Act Thirty-five

7.3K 1.1K 170
                                    

ကျောင်းက ဈေးရောင်းပွဲစသည့်အချိန်တွင် Luhanက
ကျောင်းမှာမရှိတော့။ ပွဲကျကူညီပေးပါ့မယ် ပြောထားပေမဲ့ သုံးရက်လုံးလုံးမှာ Luhanကပေါ်မလာခဲ့ပါ။ စိတ်အနှောင့်အယှက်ဖြစ်မှာဆိုး၍ ဖုန်းပင်မဆက်မိပါသော်လည်း Sehun မကြာခဏဆိုသလို ဖုန်းဆီသို့လက်ရောက်မိ
သည်။

အကြောင်းအရင်းတစ်စုံတစ်ရာမရှိပဲစာတိုတစ်စောင်
တစ်လေ ပို့တာတွေအထိ သူမလုပ်မိတော့ပါသော်လည်း Luhanဘက်မှ စတင်လာမည့်အဆက်အသွယ်တစ်ခု
ကိုဖြင့် Sehun မျှော်လင့်ပါသည်။

သို့သော် Luhan နှင့် သူ အဆက်အသွယ်ပြတ်သွား
ခဲ့ပြန်သည်။

စာမေးပွဲတွေဖြေအပြီး ကျောင်းစပိတ်သည်နှင့် Sehun
သည် သူစိတ်ကူးထားပြီးသောကိစ္စကို လက်တွေ့
အကောင်အထည် ဖော်ခဲ့ပါသည်။

"ကျွန်တော့်ဆီကို Interior Design Team က
နှစ်ယောက်လောက်ပို့ပေးလို့ရမလား ဌာနမှူး"

Company က လူတစ်ယောက်ကိုဖုန်းလှမ်းဆက်ပြီး
သည့်နောက် Sehun သူရောက်နေသည့် သူ့အခန်း၏
အပေါ်နှစ်ထပ်မြောက်မှာရှိသော အခန်းတွင်းသို့တချက်
လှည့်လည်ကြည့်လိုက်သည်။

Tabletထဲ၌အကြမ်းဆွဲထားပြီးဖြစ်သည့် အခန်းတွင်းဖွဲ့
စည်းပုံကိုတချက်ကြည့်ပြီး အခန်းပတ်လည်ကိုပြန်ကြည့်
သည်။ အိပ်ခန်းတခန်းသာ သီးသန့်ရှိပြီး ကျန်တာHall
Typeဖြစ်နေ၍ ပန်းချီဆွဲဖို့အခန်းတစ်ခန်းထပ်ဖွဲ့ရန် လို
လိမ့်မည်ဟု သူထင်ပါသည်။

နာရီဝက်အတွင်း Design Teamရောက်လာသည့်နောက်
Sehun တချက်နှုတ်ဆက်ကာ ထိုသူတို့အား သူစဉ်းစားမိ
သည့်ပုံကြမ်းကိုပြသပြီး

"ဝရံတာကိုပါယူပြီးတော့ အခန်းထပ်ဖွဲ့မယ်နော် ဧည့်ခန်း
ဧရိယာကိုနည်းနည်းကျဉ်းလိုက်မယ် နောက် ပရိဘောဂ
တွေကို ရှင်းရှင်းလင်းလင်းသိပ်မကြီးတာတွေပဲသုံးမယ်
အဓိကက ကျွန်တော်ထပ်ဖွဲ့မဲ့အခန်းကို နည်းနည်း
ကျယ်စေချင်တယ် နောက်ပြီးပြတင်းပေါက်တပေါက်လဲ
ထပ်ဖောက်မယ် လျှပ်စစ်မီးမရှိလဲ နေအလင်းရောင်
လုံလုံလောက်လောက်ရအောင် နောက်ပြီး နံရံကပ်စက္ကူ
တွေအကုန်အသစ်လဲပေးပါ အဖြူ မိုးပြာ အစိမ်းနု
မျက်လုံးထဲပြေပြေလေးဝင်နေမဲ့အရောင်မျိုးလေး သုံးပေး
ပါ"

The years I have loved him Where stories live. Discover now