" နက္ခက်...မင်း ငါပြောတာ ကြားရောကြား...."

ခွန်စိုင်း၏ စကားမဆုံးခင်တွင် နက္ခက်သည် ထိုင်ရာမှ ဝုန်းခနဲထလိုက်သည်။ ထို့နောက် အသံအကျယ်ကြီးနှင့် ထအော်လေသည်။

" ဟေ့...သားသား...."

နက္ခက်၏ လက်ပြနှုတ်ဆက်ရာ ဦးတည်ချက်တွင် လင်းသုခတ် ကို သူတို့ မြင်တွေ့လိုက်ရသည်။ လင်းသုခတ်က
သူ့ကို သားသားဟု ခေါ်လိုက်သောကြောင့် မျက်မှောင်ကြုံ့ကာ လှမ်းကြည့်သည်။ သို့သော် လက်တော့ ပြန်ပြသွားပါသည်။

လင်းသုခတ်...မုန့်ဆိုင်တစ်ဆိုင်ထဲဝင်သွားမှ နက္ခက်က အူမြူးသော မျက်နှာနှင့် ပြန်ထိုင်သည်။

"နက္ခက်... ငါ့ကိုတကယ် အဖက်မလုပ်တာပဲ..."

ခွန်စိုင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဖြိုးက
နက္ခက်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေရင်း....

" မင်း...သူ့ကို သားသား လို့ခေါ်လိုက်တာလား..."

ဟုမေးမြန်းလေသည်။

" ဟုတ်တယ်လေ...သူ့အိမ်နာမည်က သားသားတဲ့...."

နက္ခက်က ခပ်ပြုံးပြုံးပြောသောအခါ ရှင်းယံ၏ အကြည့်များသည် သူ့အပေါ်ဒိုင်းခနဲ ရောက်ရှိလာသည်။ ဖြိုးက အလိုက်မသိစွာ သူပြောချင်ရာ ထပ်ပြောသည်။

" မသိပါဘူး...ငါက မင်းသူ့ကို ကလေးဆိုတဲ့သဘောနဲ့
သားသားလို့ ခေါ်လိုက်တယ်ထင်လို့ "

" အဲ့အရွယ်ကြီးက ကလေးဖြစ်မလား"

ခွန်စိုင်းက ကြားထဲမှ ဝင်ပြောသည်။ နက္ခက်က တစ်ချက်ပြုံးလိုက်ပြီး အအေးခွက်ကို လက်ထဲတွင်ကိုင်၍ လှုပ်နေသည်။

" သူ့အိမ်ကိုငါရောက်တော့ သူ့ညီမကအစ သူ့ကို သားသားလို့ခေါ်တာ...."

" မင်းက သူ့အိမ်ရောက်ဖူးတယ်ပေါ့...."

ဖြိုး၏ မေးခွန်းသည် ရှင်းယံ၏ရှေ့မှောက်၌ နက္ခက် အဖြေချင်ဆုံး မေးခွန်းဖြစ်နေသည်။ ထိုမေးခွန်းကိုရအောင်ပင်
နက္ခက်က လိုရာဆွဲသွင်း၍ ပြောနေခြင်းဖြစ်သည်။
နက္ခက်သည် အအေးပိုက်ကို တစ်ချက်စုပ်သောက်လိုက်ပြီးမှ
အေးအေးဆေးဆေးဖြေသည်။

MISSION IMPOSSIBLE : mission to get crushOpowieści tętniące życiem. Odkryj je teraz