Act Nine

9.2K 1.3K 115
                                    


ယမန်နေ့ညက Sehun ရင်ခွင်ထဲ အပွေ့ဖက်ခံခဲ့ရ
သည့် Luhan မှာ ဒီနေ့မှာတော့ Sehun ကို မျက်နှာ
ချင်းဆိုင်လျက် အိပ်ရာကနေ နိုးလာခဲ့သည်။

သာမန်အချိန် တွင် တခြားသူနှင့်သာ ယခုလို မျက်နှာ
ချင်းအနေအထားဖြင့် အိပ်ယာနိုးလာခဲ့ပါက Luhan
ထအော်ကောင်း ထအော်နိုင်မည်ဖြစ်သော်လည်း
အသက်ရှုသံမှန်မှန်နှင့်ငြိမ်းချမ်းစွာ အိပ်မောကျနေပါ
သော Sehunပုံစံသည် Luhan၏ အိပ်မှုန်စုံမွားဖြစ်နေ
မှုများကိုပင် ပယ်ပျောက်သွားစေသည်ကတော့အမှန်ဖြစ်
၏။ နောက်ပြီး Oh Se Hun က ထအော်ချင်စရာ
ရုပ်ရည်မဟုတ်ဘူးလေ။

လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လို့ ရင်ဘတ်မှာကပ်
ထားပြီး Luhanက Sehunကို ငြိမ်ငြိမ်လေးစိုက်ကြည့်
နေသည်။

အရင်နေ့တွေတုန်းကဆို Luhan နိုးပြီး အောက်ဆင်း
လာလျှင် Sehunက မနက်စာအဆင်သင့်ပြင်ပေးထား
ပြီးသား။

ယခုကျတော့ သူနိုးနေသည့်တိုင် နိုးမလာသေးပဲ အအိပ်
မက်နေတုန်းရှိသေး၏။ နေ့တိုင်းနီးပါး ဆိုဖာပေါ်အိပ်ခဲ့ရ၍ ဒီတနေ့ကျမှ ကုတင်ပေါ်မှာ သက်တောင့်သက်သာ
ဖြစ်သွားဟန်ရှိပါသည်။

မှိတ်ထားသည့်မျက်ခွံများအောက်က မျက်လုံးများသည်
Luhan့ကိုကြည့်လျှင် အင်မတန်စူးရှသည်။ နူးနူးညံ့
ညံ့လည်းရှိသည်။ Luhan ပြောသမျှ ဘာမဆိုအကုန်
လိုက်လျောပေးမည်ဆိုသော အကြည့်မျိုးဖြစ်သည်။

တဦးတည်းသောသားပေမဲ့ သိပ်အလိုလိုက်ခံရသည့်ထဲ
မပါသည့် Luhan က ခုSehun၏ Luhan့သဘော
Luhan ဒါဆိုဒါ သည့်အချက်များကို သဘောမကျမိပဲ
ရှိပါ့မလား ?

သူသဘောကျသည်။ ဘယ်လိုလူကများ ကိုယ့်ကိုအလို
လိုက်သည်ကိုသဘောမကျပဲရှိမည်နည်း ?

ဟုတ်သည်။ Luhan ကထူးခြားနေခြင်းမဟုတ် ။
ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စမို့ဖြစ်လာရခြင်းဖြစ်၏။

ဖြေတွေးတွေတွေးရင်း Luhan က Sehunကို တစိမ့်
စိမ့်ကြည့်နေမိ၏။ သူကိုယ်တိုင်တောင် မသိလိုက်ပါပဲနှင့်။

နဖူးပြေပြေကို အရင်ကြည့်သည်။ ထူထဲသည့်မျက်ခုံး
၂ဖက်ကဒုတိယလိုက်သည်။ မှိတ်ထားသောကြောင့် မို့
နေသည့်မျက်ခွံနုနုတွေ နှင့် အချိုးကျသည့် နှာတံက
လည်းရှုချင်စဖွယ်ဖြစ်နေသည်။ ပိန်ကျနေသည့် ပါး
နှစ်ဖက်ကတော့ ဖောင်းသာနေလျှင် လက်ညှိုးနှင့်ထိုး
လို့ကောင်းမည်။ သွယ်လျသည့်မေးရိုးနှင့်လိုက်ဖက်
နေသောကြောင့်ပြဿနာတော့သိပ်မရှိ။ မထူမပါးနှုတ်ခမ်း
ကမလိုအပ်ပါပဲပန်းသွေးခြယ်သည်။ စေ့စေ့တင်းထားလျှင်
လည်း ကြည့်ကောင်းပြန်ပြီ ယခုလို ပြုံးလိုက်လျှင်လည်း
ပိုကြည့်လို့ကောင်း…………

The years I have loved him Where stories live. Discover now