"ကိုကြီးရှင်းယံရော...."

လင်း...သူတို့နားသွား၍ မေးမြန်းသောအခါ ဖြိုးက ချက်ချင်း
ပြန်ဖြေသည်....

" သူ နေမကောင်းလို့ ဒီနေ့ကျောင်းမလာဘူး...."

" နေမကောင်းဘူး?"

လင်း အလန့်တကြားရေရွတ်မိလိုက်ပါသည်။

"မနေ့က မိုးမိသွားလို့လား.....နေပူမိလို့လား....
နေပူမိရာကနေ မိုးမိသွားလို့လား......"
ဟူသောအတွေးများက ချက်ချင်းဝင်ရောက်လာသည်။

" အင်း...ဖျားနေတယ် ပြောတယ်....."

ဖြိုးက ထပ်ဆင့်ပြောသည်။ လင်း မျက်နှာမကောင်း ဖြစ်သွားသည်။ နက္ခက်က လင်းကိုလှမ်းကြည့်ရာမှ မထေ့တရီ...
ရွဲ့သလိုလို ပြောသည်....

" ဖျားနေတဲ့ထဲမှ အပိုဆောင်းအနေနဲ့ ဝမ်းပါလျှောနေတယ်တဲ့.... ကြားတာကတော့ မနေ့က ကောင်လေးတစ်ယောက်က သူ့ကိုလျှောက်ခေါ်သွားပြီးတော့ ပေါက်ကရ
အစာတွေ ကျွေးလိုက်တယ်တဲ့...."

" ကျွန်တော် ကျွေးတာတွေက ကောင်းပါတယ်....ပေါက်ကရအစာတွေမဟုတ်ပါဘူးနော်....."

လင်း ချက်ချင်းပင် အသံမာမာဖြင့် ပြန်ပြောသည်။ နက္ခက်က
မျက်ခုံးပင့်၍ ပခုံးတွန့်ပြ၏။

" ဖျားပြီး ဝမ်းလျှောနေရင် တော်တော် အားယုတ်နေမှာပဲကို.....လင်းသုခတ်က သူနဲ့အိမ်နီးတယ်ဆိုတော့ သတင်းလေးဘာလေး သွားမေးလိုက်ပါ.. "

ခွန်စိုင်းက မျက်နှာဆူပုတ်သွားသော လင်းကို ချော့မော့သည့်
အနေနှင့် ဝင်ပြောသည်။

စိုင်းရှင်းယံ အဆင်ရောပြေရဲ့လား လို့တော့ လင်းစိတ်ပူနေပါသည်။

" ရှင်းယံက တစ်ခါမှလမ်းဘေးဆိုင်မှာ စားဖူးတဲ့လူ မဟုတ်ဘူး.....သူ့အစာအိမ်က နုနုလေး....မင်းကတော့
စားနေကြမို့လို့ ကိစ္စမရှိပေမဲ့..... သူကတော့ ဝမ်းလျှောပြီလေ"

နက္ခက်က ဘုဆတ်ဆတ်ထပြောသည်။  ကျွေးခဲ့မိတာ
ကိုယ်ဆိုတော့ စိတ်မကောင်းခြင်းများနှင့် လင်း၏ မျက်နှာလေး မဲ့သွားသည်။

" ကျွန်တော်မှမသိတာကို....သူ့အိမ်ပဲ သတင်းသွားမေးတော့မယ်...."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now