Act Twenty-four

7.1K 1K 109
                                    

မရေတွက်မိပါပဲကုန်လွန်လာခဲ့သည့်နေ့ရက်များမှာ Luhanသည် Sehunအပေါ် သာမန်ထက်ထူးခြားလွန်ကဲ
စွာပင်ရင်းနှီးလာခဲ့ပါသည်။ တခုခုဆိုလျှင် Sehunကိုဦး
အောင်ပြောတတ်လာခြင်းတွင်ကျင့်သားရလာလေပြီး
ညစဉ်ညတိုင်းရေးသည့်တနေ့တာမှတ်တမ်းတွင်လဲ Sehunနာမည်ပါတာ စိပ်လာသည်။ ထို့နောက် Sehun
နှင့်အတူတူ ထိုစာများကိုရေးလာသည်။

Luhan၏သူ့အပေါ် ပိုလို့ခင်တွယ်လာခြင်းကို သဘော
ပေါက်စွာပင် Sehunသည် Luhan့အနားမှာ အချိန်
များများ ရရင်ရသလို နေပါလေသည်။

တပတ်တွင်သုံးရက်လောက်အိမ်မှာနေကာ ကျန်သည့်
ရက်များတွင် ပန်းချီကျောင်းသွားလို့တမျိုး ပြခန်းသို့သွား
လို့တဖုံဖြင့် ဖြတ်သန်းနေသည့် Luhanသည် ယနေ့မှာ
ပြခန်းသို့သွားလေဖို့ပြင်သည်။

"အင်္ကျီတွေကရေကျုံ့သွားတယ်"

""

ကိုယ်မှာချပ်ရပ်ပြီးကပ်နေသည့်ရှပ်အင်္ကျီကိုငုံ့ကြည့်လို့
Luhanက ဆူပွပွဆိုသည်။ မနက်စာအတူစားပြီး၍
အိမ်မှထွက်ဖို့ ပြင်နေကြခြင်းဖြစ်သည်။ Sehunက အက်ႋီ
လက်ကြယ်သီးကိုတပ်နေရင်းမှ Luhan့ဘက်သို့လျှောက်
လာသည်။

ငေးကနဲဖြစ်သွားရပေမဲ့ Luhan မြန်မြန်ဆန်ဆန်ချောင်း
ဟန့်ပစ်လိုက်ပြီး အရှိန်ထိန်းလိုက်သည်။

"ရေကျုံ့တာလား ? ခင်ဗျားလေးက ပြည့်လာတာလား ?"

"ကျွန်တော့်ကို ဝတုတ်လို့ပြောချင်တာလား ?"

"ဟောဗျာ"

"ဖယ် မထိနဲ့"

ပါးဖောင်းတွေကိုလှမ်းကိုင်ရန်ပြင်နေသည့် Sehunလက်
အား ဖယ်ထုတ်ပစ်လိုက်ပြီး Luhanတယောက် ခပ်တည်
တည်ဖြင့် Sehunဗီဒိုဆီလျှောက်သွားလိုက်သည်။

နေ့တိုင်းလိုလိုသူ့စိတ်တိုင်းကျအင်္ကျီတွေ Sehun အဝတ်
တွေထဲကယူဝတ်နေကျဖြစ်လို့ Sehun တားမယူနေ
တော့။ မတားချင်တာကပိုမှန်ဦးမည်။

Luhanထက်စာလျှင် Sehunကပခုံးကျယ်သည့်အတွက်
Sehunရှပ်အင်္ကျီများသည် Luhanနှင့်အတော်တန်သင့်
ချောင်ချိနေသေးသည်။ မိုးပြာရောင်ရှပ်လက်ရှည်ကို
စိတ်တိုင်းကျရွေးယူကာ ဝတ်ပြီးဖြစ်သောLuhanသည်
ကိုယ်လုံးပြည့်မှန်ရှေ့မှာ ရပ်ပြီး သေသေသပ်သပ်ဖြစ်
အောင်ပြင်ဆင်နေသည်။

The years I have loved him Where stories live. Discover now