Act Twenty-three

7.2K 1.1K 92
                                    


ထိုနေ့ညက Luhan နေ့စဉ်ရေးနေကျ စာအုပ်လေးထဲ
မှာ စာကြောင်းတချို့ခပ်သော့သော့နေရာဝင်ယူလာခဲ့
သည်။

..........................................

Sehun က ဒီနေ့ ကျွန်တော့်နှုတ်ခမ်းတွေကိုနမ်းခဲ့တယ်။
အဲ့အနမ်းကချိုတယ်။ ကျွန်တော် ထပ်ပြီး
မမေ့နိုင်တော့ဘူးထင်တယ်......။

° The years I have loved him °

ဒီတနေ့တော့ Luhanသည် မေမေ့အိမ်သို့သွားခဲ့သည်။
မေမေက သူတို့မွေးရပ်မြေမှာမနေတော့ပဲ ဆိုးလ်ကို
ရောက်လာပြီး ရပ်ကွက်တစ်ခုမှာပန်းဆိုင်ဖွင့်ရင်းနေတယ်
လို့ Sehun ပြောလိုက်သည်ထဲက Luhanသွားချင်နေ
တာဖြစ်ပေမဲ့ ဒီတနေ့ကျမှ Luhanသွားဖို့အခွင့်အရေးရ
လာခြင်းဖြစ်သည်။

လာမည်ဟုကြိုပြောထားသဖြင့် မေမေက ဆိုင်ရှေ့မှာ
ထွက်ရပ်စောင့်နေသည်။ Luhanကားပါကင်မထိုးရသေး
ခင်မှာပင် ကားကိုရပ်ခိုင်းကာ မေမေ့ဆီပြေးသွားလိုက်ပြီး
အားရပါးရပွေ့ဖက်ပစ်လိုက်သည်။

ဆယ်ကျော်သက်လေးမှာ ကလေးပီပီ အမေဖြစ်သူကို
လွမ်းနေပြီထင်၏။

"မေမေ......"

"အမလေး အသက်ကြီးမှချွဲနေလိုက်တာ"

"ဟော မေမေနော် ကိုယ့်သားကို ... Sehunတောင်
ကျွန်တော့်ကို ဆယ့်ခုနှစ်သားလေးလိုပဲဆက်ဆံတာ"

ချွန်ထွက်နေသည့်နှုတ်ခမ်းကို မေမေက အသည်းယားလှ
သည့်သဖွယ် ဆွဲညှစ်ပစ်လိုက်ပြီး Luhan့လက်ကိုဆွဲလို့
ဆိုင်တွင်းသို့ဝင်စေလိုက်သည်။

မျက်စိဝေ့ရာပန်းတွေချည်းဖြစ်နေသည့် ဆိုင်ခန်းလေးအားLuhan သဘောကျနေသည်။ ထူးထူးခြားခြား
နေကြာတွေထည့်ထားသည့် ကြားမတ်တပ်ရပ်ငေးမော
ရင်း အပြန်ကျ Jun Myeonရှိသည့် ဆေးရုံသို့တခေါက်
ဝင်ကာ Jun Myeonကိုပန်းဝင်ပေးဦးမည်ဟုတွေးမိ
သည်။

မေမေကတော့ ဆိုင်ထဲခဏနေခဲ့ဟု ဆိုထားခဲ့ပြီး အိမ်ထဲ
သို့ဝင်သွားပြီဖြစ်ပါသည်။ Luhanက နေကြာလေးပွင့်
လောက်ဆွဲယူလိုက်ကာ ထုတ်ပိုးဖို့အတွက် စားပွဲပေါ်
တင်လိုက်သည်။

The years I have loved him Where stories live. Discover now