Act Forty-one

8K 1.1K 278
                                    

"မေမေက ဈေးသွားတယ် ငါဧည့်သည်လာမှာလို့ပြော
လိုက်လို့ "

ဘူတာရုံထဲသို့ပြန်ဝင်မည်ပြင်နေသည့် Sehunလက်အား
လာရောက်ဆွဲကိုင်ခဲ့သည့်သူသည် Luhanဖြစ်နေခဲ့သည်။

မင်း ငါ့ဆီလာတာမဟုတ်ဘူးလား ဆိုသည့် စကားနောက်
မှာ Sehunလိုလိုလားလားခေါင်းငြိမ့်ပြမိသည့်နောက် ယခု
လို Luhan၏အိမ်သို့ပါလာခဲ့တာပင်ဖြစ်သည်။

ယခင်တခေါက်ရောက်ခဲ့သည့်အချိန်တုန်းက အိမ်ထဲသို့
ဝင်ချိန်မရလိုက်ပါပဲ အိမ်ရှေ့ကပင် လှည့်ပြန်ခဲ့ရသော
ကြောင့် အိမ်အတွင်းပိုင်းအပြင်အဆင်သည်မည်သို့မည်
ပုံရှိသည်ကိုမသိ။ အညိုရောင်များကို အသားပေးသုံး
ထားသည့် တထပ်အိမ်လေး၏ အတွင်းပိုင်းသည်လည်း
ရိုးရိုးရှင်းရှင်းဖြင့်လှနေခဲ့သည်။

အိမ်ထဲသို့ဝင်ဝင်ချင်းအတန်သင့်ကျယ်သည့်ဧည့်ခန်းငယ်၊
တီဗွီ၊ စာအုပ်စင်အသေးစားတစ်ခုနှင့် ဆိုဖာတို့ကိုနေရာ
တကျထည့်သွင်းထားသည့်ဧည့်ခန်းနှင့် ခြေလှမ်းဆယ့်ငါး
လှမ်းလောက်ကွာသည့်နေရာမှာမီးဖိုခန်းရှိသည်။ အိမ်
အောက်ထပ်မှာအခန်းတခန်းရှိပြီး မီးဖိုခန်းဘေးနား၌
ကြောင်လိမ်လှေကားတစ်ခုဖြင့် အပေါ်ထပ်ကိုဆက်သွယ်
ထားသည်။

မကျယ်ဝန်းသလို မကျဉ်းလွန်းလှသည့် အိမ်ကလေးအား
Sehunလှည့်ပတ်ကြည့်ရှုနေသည့်အချိန်မှာပင် Luhan
ကလှေကားကနေတက်သွားပြီးSehunကိုလိုက်လာဖို့ခေါ်
သည်။

အထုတ်အပိုးဟူ၍ ကျောပိုးအိတ်တစ်လုံးထဲသာပါလာ၍
တော်တော့သည်။ လှေကားကျဉ်းလေးသည် လူတစ်ကိုယ်
စာသွား၍ရရုံမျှသာဖြစ်ပြီး Sehunအပေါ်ထပ်သို့ရောက် သွားပါမှ အပေါ်ထပ်တစ်ထပ်လုံးအခန်းဟူ၍သီးသန့်မရှိ
ပဲ ဟောပုံစံမျိုးဖြင့် Luhanအခန်းဖြစ်နေသည်ကိုသိလိုက်
ရသည်။

အခန်းအလယ်မှာရှိနေသည့် ရှုပ်ပွနေသော တယောက်
အိပ်မွေ့ရာကြောင့် Sehun မျက်နှာလွှဲလိုက်မိသည်။

Luhanကအေးအေးသက်သာပင် ထိုမွေ့ရာပေါ်ထိုင်ချ
လိုက်ပြီး Sehunကိုလာထိုင်စေရန် နံဘေးနားသို့
လက်ပုတ်ပြကာ

"ဒီကို လာလေ "

တဖက်လူမသိစေရအောင် လေပူတစ်ချက်မှုတ်ထုတ်ပြီး
Sehun မွေ့ရာပေါ်သွားထိုင်ရသည်။ ကုတင်ဟူ၍သတ်
သတ်မှတ်မှတ်မရှိပဲ မွေ့ရာကိုသာကြမ်းပေါ်ခင်းထားခြင်း
ဖြစ်သဖြင့် Sehunတို့ခြေထောက်တွေကို ကြမ်းပေါ်ဆင်းချ
ထားရသည်။

The years I have loved him Where stories live. Discover now