ခင်ဗျားကြိုက်လို့ ကိုယ် လိုက်သောက်ဖြစ်တဲ့ ကော်ဖီ
တွေပေါ့။ ခင်ဗျားနှစ်သက်တာမှန်သမျှ ရင်းနှီးချင်မိရုံပါပဲ။° The years I have loved him °
Sehun သည် ပြောထားသည့်အတိုင်းပင် တနေကုန်
Luhan့နားက မခွဲမခွာနေခဲ့သည်။ ဥပမာ ခုဏကလို
Luhan ခြံထဲလမ်းဆင်းလျှောက်ချင်သည်ဆိုလျှင်
အတူလိုက်လျှောက်ပေးသည်။ Luhan တအိမ်လုံးကို
စူးစူးစမ်းစမ်းလိုက်လျှောက်ကြည့်လျှင် နောက်ကနေ
ခွာခွာလေးလိုက်ပေးသည်။ Luhan အပျင်းရိလွန်ပြီး
ကုတင်ပေါ်မှာ ခွေခေါက်နေလျှင် ကုတင်နဲ့ခပ်လှမ်းလှမ်း
က တယောက်ထိုင်ဆိုဖာမှာထိုင်နေပြီး လက်ပ်တော့
တလုံးနှင့် အလုပ်ရှုပ်နေတတ်သည်။ထိုသို့ သိပ်မဝေးသည့်အကွာအဝေးမှာ Sehun ရှိရှိ
နေသည်နှင့် ပတ်သက်ပြီး Luhanက အထွေအထူး
ထူးဆန်းသည့်သဖွယ်မခံစားရတော့ပဲ ခပ်မြန်မြန်ပင်
အသားကျလာလေသည်။ယခုအခါမှာတော့ အန်တီလီ ပြင်ဆင်ပေးသည့် ညနေစာ
ကို သူတို့နှစ်ယောက် အတူတူစားကြရင်း Luhan က
ငြိမ်ငြိမ်လေးထိုင်ကာအစားကိုအာရုံစိုက်စားနေသည့်
Sehunကိုလှမ်းလှမ်းကြည့်နေလို့နေသည်။"ကိုယ့်ကိုပြောစရာတခုခုများရှိလို့လား ?"
"အမ် !! ဟို ! မရှိပါဘူး"
"အင်း ခင်ဗျားလှမ်းလှမ်းကြည့်နေတော့လေ"
Luhan ဇွန်းကိုသာနာနာဆုပ်ကိုင်လိုက်ပြီး Sehunကို
မကျေမချမ်းကြည့်လိုက်သည်။ဒီဦးလေးကြီးဟာ Luhan ရှက်အောင် သိပ်လုပ်လွန်း
သည်။အကြည့်ခံရသည့်သူကတော့ ဘာမှမသိရှာပဲ ထမင်း
ဟင်းသာအေးအေးဆေးဆေးစားနေခဲ့ပါသည်။အန်တီလီပြန်သွားသည့်အချိန်တွင် ညကိုးနာရီပင်မထိုး
သေးသော်လည်း Luhan အိပ်ချင်သည်ဆိုကာ အပေါ်
တက်ခဲ့သည်။ Sehunပြောစရာမလိုတော့ပဲ ညအိပ်ဝတ်
စုံကိုကြိုတင်လဲထားပြီး ကုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နှင့်
ရှိသမျှအချိန်တွေကိုဖြုန်းနေလေသည်။တိုင်ကပ်နာရီဆီကနေ ဆယ်နာရီတီးပြီဖြစ်ကြောင်း
အသိပေးလာချိန်မှာတော့ အပေါ်ထပ်ဆီသို့ Sehun
တက်လာပြီဖြစ်သည်။ ကုတင်ပေါ်လှိမ့်နေသည့် Luhan
ကSehunကိုတချက်သာလှမ်းကြည့်ပြီးအရေးထပ်မစိုက်
ပဲနေသည်။
YOU ARE READING
The years I have loved him
Fanfictionကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ ကိုယ် သူ့ကိုချစ်ခဲ့တဲ့နှစ်တွေမနည်းလှဘူး။ Cover Artist - @Kao