Act Fourteen

7.7K 1.2K 178
                                    

အဲ့ဒီနေ့က ကိုယ်တို့ရဲ့ ပထမဆုံးဒိတ်အသေးစားလေးပဲ
ဆိုပါတော့

° The years I have loved him °

ကြွေခွက်အဝါကို မတွေ့မချင်းရအောင် ရှာဝယ်ကာ
အချိန်ဆွဲပါမည်ဟု တေးထားသည့်အကြံသည် Luhan
မှ စင်တာတခု၏ ဆိုင်လေးအတွင်းသို့ခေါ်သွားချိန်တွင်
ဆိတ်ဆိတ်သုဉ်းသည်။

ဆိုင်၏အတွင်းဘက် ဘေးဘက်ခြမ်းတွေဆီမှာ ဆီတန်းထားသည့် ကြွေခွက်အဝါရောင်တွေမှအပြည့်အလျှံပင်။ Luhanကတော့ ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသော ဦးလေးကြီးတစ်ယောက်နှင့်စကားပြောနေသည်။ ပြောပုံဆိုပုံတွေအရ ရင်းနှီးသည့်အသိမိတ်ဆွေတွေဖြစ်ပုံရပါသည်။

Sehunမှာ လေးဘက်လေးတန်မှာရှိသည့် တန်းများပေါ်ကခွက်များကို လိုက်လံငေးမောသည်။ ကြွေရည်သုတ်
ပစ္စည်းလေးများသည် သူ့နေရာနှင့်သူ အဆင့်တစ်ခုရှိပုံရသည်။ဈေးဝယ်စင်တာတစ်ခုတွင် ဆိုင်ခန်းသီးသန့်ဖွင့်
ပြီးရောင်းနိုင်ပါသည်ဆိုတည်းက သာမာန်တော့
မဟုတ်လေ။

"နောက်မလာတော့ဘူး ဦးလေး"

"အမယ် မင်း ဟိုရှေ့လတုန်းက သုံးဆယ့်ငါးခွက်မြောက်
ခွက်ခွဲပြီးပြန်လာဝယ်တုန်းကလဲ အဲ့လိုပြောခဲ့တာပါပဲ"

Luhanက နှာခေါင်းရှုံ့ပြီး ပခုံးတွန့်ပြသည်။ နောက်ကိုပြန်
လှည့်မကြည့်ပဲ ဆိုင်ထဲကထွက်သွားသည့်အခါ Sehun
ကပင် ဆိုင်ရှင်ကို ကမန်းကတန်းခေါင်းငြိမ့်နှုတ်ဆက်ပြီး
သူ့နောက်လိုက်ရပြန်သည်။

"ပြန်ကြမလား "

"ဗျာ"

ကြေကွဲသွားရသည်။

ကျောင်းပေါက်ဝကနေ စင်တာထိ ကားစီးတာက ဆယ့်ငါး
မိနစ်၊ စင်တာပေါက်ဝကနေ ထိုဆိုင်ထိ ငါးမိနစ်လမ်း
လျှောက်ပြီး ဆိုင်ထဲမှာနေတာက မိနစ်နှစ်ဆယ် ၊ ခုပြန်
ထွက်လာတာ နှစ်မိနစ် စုစုပေါင်း အတူတူရှိနေခဲ့တာမှ
မိနစ်ပေါင်း လေးဆယ့်နှစ်မိနစ်တည်းကို Sehunက ပြန်ရ
တော့မည်လား ?

စကားမရှိစကားရှာလို့Luhanလက်မှာချိတ်ကိုင်ထားသည့် ခွက်ကို Sehunမေးဆတ်ပြပြီးမေးလိုက်ပါသည်။

The years I have loved him Nơi câu chuyện tồn tại. Hãy khám phá bây giờ