The years I have loved him

13.7K 1.3K 503
                                    

မနက်မိုးလင်းလို့ နိုးလာချိန်တန်၍ ပထမဆုံးမျက်လုံးစဖွင့်
သည်နှင့် မြင်ရသည့် အရာသည် ၊ သူသည် Oh Sehun
ုဖြစ်နေခြင်းက သိပ်ကို တန်ဖိုးထားဖို့ကောင်း၏။

အတူတူနေလာသည့်ကာလပတ်လုံး Sehun အိပ်ရာ
မနိုးခင် Luhan နိုးလာသည်မှာ ရှားပါသော်လည်း ယနေ့က ထိုရှားပါးသည့်နေ့များထဲမှ တနေ့ဖြစ်ပုံရပါသည်။

ညက တော်တော်နှင့်အိပ်မပျော်ပဲ သူ၏မျက်နှာကိုသာ
တစိမ့်စိမ့်ကြည့်ပြီး အချိန်တွေကုန်လွန်ခဲ့သည့် Sehunမှာ
မနက်တော့ ထနိုင်သေးသည့်ပုံမပေါ်ခဲ့။

လက်လှမ်းမှီသည့်အကွာမှာ လှဲနေပြီး ကြည့်နေရာမှနေ
ရှေ့သို့ပိုတိုးကပ်သွားလိုက်ကာ ငြိမ်သက်လျက်အိပ်ပျော်
နေသည့် သူပိုင်လူသားကို Luhan တစိမ့်စိမ့်ကြည့်နေမိ
သည်။

ထိုခံစားချက်မျိုး မရခဲ့တာ ကြာလေပြီ။

တစိမ့်စိမ့်ကြည့်လေ ရင်ကတသိမ့်သိမ့်ခုန်လေ၊ အကြည့်
ခံနိုင်လွန်းသည့် ထိုလူကို Luhan တမြေ့မြေ့ မြတ်နိုးမိ
လေ။

"Sehun ......... Sehun "

နှုတ်ကနေ တိုးတိုးကလေးရွတ်မိသည့်နောက် မှေးမှိတ်
ထားသည့်မျက်တောင်ကလေးတွေရွေ့လျားလာသည်။

Luhanပါးစပ်ပိတ်နေလိုက်ပေမဲ့ နောက်ထပ် မိနစ်
အနည်းငယ်ကြာသည့်နောက်မှာ မျက်တောင်တို့ပုတ်ခတ် လျက်Sehunနိုးလာခဲ့သည်။

-ဒီလူကတော့ အိပ်ရာနိုးလာတာတောင် ပြည့်စုံနေတော့
တာပဲ-

မကျေမချမ်းတွေးလိုက်မိပေမဲ့ Luhan စိတ်ကျေနပ်နေပါ
သည်။ ထိုသို့ပြည့်စုံကြည့်ကောင်းသူက သူ့လူဖြစ်နေ၍...

"Morning..."

နိုးလာသည်နှင့် Sehun ပထမဦးဆုံးလုပ်သည့်အချက်က
Luhanကိုပြုံးပြတာဖြစ်ပြီး ထို့နောက်မှ နှုတ်ဆက်ကာ
ယင်းနောက်မှ နဖူးပြေပြေကို တချက်နမ်းရှိုက်တာဖြစ်
သည်။

"နိုးနေတာကြာပြီလား ?"

"အင်း "

"ဗိုက်ဆာနေပြီလား "

"ဟင့်အင်း ... "

"အင်း ၊ ဟင့်အင်းပဲ ပြောနေတော့မှာလား "

The years I have loved him Where stories live. Discover now