပေါက်ထွက်တော့မည့်အလား
ပရမ်းပတာ အထိန်းအကွပ်မဲ့ ကခုန်နေသည်.....

တော်သေးသည်က ရှင်းယံ မနိုးသေးတာပင်...
တစ်ဖက်ကုတင်ရှိ နက္ခက်ကလည်း အိပ်ပျော်နေတုန်းဖြစ်သည်.....

" ချီးပဲ...ငါရူးနေပြီ...ရူးနေပြီ.....သွားတောင်မတိုက်ရသေးဘဲနဲ့ဟာ....တကယ်ပဲ...."

လင်း...တစ်ယောက်တည်း အသံတိတ် ပြိုလဲနေကာ
ဆွေ့ဆွေ့ခုန်နေသည်......နဖူးတွင် ဇောချွေးများပင် စို့လာသည်.....

" ဒီကိစ္စကို ငါတစ်ယောက်တည်းသိလို့ တော်သေးတာပေါ့....
နောက်တစ်ခါဆို...စိတ်ထိန်းရမယ်....လင်းသုခတ်...
စိတ်ထိန်းရမယ်...."

ကိုယ့်ရင်ဘတ်ကို ပုတ်ရင်း လင်းသုခတ်...ကိုယ့်ကိုယ့်ကို
ဆုံးမနေရသည်.....ဘာမှမသိဘဲ အိပ်ပျော်နေသော
ရှင်းယံကိုပင် စေ့စေ့မကြည့်ရဲလောက်အောင်
ရှက်စိတ်ဖြင့် မွှန်ထူသွားသည်.....ထို့ကြောင့် တဘက်တစ်ထည်ယူရင်း ရေချိုးခန်းထဲ ပြေးဝင်သွားရသည်....

************************************************************************

ရေချိုးခန်းထဲမှ အပြင်ထွက်လာသောအခါ ကုတင်ခြေရင်းတွင် ငုတ်တုပ်ထိုင်နေသော အိပ်မှုန်စုံဝါးမျက်နှာနှင့် နက္ခက်ကို တွေ့လိုက်ရသည်....
ရှင်းယံကတော့ အခုမှနိုးလာသည့်ပုံပင်....အိပ်နေရင်းက
မထရသေးဘဲ လက်နှစ်ဖက်ကိုဆန့်တန်းရင်း အကြောဆန့်နေသည် ။ လင်း...ကိုတွေ့သောအခါ....

" ခတ်က ရေတောင်ချိုးပြီးပြီပဲ...."

ဟုဆိုလေသည်....ရှင်းယံအိပ်နေတုန်း မိမိလုပ်ခဲ့သည်ကို
ပြန်သတိရသောအခါ လင်း၏ပါးနှစ်ဖက် ပူနွေးသွားရသည်။
နက္ခက်သည်...လင်းကို ပြူးပြဲကြည့်လျက်...

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now