Act Twenty-one

8.2K 1.1K 173
                                    

"Lee ShiYeon နဲ့ ကျွန်တော်က ရည်းစားတွေဖြစ်ခဲ့
သေးတယ်ပေါ့ အံ့သြစရာပဲ"

"အင်း…"

"ဆိုးလိုက်တာ "

"ဘယ်သူကလဲ "

"ဘယ်သူရှိရမှာလဲ ကျွန်တော်ပေါ့"

စားလက်စ ဆန်ပြုတ်ဇွန်းကို Luhan ပစ်ချလိုက်ပြီး
ငြီးငြီးငြူငြူပြောသည့်နောက်မှာ Sehunက ထုံးစံအတိုင်း
ပြုံးလို့သာကြည့်နေခဲ့ပြန်သည်။

ဘယ်သူက မချစ်နိုင်ပဲ မချစ်ရဲပဲ နေနိုင်မည်နည်း ?
ဘယ်သူ့အကြောင်းမှမဟုတ် ကိုယ့်အကြောင်းကို နား
ထောင်ပြီး ဆိုးလိုက်တာလို့ မှတ်ချက်ချနေခဲ့သည့်
အဆိုးဆာလေးကိုလေ။

Sehunက ဘယ်လိုပဲလျှော့ပေါ့ ပြောဆိုနေခဲ့ပါစေ။
ဆယ့်ခုနှစ်သားလေးLuhanကတော့ ကိုယ့်ကိုကိုယ်
ရုပ်ရှင်တွေထဲက မင်းသားကိုနှိပ်စက်တဲ့ဗီလိန်ရယ်လို့
ထင်နေမိပြီ။

ယခုလည်း Sehunချက်ကျွေးသည့်နို့ဆန်ပြုတ်ကို တဇွန်းခပ်သောက်လိုက်ပြီးမှ Luhanမှာ မကျေမချမ်းထပြော
ပြန်သည်။

"စောစောစီးစီးတည်းက ရည်းစားဆိုတာမပြောပဲ
သူငယ်ချင်းလို့ဘာလို့ပြောထားတာလဲ ?"

"ဒါတော့ ကိုယ်လဲမသိပါဘူး ကိုယ်ကပဲ သူငယ်ချင်း
လို့စွတ်ယုံချင်မိလို့မမေးမိတာထင်တယ်"

"မရိုးသားလိုက်တာ"

မျက်လုံးထောင့်ကပ်လို့ နှာခေါင်းရှုံ့ပြီး Luhanကရေရွတ်
သည်။ ကြည့်မိသည့်ရုပ်ရှင်ထဲက ဇာတ်ကောင်အကြောင်း
ပြောနေသည့်နှယ် သူ့အကြောင်းမဟုတ်သည့်နှယ်
Luhanက အလွန်အမင်းမကျေမချမ်းကိုဖြစ်နေလေသည်။

Sehunက ပြုံးလျက် Luhan့နှုတ်ခမ်းထောင့်မှာပေနေ
သည့် ဆန်ပြုတ်ကို တစ်သျှူးဖြင့် ဖွဖွဖယ်သုတ်ပေးပြီး
နို့ရောသည့်ကော်ဖီကြွေခွက်ကို Luhan့ရှေ့တိုးပေးသည်။

ခပ်နွေးနွေးကြွေခွက် ကို လက်အပြည့်အုပ်ကိုင်ပြီး
Sehunကို ကြာကြာစိုက်ကြည့်သည်။

အတူနေလာတာ ကြာလာသည့်နောက်မှာ Luhanက
Sehunအပေါ် သိသိသာသာလေး ရင်းနှီးမှုပိုလာခဲ့သည်။

Sehunအားရင်အားသလို ပြန်ပြောင်းပြောပြသည့်
အတိတ်အကြောင်းကိုလည်း ငြိမ်ငြိမ်လေးထိုင်နားထောင်
တတ်သည်။ ပြီးသည်နှင့် Sehunကိုအကြာကြီး ငေးမော
ကြည့်နေလေ့ရှိသည်။

The years I have loved him Where stories live. Discover now