" သူတို့က မိဘတွေအချင်းချင်းလည်းခင်တယ်...မိဘတွေက
korea ကားတွေထဲကလို လုပ်ငန်းပါတနာတွေတဲ့....
အဲ့တာကြောင့် ကလေးအချင်းချင်းကလည်း သူငယ်ချင်း
တွေဖြစ်နေတာ"

" ကျူးရင့်ဟန်သာနဲ့ စိုင်းရှင်းယံက ငြိတိတိဖြစ်နေတာတော့
မဟုတ်ဘူးမလား"

ဗညားက အတူတူရယ်မောနေသော စိုင်းရှင်းယံနှင့်
ကျူးရင့်ဟန်သာကို ကြည့်ပြီး လွှတ်ခနဲပြောလိုက်မိသည်။
ထိုအခါ နိုးနိုးက ဗညား၏ လက်မောင်းကို ထိုးလိုက်သည်။

" ဟဲ့...အဲ့လိုမပြောနဲ့...သူတို့က သူငယ်ချင်းအရင်းကြီိးတွေပါ..."

နိုးနိုးက လင်း ဝမ်းနည်းသွားမှာစိုး၍ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

လင်းက မျက်စိသူငယ် နားသူငယ်လေးနဲ့ သူတို့ပြောတာ
နားထောင်နေရသည်။  နောက်တော့ နိုးနိုးက နှာခေါင်းကို
လက်ဖြင့်ပွတ်လိုက်ပြီး ပြော၏။

" ဘာပဲဖြစ်ဖြစ် ကျူးရင့်ဟန်သာကို သတိထားရမယ်"

************************************************************************

ကျောင်းဆင်းချိန်တွင် ဟိုလေးယောက်မပါဘဲ လင်းတစ်ယောက်လည်း နောက်ကျမှထွက်လာဖြစ်သည်။ အကြောင်းက
ဒီနေ့က လင်း၏အသင်းနေ့ဖြစ်၍ သန့်ရှင်းရေးလုပ်နေရသောကြောင့်ဖြစ်သည်။ နောက်ကျမှထွက်လာသော်လည်း
ကျောင်းဂိတ်ဝကတော့ ထုံးစံအတိုင်း လူများကြိတ်ကြိတ်တိုးနေဆဲ။ လင်း လည်း ထိုလူအုပ်ကြားထဲ အသာလေးတိုးဝှေ့၍
အလိုက်သင့်လေး ထွက်လာလိုက်သည်။

ကံကောင်းထောက်မစွာ စိုင်းရှင်းယံက လင်းရဲ့ အရှေ့နားမှာ....

လင်း အားရဝမ်းသာနှင့် စိုင်းရှင်းယံအနားသို့ ရောက်အောင်
တိုးသွားလိုက်သည်။ စိုင်းရှင်းယံ၏ ဘေးနားသို့ ယှဉ်ကပ်လိုက်သည်။

" ကိုကြီး..."

လင်း သွားဖြဲရယ်ပြရင်း နှုတ်ဆက်တော့ စိုင်းရှင်းယံက
သူ့ကို ငုံ့ကြည့်ကာ အားနာပါးနာ ပြန်ပြုံးပြသည်။

" အော်...မင်းပါလား...."

" ပြန်တော့မလို့လား..."

လင်း၏ မေးခွန်းသည် လွန်စွာ ကြောင်တောင်တောင် နိုင်သွားသည်။ စိုင်းရှင်းယံကသူ့ကို လူထူးဆန်းတစ်ယောက်လိုကြည့်သည်။

MISSION IMPOSSIBLE : mission to get crushHikayelerin yaşadığı yer. Şimdi keşfedin