" ငါ...နင်တို့ကို ပြောစရာရှိလို့...လာမယ့်စနေနေ့မှာ
ငါ့မွေးနေ့ရှိတယ်...လာခဲ့ရမယ်နော် "

ကျူးရင့်က ပြုံး၍ပြောသောအခါ ခွန်စိုင်းမင်းရှုန်ကချက်ချင်းပင်ထ၍....

" လာမှာပေါ့ဟ...မွေးနေ့က ဘယ်မှာလုပ်မှာလဲ"

ဟု မေးလေသည်။

" ဗိုလ်တစ်ထောင်ဘုရားနားက အပျော်စီးသင်္ဘောတွေသိတယ်မလား....အဲ့မှာလုပ်မယ်...ငါက ငါနဲ့ရင်းနှီးတဲ့သူငယ်ချင်း
အနည်းအကျဉ်းပဲဖိတ်ထားတာ ....နင်တို့အပါအဝင်ပေါ့"

" ဘာ မွေးနေ့လက်ဆောင်လိုချင်လဲပြော...."

နက္ခက်ညီက ပြောတော့ ကျူးရင့်က ရယ်လေသည်။

" ပေးချင်တာပေးပါ...မပေးလည်းရပါတယ်....
ဖိနပ်ဝယ်ပေးရင်တော့ အကောင်းဆုံးပေါ့...."

သူမက ထိုစကားဆုံးသည်နှင့် ငြိမ်ငြိမ်လေးထိုင်၍ စာအုပ်တစ်အုပ်ကိုဖတ်နေသော စိုင်းရှင်းယံကို လှမ်းကြည့်လိုက်သည်။

" ရှင်းယံ....."

" ဟင် ...."

သူမခေါ်သံကြောင့် စိုင်းရှင်းယံက မော့ကြည့်လာသည်။

" နင် မနှစ်က အူအတတ်ပေါက်လို့ ဆေးရုံတက်နေရတာနဲ့ ငါ့မွေးနေ့ကို မလာနိုင်ခဲ့ဘူး...ဒီနှစ်တော့လာရမယ်နော် "

" အင်းပါ...သေချာပေါက်လာခဲ့မယ် "

ရှင်းယံစကားကြောင့် သူမပြုံးသည်။ သူမက ပြုံးလိုက်လျှင်
မျက်လုံးလေးနှစ်ခု ကွေးညွတ်သွားတတ်သည်။

သူမတို့အားလုံးသတိမထားမိသည့်အရာက တစ်ဖက်တွင်
သူမတို့ကို ကြည့်နေသည့် လူငါးယောက်ရှိနေခြင်းပင်....

" သူက ကျူးရင့်ဟန်သာပေါ့...."

နိုးနိုးက လက်ညှိုး မသိမသာထိုး၍ပြောသည်။ သုတက
မထူးဆန်းသလို မျက်နှာပေးနှင့် ထပြောသည်။

" ငါ သူ့ကိုသိတာကြာပြီ...ချောလို့လေ....."

" ကြည့်ရတာ သူက စိုင်းရှင်းယံတို့လေးယောက်နဲ့ အရမ်းခင်တဲ့ပုံပဲ...."

ရိပ်က သူမအတွေးကိုပြောပြသောအခါ နိုးနိုးက ခေါင်းငြိမ့်သည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now